MRTV4 ကြည့်ရန်
စကိုင်းနက် ကြည့်ရန်
ဗုဒ္ဓ လက်ဆောင်မွန်များ
စာအုပ် လက်ဆောင်များ
----------------------
အခြားလင့် များသို့
English pages
ဘာသာရေး စာမျက်နှာများ
တရားတော်များ နာယူရန်
မြန်မာနက် စာမျက်နှာများ
မြန်မာတို့ ဘလော့ဂ်များ
ရွှေတိဂုံစေတီတော်
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
မြန်မာ-၀ီကီပိဒိယ
ထက်/ဗ-ကျောင်းသားသမဂ္ဂ
ဗိုလ်ချုပ် အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် နက်ဝပ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(မြန်မာ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(Eng)
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
မောက္ခ ပညာရေး-စာမျက်နှာ
ရွှေဟင်္သာ သတင်းဌာန
ရွှေ ဒေါင်းတောင်
oppositeyes
သူရိယ
ဘ၀ ခြေရာ
ငုရင်ပြင်
burmavjmedia
ဧရာဝတီ
ရိုးမ ၃
ယနေ့မြန်မာ
မဉ္စိမ
နေရဉ္စရာ
နိုင်ငံတကာမြန်မာ့သတင်း
ကွယ်ကလူ
သျှမ်းသံတော်ဆင့်
ကိုးဒီသွေး
D မိုးသား
လွတ်လပ်သောသတင်းအဖွဲ့ 
သံလွင်အိပ်မက်
မိုးမခ
ဒေါင်းမာန်ဟုန်
မြန်မာ ပြည်သား
နေ့ သစ်
နှစ်ဆန်းတစ်
ရဲရင့်ငယ်( ကနေဒါ)
TACDB(မြန်မာ)လှုပ်ရှားမှု
ကောင်းကင် (နိုင်ငံပြု)
ကချင် သတင်းဌာနှ
ကောင်းဝါသတင်း
ကန္တာရ၀တီတိုင်း(မ်)
ဓည၀တီ သတင်းဌာန
ကရင်သတင်းစဉ်
ကမ္ဘာသစ်(US News)
Fight For Freedom Burma
ဆွီဒင်မြန်မာဗုဒ္ဒအသင်း
ဆန်နီနေမင်း
စေတနာ နာရေးကူညီမှုအသင်း
မှော်မြို့ တော်
အနန္တမေတ္တာ
လမ်းသစ်
မိသားစု အနုပညာအိမ်
မြန်မာသတင်း ချယ်နယ်
myanmardailynews
မျက်ရှု သုတရသမဂ္ဖဇင်း
IT နည်းပညာ
-အခြေခံ website ရေးနည်း
-အိုင်တီ မောင်မောင်
-ကိုတေရဲ့ စာမျက်နှာ
-သိန်းစိုးဝင်း နည်းပညာ
-ကွန်ပျူတာ အတွက်
-ကိုထွေး (နည်းပညာ)
-ပိတ်နေတဲ့ Websites တွေ
-နည်းပညာ (ကိုချင်းလေး)
-စိုင်းလေး(နည်းပညာ)
-နည်းပညာ ထားဝယ်မြေ
-၀င်းကို (နည်းပညာ)
-ကွန်ပြူတာကမ္ဘာ(နည်းပညာ)
-IP-address (ဖမ်းနည်း)
ပြည်တွင်း စာမျက်နှာများ
myanmar-celebrity
Myanmar CNN
Myanmarexpress
မြန်မာ သံတော်ဆင့်
မြစ်မခ
သစ်ထူးလွင်
မြ၀တီ
ရိုးရာလေး
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း
မြန်မာ့ အင်တာနက် စာမျက်နှာ
First-11 ဂျာနယ်
ဝန်ကြီးဌာန-၀က်ဆိုက်များ
မြန်မာ့အလင်း-သတင်းစာ
မြန်မာသမ္မတရုံး စာမျက်နှာ
မန္တလေးဂေဇက်
မြန်မာပို့ စ် သတင်းဂျာနယ်
FreedomNewsGroup
ပြည်သူ့ ဂုဏ်ရည်
ဦးထွန်းလွင်(မိုးလေ၀သ)
ရတနာပုံ
people ဂျာနယ်
7day ဂျာနယ်
အင်တာနက် ဂျာနယ်
မြန်မာတိုင်း(မြန်မာ)
မြန်မာတိုင်း(အင်္ဂလိပ်)
ချင်းတွင်း ဂျာနယ်
ပေဖူးလွှာ
သံလွင် အိပ်မက်
Planet
တူဒေး အဖွဲ့ 
ဈေးကွက် ဂျာနယ်
The Voice Weekly
ဝီးကလီး အလဲဗင်းဂျာနယ်
shwehub
ရန်ကုန်တိုင်းမ်
တူဒေး-အဖွဲ့ 
ရွှေအမြူတေ မဂ္ဂဇင်း
 လျှပ်တပြက် ဂျာနယ်
 သရဖူ
စွယ်စုံ ဂျာနယ်
ခေတ်လူငယ်
အီကိုဗီးရှင်းဂျာနယ်   
လက်တွေ့သင် အင်္ဂလိပ် စကား
အင်္ဂလိပ်စကားပြော ကျင့်လိုလျှင်
myanmar-network
TheBestEnglish4you
E.SL အခမဲ့ အင်္ဂလိပ်စာ သင်ကြားရေး
အခြေခံ Eng သင်ကြားချင်လျှင်
အိပ်မက်ဧည့်ခန်း
ဖတ်ချင်ဖွယ် စာအုပ်စင်ကဏ္ဍ
အခမဲ့ မြန်မာစာအုပ်များ
အခမဲ့ မြန်မာစာအုပ်စင်
မြန်မာစာအုပ်စင်ဖေ.စ်ဘုတ်
myanmarwebsitelist
ကျန်းမာစေရာ သုတအဖြာဖြာ
မြန်မာ့ ဆေးမြီးတို
မွန်သက်ပန်- ဆေး(၁)
ဘားမိကလပ်စစ် ကျန်းမာရေးသုတ
ချက်နည်းပြူတ်နည်း
ဝတ်ရည်- Food House
ဘားမိကလပ်စစ် ချက်ပြုတ်နည်း
ပြည်တွင်း အရောင်းအ၀ယ်
ရောင်း/၀ယ်နှင့် အထွေထွေ
မြန်မာပြည်တွင်း လက်ရှိ ကားဈေးနှုန်း
ဝယ်-ရောင်းနဲ့ အလုပ်ရဖို့ ကြော်ငြာ
အိမ်ခြံမြေ ရောင်း/ငှား
အိမ်ခြံမြေ ငွေဈေးနှုန်း
အလုပ်လိုချင် ဒီကိုလာပါ
အခမဲ့ ကြော်ငြာ ကဏ္ဍ
မြန်မာ အွန်လိုင်းဈေးဆိုင်
အကောင်းဆုံးမြန်မာဈေးဆိုင်
ဈေးသည်ကြီး အွန်လိုင်းစတိုး
(ရန်ကုန်)အမေရိကန် စတိုး
ထိုင်း ၀န်ကြီးဌာနများ(နှိပ်ပါ)
အားကစားစာမျက်နှာ များ
မြန်မာနှင့်ကမ္ဘာ့ဘောလုံး
dailysport-journal မြန်မာ
မြန်မာဂိုး-စာမျက်နှာ
အား/ကာ ၀န်ကြီးဌာန (မြန်မာ)
အား/ကာ ၀န်ကြီးဌာန (Eng)
elevenmyanmar ဂျာနယ်
ကန်ပြီးဘောလုံးပွဲများ ကြည့်ရန်
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်(၁)
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်(၂)
Sport livetv ကြည့်ရန် အတွက်
ဘောလုံးပွဲလောင်းကြေးပေါက်ဈေး
FIFA ကမ္ဘာ့ဘောလုံး စာမျက်နှာ
Live-Scorce
yahoo Football sports
BBC-Sport
foxsports သွင်း၈ိုးကြည့်ရန်
ဥရောပ အားကစားပွဲများ
မန် ယူ အသင်း
လီပါပူးအသင်း
ချယ်စီး အသင်း
အာစင်နယ် အသင်း

ပြည်သူ့ စစ်သည်ရေးရာ

 လောကကို လှပစေချင်သူ
- နေမင်းသူ -
၁၆ ။၎-၂၀၁၃


သစ်တပင်ဘဝ
ရွက်ကြွေ မြေခ…
ရိုးပြာကျတိုင်…
လောကအလှ ဆောင်နေမြဲ။

………………………………………………………..


မိတ်ဆွေတယောက်နဲ့ စကားစပ်မိရင်း ညီအစ်ကိုသဖွယ် ချစ်ခင်ရတဲ့ သူငယ်ချင်းတဦး ဆုံးပါးသွားကြောင်း သိလိုက်ရချိန်မှာ ကျနော့်ရင်ထဲ စူးစူးနစ်နစ် ခံစားလိုက်ရပါတယ်။

ကျနော် မြန်မာပြည်မှ ထွက်မလာမီ တပတ်လောက်အလို.. သူနဲ့နောက်ဆုံးတွေ့ခဲ့စဉ်က သူ့ကျန်းမာရေး အကောင်းပကတိ ဝလို့ဖြိုးလို့။ သူဆုံးတဲ့ အကြောင်းပြောပြသူက ကျနော့်သူငယ်ချင်းနဲ့ လက်ပွန်းတတီး ရှိသူမဟုတ်မို့ ဘာရောဂါ နဲ့ ဆုံးသလဲဆိုတာ ပြောမပြနိုင် ဖြစ်နေတော့ ကျနော့်စိတ်ထဲ ဇဝေဇဝါ အတွေးများ နဲ့သာ မတင်မကျ ဖြစ်နေမိပါတယ်။



သူ တပ်ကနေ ဆေးဘုတ်နဲ့ ထွက်ခဲ့တုန်းက ခေါင်းစဉ်တပ်ဖော်ပြခဲ့သော ရောဂါနဲ့ ဆုံးပါးတာလား။ အဲဒီလို တထစ်ကျ ပြောဖို့ကလည်း မသေချာလှ။ ဘာလို့ဆို ဆေးဘုတ်နဲ့ အငြိမ်စားယူသူအများစုဟာ ကျန်းမာရေး အကောင်းပကတိရှိသူတွေ ဖြစ်ကြပြီး တပ်မှာဆက်လက် အမှုမထမ်းလိုတော့လို့ ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတခု ခေါင်းစဉ်တပ်ကြသူတွေ များပါတယ်။ အဲလိုလုပ်ဖို့ ငွေကြေးကုန်ကျမှုကတော့ သောင်းဂဏာန်းကနေ တရွေ့ရွေ့တိုး မြင့်တက်လာလိုက်တာ အခုချိန်မှာ သိန်း ၂၀ နီးပါးကပ်နေပြီလို့ သိရပါတယ်။

တပ်ကထွက်ခွင့်ရပြီးတဲ့အခါ ခံစားခွင့်ရှိတဲ့ ဆေးလျော်ကြေး (သို့) လုပ်သက်ဆုကြေးနဲ့ မစွမ်းမသန် အငြိမ်းစား လစာ အားလုံးပေါင်းမှ ၁၀ သိန်း ပြန်ရဖို့ ခက်ခက်။ ငွေ သိန်း ၂၀ ဆိုတာ ချမ်းသာတဲ့လူအတွက် မပြောပ လောက်ပေမဲ့ အောက်ခြေဝန်ထမ်းတဦးအဖို့တော့ နိုင်ငံခြား အိပ်မက် မက်လို့ရတဲ့ ပမာဏ။ ဒီလောက်များတဲ့ ငွေကို ဘယ်က ရနိုင်ပါ့မလဲ.. မိဘဆီ လက်ဖြန့်တောင်းဖို့က တတ်နိုင်ဦးမှ… ပေးချင်စိတ်လည်း ရှိဦးမှ။ ဒီတော့ အိုနာကျိုးကန်း အကြောင်းပြပြီး ထွက်ဖို့ဆိုရာမှာ စိတ်ကူးယဉ်အိပ်မက်အဆင့်ကို မကျော်နိုင်သူတွေ ဒုနဲ့ဒေး။

ဒီကြားထဲ သူများလုပ်တဲ့အချိန်မှာ အေးဆေးလုံခြုံစွာ ပန်းတိုင်ဝင်နိုင်ပေမဲ့ ကိုယ့်အလှည့်ကျမှ ပြဿနာပေါင်း သောင်းခြောက်ထောင်တက်လို့ ထောင်နန်းစံခဲ့ရတဲ့ အဖြစ်တွေလည်း ရှိထားဖူးပါတယ်။ ဒါကြောင့် ဒီနည်းနဲ့ တပ်ကထွက်ဖို့ ကြိုးစားကြသူတွေဟာ ငွေကုန်ကြေးကျရှိတဲ့အပြင် ကြိုမမြင်နိုင်တဲ့ အန္တရာယ်တွေ၊ အခက်အခဲ အတားအဆီးတွေ ရှိနေနိုင်တာမို့ စွန့်စားလုပ်ရတာမျိုးပါ။ သမရိုးကျ လုပ်ငန်းစဉ်မဟုတ်လေတော့ အစတခု ပေါ်တာနဲ့ စစ်စည်းကမ်း ပုဒ်မတွေကို ရှောင်မရ တိမ်းမရ ငြိတော့တာပဲ။

မိတ္ထီလာ စစ်ဆေးရုံမှာ တီဘီရောဂါနဲ့ ဆေးရုံတက်ဖို့ ရေတပ်ဆေးရုံက လွှဲစာယူ … ဟိုမှာ ဆေးရုံအတက်ပြ၊ အချိန်တန်တော့ ဆေးရုံဆင်းလက်မှတ်၊ ဆေး-၃၁ ပုံစံမှာ ဆေးအဆင့်(ဂ) ယာယီ (၃)လ သတ်မှတ်ချက်နဲ့ အတူ တပ်ကိုလာသတင်းပို့၊ (၃) လပြည့်ခါနီးမှာ နောက်တကြိမ် ဆေးရုံတက်၊ နောက်ထပ် TC (၃)လ ထပ်ရ၊ နောက်ဆုံးအကြိမ်မှာ အမြဲတမ်း ဆေးအဆင့်(ဂ) PC ချ။ တချို့ဆို TC (၃) လ တကြိမ်ချပြီးတာနဲ့ PC ရသွားသူ တွေလည်း ရှိတယ်ဗျ။


ဒီနည်းနဲ့ ရှေ့လူတွေ အထွက်ချောင်တာ ကြည့်ပြီး လိုက်လုပ်တဲ့ ရေယာဉ်စုက စစ်သည်တစု အလှည့်မှာ သူတို့ ရေယာဉ်စုမှူးက ရေတပ်ဆေးရုံနဲ့ မိတ္ထီလာ ဆေးရုံတွေဆီ တရားဝင်မေးမြန်း အတည်ပြုချက် ယူတဲ့အခါ… ဟနေတဲ့ ကွင်းဆက်တွေ တောက်လျှောက် ပေါ်လာ… ရေတပ်ဆေးရုံ တပ်မှူး နဲ့ မိတ္ထီလာ စစ်ဆေးရုံက ပါရဂူ အဲဒီကေ့စ်တွေ ဘာမှမသိ… တဲ့။ ပြုတ်လိုက်ကြတာ တသီကြီး။ ထောင်ကျတာချင်း အတူတူတောင်မှ စစ်ဆေးရုံ အမှုထမ်းတွေက လာဘ်စားလို့၊ တပ်ကထွက်ဖို့ ကြိုးစားတဲ့ ကာယကံရှင်စစ်သည်တွေမှာတော့ ငွေကုန်လူပမ်း ထောင်နှုတ်ခမ်းနင်း ဖြစ်သွားကြရတာ။

အဲဒီကာလထဲမှာ ကျနော့်သူငယ်ချင်းလည်း ဆေးဘုတ်နဲ့ ထွက်ခွင့်ရသွားခဲ့တာပါ။ အများသူငါလို ငွေကြေး တတ်နိုင်လို့ မဟုတ်။ ဒါပေမဲ့ သူက လူဝင်ဆန့်တယ်ပြောရမယ်။ သူနဲ့ လက်ပွန်းတတီးနေဖူးတဲ့ လူကြီးကတော် တွေက သူ့ကိုချစ်ကြတယ်။ ဆရာကြီး ဦးသုခ လို ပုဂ္ဂိုလ်ကြီးနဲ့လည်း အကျွမ်းတဝင်ဆိုတော့ အဲဒီအချိတ် အဆက်တွေနဲ့ အိုကေသွားတာ ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် အနှောင်အဖွဲ့တွေထဲက လွတ်အောင်ရုန်းထွက်သွား နိုင်တဲ့ သူငယ်ချင်းအပေါ်မှာ ကျနော်တို့ မုဒိတာ ပွားခဲ့ကြပါတယ်။

သူငယ်ချင်းအကြောင်း ပြောနေရင်း ဆက်စပ်အကြောင်းအရာတွေ အမျှင်တန်းလာတော့ စာက ရှည်သွားပြီ။ လိုရင်းလေးပဲ ပြန်စကြအုံးစို့..။

………………………………………………………………………………

ကျနော့် သူငယ်ချင်း ကိုစိုးဟာ ယဉ်ကျေးဖော်ရွေ သဘောမနောဖြူစင်သူဖြစ်ပြီး သူတပါးအပေါ် ကူညီဖို့ရာ အမြဲ အသင့်ဖြစ်နေတတ်သူ။ သူ့အိတ်ထဲပါလာတဲ့ငွေကို သူငယ်ချင်းတွေ လိုသလို နှိုတ်သုံးလို့ရတဲ့ ဘုံပိုင်ငွေကြေးလို သဘောထားနိုင်သူ။



သံလျှက်စွန်း ရေတပ်ဘောလုံးကွင်းဘေးနားက တပ်သားသစ် စုဆောင်းရေးဌာနမှာ သူနဲ့ကျနော် စတင်တွေ့ဆုံ သိကျွမ်းခဲ့တာပါ။ အဲဒီနေ့က ၄၇ လိုင်းကားပေါ်က အဆင်းမှာပဲ မိုးသဲသဲမဲမဲ ရွာချလို့ ထီးပါမလာတဲ့ ကျနော် ကားမှတ်တိုင် ခေါင်မိုးလေးအောက်မှာ ဝင်ခိုနေရတယ်။ စုဆောင်းရေးဌာနကို ရောက်ဖို့ ၃ မိနစ်လောက် လမ်း လျှောက်ရအုံးမှာ။ ဒီလိုနဲ့ နောက်ကားတစီး ဆိုက်လာချိန်မှာ ကားပေါ်က ဆင်းလာသူတွေထဲ ကျနော် မျက်မှန်း တမ်းမိနေတဲ့ တပ်သားသစ်လောင်း ၃-၄ ဦးလောက်ဆင်းလာတယ်။ ထီးတွေကိုယ်စီဖွင့်ပြီး စုဆောင်းရေးဌာနဆီ ဦးတည်သွားနေကြတာ တွေ့ရပါတယ်။

အဲဒီအထဲမှာ တယောက်က ထီးဖွင့်အပြီး ဘေးဘယ်ညာ ဝေ့ကြည့်ရင်း မိုးခိုနေတဲ့ ကျနော့်ကိုတွေ့တော့ ပြုံးပြကာ ခပ်သွက်သွက် လျှောက်လာတယ်။ ပြီးတော့ သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်တယ်။ မိုးကလည်း သဲထန် နေတာမို့ ထီးတလက် ၂ ယောက်ဆောင်းရင် မိုးမလုံမှာစိုးပြီး ကျနော်လိုက်ဖို့ ငြင်းဆန်လိုက်တဲ့အခါ သူက အတင်းလက်ဆွဲ ခေါ်ပါတယ်။


‘လာပါဗျာ… ထီးတလက်က လူ ၂ ယောက်ကို တဝက်စီတော့ လုံခြုံမှုပေးနိုင်ပါတယ်။ နောက်ဆို ခင်ဗျားနဲ့ ကျနော် ဒုက္ခတွေကို အတူရင်ဆိုင် ဖြတ်ကျော်ကြရတော့မှာ.. တွေးပူမနေနဲ့ဟေ့လူ.. လာစမ်းပါ’

ပြောပြောဆိုဆို ကျနော့် ပုခုံးကို အတင်းဆွဲဖက်ခေါ်တာမို့ အလိုက်သင့်လေးပဲ ပါသွားခဲ့ရတယ်။ မိုးရေထဲ လမ်းလျှောက်ရင်း ဘယ်မှာနေလဲ အပြန်အလှန် မေးဖြစ်ကြတော့ ကျနော်က မြောက်ဥက္ကကလာပ… သူနေတာက သင်္ကန်းကျွန်း၊ စံပြ။ ဒီလိုနဲ့ ကျနော်တို့ ၂ ဦး တစထက်တစ ရင်းနှီးကျွမ်းဝင်လာကြတယ်။

သူ့မှာ ညီမလေး တဦးရှိပြီး အမေ မုဆိုးမကြီးနဲ့ အတူနေကြကြောင်း သိရပါတယ်။ သူက ဆယ်တန်းကို (ခ) အဆင့်နဲ့ အောင်ထားတယ်။ ကျူရှင်မယူနိုင်တဲ့ အိမ်နီးချင်း ကျောင်းသားလေးတွေကို အခမဲ့ စာသင်ပေးတဲ့ အလွတ်သင် ဆရာတဦးပေါ့။

………………………………………………………………………………………………

ကိုစိုးဟာ ဆယ်တန်းကို (ခ) အဆင့်နဲ့ အောင်မြင်တယ် ဆိုပေမဲ့ ပညာပါရမီ နည်းသူတဦးတော့ မဟုတ်ပါ။ လေ့လာမှု အားကောင်းသူလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အတော်ကောင်းတယ်။ နိုင်ငံခြားသားတဦးနဲ့ အဆင်ပြေအောင် စကားပြောနိုင်တဲ့ စွမ်းရည် ရှိသူပါ။ မြန်မာစာပေဘက်မှာလည်း ဘယ်အကြောင်းအရာကို ဆွေးနွေးဆွေးနွေး ထိုက်သင့် အားလျော်စွာ ထောက်ပြဝေဖန်နိုင်သူ။ အထူးသဖြင့် ဟာသဥာဏ် နဲ့ ဇဝနဥာဏ် ရွှင်သူတဦး ဖြစ်ပါတယ်။

ကျနော်တို့ မော်လမြိုင် သင်တန်းကျောင်းကို ထွက်ခွာလာတဲ့ အခါ မုတ္တမ-မော်လမြိုင် သံလွင်မြစ်ကူး ကူးတို့ သင်္ဘောပေါ်မှာတင် ကဗျာရှည်တပုဒ် သူ စပ်ဆိုနိုင်ခဲ့လို့ အံ့အားသင့်ကြရပါတယ်။

သင်တန်းကာလ တလျှောက်လုံးလည်း သူဟာ သင်တန်းသားတွေနဲ့ ဆရာများအကြား ချစ်ကြည်ရေး အောင်သွယ်တော် တဦးပါပဲ။ သင်တန်းသားဆို အသေနှိပ်ကွပ်ထားမှ ကျင့်သုံးတဲ့ ဆရာတချို့နဲ့ အကြောမာတဲ့ သင်တန်းသား တချို့ဟာ မကြာခဏဆိုသလို ပြဿနာ တက်တတ်ကြတယ်။ သင်တန်းကာလ ဆိုတော့လည်း မှားမှားမှန်မှန် သင်တန်းသားဟာ ခံဘက်က ရှိစမြဲပါ။


သူငယ်ချင်းတွေ အပြစ်ကျပြီဆိုတာနဲ့ ကိုစိုးတယောက် အငြိမ်မနေရတော့ပါဘူး။ ကိုစိုး နဲ့ သင်တန်းဆရာတွေ ဆက်ဆံရေးအဆင်ပြေတာမို့ သူပြောပေးရင် ရနိုင်တယ်ဆိုပြီး ဝိုင်းအကူညီတောင်းကြတယ်။ တကယ်လည်း ကိုစိုး ကြားဝင်အကြောလျှော့လိုက်တဲ့အခါ ပြေငြိမ်းသွားတာပါပဲ။ ဒါပေမဲ့ နွဲ့ဆိုးဆိုးတတ်တဲ့ ညီငယ်တချို့ သူ့စေတနာကို မထောက်ထား စော်ကားသလို အပြောအဆို အပြုအမူမျိုးကြုံတွေ့ရတဲ့အခါ သူဒေါပွ နေပြန်တယ်။ အဲလို ဖြစ်လာရင် သူနဲ့သက်တူရွယ်တူ ကျနော်တို့ဆီရောက်လာပြီး.. ‘ဒီကောင်တွေ စေတနာနဲ့ မတန်ဘူး.. နောက်တခါ သူတို့ ဒုက္ခရောက်လို့များ ကူညီဖို့ ဝေးပါ့… ကျနော်ပြောသလိုမလုပ်ရင် ခင်ဗျားတို့ စီးထားနဲ့ ဖိနပ်နဲ့သာ ကျနော့်ပါးကို အသားကုန်ရိုက်ထည့်လိုက်’ လို့ ပြောပြီး ၃-၄ ရက်လောက် စိတ်ဆိုးမပြေ နိုင်တော့ဘူး။

မကြာပါဘူး ကိုမီးခွက်တို့ ပြဿနာ တက်ကြပြန်ရော။ ဒဏ်ပေးခံရသူ ခံရ၊ အချုပ်ထဲရောက်သူရောက်။ ဖြစ်လာပြန်တော့လည်း ကိုစိုးခမျာ မနေသာ။ မျောက်မီးခဲ ခုထိုင်မိသလို အိပ်ဆောင်ထဲ ခေါက်တုန့်ခေါက်ပြန် လျှောက်လိုက်၊ ကျနော်တို့ အနားလာရပ်လိုက်နဲ့ ဂဏှာမငြိမ် ဖြစ်နေတာကို သတိပြုမိတဲ့ ကျနော်သူငယ်ချင်း တဦးက ‘ကိုစိုး ခင်ဗျား ဘာဖြစ်နေတာလဲ.. ထိုင်မှာဖြင့်ထိုင်… သွားမှာဖြင့်သွား ခုတော့.. ဟိုမဟုတ် ဒီမဟုတ်နဲ့ ဘာလဲ ခင်ဗျား ပေးထားတဲ့ ကတိစကား မေ့သွားနေပြီလား’ ဆိုပြီး အကဲစမ်းသလို မေးရင်း ဖိနပ်ဦးကို သူမြင်သာအောင် မြှောက်ပြလိုက်တဲ့အခါ… ‘ခင်ဗျားတို့ကလည်းဗျာ ကိုယ်ချင်းမစာကြဘူး… ကျနော်မသိယောင်ဆောင်နေလိုက်ရင် ဒီကောင်လေးတွေ ဒုက္ခကောင်းကောင်းရောက်တော့မှာ။ ကဲဗျာ ရိုက်ချင်လည်းရိုက်လိုက် ကျနော်သွားပြောမှကို ဖြစ်မှာပါ….’ လို့ ကျနော်တို့ကိုပါ ဖျောင်းဖျနေတတ်သေးတယ်။ ပြီးတော့ အမှတ်မရှိ ထပ်ကူညီပြန်တာပဲ။

သင်တန်းသား တဦးဦး ဖျားနာပြီဆိုလည်း သူပဲ ဒိုင်ခံပြုစု နေတော့တာ။ မိဝေးဘဝေး တနယ်တကျေး ရောက်နေသူအဖို့ နွေးထွေးတဲ့ ပြုစုယုယမှုဟာ ရောဂါတဝက် သက်သာစေပါတယ်။




သင်တန်းကာလတွေ ဖြတ်သန်းပြီးတဲ့နောက် သူနဲ့ကျနော် အလှမ်းဝေးသွားပါတယ်။ သူက တနင်္သာရီဘက်မှာ တာဝန်ကျပြီး ကျနော်က ဟိုင်းကြီးကျွန်းကို ရောက်သွားခဲ့တာပါ။ တာဝန်ကျရာ နယ်မြေတွေမှာ သတ်မှတ် ကာလ ပြည့်မြောက်လို့ တိုင်းပြောင်းတင်ကြတဲ့အခါ ရန်ကုန်ကို ပြန်ရောက်လာကြပေမဲ့ တပ်/ဌာနချင်းတော့ မတူပါ။ သီးခြားတပ်ဖွဲ့တခုမှာ တာဝန်ကျတဲ့ ကျနော်ဟာ သူရှိရာ တပ်မတော်မှတ်တမ်းရုံး (ရေတပ်မှတ်တမ်း ဌာန) ကို မှတ်တမ်းစစ် တာဝန်နဲ့ (၆) လတကြိမ်လောက် ပုံမှန်ရောက်ပါတယ်။ ဒီကြားထဲ တခြား ကိစ္စတွေ ရှိတဲ့ အခါမှာလည်း မကြာမကြာ ရောက်တတ်ပါသေးတယ်။

သူနဲ့တွေ့တဲ့အခါတိုင်း ရောက်တတ်ရာရာ အကြောင်းလေးတွေ ပြောဖြစ်ကြတယ်။ အဲဒီအချိန်မှာ သူဟာ စာပေရေးသားနေပါပြီ။ ‘မင်းဓမ္မ’ ကလောင်အမည်နဲ့ ဘာသာရေးပိုင်းကို ရေးပြီး၊ ‘မောင်တည်တံ့(ဥဿာ)’ အမည်နဲ့ ကဗျာတွေ ရေးနေချိန်။ သူရေးတဲ့စာတွေ မဂ္ဂဇင်းစာမျက်နှာတွေပေါ် စတင်တွေ့မြင်နေရချိန်ပါ။

သူနဲ့ကျနော် စာပေအကြောင်း ဆွေးနွေးဖြစ်ခဲ့တဲ့ နေ့တနေ့ကိုတော့ ခုချိန်ထိ ကျနော် အမှတ်ရနေဆဲ။ အဲဒီနေ့က ထမင်းစားချိန်၊ မှတ်တမ်းရုံးဈေးထဲက လက်ဖက်ရည်ဆိုင်တဆိုင်မှာ ကျနော်တို့ထိုင်ကြတယ်။ စာရေးဆရာ တဦးအနေနဲ့ သူရေးတဲ့ စာအပေါ် တာဝန်ခံမှု ဘယ်လောက်ရှိဖို့ လိုတယ်/မလိုဘူး အပြန်အလှန် ဆွေးနွေး ငြင်းခုံ လိုက်ကြတာ… လေသံနဲ့ ဟန်အမူအယာတွေ ဘယ်လောက် ပြင်းထန်ပြီး ပုံပျက်ပန်းပျက်ဖြစ်သွားတယ် မသိ… ဆိုင်ရှင် အဒေါ်ကြီး ကျနော်တို့နား ရောက်လာပြီး…. ‘သားတို့ရယ်… ရန်တော့ မဖြစ်ကြပါနဲ့ အဒေါ်တောင်းပန် ပါတယ်.. စိတ်ထိန်းကြပါ’ … လို့ လေပြေလေးနဲ့ ပြောမှ နှစ်ယောက်လုံး သတိထားမိတယ်။ ဒါနဲ့ ကျနော်တို့ နှစ်ယောက်ကြား ဘာပြဿနာမှ မရှိကြောင်း စိတ်မပူဖို့ ပြောပြပြီး လက်ဖက်ရည်ဖိုးရှင်း၊ ပုခုံးချင်းဖက်… ဆိုင်ထဲက ထွက်လာတဲ့အခါ အဒေါ်ကြီး ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ရှာတယ်။

ကိုစိုး ရန်ကုန်တပ်ကို ပြန်ရောက်လာချိန်ကစပြီး သာသနာရေးနဲ့ လူမှုအဖွဲ့အစည်းတချို့မှာ အချိန်ပိုင်း ပူးပေါင်း ပါဝင်လှုပ်ရှားနေတာ တွေ့ရပါတယ်။ ကျနော် ရုံးကိစ္စတခုနဲ့ မှတ်တမ်းရုံးကို ရောက်သွားချိန် ကိုစိုးရဲ့စားပွဲပေါ်မှာ အလှူခံနှိုးဆော်စာတွေ တထပ်ကြီးတင်ထားတာ တွေ့မိလို့ ဖတ်ကြည့်လိုက်တဲ့အခါ မင်္ဂလာဒုံ ရွှေပေါ်ကျွန်း သာသနာ့ မြေမှာ ခင်ပွန်းကြီး(၁၀)ပါး အမျက်ပြေစေတီတော် တည်ထားကိုးကွယ်ဖို့ ဆော်သြထားတာ တွေ့ရလို့ ကျနော့်မိခင် ဆုံးပါးစဉ်က ကျန်ခဲ့တဲ့ ဇာရံ(၁၈)လုံးပါ ရွှေနားကပ်တရံ လှူဒါန်းချင်တဲ့ သဒ္ဓါစိတ်ဖြစ်မိတယ်။ ဒါနဲ့ သင့်တော်မယ့် ရက်တရက် ချိန်းဆိုပြီး ရေတပ်အငြိမ်းစား အရာခံဗိုလ်၊ မှတ်တမ်းရုံးက ဆရာကြီးတချို့နဲ့ ကိုစိုး အပါအဝင် စေတီတော်ဖြစ်မြောက်ရေး ဂေါပကအဖွဲ့ထံ စေတနာသုံးတန် ပြဋ္ဌာန်းကာ လှူဒါန်း လိုက်ပါတယ်။ အခြားသော လူမှုရေး၊ ပညာရေးလုပ်ငန်းတွေမှာလည်း ကိုစိုးပါဝင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။



တပ်က အနားယူပြီးတဲ့နောက် သူနဲ့ကျနော် မတွေ့ဖြစ်တော့ပါဘူး။ ‘အောင်မြေ ပရဟိတစာသင်ဝိုင်း’ ကို ဦးစီးလုပ်ဆောင်နေတယ်လို့ သူငယ်ချင်းတဦးပြောပြချက်အရ သိရပါတယ်။ သူတို့နှစ်ဦးက တရပ်ကွက်တည်း အတူနေကြသူတွေဖြစ်ပြီး နှစ်ယောက်လုံး တာဝန်ချိန်ပြင်ပမှာ ကျူရှင်ပြသူတွေလည်း ဖြစ်ပါတယ်။ ရပ်ကွက်ထဲနေ လူအများစုက သူတို့ကို စစ်သားတဦးထက် ကျူရှင်ဆရာတဦးအနေနဲ့သာ သိထားကြတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ ၂၀၀၅ ဇူလိုင်လထဲ ရုံးအားရက်တနေ့မှာ အဲဒီသူငယ်ချင်းနဲ့ ကျနော်ချိန်းဆိုပြီး ကိုစိုးရှိနိုင်မယ့် သင်္ကန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်ထဲက ‘အောင်မြေစာသင်ဝိုင်း’ ရှိရာကို စက်ဘီးလေးနဲ့ သွားခဲ့ ကြတယ်။ ဟိုရောက်တဲ့ အခါ ကျူရှင်နေရာပြောင်းသွားကြောင်း သိရလို့ ထပ်ရှာရပြန်ပါတယ်။ စာသင်ဝိုင်း နေရာအသစ်ကို ရောက်ချိန်မှာ ကိုစိုး ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရပါတယ်။


ဆောက်လက်စ အဆောက်အဦလေးထဲမှာ ကိုစိုးနဲ့ သူတပည့်တချို့ စာအုပ်တွေ စားပွဲကုလားထိုင်တွေကို နေရာတကျ စီစဉ်ချထားနေကြတယ်။ ကျနော်တို့ကို ကျောပေးပြီး အလုပ်ရှုပ်နေတဲ့ ရှန်သားဂျာစီလက်တို အဖြူနဲ့ ယောပုဆိုး ဝတ်ဆင်ထားပြီး ဆံပင်တိုတို၊ ဝဖိုင့်ဖိုင့် လူတယောက်ကို တွေ့ရတော့ ရုတ်တရက် ကျနော် မမှတ်မိနိုင်ပါ။ ၄ နှစ်လောက်အတွင်း သူ့ပုံအတော်ပြောင်းလဲသွားပါလား… တကယ့်ကို တည်ငြိမ်ရင့်ကျက်တဲ့ လူကြီးလူကောင်း ပုံစံကြီး ပေါက်လို့။

တွေ့ကြပြီး စကားစမြည်ပြောတော့လည်း ဖော်ရွေမှု အသုံးအနှုန်းတွေက အရင်အတိုင်းပါပဲ။ ခွဲခွာနေကြရတဲ့ ကာလတွေအတွင်း သိချင်ပြောချင်တဲ့စကားတွေက ရင်ထဲမှာ မကုန်နိုင်။ လိုက်ပို့ပေးတဲ့ သူငယ်ချင်းက ကျောင်းသားတွေ စာပြပေးစရာရှိလို့ဆိုကာ ကျနော့်ကို ထားခဲ့ပြီး ပြန်သွားပါတယ်။

အောင်မြေစာသင်ဝိုင်းက တကယ့် ပရဟိတ ပညာရေးဝန်ဆောင်မှုပါ။ သူတို့ စာသင်ဝိုင်းမှာ ကျူရှင်မထားနိုင်တဲ့ (၁၀) တန်း ကျောင်းသားလေးတွေ ကျောင်းအိပ်ကျောင်းစား နေတာ တွေ့မိတယ်။ တက္ကသိုလ်ကျူတာ တချို့ အချိန်ပိုင်း အခမဲ့ စာလာပြပေးတယ်လို့လည်း သိရပါတယ်။ ကိုစိုးရဲ့ စေတနာ ဝါသနာနဲ့တော့ အဲဒီအလုပ်ဟာ ကွက်တိ အံကိုက်ဖြစ်နေပါတယ်။

ကျနော်တို့ နှစ်ဦး တနေ့ခင်းလုံး စကားတွေပြောဖြစ်ကြတယ်။ သူက ခုနောက်ပိုင်း အလုပ်တွေများလို့ စာသိပ် မရေးဖြစ်တဲ့အကြောင်း ပြောရင်း သူရေးလက်စ စာမူတွေ ကျနော့်ကို ပေးဖတ်ပါတယ်။ ကျောင်းသားလေးတချို့ ကျနော်တို့ အနား ရောက်ရောက်လာတတ်ပြီး သူတို့ဆရာ ဘာခိုင်းဦးမလဲ စောင့်ဆိုင်းနေတာ သတိထား မိတယ်။ ကျောင်းသားတွေ သူတို့ဆရာကို အမြတ်တနိုး ခေါ်ဆိုတဲ့ နာမည်လေးက ‘ရှိဖော်’ တဲ့။ ကျောင်းသားနဲ့ ဆရာ လူမြင်သာတဲ့ ဂုဏ်အလွှာတွေမခြားဘဲ လေးစားချစ်ကြည်စိတ်အပြည့် ဆက်ဆံရေးကို မြင်တွေ့ရတာ ကြည်နူးပီတိ ဖြစ်စရာ ကောင်းလှပါတယ်။



ညနေအတော်စောင်းတော့မှ ကိုစိုးနဲ့ ကျောင်းသားလေးတွေကို နှုတ်ဆက်ပြီး ကျနော် အိမ်ပြန်လာခဲ့တယ်။ လမ်းထိပ်ဆိုက္ကားဂိတ်မှာ ကျနော့် ပုခုံးကိုဖက် လက်ကို တင်းတင်းဆုပ်ကိုင်ရင်း ‘နေရာသိပြီဆိုတော့ နောက်လည်း အားတဲ့အချိန် လာလည်ဦးဗျာ’ …. လို့ ပြောခဲ့တဲ့.. သူ့ရဲ့ ဖိတ်ခေါ်စကားသံဟာ ကျနော်တို့ နှစ်ဦးအကြား နောက်ဆုံး နှုတ်ဆက်ခြင်း ဖြစ်လာမှာကို သူရောကျနော်ပါ မသိနိုင်ခဲ့။

အခုတော့ အခါအခွင့်သင့်လို့ အဲဒီနေရာလေးကို နောက်တခေါက် ကျနော်ရောက်ဖြစ်ခဲ့ရင်တောင် သူနဲ့ဆုံတွေ့ နိုင်ခွင့် မရှိတော့။

ကိုစိုးရဲ့ဘဝက တိုသလောက် လှပါတယ်။ မိမိရဲ့ ဘဝဖြစ်တည်မှုကို အတ္တဥခွံကျဉ်းကျဉ်းလေးထဲမှာ ပိတ်လှောင် မထားဘဲ ဘဝတလျှောက် အများကောင်းကျိုးအတွက် အားသွန်ခွန်စိုက် အကျိုးပြု ဆောင်ရွက်သွားခဲ့တဲ့ ကျနော့်သူငယ်ချင်း ကိုစိုး ဘဝကူးကောင်းမှာ အသေအချာပဲလို့ တွေးတော ယုံကြည် နေမိပါတယ်။


လောကကို အလှဆင် ကောင်းကျိုးဆောင်နိုင်သူတွေ အများကြီး ပေါ်ထွန်းလာနိုင်ပါစေ။

နေမင်းသူ -

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net