ရှင်သန်နေသော သေဆုံးခြင်း--

(1 November 15)




-----------------------------------------------------------------------

စိတ်ကူးလေးနဲ့ပဲ ရှုံးကြည့်လိုက်
================

NLD နိုင်တော့ ဘာတွေဖြစ်လာမှာလဲ...တဲ့
NLD နိုင်တော့ ဆိုတာထက်
NLD ရှုံးရင် ဘာတွေဖြစ်လာမလဲဆိုတာက ပိုအရေးကြီးတယ်

NLD ရှုံးကြည့်လိုက်လေ
NLD ရှုံးကြည့်လိုက်စမ်းပါ
NLD ရှုံးရင် (စိတ်ကူးလေးနဲ့ပဲ) ရှုံးကြည့်လိုက်

NLD ရှုံးရင် ခြေပြတ်လက်ပြတ်တွေ(စစ်သား) ပိုများလာမယ်
NLD ရှုံးရင် သက်ငယ် မုဆိုးမတွေ(စစ်/ရဲ ဇနီး) ပိုများလာမယ်
NLD ရှုံးရင် ဒုက္ခသည်စခန်းတွေ(စစ်ဘေးရှောင်) ပိုများလာမယ်
NLD ရှုံးရင် ဒုက္ခသည်စခန်းတွေ(အဓိကရုဏ်းဘေးရှောင်)ပိုများလာမယ်
NLD ရှုံးရင် သက်ငယ် အလုပ်သမားတွေ ပိုများလာလိမ့်မယ်
NLD ရှုံးရင် သက်ငယ် စစ်သားတွေ ပိုများလာလိမ့်မယ်
NLD ရှုံးရင် ကိုပါကြီးလို ဒေါ်ခင်ဝင်းလို ဦးမြင့်အောင်လို
NLD ရှုံးရင် ကချင် ကျောင်းဆရာမလေးနှစ်ယောက်လို
NLD ရှုံးရင် နိုင်ငံတော်ဧည့်ဂေဟာနားက မိသားစုငါးယောက်လို
NLD ရှုံးရင် လူမိုက်လူရမ်းကားတွေရဲ့ မညှာမတာ စော်ကားနှိပ်စက်
သတ်ဖြတ်ခြင်းတွေ ခံရမယ်

ခွေးလိုဝက်လိုသေအောင် သေခြင်းဆိုးစွာသေအောင် တရားလက်လွတ်
သတ်ဖြတ်ကျူးလွန်ကြတာ ခံရမယ်

NLD ရှုံးရင် လူအသတ်ခံရလို့မှ လက်သည်မပေါ်တာတွေ ထပ်ကြုံကြရမယ်

NLD ရှုံးရင် ကျောင်းသားလေးတွေ ထောင်ထဲရောက်ကြရဦးမယ်

NLD ရှုံးရင် ကိုယ့်လယ်ကိုယ်ထွန်တဲ့ လယ်သမားတွေ ထောင်ကျကြလိမ့်ဦးမယ်

NLD ရှုံးရင် သူတောင်းစားတွေလို(ရွာလုံးကျွတ်) မောင်းထုတ်ခံကြရလိမ့်မယ်


NLD ရှုံးရင် ဝန်ကြီးဌာနအားလုံးကို စစ်သားကြီးတွေ ဝင်ရောက် ချယ်လှယ်ကြလိမ့်မယ်

NLD ရှုံးရင် ပြည်ပထွက်သူတွေ ပိုများလာလိမ့်မယ်
NLD ရှုံးရင် ဘွဲ့ရအိမ်ဖော်တွေ ပိုများလာလိမ့်မယ်
NLD ရှုံးရင် အလုပ်လက်မဲ့တွေ ပိုများလာတော့မယ်
NLD ရှုံးရင် ပြည်ပ ကြွေးမြီတွေ ပိုများလာတော့မယ်

NLD နိုင်တော့ ဘာတွေဖြစ်လာမလဲ မေးနေမယ့်အစား
NLD ရှုံးရင် ဘယ်လိုဒုက္ခတွေကြုံရမလဲဆိုတာသာ အာရုံစိုက်
NLD ရှုံးရင် ဘယ်သူတွေ ဘယ်လိုမွှေကြမလဲဆိုတာသာ တွေးထား
NLD ရှုံးရင် တစ်ဆွေလုံးတစ်မျိုးလုံး လစ်ပြီသာမှတ်
NLD ရှုံးရင် မြန်မာဟေ့...လို့ ကုပ်ကုပ်ကလေးသွား(ပြည်ပမှာ)
NLD ရှုံးရင် ၂၀၂၀ ဆိုတာ မရှိတော့ဘူး(မမျှော်တော့နဲ့)
NLD ရှုံးရင် မြန်မာတစ်မျိုးနွယ်လုံး ဘဝဆုံးပြီသာမှတ်
NLD ရှုံးရင် ပြည်နယ်အားလုံးမှာ စစ်ပွဲတွေ ဆက်ဖြစ်နေလိမ့်မယ်
NLD ရှုံးရင် ပါးရိုက်မယ့်လူတွေ ဆက်အုပ်ချုပ်ကြလိမ့်မယ်
NLD ရှုံးရင် တစ်နေ့နှစ်ထောင် လောက်အောင် သုံးခိုင်းကြလိမ့်မယ်
NLD ရှုံးရင် ဖယောင်းတိုင် ထွန်းနေခိုင်းကြလိမ့်မယ်
NLD ရှုံးရင် ဆိုက္ကားနင်းပြီး ငွေစုခိုင်းကြလိမ့်မယ်

NLD ရှုံးရင်
NLD ရှုံးရင်
NLD ရှုံးရင်

NLD ရှုံးရင် စစ်အုပ်စုတစ်ခုပဲ နိုင်ပြီး ပြည်သူအားလုံး ရှုံးတာ
NLD ရှုံးရင် ပြည်သူအားလုံး ရှုံးတာ...။ ။

ငသုန် Nga Thone





-----------------------------------------------------------------------

ရှင်သန်နေသော သေဆုံးခြင်း
-----------------------------

ငွေရောက်တောက် လင်းလျှံဝင်းပ
သမိုင်းထွင်းရဇာဝင်ပန်းတို ့ နိုးထခဲ့သလို
အို...ငါ၏ဝိညာဉ်ငဲ့ ရုန်းကြွနိုးထလော့။

အဖြူရောက်နှလုံးသားများဟာလည်း
အကြိမ်ကြိမ်ထိရှ နာကျက်ခဲ့ပေါင်းများလို ့
အလံဖြူထောင်ပြစရာ နတ္ထိ
ကြည့်လေ...အနီရောင်စာမျက်နာတွေ
ပြန်ရွတ် ပြောပြစရာလိုလို ့လား.....။

ငြိမ်းချမ်းရေးဓါတ် ထုံလွှမ်းဖွဲ ့သိုင်း တတိယလှိုင်း တံပိုးကြီးလှုပ်ရှားလှပနေသလို အို..ငါတို ့ရဲ ့အနာဂတ်စောင့်နတ်သားငဲ့ နိုးထလော့။ တွန် ့လိပ်ကောက်ကွေးစွာဖြင့်
ပလိပလာဇာချဲ ့ပါရဗွနှောင်ဖွဲ ့တွေနဲ ့
ဘာကြောင့်ငါတို ့ တောင်ပံတွေကိုခွင်းရတာလဲ
တကယ်တော့
ခန္ဓာကြွေရရုံနဲ ့ဇာတ်သိမ်းခန်းလား
ကာလသုံးပါးဆိုတာ ငါတို ့ရဲ ့မိတ်ဆွေများပေါ့။

မင်းတာရာ
---------





-----------------------------------------------------------------------

မင်းအပြစ်မဟုတ်ဘူး
**********************

ကြံ့ခိုင်ရေးကို မုန်းပြီး
NLD ကို ချစ်တာ မင်းအပြစ်မဟုတ်,
NLD က လွဲပြီး ပါတီအားလုံးကို
မုန်းတီးနေရင် မင်းအပြစ်ဖြစ်သွားပြီ.....

အစိုးရကို မုန်းတာ မင်းအပြစ်မဟုတ်,
ဒေါ်စုမထောက်ခံသူ ရဟန်းရှင်လူ တိုင်းကို
မုန်တီးနေရင် မင်းအပြစ်ဖြစ်သွားပြီ.....

ဒီမိုကရေစီလို ့ ဖင်ပြဲနေအောင်
အော်တာ မင်းအပြစ်မဟုတ်,
ငါ့နဲ့မတူ ငါ့ရန်သူ စိတ်မွေးပြီး
နေရှင်နယ် လိဂ် ဒီမိုကရေစီ အမည်ခံထားရင်
မင်းအပြစ်ဖြစ်သွားပြီ....

မော်တော်ပီကယ်ကို မုန်းတာ မင်းအပြစ်မဟုတ်,
ဆိုင်ကိုယ် ဦးထုပ်မဆောင်းပဲ
စည်းကမ်းဖျက်နေရင် မင်းအပြစ်ဖြစ်သွားပြီ.....

အာဏာရှင်တွေကို မုန်းတာ မင်းအပြစ်မဟုတ်ဘူး,
စစ်သားတွေကို မုန်းနေရင် မင်းအပြစ်ဖြစ်သွားပြီ....

မဘသကိုဆန် ့ကျင်တာ မင်းအပြစ်မဟုတ်,
(ကမ္ဘာ့တစ်ဝန်းလုံးက ဆန့်ကျင်နေတဲ့ )မွတ်ဆလင်တွေကို
မဆန့်ကျင်ရဲရင် မင်းအပြစ်ဖြစ်သွားပြီ

လူ့အခွင့်အရေးကို ပါးစပ်က မချတာ မင်းအပြစ်မဟုတ်,
အမျိုးသားရေးကို ထိပါးလာရင် မင်းအပြစ်ဖြစ်သွားပြီ....

အမျိုးစောင့်ဥပဒေကို မထောက်ခံတာ
မင်းအပြစ်မဟုတ်ဘူး,
အမျိုးစောင့်ဥပဒေကို ဖျက်ဆီးဖို့
ကြိုးစားရင် မင်းအပြစ် ဖြစ်သွားပြီ....

သံဃာတွေကို စော်ကားနေတာ မင်းအပြစ်မဟုတ်,
မွတ်ဆလင်တွေကို အထိမခံတတ်ရင် မင်းအပြစ်ဖြစ်သွားပြီ...

သကျသီဟ အရှင်အရိယာလင်္ကာရ
----------

-----------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org




+++++++