နေဝင်းတခေတ် သန်းရွှေတခေတ် သိန်းစိန်တခေတ် မြန်မာပြည်ကြီးဘာတွေဖြစ်ခဲ့လဲ

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)(1 January 16)




--------------------------------------------------------------------




နေဝင်းတခေတ် ၁၉၆၂ တိုင်းပြည်ကြီးချေက်ထဲ ကျရန်လက်၂လုံးလောက်အလို ကယ်တင်လိုက်ရပါကြောင်း ခေါင်းစီးလှလှတပ်ကာ အုပ်ချုပ်လိုက်တာ ကမ္ဘာ့အဆင်းရဲ အမွဲတေဆုံးချောက်ထဲကိုကျရောက်ခဲ့ရတယ်။

...........
တိုင်းပြည်သာချောက်ထဲကျခဲ့ပေမဲ့ သူတို့ကတော့ အချမ်းသာဆုံးမီလျံနာသူဌေးကြီးတွေဖြစ် သွားကြတယ်။

ဗိုလ်ချုပ်အောင်ဆန်တည်ထောင်ခဲ့တဲ့ ပြည်သူ့တပ်မတော်ဟာ နေဝင်းမိသားစုရဲ့ ခေါ်ရင်လာ ခိုင်းတာလုပ် ခံမပြောနဲ့ ခွေးဖြစ်သွားမယ်ဆိုတဲ့ ခလေးလုံးဘဝကိုကျရောက်သွားကာ ပြည်သူအမုန်းခံ ပြည်သူ့ချဉ်ဘက်ဘဝကိုကျရောက်သွားခဲ့တယ်။ တော်လှန်ပုန်ကန်သူမှန်သမျှကို နှိပ်စက်မှုမျိုးစုံဖြင့်သတ်ဖြတ်ပြစ်ခဲ့တယ်။

........
၁၉၈၈ .....လူထုအရေးတော်ပုံကြီးတွေ ပေါ်ပေါက်လာတဲ့အခါ တိုင်းပြည်ကနေအနားယူသလို လုပ်ကာ သူ၏တပည့်ကြီးများဖြစ်သည့် ဗိုလ်ခင်ညွှန့် ဗိုလ်စောမောင်တို့လက်အပ်ကာ နောက်ကွယ်ကနေ ကြိုးကိုင်အမိန့်ပေးစေခိုင်းနေခဲ့သည်။

...........






--------------------------------------------------------------------




ဗိုလ်ချုပ်ကြီးစောမောင်က အနိုင်ရပါတီဖြစ်သော NLDပါတီကိုအာဏာလွှဲပြောင်းပေးမယ် စစ်တန်းလျားကိုပြန်မယ်ဆိုတော့ စစ်တပ်ကို ခုတုံးလုပ်ဆက်လက်အသုံးချချင်သေးသည့် နေဝင်းက ဗိုလ်ချုပ်ကြီးစောမောင်ကို အရူးဆေးထိုးနေရာဖယ်ပစ်ကာ သူ့တပည့်ကြီးသန်းရွှေကို အစားထိုးစေခိုင်းတော့၏။ ...........






--------------------------------------------------------------------




သန်းရွှေ၏သမီးတော်များနှင့် ဦးနေဝင်းသမီးတော်မြေးတော်အာဏာလုပြိုင်ပွဲတွေဖြစ်လာရာမှဦးသန်းရွှေမှ အာဏာကိုထိန်းချုပ်နိုင်လိုက်သည့်အခါ ဦးနေဝင်းကြီးသည်လည်း ခွေးသေဝက်သေ သေဆုံးကာ နေဝင်းတခေတ်ချုပ်သွား၏။

...........
ထိုအခါ သန်းရွှေတခေတ် ဖြစ်လာ၏။သန်းရွှေ၏ သမီးများမြေးများ ထင်တိုင်းကျဲလာကြ၏။
ဗိုလ်မှူး၊ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးများကအစ ဒူးထောက်ခစားရ၏၊ 'ခ' လေးလုံးဘဝကိုကျရောက်သွားရ၏။
တိုင်းပြည်၏ ရေနံ ဂါတ်စ် ကျွန်းသစ် ကျောက်သံပတ္တမြား သယံဇာတမှန်သမျှ အကုန်ရောင်းစားကာ ဘီလျံနာ သူဌေးကြီးတွေဖြစ်လာကြ၏။

.................
တိုင်းပြည်ကြီးသည်လည်း ကမ္ဘာ့အဆင်းရဲအမွဲတေဆုံးအဆင့်ထဲသို့ ရောက်ပြီးရင်းရောက်ရင်းဖြစ်လာ၏။

......
သူတို့ကိုတော်လှန်သူဆိုရင် တိပိဋကဓရ ဘိဝံသ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ကြီးများကိုပါမချန် ရဟန်းရှင်လူ ကျောင်းသားပြည်သူ အကုန်လုံးကို ဖမ်းဆီး ထောင်ချကာ နည်းမျိုးစုံ ဖြင့်နှိပ်စက်ညှင်းဆဲသတ်ဖြတ်၏။

............
နည်းမျိုးစုံလိမ်ညာလှည့်ပတ်အုပ်ချုပ်နေရာမှ ၂၀ဝ၇ ရွှေဝါရောင်တော်လှန်ရေးကြောင့် သူတို့၏ ရက်စက်ယုတ်မာမှုများ ကမ္ဘာကျော်သွားသည့်အခါ စစ်အုပ်ချုပ် ရေးကိုလက်မခံလာသည့်အခါ သူတို့ စိတ်တိုင်းကျရေးစွဲထားသော အခြေခံဥပဒေကိုအသက်သွင်း ကာ NLD ပြည်သူ့ပါတီမပါသောရွေးကောက်ပွဲကို အပြတ်နွဲကာ ဦးသန်းရွှေ၏တပည့်ကျော်ကြီး ဦးသိန်းစိန်ကို နောက်ကွယ်က ကြိုးကိုင်ကာ အုပ်ချုပ်လာရာမှ သိန်းစိန်တခေတ်ဖြစ်လာ၏။

............






--------------------------------------------------------------------




သိန်းစိန်တခေတ် ဖြစ်လာရာမှ မိဘပြည်သူများခင်ဗျာပြောရင်းကမ္ဘာ့နိုင်ငံအသီးသီးသွားကာ ကြွေးတွေယူရင်း မိဘပြည်သူများမှာ တစ်ယောက်ကို ကြွေးငါးသိန်းတင်လာပါတော့တယ်။

တိုင်းပြည်ကကျန်နေသေးသည့် အကြွင်းအကျန်လေးများကို နည်းနည်းလေးမှမကျန်ရအောင် တရုပ်ကိုလက်ညိုးထိုး ရောင်းလို့ တရုပ်ကတူးယူနေတဲ့ ကျောက်စိမ်းတွင်းတွေဟာ ကမ္ဘာ့အနက်ဆုံး တွင်းကြီးများအဖြစ်သို့ မြန်မာနိုင်ငံ ၏ဆင်းရဲတွင်းနက်မှုနဲ့အတူ ပူတွဲချံပီယံဖြစ်သွားပါတော့တယ်။

.........
ဒီလိုဘက်ပေါင်းစုံနိမ့်ကျနေမှုပြည်တွင်းအလုပ်အကိုင်ရှားပါးမှူ့တွေကြောင့် နိုင်ငံတကာသွားကာ သူများမလုပ်ချင် သော အလုပ်များကိုလုပ်ရင်း အနှိပ်စက်ခံရင်း အသတ်ခံရရင်း အစွပ်စွဲခံရရင်းဖြင့် နေဝင်းတခေတ် သန်းရွှေတခေတ် သိန်းစိန်တခေတ် ဆင်းရဲမွဲတေချာတူးလန်ခေတ်တွေထဲမှာ သံသရာ လည်နေပါတော့တယ်။

.......
ဒီခေတ်တွေက လွတ်မြောက်ဖို့ ရဟန်းသံဃာကျောင်းသားပြည်သူတွေဟာ အသက်တွေ သွေးတွေ ဘဝတွေစတေးကာတော်လှန်ခဲ့ကြခြင်းဖြစ်ပါတယ်။ ထက်ပြီးမျက်စိမလည်ကြပါနဲ့တော့.. သူတို့ဆင်ထားတဲ့ထောင်ချောက်တွေထဲ မသက်ဆင်းကြပါနဲ့တော့လို့ အသိပေးပြောကြားရင်း.....

မင်းသုည(ဗုဒ္ဓတက္ကသိုလ်)





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org