မြစ်​ဆုံ​ကိ​စ္စ ​တ​ရုတ်​အ​မြင်

​ဦး​ကျော်​ဇံ​သာ(31 March 16)


​ ​မြန်​မာ့​မျက်​မှောက်​ရေး​ရာ ​ဆွေး​နွေး​ခန်း​အ​စီ​အ​စဉ်​မှာ ​တ​ရုတ်​နိုင်​ငံ​ဟာ ​မြန်​မာ​အ​စိုး​ရ​သစ် ​နဲ့ ​ဆက်​ဆံ​ရေး​ကောင်း​မွန်​ဖို့ ​လို​လား​ပေ​မယ့် ​မြန်​မာ​နိုင်​ငံ​ရဲ့​မိတ်​ဆွေ​မ​ဆန်​တဲ့ ​လုပ်​ရပ်​တွေ​ကြေင့် ​နယ်​စပ်​အင်​အား​စု​တ​ချို ့​ကို ​ကြိုး​ကိုင်​က​စား​ဖို့ ​လို​အပ်​တယ်​လို့ ​ယူ​ဆ​ချက်​တ​ချို့​တ​ရုတ်​ဘက်​မှာ ​ရှိ​နေ​ပါ​တယ်။ ​အ​ခက်​ကြုံ​နေ​ရ​ချိန်​မှာ ​အ​ကူ​အ​ညီ​ပေး​တာ​ကို ​မ​ထောက်​ထား​တဲ့​အ​ပြင် ​မြန်​မာ​တို့​ဘက်​က ​တ​ရုတ်​စီ​မံ​ကိန်း​တွေ​ကို ​ရပ်​ဆိုင်း​ပြီး ​အ​နောက်​နိုင်​ငံ​တွေ​ဆီ ​မျက်​နှာ​မူ​သွား​ခဲ့​တယ်​ဆို​ပြီး ​ပြော​ဆို​သူ​တ​ချို ့ ​ရှိ​တယ်​လို့ ​တ​ရုတ်​ရေး​ရာ ​ကျွမ်း​ကျင်​သူ​တ​ဦး​က ​ဆို​ပါ​တယ်။ ​အ​မေ​ရိ​ကန်​အ​ခြေ​စိုက် Stimson ​သု​တေ​သ​န​ဌာ​န ​တ​ရုတ်​နိုင်​ငံ​ခြား​ရေး​ရာ ​ဆက်​ဆံ​ရေး​သု​တေ​သီ Yun Sun ​နဲ့ ​ဆွေး​နွေး​သုံး​သပ်​ထား​ပါ​တယ်။

​ဦး​ကျော်​ဇံ​သာ ။ ။ ​အ​ခု ​မြန်​မာ​ပြည်​မှာ ​ရပ်​ဆိုင်း​ခဲ့​တဲ့ ​မြစ်​ဆုံ​တာ​တ​မံ ​စီ​မံ​ကိန်း​ကို ​တ​ရုတ်​ဘက်​က ​ပြန်​ပြီး​စ​တင်​ချင်​တဲ့ ​လေ​သံ​ပြစ်​နေ​တာ ​တွေ့​ရ​ပါ​တယ်။ ​ဘယ်​လောက် ​ဖြစ်​နိုင်​မယ် ​ထင်​ပါ​သ​လဲ … ​ဒီ ​စီ​မံ​ကိန်း ​ပြန်​စ​ဖို့​အ​တွက်။

Ms. Yun Sun ။ ။ ​တ​ရုတ်​ဟာ ​မြစ်​ဆုံ​စီ​မံ​ကိန်း​ကို ​ပြန်​စ​ဖို့ ​စိတ်​ဝင်​စား​တာ ​သေ​ချာ​ပါ​တယ်။ ​တ​ချိန်​တည်း​မှာ​ပဲ ​ပြီး​ခဲ့​တဲ့ ​ရက်​သ​တ္တ​ပတ် ​အ​တော်​ကြာ​အ​တွင်း​က ​တ​ရုတ်​သံ​အ​မတ်​ကြီး ​ပြော​တာ​ကို​ကြည့်​မယ်​ဆို​ရင် ​သ​တိ​ထား​ပြီး ​သုံး​နှုန်း​သွား​တာ​ကို ​တွေ့​ရ​ပါ​တယ်။ Proper resolution ​ကောင်း​မွန်​တဲ့ ​ပြေ​လည်​မှု ​လို​ချင်​တယ်​လို့ ​ဆို​ပါ​တယ်။ ​ဒီ ​စီ​မံ​ကိန်း​ကို ​ပြန်​စ​မယ်။ NLD ​အ​စိုး​ရ​က ​ပူး​ပေါင်း​ဆောင်​ရွက်​မယ်​လို့​တော့ ​မ​ဆို​လို​ပါ​ဘူး။ ​မြန်​မာ​အ​ကြောင်း ​နုား​လည်​တဲ့ ​တ​ရုတ်​မူ​ဝါ​ဒ ​ချ​မှတ်​သူ​တွေ​က​တော့ ​မြစ်​ဆုံ​စီ​မံ​ကိန်း ​ပြန်​စ​ဖို့ ​သိပ်​မ​ဖြစ်​နိုင်​ဘူး​ဆို​တာ​ကို ​ကောင်း​ကောင်း​သ​ဘော​ပေါက်​ကြ​ပါ​တယ်။ ​ဆို​တော့ ​မြန်​မာ​တွေ ​ဒီ​လောက် ​ခါး​သီး​နေ​တာ​ကို ​တ​ရုတ်​က ​ဘာ​ကြောင့်​တွန်း​နေ​ရ​သ​လဲ​လို့ ​မေး​စ​ရာ​ရှိ​ပါ​တယ်။ NLD ​အ​စိုး​ရ​သစ် ​တက်​လာ​လို့ ​ဒါ​ကို ​စူး​စမ်း​တဲ့​သ​ဘော ​ဖြစ်​ပါ​လိမ့်​မယ်။ ​မ​ဖြစ်​နိုင်​ဘူး​ဆို​ရင်​လဲ ​တ​ရုတ်​တို့​ဘက်​က ​လက်​ခံ​ဖို့ ​အ​ဆင်​သင့်​ပဲ​လို့ ​ထင်​ပါ​တယ်။

​ဦး​ကျော်​ဇံ​သာ ။ ။ ​ဆို​တော့ ​ဒီ ​စီ​မံ​ကိန်း ​ပြန်​စ​ဖို့ ​မ​ဖြစ်​နိုင်​ဘူး။ ​ဒီ ​စီ​မံ​ကိန်း​ကို ​ရပ်​ဆိုင်း​လိုက်​တော့​မယ်​လို့​ဆို​ရင် ​မြန်​မာ​ဘက်​က ​တ​ရုတ်​ကို ​လျော််​ကြေး ​ပေး​ရ​မ​လား။ ​အဲ​ဒီ​တော့ ​လျော်​ကြေး​က ​ဘယ်​လောက်​ပေး​ရ​မ​လဲ။ ​ဘယ်​လို ​ပေး​ရ​မ​လဲ။ ​ငွေ​ကြေး​နဲ့ ​ပေး​ရ​မ​လား။ ​ဒါ​မှ​မ​ဟုတ် ​အ​စား​ထိုး ​စီ​မံ​ကိန်း​တ​ခု​ခု ​လုပ်​ခွင့်​ပေး​ရ​မ​လား။ ​ဘယ်​လို ​ပုံ​စံ​မျိုး​နဲ့ ​ဖြေ​ရှင်း​မ​လဲ။






--------------------------------------------------------------------


Ms. Yun Sun ။ ။ ​ကျ​မ​က​တော့ ​ပေး​ရ​မယ်​လို့ ​ထင်​ပါ​တယ်။ ၂၀၁၅ ​မှာ ​တ​ရုတ် ​ရင်း​နီှး​မြှုပ်​နံှ​သူ​တွေ​နဲ့ ​ဦး​သိန်း​စိန်​အ​စိုး​ရ​တို့ ​သ​ဘော​တူ​ညီ​ခဲ့​တာ ​ရှိ​ပါ​တယ်။ ​စီ​မံ​ကိန်း​ကို ​ဖျက်​သိမ်း​မယ်​ဆို​ရင် ​အ​နည်း​ဆုံး ​သုံး​ပြီး​သား​ကုန်​ကျ​စ​ရိတ်​တွေ​ကို ​ပြန်​လျော်​ပေး​ရ​မှာ ​ဖြစ်​ပါ​တယ်။ ​ဆို​တော့ ​တ​ရုတ်​ဘက်​က ​ကုန်​ကျ​သ​မျှ ​ပြန်​ရ​မယ်​ဆို​တာ ​စိတ်​ချ​ပြီး​သာ​ပါ။ ​ဘယ်​လောက် ​သုံး​ထား​ပြီ​လဲ​ဆို​တာ​တော့ ​အ​တိ​အ​ကျ ​မ​သိ​ပါ​ဘူး။ ​တော်​တော်​တော့​များ​ပါ​တယ်။ ​ဒီ​အ​တွက် ​တ​ရုတ် CPI ​ကု​မၸ​ဏီ​ဟာ ​ဘဏ်​တွေ ​တ​ခြား​အ​ဖွဲ့​အ​စည်း​တွေ​ဆီ​က ​ငွေ​သား​နဲ့​ယူ​တာ၊ ​စိတ်​ယ​န္တ​ရား​တွေ ​ယူ​တာ​ကို​တော့ ​ငွေ​သား​နဲ့ ​အ​မေ​ရိ​ကန်​ဒေါ်​လာ​နဲ့ ​ပြန်​ပေး​ရ​လိမ့်​မယ်​လို့ ​ထင်​ပါ​တယ်။ ​မြစ်​ဆုံ​တ​မံ​အ​တွက် ​သက်​သက်​ကုန်​ကျ​တာ​ကို​တော့ ​တ​ခြား​စီ​မံ​ကိန်း​တွေ​ထဲ ​ပြောင်း​ထည့်​နို်င်​ပါ​တယ်။

​ဦး​ကျော်​ဇံ​သာ ။ ။ ​တ​ခြား​စီ​မံ​ကိန်း​တွေ​ဆို​လို့ ​ကျ​နော် ​မေး​ရ​အုံး​မယ်။ ​အဲ​ဒီ ​တ​ခြား​စီ​မံ​ကိန်း​တွေ​ဖြစ်​ကြ​တဲ့ ​လက်​ပံ​တောင်း​ကြေး​နီ ​စိ​မံ​ကိန်း။ ​ရ​ခို်င်​ကျောက်​ဖြူ ​ဓါတ်​ငွေ့​ပိုက်​လိုင်း​ကိ​စ္စ။ ​ဒီ ​စီ​မံ​ကိန်း​တွေ​နဲ့ ​ပတ်​သက်​လို့ ​မြန်​မာ​ပြည်​သူ​တွေ​က ​သိပ်​ပြီး​တော့ ​ကျေ​နပ်​ကြ​တာ ​မ​ဟုတ်​ဘူး။ ​အ​ကုန်​လုံး ​ဒီ​ကိ​စ္စ​တွေ​က​လဲ ​မ​မျှ​တ​ဘူး​ဆို​ပြီး ​ညည်း​ညူ​နေ​ကြ​တယ်​လို့ ​ကြား​ရ​ပါ​တယ်။

Ms. Yun Sun ။ ။ ​မြန်​မာ​ပြည်​သူ​တွေ​လို့ ​ပြော​လိုက်​တာ​က​တော့ ​သိပ်​ပြီး​တော့ ​ယေ​ဘု​ယျ​ဆန်​လွန်​တယ်​လို့ ​ထင်​ပါ​တယ်။ ​စစ်​အ​စိုး​ရ​ကို ​အား​ပေး​လို့ ​တ​ရုတ်​ကို ​မြန်​မာ​ပြည်​သူ​တွေ ​မ​ကျေ​နပ်​ကြ​ဘူး။ ​ခံ​ပြင်း​ကြ​တယ်။ ​ဒါ​ပေ​မဲ့ ​တ​ရုတ်​နဲ့ ​ဆက်​ဆံ​ရေး​က​နေ ​အ​ကျိုး​အ​မြတ် ​ရ​ရှိ​နေ​သူ​တွေ၊ ​စီး​ပွား​ရေး၊ ​နိုင်​ငံ​ရေး၊ ​အ​ထက်​လွှာ​တွေ​လည်း ​ရှိ​ပါ​တယ်။ ​ဆို​တော့ ​မြန်​မာ​ပြည်​သူ​အား​လုံး ​တ​ရုတ်​ကို ​ဆန့်​ကျင်​တယ်​ဆို​တာ​တော့ ​ကျ​မ ​လက်​မ​ခံ​နိုင်​ပါ​ဘူး။ ​လက်​ပံ​တောင်း​ကြေး​နီ​စီ​မံ​ကိန်း​ကို ​လူ​တွေ ​ကန့်​ကွက်​ကြ​တာ ​မှန်​ပါ​တယ်။ ​ဒါ​ပေ​မဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ဦး​ဆောင်​စုံ​စမ်း​ပြီး​တော့ ​ဆက်​လုပ်​ဖို့ ​တင်​ပြ​ထား​ပြီး​ပါ​ပြီ။ ​တ​ရုတ်​ဘက်​က​တော့ ​အ​ခြေ​အ​နေ​ကို ​သုံး​သပ်​ပြီး ​ဆက်​လုပ်​မယ်။ ​ပေး​နိုင်​တာ​လည်း ​အ​များ​ကြီး​ပါ။ ​ဆို​တော့ ​မြန်​မာ​နိုင်​ငံ​ဟာ ​တ​ရုတ်​ကို ​လုံး​ဝ​ဖယ်​ထုတ်​ပြစ်​ချင်​သ​လား။ ​ဒါ​မှ​မ​ဟုတ် ​တ​ရုတ်​တို့​လုပ်​ရပ်​ကို ​ထိန်း​ကွပ်​ပြီး​တော့ ​နှစ်​ဘက်​အ​ကျိုး​တူ ​ဆက်​ပြီး​တော့ ​လုပ်​ကြ​မ​လား​ဆို​တာ ​မြန်​မာ​လူ​ထု ​ဖြေ​ရ​မယ့် ​မေး​ခွန်း​ပါ။

​ဦး​ကျော်​ဇံ​သာ ။ ။ ​မြန်​မာ​တွေ​က ​တ​ရုတ်​ကို ​ဆန့်​ကျင်​တယ်။ ​မြန်​မာ​တွေ​ဟာ ​တ​ရုတ်​ဆန့်​ကျင်​ရေး​စိတ်​ဓါတ်​နဲ့ ​ဒီ ​စီ​မံ​ကိန်း​တွေ​ကို ​ကန့်​ကွက်​နေ​ကြ​တယ်​ဆို​တာ​လဲ ​မ​မှား​ပါ​ဘူး။ ​ဒါ​ပေ​မဲ့ ​ကျ​နော် ​ပြော​ချင်​တာ​က ​တ​ရုတ်​တွေ ​လုပ်​နေ​တဲ့ ​စီ​မံ​ကိန်း​တွေ ​ကိုယ်​နိှုက်​က ​သ​ဘာ​ဝ​ပတ်​ဝန်း​ကျင်​တွေ ​ထိ​ခိုက်​စေ​တာ၊ ​ဒေ​သ​ခံ​တွေ ​ဘ​ဝ​ပျက်​ရ​တာ​တွေ ​အ​များ​ကြီး ​ရှိ​နေ​ပါ​တယ်။ ​ဆို​တော့ ​ဒီ​ပြ​ဿ​နာ​တွေ​ကို ​မြန်​မာ​နိုင်​ငံ​မှာ ​တက်​လာ​မယ့် NLD ​အ​စိုး​ရ​သစ်​နဲ့ ​တ​ရုတ်​တို့ ​ဘယ်​လို ​ပူး​ပေါင်း​ပြီး​တော့ ​ကိုင်​တွယ်​ကြ​မ​လဲ။ ​ညိှ​နိှုင်း​ကြ​မ​လဲ​ဆို​တာ​ကို ​သိ​ချင်​ပါ​တယ်။

Ms. Yun Sun ။ ။ ​တ​ရုတ်​မို့​လို့ ​ဆန့်​ကျင်​တာ​တော့ ​မ​ဟုတ်​ပါ​ဘူး။ ​တ​ရုတ် ​ရင်း​နီှး​မြှုပ်​နံှ​တာ ​လို​ချင်​တယ်။ ​ဒါ​ပေ​မဲ့ ​စီ​မံ​ကိန်း​မ​ကောင်း​လို့ ​ဆန့်​ကျင်​တာ​ဆို​ရင်​တော့ ​တ​ရုတ်​တို့​နဲ့ ​ညိှ​နိှုင်း​ရ​မှာ ​ဖြစ်​ပါ​တယ်။ Sustainable ​ဖြစ်​စေ​ချင်​တဲ့ ​သ​ဘာ​ဝ​ပတ်​ဝန်း​ကျင် ​မ​ပျက်​ပြုန်း​စေ​ချင်​ဘူး။ ​ဒေ​သ​ဖွံ့​ဖြိုး​စေ​ချင်​တယ်​ဆို​တာ​တွေ ​ရ​အောင် ​တောင်း​ဆို​ရ​မှာ​ပါ။ ​ဒါ​ပေ​မဲ့ ​စီ​မံ​ကိန်း​က ​ဘယ်​လို​ဖြစ်​နေ​နေ၊ ​တ​ရုတ်​မို့​လို့ ​မ​လို​ချင်​ဘူး​ဆို​ရင် ​ညိှ​နိှုင်း​စ​ရာ​အ​ကြောင်း​ကို ​မ​ရှိ​တော့​ပါ​ဘူး။

​ဦး​ကျော်​ဇံ​သာ ။ ။ ​ဒီ​နေ​ရာ​မှာ ​တ​ရုတ်​တွေ​ရဲ ့ ​ရင်း​နီှး​မြှုပ်​နံှ​မှု​က ​မြန်​မာ​နိုင်​ငံ​အ​တွက် ​ဘယ်​လောက် ​အ​ရေး​ကြီး​ပါ​လဲ။ ​တ​ရုတ်​ကိုယ်​တိုင်​က ​မြန်​မာ​ကို ​မ​ယုံ​ကြည်​တော့​လို့။ ​မ​ရင်း​နီှး ​မ​မြှုပ်​နံှ​တော့​ဘူး​ဆို​ရင် ​ကျန်​ရင်း​နီှး​မြှုပ်​နံှ​မယ်​သူ​တွေ​အ​တွက် ​လက်​တွန့်​သွား​စ​ရာ ​ဖြစ်​မယ်​လို့ ​သုံး​သပ်​သူ​တွေ ​ရှိ​ကြ​ပါ​တယ်။ Ms. Yun Sun ။ ။ ​ပြီး​ခဲ့​တဲ့ ​ဆယ်​စု​နှစ်​အ​တွင်း​မှာ​တော့ ​အား​လုံး​ကို ​ခြုံ​ပြော​ရ​မယ်​ဆို​ရင် ​မြန်​မာ​နိုင်​ငံ​မှာ ​တ​ရုတ်​ရဲ ့ ​တိုက်​ရိုက်​ရင်း​နီှး​မြှုပ်​နံှ​မှု​ဟာ (၃၀) ​ရာ​ခိုင်​နှုန်း​ရှိ​ပြီး၊ ​အ​များ​ဆုံး ​ဖြစ်​ပါ​တယ်။ ​ဒါ​ပေ​မဲ့ ​တ​နှစ်​ချင်း​ကို ​ကြည့်​မယ်​ဆို​ရင်​တော့ ​တ​ရုတ်​ဟာ ​ယ​မန်​နှစ်​တုန်း​က ​နံ​ပတ် (၆) (၇) ​နေ​ရာ​မှာ​ပဲ​ရှိ​မှာ ​ထင်​ပါ​တယ်။ ​နောက်​ရောက်​နေ​ပါ​တယ်။ ​မြစ်​ဆုံ​စီ​မံ​ကိန်း ​ရပ်​ဆိုင်း​ထား​တာ၊ ​တ​ခြား ​စီ​မံ​ကိန်း​တွေ ​ဆန့်​ကျင်​မှု​တွေ​နဲ့ ​ရင်​ဆိုင်​ရ​လို့ ​ဖြစ်​ပါ​တယ်။ ​တ​ရုတ် ​စီး​ပွား​ရေး​လုပ်​ငန်း​တွေ ​မြန်​မာ​နိုင်​ငံ​မှာ ​ရင်း​နီှး​မြှုပ်​နံှ​ရ​မှာ ​စိုး​ရိမ်​နေ​ကြ​ပါ​တယ်။ ​သူ​တို့​ကို ​မြန်​မာ​ဒေ​သ​ခံ​တွေ​က ​မ​ကြိုက်​ဘူး​ဆို​တာ ​သိ​ထား​ကြ​ပါ​တယ်။ ​ဆို​တော့ ​မြန်​မာ​နိုင်​ငံ​မှာ​ထက် ​လာ​အို​နိုင်​ငံ​မှာ ​လုပ်​တာ ​ကောင်း​မယ်​လို့ ​စဉ်း​စား​ကြ​မှာ​ပါ။ ​တ​ခြား ​အ​ရှေ ့​တောင်​အာ​ရှ​နိုင်​ငံ​တွေ​ဆီ​ကို​လည်း ​တ​ရုတ် ​စီး​ပွား​ရေး​တွေ ​သွား​နိုင်​ပါ​တယ်။

​ဦး​ကျော်​ဇံ​သာ ။ ။ ​ကျ​နော်​အ​နေ​နဲ့ ​စီး​ပွား​ရေး ​အ​ကျိုး​စီး​ပွား​ကို ​အ​ဓိ​က​ထား ​မေး​တယ်​ဆို​ပေ​မယ့် ​ဒီ​နေ​ရာ​မှာ ​မ​ဟာ​ဗျူ​ဟာ​ကိ​စ္စ​ကို​လည်း ​မေး​ပါ​ရ​စေ​ခင်​များ။ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​အ​စ​က​တည်း​က ​အ​နောက်​ဘက်​ကို ​ယိမ်း​တယ်။ ​အ​ခု ​မြန်​မာ​နိုင်​ငံ​မှာ ​ဖော်​ဆောင်​နေ​တဲ့ ​နိုင်​ငံ​ရေး​စ​နစ်​ဟာ​လဲ ​အ​နောက်​တိုင်း ​ဒီ​မို​က​ရေ​စီ​ပုံ​စံ ​ဖြစ်​တယ်​ဆို​ပြီး ​လူ​တွေ ​ပြော​ကြ​ပါ​တယ်။ ​မှန်​လဲ​မှန်​ပါ​တယ်။ ​ဆို​တော့ ​တ​ရုတ်​က ​ဒါ​ကို ​လို​လား​ပါ့​မ​လား။ ​တ​နည်း​အား​ဖြင့် ​တ​ရုတ်​ရဲ ့ ​မ​ဟာ​ဗျူ​ဟာ၊ ​အ​ကျိုး​စီး​ပွား​ဟာ ​မြန်​မာ​နိုင်​ငံ​မှာ ​အ​နောက်​တိုင်း​ပုံ​စံ ​ဒီ​မို​က​ရေ​စီ​အ​စိုး​ရ​တ​ရပ် ​ထွန်း​ကား​လာ​တဲ့​အ​တွက် ​ထိ​ခိုက်​မ​သွား​နိုင်​ဘူး​လား။

Ms. Yun Sun ။ ။ ​ဒီ​ကိ​စ္စ​မှာ ​ပြ​ဿ​နာ ​တော်​တော်​များ​များ ​အ​ကြုံ​ဝင်​နေ​ပါ​တယ်။ ​တ​ရုတ်​ဟာ NLD ​အ​စိုး​ရ​နဲ့ ​ဆက်​ဆံ​ရေး​ကောင်း​ဖို့ ​သိပ်​ကို ​လို​လား​တယ်​ဆို​တာ ​ဦး​စွာ ​ပြော​ချင်​ပါ​တယ်။ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​နဲ့​လည်း ​သိပ်​ကောင်း​မွန်​တဲ့ ​ဆက်​ဆံ​ရေး​ကို ​လို​လား​ပါ​တယ်။ ​ဒါ​ဟာ ​အ​မေ​ရိ​ကန်​နဲ့​အ​ပြိုင် ​မြန်​မာ​နို်င်​ငံ​အ​ပေါ် ​ဩ​ဇာ​ညောင်း​ချင်​လို့​ချည်း ​မ​ဟုတ်​ပါ​ဘူး။ ​မ​ဟာ​ဗျူ​ဟာ​အ​ရ ​မြန်​မာ​နို်င်​ငံ ​ပါ​ဝင်​ပတ်​သက်​နေ​လို့​လည်း ​ဖြစ်​ပါ​တယ်။ ​အိ​နိ္ဒ​ယ ​သ​မု​ဒ္ဒ​ရာ ​ထိုး​ဖောက်​ရေး​ဗျူ​ဟာ​မှာ ​တ​ရုတ်​အ​တွက် ​မြန်​မာ​နဲ့ ​ပါ​က​စ္စ​တန် ​နှစ်​နိုင်​ငံ​ပဲ ​ရှိ​ပါ​တယ်။ ​ပါ​က​စ္စ​တန်​ပြည်​တွင်း၊ ​နိုင်​ငံ​ရေး​က ​မ​တည်​မ​ငြိမ်​ဘူး။ ​မြန်​မာ​က ​ပို​ပြီး​အ​ဆင်​ပြေ​ပါ​တယ်။ ​နောက် ​တ​ရုတ်​နိုင်​ငံ​ရဲ ့ One Belt, One Road ​ခါး​ပတ်​လမ်း ​စီ​မံ​ကိန်း​မှာ​လည်း ​မြန်​မာ​က ​အ​ရေး​ပါ​ပါ​တယ်။ ​တောင်​တ​ရုတ်​ပင်​လယ် ​အ​ငြင်း​ပွား​မှု​မှာ ​မြန်​မာ​ဟာ ​အ​ငြင်း​ပွား​နိုင်​ငံ​တော့ ​မ​ဟုတ်​ပါ​ဘူး။ ​ဒီ​အ​ပေါ် ​မြန်​မာ​အ​စိုး​ရ​သစ်​လက်​ထက် ​ရပ်​တည်​မှု ​ပြောင်း​လဲ​နိုင်​ပါ​တယ်။

​ဦး​ကျော်​ဇံ​သာ ။ ။ ​ဒီ​နေ​ရာ​မှာ ​အိ​နိ္ဒ​ယ​ဟာ​လဲ ​မြန်​မာ​နိုင်​ငံ​အ​ပေါ်​ကို ​မ​ဟာ​ဗျူ​ဟာ​အ​ရ ​စိတ်​ဝင်​စား​မှု ​ရှိ​မယ်​လို့ ​ထင်​ပါ​တယ်။ ​ဆို​တော့ ​အင်​အား​ကြီး​တဲ့ ​အိ​နိ္ဒ​ယ ​နဲ့ ​တ​ရုတ် ​နိုင်​ငံ​အ​ကြား ​မြန်​မာ​နိုင်​ငံ​အ​နေ​နဲ့ ​သ​တိ​ထား​လျှောက်​လှမ်း​ရ​မယ့် ​အ​ခြေ​အ​နေ​လဲ ​ဖြစ်​နေ​ရ​မယ်​လို့ ​ဆို​ရ​မှာ​ပေါ့။

Ms. Yun Sun ။ ။ ​ဟုတ်​ပါ​တယ် .. ​ဒီ​ကိ​စ္စ​မှာ​တော့ ​တ​ရုတ်​ရှု​ထောင့် ​နဲ့ ​မြန်​မာ​ရှု​ထောင့် ​အ​များ​ကြီး ​ကွာ​တယ်​လို့​တော့ ​ကျ​မ ​ထင်​ပါ​တယ်။ ​မြန်​မာ​ဘက်​က ​သူ​တို့​ဟာ ​အင်​အား​ကြီး ​နှစ်​နိုင်​ငံ​အ​ကြား ​ညှပ်​ပိ​နေ​တယ်​လို့ ​မြင်​ပါ​တယ်။ ​တ​ရုတ်​ဘက်​က​ကြ​တော့ ​မြန်​မာ​နိုင်​ငံ​နဲ့ ​ပတ်​သက်​ပြီး ​အိ​နိ္ဒ​ယ​ကို ​ပြိုင်​ဘက်​လို့ ​မ​မြင်​ပါ​ဘူး။ ​မြန်​မာ​နိုင်​ငံ​အ​ပေါ် ​တ​ရုတ်​ရဲ ့ ​ရင်း​နီှး​မြှုပ်​နံှ​မှု၊ ​တ​ရုတ်​ရဲ ့ ​လွှမ်း​မိုး​မှု​တွေ​နဲ​စာ​ရင် ​အိ​နိ္ဒ​ယ​က ​ဘာ​မှ​မ​ဆို​လောက်​ပါ​ဘူး။ ​တ​ရုတ်​က ​အ​ဓိ​က ​ပြိုင်​ဘက်​လို့​မြင်​တာ​က ​အ​မေ​ရိ​ကန်​ပဲ ​ဖြစ်​ပါ​တယ်။ ​အိ​နိ္ဒ​ယ​က ​အ​ခု ​အ​ရှေ ့​မျှော်​ဝါ​ဒ (Look East) ​မ​ဟုတ်​ဘဲ​နဲ့ ​အ​ရှေ ့​မှာ ​လှုပ်​ရှား​ရေး​ဝါ​ဒ (Act East) ​ဆို​ပြီး​တော့ ​ပို​မို​တက်​ကြွ​တဲ့​မူ​ဝါ​ဒ ​ချ​မှတ်​လာ​ပါ​တယ်။ ​ကျ​မ​တို့ ​စောင့်​ကြည့်​နေ​ရ​အုံး​မှာ​ပါ။

​ဦး​ကျော်​ဇံ​သာ ။ ။ ​နောက်​ဆုံး ​မေး​ချင်​တဲ့ ​အ​ကြောင်း​အ​ရာ​တ​ခု​က ​တ​ရုတ်​က ​ဘာ​ကြောင့် UWSA ​တပ်​ဖွဲ့၊ ​ကိုး​ကန့်​တပ်​ဖွဲ့​တို့​ကို ​အား​ပေး​အား​မြှောက် ​လုပ်​နေ​ရ​သ​လဲ​ဆို​တာ​ပဲ ​ဖြစ်​ပါ​တယ်။ ​ဒါ​ဟာ ​မြန်​မာ​နိုင်​ငံ​ရဲ ့ ​ငြိမ်း​ချမ်း​ရေး​ကို ​အ​ဟန့်​အ​တား ​လုပ်​နေ​သ​လို ​ဖြစ်​မ​နေ​ဘူး​လား။

Ms. Yun Sun ။ ။ ​သိပ်​အ​ရေး​ကြီး​တဲ့ ​မေး​ခွန်း​ပါ။ ​ဒီ​သူ​ပုန်​တွေ​နဲ့ ​တ​ရုတ် ​ဘာ​ကြောင့် ​ဆက်​ဆံ​နေ​လဲ​ဆို​တော့ ​ဒီ ​ဆက်​ဆံ​ရေး​တွေ​ဟာ ​ဆယ်​စု​နှစ်​နဲ့​ချီ ​ရှိ​လာ​ခဲ့​ပါ​ပြီ။ ​ဒီ​သူ​ပုန်​တွေ​ဟာ ​တ​ရုတ်​နဲ့ ​ပု​ဂ္ဂိုလ်​ရေး​အ​ရ ​ရင်း​နီှး​တဲ့​ဆက်​ဆံ​မှု၊ ​စီး​ပွား​ရေး ​ဆက်​နွယ်​မှု၊ ​နိုင်​ငံ​ရေး​အ​ရ ​ဆွေး​နွေး​ဆက်​ဆံ​မှု​တွေ ​ရှိ​နေ​ပါ​တယ်။ ​ဒါ​ဟာ ​အဲ​ဒီ​ဒေ​သ​တွေ​မှာ ​ဆယ်​စု​နှစ်​တွေ​နဲ့​ချီ ​ကြာ​မြင့်​လာ​ခဲ့​ပါ​ပြီ။ ​ဒီ​အ​ခြေ​အ​နေ​ကို ​နောက်​ပြန်​လှည့်​ဖို့​ဆို​တာ ​အဲ​ဒီ​ဒေ​သ​အ​တွင်း ​အ​ခြေ​အ​နေ​တွေ ​အ​ပြောင်း​အ​လဲ​တ​ရပ်​ရပ်။ ​ဒါ​မှ​မ​ဟုတ် ​တ​ရုတ်​အ​ကျိုး​စီး​ပွား ​ဖြစ်​ထွန်း​နိုင်​တဲ့​အ​ခြေ​အ​နေ၊ ​အ​ပြောင်း​အ​လဲ​တ​ရပ်​ရပ်၊ ​တ​ကယ်​ဖြစ်​ပေါ်​လာ​မှ​ပဲ ​ပြန်​လှည့်​နိုင်​မယ်​လို့ ​ထင်​ပါ​တယ်။ ​တ​ချိန်​တည်း​မှာ​ပဲ ​တ​ရုတ်​နိုင်​ငံ​ဘက်​မှာ ​အ​သံ​တ​ချို ့ ​ကြား​နေ​ရ​တယ်။ ​မြန်​မာ​အ​စိုး​ရ​က ​ငါ​တို့​နဲ့ ​ပူး​ပေါင်း​ဆောင်​ရွက်​တာ ​မ​လို​လား​ဘူး​ဆို​ရင်​တော့ ​ငါ​တို့​အ​နေ​နဲ့ ​မြန်​မာ​နဲ့ ​ဆက်​ဆံ​ရေး ​အ​လျှော့​အ​တင်း ​လုပ်​နိုင်​အောင်​လို့ ​ဒီ​သူ​ပုန်​တွေ​ကို ​ကိုင်​ထား​ရ​မယ်​ဆို​တဲ့ ​အ​သံ​တွေ​ပါ။ ​မြန်​မာ​ကို ​ထိန်း​ကွပ်​ရာ​မှာ ​ဒီ​အင်​အား​စု​တွေ​ဟာ ​တ​ကယ်​ထိ​ရောက်​တဲ့ ​က​ရိ​ယာ​တွေ​လို့ ​တ​ရုတ်​ဘက်​က ​တ​ချို ့​က ​ယုံ​ကြည်​ထား​ကြ​ပါ​တယ်။

​ဦး​ကျော်​ဇံ​သာ ။ ။ ​ဒါ​ပေ​မဲ့ ​တ​ရုတ်​ဟာ ​တ​ချိန်​က ​ဗ​က​ပ ​ဗ​မာ​ပြည်​ကွန်​မြူ​နစ်​ပါ​တီ​ကို ​ထောက်​ခံ​အား​ပေး​ခဲ့​ပေ​မယ့် ​နောက်​ပိုင်း​မှာ ​လုံး​ဝ​ရပ်​ပစ်​လိုက်​တယ်။ ​အ​ခု​ကော ​မြန်​မာ​နိုင်​ငံ​အ​ပေါ်​မှာ ​တ​ကယ်​တမ်း ​စေ​တ​နာ​ရှိ​တယ်။ ​မြန်​မာ​နိုင်​ငံ ​ငြိမ်း​ချမ်း​ဖွံ့​ဖြိုး​တိုး​တက်​စေ​ချင်​တယ်​ဆို​ရင် ​ဒီ​သူ​ပုန်​တွေ​ကို ​ထောက်​ပံ့​အား​ပေး​နေ​တာ​ကို ​ဘာ​ကြောင့် ​မ​ရပ်​တန့်​နိုင်​သ​လဲ။ Ms. Yun Sun ။ ။ ​ရှင် ​ပြော​တာ​နဲ့ ​ပတ်​သက်​ပြီး​တော့ ​တ​ရုတ်​ဘက်​က ​တုံ့​ပြန်​ချက်​က​တော့ ​စစ်​အ​စိုး​ရ​လက်​ထက်​တုန်း​က ​ငါ​တို့​ဟာ ​ဗ​မာ​ပြည်​ကွန်​မြူ​နစ်​ပါ​တီ​ကို ​ထောက်​ခံ​ခဲ့​တာ​ကို ​ရပ်​ဆိုင်း​ပစ်​လိုက်​တယ်။ ​ဒါ​ကြောင့် ​ဗ​က​ပ ​ပြို​ကွဲ​ကျ​ဆုံး​သွား​ခဲ့​တယ်။ ​ပြီး​တော့ ​မင်း​တို့​ကို ​ငါ​တို့ ​နှစ် (၂၀) ​ကျော် ​ကူ​ညီ​ထောက်​ခံ​ပေး​ခဲ့​တယ်။ ​ကု​လ​သ​မ​ဂ္ဂ​ရဲ ့ ​အ​ပြစ်​ပေး​ဒဏ်​ခတ်​မယ့် ​ဆုံး​ဖြတ်​ချက်​ကို​တောင်​မှ ​ငါ​တို့​က ​ဗီ​တို ​သုံး​ပြီး​တော့ ​ပယ်​ချ​ပေး​ခဲ့​တယ်။ ​ဒါ​ပေ​မဲ့ ​ငါ​တို့​အ​တွက် ​ဘာ​အ​ကျိုး​ရှိ​သ​လဲ။ ​ငါ​တို့ ​စီ​မံ​ကိန်း​တွေ​ကို​တောင် ​မင်း​တို့ ​ရပ်​ဆိုင်း​ပြစ်​ခဲ့​တယ်။ ​မင်း​တို့ ​အ​မေ​ရိ​ကန်​ဘက်​ကို ​မျက်​နာ​လှည့်​သွား​တယ်။ ​ဆို​တော့ ​မြန်​မာ​နိုင်​ငံ​အ​တွက် ​ဒီ​ထက်​တော့ ​ငါ​တို့ ​ပို​မ​လုပ်​ပေး​နို်င်​တော့​ဘူး​လို့ ​တ​ရုတ်​ဘက်​က ​စော​ဒ​က​တက်​ကြ​မှာ ​ဖြစ်​ပါ​တယ်။ ​ဒါ​ကို​ကြည့်​မယ်​ဆို​ရင် ​နယ်​စပ်​တိုင်း​ရင်း​သား​တ​ချို ့​ကို ​အ​သုံး​ချ​ပြီး​တော့ ​မြန်​မာ​နိုင်​ငံ​အ​ပေါ် ​ထိန်း​ညိှ​သင့်​တယ်​လို့ ​တ​ရုတ်​တ​ချို ့​ရဲ ့ ​အ​ယူ​အ​ဆ​အ​ချက်​ကို​လည်း ​နား​လည်​နိုင်​မယ်​လို့ ​ကျ​မ ​ထင်​ပါ​တယ်။

​ဦး​ကျော်​ဇံ​သာ ။ ။ ​ဒါ​ပေ​မဲ့ ​မြန်​မာ​တွေ​က​တော့ ​တ​ရုတ်​တွေ​ကြောင့် ​သူ​တို့​နိုင်​ငံ​မှာ ​ဘာ​မှ​မ​ကျန်​တော့​ဘူး။ ​သ​ယံ​ဇာ​တ​တွေ ​ကုန်​ပြီ၊ ​ကျောက်​စိမ်း၊ ​ရေ​နံ၊ ​ကျွန်း​သစ် ​အ​ကုန်​လုံး ​ပြောင်​တ​လင်း​ခါ​ပြီ​ဆို​ပြီး ​ညည်း​ညူ​ကြ​ပါ​တယ်။ ​ဒါ​ကို ​မ​မျှ​တ​ဘူး။ ​တ​ရုတ်​က ​တ​ဘက်​သတ် ​အ​မြတ်​ထုတ်​သွား​ကြ​တယ်​လို့ ​သတ်​မှတ်​နေ​ကြ​တာ​ပါ။ ​ဒီ​ကိ​စ္စ​ကို ​တ​ရုတ်​က ​ဘာ​ပြန်​ပြော​မ​လဲ။

Ms. Yun Sun ။ ။ ​တ​ရုတ်​တို့​ဘက်​က ​ပြန်​ပြော​မှာ​က​တော့ ​စစ်​အ​စိုး​ရ​လက်​အောက်​မှာ​တုန်း​က ​မြန်​မာ​နိုင်​ငံ​ဟာ ​နိုင်​ငံ​တ​ကာ​ရဲ ့ ​ဒဏ်​ခတ်​အ​ရေး​ယူ​မှု​ကို ​ခံ​နေ​ရ​တာ​ပါ။ ​မြန်​မာ​နိုင်​ငံ​အ​နေ​နဲ့ ​နိုင်​ငံ​တ​ကာ ​ထောက်​ခံ​မှု​ရ​ဖို့ ​တ​ခြား​ရွေး​ချယ်​စ​ရာ ​နည်း​လမ်း​လည်း ​မ​ရှိ​ပါ​ဘူး။ ​တ​ရုတ်​ဟာ ​ကု​လ​သ​မ​ဂ္ဂ ​လုံ​ခြုံ​ရေး​ကောင်​စီ ​အ​မြဲ​တမ်း​အ​ဖွဲ့​ဝင်​နိုင်​ငံ​လည်း ​ဖြစ်​ပါ​တယ်။ ​မြန်​မာ​နိုင်​ငံ ​အ​ရေး​ယူ​ခံ​ရ​မယ့်​ကိ​စ္စ​ကို ​တ​ရုတ်​က​သာ ​ဗီ​တို​သုံး ​ပယ်​ချ​နိုင်​ပါ​တယ်။ ​အိ​နိ္ဒ​ယ ​နဲ့ ​အာ​ဆီ​ယံ​တို့ ​မ​လုပ်​နိုင်​ပါ​ဘူး။ ​ဆို​တော့ ​မြန်​မာ​နိုင်​ငံ​အ​ဖို့ ​မိတ်​ဆွေ​ကင်း​မဲ့​နေ​တဲ့​အ​ချိန် ​ငါ​တို့ ​ကူ​ညီ​ခဲ့​တယ်။ ​ငါ​တို့ ​စီး​ပွား​ရေး ​စီ​မံ​ကိန်း​တွေ​အ​တွက်​လည်း ​မင်း​တို့ ​လုပ်​ကိုင်​ခဲ့​တယ်။ ​ဒါ​ဟာ ​မျှ​တ​တယ်​လို့ ​ပြော​ကြ​မှာ​ပါ။ ​တ​ကယ်​ပဲ ​တ​ရုတ်​တွေ​က ​ကျ​မ​ကို ​ပြော​ကြ​ပါ​တယ် ​ငါ​တို့​မှာ ​ရွေး​စ​ရာ ​အ​များ​ကြီး။ ​မြန်​မာ​မှာ ​ငါ​တို့​မှ​တ​ပါး ​ရွေး​စ​ရာ ​မ​ရှိ​ခဲ့​ဘူး​လို့ ​ကျ​မ​က ​တ​ရုတ်​နိုင်​ငံ ​ကိုယ်​စား​ပြု​ပြီး​တော့ ​ပြော​နေ​တာ ​မ​ဟုတ်​ပါ​ဘူး။ ​သု​တေ​သီ​တ​ဦး​သာ ​ဖြစ်​ပါ​တယ်။





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org