Burma ​လား၊ Myanmar ​လား

​ကို​ရန်​နိုင်(30 April 16)


​နိုင်​ငံ​ခြား​သံ​တ​မန်​တွေ​ကို ​အ​စိုး​ရ​သစ်​ရဲ့ ​နိုင်​ငံ​ခြား​ရေး​မူ​ဝါ​ဒ​နဲ့ ​ပတ်​သက်​လို့ ​ရှင်း​လင်း​ပဲွ​မှာ Burma / Myanmar ​အ​သုံး​အ​နှုန်း​နဲ့ ​ပတ်​သက်​လို့ ​အ​ဆင်​ပြေ​သ​လို ​သုံး​နှုန်း​ခေါ်​ဝေါ်​ဖို့ ​ဆို​ပြီး ​နိုင်​ငံ​ခြား​ရေး ​ဝန်​ကြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည် ​က ​ပြော​လိုက်​ပါ​တယ်။
​အ​ရင်​တုန်း​က​တော့ Burma ​ဆို​တဲ့​အ​သုံး​အ​နှုန်း​နဲ့ ​ပတ်​သက််​လို့ ​စစ်​အ​စိုး​ရ​တာ​ဝန်​ရှိ​သူ​အ​ဆက်​ဆက်​က ​ကန့်​ကွက်​ပြော​ဆို​ခဲ့ ​တာ​ဖြစ်​ပါ​တယ်။ ​ဒီ​အ​ကြောင်း​အ​ပြည့်​အ​စုံ​ကို​တော့ ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖဲွ့​ချုပ် (NLD) ​ပါ​တီ​ရဲ့ ​ဥ​ပ​ဒေ​အ​ကြံ​ပေး ​တ​ရား​လွှတ်​တော်​ရှေ့​နေ ​ဦး​ကို​နီ်​က ​ဆက်​သွယ်​မေး​မြန်း​ချက်​ကို ​ဖော်​ပြ​ပေး​မှာ​ဖြစ်​ပါ​တယ်။






--------------------------------------------------------------------


သံ​တ​မန်​တွေ​နဲ့​တွေ့​ဆုံ​ရန် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ရောက်​ရှိ​လာ​စဉ်။ (​ဧ​ပြီ ၂၂၊ ၂၀၁၆)

​မြန်​မာ​နိုင်​ငံ​ခြား​ရေး​ဝန်​ကြီး ​ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​နိုင်​ငံ​ခြား​ရေး​ဝန်​ကြီး​အ​ဖြစ် ​တာ​ဝန်​ယူူ​ပြီး​တဲ့​နောက် ​ ပ​ထ​မ​ဆုံး​အ​ကြိမ်​အ​ဖြစ် ​နဲ့ ​နိုင်​ငံ​ခြား​သံ​တ​မန်​တွေ ​နဲ့ ​နေ​ပြည်​တော်​မှာ ​ဒီ​က​နေ့ ​တွေ့​ဆုံ​ခဲ့​ပါ​တယ်။ ​
ကု​လ​သ​မ​ဂ္ဂ ​အ​ပါ​အ​ဝင် ​ပြည်​တွင်း၊ ​ပြည်​ပ​က ​နိုင်​ငံ​ခြား​သံ​တ​မန်​တွေ ​နဲ့ ​တွေ့​ဆုံ​ခဲ့​စဉ်​အ​တွင်း - ​အ​စိုး​ရ​သစ်​ရဲ့ ​ မူ​ဝါ​ဒ​တွေ​ကို ​အ​ဓိ​က​အ​လေး​ပေး​ပြော​ကြား​သွား​ခဲ့​သ​လို၊ ​သံ​တ​မန်​တွေ​အ​နေ​နဲ့​လည်း ​မြန်​မာ​နိုင်​ငံ​နဲ့ ​ပတ်​သက်​ပြီး Burma ​နဲ့ Myanmar ​အ​ဆင်​ပြေ​တာ​ကို​ခေါ်​ဖို့ ​ပြော​သွား​ခဲ့​ပါ​တယ်။

"​တ​လက်​စ​တည်း ​ဒီ​မှာ​ပဲ Burma ​နဲ့ Myanmar ​ကိ​စ္စ​ကို​လည်း ​ကျ​မ​အ​နေ​နဲ့ ​ရှင်း​သင့်​တယ်​လို့ ​ထင်​ပါ​တယ်။ ​
ဘာ​ကြောင့်​လဲ​ဆို​တော့ ​သံ​တ​မန်​တွေ​ထဲ​မှာ ​ဘယ်​ဟာ​ကို ​ခေါ်​ရ​မှန်း​မ​သိ​တဲ့​သူ​တ​ချို့​လည်း​ရှိ​ပါ​တယ်။
​အဲ​ဒီ​တော့ ​ရှင်​တို့​အ​ဆင်​ပြေ​တာ​ကို​ခေါ်​ကြ​ပါ။ ​ဘာ​ကြောင့်​လဲ​ဆို​တော့ ​ဖဲွ့​စည်း​ပုံ​ထဲ​မှာ ​ဘယ်​ဟာ​ကို ​သုံး​ရ​မယ်​ဆို​ပြီး ​ပြော​ထား​တာ​မ​ရှိ​ပါ​ဘူး။ ​ကျ​မ​က Burma ​ကို​သုံး​နေ​ကြ​ဆို​တော့ Burma ​ကို ​ဆို​တာ​ကို​မ​ကြာ​ခ​ဏ​သုံး​ပါ​တယ်။
​ဒါ​ပေ​မဲ့ ​ကျ​မ ​ဒီ​လို​ခေါ်​လို့ ​တ​ခြား​လူ​တွေ​လည်း ​လိုက်​ခေါ်​ဖို့​လို​တယ်​မ​ဟုတ်​ပါ​ဘူး။
​ရှင်​တို့​အား​လုံး ​အ​ဆင်​ပြေ​သွား​အောင် ​ကျ​မ​လည်း ​နောက်​ပိုင်း​မှာ ​မြန်​မာ​လို့ ​ကြိုး​စား​ပြီး​ခေါ်​ပါ​မယ်။"

​မြန်​မာ​နိုင်​ငံ​ဟာ ၁၉၄၈ ​ခု​နှစ်​လွတ်​လပ်​ရေး​ရ​ပြီး​က​တည်း​က Burma ​အ​ဖြစ်​နဲ့ ​နှစ်​ပေါင်း​များ​စွာ ​တ​ရား​ဝင် ​ရပ်​တည်​လာ​ခဲ့​တာ​ဖြစ်​ပြီး ၊ ၁၉၈၈ ​ခု​နှစ်​မှာ ​စစ်​တပ်​က ​အာ​ဏာ​သိမ်း​ပြီး​နောက်​ပိုင်း​မှာ Myanmar ​လို့ ​စစ်​အ​စိုး​ရ​က ​ပြောင်း​လဲ​ခေါ်​ဝေါ်​စေ​ခဲ့​တာ​ဖြစ်​ပါ​တယ်။ ​ဒါ့​နဲ့ ​ပတ်​သက်​ပြီး ​အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖဲွ့​ချုပ် (NLD) ​ပါ​တီ​ရဲ့ ​ဥ​ပ​ဒေ​အ​ကြံ​ပေး ​တ​ရား​လွှတ်​တော်​ရှေ့​နေ ​ဦး​ကို​နီ​က ​အ​ခု​လို​ပြော​ပါ​တယ်။

" ​တ​ချိန်​က Burma ​လို့​ခေါ်ခ့ဲ​တယ်။ ​ဒီ​က​နေ့​အ​ထိ ​ကု​လ​သ​မ​ဂ္ဂ​မှာ ​တ​ချို့ ​တ​ချို့ ​နိုင်​ငံ​တွေ​က Burma ​ဆို​တဲ့ ​အ​သုံး​အ​နှုံး​ကို ​သုံး​နေ​ကြ​တုန်း​ပေါ့​ဗျာ။
​အဲ့​တော့ ​ဒီ​လို​အ​နေ​အ​ထား​မျိုး​မှာ ​ဗ​မာ​လား ​မြန်​မာ​လား ​ဆို​တဲ့ ​စ​ကား​လုံး​အ​သုံး​အ​နှုံး​ကို ​အ​ငြင်း​အ​ခုံ​လုပ် ​နေ​မယ့် ​အ​စား ​ဘယ်​စ​ကား​လုံး​ပဲ ​သုံး​သုံး​ပေါ့​ဗျာ ​ဒါ ​ဗ​မာ​နိုင်​ငံ​ကို ​ရည်​ညွန်း​တာ​ကို ​သိ​သာ​တဲ့​အ​တွက် ​နိုင်​ငံ​ခြား ​သံ​တ​မန်​တွေ​ကို ​ဘယ်​လို​ပဲ​သုံး​သုံး ​သူ့​အ​နေ​နဲ့ ​လက်​ခံ​နိုင်​ပါ​တယ်။
​ဒီ​စ​ကား​လုံး​အ​ပေါ်​မှာ ​သူ​က​တော့ ​အ​ကျ​အ​န ​မ​ကောက်​ ဘူး​ဆို​တဲ့​သ​ဘော​နဲ့ ​ပြော​လိုက်​ဟန် ​တူ​ပါ​တယ်။
​သို့​သော်​လည်း​ပဲ ​ဥ​ပ​ဒေ​ကြောင်း​အ​ရ​ပြော​ရ​ရင် ​ဒီ​ကိ​စ္စ​ဟာ ​တော်​တော် ​ရှည်​လျား​တဲ့​သ​မိုင်း​ကြောင်း ​ကို ​အ​ခြေ​ခံ​ပြီး ​ပြော​ရ​မှာ​ဖြစ်​နေ​ပါ​တယ်။"






--------------------------------------------------------------------


​ကို​ရန်​နိုင်။ ။ ​အဲ့​ဒီ့​တော့ ​အန်​ကယ်လ်​ရဲ့​သ​ဘော​ထား​က​ရော ​ဘယ်​လို​ပါ​လဲ။

" ​ကျ​နော့်​ရဲ့​သ​ဘော​ထား​က​တော့ Burma ​လို့ ​မူ​လ​က ​သုံး​ခဲ့​တာ ​မှန်​တယ်​လို့ ​ကျ​နော်​က​တော့ ​ဒီ​လို​ယုံ​ကြည်​တယ်။ ​ဒါ​က​တော့ ​ဗ​မာ​စာ​ပ​ညာ​ရှင်​တွေ ​ရယ် ​နောက် ​ကျ​နော်​တို့​ရဲ့ ​သ​မိုင်း​ပ​ညာ​ရှင်​တွေ ​သေ​သေ​ချာ​ချာ ​စဉ်း​စား​ပြီး​တော့​မှ ​ဗ​မာ​နိုင်​ငံ​လို့ ​ပြည်​သူ့​ဆ​န္ဒ​အ​ပေါ်​မှာ ​အ​ခြေ​ခံ​ပြီး​တော့ ​သတ်​မှတ်​ပေး​ခဲ့​တဲ့ ​နာ​မည်။"

​လန်​ဒန်​မြို့​မှာ ​နေ​ထိုင်​နေ​တဲ့ ​သံ​တ​မန်​ဝန်​ထမ်း​ဟောင်း​တ​ဦး​ဖြစ်​တဲ့ ​ဦး​ခင်​မောင်​ကြည် ​က​တော့ - ​မြန်​မာ​နိုင်​ငံ​ကို​အ​များ​က Burma ​လို့ ​လူ​သိ​များ​ပြီး၊ Myanmar ​မြန်​မာ​ဟာ ​လူ​မျိုး​တ​မျိုး​တည်း​ကို ​ရည်​ရွယ်​တာ​ဖြစ်​တဲ့​အ​တွက်- Myanmar ​ထက်​ဧာ​ရင် Burma ​လို့​ခေါ်​ဝေါ်​သုံး​စဲွ​တာ​ကို ​ပို​ပြီး ​သ​ဘော​ကျ​တယ်​လို့​ပြော​ပါ​တယ်။

" ​အ​များ​သုံး​က​တော့ ​ကျ​နော်​တို့​က​တော့ Burma ​ပဲ ​ကြိုက်​တယ်။ ​စ​က​တည်း​က ​လူ​တွေ​က ​အ​ကုန်​လုံး ​ပြော​ထား​တာ Burma ​ဆို​တာ​က​တော့ ​တိုင်း​ရင်း​သား​တွေ​က ​အ​စ ​နိုင်​ငံ​ခြား​သား​တွေ​က​အ​စ Burma ၊ Burma ​ဆို​ပြီး ​အ​သိ​အ​မှတ်​ပြု​တာ။ ​ဒို့​ဗ​မာ​ခေတ်​တုန်း​က​လည်း ​ဗ​မာ​ပဲ။ ​ကျ​နော်​တို့​အ​မြင်​က​တော့ ​သ​မိုင်း​ကို​ကြည့် ​လို့​ရှိ​ရင်​တော့ ​တ​ကယ်​တော့ ​မြန်​မာ​ဆို​တာ ​လူ​မျိုး​တ​မျိုး ​ဗ​မာ​က​တော့ ​လူ​မျိုး​တ​မျိုး​တည်း ​မ​ဟုတ်​ဘူး။ Burma ​ဆို​တာ ​ဗ​မာ​ပြည်​တ​ပြည်​လုံး​မှာ ​ရှိ​တဲ့​သူ​တွေ။ ​အ​ကုန်​လုံး ​ပါ​ဝင်​တယ် ​အဲ့​တာ​ကြောင့် ​ကျ​နော်​တို့​က​တော့ ​ဗ​မာ​ကို​ပဲ​သုံး​သင့်​တယ်။ ​ဗ​မာ​ကျ​နော်​တို့ ​ရ​ခိုင်​တွေ​ရော ​က​ချင်​တွေ​ရော ​ရှမ်း​တွေ​ရော ​အ​ကုန်​လုံး​နဲ့​ဆိုင်​တယ်​လို့ ​ကျ​နော်​မြင်​တယ်​ခင်​ဗျ။"

၂၀၀၈ ​ဖဲွ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​အ​ခန်း (၁) ​ပုဒ်​မ ၂ ​မှာ​တော့ ​နိုင်​ငံ​ရဲ့ ​အ​မည်​နာ​မ ​သုံး​တဲ့​နေ​ရာ​မှာ ​အင်္ဂ​လိပ်​လို Myanmar ​လို့ ​သုံး​ထား​ပါ​တယ်။ ​ဖဲွ့​စည်း​ပုံ ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​မှာ ​အဲ​ဒီ​လို ​တ​ရား​ဝင်​ဖော်​ပြ​ထား​ပေ​မယ့်​လည်း - ​ဒီ​ဖဲွ့​စည်း​ပုံ​ရဲ့ ​တ​ရား​ဝင်​မှု ​အ​ပိုင်း​က​တော့ ​မေး​ခွန်း​ထုတ်​စ​ရာ​ဖြစ်​တယ် ​လို့ ​ရှေ့​နေ​ဦး​ကို​နီ ​က​ပြော​လိုက်​ပါ​တယ်။

" ​အဲ့​ဒီ့ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ဥ​ပ​ဒေ​ကို ​ဥ​ပ​ဒေ​သ​ဘော​အ​ရ ​ပြော​ရ​ရင် ​တည်​နေ​တာ ​မှန်​သော်​လည်း​ပဲ ​သူ့​ရဲ့ ​တ​ရား​ဝင်​မှု ​စံ​ချိန် ​စံ​ညွန်း​ကို​ပြော​ရင် ​ဒီ ၂၀၀၈ ​ဖွဲ့​စည်း​ပုံ​ဟာ ​ပြည်​သူ​တွေ​က ​ရေး​ထား​တာ​မ​ဟုတ်​ဘူး။ ​ပြည်​သူ့​ဆ​န္ဒ​မ​ပါ​ဘူး။ ​စစ်​အ​စိုး​ရ ​အုပ်​ချုပ်​နေ​တဲ့​အ​ချိန်​မှာ ​စစ်​အ​စိုး​ရ​က ​စစ်​တပ်​ကို ​စိတ်​တိုင်း​ကျ ​အာ​ဏာ​တွေ ​အပ်​နှင်း​ထား​တဲ့ ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ဖြစ်​နေ​တယ်။ ​ဒါ​ကြောင့် ​ကျ​နော်​တို့​က ​ဒီ​မို​က​ရေ​စီ​စံ​နှုန်း​နဲ့​မ​ညီ​တဲ့ ​ဖွဲ့​စည်း​ပုံ​ဆို​တာ ​တ​လျောက်​လုံး​ပြော​နေ​တယ်။ ​ဒါ​ကြောင့် ​ဒီ​ထဲ​က ​စ​ကား​လုံး​ကို ​ဆုပ်​ကိုင်​ပြီး ​ပြော​တာ​ဟာ​လည်း​ပဲ ​တ​ကယ့်​သ​မိုင်း​ကြောင်း​အ​ရ ​မှန်​သ​လား ​တ​ကယ့်​အ​မှန်​တ​ရား​နဲ့​ညီ​ညွတ်​ရဲ့​လား ​ဆို​တာ ​ဆွေး​နွေး​စ​ရာ ​ဝေ​ဖန်​စ​ရာ ​အ​များ​ကြီး​ရှိ​နေ​ပါ​တယ်​ခင်​ဗျာ။"

​ဒါ​ပေ​မဲ့​လည်း - ၂၀၀၈ ​ဖဲွ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ​ကို ​လူ​ထု​ဆ​န္ဒ​ခံ​ယူ​ပဲွ ​လုပ်​ခဲ့​တဲ့​နေ​ရာ​မှာ ​နိုင်​ငံ​တ​ဝှမ်း​လူ​ထု ၉၂ ​ရာ​ခိုင်​နှုန်း​က ​ထောက်​ခံ​ခဲ့​တယ် ​လို့ ​အ​ရင် ​န​အ​ဖ​စစ်​အ​စိုး​ရ​တာ​ဝန်​ရှိ​သူ​တွေ​က ​ပြော​ပါ​တယ်။ ​ဒါ့​အ​ပြင် ​ပြီး​ခဲ့​တဲ့ ​န၀​တ၊ ​န​အ​ဖ ​စစ်​အ​စိုး​ရ​အုပ်​ချုပ်​စဉ်​ကာ​လ​တွေ ​ကု​လ​သ​မ​ဂ္ဂ ​အ​ပါ​အ​ဝင် ​နိုင်​ငံ​တ​ကာ ​အ​စည်း​အ​ဝေး​တွေ​အ​တွင်း ​နိုင်​ငံ​တ​ကာ​က ​မြန်​မာ​နိုင်​ငံ​အ​ပေါ် Burma ​လို့​ခေါ်​ဝေါ်​သုံး​စဲွ​တဲ့​အ​ခါ​မှာ ​အ​ရင်​စစ်​အ​စိုး​ရ​တာ​ဝန်​ရှိ​သူ​တွေ​ဘက်​က ​ဆန့်​ကျင်​ကန့်​ကွက်​တာ​တွေ​လည်း​ရှိ​ခဲ့​ပါ​တယ်။

​ကို​ရန်​နိုင် / ​ဗွီ​အို​အေ (​မြန်​မာ​ပိုင်း)





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org