----------------------
အခြားလင့် များသို့
English pages
ဘာသာရေး စာမျက်နှာများ
တရားတော်များ နာယူရန်
မြန်မာနက် စာမျက်နှာများ
မြန်မာတို့ ဘလော့ဂ်များ
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
မြန်မာ-၀ီကီပိဒိယ
ထက်/ဗ-ကျောင်းသားသမဂ္ဂ
ဗိုလ်ချုပ် အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် နက်ဝပ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(မြန်မာ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(Eng)
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
မောက္ခ ပညာရေး-စာမျက်နှာ
ရွှေဟင်္သာ သတင်းဌာန
ရွှေ ဒေါင်းတောင်
သူရိယ
ဘားမားဗွီဂျေ- BurmaVj
လမ်းသစ်
ငုရင်ပြင်
ဧရာဝတီ
ရိုးမ ၃
ချိုးလင်းပြာ
ယနေ့မြန်မာ
မဉ္စိမ
နေရဉ္စရာ
Fight For Freedom Burma
သတင်းနှင့်မီဒီယာကွန်ယက်
နိုင်ငံတကာမြန်မာ့သတင်း
ကွယ်ကလူ
သျှမ်းသံတော်ဆင့်
သံလွင်အိပ်မက်
မိုးမခ
ဒေါင်းမာန်ဟုန်
နေ့ သစ်
ရဲရင့်ငယ်( ကနေဒါ)
TACDB(မြန်မာ)လှုပ်ရှားမှု
ဇွဲကပင်
ကောင်းကင်(နိုင်ငံပြု)
ကချင် သတင်းဌာနှ
ကောင်းဝါသတင်း
ကန္တာရ၀တီတိုင်း(မ်)
ကရင်သတင်းစဉ်
ကိုတေရဲ့ စာမျက်နှာ
Fight For Freedom Burma
အိပ်မက်လှိုင်း
သတ္တမနည်းပညာရပ်ဝန်း
ဆွီဒင်မြန်မာဗုဒ္ဒအသင်း
ဆန်နီနေမင်း
စေတနာ နာရေးကူညီမှုအသင်း
မှော်မြို့ တော်
အနန္တမေတ္တာ
Myanmarexpress
မိသားစု အနုပညာအိမ်
မြန်မာချစ်သူ
မြန်မာသတင်း ချယ်နယ်
လက်တွေ့သင် အင်္ဂလိပ်စကား
အင်္ဂလိပ်စကားပြော ကျင့်လိုလျှင်
အခမဲ့ အင်္ဂလိပ်စာ သင်ကြားရေး
စာပေဟောပြောပွဲများ နားထောင်ရန်
ကျန်းမာစေရာ သုတအဖြာဖြာ
နိုက်တင်ဂေးလ် ဂျာနယ်
မြန်မာ့ ဆေးမြီးတို
မြန်မာ့ အိပ်ခ်ျအိုင်ဗွီ အင်ဖို
ယမုံနာ ဆေးပညာ
မွန်သက်ပန်- ဆေး(၁)
ဘားမိကလပ်စစ် ကျန်းမာရေးသုတ
လောကအလှ
ချက်နည်းပြူတ်နည်း
ဝတ်ရည်- Food House
ဘားမိကလပ်စစ် ချက်ပြုတ်နည်း
ပြည်တွင်း အရောင်းအ၀ယ်
မြန်မာပြည်တွင်း လက်ရှိ ကားဈေးနှုန်း
ဝယ်-ရောင်းနဲ့ အလုပ်ရဖို့ ကြော်ငြာ
အိမ်ခြံမြေ ငွေဈေးနှုန်း
အလုပ်လိုချင် ဒီကိုလာပါ
---------------------------
ပြည်တွင်းစာမျက်နှာများ
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း
ကြေးမုံ သတင်းစာ
ဝန်ကြီးဌာန-၀က်ဆိုက်များ
မြ၀တီ
မြန်မာ့အလင်း-သတင်းစာ
မြန်မာသမ္မတရုံး စာမျက်နှာ
မန္တလေးဂေဇက်
မြန်မာပို့ စ် သတင်းဂျာနယ်
မြစ်မခ
သစ်ထူးလွင်
FreedomNewsGroup
ပြည်သူ့ ဂုဏ်ရည်
ရိုးရာလေး
ဦးထွန်းလွင်(မိုးလေ၀သ)
ရတနာပုံ
people ဂျာနယ်
7day ဂျာနယ်
အင်တာနက် ဂျာနယ်
မြန်မာတိုင်း(မြန်မာ)
မြန်မာတိုင်း(အင်္ဂလိပ်)
ပေဖူးလွှာ
သံလွင် အိပ်မက်
Planet
တူဒေး အဖွဲ့ 
ဈေးကွက် ဂျာနယ်
The Voice Weekly
ဝီးကလီး အလဲဗင်းဂျာနယ်
ရန်ကုန်တိုင်းမ်
တူဒေး-အဖွဲ့ 
ရွှေအမြူတေ မဂ္ဂဇင်း
လျှပ်တပြက် ဂျာနယ်
သရဖူ
စွယ်စုံ ဂျာနယ်
ခေတ်လူငယ်
အီကိုဗီးရှင်းဂျာနယ်
အားကစားစာမျက်နှာ များ
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်
ဘောလုံး သတင်းများ
ဘောလုံးပွဲချစ်သူများအတွက်
မြန်မာဂိုး
FIFA ကမ္ဘာ့ဘောလုံး စာမျက်နှာ
Live-Scorce
yahoo sports
BBC-Sport
ပရီးမီယားသွင်း၈ိုးကြည့်ရန်
ဥရောပ အားကစားပွဲများ
မန် ယူ အသင်း
လီပါပူးအသင်း
ချယ်စီး အသင်း
အာစင်နယ် အသင်း
အဘိဓါန် သုံးရန်
Student!s Dictionary
Planet-Bur-Eng Dict
Bur-English Dictionary
မြန်မာ- အင်္ဂလိပ်(စိုင်း-အဘိဓါန်)
မြန်မာ -အဘိဓါန်
အင်္ဂလိပ် -မြန်မာ(ဟစ်တိုင်)
all-channel အင်္ဂလိပ် -မြန်မာ
အွန်လိုင်းအင်္ဂလိပ် -မြန်မာ(အဘိဓါန်)
Nor-Eng Dictionary
ဘာသာစကား Dictionary
- မြန်မာ့ သတင်း
- ကမ္ဘာ့ သတင်း
- ဆောင်းပါး
- သူ့အတွေးအမြင်
- ဒီမိုကရေစီလှုပ်ရှားမှု
- သုတ
- အမှတ်တရ ကဏ္ဍ
- Cartoon
- ရသ
- အဖြူရောင် ၀ိရောဓိ
- အခွင့်အလမ်း
- နိုင်ငံရေး ရင်ဖွင့်စကား
- ရှုထောင့်သစ်
- ကဗျာ
- ပြုံးတော်မူ
- ပဲ့တင်သံ
- ပြည်ပမြေမှ မြန်မာများ
- မြန်မာမှု မြန်မာ့ဓလေ့
- ပြည်သူ့ စစ်သည်ရေးရာ
- ပြည်သူတို့ ရင်ခုန်သံ
- နိုင်ငံရေး သင်ပုန်ကြီး ဖတ်စာ
- မှတ်တမ်း ဓါတ်ပုံများ
- ရင်ထဲက စုတ်ချက်များ
-
တိုက်ပွဲဝင်ဒီမိုကရေစီ
- ဟစ်တိုင် ဘလော့ဂ်
- ဟစ်တိုင်ဖေ့စ်ဘွတ်
- ဟစ်တိုင်-တေးသံသာ
- ဟစ်တိုင်စင်မြင့်
- ဗေဒင်နှင့်ကံကြမ္မာ
- ဟစ်တိုင် အဘိဓါန်
- ရေဒီယို နားဆင်ရန်
- ဟစ်တိုင် အကြောင်း
- ဆက်သွယ်ရန်
- ဟစ်တိုင် စာဖတ်ခန်း
- ဒီမိုကရေစီ ဗွီစီဒီ
- ရုပ်ရှင်နှင့်တေးဂီတ
- အွန်လိုင်း ရေဒီယို
- သုတ လက်ဆောင်
- ဟစ်တိုင်တေးဂီတ
- သင်္ကြန်အကများ
- မူလ ဟစ်တိုင်သို့
- စာပေဟောပြောပွဲများ နားထောင်ရန်
- အခြေခံ ဘုရားရှိခိုး-
- ဟစ်တိုင် အင်ဖို
- ++++++
သီချင်းခွေ
ဒီမိုကရေစီလှုပ်ရှားမှု

အနီကြောင်တွေ အိပ်နေသလား- နိုးထကြလော့
- မာတလိ(မဲဆောက်)
-၈.၁၂.၂၀၁၂
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ လက်ပံတောင်းတောင် ကြေနီစီမံကိန်း နဲ့ လယ်သမားများ ဘ၀ ရပ်တည်ရေး ပြဿနာဟာ တဖြည်းဖြည်း ကြီးထွားလာနေပါပြီ။
ရန်ကုန်မှာ ရှိတဲ့ တရုတ် သံရုံးနဲ့ တရုတ်ပြည်မကြီး အစိုးရကလည်း လက်ပတောင်း ကြေးနီ စီမံကိန်း နောက်ဆုတ်မည် မဟုတ်လို့ တရားဝင် တုန့်ပြန်ချက်တွေ ထွက်ပေါ်နေပါတယ်။
တချို့ ကတော့ ဒါ- အမေရိကန် ငပွကြီး၊ ကမ္ဘာ့ ပုလိပ်(ချေးထုပ်)ကြီး စနက် မကင်းနိုင်လို့ ယုံကြည်ပြီး ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့ လေမလား ငွေရောင် ပိတ်ပေါ်မှာ ရှေ့ ရေးက စိတ်ဝင်စားစရာ အပြည့်ပါ။

တချို့  နိုင်ငံရေး ဝေဖန်သူများကတော့ ဒုတိယမြောက် ရှစ်လေးလုံး အရေးတော်ပုံ ကြီး ဖြစ်လာလေမလားလို့ ခန့် မှန်း တွက်ချက်ကြသူတွေ ရှိနေပါတယ်။
အစိုးရက ဆန္ဒပြ ပြည်သူ-ရဟန်းသံဃာတော်တွေကို မီးလောင်တိုင်သွင်း ဗုံးနဲ့ ပစ်ခတ်လိုက်လို့ ရဟန်းတော် ၁၀၀ နီးပါး ဆေးရုံရောက်ပြီး မြင်ရတဲ့ သူအပေါင်း မျက်ရည် မဆယ်နိုင်ဖြစ်ကြရလို့
အစိုးရကြေညာလိမ်လည်တဲ့ အတိုင်း မျက်ရည်ယိုဗုံး ဆိုတာ ဒါကိုပြောတာ ထင်ရဲ့ လို့ မှတ်ချက်ချသံတွေလည်း ထွက်ပေါ်နေပါတယ်။
ဒါကို မခံစားနိုင်တဲ့ အပေါ် ဆန္ဒပြကြလို့ ဒေါ်နော်အုန်းလှ အပါအ၀င် ရန်ကုန်မှာ ဆန္ဒပြ ခေါင်းဆောင်တွေကိုလည်း (ဆန္ဒပြရေး ခွင့်မတောင်းမှု) အာဏာ ဖီဆန်မှုနဲ့ ဖမ်းဆီး အရေးယူနေပါပြီ။
အစိုးရကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ၊ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးကျော်တင့်ရှိန်ကို အတွင်းရေးမှုး အဖြစ် တာဝန်ပေးထားတဲ့ (၁၆)ဦးပါ စုံစမ်းရေးကော်မရှင်ကို
အတည်ပြု ဖွဲ့ စည်းလိုက်ပါတယ်။
ပြည်တွင်းမှာ အစိုးရ မိုက်ရိုင်း-ရက်စက်မှု နည်းမျိုးစုံနဲ့ တုန်ြ့ပန်နေချိန်မှာ မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲထားတဲ့တိုင်းရင်းသားတွေ ကြားမှာ လည်း ကန့်ကွက်မှုတွေနဲ့ သူတို့ရဲ့သဘောထားတွေကို ပြောဆို လာခဲ့ကြပါ တယ်။ ပြည်ထောင်စု တိုင်းရင်းသားများ မဟာမိတ် UNFC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်ဥက္ကာကတော့ အခုလို ပြောပါတယ်။
“လက်ပံတောင်းတောင် ကိစ္စကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လက်ရှိအစိုးရကတော့ ရဲရဲတင်းတင်းလုပ်မယ်ဆိုတဲ့ဟာကို သက်သေပြတာပေါ့။ အပြောင်းအလဲတချို့၊ လွတ်လပ်မှု တချို့ ပေးတယ်လို့ ယူဆရပေမဲ့ တကယ့်တကယ် သူတို့ကို ထိခိုက်နစ်နာနိုင်တဲ့ အခြေအနေ မျိုး ရောက်လာလို့ရှိရင်တော့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ဟာကို နမူနာ စပြတဲ့သဘောပါပဲ၊ နောက်နောင် ကျနော်တို့ တပြည်လုံးအတိုင်းအတာ ၈ လေးလုံးလို အရေးအခင်းမျိုးတွေ၊ ၂၀၀၇ လို သံဃာတော် အရေးအခင်းမျိုးတွေ၊ ဒီလို အရေးအခင်း ကြီးကြီးတွေ မပေါ်နိုင်အောင် ဦးချိုးထားတဲ့သဘောလို့ပဲ ယူဆပါတယ်။”

အကြမ်းဖက် နှိမ်နင်း သူတို့ မီးလောင်ဗုံး ထိ၍ ဆေးရုံတွင် ကုသနေရရှာသူ သံဃာတော်တပါး
မြန်မာအစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်က တနှစ်နီးပါးကြာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ DKBA ကလည်း လက်ပံတောင်းကိစ္စ ဖြေရှင်းမှုကို လက်မခံနိုင်တဲ့အကြောင်း၊ ငြိမ်းချမ်းရေးကိုပါ ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဗိုလ်မှူးစန်းအောင်က-
ဒီကေဘီအေ ကလို့ ထူေးဘာ ဗျူဟာမှူး ဒုဗိုလ်မှူးကြီး စောဆန်းအောင်က ပြောကြားရာမှာ ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ ကာမှာ
လက်နက်မဲ့ ဆန္ဒပြနေတဲ့ လူထုတွေကို ဒီလိုမီးလောင်ဗုံးနဲ့ ပစ်ခတ်တာဟာ အင်မတန်မှရက်စက် ကြမ်းကြုတ်တဲ့ လုပ်ရပ်ဖြစ်တယ်။
ဒီလို ရဟန်း၊သံဃာနဲ့ ပြည်သူတွေကို မီးလောင်ဗုံးနဲ့ ပစ်ဖို့ အမိန့်ပေးတဲ့ အရာရှိတွေကို ဦးသိန်းစိန်က အရေး ယူပေးဖို့ တောင်းဆိုပါတယ်။
ဒီဇင်ဘာလ ၄ ရက်နေ့မှာပဲ KNU ကရင့်အမျိုးသား အစည်းအရုံးက သဘောထားထုတ်ပြန်ရာမှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန်ကျင့်တဲ့ လူထုလှုပ်ရှားမှုကို အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲတဲ့ကိစ္စဟာ မဖြစ်သင့်တဲ့လုပ်ရပ်အဖြစ် ရေး သားထားပြီး ကချင်ပြည်နယ်တွင်းမှာလည်း ထိုစစ်တွေ ပိုဆိုးလာတဲ့အခြေအနေနဲ့ လူထု ခိုလှုံနေ တဲ့နေရာတွေကို မီးရှို့ဖျက်ဆီးမှုတွေကို ထောက်ပြဝေဖန် ထားပါတယ်။ ဒီအတွက် အမျိုးသား ပြန် လည်သင့်မြတ်ရေး လုပ်ဆောင်နေတဲ့ကာလမှာ ဒီဖြစ်ရပ်တွေအတွက် စိုးရိမ်မကင်း ဖြစ်ကြောင်း ကိုလည်း သဘောထားထုတ်ပြန်ခဲ့ပါတယ်။

လက်ပံတောင်းတောင် ကြေနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒ ထုတ်ဖော်နေကြသော လယ်သမားများး
KIOအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က --
“အစိုးရဖက်က ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ ကိစ္စအပေါ်မှာ ၀တ်ထားတဲ့ အ၀တ်တွေ ပြောင်းလဲတဲ့ပုံစံကိုပဲ တွေ့ရတယ်။ ရုပ်အသွင်သဏ္ဍာန်ပဲ ပြောင်းလဲတယ်။ အတွင်းပိုင်းမှာရှိတဲ့ ပေါ်လစီပိုင်းဆိုင်ရာနဲ့ ပတ်သက် လို့တော့ ဘာမှ ပြောင်းလဲတာ မတွေ့သေးဘူး။ မြန်မာနိုငံမှာလွန်ခဲ့တဲ့ စစ်အစိုးရခေတ်မှာလည်း ဒီကိစ္စတွေက တော်တော် များများဖြစ်ခဲ့ဖူးတယ်။ ဒီလက်ပံတောင်းတောင်ကိစ္စမှာတော့ ပိုပြီးတော့ ဆိုးသွမ်းတဲ့ကိစ္စက ဘာလဲ ဆိုတော့ လူထု အပါအ၀င် သံဃာတော်တွေအတော်များများဟာ မြင်တွေ့ရတဲ့ပုဂ္ဂိုလ်အားလုံး အံသြမင်သက် ကြောက်ရွံထိတ်လန့်တဲ့ ပုံသဏ္ဍာန်ဖြစ်ရအောင် အကြမ်းဖက်နှိမ်နင်းတဲ့အပေါ်မှာ ကျနော်တို့ KIO ကတော့ လုံးဝ လက်မခံနိုင်တဲ့ ကိစ္စတခုပါ။”
ဒီအပြင် အောက်မှာ ဖော်ပြပေးထားတဲ့ အတိုင်း သတင်းဌာနတွေကလည်း ဆက်တိုက်ဖော်ပြပေးနေကြပါတယ်။
- ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် ၈၈ မျိုးဆက် တောင်းဆို
http://burmese.dvb.no/archives/33881
- လက်ပံတောင်း အကြမ်းဖက် နှိပ်ကွပ်မှု KIO ရှုတ်ချ
http://burmese.voanews.com/content/kio-statement-on-lapadaung-protest/1557316.html
- လက်ပံတောင်းတောင် ဖြိုခွဲမှု ဒီကေဘီအေ ရှုတ်ချ
http://www.bbc.co.uk/burmese/burma/2012/12/121203_dkba_condemns_violence.shtml
လက်ပံတောင်းတောင် အင်အားသုံး ဖြိုခွင်းမှု ကေအိုင်အို ကန့်ကွက်
http://burmese.dvb.no/archives/33869
- လက်ပံတောင်း သပိတ်ဖြိုခွင်းမှု KIO ရှုတ်ချ
http://www.mizzimaburmese.com/news/inside-burma/10515---kio-.html
- လက်ပံတောင်း အကြမ်းဖက်နှိပ်ကွက်မှု ကေအိုင်အို ရှုတ်ချ
http://burmese.voanews.com/content/kio-statement-on-lapadaung-protest/1557316.html
- လက်ပံတောင်း အကြမ်းဖက်မှု လက်နက်ကိုင်တပ်ဖွဲ့များ ရှုတ်ချ
http://burmese.dvb.no/archives/33869
---
ဒီလိုအစိုးရနဲ့ ထိပ်တိုက် တွေ့ ဆုံ ရင်ဆိုင်နေရတဲ့ ပြည်သူတွေ ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက ပြောဆို တုန့်ပြန် တိုက်ပွဲ ၀င်နေကြမေမယ့်
ရှစ်လေးလုံး အရေးတော်ပုံကြီးကို ငါတို့က ဂိုက်လိုင်းချခဲ့တာ၊ ငါတို့က စနက်တန် မီးရှို့  ခဲ့တာ၊ ငါတို့က တိုက်ပွဲဖော် လက်တွဲ လုပ်ခဲ့တာလို့ တဖွဖွ
ဂုဏ်ယူပြောဆိုနေကြတဲ့ အနီကြောင် ကွန်မြူနစ်တွေ လေသံတိတ်ငြိမ် နေပါတယ်။
-တရုတ်ပြည်မှ ရဲဘော် ဖိုးသံချောင်း၊ ဒေါက်တာ လှကျော်ဇောနဲ့ ဗကပ တအုပ်
-အမေရိကန် ရှိ ဘားမား ကမ်ပိန်း (ယူအက်စ်)က ကိုအောင်ဒင်နဲ့ အဖွဲ့ 
- ထိုင်းနိုင်ငံမဲဆောက် ပြန်ပြီး ဆဲဗင်းဇူလိုင် အခန်း အနား အကြီးအကျယ် လုပ်ဖို့ ပြင်ခဲ့တဲ့ အောင်စောဦး
- အိုဘားမာ မြန်မာပြည် လာရေး အချိန်စောသေးတယ်လို့ အော်ဟစ်ခဲ့ လေလှိုင်းက မောင်မောင်လွင်နဲ့ ဖိုးအာကျယ်များ
-တရုတ်နဲ့ အိမ်နီးချင်း ဖြစ်လို့ အဆင်ပြမှ ဖြစ်မယ်လို့ အမြဲမပြတ် ပြောတတ်တဲ့ ဒေါက်တာသောင်းထွန်းနဲ့ နောက်လိုက်များ
-မဲဆောက်က လူ့ဘောင်သစ်က အောင်မိုးဇော်
-မဲဆောက် ဗကသ မင်းနိုင်နှင့် ရဲရဲနီကြောင်များ
-စစ်အာဏာရှင် နရင်းရိုက်ပြီး အာဏာရှင်ကို အမြစ်ဖြုတ်မဲ့ အေဘီအက်ဒီအက်ဖ် ဗိုလ်သံခဲနှင့် ၀ိုင်းတော်သားများ
-အင်အန်လ်ဒီအယ်လ်အေမှ ဦးမြင့်သိန်းနဲ့ နောက်လိုက်များ
-ယူရိုဘားမား ရိုက်စား တာဝန်ခံကြီး ဟန်ညောင်ဝါး နဲ့ စားဖားများ
-မြန်မာနိုင်ငံရှေ့ နေများ ကောင်စီ(ပြည်ပ)ကို ထူထောင်ခဲ့တဲ့ ဗိုလ်အောင်ထူးနဲ့ နောက်လိုက်များ
-ကိုယ့်ရဲဘော်ချင်း မညှာမတာ သတ်ဖြတ်ရာတွက် လက်သံပြောင်ခဲ့သူ (အေဘီ-ဥက္ကဌ ဟောင်း) နိုင်အောင်နှင့် လက်မရွံ့များ
-တရုတ်ပြည် တောမခိုရဲသော တောင်ကိုရီးယား၊ ဂျပန်၊သြစတေလျ၊ ဥရောပရောက် အနီကြောင်များ
စသည်စသည်ဖြင့် ရဲရဲနီ အပေါင်းတို့ဟာ လက်ပံတောင်းတောင် ကြေနီစီမံကိန်း ရပ်တန့်ပြီး တရုတ် ၀မ်ပေါင် ပြန်ဆုတ်ရေးမှာ အာစေးအထည့်ခံရသလား၊
(တရုတ်က ထောက်ပန့်ကြေး) အပင်း အသွင်းခံရသေလား မသိ ၊
ကြေညာချက်ထုတ်တာလဲ မမြင်ရ၊ လေလှိုင်းမှာပြောဆိုသံလည်း မကြားရ ၊
ဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ်-ဦးအောင်မင်းက လက်ပတောင်းတွေ့ ဆုံ ပွဲမှာ ရွာသူ ရွာသားတွေကို ပြောသလို - "ကျွန်တော်တို့မှာ တရုတ် ကျေးဇူးတွေ များနေတယ်။ တရုတ်ကို ကြောက်နေရတယ်" ဆိုတဲ့ အထဲ ပါနေလေသလား၊ အသံဆိတ်ငြိမ်နေတာ အံ့သြ စရာပါ။
ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အလှဖန်တီး ရှင်များ အဖွဲ့က- "ပစ်တဲ့ ခတ်တဲ့ ရက်တွေမှာ များတို့က ကြောက်လို့ မထွက်တာ မဟုတ်ဘူး၊ တောင်ပြုန်းကို ခရီးလွန်နေလို့ " လို့ ဆိုတာမျိုး လက်ပတောင်းတောင်ကိစ္စမှာ ငြိမ်သက်နေတဲ့ ကမ္ဘာ အရပ်ရပ် ရောက်နေတဲ့ ကွန်မြူနစ် (ဗကပ) နောက်ဆွဲ တိုက်ပွဲရှောင်နေတဲ့ နီနီကြောင်တွေက ပြောမယ်ဆိုရင် မြန်မာ ပြည်သူ တွေနဲ့ တိုက်ပွဲဝင်နေဆဲ ရဟန်းတော် တွေက လက်ခံပါမလား။
ဒီတော့ ဗိုလ်အောင်ဒင် ဇာတ်ကားမှာ ပါတဲ့ သတင်းစာမှာ "( ပုလိပ်တွေ အိပ်နေသလား၊ ဗိုလ်အောင်ဒင် မမြ၀င်းကို ခိုးပြေးပြီ)" ဆိုတဲ့ စာသားလိုပြောရရင်
"ကွန်မြူနစ်တွေ အိပ်နေသလား၊ နိုးထကြလော့။ လက်ပံတောင်းတောင် သင့်ကို လက်ကမ်းကြိုနေပြီ။"

ပြည်သူတို့ ဆန္ဒ ပြည့်ဝ သာယာရေးသို့ ရည်မှန်းလျှက်ဖြင့်
မာတလိ(မဲဆောက်)
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
-
ကြေးနီမောင်း
မောင်လွမ်းဏီ-25-11-2012
လက်ပတောင်းက
လက်ခမောင်းသံ
မြိုင်ယံတောဟည်း ထစေပြီ။
ချင်းတွင်းပဲ့တင်၊ မြစ်ပြင်လှုပ်ခတ်
ရပ်ရှစ်မျက်နှာ ကြွေးကြော်သံ
အလံလွှင့်ကြ ဗကသ။
တောင်ကို သိမ်းမလား
ကြေးရွာသားဟေ့၊
လှောင်ပိတ်မလား၊ ကြေးနီသူဟ
လက်မထောင်ထောင်၊ ကိုယ်ယောင်ထင်လင်း
ဒင်းတို့လောက်တော့ ဘာမှုရမလဲ
အညာသူမ ရဲသကို။

တိုမြေအတွက် အသက်စွန့်မယ်
တို့ယာအတွက် ရွာကို စွန့်မယ်
တို့တောင်အတွက် မောင်ကို စွန့်မယ်
ချင်းတွင်းမြစ်ရေ ချက်ကြွေအတွက်
ကျောက်ကော်ခွက်နဲ့ သမိုင်းရေးမယ်။
ဘယ်အရေးမှ
လက်မနှေးကြောင်း
လက်ပံတောင်းတောင်က၊ စစ်မောင်းသံချီ။
ကြေးနီ ကြေးနီ
ဆားလင်းကြီး ဆားလင်းကြီး
မုံရွာ မုံရွာ
ကျောင်းသူ ကျောင်းသား
တောင်သူ တောင်သား၊ တောသား ကျေးသူ
တ၀မ်းတခါး ကျောသားရင်သား
ရင်ကြားစေ့ရတဲ့အချိန်။
မီးသွေးခဲမို့ မည်းသကို
ကြေးနီသားတို့ ရဲသကို
တောင်ညိုတောတန်း၊ တဘက်ကမ်းက
လက်ကမ်းနွေးထွေး၊ တို့အရေးကို
သွေးညီရင် ဟေ့၊ သွေးနီရင် လေ့
ကြေးနီတောင်ကို တက်ခဲ့ကြ။ ။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။
စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။
ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။
လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net