NLD ​အ​စိုး​ရ​သစ် ​အ​စ​ကောင်း​ခဲ့​ပြီ ​အ​နှောင်း​သေ​ချာ​ဖို့ ​ဝိုင်း​ကူ​ကြ​ဦး​စို့

​စိုင်း(​မန်း)(22 February 16)




-----------------------------------------------------------------------

``​ပြောင်း​လဲ​ချိန်​တန်​ပြီ´´​ဆို​တဲ့ ​ကြွေး​ကြော်​သံ​နဲ့ ​မြန်​မာ​နိုင်​ငံ​တ​ဝှမ်း​လုံး​ကို ​မဲ​ဆွယ်​စည်း​ရုံး​ခဲ့​တဲ့ NLD ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ကို ​ရာ​စု​ဝက်​ကျော် ​စစ်​အာ​ဏာ​ရှင်​စ​နစ်​အောက်​မှာ ​အ​ဖိ​နှိပ်​ခံ​ခဲ့​ရ​တဲ့ ​ပြည်​သူ​တစ်​ရပ်​လုံး​က ​အ​ပြောင်း​အ​လဲ​ကို ​တ​ကယ်​လို​ချင်​ကြ​လို့ ​ပုံ​အော​ပြီး ​မဲ​ပေး​ခဲ့​ကြ​တာ ​တောင်​ပြို ​ကမ်း​ပြို ​အ​နိုင်​ရ​ခဲ့​ကြ​ပြီး​ပြီ။ ​ဒါ​ပေ​မယ့် ၁၉၉၀ ​ခု​နှစ်​တုန်း​က​လို ​အာ​ဏာ​လွှဲ​မ​ပေး​မှာ​ကို ​ရင်​တ​ထိတ်​ထိတ်​နဲ့ ​စိုး​ရိမ်​ခဲ့​ကြ​ရ​တာ ၂၀၁၆ ​ခု ​ဖေ​ဖေါ်​ဝါ​ရီ​လ (၁)​ရက်​နေ့​မှာ​တော့ ​စိုး​ရိမ်​စိတ်​တွေ ​ပြေ​ပျောက်​ပြီး ​ဒု​တိ​ယ​အ​ကြိမ် ​ပြည်​သူ့​လွှတ်​တော်​ထဲ​ကို NLD ​လွှတ်​တော်​ကိုယ်​စား​လှယ်​တွေ ​အ​များ​စု ​တ​ကယ်​တက်​ရောက်​နိုင်​ခဲ့​ကြ​ပါ​ပြီ။ ​ပြည်​သူ့​လွှတ်​တော် ​နာ​ယ​က ​ဥ​က္က​ဌ​နဲ့ ​ဒု​တိ​ယ​ဥ​က္က​ဌ​တို့​ကို​လည်း ​အ​မျိုး​သား​ပြန်​လည်​ရင်​ကြား​စေ့​ရေး၊ ​တိုင်း​ရင်း​သား​စည်း​လုံး​ညီ​ညွတ်​ရေး​ကို ​အ​ခြေ​ခံ​ပြီး ​ရွေး​ချယ်​တင်​မြှောက်​နိုင်​ခဲ့​ကြ​ပါ​တယ်။

၂၀၁၆​ခု ​ဖေ​ဖေါ်​ဝါ​ရီ (၃)​ရက်​နေ့​မှာ​လည်း ​အ​မျိုး​သား​လွှတ်​တော်​သစ်​ကို ​စ​တင်​ပြီး ​အ​မျိုး​သား​လွှတ်​တော် ​ဥ​က္က​ဌ ​နဲ့ ​ဒု​တိ​ယ​ဥ​က္က​ဌ​တို့​ကို ​ကန့်​ကွက်​သူ​မ​ရှိ ​ရွေး​ချယ်​တင်​မြှောက်​နိုင်​ခဲ့​ကြ​ပါ​တယ်။

​ပြည်​သူ့​လွှတ်​တော်​ဥ​က္က​ဌ​အ​ဖြစ် NLD ​ပါ​တီ​မှ ​ဦး​ဝင်း​မြင့်၊ ​ဒု​တိ​ယ​ဥ​က္က​ဌ​အ​ဖြစ် ​ပြည်​ထောင်​စု​ကြံ့​ခိုင်​ရေး​နဲ့ ​ဖွံံ့​ဖြိုး​ရေး​ပါ​တီ​မှ ​ဦး​တီ​ခွန်​မြတ်​တို့​ကို ​ရွေး​ချယ်​ခဲ့​ကြ​ပြီး ​အ​မျိုး​သား​လွှတ်​တော်​ဥ​က္က​ဌ​အ​ဖြစ် ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ ​အ​ဖွဲ့​ချုပ်​မှ ​က​ရင်​တိုင်း​ရင်း​သား ​ဦး​မန်း​ဝင်း​ခိုင်​သန်း​ဖြစ်​ပြီး ​ဒု​တိ​ယ​ဥ​က္က​ဌ​အ​ဖြစ် ​ရ​ခိုင်​အ​မျိုး​သား​ပါ​တီ​မှ ​ရ​ခိုင် ​တိုင်း​ရင်း​သား ​ဦး​အေး​သာ​အောင်​ကို ​ရွေး​ချယ်​ခဲ့​ကြ​ပါ​တယ်။

​အ​ခု​လို ​ပြည်​သူ့​လွှတ်​တော်​နဲ့ ​အ​မျိုး​သား​လွှတ်​တော်​ဥ​က္က​ဌ၊ ​ဒု​တိ​ယ​ဥ​က္က​ဌ​များ ​ရွေး​ချယ်​မှု​နဲ့​ပတ်​သက်​ပြီး ​ဖေ​ဖေါ်​ဝါ​ရီ (၃)​ရက်​ည​နေ​ပိုင်း​မှာ ​သ​တင်း​မီ​ဒီ​ယာ​များ​နဲ့​တွေ့​ဆုံ​ပြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ပြော​ကြား​ခဲ့​တာ​ကို ​လေ့​လာ​ကြည့်​ကြ​ရ​အောင်။ ​ပြည်​သူ​တွေ​တ​ခဲ​နက် ​ရွေး​ချယ်​တင်​မြှောက်​လိုက်​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ခေါင်း​ဆောင်​များ​နဲ့ ​ကိုယ်​စား​လှယ်​များ​ရဲ့ ​အ​မြော်​အ​မြင်​နဲ့ ​နိုင်​ငံ​တော်​ရဲ့ ​အ​နာ​ဂါတ်​အ​ရေး​ကို ​တွေး​ဆ ​ပုံ​ဖော်​ကြည့်​နိုင်​ကြ​စေ​ဖို့​ပါ။

​ဒီ​မို​က​ရေ​စီ​ခေါင်း​ဆောင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ``​လွှတ်​တော်​ဥ​က္က​ဌ​များ​အား ​ရွေး​ချယ်​ရာ​တွင် ​ပြည်​ထောင်​စု​အ​သွင် ​အ​မျိုး​သား​ရင်​ကြား​စေ့​ရေး​အ​သွင် ​ဆောင်​စေ​ချင်​တယ်။ ​အ​ခု​ရွေး​လိုက်​တဲ့​သူ​တွေ​က ​အဲ​ဒီ​အ​သွင်​ဆောင် ​တယ်​လို့​မြင်​တယ်။ ​ပြည်​သူ့​လွှတ်​တော်​ဥ​က္က​ဌ​အ​ဖြစ် ​ဦး​ဝင်း​မြင့်​ကို ​ရွေး​ချယ်​တာ​က​တော့ ​ဘာ​မှ ​အံ့​အား​သင့်​စ​ရာ ​မ​ဟုတ်​ပါ​ဘူး။ ​လွှတ်​တော်​အ​တွေ့​အ​ကြုံ ​သုံး​နှစ်​လောက်​လည်း​ရှိ​နေ​ပြီ။ ​အန်​တီ​တို့​ပါ​တီ​ရဲ့ ​ခေါင်း​ဆောင်​တစ်​ဦး​လည်း​ဖြစ်​တယ်။ ​ဥ​ပ​ဒေ​သ​မား​တစ်​ယောက်​လည်း​ဖြစ်​တယ်´´။

``​ဒု​တိ​ယ​ဥ​က္က​ဌ ​ဦး​တီ​ခွန်​မြတ်​ကို ​ဘာ​လို့ ​အ​ဆို​ပြု​လည်း​ဆို​တော့ ​ပြည်​ထောင်​စု​လွှတ်​တော်​မှာ ​ပြည်​ထောင်​စု​ကြံ့​ခိုင်​ရေး​နဲ့ ​ဖွံ့​ဖြိုး​ရေး​ပါ​တီ​က ​ဒု​တိ​ယ​အ​များ​ဆုံး​ဖြစ်​တယ်။ ​အဲ​ဒီ​ပါ​တီ​က ​ကိုယ်​စား​လှယ် ​တစ်​ယောက်​လည်း ​ဖြစ်​စေ​ချင်​တယ်။ ​တိုင်း​ရင်း​သား​တစ်​ယောက်​လည်း​ဖြစ်​စေ​ချင်​တယ်။ ​ဘာ​လို့​လည်း​ဆို​တော့ ​တိုင်း​ရင်း​သား​တွေ​လည်း ​ပါ​စေ​ချင်​လို့။ ​ဒါ​မှ ​လွှတ်​တော်​က ​ပြည်​ထောင်​စု​အ​သွင်​ဆောင်​မှာ​ပေါ့။ ​ဦး​တီ​ခွန်​မြတ်​က ​အ​စ​ထဲ​က ​ဥ​ပ​ဒေ​ကြမ်း​ကော်​မ​တီ​ဥ​က္က​ဌ​ဆို​တော့ ​အ​ရမ်း​ကျွမ်း​ကျင်​တယ်။ ​လွှတ်​တော်​လုပ်​ငန်း ​စည်း​မျဉ်း​စည်း​ကမ်း​တွေ​လည်း ​ကျွမ်း​ကျင်​တယ်။ ​အဲ​ဒီ​တော့ ​အင်​မ​တန်​သင့်​တော်​တယ်​ဆို​ပြီး ​ရွေး​ခဲ့​တယ်´´​လို့ ​ပြည်​သူ့​လွှတ်​တော်​ဥ​က္က​ဌ​များ ​ရွေး​ချယ်​ပုံ​ရွေး​ချယ်​နည်း​ကို ​ပြည်​သူ​တွေ​သိ​အောင် ​မီ​ဒီ​ယာ​များ​က​တ​ဆင့် ​ရှင်း​လင်း​တင်​ပြ​ခဲ့​ပါ​တယ်။





-----------------------------------------------------------------------

ဆက်​လက်​ပြီး ​လူ​ထု​ခေါင်း​ဆောင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က``​အ​မျိုး​သား​လွှတ်​တော်​ဘက်​မှာ ``​ဦး​မန်း​ဝင်း​ခိုင်​သန်း​ကို ​ရွေး​တာ​က​တော့ ​သူ​က ​တိုင်း​ရင်း​သား​လည်း​ဖြစ်​တယ်။
​ဒီ​မို​က​ရေ​စီ​အ​ရေး​ကို​လည်း ​ထိ​ထိ ​ရောက်​ရောက် ​လုပ်​မယ်​လို့ ​ယုံ​ကြည်​တဲ့​အ​တွက် ​ရွေး​ခဲ့​တာ​ပါ။
​တိုင်း​ရင်း​သား​လည်း​ဖြစ်​တယ် ​ဥ​ပ​ဒေ​ပ​ညာ​ရှင်​လည်း ​ဖြစ်​တယ် ​ပူး​ပေါင်း​ဆောင်​ရွက်​ဖို့​လည်း ​အင်​မ​တန်​မှ ​အား​သန်​တယ်။
​ဒါ​ကြောင့်​မို့​ရွေး​ခဲ့​တယ်´´။

``​ဒု​တိ​ယ​ဥ​က္က​ဌ ​ရွေး​ချယ်​ရာ​မှာ​လည်း ​ရ​ခိုင်​ပါ​တီ​က ​ဒု​တိ​ယ​အ​များ​ဆုံး​ဖြစ်​တယ်။ ​
ရ​ခိုင်​ပါ​တီ​ထဲ​က ​ကိုယ်​စား​လှယ်​တစ်​ယောက်​ကို ​ရွေး​ချင်​တယ်။
​ဦး​အေး​သာ​အောင်​ဆို​တာ​က ​ရ​ခိုင်​ပါ​တီ​က ​ခေါင်း​ဆောင် ​တစ်​ဦး​သာ​မ​က​ဘူး ​အန်​တီ​တို့​နဲ့ ​နှစ်​ပေါင်း​များ​စွာ​တွဲ​ခဲ့​တဲ့ ​ မ​ဟာ​မိတ်​တစ်​ယောက်​ဖြစ်​တယ်။ ​အန်​တီ​ခ​ဏ​ခ​ဏ ​ပြော​ဖူး​ပါ​တယ်။
​အန်​တီ​တို့​ပါ​တီ ​တ​ကယ့်​ကို ​ကျဉ်း​ထဲ​ကြပ်​ထဲ ​ရောက်​နေ​တဲ့​အ​ချိန်​မှာ ​သိပ်​ရုန်း​ကန်​ခဲ့​ရ​တဲ့​အ​ချိန်​မှာ ​အန်​တီ​တို့​ကို ​ဝန်း​ရံ​ ထား​တာ ​တိုင်း​ရင်း​သား​ပါ​တီ​တွေ​ပဲ။
​ဦး​အေး​သာ​အောင်​တို့၊ ​ဇူး​မီး​တို့၊ ​ဦး​ခွန်​ထွန်း​ဦး​တို့​ပါ​တီ​တွေ ​ပါ​တယ်။
​မ​ဟာ​မိတ်​တွေ​ရဲ့ ​ကျေး​ဇူး​ကို​လည်း​မ​မေ့​ဘူး။ ​အန်​တီ​တို့​အ​ချင်း​ချင်း​ကြား​မှာ​လည်း ​နား​လည်​မှု​က ​အ​ပြည့်​အ၀​ရှိ​တယ်။
​ဒါ​ကြောင့်​မို့ ​ဦး​အေး​သာ​အောင်​ကို ​အ​ဆို​ပြု​ရွေး​ခဲ့​တာ´´။

``​ပြည်​သူ့​လွှတ်​တော်​နဲ့ ​အ​မျိုး​သား​လွှတ်​တော်​မှာ ​ရွေး​ချယ်​တာ​တွေ​ကို ​ဘယ်​သူ​က​မှ ​မ​ကန့်​ကွက်​ဘူး။ ​အ​ခြား​ပါ​တီ​တွေ​ကို​လည်း ​ကျေး​ဇူး​တင်​တယ်။ ​တပ်​မ​တော်​သား​ကိုယ်​စား​လှယ်​တွေ​ကို​လည်း ​ကျေး​ဇူး​တင်​တယ်။ ​မ​ကန့်​ကွက်​ပဲ ​ပူး​ပေါင်း​ဆောင်​ရွက်​တဲ့ ​အ​သွင်​ဆောင်​တာ ​အ​ရမ်း​ဝမ်း​သာ​ပါ​တယ်´´​ဆို​ပြီး ​အ​မျိုး​သား ​လွှတ်​တော်​ဥ​က္က​ဌ၊ ​ဒု​တိ​ယ​ဥ​က္က​ဌ​တွေ ​ရွေး​ချယ်​ရ​တဲ့​အ​ကြောင်း​အ​ရင်း​ကို ​အ​ကျိုး​သင့်​အ​ကြောင်း​သင့် ​ရှင်း​ပြ​ရင်း ​တိုင်း​ရင်း​သား​ပါ​တီ​များ​နဲ့​ပါ​တီ​အား​လုံး​ရဲ့ ​ပူး​ပေါင်း​ပါ​ဝင်​မှု​ကို ​ကျေး​ဇူး​စ​ကား​ဆို​ခဲ့​ပါ​သေး​တယ်။ ​အ​ထူး​သ​ဖြင့် ​တပ်​မ​တော်​သား​ကိုယ်​စား​လှယ်​တွေ​ရဲ့ ​ပူး​ပေါင်း​ပါ​ဝင်​မှု​ကို ​ကျေး​ဇူး​တင် ​ဝမ်း​မြောက်​စွာ ​အ​သိ​အ​မှတ်​ပြု​ခဲ့​တာ​ပါ​ပဲ။

​ဒု​တိ​ယ​အ​ကြိမ်​ပြည်​သူ့​လွှတ်​တော်​နဲ့ ​အ​မျိုး​သား​လွှတ်​တော်​တွေ ​စ​တင်​ကျင်း​ပ​ပုံ​နဲ့ ​လွှတ်​တော်​ဥ​က္က​ဌ​တွေ ​ရွေး​ချယ်​ပုံ​ကို ​ ဒေါ်​အောင်​ဆန်း​စု​ကြည်​ရဲ့ ​ရှင်း​လင်း​ပြော​ကြား​ချက်​တွေ​နဲ့​အ​တူ ​တင်​ပြ​ခဲ့​ပြီး​ပါ​ပြီ။ ​
ဖေ​ဖေါ်​ဝါ​ရီ​လ(၈)​ရက်​နေ့​မှာ​လည်း ​တိုင်း​ဒေ​သ​ကြီး​နဲ့ ​ပြည်​နယ်​လွှတ်​တော်​တွေ​ကို ​တ​ပြိုင်​တည်း ​ကျင်း​ပ​ကြ​ပြီး ​ဥ​က္က​ဌ၊ ​ ဒု-​ဥ​က္က​ဌ​တွေ ​အ​ဆင်​ပြေ​ချော​မွေ့​စွာ ​ရွေး​ချယ်​တင်​မြှောက်​နိုင်​ခဲ့​ကြ​ပါ​တယ်။
​ဒီ​နေ​ရာ​မှာ ​ကျွန်​တော် ​အ​ဓိ​က ​ပြော​ချင်​တာ​က ​ကျွန်​တော်​တို့​ပြည်​သူ​တွေ ​ယုံ​ကြည်​အား​ထား​မှု​အ​ပြည့်​နဲ့ ​ရွေး​ချယ်​ပေး​ လိုက်​တဲ့ ​အ​မျိုး​သား ​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ရဲ့ ​လွှတ်​တော်​အ​တွင်း ​ဝင်​ရောက်​ရ​တဲ့ ​ပ​ထ​မ​ဆုံး​နေ့​ရက်​တွေ ​အ​ဆင်​ပြေ​ချော​မွေ့​နေ​ တဲ့ ​အ​ကြောင်း​ပဲ ​ဖြစ်​ပါ​တယ်။ ​အ​ပြောင်း​အ​လဲ​အ​သစ်​က​တော့ ​တ​ကယ်​စ​တင်​ခဲ့​ပါ​ပြီ။

++++





-----------------------------------------------------------------------

​အ​စ​ကောင်း​တဲ့​အ​ပြောင်း​အ​လဲ​ကို ​ခွဲ​ခြမ်း​စိတ်​ဖြာ​ကြည့်​ကြ​ရ​အောင်။ ​အ​နာ​ဂါတ်​ဖက်​ဒ​ရယ်​ဒီ​မို​က​ရေ​စီ ​နိုင်​ငံ​တော်​ကို ​မှန်း​ဆ​ပုံ​ဖော်​ကြည့်​တဲ့​သ​ဘော​ပါ​ပဲ။ ​ကျွန်​တော်​တို့​နိုင်​ငံ​ဟာ ​တိုင်း​ရင်း​သား​ပေါင်း​များ​စွာ ​ရှိ​နေ​တဲ့ ​အ​တွက် ​ပြည်​ထောင်​စု​မြန်​မာ​နိုင်​ငံ​တော်​ရယ်​လို့ ​အ​မည်​တွင်​ခဲ့​တာ​ပါ။ ​ဗြိ​တိ​သျှ​နယ်​ချဲ့​လက်​အောက်​မှာ ​နှစ်​ပေါင်း​များ​စွာ ​သွေး​ခွဲ​အုပ်​စိုး​မှု​ကို ​ခံ​ခဲ့​ရ​ပေ​မယ့် ​ဗိုလ်​ချုပ်​အောင်​ဆန်း​အ​ပါ​အ​ဝင် ​အ​မြော်​အ​မြင်​ရှိ​ကြ​တဲ့ ​တိုင်း​ရင်း​သား ​ခေါင်း​ဆောင်​တွေ​ရဲ့ ​ခေါင်း​ဆောင်​မှု​နဲ့ ​ပင်​လုံ​စိတ်​ဓါတ်​ကို ​တည်​ဆောက်​နိုင်​ခဲ့​ကြ​တာ ​ဖြစ်​ပါ​တယ်။ ၁၉၄၇​ခု ​ဖေ​ဖေါ်​ဝါ​ရီ (၁၂)​ရက်​နေ့​မှာ​တော့ ​သ​မိုင်း​တွင်​တဲ့ ​ပင်​လုံ​စာ​ချုပ်​ကို ​တိုင်း​ရင်း​သား​ပေါင်း​စုံ ​လက်​မှတ်​ရေး​ထိုး​ကြ​ပြီး ​စု​စည်း​ညီ​ညွတ်​တဲ့​အင်​အား​နဲ့ ​လွတ်​လပ်​ရေး​ကို ​အ​ရ​ယူ​နိုင်​ခဲ့​ကြ​တာ​ပါ​ပဲ။ ​အဲ​ဒီ​လွတ်​လပ်​ရေး​နဲ့ ​မ​ရှေး​မ​နှောင်း​မှာ​ပဲ ​အ​ချင်း​ချင်း​စိတ်​ဝမ်း​ကွဲ​မှု​တွေ ​နိုင်​ငံ​ရေး​လုပ်​ကြံ​မှု​တွေ​က​စ​ပြီး ​ပြည်​တွင်း​စစ်​မီး​ကြီး ​တောက်​လောင်​လာ​တာ ​ယ​နေ့​တိုင် ​မ​ငြိှမ်း​သတ်​နိုင်​သေး​ပါ​ဘူး။
​ဝါး​အ​စည်း​ပြေ​သ​လို ​တိုင်း​ရင်း​သား​တွေ​လည်း ​အ​ကွဲ​ကွဲ​အ​ပြား​ပြား​နဲ့ ​လက်​နက်​ကိုင် ​တိုက်​ပွဲ​ဆင်​နွှဲ​ကြ​ရင်း ​ပြည်​တွင်း​စစ်​ သက် ​ရှည်​ကြာ​လာ​တာ​နဲ့​အ​မျှ ​စစ်​အာ​ဏာ​ရှင်​စ​နစ် ​အ​မြစ်​တွယ်​လာ​ခဲ့​ပါ​တယ်။
​အ​ကျိုး​ဆက်​က​တော့ ​မြန်​မာ​အ​ပါ​အ​ဝင် ​တိုင်း​ရင်း​သား​လူ​မျိုး​ပေါင်း​စုံ ​စစ်​အာ​ဏာ​ရှင်​စ​နစ်​ဆိုး​လက်​အောက်​မှာ ​ ပြား​ပြား​မှောက်​ကျ​ရောက်​ခဲ့​ကြ​ပြီး ​အ​သက်​အိုး​အိမ်​စည်း​စိမ်​တွေ ​သေ​ကြေ​ပျက်​စီး​ဆုံး​ရံှုး​ခဲ့​ကြ​ရ​ပါ​တယ်။ ​
အ​ချင်း​ချင်း​ကြား​မှာ​လဲ ​ယုံ​ကြည်​မှု​တွေ ​ပျက်​ပြား​ပြီး ​အ​ပြန်​အ​လှန်​တိုက်​ခိုက်​မှု​တွေ​ထိ ​ငြိမ်း​ချမ်း​ရေး ​ဆုံး​ရံှုး​နေ​ကြ ​ရ​ပါ​တယ်။
​စစ်​အာ​ဏာ​ရှင်​စ​နစ် ​သက်​ဆိုး​ရှည်​တာ​နဲ့​အ​မျှ ​တိုင်း​ပြည်​ရဲ့​သ​ယံ​ဇာ​တ ​အ​ရင်း​အ​မြစ်​တွေ ​ဆုံး​ရံှုး​ပြီး ​စစ်​အုပ်​စု​နဲ့ ​အ​ပေါင်း ပါ​တစ်​စု​ပဲ ​သား​စဉ်​မြေး​ဆက် ​စား​မ​ကုန်​အောင် ​ကြွယ်၀​ချမ်း​သာ​ကြ​ပေ​မယ့် ​တိုင်း​ရင်း​သား​နဲ့ ​ပြည်​သူ​တွေ​ဘ၀​က​တော့ ​ ကုန်း​ကောက်​စ​ရာ ​မ​ရှိ​လောက်​အောင် ​ဆင်း​ရဲ​မွဲ​တေ​ကုန်​ကြ​ပါ​ပြီ။ ​တိုင်း​ပြည်​လည်း ​ဖွံ့​ဖြိုး​မှု​အ​နိမ့်​ကျ​ဆုံး (LDC) ​ နိုင်​ငံ​ဘ၀​မှာ ​မျက်​နှာ​ငယ်​ခဲ့​ရ​ပါ​တော့​တယ်။ ​

ခေတ်​အ​ဆက်​ဆက် ​ဖောက်​ပြန်​မှား​ယွင်း​တဲ့ ​အုပ်​စိုး​သူ​တွေ​ပေး​တဲ့ ​ဒါဏ်​ရာ​ဒါဏ်​ချက်​တွေ​ပါ​ပဲ။

​ဒီ​အ​ခြေ​အ​နေ​ဆိုး​တွေ​က ​လွတ်​မြောက်​ပြီး ​အ​ပြောင်း​အ​လဲ​ကို ​လို​ချင်​ကြ​တဲ့ ​တိုင်း​ရင်း​သား​များ​အ​ပါ​အ​ဝင် ​ပြည်​သူ​ပြည်​သား​အား​လုံး​က ၂၀၁၅ ​နို​ဝင်​ဘာ (၈)​ရက်​နေ့ ​ရွေး​ကောက်​ပွဲ​မှာ ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​ခေါင်း​ဆောင်​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ်​ကို ​တ​ခဲ​နက်​မဲ​ပေး​ခဲ့​ကြ​လို့ ​တောင်​ပြို​ကမ်း​ပြို ​အ​နိုင်​ရ​ခဲ့​ပြီး​ပါ​ပြီ။ ​အ​ခု​တော့ ​အ​နိုင်​ရ​ပါ​တီ​ဖြစ်​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​လွှတ်​တော်​ကိုယ်​စား​လှယ်​တွေ ​ပြည်​ထောင်​စု ​လွှတ်​တော်၊ ​အ​မျိုး​သား​လွှတ်​တော်၊ ​တိုင်း​ဒေ​သ​ကြီး​နဲ့​ပြည်​နယ်​လွှတ်​တော်​တွေ​ကို ​လက်​ဆင့်​ကမ်း ​လွှဲ​ပြောင်း​ယူ​ကြ​ပြီး ​ပြည်​သူ​တွေ ​ပေး​အပ်​လိုက်​တဲ့ ​အာ​ဏာ​နဲ့ ​ပြည်​သူ​အ​ကျိုး​သယ်​ပိုး​ဖို့ ​အ​ဆင်​သင့်​ဖြစ်​နေ​ကြ​ပါ​ပြီ။

​အ​ထက်​မှာ ​ကျွန်​တော်​တင်​ပြ​ထား​ခဲ့​သ​လို ​ပ​ထ​မ​ဆုံး​လွှတ်​တော်​တွင်း​ဝင်​ရောက်​ကြ​တဲ့ ​အ​ခြေ​အ​နေ​က​တော့ ​အား​လုံး​အ​ဆင်​ပြေ ​ချော​မွေ့​နေ​တာ​ကို ​တွေ့​ရ​ပါ​တယ်။ ​လာ​ခြင်း​ကောင်း​တယ်​လို့​ပဲ​ပြော​ရ​မှာ​ပါ။ ​အ​ခု​လို ​အ​စ​ကောင်း​နေ​တဲ့​အ​ခြေ​အ​နေ​က​နေ ​အ​နှောင်း​သေ​ချာ​ဖို့​ကို ​ပြည်​သူ​တွေ ​မျှော်​လင့်​စောင့်​စား​နေ​ကြ​တာ​ပါ။ ​မျှော်​လင့်​စောင့်​စား​ရ​ကျိုး​နပ်​နိုင်​ပါ့​မ​လား။ ​လွှတ်​တော်​သစ်​တွေ​ရဲ့ ​ရှေ့​လုပ်​ငန်း​စဉ်​တွေ​အ​တွက် ​စ​တင်​လုပ်​ဆောင် ​နေ​ကြ​တဲ့ ​အ​ခြေ​အ​နေ​တွေ​ကို ​ကြည့်​ကြ​ရ​အောင်။

​လွှတ်​တော်​သစ်​အ​တွက် ​ရွေး​ချယ်​ခန့်​အပ်​ခံ​ထား​ရ​တဲ့ ​ပြည်​သူ့​လွှတ်​တော်​ဥ​က္က​ဌ ​ဦး​ဝင်း​မြင့်​က ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​အ​ရ ​လွှတ်​တော်​တစ်​ရပ်​မှာ ​မ​ရှိ​မ​ဖြစ်​လို​အပ်​တဲ့ ​အ​မြဲ​တမ်း​ကော်​မ​တီ​လေး​ရပ်​ကို ​ရွေး​ချယ်​ခံ ​လွှတ်​တော်​ကိုယ်​စား​လှယ်​များ၊ ​တိုင်း​ရင်း​သား​ကိုယ်​စား​လှယ်​များ၊ ​တပ်​မ​တော်​သား​ကိုယ်​စား​လှယ်​များ​နဲ့ ​ဖွဲ့​စည်း​နေ​ပါ​တယ်။ ​အ​မြဲ​တမ်း​ကော်​မ​တီ​လေး​ရပ်​မှာ ​တစ်​ခု​အ​ပါ​အ​ဝင်​ဖြစ်​တဲ့ ​ဥ​ပ​ဒေ​ကြမ်း​ကော်​မ​တီ​နဲ့ ​ပြည်​သူ့​ငွေ​စာ​ရင်း​ကော်​မ​တီ​တွေ​ကို ​ဖေ​ဖေါ်​ဝါ​ရီ(၄)​ရက်​နေ့​မှာ ​ကျင်း​ပ​တဲ့ ​လွှတ်​တော်​က ​အ​တည်​ပြု​ပေး​ခဲ့​ပါ​တယ်။ ​ဖေ​ဖေါ်​ဝါ​ရီ​လ (၅)​ရက်​နေ့​မှာ​လည်း ​လွှတ်​တော်​အ​ခွင့်​အ​ရေး​ကော်​မ​တီ​နဲ့ ​အ​စိုး​ရ​၏ ​အာ​မ​ခံ​ချက်​များ၊ ​က​တိ​များ၊ ​တာ​ဝန်​ခံ​ချက်​များ ​စိ​စစ်​ရေး​ကော်​မ​တီ​အ​တွက် ​ဖွဲ့​စည်း​ရန် ​လျာ​ထား​သတ်​မှတ်​ထား​တဲ့ ​ကိုယ်​စား​လှယ်​တွေ​ကို ​လွှတ်​တော်​ဥ​က္က​ဌ​က ​တင်​ပြ​ခဲ့​ပါ​တယ်။ ​





-----------------------------------------------------------------------

ပြည်​သူ့​လွှတ်​တော်​မှာ​လို​ပဲ ​အ​မျိုး​သား​လွှတ်​တော်​မှာ​လည်း ​အ​မြဲ​တမ်း​ကော်​မ​တီ​တွေ ​ဖွဲ့​စည်း​နေ​ကြ​ရ​တာ​ပါ။ ​အ​မျိုး​သား​လွှတ်​တော်​ရေး​ရာ​ကော်​မ​တီ​တွေ ​ဖွဲ့​စည်း​ကြ​မယ်​လို့ ​ဆို​ပါ​တယ်။

​ဖေ​ဖေါ်​ဝါ​ရီ​လ (၅)​ရက်​နေ့​မှာ ​ကျင်း​ပ​တဲ​က ​ပြည်​သူ့​လွှတ်​တော်​အ​စည်း​အ​ဝေး​က ​ဥ​ပ​ဒေ​ရေး​ရာ​နဲ့ ​အ​ထူး​ကိ​စ္စ​ရပ်​များ ​လေ့​လာ​စမ်း​စစ် ​သုံး​သပ်​ရေး​ကော်​မ​ရှင်​ကို ​ဖွဲ့​စည်း​ပေး​လိုက်​ပါ​တယ်။ ​ကော်​မ​ရှင်​မှာ ​ဥ​က္က​ဌ​အ​ဖြစ် ​သူ​ရ​ဦး​ရွှေ​မန်း​နဲ့​အ​ဖွဲ့​ဝင်​များ​အ​ဖြစ် ​ပြည်​ထောင်​စု​ကြံ့​ခိုင်​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ပါ​တီ​က ​လွှတ်​တော်​ကိုယ်​စား​လှယ် ​ဟောင်း​တွေ​ကို​ပါ ​တာ​ဝန်​ပေး​ဖွဲ့​စည်း​ခဲ့​ကြ​တာ​ဖြစ်​ပါ​တယ်။ ​ဒု​တိ​ယ​ဥ​က္က​ဌ​အ​ဖြစ်​ရ​မည်း​သင်း ​မဲ​ဆ​န္ဒ​နယ်​က ​ကြံ့​ခိုင်​ဖွံ့​ဖြိုး​ရေး​ပါ​တီ ​ကိုယ်​စား​လှယ် ​ဦး​ကို​ကို​နိုင်​ကို ​တာ​ဝန်​ပေး​ခဲ့​တယ်​လို့​ဆို​ပါ​တယ်။ ​အ​ဖွဲ့​ဝင် (၂၃)​ဦး​ပါ​တယ်​လို့ ​သိ​ရ​ပါ​တယ်။

​ဒီ​နေ​ရာ​မှာ ​ကျွန်​တော်​အ​ဓိ​က​ပြော​ချင်​တာ​က ​ပြည်​သူ​တစ်​ရပ်​လုံး​က ​ရွေး​ချယ်​တင်​မြှောက်​ပေး​လိုက်​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​ခေါင်း​ဆောင်​တွေ​က ​အ​မျိုး​သား​ရင်​ကြား​စေ့​ရေး​မူ​ကို ​လက်​တွေ့​ကျ​ကျ​ကျင့်​သုံး​ပြီး ​လာ​မယ့်​လွှတ်(၅)​နှစ် ​သက်​တမ်း​အ​တွက် ​လို​အပ်​တဲ့​ကော်​မ​တီ​တွေ ​ကော်​မ​ရှင်​တွေ​ကို ​ဖွဲ့​စည်း​နေ​တာ​ပါ​ပဲ ​တပ်​မ​တော်​သား​ကိုယ်​စား​လှယ်​တွေ ​တိုင်း​ရင်း​သား​ကိုယ်​စား​လှယ်​တွေ၊ ​ပြည်​ထောင်​စု​ကြံ့​ခိုင်​ရေး​နဲ့ ​ဖွံ့​ဖြိုး​ရေး ​ပါ​တီ​အ​ပါ​အ​ဝင် ​ပါ​တီ​ပေါင်း​စုံ​က ​ကိုယ်​စား​လှယ်​တွေ​ကို ​နေ​ရာ​ပေး​ပြီး ​စု​ပေါင်း​ခေါင်း​ဆောင်​ကြ​ဖို့ ​ကြိုး​ပမ်း​နေ​တဲ့ ​လုပ်​ရပ်​တွေ​လို့ ​ယူ​ဆ​မိ​ပါ​တယ်။ ​သ​ဘော​ထား​ကြီး​မှု ​အ​မြော်​အ​မြင်​ကြီး​မှု​နဲ့ ​မြင့်​မြတ်​ဖြူ​စင်​တဲ့ ​နှ​လုံး​သား​အ​လှ​တွေ​ကို ​မြင်​တွေ့​နိုင်​ကြ​ပါ​လိမ့်​မယ်။

​လွတ်​လပ်​ရေး​သက်​တမ်း​နဲ့​အ​မျှ ​ဝါး​အ​စည်း​ပြေ​သ​လို​ဖြစ်​နေ​တဲ့​နိုင်​ငံ၊ ​တိုင်း​ရင်း​သား​လူ​မျိုး​ပေါင်း​စုံ​နဲ့ ​ပြည်​တွင်း​စစ်​ဖြစ်​နေ​တဲ့​နိုင်​ငံ၊ ​အ​ခွင့်​အ​ရေး​တန်း​တူ​ညီ​မျှ​မ​ရှိ​ပဲ ​ဆင်း​ရဲ​ချမ်း​သာ ​ကွာ​ဟ​မှု​ကြီး​မား​လွန်း​တဲ့​နိုင်​ငံ၊ ​ပ​ညာ​ရေး၊ ​ကျန်း​မာ​ရေး၊ ​လူ့​အ​ခွင့်​အ​ရေး​တွေ ​အောက်​ကျ​နောက်​ကျ​ဖြစ်​နေ​တဲ့ ​နိုင်​ငံ​ကို ​လူ​ထု​ခေါင်း​ဆောင် ​ဒီ​မို​က​ရေ​စီ ​မိ​ခင် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဦး​ဆောင်​တဲ့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် ​အ​စိုး​ရ​သစ်​က ​ယ​ခု​ကျင့်​သုံး​နေ​တဲ့ ​အ​မျိုး​သား​ရင်​ကြား​စေ့​ရေး​မူ​ကို ​ကိုင်​စွဲ​ပြီး ​ပြည်​သူ​ရဲ့​ပူး​ပေါင်း​ပါ​ဝင်​မှု​နဲ့ ​အ​တူ ​အ​မှန်​တ​ကယ် ​ပြောင်း​လဲ​နိုင်​စွမ်း ​ရှိ​လိမ့်​မယ်​လို့ ​ယုံ​ကြည်​မိ​ပါ​တယ်။

​အ​စ​က​တော့ ​ကောင်း​နေ​ပါ​ပြီ။ ​အ​နှောင်း​သေ​ချာ​မယ်​လို့ ​မျှော်​လင့်​ရ​ပါ​ကြောင်း......။



************************
​စိုင်း(​မန်း)



-----------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org




+++++++