|
ဟစ်တိုင် အင်တာနက် စာမျက်နှာကို ပြည်ပရောက် နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ
ကမကထပြုကာ တည်ထောင် ထားခြင်း ဖြစ်ပါသည်။

သို့သော်လည်း လက်ရှိအခြေအနေတွင်မူ နိုင်ငံတကာရောက် မျိုးချစ်စိတ်ရှိသူ လူငယ်များက
ဝိုင်းဝန်း ကာ ကူညီမှု၊ စည်းလုံး မှု ဖြင့် ရပ်တည် လှုပ်ရှားနေခြင်း ဖြစ်ပါသည်။
ဟစ်တိုင်သည် မြန်မာပြည်သား အားလုံး ရင်ဖွင့်ရာ နေရာ ၊စာမျက်နှာ ဖြစ်သော ကြောင့်
မြန်မာပြည်သားတိုင်း သင်ရော ကျွန်ုပ်တို့ပါ အားလုံး ဘုံပိုင်ဖြစ်သည်ဟု သတ်မှတ်ပါသည်။ အများပြည်သူတို့ အတွက် သုတ ဖြစ်မည့် စာ အကြောင်းအရာများကို လူအချို့ အဖွဲ့
အစည်းအချို့ ၏ မူဝါဒနှင့် ကိုက်ညီမှု ရှိချင်မှ ရှိမည်ဖြစ် သော်လည်း ပြည်သူအကျိုး
အတွက် တင်ပြသွားမည်ဟု ဟစ်တိုင်အဖွဲ့မှ ဆုံးဖြတ်ပါသည်။

ကျွန်ုပ်တို
့ဟစ်တိုင်ဂျာနယ်ကို
၂၀၀၄ ခုနှစ် သြဂုတ်လ
(၈)ရက်(ရှစ်လေးလုံး
လူထုအရေးတော်ပုံနေ
့ဆယ့်လေး နှစ်ပြည့်နေ
့) မှာ
ဒုတိယနိုင်ငံ(ထိုင်းနိုင်ငံ၊
ဘန်ကောက်မြို
့)မှာ
စတင်ထုတ်ဝေခဲ့တယ်။
ဟစ်တိုင်ဂျာနယ် အမှတ်(၁)ကို တီအေစီဒီဘီတွင်
တာဝန်ထမ်းဆောင်ခဲ့သူ ကိုခိုင်စိုး(ယခု အမေရိကန် တွင်နေထိုင်သူ)မှ ၄င်း၊ ဟစ်တိုင်၈ျာနယ် အမှတ်(၂)ကို ပင်လယ်ပျော်များသမဂ္ဂရုံးမှ ကိုထွေး(ယခု နယ်သာလန်နိုင်ငံမှတွင် ရောက်ရှိနေထိုင်သူ) မှ၎င်း။
ဟစ်တိုင်ဂျာနယ် အမှတ်(၃)ကို ကိုမိုးမောင်မောင်(ပြည်ပရောက်နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီ ၀င်၊ ယခု
နော်ဝေနိုင်ငံတွင် ရောက်ရှိနေထိုင်နေသူ)တို့မှ၎င်း ကွန်ပျူတာ အပြင်အဆင်ဖြင့်
ဝိုင်းဝန်း ကြိုးပမ်း ပေးခဲ့ကြ ပါသည်။

ကိုမြင့်ဝေ (တီအေစီဒီဘီ၊ လက်ရှိထိုင်းနိုင်ငံတွင် တာဝန်ထမ်းဆောင်နေဆဲ)က ဟစ်တိုင်
ပေါ်ပေါက် ရှင်သန်ရေးအတွက် အဓိ က တိုက်တွန်းပေးအားပေးပြီး၊ကိုလူမော် (ယခုနော်ဝေ
နိုင်ငံတွင် ရောက်ရှိနေထိုင်နေသူမှ) ၀က်ဆိုက် ပညာများ သင်ကြား ပေးမှုကြောင့်
ဟစ်တိုင်အွန်လိုင်းမဂ္ဂဇင်းကို
၂၀၀၆ခုနှစ် ဖေဖော်ဝါရီလမှာ တတိယနိုင်ငံ (နော်ဝေနိုင်ငံ)မှာ
စတင်ထုတ် လွှင့်
တင်ဆက် နိုင်ခဲ့ကြပါတယ်။ ဒီလိုတင်ဆက်လာခဲ့ရင်းနဲ
့ အကြောင်းအမျိုးမျိုးကြောင့်
၂၀၀၈ခုနှစ်
(နိုဝင်ဘာလ ကုန်ခါနီးတွင်) နှစ်ကုန်ပိုင်းမှာ
ခေတ္တ ရပ်နားသွားခဲ့တယ်။
အကြောင်းအမျိုးမျိုးကြောင့် ယာယီ
ရပ်တန့်သွားရခြင်းကိုလည်း ဟစ်တိုင် ပရိတ်သတ်များအား ကျွန်တော်တို့ ဟစ်တိုင် အဖွဲ့
သားများမှ အနူးအညွတ် တောင်းပန်ပါသည်။
အခု
၂၀၀၉ခုနှစ် မတ်လ
၂၇ရက် (၆၄နှစ်မြောက်
ဖက်ဆစ်တော်လှန်ရေးနေ
့)မှာ ကမ္ဘာတလွှားက
မြန်မာ စာဖတ်ပရိသတ်များ
အတွက် ဟစ်တိုင်
ပြန်လာပြီ ဖြစ်ကြောင်း
သတင်းကောင်းပါးလိုက်ရပါတယ်။
ယခုလာတဲ့ဟစ်တိုင်ကတော့
ယခင်မူရင်း ဟစ်တိုင်ဂျာနယ်
ကို စတင်တည်ထောင်သူများဖြစ်တဲ့
ကျွန်ုပ်တို့ 
ပြည်ပရောက် မြန်မာ့
နိုင်ငံရေးအကျဉ်းသား
ဟောင်းများအဖွဲ
့(ABEP) ရဲ
့ဦးဆောင်သူများဖြစ်တဲ့
ထိုင်းနိုင်ငံ၊နော်ဝေနိုင်ငံ၊ အမေရိကန်နိုင်ငံ
နှင့် နယ်သာလန်နိုင်ငံနှင့်
နိုင်ငံတကာရောက်
ရောက် အဖွဲ့သားများမှ
ပြန် လည် လှုပ်ရှားဆောင်ရွက်ကြမှာ
ဖြစ်ပါတယ်။
ဝက်ဘ်ဆိုဒ်လိပ်စာကိုလည်း
မြန်မာနိုင်ငံအတွင်းတွင် လက်ရှိ အသုံးပြုနေသော မိုင်မြန်မာဗားရှင်း နှင့်အညီ
သုံးနိုင်ရန်အတွက် အင်္ဂလိပ်စာ စာလုံးပေါင်းကို ပြင်ဆင်ပြီ့း (www.hittai.org)ဟုပြောင်းလဲလိုက်ပါသည်။
အကြောင်းမှာ မိုင်မြန်မာ ဗားရှင်းသည်
တက္ကသိုလ်ကျောင်းသုံး မြန်မာစာသတ်ပုံကျမ်းအရ အင်္ဂလိပ်စာနှင့် အညီရိုက်သော် ဟစ်တိုင်
စာလုံးပေါင်းကို hittai ဟု ရိုက်မှ မြန်မာလိုအမှန် ဟစ်တိုင်ထွက်ပါသည်။
hittaing ဟုရိုက်သော် မိုင်မြန်မာ ဗားရှင်း အရ ဟစ်တိုင်းဟု ထွက်နေသဖြင့် သဒ္ဒါအမှန် ဖြစ်စေရန် ၀က်ဆိုက်လိပ်စာကို (www.hittai.org) ပြောင်းလဲရခြင်းဖြစ်ပါသည်။
ဝက်ဘ်ဆိုဒ်
လိပ်စာကိုလည်း
လိပ်စာသစ်ဖြစ်တဲ့
(www.hittai.org)နှင့်
ကြည့်ရှုနိုင်ပါပြီ။၊
ယခင်လိပ်စာဟောင်း ဖြစ်သည့် (www.hittaing.org) နှင့်လည်း ကြည့်ရှု
နိုင်ပါတယ်။
ဆက်သွယ်ရန် အီးမေးလ်
လိပ်စာကိုလည်း
(editor.hittai@gmail.com) သို့ ပြောင်းလဲ ဆက်သွယ်နိုင်ပြီ
ဖြစ်ပါတယ်။
(ဟစ်တိုင် အယ်ဒီတာအဖွဲ
့)

မြန်မာ့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့
{www.abepexile.org}
Association of Burma Ex-political Prisoners {ABEP}







%201.jpg)
%202.jpg)

|