ဒီအစိုးရကို ၁၀ဝ မှာ ၉၉ ယောက်မကြိုက်ဘူး

ဦးအောင်ကြီး(13 September 15)




--------------------------------------------------------------


"ဒီအစိုးရကို ၁၀ဝ မှာ ၉၉ ယောက်မကြိုက်ဘူးအေ့"

"ဟေ့ အဒေါ်ကြီး ခင်ဗျားဘာတွေလျှောက်ပြောနေတာလဲ?"

"ဘာပြောရမှာလဲ ... ဒီအစိုးရကို လူ တစ်ရာမှာ ကိုးဆယ့်ကိုးယောက်မကြိုက်ဘူးလို့ ပြောနေတာအေ့ .. ရှင်းပြီလား"

"ဘွားတော် ပြောလေကဲလေပါလားဗျ။ ခင်ဗျားကို ဖမ်းချုပ်လိုက်လို့ရတယ်နော်"

"အံမာ .. ဖမ်းချင်ဖမ်းပေါ့တော် ... ကျုပ်က မှန်ရာကိုပြောတာ။ မကြောက်ဘူးပါဘူး။ မယုံရင် အခုဈေးထဲမှာ ကျုပ်အပါအဝင် လူတစ်ရာ ကို ဒီအစိုးရ ကြိုက်လားလို့ လိုက်မေးကြည့်ပါလား"

"ဘွားတော်ကတော့ တကယ်ဖမ်းချုပ်မှနဲ့တူတယ်"

"မှန်ရာပြောတာအေ့ ... ထောင့်အပြင် တန်း မရှိဘူး။ ဖမ်းချင်ဖမ်းလိုက်"

"ဟာ .. ဒီဘွားတော်တော့ .... ကဲ ပြောစမ်းဗျာ ... ခင်ဗျားကို အရင်မေးမယ်။ မှန်မှန်ဖြေ။ ခင်ဗျား ဒီအစိုးရကို ကြိုက်သလား မကြိုက်ဘူးလား"

"သြော် ... ခက်ပါ့အေ ... တစ်ရာမှာ ကိုးဆယ့်ကိုးယောက်မကြိုက်ပါဘူးဆိုမှ"

"ဝေ့လည် ကြောင်ပတ် လုပ်မနေနဲ့ ... ခင်ဗျားကို မေးနေတာ။ ဟေ့ကောင်တွေ လက်ထိပ်ယူခဲ့ အချုပ်ကားခေါ်။ ကဲ ကြာတယ် ... ဘွားတော် ကျုပ်မေးမယ် ... ခင်ဗျား ဒီအစိုးရကို ကြိုက်သလား မကြိုက်ဘူးလား ဒါပဲဖြေ"

"၁၀ဝ မှာ ၉၉ ယောက်မကြိုက်တာလေ။ ကျန်တဲ့တစ်ယောက်က ကျုပ်ပဲတော့။ ကျုပ်က မှန်ရာပြောတာ ဖမ်းချင်ဖမ်းကြ"

"အမ်"
_________

ဇာတ်လမ်း မူရင်း ပိုင်ရှင်မှာ ဦးအောင်ကြီး၏ အမည်မဖော်လိုသူ မိတ်ဆွေဖြစ်ပါတယ်။
ကာတွန်းအတွက် ကာတွန်းမောင်မောင်ဖောင်တိန်အား Credit ပေးပါတယ်။





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org