ခေါင်းဆောင်တွေစေတနာမှန်ရင်

Aung Mrin Soe(30 June 15)




-------------------------------------------------------------------------


ခေါင်းဆောင်တွေစေတနာမှန်ရင်...
ပြည်သူတွေကံကောင်းကြတယ်....

နော်ဝေးနိုင်ငံအပါအဝင် ဥရောပနိုင်ငံတွေမှာ ဒီလကို အိပ်ဖေါင်းတဲ့လ လို့ပြောကြတယ်...

နွေရာသီအားလပ်ရက်ကာလမှာ သုံးစွဲဖို့ဆိုပြီး ferie penger(holiday money) တွေလူတိုင်းရကြတာကိုး။

အားလပ်ရပ်မှာဘယ်နေရာဘယ်ဒေသဘယ်နိုင်ငံကိုသွားလည်ကြရင်ကောင်းမလဲ ဆိုပြီး မိသားစုတွေ တိုင်ပင်ကြ၊ဆွေးနွေးကြနင့် ပျော်စရာကြီး။

ဘယ်နိုင်ငံကိုသွားလည်မယ်၊အဲဒီမှာဟိုတယ်တွေဝန်ဆောင်မှုကောင်းတယ်၊
ဘယ်နိုင်ငံကတော့ သိပ်မသွားရဲ့ဘူး၊ပြည်တွင်းစစ်တွေဖြစ်ကြလို့ဆိုလား၊အ ကြမ်းဖက်သမားတွေပြန်ပေးဆွဲကြလို့ဆိုလား စတဲ့ စကားတွေ နွေရာ သီနီး လာပြီဆို ကြားနေကြရပြီ....

ဒါကြောင့်လဲ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းလို မီးခိုးမထွက်တဲ့စက်ရုံတွေကမ္ဘာ ပေါ်မှာ ကျယ်ပြန့်လာတာ...

တနှစ်တာပတ်လုံး အလုပ်တွေလုပ်ထားကြတာဆိုတော့ အားလပ်ရပ်တွေရှိရ မယ်ဆိုပြီး တိုင်းပြည်ကိုကောင်းစားစေချင်တဲ့ စေတနာကောင်းတဲ့ခေါင်း ဆောင်တွေ စနစ်တကျ ဥပဒေတွေထုတ် ဖန်တီးခဲ့ကြတော့ လူတိုင်းလူတိုင်း နားချိန်မှာ နားကို နားရတယ်...

တနှစ်ကို ရက်သတ္တငါးပတ် အလုပ် လုပ်သူတိုင်းမနားမနေရဥပဒေရှိတယ်။
စောစောက ပြောတဲ့ holiday money ဆို အဲဒီအားလပ်ရက်မှာသုံးဖို့ပေး တာ။

မနားပဲအလုပ် လုပ်တဲ့လူ လစာမရဘူး။
(ခြွင်းချက်ရှိပါသည်။စာရှည်မှာစိုး၍ အသေး စိတ်မရေးတော့ပါ။)
နားတဲ့လူကို လစာလဲအပြည့်ပေးတယ်၊နားလဲ နားရတယ်ဆိုတော့ လူတိုင်းနားတာပေါ့။

တိုင်းပြည်ရဲ့ဥပဒေက လူတွေကို အနားမယူ ယူအောင်လုပ်ထားပေးတာ။
ဒါမှလဲ လူပီသတော့မှာပေါ့..
ထမင်းစားဖို့တခုအတွက် မိုးလင်းက မိုးချုပ်ကုန်းရုန်းရှာလုပ်နေကြပြီးအသက် ရှင်တယ်ဆိုရုံလေး နေကြရရင် လူ့ဘဝမှာ ဘာအဓိပ္ပါယ်ရှိအုံးမလဲ...

ဒီလိုဖြစ်လာဖို့ နော်ဝေးပြည်သူတွေအများကြီးကြိုးစားခဲ့ကြရတယ်။
တချိန်တုန်းနော်ဝေးနိုင်ငံမှာလဲ ငွေရှိတဲ့လူတွေက အာဏာရှိတဲ့လူတွေနင့် ပေါင်း အဂတိလိုက်စားမှုတွေတပုံတပင်နင့် ဆင်းရဲသားကျောမွဲတွေကို မိုးလင်းက မိုးချုပ်အလုပ် လုပ်ခိုင်းခဲ့ကြတယ်။



အလုပ်သမားလူတန်းစားသားသမီးတွေ၊ခလေးတွေမှာ ဖြစ်သလိုအသက်
ရှင်ခဲ့ကြရတယ်...



-------------------------------------------------------------------------


ဒီလိုအနေအထားကနေ တရက်ကိုအလုပ်ချိန် ရှစ်နာရီထက်မပိုဖို့၊မဖြစ်မနေ
အလုပ် လုပ်ကြရရင်လဲ ထိုက်ထိုက်တန်တန် အကျိုးခံစားခွင့်တွေပေးဖို့၊အခါ
ကြီးရက်ကြီးတွေမှာအလုပ် လုပ်ကြရရင် အခြားရက်တွေထက် တစ်ဆ နှစ်ဆ
ပိုပြီးခံစးခွင့်တွေရှိဖို့၊စနေ တနင်္ဂနွေလိုရက်တွေမှာအလုပ် လုပ်ကြရသူတွေ
အတွက် အခြားရက်တွေမှာထက် ခံစားခွင့်တွေပေးဖို့၊ညပိုင်း ၅ နာရီကျော် တဲ့အချိန်မှာ အလုပ် ရရင် ပုံမှန်အလုပ်ချိန်လစာအပြင်ဘယ်လောက် အလုပ် ရှင်ကပိုပေးဖို့စတဲ့ စတဲ့အချက်တွေကို စနစ်တကျ ပြုစု ပျိုးထောင်လာ လိုက်ကြတာ အခုဆို နော်ဝေးပြည်သူတွေ ဒါတွေအားလုံးအပြည့်အဝခံစား နေကြရပြီ...

ကိုယ့်နိုင်ငံ ကိုယ့်လူ့အဖွဲ့အစည်းကို ပြန်ကြည့်လိုက်ရင် တရက်လုံးလုပ်အားခ
မြန်မာငွေ ၄၀ဝ၀(လေးထောင်)လောက်ရဖို့ အကျိတ်အနယ်စကားပြောနေ ရတုံး...

မြန်မာငွေလေးထောင်ဆိုတာ ဒီက တနာရီစာ ငွေပဲရှိတယ်...
(လစာကောင်းတဲ့လူတွေဆို သူတို့အတွက် ၁ မိနစ်စာလုပ်အားခတောင် မရှိဘူး)

ဒါလေးကိုခံစားရဖို့ အလုပ်သမားတွေခမျာ အဖမ်းအဆီးအနှိပ်စက်တွေ ခံပြီးပြောနေကြ ရတုန်း...

ဒီကြားထဲ တိုင်းပြည်ကို ခေါင်းဆောင်နေကြသူတချို ့ကဆင်းရဲ သားပြည် သူတွေကိုထမင်းကို တနပ် တည်းစားခိုင်းရတာနင့်၊ထမင်းရည်သောက် ခိုင်းရတာနင့်၊ဒီလိုမနေနိုင်ရင်ပါးရိုက်မယ် လို့ခြိမ်းခြောက်ရတာနင့်.....

ဒီလိုလူတွေတိုင်းပြည်ကိုဦးဆောင်ခွင့်ရနေကြမှတော့ ဘယ်လိုလုပ် ဒီတိုင်းပြည် ကောင်းစားတော့မလဲ၊ပြည်သူတွေ ဘယ်လိုလုပ်လူမွဲပြောင်တော့ မလဲ....




-------------------------------------------------------------------------


ဆိုတော့ လိုရင်းကိုချုပ်ရရင်...
တိုင်းပြည်အပေါ်စေတနာမှန်တဲ့ခေါင်းဆောင်တွေရှိခဲ့ကြတဲ့ပြည်သူတွေ
ကံကောင်းကြပြီး...
စေတနာလဲမမှန် အမြော်အမြင်လဲနဲတဲ့လူတွေခေါင်းဆောင်ခွင့်ရခဲ့ကြတဲ့ တိုင်းပြည်ကပြည်သူတွေ ကံဆိုးကြပါတယ်...

အောင်မြင်စိုး
++++



-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org

From - Van Lyan