MRTV4 ကြည့်ရန်
စကိုင်းနက် ကြည့်ရန်
ဗုဒ္ဓ လက်ဆောင်မွန်များ
စာအုပ် လက်ဆောင်များ
----------------------
အခြားလင့် များသို့
English pages
ဘာသာရေး စာမျက်နှာများ
တရားတော်များ နာယူရန်
မြန်မာနက် စာမျက်နှာများ
မြန်မာတို့ ဘလော့ဂ်များ
ရွှေတိဂုံစေတီတော်
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး
မြန်မာ-၀ီကီပိဒိယ
ထက်/ဗ-ကျောင်းသားသမဂ္ဂ
ဗိုလ်ချုပ် အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည် နက်ဝပ်
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(မြန်မာ)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(Eng)
နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး
မောက္ခ ပညာရေး-စာမျက်နှာ
ရွှေဟင်္သာ သတင်းဌာန
ရွှေ ဒေါင်းတောင်
oppositeyes
သူရိယ
ဘ၀ ခြေရာ
ငုရင်ပြင်
burmavjmedia
ဧရာဝတီ
ရိုးမ ၃
ယနေ့မြန်မာ
မဉ္စိမ
နေရဉ္စရာ
နိုင်ငံတကာမြန်မာ့သတင်း
ကွယ်ကလူ
သျှမ်းသံတော်ဆင့်
ကိုးဒီသွေး
D မိုးသား
လွတ်လပ်သောသတင်းအဖွဲ့ 
သံလွင်အိပ်မက်
မိုးမခ
ဒေါင်းမာန်ဟုန်
မြန်မာ ပြည်သား
နေ့ သစ်
နှစ်ဆန်းတစ်
ရဲရင့်ငယ်( ကနေဒါ)
TACDB(မြန်မာ)လှုပ်ရှားမှု
ကောင်းကင် (နိုင်ငံပြု)
ကချင် သတင်းဌာနှ
ကောင်းဝါသတင်း
ကန္တာရ၀တီတိုင်း(မ်)
ဓည၀တီ သတင်းဌာန
ကရင်သတင်းစဉ်
ကမ္ဘာသစ်(US News)
Fight For Freedom Burma
ဆွီဒင်မြန်မာဗုဒ္ဒအသင်း
ဆန်နီနေမင်း
စေတနာ နာရေးကူညီမှုအသင်း
မှော်မြို့ တော်
အနန္တမေတ္တာ
လမ်းသစ်
မိသားစု အနုပညာအိမ်
မြန်မာသတင်း ချယ်နယ်
myanmardailynews
မျက်ရှု သုတရသမဂ္ဖဇင်း
IT နည်းပညာ
-အခြေခံ website ရေးနည်း
-အိုင်တီ မောင်မောင်
-ကိုတေရဲ့ စာမျက်နှာ
-သိန်းစိုးဝင်း နည်းပညာ
-ကွန်ပျူတာ အတွက်
-ကိုထွေး (နည်းပညာ)
-ပိတ်နေတဲ့ Websites တွေ
-နည်းပညာ (ကိုချင်းလေး)
-စိုင်းလေး(နည်းပညာ)
-နည်းပညာ ထားဝယ်မြေ
-၀င်းကို (နည်းပညာ)
-ကွန်ပြူတာကမ္ဘာ(နည်းပညာ)
-IP-address (ဖမ်းနည်း)
ပြည်တွင်း စာမျက်နှာများ
myanmar-celebrity
Myanmar CNN
Myanmarexpress
မြန်မာ သံတော်ဆင့်
မြစ်မခ
သစ်ထူးလွင်
မြ၀တီ
ရိုးရာလေး
မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း
မြန်မာ့ အင်တာနက် စာမျက်နှာ
First-11 ဂျာနယ်
ဝန်ကြီးဌာန-၀က်ဆိုက်များ
မြန်မာ့အလင်း-သတင်းစာ
မြန်မာသမ္မတရုံး စာမျက်နှာ
မန္တလေးဂေဇက်
မြန်မာပို့ စ် သတင်းဂျာနယ်
FreedomNewsGroup
ပြည်သူ့ ဂုဏ်ရည်
ဦးထွန်းလွင်(မိုးလေ၀သ)
ရတနာပုံ
people ဂျာနယ်
7day ဂျာနယ်
အင်တာနက် ဂျာနယ်
မြန်မာတိုင်း(မြန်မာ)
မြန်မာတိုင်း(အင်္ဂလိပ်)
ချင်းတွင်း ဂျာနယ်
ပေဖူးလွှာ
သံလွင် အိပ်မက်
Planet
တူဒေး အဖွဲ့ 
ဈေးကွက် ဂျာနယ်
The Voice Weekly
ဝီးကလီး အလဲဗင်းဂျာနယ်
shwehub
ရန်ကုန်တိုင်းမ်
တူဒေး-အဖွဲ့ 
ရွှေအမြူတေ မဂ္ဂဇင်း
 လျှပ်တပြက် ဂျာနယ်
 သရဖူ
စွယ်စုံ ဂျာနယ်
ခေတ်လူငယ်
အီကိုဗီးရှင်းဂျာနယ်   
လက်တွေ့သင် အင်္ဂလိပ် စကား
အင်္ဂလိပ်စကားပြော ကျင့်လိုလျှင်
myanmar-network
TheBestEnglish4you
E.SL အခမဲ့ အင်္ဂလိပ်စာ သင်ကြားရေး
အခြေခံ Eng သင်ကြားချင်လျှင်
အိပ်မက်ဧည့်ခန်း
ဖတ်ချင်ဖွယ် စာအုပ်စင်ကဏ္ဍ
အခမဲ့ မြန်မာစာအုပ်များ
အခမဲ့ မြန်မာစာအုပ်စင်
မြန်မာစာအုပ်စင်ဖေ.စ်ဘုတ်
myanmarwebsitelist
ကျန်းမာစေရာ သုတအဖြာဖြာ
မြန်မာ့ ဆေးမြီးတို
မွန်သက်ပန်- ဆေး(၁)
ဘားမိကလပ်စစ် ကျန်းမာရေးသုတ
ချက်နည်းပြူတ်နည်း
ဝတ်ရည်- Food House
ဘားမိကလပ်စစ် ချက်ပြုတ်နည်း
ပြည်တွင်း အရောင်းအ၀ယ်
ရောင်း/၀ယ်နှင့် အထွေထွေ
မြန်မာပြည်တွင်း လက်ရှိ ကားဈေးနှုန်း
ဝယ်-ရောင်းနဲ့ အလုပ်ရဖို့ ကြော်ငြာ
အိမ်ခြံမြေ ရောင်း/ငှား
အိမ်ခြံမြေ ငွေဈေးနှုန်း
အလုပ်လိုချင် ဒီကိုလာပါ
အခမဲ့ ကြော်ငြာ ကဏ္ဍ
မြန်မာ အွန်လိုင်းဈေးဆိုင်
အကောင်းဆုံးမြန်မာဈေးဆိုင်
ဈေးသည်ကြီး အွန်လိုင်းစတိုး
(ရန်ကုန်)အမေရိကန် စတိုး
ထိုင်း ၀န်ကြီးဌာနများ(နှိပ်ပါ)
အားကစားစာမျက်နှာ များ
မြန်မာနှင့်ကမ္ဘာ့ဘောလုံး
dailysport-journal မြန်မာ
မြန်မာဂိုး-စာမျက်နှာ
အား/ကာ ၀န်ကြီးဌာန (မြန်မာ)
အား/ကာ ၀န်ကြီးဌာန (Eng)
elevenmyanmar ဂျာနယ်
ကန်ပြီးဘောလုံးပွဲများ ကြည့်ရန်
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်(၁)
ဘောလုံးပွဲများ တိုက်ရိုက်ကြည့်ရန်(၂)
Sport livetv ကြည့်ရန် အတွက်
ဘောလုံးပွဲလောင်းကြေးပေါက်ဈေး
FIFA ကမ္ဘာ့ဘောလုံး စာမျက်နှာ
Live-Scorce
yahoo Football sports
BBC-Sport
foxsports သွင်း၈ိုးကြည့်ရန်
ဥရောပ အားကစားပွဲများ
မန် ယူ အသင်း
လီပါပူးအသင်း
ချယ်စီး အသင်း
အာစင်နယ် အသင်း

သူ့အတွေးအမြင်

- အမှုတွဲလား၊ ဘောက်ချာလား၊ အပ်ထည်လား--ကိုကိုကြီး၊ မင်းကိုနိုင်၊ မြအေး ၊ ဇာဂနာ
- မာတလိ (မဲဆောက်)--၃-၁၂ -၂၀၁၁

၂၀၁၂ ခုနှစ်ဟာ ဘာပဲပြောပြော နိုင်ငံရေး သက်ဝင် လှုပ်ရှားလာတဲ့ နှစ်လို့ ဆိုရမယ်။
ဒေါ်အောင်ဆန်းစုကြည် တယောက် ဆန့် ကျင်ထိပ်တိုက် ရင်ဆိုင်လိုက်၊ နေအိမ် အကျယ်ချုပ် ပြန်ကျလိုက်နဲ့ ၊
ဦးဝင်းတင်နဲ့ သခင်အုန်းမြင့်တို့ အဖွဲ့ ကြိုးဆွဲရာ ကနေရင်း သံသရာ လည်နေမယ်လို့ ပြည်ပက အတိုက်အခံ တွေ ထင်ထားခဲ့ကြတယ်။

ဒါပေမယ့် ထင်သလို မဟုတ်တော့ပဲ နေအိမ် အကျယ်ချုပ်က ပြန်အလွတ်မှာ နိုင်ငံရေး လမ်းကြောင်းပြောင်း လိုက်တော့ ဒေါ်အောင်ဆန်းစုကြည်လဲ လွှတ်တော်ထဲရောက်၊ ဂိုထောင်တွေထဲ နှစ်ရှည် အောင်းနေရတဲ့ နိုင်-ကျဉ်းတွေလဲ အမတ် ဖြစ်သူဖြစ်၊ ပြည်ပနိုင်ငံတွေ ထွက်ခွင့်ရ၊ ပြည်တွင်းက နိုင်ငံရေး သမားတွေလဲ စင်ပေါ်တက်ခွင့် ပြောခွင့်ရကြ၊ မြန်မာပြည်သူတွေ ဟာ ပြောဆိုခွင့် ပါးစပ်ပေါက်တွေ ပွင့်လာကြတယ်။



အဖမ်းခံရမှာစိုးလို့ ပြည်ပထွက်လာကြတဲ့ သူတွေ၊ အကွက်မြင်တတ်တဲ့ ခွင်ဖန်သမားတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက် ဒုက္ခသည်တွေလည်း အမေရိကန်၊ ဥရောပ နိုင်ငံများ ၊ သြစတေလျှ၊ ဂျပန် စတဲ့ တတိယ နိုင်ငံတွေမှာ အခြေချ ခိုလှုံနေထိုင်ခွင့် ရကြတယ်။

အနုပညာ သမားတွေလည်း လွတ်လွတ် လပ်လပ် ပျက်လုံးတွေ ထုတ်ခွင့်ရလာကြတယ်၊ နေတိုးတို့၊ ကျော်ကျော်ဗိုလ်တို့၊ ထွန်းထွန်းတို့ " နှင်းဆီ အငြိမ့်" တွေမှာ၊ ၂၀၁၃ ဆီးဂိမ်း အကြို ဖျော်ဖြေတဲ့ ဒါရိုက်တာ မောင်မျိုးမင်းတို့ရဲ့ "သက်ဝင် ပြတိုက် ပြဇာတ် "တွေမှာ မြင်လာရတယ်။


ပြည်တွင်းမှာ အထိုက်အလျှောက် ပြောခွင့်ရ လွတ်လပ်ခွင့် ရတာနဲ့ အတူ မြန်မာနိုင်ငံကို ကူညီနေတဲ့ အလှုရှင်တွေလည်း ပြည်တွင်းဘက်ကို လားရာ ပြောင်းကုန်ကြတယ်။

အစိုးရ ငြိမ်းချမ်းရေး ၀န်ကြီး ဦးအောင်မင်းလဲ ထိုင်းနယ်စပ် ကူးလာလိုက်၊ တရုတ်ပြည် ကချင်နယ်စပ် ပြေးလိုက် လုပ်နေတာကို အားကျမခံ ခုတလော ပြည်တွင်းက ရှစ်လေးလုံး မျိုးဆက်တွေက ပြည်ပ ထွက်လာလိုက်၊ ပြည်ပက နိုင်ငံရေးလှုပ်ရှားသူ ဆိုသူတွေလည်း ပြည်တွင်းကို ကဆုန်ပေါက် ပြေးလွှား အပြိုင် ၀င်ကြ၊ ထွက်ကြ တာ မြင်ရတယ်။



အတွင်းက လူတွေက အပြင်ထွက်ကြ၊ အပြင်က လူတွေက အတွင်း ၀င်ကြ လုပ်နေတာဟာ အမှုတွဲ လုပ်ကြတာလား၊ ဘောက်ချာ ဖွင့်ကြသလား၊ အပ်ထည် ဖန်ကြသလား၊ ဘော်ဒါ ဘော်ဂျွတ် ရှာကြသလား၊ အပိုင်စား ခွင်ရှာကြသလား၊ လိုင်းဝင်သလား ဆိုတာ အသိခက်စွာနဲ့ အလွန်ရှုပ်ထွေး လှပါတယ်။

ဒီနေရာမှာ ထောင်စကား အချို့  ရှင်းပြဖို့ လိုမယ်ထင်တယ်။

--"အပိုင်စား" ဆိုတာ တရပ်ထည်းနေ၊ တမြို့ ထဲ၊ ဒေသ တစ်ခုထဲ နေကြသူ အချင်းချင်း ထောင်ထဲမှာ ပြန်ဆုံတဲ့ အခါ ထောင်ထဲမှာ ခေါ်ကြတဲ့ အသုံးပါ။
တရပ်ထည်း သားချင်းဆိုတော့ အရင်ရောက်နေတဲ့ လူက ထောင်အထာတွေ သင်ပေးပြီး နောက်လူသစ်ကို အနိုင်အကျင့် မခံရအောင် ကူညီတယ်။
လူဆိုးလူမိုက်တွေကို "ဒါ- ငါ့ အပိုင်စား " ဆိုပြီး ပြော၊ အကာအကွယ်ပေးတယ်။ လူဆိုးလူမိုက်တွေကလည်း အချင်းချင်း အထာရှိကြတာ ဆိုတော့ ဒါက ဘယ်သူ့ အပိုင်စား ဆိုတာ သိရင် လက်ရှောင်ကြတယ်။ ထောင်အထာမကျွမ်းသေးတဲ့ လူသစ်ကလည်း ကျေးဇူးဆပ်တဲ့ အနေနဲ့ ထောင်ဝင်စာထဲက စားစရာ သောက်စရာ ဖြစ်စေ၊ တမျိုးမျိုးဖြစ်စေ ပြန်လည် ပေးကမ်းပြီး အပြန်အလှန် သဟဇာတ ဖြစ်အောင်လုပ်ရင်း သုံးတဲ့ စကား ဖြစ်တယ်။

-- "ဘော်ဒါ ဘော်ဂျွတ် "ဆိုတာက ထောင်ထဲရောက်မှ ဖြစ်တဲ့ မိတ်ဆွေ၊ ဒါမှမဟုတ် အပြင်မှာ ခင်ခဲ့တဲ့ သူငယ်ချင်း မိတ်ဆွေ ဘော်ဒါကို ခေါ်တာပါ။

-- "အပ်ထည်" ဆိုတာက ထောင်ထဲမှာ အနေချောင်အောင် ထောင်မှူး၊ ထောင်ပိုင်၊ ထောင်ညွှန်မှူး စတဲ့ ထောင်အာဏာပိုင်ကြီး တွေကို ငွေ ပေးလာဘ် ထိုးပြီး အနေအစား ချောင်အောင် အပ်နှံထားတဲ့ သူကိုခေါ်တာပါ။

-- "ဘောက်ချာ " ဆိုတာကတော့ ထောင်ဆရာဝန် ကိုဖြစ်စေ၊ ထောင်ဝန်ထမ်းကို ဖြစ်စေ၊ ထောင်ကျနှစ်ကြီး လူမိုက်ကို ဖြစ်စေ၊ လစဉ်ကြေး ပေးပြီး အနေအစား ချောင်အောင် ဖန်တီး သူကိုပြောတပါ။

-- "လိုင်း-" ဆိုတာက အကျဉ်းကျ မိသားစုက ထောင်အမှုထမ်းနဲ့ ဆွေမျိုး နီးစပ်(သို့မဟုတ်) ရပ်ဆွေရပ်မျိုး တော်စပ်တဲ့အခါ သာမန် အကျဉ်းကျတွေထက် အခွင့်အရေး ပိုရလေ့ရှိတယ်။
အဲလို ရအောင်လည်း အပြင်က မိသားစုတွေက ထောင်ဝန်ထမ်းကို လက်ဆောင်နဲ့ လိုအပ်တာတွေ ပေးပြီး ထောင်ထဲမှာ အကျဉ်းကျသူ အနေအစားချောင်အောင် လာဘ်ထိုး၊ လိုင်းဝင်တာကို ခေါ်တာ ဖြစ်ပါတယ်။

-- "တာတီးဒီ" - ဆိုတာက အပြင်က ထောင်ဝင်စာမလာ။ တွေ့ မယ့်လူလည်းမရှိ။ ထောင်ထဲမှာလည်း အပေါင်းအသင်း မရှိ၊ လူမလေး-ခွေးမခန့်  ဖြစ်တဲ့ အကျဉ်းသားကို လမ်းဘေးအိပ်၊ လမ်းဘေးစား၊ အခြေအနေမဲ့ အမှု ပုဒ်မ ၃၀(ဃ) တနည်း( 30;D )ကိုအစွဲပြူပြီး ခေါ်တာပါ။

-- "အမှုတွဲ "ဆိုတာကတော့ အမှု တစ်မှုထဲ အတူတူ ကျူးလွန်ခဲ့ကြပြီး ထောင်ကျလာခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် ကိုခေါ်တာပါ။

--" ဗွီအိုင်ပီ "ဆိုတာက အပြင်မှာ နာမည်ကြီးသူတွေ ၀င်လာရင် အများနဲ့ အတူ မထားဘဲ သီးသန့်  အထူး အရေးကြီး
ပု၈ိုလ် အဖြစ် သတ်မှတ်ခံရသူပါ။ ထောင်လုံခြုံရေးအရ အထူး သတ်မှတ်ခြင်း ခံရတဲ့ အင်အယ်လ်ဒီက ဦးဝင်းတင်တို့၊ ဦးတင်ဦးတို့၊ မင်းကိုနိုင်တို့ စတဲ့သူတွေ ကိုခေါ်တာပါ။



တရုတ်ကို ကြောက် နေရတယ်လို့ ၀န်ခံ ပြောဆိုသူ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်း

မြင်ရသလောက် ပြောရရင် ဦးအောင်မင်းက ပြည်ပ ထွက်တာက သူ့ ရည်ရွယ်ချက်နဲ့သူ။ အာမနာတမ်း ပြောတတ်တဲ့ လူတွေရဲ့ ဒဲ့တိုး စကားနဲ့ ပြောရရင် ပြည်ပက ဆွဲစားလို့ ရမယ့် သူတွေကို အခွင့်အရေး ဘန်းပြပြီး အသုးံချဖို့ ထွက်တာ ဖြစ်တယ်။

ပြည်ပက အတိုက်အမည်ခံ (စားဖား) နိုင်ငံရေး သမားတွေ ပြန်ဝင်ကြတာက ပြည်တွင်းမှာ ဖျာခင်းဖို့၊ ပရိုပိုဇယ် ထောက်ပန့် ကြေးလေးများ ဆက်ယူပြီး အသက်ငင်နေတဲ့ ဂုဏ် သိက္ခာ အပုပ်အသိုးကို ရေမွှေူး ဖြန်းပြီး အခွက်ပြောင်ပြောင်နဲ့  ပြည်သူကို အသုံးချဖို့ လုပ်စားဖို့ ဖြစ်တယ်ဆိုတာ မြင်သူတွေ မြင်နေကြပါပြီ။

ပြည်တွင်းကို ဦးအောင်မင်းနဲ့ လက်ဝါးရိုက်-အာလူးပေးပြီး၊ ၀င်ထွက်ခွင့် ရတဲ့ သူတွေဟာ "တာတီးဒီ" တစ်ယောက်မှ မဖြစ်နိုင်ပါ။
အိပ်ဖောင်းလို့ စိတ်ပြောင်းနေတဲ့ သူတွေက ပရိုပိုဇယ်(ခေါ်) ဒီမိုကရေဒီ ဖော်ဆောင်ရန် ထောက်ပန့် ကြေး စားဝါး ရတဲ့ သူတွေ များပါတယ်။

ပြည်ပရောက်ရင် ကိုကိုကြီး ၊မြအေးတို့ ၊ ဇာဂနာ၊ မင်းကိုနိုင်တို့ သတိထားစေချင်တာက--
--မဲဆောက်မှာ နှစ်စဉ် ဒေါ်လာ သန်းချီပြီး ထောက်ပန့် ကြေးရနေတဲ့ ဦးမောင်မောင်တို့ ၊သိန်းဝင်းတို့ ရဲ့ တကျပ်ဖိုးကျွေး၊ တသန်းဖိုး စာရင်းပြပြီး ကိုယ့်ရဲဘော်ကို ထောင်ထဲ အရောက်ပို့တဲ့ လူတွေလဲရှိတယ်။

--အကျဉ်းသား တဦးကို တလဒေါ်လာ ၂၀၀ နဲ့ ကူညီပါမယ်လို့ စာရင်းပြပြီး ကေအင်ယူကို ဆက်ကြေးပေးရလို့ ကုန်သလိုလို၊ ကျောင်းသား အေဘီ တပ်ဖွဲ့ ကို ထောက်ပန့် ကြေးပေးရလို့ ကုန်သလိုလို၊ ပြည်တွင်း အင်လိုင်း လုပ်ငန်းအတွက် သန်းချီ သုံးလိုက်ရလို့ ကုန်သလိုလို နဲ့ စားရင်းလိမ်နေတဲ့ အကျဉ်းသား ဘန်းပြ စားသောက်ရေး အဖွဲ့ တွေ ရှိတယ်။

--နိုင်ငံတကာ အစိုးရနဲ့ ကူညီရေး အဖွဲ့ တွေဆီက အလှူငွေ မှန်သမျှ လက်ခံပြီး စာရင်း စစ်မယ့်ကောင် ကျွန်းပင်ကြီးအောက် ရောက်သွားမယ်၊ ငါတို့ နောက်မှာ ဖထီးတို့ အဖွဲ့ ရှိတယ် ဆိုပြီး ချောက်စားဟောက်စား အင်အယ်လ်ဒီ အယောင်ဆောင် တွေလဲရှိတယ်။

--ငါတို့ကတော့ ဆီးနိတ် လွှတ်တော်အမတ် ၈ျွန်မက်ကိန်းနဲ့ ပိုင်တယ်။ ငါပြောတာ နားထောင်ရင် အမေရိကန် ရောက်မယ်၊ ပြည်ပမှာ ဆက်လက်လှုပ်ရှားရင် ပရိုပိုဇယ် ခိုင်ရမယ်ဆိုပြီး၊ ရေဆာ ဘီယာသောက်၊ သွားသမျှ ခရီး လေယာဉ်စီးတဲ့ မဲဆောက်နဲ့ အမေရိကန် ခရီး လေယာဉ်စီး လမ်းသလား ကြွားလုံးထုတ်တဲ့ အောင်စောဦးတို့ အနီကြောင် အဖွဲ့ ဆိုတာလည်း ရှိတယ်။

--ဦးသန်းရွှေ ကို နားရင်းရိုက်မယ်။ ငမူး- မောင်အေးကို ပညာပေးမယ်၊ (အခြောက်)မာမီညွန့် (ယခင် ထောက်လှမ်းရေး ညွန်ချုပ်၊ ၀န်ကြီးချုပ်ပြုတ်- ဦးခင်ညွန့် )ကို နားအုံ ကျင်းမယ်၊ ဒီပဲယင်း တရားခံတွေကို ကြိုးစင်တင်မယ်၊ ရွှေဝါရောင် တော်လှန်ရေးကို သတ်ဖြတ် ဖြိုခွဲတဲ့ စစ်တရားခံတွေကို ကမ္ဘာ့ ခုံးရုံးတင်မယ်လို့ အော်ဟစ်ပြီး နိုင်ငံတကာက အလှူငွေတွေ တောင်းတယ်၊ ပြီးတော့ တောင်ဝင်ရိုးစွန်းက မယားနဲ့ မြောက်ရိုးစွန်းက မယားဆီ လေယာဉ် ခရီးစဉ် တ၀ီဝီနဲ့  ဥပဒေ စာအုပ်ကြီးပြ ၊ ဥပဒေ စကားတွေ အမြှုပ် ထအောင် ပြောတတ်တဲ့ အောင်ထူးတို့ မြန်မာနိုင်ငံ ရှေ့ နေများ ကောင်စီဆိုတာ လဲရှိတယ်။

-- ၀က်ဆိုက်လေး လုပ်သလိုလို၊ ဘလော့လေး တင်သလိုလို၊ ဖေ့စ်ဘုတ်လေး လုပ်သလိုလိုနဲ့ ပြည်တွင်းက ရှစ်ဆယ့် ရှစ်တွေကို မြှောက်ပေးလိုက်၊ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပုတ်ခတ်လိုက်၊ နအဖ ငြိမ်းချမ်းရေး ၀န်ကြီး အောင်မင်းနဲ့ တိတ်တခိုး လက်ဆွဲ နှုတ်ဆက်ပြီး ပြည်တွင်းမှာ ဇယားရွှေ့ ဖို့ ကြံစီနေတဲ့ မီဒီယာ အယောင်ဆောင် တောကြောင်တွေလဲ ရှိတယ်။

-- တရုတ်ပြည်ပြေးလိုက်၊ အဖြူကောင်တွေ လက်ဆွဲ နှုတ်ဆက်လိုက်၊ အောင်မင်းနဲ့ အတိုက်အခံတွေ အကြား ငြိမ်းချမ်းရေး ကိုယ်စားလှယ် လုပ်လိုက်၊ ရန်ကုန် ပြေးဆင်းလိုက်၊ မဲဆောက် ပြန်တက်လိုက်၊ ဘီဘီစီ၊ ဗွီအိုအေ၊ ဒွီဗွီဘီ၊ အာအက်ဖ်အေတို့ အင်တာဗျူး ပေးလိုက် နဲ့ ဘာမှန်း ခန့် မှန်းရ ခက်တဲ့ "ပဉ္စရူပလို အကောင်" ညိုအုန်းမြင့်လို လူစားတွေလည်း အများကြီး ရှိတယ်။

-- နော်ဝေလာချင်ရင် နော်ဝေငွေ ခရိုနာ (၃၀၀၀)ပေးရမယ်။ နော်ဝေမှာ ငါးလုပ်ငန်း ကုမ္မဏီ ရှိတယ်။
နော်ဝေ ၀န်ကြီးချုပ်ဟောင်း ဘိုနာဗစ်နဲ့ ဒေါ်အောင် ဆန်းစုကြည် လက်မှတ်ထိုး ဖွဲ့ စည်းလိုက်တဲ့ မြန်မာပြည် ကူညီရေး ဖောင်ဒေးရှင်းမှာ အင်ဂျီအို အဖြစ် လုပ်ခွင့်ရနေပြီ ဘာညာ စတဲ့ ကြွားလုံးထုတ် တဲ့၊နော်ဝေရောက် အင်အယ်ဒီ အမည်ခံ လူနပ် (၉၀- အနိုင်ရ )အမတ်မျိုးလဲ နော်ဝေ-မဲဆောက်- ရန်ကုန်၊ ကူးသန်း သွားလာနေတာ တွေလဲရှိတယ်။

-- အဖြူကောင် တွေဆီက ဖြစ်စေ၊ မူဆလင်တွေ ဆီက ဖြစ်စေ၊ အခွက်ပြောင်ပြောင်နဲ့ အကူငွေ မှန်သမျှ ယူပြီး ဥရောပ တလွှားမှာ ဟန်ရေးပြနေတဲ့ ဒေါက်တာ ဇော်ဦး၊ တင်မောင်သန်း ဟန်ညောင်ဝေ တို့ အဖွဲ့ ဆိုတာလဲ ရှိတယ်။

-- ပရိုပိုဇယ် ဘယ်က ရတယ်ဆိုတာ လဲ ထုတ်မပြောရဲ၊ သာမန် မိသားစု စကားဝိုင်းလေး ၆-လ တကြိမ် လုပ်နေတဲ့ အဖွဲ့လေးပါလို့ ဖွင့်ဟ ၀န်ခံဖူးတဲ့ မြန်မာ ပြည်နေ့ချင်း ညချင်း ကယ်မလိုလို နဲ့ ဟန်ရေးပြတဲ့ ဘီဘီစီ သတင်းဌာနက ဒေါ်နီတာ (ခေါ်) ဒေါ် ရင်ရင်မေတို့ ဦးစီး တည်ထောင်တဲ့ ဥရောပရောက် မြန်မာများ အဖွဲ့ ဆိုတာလဲရှိတယ်။

ကမ္ဘာတလွှား -ဒီမိုကရေစီ ဘန်းပြ င၀ါးတွေ ရှိသမျှ အကုန် ထုတ်ပြရရင် တစ်ထောင့် တစ်ည ပုံပြင်ထက် ရှည်သွားနိုင်ပါတယ်။




နံရံတွေမှာ နားရှိတယ် ဆိုတဲ့ စကားအတိုင်း အမှုတွဲ ဖြစ်နိုင်တဲ့ သမိုင်းခြေရာ တချို့ ပြန်လှန်ပြရရင်--
-- ၂၀၁၀ ရွေးကောက်ပွဲအတွက် အင်ဒီအက်ဖ် ပါတီက ရွေးကောက်ပွဲ မဲဆွယ် ရံပုံငွေအတွက် သမ္မတကြီး စ၀်ရွှေသိုက်ရဲ့ သား ဟန်ညောင်ဝါး ဆီက ငွေတွေ လက်ခံရပါ့ မလားဆိုပြီး ဦးခင်မောင်ဆွေ၊ ဒေါက်တာ သန်းငြိမ်းတို့ ။ ဦးသိန်းညွန့် နဲ့ပြဿနာ တက်ပြီး ကွဲကြ ပြဲကြ တယ်လို့ သတင်းတွေ ထွက်ခဲ့တယ်။

--တစ်လောက လက်မရွံ့ လူသတ်သမားအဖြစ် သတ်မှတ်ခံရတဲ့ နိုင်အောင် ၊ခင်ဥမ္မာတို့လင်မယား ပြည်တွင်းပြန်ဝင် တယ်။ ထိုင်နေရင် အကောင်းသား၊ ထ လိုက်မှ အကျိုးမှန်း သိ ဆိုသလို ခင်ဥမ္မာ တို့ ပြည်တွင်းက ကိုကိုကြီးကို သိန်း (၆၀) ပေးတယ်၊ မြေသြဇာ အဖွဲ့ တို့၊ ဂျင်နရေးရှင်း ဝေ့ဖ် ကို ပေးရတယ်တို့ အသံတွေ ထွက်ခဲ့တယ်။ ကိုကိုကြီး က လက်မခံဘူး၊ ခင်ဥမ္မာ ကပေးလိုက်တယ် စတဲ့ ငွေကြေး အရှုပ်တော်ပုံတွေ ထွက်ခဲ့တယ်။

--လတ်တလော လက်ရှိမှာတောင် ပြည်တွင်း ကျောင်းသားအဖွဲ့၊ လူငယ်အဖွဲ့ တချို့ ၊ မက်-ဇော်ဇော်၊ ထူး-တေဇ၊ ဇေကမ္ဘာ- ခင်ရွှေ တို့ဆီက ငွေတွေ ရကြ၊ ကားတွေ ရကြ တယ်လို့ သတင်းတွေ ပြန့် နေတယ်။

သေချာတာကတော့ ပွင့်လင်း နိုင်ငံရေး ဖြစ်စဉ်အရ ၁၉၈၈ မှာစလိုက်တဲ့ ပြည်ပရောက် တွေ (၂၃)နှစ် ကျော်ကြာ ဖောရှော နိုင်ငံရေးဟာ ဖော်သူက ဖော်၊ ဆော်သူက ဆော်နဲ့ အပုပ်သတင်းတွေ ပြည်တွင်း စစ်သူခိုး ဓားပြ သန်းရွှေ၊ ခင်ညွန့် ၊ မောင်အေး၊ ရွှေမန်းစတဲ့ သူတွေနဲ့ အပြိုင် သတင်းဆိုးတွေ ထွက်ခဲ့တယ်။

ကိုကိုကြီးတို့ ၊ မြအေးတို့ ၊ မင်းကိုနိုင်တို့ ပြည်ပထွက်ပြီး စည်းရုံးရေး ဆိုရမလား၊ လေ့လာရေး ဆိုရမလား ခရီးစဉ်ဟာ အပေါင်းလား အနှုတ်လားဆိုတာ မှတ်ကျောက် နဲ့ စမ်းသပ်ဖို့ ပြင်သူတွေ ပြင်နေကြပါပြီ။

--ပြည်ပမှာ စားခွက်ပျောက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်ဝေဖန် ၊ မြောက်ဝေဖန် အာနေတဲ့ အရှုပ်ထုပ်တွေ၊
--၂၀၀၆ တွင် ဒီမိုကရေစီ မြင်စေရမယ်ဆိုတဲ့ အမေရိကန် သမ္မတေ၈ျာ့ဘုရှ် ရဲ့ လုပ်ငန်းစဉ်ကို လမ်းလွဲ ပျောက်ပျက် ၊မှေးမှိန်သွားအောင် လုပ်တဲ့ သူတွေ၊
--အမေရိကန် ကို ယာလက်ဖြန့် ၊ တရုတ်ဆီကို ဘယ်လက်ဖြန့်၊ မူဆလင် တွေဆီကို ကျော်ပိုးအိတ်ထိုးပေးပြီး တိုင်းပြည်ကို ရောင်းစားပေါင်စားတဲ့ င၀ါးတွေ နဲ့
ကိုမြအေးတို့၊ ကိုကိုကြီးတို့ ပေါင်းသင်းလက်ဆွဲ နှုတ်ဆက်မိရင် နောင်လာမယ့် သမိုင်းမှာ အမှုတွဲ ဖြစ်သွားနိုင်တယ်. ။ဒီလူတွေဆီက ခိုးထုပ် ခိုးဝှက် ဒေါ်လာတွေကို လက်ခံမိရင် ကိုယ်တိုင် ဘောက်ချာ စာရင်းထဲ အလိုလို ရောက်သွားနိုင်တယ်။


ထောင်နှုတ်ခမ်း လမ်းလျှောက်ပြီး ၀င်ငွေ မရတဲ့ နိုင်ငံရေး လုပ်ငန်းမှာ ငွေလိုတာ မှန်ပါတယ်။ ဒါပေမယ့် စားဖားလူနပ်တွေ အသုံးချခံရင် ထောင်စကားနဲ့ ပြောရရင် အမှုတွဲ ဖြစ်မလား၊ အပ်ထည် ဖြစ်မလား ၊ ဘောက်ချာ ဖြစ်မလား ဆို တာ ငွေရောင်ပိတ်ကားပေါ်မှာ မြင်ရတော့မယ် ထင်ပါရဲ့။





ပြည်တွင်းက အတိုက်အခံ လူငယ်တွေနဲ့ ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူ ဆိုရမလား၊ လုပ်စား သူ ဆိုရမလား ၊ရောယောင် ခတ်တွေဟာ ဘော်ဒါ ဘော်ဂျွတ် တွေဖြစ်တာ၊အပိုင်စားတွေ ဖြစ်ကြတာ ဆိုတာတော့ တချိန်က ကျောင်းသား အချင်းချင်းတွေမို့ ၊ မေးစရာ မလိုပါ။

ပြည်တွင်းက နိုင်ငံရေး လူငယ်တွေ ဟာ ပြည်ပရောက်တွေရဲ့ ဘောက်ချာ ဟုတ်မဟုတ် ဆိုတာတော့ မသေချာပါ။
ဖြစ်နိုင်တယ်လို့ ယုံကြည်သတ်မှတ် ခန့် မှန်း သူတွေလဲ ရှိကြပါတယ်။


နိုင်ငံ အညွန့် အဖူး ကိုကိုကြီး၊ မြအေး၊ မင်းကိုနိုင် ၊ ဇာဂနာ စတဲ့ ပြည်ပထွက်ခွင့် ရ အပေါင်းတို့ ခင်ဗျ။
"အစားမတော် တလုပ်၊၊ အသွားမတော် တလှမ်း "ဆိုသလို ပြည်ပရောက် တွေနဲ့ များ လက်ဆွဲ နှုတ်ဆက်မိမယ် ဆိုရင် အမှုတွဲ ဖြစ်မလား၊ ဘောက်ချာ ဖြစ်မလား၊ အပ်ထည် ဖြစ်လား၊ အပိုင်စား အဖြစ် အသုံးချ ခံရမလား ၊ လိုင်းအသွင်းခံရမလား ဆိုတာ သတိချပ်ကြ ပါလေကုန်။


မာတလိ (မဲဆောက်)-

-------------------------------------------------------------------------------

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန် ဆောင်းပါး ရေးသား ပေးပို့  လာပါက ပြန်လည် ဖော်ပြ ပေးပါမည်။ ရိုင်းစိုင်းမှု၊ ပုတ်ခတ်မှုများ ရှောင်၍ ဒေါသ ကင်းစွာ။ ရိုးသားစွာဖြင့် မိမိ အယူအဆများကို စာဖတ်သူများ နိုင်ငံရေးအသိ ပညာ တိုးပွါးပြီး ဆင်ခြင် တွေးတော နိုင်ကြစေရန် ပေးပို့နိုင်ပါသည်။
မိုက်ရိုင်းခွင့်၊ ဆဲဆိုခွင့် မရှိပါ။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာတို့  သုတ၊ရသ တိုးပွါးစေမည့် ကဗျာ၊ ဆောင်းပါး နှင့် သုတ၊ရသ-စာပေ အမျိုးမျိုး တို့ ကိုလည်း ဆက်လက်ပေးပို့ နိုင်ပါသည်။

စစ်အာဏာရှင်များကို ဆန့်ကျင်သည့် သဘောထားတခုတည်းကိုသာ တင်ဆက်သော၊ ဒီမိုလိုလား အတိုက်အခံ များ၏ မတူကွဲပြားသည့် အမြင်များကို မတင်ဆက်သော တခြားဆိုဒ်များကဲ့သို့ - ဟစ်တိုင် မကျင့်သုံးပါကြောင်း သိစေလိုပါသည်။

ဟစ်တိုင်သည် ဒီမို-လိုလားသူများ၏ မတူကွဲပြားသည့် အမြင်သဘောထားများကို စုစည်း တင်ဆက်ပေးနေပါသည်။

လူယဉ်ကျေး စာမူရှင်များကို အစဉ်လေးစားလျှက်--
အမှန်တရား မြတ်နိုးသူတိုင်း ဟစ်တိုင်ကို အားပေးမည်ဟု ယုံကြည်လျှက်ဖြင့်
အမှန်သစ္စာတရား ဘက်တော်သား-ဟစ်တိုင် ၀ိုင်းတော်သားမျာ့း 
ပြည်ပရောက် မြန်မာ့နိုင်ငံရေး အကျဉ်သားဟောင်းများအဖွဲ့၏ သတင်းမီဒီယာ ,
www.hittaing.org
www.hittai.org
www.hittai.net