သ​မ္မ​တ​ဦး​ထင်​ကျော်​အ​တွက် ​သ​မ္မ​တ​အို​ဘား​မား​၏​ကြေ​ညာ​ချက်

ko Myo Aung(31 March 16)


​​ ​အိမ်​ဖြူ​တော်
​သ​တင်း​ထုတ်​ပြန်​ရေး​ရုံး
​ချက်​ချင်း​ထုတ်​ပြန်​ရန်
​မတ် ၃၀၊ ၂၀၁၆




​မြန်​မာ​နိုင်​ငံ​တော်​၏ ​သ​မ္မ​တ​ဦး​ထင်​ကျော် ​ရာ​ထူး​တာ​ဝန်​လွှဲ​ပြောင်း​ရ​ယူ​ခြင်း​အ​တွက် ​သ​မ္မ​တ​အို​ဘား​မား​၏​ ကြေ​ညာ​ချက်

​မြန်​မာ​နိုင်​ငံ​တော်​သ​မ္မ​တ​အ​ဖြစ် ​ယ​နေ့ ​ရာ​ထူး​တာ​ဝန် ​လွှဲ​ပြောင်း​ရ​ယူ​လက်​ခံ​သော ​ဦး​ထင်​ကျော် ​အ​တွက် ​မိ​မိ ​ ချီး​ကျူး​ဂုဏ်​ပြု​ပြီး ​သ​မ္မ​တ​ဦး​ထင်​ကျော်​နှင့်​အ​တူ ​သူ​၏ ​အ​စိုး​ရ​အ​ဖွဲ့​သစ်​နှင့် ​လက်​တွဲ​ဆောင်​ရွက်​ရန် ​မျှော်​လင့်​ လျက်​ရှိ​ပါ​သည်။






--------------------------------------------------------------------


​ဦး​ထင်​ကျော်​၏ ​သ​မ္မ​တ​ရာ​ထူး​တာ​ဝန် ​လွှဲ​ပြောင်း​ရ​ယူ​လက်​ခံ​ခြင်း​သည် ​ဒီ​မို​က​ရေ​စီ ​နည်း​လမ်း​တ​ကျ ​ရွေး​ကောက်​ တင်​မြှောက်​ခြင်း​ခံ​ရ​သော ​အ​ရပ်​သား ​ဦး​ဆောင်​သည့် ​အ​စိုး​ရ​ထံ​သို့ ​အ​သွင်​ကူး​ပြောင်း​သည့် ​မြန်​မာ​နိုင်​ငံ​၏ ​သ​မိုင်း​ ဝင်​မှတ်​တိုင်​တစ်​ရပ်​ကို ​ကိုယ်​စား​ပြု​ခြင်း​ဖြစ်​ပါ​သည်။

​မြန်​မာ့​သ​မိုင်း​တွင် ​အံ့​ဩ​ဘ​နန်း​ဖြစ်​ရ​သော ​ဤ​အ​ခိုက်​အ​တန့်​သည် ​မြန်​မာ​ပြည်​သူ​များ၊ ​အင်​စ​တီ​ကျူး​ရှင်း​များ​နှင့် ​ငြိမ်း​ချမ်း​စွာ ​အာ​ဏာ​လွှဲ​ပြောင်း​ရေး​အ​တွက် ​အ​တူ​တ​ကွ ​လုပ်​ကိုင်​ဆောင်​ရွက်​ခဲ့​သော ​ခေါင်း​ဆောင်​များ​၏ ​ ကြိုး​ပမ်း​မှု​သက်​သေ​ပင်​ဖြစ်​ပြီး ၂၀၁၁ ​ခု​နှစ် ​က​တည်း​က ​စ​တင်​ခဲ့​သော ​ပြု​ပြင်​ပြောင်း​လဲ​ရေး​များ​၏ ​သိ​သာ​ ထင်​ရှား​မှု​ကို ​ဖော်​ညွှန်း​လျက် ​ရှိ​ပါ​သည်။

​မြန်​မာ​နိုင်​ငံ​ရှေ့​ခ​ရီး​ဆက်​ရာ​တွင် ​ပို​မို​ကျယ်​ပြန့်​သော ​စီး​ပွား​ရေး​ဖွံ့​ဖြိုး​တိုး​တက်​အောင်​ဆောင်​ရွက်​ခြင်း၊ ​ အ​မျိုး​သား​ပြန်​လည်​ရင်​ကြား​စေ့​ရေး​ကို ​တိုး​တက်​ဖော်​ဆောင်​ခြင်း၊ ​၎င်း​နိုင်​ငံ​သား​များ​အ​တွက် ​အ​ခွင့်​အ​ရေး​နှင့်​လွတ်​ လပ်​မှု​အ​တွက် ​တိုး​မြှင့်​ဆောင်​ရွက်​ခြင်း​အ​ပါ​အ​ဝင် ​သိ​သာ​ထင်​ရှား​သည့် ​စိန်​ခေါ်​မှု​များ​ကို ​ရင်​ဆိုင်​ရ​မည်​ဖြစ်​ပါ​ သည်။

​မြန်​မာ​နိုင်​ငံ​သည် ​ပို​မို​၍ ​အား​လုံး​ပါ​ဝင်​ပြီး ​ငြိမ်း​ချမ်း​သော၊ ​စည်​ပင်​ဝ​ပြော​သော ​အ​နာ​ဂတ်​ကို ​တိုး​တက်​ဖော်​ဆောင်​ သွား​မည်​ဖြစ်​ရာ ​အ​မေ​ရိ​ကန်​ပြည်​ထောင်​စု​သည် ​မြန်​မာ​အ​စိုး​ရ​သစ်​နှင့် ​မြန်​မာ​နိုင်​ငံ​သား​များ​အ​တွက် ​မိတ်​ဆွေ​မွန်၊ ​ မိတ်​ဖက်​ကောင်း​အ​ဖြစ် ​ရပ်​တည်​သွား​ရန် ​မျှော်​လင့်​လျက်​ရှိ​ပါ​သည်။






--------------------------------------------------------------------


THE WHITE HOUSE Office of the Press Secretary FOR IMMEDIATE RELEASE





-------------------------------------------------------------------------


မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန် ့ပြန် ဆောင်းပါး ရေးသား ပေးပို ့ လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။
ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိ်ုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို ့ သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက ်ပေးပို ့နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ဝိုင်းတော်သားများ ့
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittai.org