​ဒေါ်​အောင်​ဆန်းစုကြည် -အ​တွက် ​မြန်​မာ​ပြည်​တွင်းမှ ​အား​ပေး​စာ​တ​စောင်

Ma Myint Marr(13 March 16)




--------------------------------------------------------------------


​အ​ဖေ ​က ​တိုင်း​ပြည် ​နိုင်​ငံ​အ​တွက် ​ရ​ခဲ​တဲ့ ​လူ့​ဘ​ဝ​မှာ ​စည်း​စိမ် ​ဥ​စ္စာ​မ​မက် ​အာ​ဏာ​မ​မက် ​အ​ရာ​အား​လုံး​စွန့်​လွှတ် ​ပြီး ​နယ်​ချဲ့​လက်​အောက်​က ​လွတ်​ဖို့ ​အ​မျိုး​မျိုး​ကြိုး​စား ​ကိုယ်​ကျိုး​စွန့် ​အား​ထုတ်​ကယ်​တင်​ခဲ့​တယ်

​အ​ဖေ ​လုပ်​ကြံ​ခံ​ရ​တဲ့​အ​ချိန် ၂​နှစ်​သာ​သာ​အ​ရွယ်​နဲ့ ​ကျန်​ခဲ့​ရ​တဲ့ ​သ​မီး​စု၊ ​သူ့​ရင်​ထဲ​မှာ ​သိ​တတ်​တဲ့​အ​ချိန်​က​အ​ဖေ ​ကို ​ဘယ်​လောက် ​လွမ်း​တမ်း​တ​နေ​မ​လဲ၊
​အ​ဖေ ​လို့ ​ခေါ် ​ပြီး ​ငို​နေ​မ​လား၊
​စ​ကား​ပြော​တတ်​ခဲ့​တဲ့​အ​ချိန်​မှာ ​အိပ်​ပျော်​နေ​ရင်း ​အ​ဖေ ​အ​ဖေ ​လို့ ​အိမ်​မက်​ထဲ​မှာ ​ခေါ်​နေ​မ​လား၊ ​အ​မေ​ကြီး ​ဒေါ်​ခင်​ကြည်​ကို ​မေး​ကြည့်​ချင်​မိ​တယ်

​အ​ထီး​ကျန် ​သ​မီး​စု​ဟာ ​အ​ဖေ​အောင်​ဆန်း ​ကို ​ဘယ်​အ​သက်​အ​ရွယ် ​ဘယ်​အ​ချိန်​မှာ ​စ​မေး​ခဲ့​တာ​လဲ​လို့ ​အဲ​လို ​အ​ဖေ​မဲ့ ​အ​ထီး​ကျန်​မှု​တွေ​နဲ့​ကြီး​ပြင်း​လာ​ရ​တဲ့ ​သ​မီး​စု ​ကျောင်း​တက်​တဲ့​အ​ချိန် ​သူ​များ​အ​ဖေ​တွေ ​ကိုယ်​စီ ​ကျောင်း​လိုက်​ပို့​တဲ့​အ​ချိန် ​သ​မီး​စု ​အ​တွေး​ထဲ​မှာ ​ငါ့ ​အ​ဖေ​သာ ​ရှိ​ရင် ​အဲ​ဒီ​လို ​ကျောင်း​လိုက်​ပို့​မှာ​လို့ ​ဆို့​နင့်​အ​တွေး​နဲ့ ​အ​ဖေ​ကို​တမ်း​တ​နေ​မ​လား၊ ​လား​ပေါင်း​များ​စွာ​ဟာ ​မိ​ဘ ​ခြင်း ​ကိုယ်​ချင်း​စာ​စိတ် ​နဲ့ ​သား​သ​မီး​ချင်း ​ကိုယ်​ချင်း​စာ​မိ​တဲ့​စိတ်​တွေ ​ကျ​မ ​စိတ်​ထဲ ​ပဲ့​တင်​ထပ် ​နေ​တယ်

​ဒီ​နိုင်​ငံ​က ​အာ​ဏာ​ရှင်​တွေ​မှာ ​ကိုယ့်​ဥ ​ကိုယ့်​အ​မျိုး ​မှ​ကိုယ်​ခင်​တတ်​တဲ့ ​သူ​ခိုး​စိတ်​ပဲ​ရှိ​တယ်
​လူ ​လူ​ချင်း ​ကိုယ်​ချင်း​စာ​စိတ် ​ရှိ​တဲ့ ​လူ့​န​လုံး​သား​မ​ပါ​ဘူး ​မ​ပါ​တဲ့​အ​ပြင် ​ဖက်​ဆစ်​အာ​ဏာ​ရှင်​ပီ​သ​စွာ ​မောင်​နှ​မ​အ​ရင်း​ချင်း ​ယုတ်​မာ​စွာ ​သွေး​ခွဲ​ထား​လို့ ​အ​မှု​တောင်​ဖြစ်​ကြ​တာ ​ခေါင်း​ဆောင်​ပြော​သ​လို ​လူ ​သာ​မန် ​ကျ​မ​တို့​က ​အ​မျိုး​သား​ရင်​ကြား​မ​စေ့​နိုင်​ဘူး
​ဒီ​လို ​လူ့​အ​န္ဓ​တွေ​ကို ​တ​သက်​ခွှင့်​မ​လွှတ်​ဘူး

​ရက်​စက်​တဲ့ ​ဦး​စော ​အာ​ဏာ​မက်​တဲ့ ​ဦး​စော​ကြောင့် ​ကျ​မ​တို့ ​တွေ ​နှစ်​ပေါင်း​များ​စွာ​သူ့​ကျွန်​ခံ​ခဲ့​ရ​တာ ​ကံ​ကြ​မ္မာ​လား ​ဘာ​လား ​ခွဲ​ခြား ​မ​သိ​ပေ​မယ့် ​ဗိုလ်​ချုပ်​မ​ရှိ​တော့​နောက် ​ကျ​မ​တို့ ​နိုင်​ငံ​သား​တွေ ​နင်း​ပြား​ဘ​ဝ​ရောက် ​တ​ပါ​တီ ​စ​နစ် ​အောက်​မှာ​ဆင်း​ဆင်း​ရဲ​ရဲ​နိမ့်​နိမ့်​ကျ​ကျ ​နေ​ခဲ့​ရ​တယ်​ဆို​တာ ​အင်္ဂ​လန်​မှာ​နေ​က​ထဲ ​စု ​သိ​နေ​ခဲ့​လို့ ( ​ထို့​အ​တူ ​ဗိုလ်​နေ​ဝင်း​က​လဲ ​စု ​ဘာ​လုပ်​လုပ် ​သိ​နေ​ခဲ့​တယ် )

*​လက်​ရှိ​အ​စိုး​ရ​လုပ်​နေ​တာ​တွေ​က ​ကျ​မ​ဖေ​ဖေ ​ရည်​မှန်း​ထား​တဲ့ ​ဦး​တည်​ချက်​တွေ​နဲ့ ​ပြောင်း​ပြန်​ဖြစ်​နေ​တယ် * ​လို့ ​ရိုး​ရိုး​လေး​ပဲ​တွေး​ပြော​နေ​ခဲ့​တဲ့​စု ​အဲ​ဒီ​အ​ချိန်​ထဲ​က ​သူ​ရဲ​ကောင်း ​စု ​ပြင်​ဆင်​နေ​ခဲ့​တာ​ပါ​လား ​လို့ ​သိ​ရ​တော့ ​ကျ​မ​တို့​နိုင်​ငံ​အ​တွက် ​အ​သက်၂၀ ​ကျော် ​အ​ရွယ်​က​ထဲ​က ​အင်္ဂ​လန်​မှာ​နေ​ပြီး ​မြန်​မာ​နိုင်​ငံ​အ​ရေး​ကို ​ခေါင်း​ထဲ​ထည့်​သူ ​မ​ပြီး​ခဲ့​သော ​ဖ​ခင်​တာ​ဝန်​ကို ​ယူ​ချင်​ခဲ့​သူ ​အ​ကြိမ်​ကြိမ် ​လေး​စား​စိတ်​ဖြင့် ​ဦး​ညွှတ်​လျှက်​ပါ




--------------------------------------------------------------------


​ကျ​မ​တို့ ​ပြည်​သူ​တွေ ​နဲ့ ​စု​က ​ဘ​ဝ​တူ​တွေ​ပါ ​စု ​က ​မ​သိ​နား​မ​လည် ​လူ​မ​မယ် ​အ​ရွယ်​မှာ ​ဖ​ခင်​ကြီး ​ဆုံး​ရုှံး​ခဲ့​ရ​တယ် ​ကျ​မ​တို့​တွေ​လဲ ​မျှော်​လင့်​ချက် ​ရွှေ​တောင်​အ​ကြီး​ကြီး ​ပြို​လဲ​တာ​ပါ ​အ​ဖေ ​ကို​သိပ်​မ​မှတ်​မိ​တဲ့​စု​က ​အ​ဖေ​လုပ်​ကြံ​ခံ ​သေ​ဆုံး​လို့ ​ဝမ်း​နည်း​ပူ​ဆွေး​မှု​ကို ​သိပ်​နား​မ​လည်​ခဲ့​တဲ့ ​စု​ဟာ ​အ​ဖေ​နဲ့ ​စု​ဘ​ဝ​မှာ ​သ​တိ​တ​ယ ​မှတ်​မိ​နေ​တာ​တ​ခု​က
"​ငယ်​ငယ်​က ​အိမ်​အ​ဝင် ​လှေ​ခါး​အ​ရှည်​ကြီး​ထိပ်​မှာ ​ည​နေ​တိုင်း​ထိုင်​ကာ ​စစ်​ယူ​နီ​ဖောင်း​နဲ့ ​ပြန်​လာ​မဲ့​အ​ဖေ့​ကို ​မျှော်​နေ​တတ်​ပြီး ​အ​ဖေ​က​လည်​စု​ကို​တွေ့​တာ​နဲ့ ​ပွေ့​ချီ​ကာ​လေ​ထဲ​မြှောက်​ပေး​သ​လို ​ပါး​နှစ်​ဖက် ​ကို ​ဘယ်​ပြန်​ညာ​ပြန် ​မွှေး​မွှေး​ပေး၊ ​လူ​ကို​လဲ ​တင်း​တင်း​ကြပ်​ကြပ် ​ဖက်​ထား​တတ်​တဲ့ ​မြင်​ကွင်း​ကို​တော့ ​စု​ဘ​ဝ ​မှာ ​ဘယ်​တော့​မှ ​မေ့​လို့​မ​ရ​ဘူး ​ဆို​တဲ့ ​အ​သိ​နဲ့​အ​တူ ​သူ့​အ​ဖေ​ရဲ့ ​အ​ထိ​အ​တွေ့​ကို ​သူ​က ​ရ​နေ​သေး​သ​လို ​အဲ​ဒီ​မြင်​ကွင်း​က ​သူ့​စိတ်​ထဲ​အ​မြဲ ​စွဲ​နေ​ခဲ့​တယ်"​တဲ့

​ဂျ​ပန်​စာ​ရေး​ဆ​ရာ​မ ​နို​ရီ​ကို ​ရေး​ပြီး ​မ​သီ​တာ(​စမ်း​ချောင်း)​ဘာ​သာ​ပြန်​တဲ့ "​ဒေါ်​အောင်​ဆန်း​စု​ကြည် ​အ​တွက် ​စာ​တ​စောင်" ​စာ​အုပ်​ဖတ်​ပြီး ​ကျ​မ ​ရင်​ထဲ ​ဆို့​ဆို့​နင့်​နင့် ​နဲ့ ​မျက်​ရည်​ကျ​မိ​တယ်

​စု ​တို့​မိ​သား​စု​ကို ​မ​လို​မုန်း​ထား​ရှိ​တဲ့ ​လူ​ကြီး​တ​စု
​အဲ​ဒီ​လူ​ကြီး ​ဆို​သူ​တ​ချို့​ဟာ ​သူ​တို့​သား​သ​မီး​တွေ ​လဲ ​ခု​ဆို ​ခိုး​သ​မျှ​နဲ့oxford ​ကျောင်း​တက်​နိုင်​ပါ​ပြီ
​က​မ္ဘာ့ ​အ​ကောင်း​ဆုံး ​ကျောင်း​တွေ ​မှာ ​လေ​ယာဉ်​နဲ့​နေ့​ချင်း​ပြန်​တောင်​တက်​တာ​ရှိ​တယ်
​နိုင်​ငံ​ခြား​က​လူ​တွေ​နဲ့​အိမ်​ထောင်​ပြု​ပြီး ​နိုင်​ငံ​ခြား​မှာ​နေ​ကြ​ပြီး​တ​ခြား​နိုင်​ငံ​သား​ခံ​ကြ​တယ်
​အ​တိုင်​အ​ဖောက်​ညီ​စွာ ​ဘာ​အ​သံ​မှ ​မ​ထွက်​ဘူး ​နောက် ​ပြန်​ပီး ​ဒီ​နိုင်​ငံ​သား​ခံ​ယူ​တယ်
​ပု​လင်း​တူ​ဘူး​ဆို့ ​လူ​ကြီး​တွေ ​တိတ်​တိတ် ​ဆိတ်​ဆိတ်​လေး​ပဲ ​အ​သံ​ပိတ်​ထား​ပေး​ကြ​တယ်
​သူ​တို့​က ၅၉-​စ ​ကို ​အ​ကြိမ် ​မ​ရေ​တွက်​နိုင်​အောင်​ညိ​တယ်
​မှောက်​ချီ ​လှန်​ချီ​နဲ့ ​ဒီ​နိုင်​ငံ​အင်​ပါ​ယာ​ကြီး​ကို ​ဘယ်​တော့​မှ​မ​ဆုံး​ရုှံး​ဘူး ​အ​ထင်​နဲ့ ​ဒီ ​လူ​ကြီး​ဆို​သူ​တွေ​လက်​ထဲ​မှာ ​မင်​နီ ​မင်​ပြာ ​ကို ​လက်​တ​ဖက်​ထဲ ​ဆုတ်​ကိုင်​ထား​ခဲ့​ကြ​တယ်
​ဒီ​နိုင်​ငံ​ရဲ့​တ​ရား​ဥ​ပ​ဒေ​ကို ​လက်​တ​လုံး​မ​ခြား​ဘဲ ​ပြောင်​ပြောင်​တင်း​တင်း​ချိုး​ဖောက်​နေ​တဲ့​လူ​ကို​တော့ ​တပ်​မ​တော် ​က ​သ​မ္မ​တ ​ဖြစ်​ခွင့်​တင်​တယ် ​နိုင်​ငံ​နဲ့​ပါတ်​သက်​လို့​ဘာ​တွေ ​ဘယ်​လို​ရ​ယူ​ခဲ့ ​ရ​ယူ​ခဲ့ ​မ​တင်း​တိမ်​တဲ့ ​အာ​ဏာ​ရှင်​အ​ဘ​တို့​က ​သိ​နေ​မြင်​နေ​တဲ့​ပြည်​သူ​တွေ​ကို ​ဂ​ရု​မ​စိုက်​ကြ​ပါ​ဘူး

​တိ​ကျ​တဲ့​အ​ထောက်​အ​ထား​နဲ့ ​ပြော​ရင်​တောင် ​အာ​ဏာ​နဲ့​ဖယ်​ချ ​ပြော​သူ​ထောင်​ချ​ခံ​နေ​ရ​တော့ ​ငါ ​ပြော​သ​လို​လုပ် ​ငါ​လုပ်​သ​လို​မ​လုပ်​နဲ့​ဆို​တဲ့ ​ဒီ​အာ​ဏာ​ရှင်​တွေ​ကို ​နှစ်​အ​ကြာ​ကြီး ​ရွံ​မုန်း​လာ​ကြ ​တယ်

​ဒီ​နိုင်​ငံ​မှာ
​ဒေါ်​စု​လို Oxford ​ကျောင်း​ထွက်​ခြင်း​တူ​နိုင်​ပေ​မဲ့ ​ဇွဲ​ကြီး​တဲ့ ​ဒေါ်​စု​ရဲ့​အ​ရည်​အ​သွေး ​အ​ရည်​အ​ချင်း ​အ​တွေ့​အ​ကြုံ​နဲ့ ​ပ​ညာ​တတ်​ဆန်​စွာ​ပြော​ဆို​မှု ​ရဲ​ရင့်​စိတ်​နဲ့ ​ခေါင်း​ဆောင်​တတ်​မှု ​အ​များ​အ​ကျိုး​ပြု ​စွန့်​လွှတ်​နိုင်​မှု​တွေ​ဟာ ​ဘယ်​သူ​နဲ့​မှ ​မ​တူ​နိုင်​ပါ​ဘူး



--------------------------------------------------------------------


​ ​သူ​မ ​ဟာ ​က​မ္ဘာ​မှာ ​တ​ယောက်​ထည်း​ရှိ​တယ်

​ဖ​ခင်​မျိုး​ရိုး​အ​တွက် ​ဂုဏ်​ယူ​ရ​တဲ့​သ​မီး​တ​ယောက် ​အာ​ဇာ​နည်​သူ​ရဲ​ကောင်း ​ဖ​ခင်​အ​တွက် ​အ​မြဲ​ဂုဏ်​ယူ​ရ​တဲ့ ​သ​မီး​စု ​ပြတ်​သား​တဲ့​ဗိုလ်​ချုပ် ​သက်​ရိှ​ထင်​ရှား​ရှိ​ရင်​လဲ ​ဖ​အေ​တူ​သ​မီး ​လူ​ထု​ခေါင်း​ဆောင် ​စု ​အ​တွက် ​ဂုဏ်​ယူ​နေ​အုံး​မှာ​ပါ

​ကံ​ကြ​မ္မာ​အ​ရ​လား ​ဘာ​လား​ဆို​တာ ​ကျ​မ​တို့ ​ကို ​အာ​ဏာ​ရှင်​မင်း​ဆိုး​တွေ​လက်​က ​ကယ်​တင်​ဘို့ ၁၉၈၈ ​မှာ ​မိ​ခင်​နာ​မ​ကျန်း​တာ​ပြု​စု ​ရန် ​မြန်​မာ​ပြည်​ကို ​အ​ပြီး​တိုင်​ပြန်​ရောက်​လာ​ခဲ့​တယ် ​ဒါ​ဟာ ​သန်း ၅၀ ​ကံ​ကြ​မ္မာ​လား ​စု ​ရဲ့​ကံ​ကြ​မ္မာ​လား

​သေ​ချာ​တာ​တ​ခု​က ​တန်​ဘိုး​ကြီး​မား​တဲ့ ​စု​ကို ​ကျ​မ​တို့​အား​လုံး ​ပိုင်​ဆိုင်​ရ​ကြ​တာ​ပဲ

​စု ​ဘ​ဝ​တ​ခု​နဲ့ ​သန်း၅၀ ​နဲ့ ​လဲ​ပစ်​ရဲ​တဲ့ ​သူ​ရဲ​ကောင်း​စု
------------------------------------------

​စု ​ထက် ​ကျ​မ​တို့ ​ပို​ကံ​ကောင်း​တယ် ​ထင်​ပါ​တယ် ​အဲ​ဒီ​လို ​အ​နစ်​နာ​ခံ​ခဲ့​တဲ့ ​စု ​အ​သိ​တွေ​ပေး​လို့ ​နိုင်​ငံ​သား​တ​ယောက် ​အ​ခွင့်​အ​ရေး​တွေ ​နဲ့ ​လူ့​အ​ခွင့်​အ​ရေး ​တွေ​သိ​လာ​ရ​သ​လို ​အ​ကြောက်​တ​ရား ​တွေ​က ​ကင်း​ဝေး​အောင်​လဲ ​သင်​ပေး​ခဲ့​တယ် ​တိမ်​သ​လ္လာ​ဖုံး​တဲ့ ​ကျ​မ​တို့​မျက်​လုံး​တွေ ​အ​လင်း​ပြန်​ရ​လာ​ခဲ့​သ​လို ​အ​မြင်​ကျယ်​ပြီး ​က​မ္ဘာ​ကြီး​ကို ​လှမ်း​ကြည့်​နိုင်​ခဲ့​တယ်

​အဲ​ဒီ​လို ​နှစ်​ဆယ်​သုံး​စု​ချီ ​ပေး​ဆပ်​ခြင်း​တွေ​အ​တွက် ၁၉၉၀ ​တုန်း​က​လို ၂၀၁၅​မှာ​တ​ထပ်​ထည်း ​လို့ ​က​မ္ဘာ ​က​သိ​အောင်​ကျ​မ​တို့ ​စု​ကို ​အား​ပေး​နိုင်​ခဲ့​ပြီ ​ဒီ​နေ့ ​ကံ​ကြ​မ္မာ​က ​က​မ္ဘာ​ကို ​စု ​ပါး​စပ်​လေး​တ​ချက် ​ဟ ​လိုက်​ယုံ​နဲ့ ​ဘာ​မ​ဆို ​ဖြစ်​နိုင်​ပြီ ​ကျ​မ​တု့ိ ​လေး​စား​အား​ကျ ​ဂုဏ်​ယူ​ရ​တဲ့ ​စု​လို ​ပ​ညာ​တတ် ​မြန်​မာ​အ​မျိုး​သ​မီး​တ​ယောက် ​အောင်​ဆန်း ​ဇာ​နည်​သွေး ​တ​ယောက်​ကို ​လေး​စား​မြတ်​နိုး ​တန်​ဖိုး​ထား​ဂုဏ်​ယူ​မိ​တဲ့​အ​ဖြစ်​ဟာ ​ကျ​မ ​ခု​လို ​စာ​ရေး​ပြော​နေ​တာ​ထက် ​ပို​လို​အပ်​နေ​သေး​တယ်​ထင်​ပါ​တယ်


​ကျ​မ ​ဒီ​စ​ကား​လုံး​တွေ​ကို ​မ​နေ့​က ​လွှတ်​တော် ​အ​စီ​အ​စဉ်​မှ ​သ​မ္မ​တ​လောင်း​ရွေး​ချယ် ​မှု​ကို ​ရွေး​ကောက်​ခံ ​ကိုယ်​စား​လှယ်​တွေ ​ဆ​န္ဒ​ပြု​တဲ့ ​အ​ချိန်​ဖြစ်​ပေါ်​လာ​ခဲ့​တာ ​မျက်​လုံး​လေး​တွေ ​ဟို​ကြည့်​ဒီ​ကြည့် ​မျက်​လံုံး​လေး​တွေ​ထဲ​က​အ​ရိပ်​တွေ ​ဗေ​ဒါ​ခ​ရမ်း ​ဝတ်​စုံ ​နဲ့ ​စု​အ​မေ ​မျက်​နှာ​ဟာ ​ပန်း​တွေ​ပန်း​ထား​ပေ​မဲ့ ​မျက်​နှာ​ညိုး​နေ​တာ ​တွေ့​ရ​ပါ​တယ် ​ပင်​ပန်း​နေ​ပြီ​လား ​အ​မေ​ရယ်

​တ​ချိန်​ထဲ​မှာ ​ဝမ်း​နည်း​စွာ​နဲ့ ​စု​ကို ​တ​သက်​လုံး ​ခံ​စား​နာ​ကျင်​စေ​ခဲ့​ရ​တဲ့ ​ကျ​မ​မုန်း​တဲ့ ​လူ​တ​စု​ကို ​မုန်း​သ​ထက်​မုန်း​ပို​နာ​ကျည်း​သ​ထက် ​နာ​ကျည်း​လာ​ခဲ့​တယ် ​စိတ်​တွေ​လှုပ်​ရှား​ပြီး ​ဆု​တ​ခု​တောင် ​တောင်း​မိ​တယ် ​နောင်​ဘ​ဝ​တွေ​မှာ ​ဗိုလ်​ချုပ်​နဲ့ ​စု ​ရှိ​တဲ့​တိုင်း​ပြည်​မှာ ​လူ​ဖြစ်​ပ​ရ​စေ​ရှင် ​ဗိုလ်​ချုပ်​နဲ့ ​သ​မီး​စု ​လို ​ကျော​သား​ရင်​သား​မ​ခွဲ​ခြား​ဘဲ ​မိ​ဘ ​နဲ့ ​အ​ညီ ​အုပ်​ချုပ်​တဲ့ ​ခေါင်း​ဆောင်​ရှိ​တဲ့​နိုင်​ငံ​မှာ​နေ​ပါ​ရ​စေ

" ​ခေါင်း​ဆောင်​ကြီး​နဲ့ ​ကျ​မ ​အ​လှမ်း​ဝေး​ပေ​မဲ့ ​အား​ပေး​ချင်​ပါ​တယ်​ရှင် ​ကျ​မ ​တို့​ရင်​ထဲ​က​နဲ့ ​ဆ​န္ဒ​ကို​လဲ ​ခေါင်း​ဆောင် ​သိ​စေ​ချင်​ပါ​တယ်
​ကျ​မ ​လို ​လေး​စား​ချစ်​ခင်​တဲ့​အ​များ​ပြည်​သူ​တွေ​က ​ပုဒ်​မ (၅၉-​စ )​မ​ပြင်​လဲ ​စု ​က ​ထာ​ဝ​ရ ​သ​မ္မ​တ ​ပါ ​ခေါင်း​ဆောင်​ကို ​သ​မ္မ​တ​ကြီး ​ဖြစ်​စေ​ချင်​တဲ့ ​စိတ်​အ​ပေါ်​မှာ ​ဘယ်​သော​အ​ခါ​မှ ​မ​ပြောင်း​လဲ​စိတ်​နဲ့ ​မ​နက်​ဖန်​တိုင်း​မှာ ​မျှော်​လင့် ​အား​ကိုး ​ယုံ​ကြည်​စွာ ​စောင့်​စား​နေ​ကြ​ပါ​တယ် ​လို့ ​ပြော​ပြ​ချင်​ပါ​တယ်"

[ ​ဒီ​စာ​ကို ​ရေး​သား​ရ​တဲ့​အ​ဓိ​က ​အ​ချက်​ပါ ]
​ကျ​မ​တို့ ​စိတ်​ထဲ ​နှ​လုံး​သား​ထဲ ​မှာ
​ဒု​တိ​ယ ​အောင်​ဆန်း​သာ ​ထာ​ဝ​ရ ​သ​မ္မ​တ​ပါ
​ပြည်​သူ​တင်​တဲ့ ​သ​မ္မ​တ​ပါ

​ကိုယ့်​အိမ် ​ကိုယ့်​မိ​သား​စု ​ကိုယ့်​ပါတ်​ဝန်း​ကျင် ​ကိုယ့်​မြို့ ​ကိုယ့်​ရွာ ​တိုင်း​နိုင်​ငံ​ဆို ​ဝေ​လာ​ဝေး ​ဘာ​တ​ခု​မှ ​အ​ကျိုး​ရှိ​အောင် ​မ​စွမ်း​ဆောင်​နိုင်​ခဲ့​တဲ့ ​ကျ​မ​လို​သာ​မန် ​မိန်း​မ​တ​ယောက်​အ​နေ​နဲ့
​တ​က​မ္ဘာ​လုံး​ကို ​ကိုင်​လှုပ်​နိုင်​ပီး ​တ​ချိန်​က ​မြန်​မာ​ပြည်​မြေ​ပုံ ​ဘယ်​နား​မှန်း​မ​သိ​တဲ့ ​က​မ္ဘာ့​နိုင်​ငံ​အ​သီး​သီး​က​လူ​တွေ ​မြန်​မာ​ဆို​တာ ​သိ​လာ​အောင် ​စွမ်း​ဆောင်​နိုင်​ခဲ့​တဲ့ ​နို​ဘယ်​ဆု​ရှင် ​မြန်​မာ​အ​မျိုး​သ​မီး​ကြီး ​စု ​ကို ​တော့ ​လူ​ချင်း​တူ​သော်​လည်း ​ပါ​ရ​မီ​ခြင်း​မ​တူ​သော ​သံ​မ​ဏိ​စိတ် ​နဲ့ ​ရဲ​ရင့် ​လှ​တဲ့ ​စု​ကို ​လေး​စား ​စိတ်​နဲ့ ​ပီ​တိ​တွေ ​ဖြစ် ​ဂုဏ်​ယူ​ရင်း ​လှိုက်​လှိုက်​လှဲ​လှဲ ​အ​ရမ်း​ချီး​ကျူး ​ဂုဏ်​ပြု​ပါ​တယ် ​ရင်​ထဲ​မှာ ​စာ​နဲ့​ရေး​သား​ဖော်​မ​ပြ​နိုင်​တဲ့ ​ချစ်​ခင်​လေး​စား​မှု​တွေ ​ကျ​မ​တို့ ​ရင်​ဘတ်​နဲ့ ​နှ​လုံး​သား​ထဲ​မှာ ​အ​ပြည့်​ရှိ​ပါ​တယ်




--------------------------------------------------------------------


​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ကို ​လူ ​လူ​ခြင်း​ဖြစ်​ပြီး​ကိုး​ကွယ်​စ​ရာ​လား ​လို့​မေး​ခဲ့​ရင် ​အ​များ​အ​တွက်​ကိုယ်​ကျိုး​စွန့် ​အ​နစ်​နာ​ခံ​တတ်​တဲ့​ခေါင်း​ဆောင်​စိတ်​ကို ​လေး​စား​ကြည်​ညို​ရ​လွန်း​တာ​ရယ်
​သူ​မ ​ဟာ ​အ​နာ​ဂါတ်​မျိုး​ဆက်​လူ​ငယ်​တွေ​ကို ​လမ်း​ပြ​ကယ်​တင်​မဲ့ ​လမ်း​ပြ​ကြယ်​ဖြစ်​ပြီး ​အ​နာ​ဂါတ် ​ခေါင်း​ဆောင်​ဖြစ်​တဲ့ ​လူ​ငယ်​တွေ​က ​တ​ဆင့် ​ပြီး ​တ​ဆင့် ​သူ​မ ​ချ​မှတ်​ထား​တဲ့ ​တည့်​မတ်​သော ​အ​ကောင်း​ဆုံး​လမ်း​စဉ် ​စည်း​မျဉ်း ​စည်း​ကမ်း​များန့ဲ ​ဒီ​မို​က​ရေ​စီ​စစ်​စစ်​နိုင်​ငံ ​တစ်​နိုင်​ငံ ​ဖြစ်​အောင် ​ရှေ့​ဆက်​အ​ကောင်း​ဆုံး ​ပုံ​ဖော်​ဖန်​တီး​ကြ​မဲ့​သူ​အား​လုံး​ရဲ့ ​ပဲ့​ကိုင်​ရှင်​အ​စစ်​ဟာ ​ကျ​မ ​တို့​ရဲ့ "​ဒေါ်​အောင်​ဆန်း​စု​ကြည်" ​ပါ

​ဒါ​ကြောင့် ​ကိုး​ကွယ်​ထိုက်​သူ​လို့ ​ကျ​မ​ခံ​ယူ​တယ်

​က​မ္ဘာ​တည်​သ​၍ ​မြန်​မာ​နိုင်​ငံ​မှာ
​အာ​ဏာ​ရှင်​တွေ ​မျိုး​တုန်း ​ပျောက်​ကွယ်​ပါ​စေ

​လူ​ထု​ခေါင်း​ဆောင်​အ​ပေါ်
​အ​ကြွင်း​မဲ့ ​လေး​စား ​ယုံ​ကြည် ​ဦး​ညွှတ်​လျှက်

Ma Myint Marr





--------------------------------------------------------------------


Billy H. Mackenzie





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org