နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

 

၁။ ယမက၀ဂ္ဂ

Chapter 01

 

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။

မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။

တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

 

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော် လည်း ကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိ သကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

 

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.

 

၂။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။

မနသာ စေ ပသန္နေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။

တတော နံ သုခမနွေတိ၊ ဆာယာဝ အနပါယိနီ။

 

၂။ နာမ်ခန္ခာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့် ပြီးကုန် ၏၊ သန့်ရှင်းကြည်လင်သောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်း ကောင်း၊ ကြံစည်သော်လည်းကောင်း ထို(ပြောဆို ပြုလုပ် ကြံစည်)သောကြောင့် အရိပ်သည် (လူကို)မစွန့်မူ၍ အစဉ် လိုက်သကဲ့သို့ ထိုသူသို့ ချမ်းသာသည် အစဉ်လိုက်လေ၏။

 

2. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with pure mind, joy and peace will follow like a shadow that never leaves the body.

 

၃။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။

ယေ တံ ဥပနယှန္တိ၊ ဝေရံ တေသံ သမ္မတိ။

3. "He abused me, he injured me, and he robbed me"- those who have such thoughts in mind will not be free from hatred.

 

၃။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးဖွဲ့ကုန်၏၊ ထိုသူတို့အား ဖြစ်ပေါ်လာသည့်ရန်သည် မငြိမ်းအေးနိုင်။

 

၎။ အက္ကောစ္ဆိ မံ အ၀ဓိ မံ၊ အဇိနိ မံ အဟာသိ မေ။

ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသူပသမ္မတိ။

 

၎။ ဤသူသည် ငါ့ကို ဆဲရေးဖူးပြီ၊ ငါ့ကို ညှဉ်းဆဲဖူးပြီ၊ ငါ့ကိုအောင်နိုင်ဖူးပြီ၊ ငါ့ဥစ္စာကို ဆောင်ယူဖူးပြီဟု ထိုသူ့အပေါ်၌ ရန်ငြိုးမဖွဲ့ကုန်၊ ထိုသူတို့အား (ဖြစ်ပေါ်လာသည့်) ရန်သည် ပြေငြိမ်းနိုင်၏။

 

4. "He abused me, he injured me, and he robbed me"- those who do not have such thoughts in mind will be free from hatred.

 

၅။ ဟိ ဝေရေန ဝေရာနိ၊ သမ္မန္တီဓ ကုဒါစနံ။

အဝေရေန သမ္မန္တိ၊ ဧသ ဓမ္မော သနန္တနော။

 

၅။ ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာ ဓမ္မတာ သဘောပင်တည်း။

 

5. As a universal truth, hatred will never end by hatred: hatred will cease by loving kindness.

 

၆။ ပရေ ၀ိဇာနန္တိ၊ မယမေတ္တ ယမာမသေ။

ယေ တတ္ထ ၀ိဇာနန္တိ၊ တတော သမ္မန္တိ မေဓဂါ။

 

၆။ ဤလောက၌ လူမိုက်တို့သည် ငါတို့ သေကြလိမ့်မည်ဟု မသိကြကုန်၊ ထိုမသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင်ကုန်၊ ဤလောက၌ ပညာရှိသူတို့သည် ငါတို့သေကြလိမ့်မည်ဟု သိကြကုန်၏၊ ထိုသိမှုကြောင့် ခိုက်ရန်ငြင်းခုံမှုတို့သည် ပြေငြိမ်းနိုင်ကုန်၏။

 

6. The silly do not know that they must one day come to an end; but those who know this do not fight each other and their quarrels cease.

 

၇။ သုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု အသံဝုတံ။

ဘောဇနမှိ စာမတ္တညုံ၊ ကုသီတံ ဟီန၀ီရိယံ။

တံ ဝေ ပသဟတိ မာရော၊ ၀ါတော ရုက္ခံဝ ဒုဗ္ဗလံ။

 

၇။ တင့်တယ်၏ဟူ၍ အဖန်ဖန် ရှု၍နေသော ဣနြေ္ဒတို့၌ မစောင့်စည်းဘဲ ဘောဇဉ်၌ အတိုင်းအရှည်ကို မသိမူ၍ ၀ီ ရိယယုတ်လျော့ ပျင်းရိသူကို လေမုန်တိုင်းသည် အားနည်းသောသစ်ပင်ကို နှိပ်စက်ညှဉ်းဆဲဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် နှိပ်စက်နိုင်၏။

 

7. The person who lives as though the things of the world were pleasurable, with senses uncontrolled and food immoderate, lazy and weak will be overpowered by Mara (craving), like the wind throws down a weak tree.

 

၈။ အသုဘာနုပဿိံ ၀ိဟရန္တံ၊ ဣနြ္ဒိယေသု သုသံဝုတံ။

ဘောဇနမှိ မတ္တညုံ၊ သဒ္ဓံ အာရဒ္ဓ၀ီရိယံ။

တံ ဝေ နပ္ပသဟတိ မာရော၊ ၀ါတော သေလံဝ ပဗ္ဗတံ။

 

၈။ မတင့်တယ်ဟု အဖန်ဖန်ရှု၍နေသော ဣနြေ္ဒတို့၌ ကောင်းစွာ စောင့်စည်းလျက် ဘောဇဉ်၌ အတိုင်းအရှည်ကိုသိ၍ သဒ္ဓါတရားရှိသဖြင့် ထက်သန်သော လုံ့လရှိသူကို လေမုန်တိုင်းသည် ကျောက်တောင်ကြီးကို မနှိပ်စက် မညှဉ်းဆဲနိုင်ဘိသကဲ့သို့ (ကိလေသာ)မာရ်သည် စင်စစ် မနှိပ်စက်နိုင်။

 

8. The person who lives as though the things of the world were not pleasurable, with senses well controlled and food moderate, faithful and strong , will not be overpowered by Mara (craving), like a mountain unshaken by the wind.

 

၉။ အနိက္ကသာဝေါ ကာသာဝံ၊ ယော ၀တ္ထံ ပရိဒဟိဿတိ။

အပေတော ဒမသစ္စေန၊ သော ကာသာဝမရဟတိ။

 

၉။ (ဣနြေ္ဒကို)ဆုံးမခြင်းကင်း၍ မှန်ကန်စွာ ပြောဆိုခြင်းမရှိသော ကိလေသာဖန်ရေ မကင်းဘဲလျက် ဖန်ရည်စွန်း သော အ၀တ်(သင်္ကန်း)ကို ၀တ်သောသူသည်၊ ဖန်ရည် စွန်းသော အ၀တ်(သင်္ကန်း)နှင့် မထိုက်တန်။

 

9. One, who puts yellow robe with a soul which is impure, lacks in self-control (composure) and disregardful of truth is unworthy of the yellow robe.

 

၁၀။ ယော ၀န္တကသာဝဿ၊ သီလေသု သုသမာဟိတော။

ဥပေတော ဒမသစ္စေန၊ ဝေ ကာသာဝမရဟတိ။

၁၀။ ဣနြေ္ဒတို့ကိုဆုံးမလျက် မှန်ကန်စွာ ပြောဆိုခြင်းရှိသော ကိလေသာဖန်ရေကို ထွေးအန်ပြီး၍ သီလတို့၌ ကောင်းစွာ စောင့်ထိန်းသူသည်သာလျှင် ဖန်ရည်စွန်းသောအ၀တ်နှင့် ထိုက်တန်၏။

 

10. One who is pure from sin and whose soul is strong in virtue, who has self-control and regards truth is indeed worthy of the yellow robe.

 

၁၁။ အသာရေ သာရမတိနော၊ သာရေ စာသာရဒဿိနော။

တေ သာရံ နာဓိဂစ္ဆန္တိ၊ မိစ္ဆာသင်္ကပ္ပဂေါစရာ။

 

၁၁။ အနှစ်မရှိသောတရား၌ အနှစ်ရှိ၏ဟု အယူရှိကြကုန်၏၊ အနှစ်ရှိသော တရား၌မူကား အနှစ်မရှိဟု အယူရှိကြကုန်၏၊ ထိုသူတို့သည် မှားသော ကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိကြကုန်ရကား အနှစ် ရှိသောတရားကို မရနိုင်ကြကုန်။

 

11.Those who consider truth in untruth, and see untruth in truth, do not reach the truth, lost in the path of wrong views.

 

၁၂။ သာရဉ္စ သာရတော ဉတွာ၊ အသာရဉ္စ အသာရတော။

တေ သာရံ အဓိဂစ္ဆန္တိ၊ သမ္မာသင်္ကပ္ပဂေါစရာ။

 

၁၂။ အနှစ်ရှိသောတရားကိုလည်း အနှစ်ရှိသောတရားဟူ၍ အနှစ်မရှိသောတရားကိုလည်း အနှစ် မရှိသောတရားဟူ၍ သိကြကုန်သောကြောင့် ထိုသူတို့သည် မှန်ကန်သောကြံစည်မှုလျှင် (ကျက်စားရာ)အာရုံ ရှိ ကုန်ရကား အနှစ်ရှိသော တရားကို ရနိုင်ကြကုန်၏။

 

12. Those who consider truth in truth and untruth in untruth arrive at truth and follow true desires as they hold right views.

 

၁၃။ ယထာ အဂါရံ ဒုစ္ဆန္နံ၊ ၀ုဋ္ဌီ သမတိဝိဇ္ဈတိ။

ဧ၀ံ အဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

 

၁၃။ အိမ်ကို မကောင်းသဖြင့် မိုးအပ်သည်ရှိသော် မိုးရေသည် ဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ မပွားထုံအပ်သည်ရှိသော် ရာဂသည် ဖောက်ဝင်နိုင်၏။

 

13. As rain penetrates the poorly thatched house that is poorly roofed, passion (raga) penetrates the unguarded mind.

 

၁၄။ ယထာ အဂါရံ သုဆန္နံ၊ ၀ုဋ္ဌီ န သမတိဝိဇ္ဈတိ။

ဧ၀ံ သုဘာဝိတံ စိတ္တံ၊ ရာဂေါ သမတိဝိဇ္ဈတိ။

 

၁၄။ အိမ်ကို ကောင်းစွာမိုးအပ်သည်ရှိသော် မိုးရေသည် မဖောက်ဝင်နိုင်သကဲ့သို့ စိတ်ကို (သမထ၊ ၀ိပ ဿနာတို့ဖြင့်) ကောင်းစွာ ပွားထုံအပ်သည်ရှိသော် ရာဂသည် မဖောက်ဝင်နိုင်။

 

14. As rain does not penetrate the well-guarded house, so passion (raga) does not penetrate the well-guarded mind.

 

၁၅။ ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။

သော သောစတိ သော ၀ိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။

 

၁၅။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း စိုးရိမ်ရ၏၊ တမလွန်ဘ၀၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း စိုးရိမ်ရ၏၊ ထိုမကောင်းမှုပြုသူသည် မိမိ၏ညစ်နွမ်းသော ကံကို သိမြင်၍ စိုးရိမ်ရ ပင်ပန်းရ၏။

 

15. The evil-doer suffers in this world and he suffers in the next, the man who does evil suffers in both worlds. He suffers and mourns when he sees the wrong he has done.

 

၁၆။ ဣဓ မောဒတိ ပေစ္စ မောဒတိ၊ ကတပုညော ဥဘယတ္ထ မောဒတိ။

သော မောဒတိ သော ပမောဒတိ၊ ဒိသွာ ကမ္မ၀ိသုဒ္ဓိမတ္တနော။

 

၁၆။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း ၀မ်းမြောက်ရ၏၊ တမလွန်ဘ၀၌လည်း ၀မ်းမြောက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ၀မ်းမြောက်ရ၏၊ ထိုကောင်းမှုပြုသူသည် မိမိ၏ စင်ကြယ်သောကံကို သိမြင်ရ၍ ၀မ်း မြောက်ရ အလွန်ဝမ်းမြောက်ရ၏။

 

16. The virtuous person is happy in this world and after death, happy in both. Seeing the purity of his own action, he feels glad when he sees the good he has done.

 

၁၇။ ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ၊ ပါပကာရီ ဥဘယတ္ထ တပ္ပတိ။

ပါပံ မေ ကတန္တိ တပ္ပတိ၊ ဘိယျော တပ္ပတိ ဒုဂ္ဂတိံ ဂတော။

 

၁၇။ မကောင်းမှုပြုသူသည် ဤဘ၀၌လည်း ပူပန်ရ၏၊ တမလွန်ဘ၀၌လည်း ပူပန်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း ပူပန်ရ၏၊ ငါသည် မကောင်းမှုကို ပြုမိပြီဟု ပူပန်ရ၏၊ ဒုဂ္ဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန် ပူပန်ရ၏။

 

17. The evil-doer suffers in this world and, he suffers in the next, he suffers in both. He suffers when he thinks of the evil he has done: he suffers even more when he has gone in the evil path to hell.

 

၁၈။ ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊ ကတပုညော ဥဘယတ္ထ နန္ဒတိ။

ပုညံ မေ ကတန္တိ နန္ဒတိ၊ ဘိယျော နန္ဒတိ သုဂ္ဂတိံ ဂတော။

 

၁၈။ ကောင်းမှုပြုသူသည် ဤဘ၀၌လည်း နှစ်သက်ရ၏၊ တမလွန်ဘ၀၌လည်း နှစ်သက်ရ၏၊ ပစ္စုပ္ပန် တမလွန် ဘ၀နှစ်တန်တို့၌လည်း နှစ်သက်ရ၏၊ ငါသည် ကောင်းမှုကို ပြုအပ်ပြီဟု နှစ်သက်ရ၏၊ သုဂတိဘုံဘ၀သို့ ရောက်ပါမူကား အလွန်နှစ်သက်ရ၏။

 

18. The virtuous man rejoices in this world, and he rejoices in the next world: the man who does well rejoices in both worlds. "I have done good deed", thus he rejoices and even happier when he has gone on the good path to heaven.

 

၁၉။ ဗဟုမ္ပိ စေ သံဟိတ ဘာသမာနော၊ တက္ကရော ဟောတိ နရော ပမတ္တော။

ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ၊ ဘာဂ၀ါ သာမညဿ ဟောတိ။

 

၁၉။ နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့ အရသာကို မခံစား ရသကဲ့သို့၊ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ် သုံးပုံဟူသော ဘုရားစကား တော်ကို များစွာပြောဟောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့ တန်နေသောသူသည် ပြုထိုက်သည်ကိုပြုသည် မမည်၊ မဂ်ဖိုလ်အရသာကို မခံစားရ။

 

19. If a man speaks many religious words of the Buddha (Tipita-ka) but does not put it into practice, this thoughtless man cannot enjoy the life of religion, like a cowherd counting others' cows, without knowing the taste of the milk.

 

၂၀။ အပ္ပမ္ပိ စေ သံဟိတ ဘာသမာနော၊ ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။

ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊ သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။

အနုပါဒိယာနော ဣဓ ၀ါ ဟုရံ ၀ါ၊ ဘာဂ၀ါ သာမညဿ ဟောတိ။

 

၂၀။ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို အနည်းငယ်မျှပင် ပြောဟောနေပါသော်လည်း တရားအားလျော်သော အကျင့်ကို ကျင့်လေ့ရှိသူဖြစ်ခဲ့မူ ရာဂ ဒေါသ မောဟကို ပယ်ပြီးလျှင် ကောင်းစွာ အပြားအားဖြင့် သိသည် ဖြစ်၍ (ကိလေသာတို့မှ)လွတ်သော စိတ်ရှိသည်ဖြစ်လျက် ဤလောက၌ လည်းကောင်း၊ တမလွန် လောက၌ လည်းကောင်း စွဲလမ်းမှုမရှိတော့ပြီ၊ ထိုသူသည်သာ မဂ်ဖိုလ်အရသာကို ခံစားရ၏။

 

20. If a man speaks a few religious words and yet he lives the life of those words (Dhamma), free from passion, hatred and illusion – with right vision and a free mind, craving for nothing both now and hereafter – the life of this man is a life of faithfulness in religion. <br><br>

----------------------------------------------

၂။ အပ္ပမာဒ၀ဂ္ဂ

Chapter 02

 

၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။

အပ္ပမတ္တာ မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

 

၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

 

21. Awareness is the path to the deathless (Nibbana), unawareness, the path of death. Those who are aware do not die; those who are unaware are as if dead already.

 

၂၂။ ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။

အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

 

၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်း ၀မ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

 

22. Those who, with a clean mind have seen this truth, those who are wise and ever-watchful, they feel the joy of watchfulness, the joy of the path of the Noble Ones (Ariyas).

 

၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။

ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

 

၂၃။ ထိုပညာရှိတို့သည် (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။

23. And the wise who devote themselves to meditation and in deep contemplation with ever-living power advance on the path, they in the end reach Nibbana, incomparable release from bonds.

 

၂၄။ ဥဋ္ဌာန၀တော သတီမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။

သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎုတိ။

 

၂၄။ ထကြွလုံ့လရှိသူ၊ သတိရှိသူ၊ စင်ကြယ်သောကံ သုံးပါးရှိသူ၊ စူးစမ်း၍ပြုလေ့ရှိသူ (ဣနြေ္ဒကို) စောင့်စည်း သူ၊ တရားသဖြင့် အသက်မွေးသူ၊ မမေ့လျော့သူအား အခြွေအရံ အကျော်အစောသည် တိုးပွား၏။

 

24. Energetic, alert, ever mindful, pure in deed, careful in action, self-controlled, living in accordance with truth (right livelihood), that person will arise in glory.

 

၂၅။ ဥဋ္ဌာနေနပ္ပမာဒေန၊ သံယမေန ဒမေန စ။

ဒီပံ ကယိရာထ မေဓာဝီ၊ ယံ သြဃော နာဘိကီရတိ။

 

၂၅။ ထကြွလုံ့လနှင့်လည်းကောင်း၊ မမေ့လျော့ခြင်းနှင့် လည်းကောင်း၊ (သီလ) စောင့်စည်းခြင်း နှင့်လည်း ကောင်း၊ (ဣနြေ္ဒကို) ဆုံးမခြင်းနှင့် လည်းကောင်း ပြည့်စုံသော ပညာရှိသည် သံသရာတည်းဟူသော သမုဒ္ဒရာ၌ အရဟတ္တဖိုလ်တည်းဟူသော မှီခိုရာကျွန်းကို ပြုလုပ်ရာ၏၊ ယင်းသည့် ကျွန်းကို ကိလေသာ ရေလျဉ်သည် မဖျက်ဆီးနိုင်တော့ပြီ။

 

25. By earnestness, by mindfulness, by restraint and self-control (with regard to moral precepts), the wise man could make an island (in the sea of mental defilements) that a flood of passion cannot sweep away.

 

၂၆။ ပမာဒမနုယုဉ္ဇန္တိ၊ ဗာလာ ဒုမ္မေဓိနော ဇနာ။

အပ္ပမာဒဉ္စ မေဓာဝီ၊ ဓနံ သေဋ္ဌံဝ ရက္ခတိ။

 

26. Foolish and unintelligent people engage in unawareness. But the wise one guards awareness like the greatest treasure.

 

၂၆။ ပညာမဲ့၍ မိုက်သောသူတို့သည် မေ့လျော့မှုကို အားထုတ်ကြကုန်၏၊ ပညာရှိသည်ကား မမေ့လျော့ခြင်းကို အမြတ်ဆုံး ဥစ္စာကဲ့သို့ စောင့်ရှောက်၏။

 

၂၇။ မာ ပမာဒမနုယုဉ္ဇေထ၊ မာ ကာမရတိသန္ထ၀ံ။

အပ္ပမတ္တော ဟိ ဈာယန္တော၊ ပပ္ပေါတိ ၀ိပုလံ သုခံ။

 

၂၇။ ထို့ကြောင့် သင်တို့သည် မေ့လျော့မှုကို အားမထုတ်ကြကုန်လင့်၊ ကာမတို့၌ မွေ့လျော်မှုဟုဆိုသော တဏှာနှင့် အကျွမ်းဝင်မှုကို အားမထုတ်ကြကုန်လင့်၊ အဘယ့်ကြောင့်ဆိုသော် မမေ့မလျော့ (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်တတ်သောသူသည် မြတ်သော (နိဗ္ဗာန်)ချမ်းသာသို့ ရောက်နိုင်သောကြောင့်တည်း။

 

27. Do not indulge in negligence, do not be intimate with attachment to lust and desires. The vigilant one who is established in mindfulness and aware can gain Nibbana, the joy supreme.

 

၂၈။ ပမာဒံ အပ္ပမာဒေန၊ ယဒါ နုဒတိ ပဏ္ဍိတော။

ပညာပါသာဒမာရုယှ၊ အသောကော သောကိနိံ ပဇံ။

ပဗ္ဗတဋ္ဌောဝ ဘူမဋ္ဌေ၊ ဓီရော ဗာလေ အဝေက္ခတိ။

 

၂၈။ ပညာရှိသည် မေ့လျော့မှုကို မမေ့လျော့မှုဖြင့် ပယ်ဖျောက်၏၊ စိုးရိမ်မှုကင်းသော ရဟန္တာ သည် ဒိဗ္ဗစက္ခုဟုဆိုအပ်သော ပညာပြာသာဒ်ထက်သို့တက်၍ စိုးရိမ်မှုရှိသော သတ္တ၀ါအပေါင်းကို ရှုကြည့်၏၊ တောင်ထိပ်၌တည်သောသူသည် မြေပြင်၌တည်သောသူတို့ကို ရှုကြည့်သကဲ့သို့ ပညာရှိ ရဟန္တာသည် (ပုထုဇဉ်)သူမိုက်တို့ကို ရှုကြည့်၏။

 

28. The wise expels unawareness by awareness, negligence by vigilance, climbing the tower of wisdom, sorrow less, the wise one (the Arahant) looks down upon the sorrowing crowd as one standing on the mountain looks down those standing on the ground below.

 

၂၉။ အပ္ပမတ္တော ပမတ္တေသု၊ သတ္တေသု ဗဟုဇာဂရော။

အဗလဿံဝ သီဃေဿာ၊ ဟိတွာ ယာတိ သုမေဓသော။

 

၂၉။ လျင်မြန်သောမြင်းသည် ခွန်အားနည်းသောမြင်းကို ချန်၍ သွားသကဲ့သို့၊ မေ့လျော့သူ အပေါင်းတို့တွင် မမေ့လျော့သောပညာရှိသည် မေ့လျော့သူကိုချန်ထား၍ သွား၏၊ သတိလွတ်ကင်း နိုးကြားခြင်း မရှိသူ အပေါင်း တို့တွင် သတိပွားများ နိုးကြားသူသည် (သတိလွတ်ကင်း နိုးကြားခြင်း မရှိသူများကို) စွန့်ထား၍သွား၏။

 

29. Watchful among the unwatchful, vigilant among the heedless, the wise man like a swift horse runs his race, outrunning those leaving behind who are slow.

 

၃၀။ အပ္ပမာဒေန မဃ၀ါ၊ ဒေ၀ါနံ သေဋ္ဌတံ ဂတော။

အပ္ပမာဒံ ပသံသန္တိ၊ ပမာဒေါ ဂရဟိတော သဒါ။

၃၀။ မာဃလုလင်သည် (ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကြောင့် နတ်တို့၏ အထွတ်အထိပ်သို့ရောက်၏၊ (ပညာရှိတို့သည် ကုသိုလ်ကောင်းမှု၌) မမေ့လျော့ခြင်းကို ချီးမွမ်းကုန်၏၊ (ကုသိုလ် ကောင်းမှု၌) မေ့လျော့ခြင်း ကို အခါခပ်သိမ်း ကဲ့ရဲ့အပ်၏။

 

30. Magha young man rose to the lordship of the gods by mindfulness (in doing meritorious deeds). The wise praise earnestness; negligence in doing virtuous deeds is always blamed.

 

၃၁။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။

သံယောဇနံ အဏုံ ထူလံ၊ ဍဟံ အဂ္ဂီဝ ဂစ္ဆတိ။

 

၃၁။ မီးသည် ကြီးငယ်မရှောင် လောင်စာဟူသမျှကို လောင်ကျွမ်းသကဲ့သို့ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့ မှု ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် ကြီးငယ်မဟူ သံယောဇဉ်အားလုံးကို လောင်ကျွမ်းစေလျက် (နိဗ္ဗာန်သို့)သွား၏။

 

31. The monk who delights in awareness and fears negligence goes to Nibbana destroying all fetters like a fire burning all obstacles both great and small.

 

၃၂။ အပ္ပမာဒရတော ဘိက္ခု၊ ပမာဒေ ဘယဒဿိ ၀ါ။

အဘဗ္ဗော ပရိဟာနာယ၊ နိဗ္ဗာနေဿဝ သန္တိကေ။

 

၃၂။ မမေ့လျော့မှု၌ မွေ့လျော်၍ မေ့လျော့မှု၌ ဘေးဟု ရှုလေ့ရှိသော ရဟန်းသည် (မဂ်ဖိုလ်တို့မှ) ဆုတ်ယုတ် ခြင်းငှါ မထိုက်၊ နိဗ္ဗာန်၏ အနီး၌သာလျှင် ဖြစ်၏။

 

32. The monk who delights in awareness and fears in negligence cannot fall away (from his perfect state) – he is very close upon Nibbana.

-----------------------------------------------

၃။ စိတ္တ၀ဂ္ဂ

Chapter 03

 

၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။

ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

 

33. The mind is restless, unsteady, hard to guard, hard to control. The wise man makes it straight, like a Fletcher straightens his arrows.

၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။

 

၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။

ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

 

၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။

 

34. Like a fish quivers when taken out from his watery home and thrown on land, our mind struggles to get free from the power of Mara's sway (kilesas, moral defilements).

 

၃၅။ ဒုန္နိဂ္ဂဟဿ လဟုနော၊ ယတ္ထကာမနိပါတိနော။

စိတ္တဿ ဒမထော သာဓု၊ စိတ္တံ ဒန္တံ သုခါဝဟံ။

 

၃၅။ နှိမ်နင်းရန်ခဲယဉ်း၍ လျင်မြန်သောသဘောရှိသော အလိုရှိရာအာရုံ၌ ကျလေ့ရှိသောစိတ်ကို ဆုံးမခြင်း သည်ကောင်း၏၊ (ဆုံးမပြီး၍)ယဉ်ကျေးသောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

 

35. It is good to tame the mind, which is difficult to restrain. It flies after fancies wherever it likes. A disciplined mind brings happiness.

 

၃၆။ သုဒုဒ္ဒသံ သုနိပုဏံ၊ ယတ္ထကာမနိပါတိနံ။

စိတ္တံ ရက္ခေထ မေဓာဝီ၊ စိတ္တံ ဂုတ္တံ သုခါဝဟံ။

 

၃၆။ အလွန့်အလွန်မြင်နိုင်ခဲသော အလွန့်အလွန်သိမ်မွေ့သော အလိုရှိရာအာရုံ၌ ကျလေ့ရှိသော စိတ်ကို ပညာ ရှိသည် စောင့်ရှောက်ရာ၏၊ စောင့်ရှောက်ထားအပ်သောစိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။

 

36. Invisible and subtle is the mind, and it flies after fancies wherever it likes, but let the wise man guard well his mind, for a mind well-guarded is a source of great joy.

 

၃၇။ ဒူရင်္ဂမံ ဧကစရံ၊ အသရီရံ ဂုဟာသယံ။ (ဧကစာရံ)

ယေ စိတ္တံ သံယမိဿန္တိ၊ မောက္ခန္တိ မာရဗန္ဓနာ။

 

၃၇။ အဝေးသို့သွားတတ်သော တစ်ဦးတည်းကျက်စားသော ကိုယ်ကောင်အထည်မရှိသော (ဟဒယ ၀တ္ထု)လိုဏ်ဂူ၌မှီသောစိတ်ကို အကြင်သူတို့သည် စောင့်စည်း(ချုပ်တည်း)ကြကုန်၏၊ (ထိုသူတို့သည်) မာရ်အနှောင်အဖွဲ့မှ လွတ်ကြကုန်လတ္တံ့။

 

37. Those who control their mind which travels far, moves about alone, hides in the chamber of the heart, are free from the bonds of Mara ( the tempter).

 

၃၈။ အန၀ဋ္ဌိတစိတ္တဿ၊ သဒ္ဓမ္မံ အ၀ိဇာနတော။

ပရိ ပ္လ၀ပသာဒဿ၊ ပညာ ပရိပူရတိ။

 

၃၉။ အန၀ဿုတစိတ္တဿ၊ အနနွာဟတစေတသော။

ပုညပါပပဟီနဿ၊ နတ္ထိ ဇာဂရတော ဘယံ။

 

၃၈။ မတည်တံ့သောစိတ်ရှိသော သူတော်ကောင်းတရားကို မသိသော ပေါလောပေါ်သော ယုံကြည်မှုရှိသူအား ပညာသည် မပြည့်စုံ။

 

၃၉။ (ရာဂ)မစိုစွတ်သောစိတ်ရှိသော၊ (ဒေါသ)ထိခိုက်သောစိတ်မရှိသော ကောင်းမှုမကောင်းမှုကို ပယ်ပြီးသော နိုးကြားသောပုဂ္ဂိုလ်အား ဘေးသည်မရှိ။

 

38. He whose mind is unsteady, who knows not the path of truth (Dhamma), whose faith in peace is wavering, he shall never reach fullness of wisdom.

 

39. For the wakeful one whose mind is free from passion, whose thoughts are undisturbed, who has given up both good and evil, there is no fear.

 

၄၀။ ကုမ္ဘူပမံ ကာယမိမံ ၀ိဒိတွာ၊ နဂရူပမံ စိတ္တမိဒံ ဌပေတွာ။

ယောဓေထ မာရံ ပညာဝုဓေန၊ ဇိတဉ္စ ရက္ခေ အနိဝေသနော သိယာ။

 

၄၀။ (သုံးဆယ့်နှစ်ကောဋ္ဌာသ) ခန္ဓာကိုယ်ကို အိုးနှင့်တူ၏ဟုသိ၍ ဤစိတ်ကို မြို့နှင့်တူ၏ဟု ဉာဏ်၌သက်ဝင် စေလျက် ပညာလက်နက်ဖြင့် ကိလေသာမာရ်ကို တိုက်ခိုက်ရာ၏၊ (တိုက်ခိုက်၍) အောင်သော တရားကိုလည်း ကပ်ငြိတွယ်တာခြင်းမရှိဘဲ စောင့်ရှောက်ထားရာ၏။

 

40. Knowing this body to be like an earthen jar, making the mind like a fortified city, one should fight Mara (all temptations) with the weapon of knowledge and continue to guard the mind on what has been gained – without attachment to it.

 

၄၁။ အစိရံ ၀တယံ ကာယော၊ ပထ၀ိံ အဓိသေဿတိ။

ဆုဒ္ဓေါ အပေတ၀ိညာဏော၊ နိရတ္ထံဝ ကလိင်္ဂရံ။

 

၄၁။ ဤခန္ဓာကိုယ်သည် ၀ိညာဉ်ကင်းခဲ့သော် အသုံးမကျသော ထင်းတုံးကဲ့သို့ စွန့်ပစ်အပ်သည် ဖြစ်၍ မကြာမှီသာလျှင် မြေပေါ်၌ အိပ်ရလိမ့်တကား။

 

41. For before long, this body will lifeless lie on the ground, without consciousness, abandoned like a useless log.

 

၄၂။ ဒိသော ဒိသံ ယံ တံ ကယိရာ၊ ဝေရီ ၀ါ ပန ဝေရိနံ။

မိစ္ဆာပဏိဟိတံ စိတ္တံ၊ ပါပိယော နံ တတော ကရေ။

 

၄၂။ ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊

ရန်သူတစ်ယောက် သည် ရန်သူတစ်ယောက်ကို(မြင်သော်) ပျက်စီးအောင် ပြုရာ၏၊ မကောင်းသဖြင့် ထားအပ်သောစိတ်သည် ကား ထို စိတ်ရှိသူကို ထို့ထက်ပင် ယုတ်ညံ့အောင် ပြုနိုင်၏။

 

42. What an enemy may do to an enemy, or a hater to a hater, but a man's own mind, if wrongly directed, can do him a far greater harm.

 

၄၃။ တံ မာတာ ပိတာ ကယိရာ၊ အညေ ၀ါပိ ဉာတကာ။

သမ္မာပဏိဟိတံ စိတ္တံ၊ သေယျသော နံ တတော ကရေ။

 

၄၃။ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို အမိအဖသည် မပြုနိုင်၊ တစ်ပါးသော ဆွေမျိုးတို့သည် လည်း မပြုစွမ်းနိုင်ကုန်၊ ထို လူ နတ် နိဗ္ဗာန် သုံးတန်သော ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော စိတ်သည် သာလျှင် ထိုမိဖဆွေမျိုးတို့ထက် တစ်ဆင့်ထက်တစ်ဆင့် မြင့်မြတ်အောင် ပြုစွမ်းနိုင်၏။

 

43. Not mother, neither father, nor any other relatives will do well to a man, but his own right directed mind can do it to him for his well-being.

-------------------------------------------------------

၎။ ပုပ္ဖ၀ဂ္ဂ

Chapter 04

 

၄၄။ ကော ဣမံ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။

ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

 

 

၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်အံ့နည်း၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကိုရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို အဘယ်သူသည် ရွေးချယ်စိစစ်နိုင်အံ့နည်း။

 

44. Who will conquer this world, and the world of the gods, and the world of Yama (hell, the four apayas)? Who will find the clear path of perfection, even as an expert florist who picks flowers finds the most beautiful flower?

 

၄၅။ သေခေါ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။

သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

 

၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ့၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ်စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို သေက္ခပုဂ္ဂိုလ်သည် ရွေးချယ်စိစစ်နိုင်လတံ္တ့။

 

45. The disciple (the ariya) can examine the earth, the world of Yama and the world of the gods. The disciple can find out the well-taught path of virtue, even as an expert picks out the right flower.

 

၄၆။ ဖေဏူပမံ ကာယမိမံ ၀ိဒိတွာ၊ မရီစိဓမ္မံ အဘိသမ္ဗုဓာနော။

ဆေတွာန မာရဿ ပပုပ္ဖကာနိ၊ အဒဿနံ မစ္စုရာဇဿ ဂစ္ဆေ။

 

၄၆။ ဤခန္ဓာကိုယ်ကို ရေမြှုပ်နှင့်တူသည်ဟု သိ၍ တံလျှပ်သဘောရှိသည်ဟု (ဉာဏ်ဖြင့်) ထိုးထွင်း၍သိလျက် မာရ်နတ်၏ ပန်းခိုင်သဖွယ်ဖြစ်ကုန်သော ၀ဋ်သုံးပါးတို့ကို ဖြတ်ပြီးလျှင် သေမင်းမမြင်ရာ (နိဗ္ဗာန်)သို့ သွားရာ၏။

 

46. Knowing this body to be like foam, realizing its mirage-nature, cutting out Mara's flowers of sensuous passions, one may go beyond the sight of the King of Death.

 

၄၇။ ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။

သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

 

၄၇။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့်စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူသွားသကဲ့သို့ သေမင်းသည် သိမ်းယူ၍သွား၏။

 

47. Death carries away the person who gathers the flowers of sensuous passions, when as a torrent of rushing waters carries away a sleeping village.

 

၄၈။ ပုပ္ဖါနိ ဟေ၀ ပစိနန္တံ၊ ဗျာသတ္တမနသံ နရံ။

အတိတ္တညေ၀ ကာမေသု၊ အန္တကော ကုရုတေ ၀သံ။

 

၄၈။ ပန်းတို့ကို ကောင်းနိုးရာရာ ဆွတ်ခူးသောသူကဲ့သို့ ကာမဂုဏ်တို့ကို ဆွတ်ခူးလျက် မရသေးသည်ကို တောင့်တ၊ ရပြီးသည်ကို တွယ်တာ၊ လွန်စွာကပ်ငြိသည့်စိတ်ရှိသော ကာမဂုဏ်တို့၌ မရောင့်ရဲနိုင်သောသူကို သေမင်းယုတ်သည် မိမိအလိုအတိုင်း ပြုနိုင်၏။

 

48. Death, the end of all, makes an end of the person with an attached mind, who ever thirsty for desires, gathers the flowers of sensuous passions.

 

၄၉။ ယထာပိ ဘမရော ပုပ္ဖံ၊ ၀ဏ္ဏဂန္ဓမဟေဌယံ။

ပလေတိ ရသမာဒါယ၊ ဧ၀ံ ဂါမေ မုနီ စရေ။

 

၄၉။ ပျားပိတုန်းသည် ပန်းပွင့်ကိုလည်းကောင်း၊ အဆင်းအနံ့ကိုလည်းကောင်း မပျက်စီးစေဘဲ ပန်းဝတ်ရည်ကိုသာ စုပ်ယူပျံသွားသကဲ့သို့ ရွာ၌ ရဟန်းသည် ပန်းတည်းဟူသော သဒ္ဓါတရားနှင့် အဆင်းအနံ့ဟူသော စည်းစိမ်ဥစ္စာကို မပျက်စီးစေဘဲ ကျင့်ရာ၏။

 

49. Just as the bee takes the nectar and leaves without damaging the color or scent of the flowers, so should a sage (the monk) wander through a village (without affecting faith and generosity of the villagers).

 

၅၀။ ပရေသံ ၀ိလောမာနိ၊ ပရေသံ ကတာကတံ။

အတၱေနာ၀ အေ၀ကၡယ်၊ ကတာနိ အကတာနိ စ။

 

၅၀။ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတစ်ပါးတို့၏ ကောင်းမှုမကောင်းမှု ပြုမပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှုမကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။

 

50. Do not look at the faults of others, or what others have done or not done. One should rather think what by oneself has done or not done.

 

၅၁။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ အဂန္ဓကံ။

ဧ၀ံ သုဘာသိတာ ၀ါစာ၊ အဖလာ ဟောတိ အကုဗ္ဗတော။

 

၅၁။ အဆင်းသာရှိ၍ အနံ့မရှိသော တင့်တယ်လှပသော (ပေါက်ပွင့်စသော)ပန်းသည် ပန်ဆင်သူအား အနံ့တည်းဟူသောအကျိုးကို မဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (အဆုံးအမ)စကားတော်သည် မလိုက်နာ မကျင့်ကြံသူအား အကျိုးကို မဆောင်နိုင်။

 

51. Just as a beautiful flower, that is colorful but scentless, so is a well-preached words of the Buddha fruitless for the person who does not put them into practice.

 

၅၂။ ယထာပိ ရုစိရံ ပုပ္ဖံ၊ ၀ဏ္ဏ၀န္တံ သဂန္ဓကံ။

ဧ၀ံ သုဘာသိတာ ၀ါစာ၊ သဖလာ ဟောတိ ကုဗ္ဗတော။

 

၅၂။ အဆင်းအနံ့ပြည့်စုံ၍ တင့်တယ်လှပသော စံပယ်စကားစသော ပန်းသည် ပန်ဆင်သူအား အနံ့ တည်းဟူသောအကျိုးကို ဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော (ပိဋကတ်) စကားတော်သည် လိုက်နာကျင့်ကြံသူအား အကျိုးကို ဆောင်နိုင်၏။

 

52. Just as a beautiful flower that is colorful and fragrant, so is a well-preached words of the Buddha fruitful for the person who puts them into practice.

 

၅၃။ ယထာပိ ပုပ္ဖရာသိမှာ၊ ကယိရာ မာလာဂုဏေ ဗဟူ။

ဧ၀ံ ဇာတေန မစ္စေန၊ ကတ္တဗ္ဗံ ကုသလံ ဗဟုံ။

 

၅၃။ ပန်းစုပန်းပုံအတွင်းမှ များစွာသောပန်းကုံးတို့ကို သီကုံးပြုလုပ်သကဲ့သို့ ဖြစ်ပေါ်လာသော သတ္တ၀ါသည် ဥစ္စာသဒ္ဓါတည်းဟူသော အစုအပုံအတွင်းမှ မြောက်မြားစွာသော ကုသိုလ်ကောင်းမှုကို ပြုရာ၏။

 

53. Even as one may make many kinds of wreaths from a heap of flowers, so by a mortal in this life there is much good work to be done ( with wealth, faith and generosity).

 

၅၄။ ပုပ္ဖဂန္ဓော ပဋိဝါတမေတိ၊ စန္ဒနံ တဂရမလ’ိကာ ၀ါ။

သတဉ္စ ဂန္ဓော ပဋိဝါတမေတိ၊ သဗ္ဗာ ဒိသာ သပ္ပုရိသော ပ၀ါယတိ။

 

၅၄။ ပန်းအနံ့သည် လေညာသို့မသွား၊ စန္ဒကူးအနံ့ တောင်ဇလပ်ပန်းအနံ့ စံပယ်ကြက်ရုံးပန်း အနံ့သည်လည်း လေညာသို့မသွား၊ သူတော်ကောင်းတို့၏အနံ့သည်သာ လေညာသို့သွား၏၊ သူတော်ကောင်းတို့၏ ဂုဏ်သတင်းသည် အရပ်မျက်နှာ အားလုံးတို့သို့ ပျံ့နှံ့လှိုင်ကြူ၏။

 

 

54. The scent of flowers does not go against the wind, not sandalwood, tagara, nor jasmine; but the reputation of virtuous persons spread against the wind even to all directions.

 

၅၅။ စန္ဒနံ တဂရံ ၀ါပိ၊ ဥပ္ပလံ အထ ၀ဿိကီ။

ဧတေသံ ဂန္ဓဇာတာနံ၊ သီလဂန္ဓော အနုတ္တရော။

 

၅၅။ စန္ဒကူးအနံ့သည်လည်းကောင်း၊ တောင်ဇလပ်ပန်းအနံ့သည်လည်းကောင်း၊ ကြာညိုပန်းအနံ့သည် လည်းကောင်း၊ မြလေးပန်းအနံ့သည်လည်းကောင်းရှိ၏၊ ထိုပန်းရနံ့ အမျိုးမျိုးတို့ထက် သီလသည်သာ အတုမရှိ မြတ်၏။

 

55. Sandalwood, Tagara, a lotus-flower or a vassiki, even among such fragrant things, the fragrance of virtuous conduct is best of all.

 

၅၆။ အပ္ပမတ္တော အယံ ဂန္ဓော၊ ယာယံ တဂရစန္ဒနီ။

ယော သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။

 

၅၆။ တောင်ဇလပ် စန္ဒကူးပန်းတို့၏ အနံ့သည် မပြောပလောက် အနည်းငယ်မျှသာဖြစ်၏၊ သီလရှိသောသူတို့၏ သီလအနံ့သည်သာ ထူးကဲလွန်မြတ်သည်ဖြစ်၍ နတ်ပြည်တို့၌လှိုင်၏။

 

56. Not very far goes the fragrance of flowers, even that of rose-bay or of sandalwood; but the fragrance of virtuous people is supreme, reaching even to the abodes of the devas (gods).

 

၅၇။ တေသံ သမ္ပန္နသီလာနံ၊ အပ္ပမာဒ၀ိဟာရိနံ။

သမ္မဒညာ ၀ိမုတ္တာနံ၊ မာရော မဂ္ဂံ ၀ိန္ဒတိ။

 

၅၇။ ပြည့်စုံသော သီလရှိကုန်သော မမေ့မလျော့နေလေ့ရှိကုန်သော ကောင်းစွာ ဉာဏ်ဖြင့်သိ၍ ကိလေသာမှ လွတ်မြောက်သော ထိုသူတို့၏ သွားရာလမ်းကြောင်းကို မာရ်နတ်သည် မသိ မတွေ့မမြင်နိုင်ပေ။

 

57. Mara cannot find the path of those who have perfected virtuous conduct, who are living with awareness and liberated by true knowledge.

၅၈။ ယထာ သင်္ကာရဓာနသ္မိံ၊ ဥဇ္ဈိတသ္မိံ မဟာပထေ။

ပဒုမံ တတ္ထ ဇာယေထ၊ သုစိဂန္ဓံ မနောရမံ။

 

၅၉။ ဧ၀ံ သင်္ကာရဘူတေသု၊ အန္ဓဘူတေ ပုထုဇ္ဇနေ။

အတိရောစတိ ပညာယ၊ သမ္မာသမ္ဗုဒ္ဓသာဝကော။

 

၅၈။ လမ်းမကြီးဝယ် စွန့်ပစ်ထားသော အမှိုက်ပုံ၌ မွှေးကြိုင်လှိုင်ထုံ၍ နှစ်သက်ဖွယ်ရှိသော ပဒုမ္မာကြာပန်းသည် ပေါက်ရောက်သကဲ့သို့။

 

၅၉။ အမှိုက်ပုံသဖွယ်ဖြစ်သော သတ္တ၀ါတို့၏အလယ်၌နေသည့် မြတ်စွာဘုရား၏ တပည့်သည် အကန်း သဖွယ်ဖြစ်သော ပုထုဇဉ်တို့ကို ပညာဖြင့်လွန်၍ တင့်တယ်၏။

 

58. Even as on a heap of rubbish thrown away by the side -

 

59. of the road a lotus flower may grow and blossom with its pure fragrance giving joy to the soul, in the same way among the people like rubbish shines the light of wisdom of the disciple who follows the Buddha, the one who is truly enlightened.

-----------------------------------------------------

၅။ ဗာလ၀ဂ္ဂ

Chapter 05

 

၆၀။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။

ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။

 

၆၀။ အိပ်မပျော် နိုးနေသောသူအား ညဥ့်တာရှည်လျား၏၊ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

 

60. Long is the night for one awake, long is a league to one tired, and long is Samsara of rebirths and deaths to the foolish who do not know the true Dhamma.

 

၆၁။ စရဉ္စေ နာဓိဂစ္ဆေယျ၊ သေယျံ သဒိသမတ္တနော။

ဧကစရိယံ ဒဠှံ ကယိရာ၊ နတ္ထိ ဗာလေ သဟာယတာ။

 

၆၁။ လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက် သာလွန်သူ မိမိနှင့် တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာလျှင် မြဲမြံစွာ ပြုကျင့်ရာ၏။

61. If while moving through life, one was not to meet someone better or equal to him, then one should move firmly by oneself, there can be no companionship with a fool.

 

၆၂။ ပုတ္တာ မတ္ထိ ဓနံ မတ္ထိ၊ ဣတိ ဗာလော ၀ိဟညတိ။

အတ္တာ ဟိ အတ္တနော နတ္ထိ၊ ကုတော ပုတ္တာ ကုတော ဓနံ။

 

၆၂။ လူမိုက်သည် ငါ့အား သားသမီးတို့ ရှိကုန်၏၊ ဥစ္စာတို့သည်လည်း ရှိကုန်၏ဟု စွဲလမ်းမှု တဏှာဖြင့် ဆင်းရဲ ပင်ပန်းရ၏။ အမှန်သော်ကား မိမိအား အတ္တသည်လည်း မရှိပါဘဲလျက် အဘယ်မှာ သားသမီးရှိအံ့နည်း၊ အဘယ်မှာလျှင် ဥစ္စာရှိအံ့နည်း။

 

62. "Sons are mine, and wealth is mine", with such thoughts a fool is tormented. He is not even the owner of himself, how can sons, how can wealth be his?

 

၆၃။ ယော ဗာလော မညတိ ဗာလျံ၊ ပဏ္ဍိတော ၀ါပိ တေန သော။

ဗာလော ပဏ္ဍိတမာနီ၊ ဝေ ဗာလောတိ ၀ုစ္စတိ။

 

၆၃။ မိုက်သောသူသည် မိမိမိုက်သည့် အဖြစ်ကိုသိ၏၊ ထိုသိမှုကြောင့် ပညာရှိဖြစ်နိုင်သေး၏၊ မိုက်သောသူသည် ငါပညာရှိဟု မိမိကိုယ်ကို ထင်မှတ်နေပါမူကား ထိုသူကို စင်စစ် လူမိုက်ဟူ၍ ဆိုအပ်၏။

 

63. If a fool can see his own folly, he is this at least is wise; but the fool who thinks he is wise, he indeed is the real fool.

 

၆၄။ ယာဝဇီဝမ္ပိ စေ ဗာလော၊ ပဏ္ဍိတံ ပယိရုပါသတိ။

သော ဓမ္မံ ၀ိဇာနာတိ၊ ဒဗ္ဗီ သူပရသံ ယထာ။

 

၆၄။ ယောက်မသည် ဟင်း၏အရသာကို မသိသကဲ့သို့ မိုက်သူသည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိကို ဆည်းကပ်စေကာမူ သူတော်ကောင်းတရားကို မသိနိုင်။

 

64. Even if a fool associates with someone wise throughout his life, he never knows the path of wisdom (Dhamma) as the spoon never knows the taste of the soup.

 

၆၅။ မုဟုတ္တမပိ စေ ၀ိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။

ခိပ္ပံ ဓမ္မံ ၀ိဇာနာတိ၊ ဇိဝှါ သူပရသံ ယထာ။

 

၆၅။ လျှာသည် ဟင်း၏အရသာကို သိသကဲ့သို့ သိကြား လိမ္မာသူသည် တစ်ခဏမျှ ပညာရှိကို ဆည်းကပ်ရစေကာမူ (သူတော်ကောင်း)တရားကို လျင်မြန်စွာ သိနိုင်၏။

 

65. Even though, for a brief moment, an intelligent one attends on a wise person, he soon knows the path of wisdom (Dhamma), as the tongue knows the taste of the soup.

 

၆၆။ စရန္တိ ဗာလော ဒုမ္မေဓာ၊ အမိတ္တေနေ၀ အတ္တနာ။

ကရောန္တာ ပါပကံ ကမ္မံ၊ ယံ ဟောတိ ကဋုကပ္ဖလံ။

 

၆၆။ စပ်ရှားခံခက်သော အကျိုးရှိသည့် မကောင်းမှု အကုသိုလ်ကံကို ပြုကြကုန်သော ပညာမဲ့ကုန်သော သူမိုက်တို့သည် မိမိသည်ပင် ရန်သူကဲ့သို့ဖြစ်၍ လှည့်လည်ကြရကုန်၏။

 

66. Fools lacking in intelligence go about with a self that is truly an enemy; performing evil deeds which in the end bears bitter fruit.

 

၆၇။ တံ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ အနုတပ္ပတိ။

ယဿ အဿုမုခေါ ရောဒံ၊ ၀ိပါကံ ပဋိသေ၀တိ။

 

၆၇။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် ပူပန်ရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း၊ မျက်ရည်စက်လက် ငိုကြွေးလျက် အကြင်ကံ၏အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် မကောင်း။

 

67. That deed is not well done an evil deed of which a man must regret, and the reward of which he receives crying and with a tearful face.

 

၆၈။ တဉ္စ ကမ္မံ ကတံ သာဓု၊ ယံ ကတွာ နာနုတပ္ပတိ။

ယဿ ပတီတော သုမနော၊ ၀ိပါကံ ပဋိသေ၀တိ။

 

၆၈။ အကြင်ကံကို ပြုလုပ်ခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏၊ နှစ်သက်ဝမ်းမြောက်လျက် အကြင်ကံ၏အကျိုးကို ခံစားရ၏၊ ထိုကံမျိုးကို ပြုလုပ်ခြင်းသည် ကောင်း၏။

 

68. But the deed is indeed well done a good deed of which a man does not regret and the reward of which he receives gladly and cheerfully.

 

၆၉။ မဓုံဝါ မညတိ ဗာလော၊ ယာဝ ပါပံ ပစ္စတိ။

ယဒါ ပစ္စတိ ပါပံ၊ အထ ဒုက္ခံ နိဂစ္ဆတိ။

 

၆၉။ မိုက်သောသူသည် အကြင်မျှလောက် မကောင်းမှုသည် အကျိုးမပေးသေး၊ ထိုမျှလောက် မကောင်းမှုကို ပျားသကာကဲ့သို့မှတ်ထင်၏၊ အကြင်အခါ၌ကား မကောင်းမှုသည် အကျိုးပေး၏၊ ထိုအခါ၌ ဆင်းရဲသို့ ရောက်ရ၏။

 

69. The fool thinks it is sweet like honey, while the evil he has done is not yet matured. But when the bad he has done is matured, then the fool suffers misery.

 

၇၀။ မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။

သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

 

၇၀။ မိုက်သောသူသည် လစဉ်လတိုင်း သမန်းမြက်ဖျားဖြင့် (အနှစ်တစ်ရာပတ်လုံး ခြိုးခြံသော အကျင့်ကိုကျင့်အံ့ဟု) ဘောဇဉ်ကို စားစေကာမူ ထိုမိုက်သူ၏ အကျင့်သည် တရားသိပြီးသော အရိယာပုဂ္ဂိုလ်တို့၏ ခြိုးခြံသောအကျင့်ကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ အဖိုးမထိုက်။

 

70. Let a fool, month after month, eat his food with a sharp point of a blade of kusa grass, yet is his conduct not worth the sixteenth part of those who have understood Dhamma.

 

၇၁။ ဟိ ပါပံ ကတံ ကမ္မံ၊ သဇ္ဇုခီရံဝ မုစ္စတိ။

ဍဟန္တံ ဗာလမနွေတိ၊ ဘသ္မစ္ဆန္နောဝ ပါဝကော။

 

၇၁။ ညှစ်ပြီးစနို့ရည်သည် ပြကတေ့သဘောမှ ရုတ်တရက် မပြောင်းလဲသကဲ့သို့ ပြုသစ်စဖြစ်သော မကောင်းမှုသည် (ရုတ်တရက်) အကျိုးမပေးသေး၊ (အကျိုးပေးသောအခါ) ပြာဖုံးသော မီးခဲကဲ့သို့ သူမိုက်ကို လောင်ကျွမ်းစေလျက် အစဉ်လိုက်၏။

 

71. The effect of an evil deed, like newly drawn milk does not turn at once, it follows the foolish one like smoldering fire covered with ashes.

 

၇၂။ ယာဝဒေ၀ အနတ္ထာယ၊ ဉတ္တံ ဗာလဿ ဇာယတိ။

ဟန္တိ ဗာလဿ သုက္ကံသံ၊ မုဒ္ဓမဿ ၀ိပါတယံ။

 

၇၂။ သူမိုက်၏အတတ်ပညာသည် သူမိုက်အား အကျိုးမဲ့ရန်အတွက်သာ ဖြစ်၏၊ ကုသိုလ်အဖို့အစုကို ဖျက်ဆီး၏၊ ပညာဦးထိပ်ကို ပြတ်၍ ကျစေတတ်၏။

 

72. The knowledge that a fool acquires tends to be harmful, it destroys the fool's virtue causing his head of knowledge to fall.

 

၇၃။ အသန္တံ ဘာဝနမိစ္ဆေယျ၊ ပုရေက္ခာရဉ္စ ဘိက္ခုသု။

အာဝါသေသု ဣဿရိယံ၊ ပူဇံ ပရကုလေသု စ။

 

၇၃။ မလိမ္မာသောရဟန်းသည် ရဟန်းတို့၏အလယ်၌ မိမိတွင်ထင်ရှားမရှိသောဂုဏ်ဖြင့် ချီးမွမ်းခြင်းကို လည်းကောင်း၊ ခြံရံလျက် မိမိအားရှေ့ဆောင်ပြုခြင်းကိုလည်းကောင်း၊ ကျောင်း အိပ်ရာ နေရာတို့၌ အစိုးရခြင်းကို လည်းကောင်း၊ ဆွေမျိုးမဟုတ်သော ဒါယကာတို့၏(ပစ္စည်းလေးပါးတို့ဖြင့်) ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏။

 

73. The foolish bhikkhu may wish for undeserved reputation, for precedence among the monks, for authority in the monasteries and for honor among other people unrelated to him.

 

၇၄။ မမေ၀ ကတ မညန္တု၊ ဂိဟီ ပဗ္ဗဇိတာ ဥဘော။

မမေ၀ါတိဝသာ အဿု၊ ကိစ္စာကိစ္စေသု ကိသ္မိစိ။

ဣတိ ဗာလဿ သင်္ကပ္ပေါ၊ ဣစ္ဆာ မာနော ၀ဍ္ဎုတိ။

 

၇၄။ ငါ့ကြောင့်သာ အမှုကြီးငယ်တို့ ပြီးစီးကုန်၏ဟု လူရှင်ရဟန်း နှစ်ဦးတို့ မှတ်ထင်စေကုန်သတည်း၊ တစ်စုံတစ်ခု အမှုကြီးငယ်တို့၌ ငါ့အလိုသို့ လိုက်စေကြကုန်သတည်းဟု မိုက်သောရဟန်းအား အကြံအစည် အလိုရမ္မက် မာန်မာနသည် တိုးပွားလေ၏။

 

74. "This I have done", let the laymen and hermits, both think it was I who did that work, and let them ever ask me what they should do or not do. These are the thoughts of the fool; thus his desire and pride increase.

 

၇၅။ အညာ ဟိ လာဘူပနိသာ၊ အညာ နိဗ္ဗာနဂါမိနီ။

ဧ၀မေတံ အဘိညာယ၊ ဘိက္ခု ဗုဒ္ဓဿ သာဝကော။

သက္ကာရံ နာဘိနန္ဒေယျ၊ ၀ိဝေကမနုဗြူဟယေ။

 

၇၅။ လာဘ်ရကြောင်း အကျင့်သည် တစ်မျိုးတခြားတည်း၊ နိဗ္ဗာန်ရကြောင်း အကျင့်သည် တစ်မျိုးတည်း၊ ဤသို့ ဤအကျင့်နှစ်မျိုးနှစ်စားကို ခွဲခြားသိ၍ မြတ်စွာဘုရား၏ တပည့်သား ရဟန်းသည် လာဘ်ပူဇော်သကာကို မနှစ်သက်ရာ။ ၀ိဝေကသုံးပါးကိုသာ တိုးပွားစေရာ၏။

 

75. One is the road that leads to wealth, another the way leading to Nibbana; if the monk, the disciple of Buddha, has learnt this he will not delight in the praise of men, he should devote himself to solitude and practice detachment.

------------------------------------------

၈။ သဟဿဝဂ္ဂ

Chapter 08

 

၁၀၀။ သဟဿမပိ စေ ၀ါစာ၊ အနတ္ထပဒသံဟိတာ။

ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

 

၁၀၀။ တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်ရှိစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော တကြောင်း တစ်ပုဒ် တဂါထာသည်သာ ပိုလွန်၍ မြတ်၏။

 

100. Though a statement composed of a thousand words without sense, one word of sense is better, which one becomes pacified.

 

၁၀၁။ သဟဿမပိ စေ ဂါထာ၊ အနတ္ထပဒသံဟိတာ။

ဧကံ ဂါထာပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

 

၁၀၁။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာသည်တစ်ထောင်ပင် ဖြစ်စေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော ဂါထာ တစ်ဂါထာသည်သာ ပိုလွန်၍မြတ်၏။

 

101. Better than a thousand useless verses is one single verse that gives peace.

 

၁၀၂။ ယော ဂါထာ သတံ ဘာသေ၊ အနတ္ထပဒသံဟိတာ။

ဧကံ ဓမ္မပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

 

၁၀၃။ ယော သဟဿံ သဟေဿန၊ သင်္ဂါမေ မာနုသေ ဇိနေ။

ဧကဉ္စ ဇေယျမတ္တာနံ၊ ဝေ သင်္ဂါမဇုတ္တမော။

 

၁၀၂။ အကျိုးမဲ့ပုဒ်နှင့်ဆိုင်သော ဂါထာတစ်ရာကို ရွတ်ဆိုစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်သော တရားတစ်ပုဒ်ကို ရွတ်ဆိုခြင်းသည်သာ ပိုလွန်၍မြတ်၏။

 

၁၀၃။ အကြင် စစ်သူရဲတစ်ယောက် စစ်မြေပြင်၌ စစ်သည် ဗိုလ်ပါတို့ကို အကြိမ်တစ်သန်း အောင်နိုင်ရာ၏၊ အကြင်သူရဲကောင်းတစ်ယောက်သည်ကား ကိုယ်တွင်းကိလေသာကို တစ်ကြိမ် တစ်ခါမျှ အောင်နိုင်ရာ၏၊ ကိုယ်တွင်း ကိလေသာကို တစ်ကြိမ်အောင်နိုင်သော ထိုသူသည်သာ စစ်အောင်သူတို့တွင် အမြတ်ဆုံးဖြစ်၏။

 

102. Better than one who recites a hundred verses of meaningless lines is one verse on hearing which one becomes calm.

 

103. If a man conquers in battle a thousand times a thousand men, but if one conquers(his passions) himself alone, he is the greatest of all conquerors.

 

၁၀၄။ အတ္တာ ဟဝေ ဇိတံ သေယျော၊ ယာ စာယံ ဣတရာ ပဇာ။

အတ္တဒန္တဿ ပေါသဿ၊ နိစ္စံ သညတစာရိနော။

 

၁၀၅။ နေ၀ ဒေဝေါ ဂန္ဓဗ္ဗော၊ မာရော သဟ ဗြဟ္မုနာ။

ဇိတံ အပဇိတံ ကယိရာ၊ တထာရူပဿ ဇန္တုနော။

 

၁၀၄-၁၀၅။ ကိုယ်တွင်းကိလေသာတို့ကိုနိုင်ခြင်းဖြင့် မိမိကိုယ်ကို အောင်နိုင်ခြင်းသည်မြတ်၏၊ လောင်းတန်းကစားခြင်း စစ်တိုက်ခြင်းစသည်ဖြင့် သူတစ်ပါးကို အောင်နိုင်ခြင်းသည်မမြတ်၊ မိမိကိုယ်ကို ဆုံးမပြီးသော၊ ကိုယ် နှုတ် နှလုံး သုံးပါးလုံးကို အမြဲစောင့်စည်းလေ့ရှိသော၊ ထိုသို့ သဘောရှိသော၊ သတ္တ၀ါ တို့၏အောင်ခြင်းကို နတ်သည်လည်းကောင်း၊ ဂန္ဓဗ္ဗနတ်သည် လည်းကောင်း၊ ဗြဟ္မာနှင့် တကွသော မာရ်နတ်သည်လည်းကောင်း ရှုံးအောင်မပြုနိုင်ရာ။

 

104.105. Better, indeed, oneself conquered over others, and has won himself, who is constantly living in self-control. Neither a Deva, nor a Gandhabba, nor Mara together with Brahma, could turn the victory into defeat of a person who controls himself.

 

၁၀၆။ မာသေ မာသေ သဟေဿန၊ ယော ယဇေထ သတံ သမံ။

ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။

သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

 

၁၀၆။ အနှစ်တစ်ရာပတ်လုံး လတိုင်းလတိုင်း(တက္ကတွန်းတို့အား)ငွေတစ်ထောင်အကုန်ခံ၍ ပူဇော်ရာ၏၊ ၀ိပဿနာ ပွားသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခဏမျှ ပူဇော်ရာ၏၊ ထိုပူဇော်ခြင်းနှစ်မျိုးတို့တွင် ၀ိပဿနာ ပွားများသောရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာ မြတ်၏၊ တက္ကတွန်းတို့အား အနှစ်တစ်ရာပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

 

106. If month by month, with a thousand devotional money offerings for a hundred years one should sacrifice; and another only for a moment paid reverence to a Noble One who is virtuous and practicing vipassana meditation, this moment would have greater value than a hundred years of offerings.

 

၁၀၇။ ယော ၀ဿသတံ ဇန္တု၊ အဂ္ဂိံ ပရိစရေ ၀နေ။

ဧကဉ္စ ဘာဝိတတ္တာနံ၊ မုဟုတ္တမပိ ပူဇယေ။

သာယေ၀ ပူဇနာ သေယျော၊ ယဉ္စေ ၀ဿသတံ ဟုတံ။

 

၁၀၇။ အကြင်သူသည် အနှစ်တစ်ရာပတ်လုံး တော၌မီးကို လုပ်ကျွေးပူဇော်ရာ၏၊ အကြင်သူသည်ကား ၀ိပဿ နာပွားများသောစိတ်ရှိသော ရဟန်းတို့အား တစ်ကြိမ်တစ်ခါမျှ ပူဇော်ရာ၏၊ ထိုသူတို့၏ ပူဇော်ခြင်း နှစ်မျိုးတို့ တွင် ထိုဝိ ပဿနာပွားများသော ရဟန်းတို့အား တစ်ခဏမျှ ပူဇော်ခြင်းသည်သာမြတ်၏၊ အနှစ်တစ်ရာ ပတ်လုံး ပူဇော်ခြင်းသည် မမြတ်။

 

107. If a man for a hundred years should worship the sacred fire in the forest, and if another only for a moment paid reverence to a Noble One who is virtuous and practicing vipassana meditation, this moment would have greater value than a hundred years of making sacrifices.

 

၁၀၈။ ယံကိဉ္စိ ယိဋ္ဌံ ဟုတံ လောကေ၊ သံဝစ္ဆရံ ယဇေထ ပုညပေက္ခော။

သဗ္ဗမ္ပိ တံ စတုဘာဂမေတိ၊ အဘိဝါဒနာ ဥဇ္ဇုဂတေသု သေယျော။

 

၁၀၈။ လောက၌ကောင်းမှုကို လိုလားငဲ့ကွက်သောသူသည် ယဇ်ကြီးပူဇော်ခြင်းကိုလည်းကောင်း၊ ယဇ်ငယ် ပူဇော်ခြင်းကိုလည်းကောင်း တစ်နှစ်ပတ်လုံး ပူဇော်ရာ၏၊ ထိုပူဇော်ခြင်း အလုံးစုံသည် ဖြောင့်မတ်စွာကျင့်သော အရိယာပုဂ္ဂိုလ်တို့ကို ရှိခိုးခြင်းစေတနာ၏ လေးဖို့တစ်ဖို့ကိုမျှ မမှီ၊ အရိယာ ပုဂ္ဂိုလ်တို့၌ ရှိခိုးခြင်း စေတနာသည် သာ မြတ်၏။

 

108. Whatever sacrifice or offering in the world up for a year in order to gain merit, all of that does not reach a quarter as good as paying respect to Noble persons (Ariyas).

 

၁၀၉။ အဘိဝါဒနသီလိဿ၊ နိစ္စံ ၀ုဍ္ဎုာပစာယိနော။

စတ္တာရော ဓမ္မာ ၀ဍ္ဎုန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ။

 

၁၀၉။ အမြဲရှိခိုးလေ့ရှိ၍ မိမိထက် ဂုဏ်အသက်သိက္ခာအားဖြင့် ကြီးသောသူတို့၌ အရိုအသေ ပြုလေ့ရှိသူအား အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ခွန်အားကြီးခြင်းဟူသော အကျိုးထူးတရား လေးပါးတို့ သည် တိုးပွားကုန်၏။

 

109. If a person has the habit of reverence and respects to the Aged who have virtue and faith in Dhamma, four benefits will gain to him: long life, beauty, happiness and strength.

 

၁၁၀။ ယော ၀ဿသတံ ဇီဝေ၊ ဒုဿီလော အသမာဟိတော။

ဧကာဟံ ဇီဝိတံ သေယျော၊ သီလ၀န္တဿ ဈာယိနော။

 

၁၁၀။ သီလမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၀ိပဿနာ ကို ရှုနေသောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

 

110. Better than a hundred years lived in vice, without contemplation, is one single day of life lived in virtue and a meditation.

 

၁၁၁။ ယော ၀ဿသတံ ဇီဝေ၊ ဒုပ္ပညော အသမာဟိတော။

ဧကာဟံ ဇီဝိတံ သေယျော၊ ပုည၀န္တဿ ဈာယိနော။

 

၁၁၁။ ပညာမရှိ သမာဓိမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် တရားပညာရှိ၍ သမထ ၀ိပ ဿနာကို ရှုသောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည် မြတ်၏။

 

111. Better than a hundred years lived in ignorance, without contemplation, is one single day of life lived in wisdom and a deep contemplation.

 

၁၁၂။ ယော ၀ဿသတံ ဇီဝေ၊ ကုသီတော ဟီန၀ီရိယော။

ဧကာဟံ ဇီဝိတံ သေယျော၊ ၀ီရိယမာရဘတော ဒဠှံ။

 

၁၁၂။ ပျင်းရိသည်ဖြစ်၍ ၀ီရိယမရှိဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် ၀ီရိယကို မြဲမြံစွာ အားထုတ်သောသူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

 

112. It is better to live one day making strenuous effort than to live a hundred years lazily and listlessly.

 

၁၁၃။ ယော ၀ဿသတံ ဇီဝေ၊ အပဿံ ဥဒယဗ္ဗယံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဥဒယဗ္ဗယံ။

 

၁၁၃။ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည် နေရခြင်းထက် ခန္ဓာငါးပါးတို့၏အဖြစ်အပျက်ကို မပြတ်ရှုမြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

 

113. It is better to live one day seeing "the arising and dissolving (of mind and body)" than to live a hundred years not seeing the arising and dissolving.

 

၁၁၄။ ယော ၀ဿသတံ ဇီဝေ၊ အပဿံ အမတံ ပဒံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော အမတံ ပဒံ။

 

၁၁၄။ သေခြင်းကင်းသောနိဗ္ဗာန်ကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သေခြင်း ကင်းသောနိဗ္ဗာန်ကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏။

 

114. It is better to live one day seeing the immortal place, Nibbana, than to live a hundred years not seeing the immortal place.

 

၁၁၅။ ယော ၀ဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။

ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။

 

၁၁၅။ မြတ်သောလောကုတ္တရာတရားကိုမမြင်ဘဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက်မြတ်သော လောကုတ္တရာတရားကို မြင်သောပုဂ္ဂိုလ်၏ တစ်ရက်မျှအသက်ရှည်ရခြင်းသည်မြတ်၏။

 

115. It is better to live one day seeing the Noble Dhamma, the ultimate truth, than to live a hundred years not seeing the Noble Dhamma.

--------------------------------------------

၁၀။ ဒဏ္ဍ၀ဂ္ဂ

Chapter 10

 

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။

အတၱာနံ ဥပမံ ကတြာ၊ ဟေနယ် ဃာတေယ။

 

၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကုန်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။

 

129. All beings are afraid of punishment, so also all beings are afraid of death. Considering others as yourself, one should neither kill nor ill treat others.

 

၁၃၀။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။

အတၱာနံ ဥပမံ ကတြာ၊ ဟေနယ် ဃာတေယ။

 

၁၃၀။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် မိမိတို့၏ အသက် ကိုချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။

 

130. All beings are afraid of punishment, all beings love life; considering others as yourself, one should neither kill nor ill treat others.

 

၁၃၁။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ။

အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

 

၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါတို့ကို တုတ် လှံ တံဖြင့် ညှဉ်းဆဲ၏၊ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကိုမရနိုင်။

 

131. One who, for the sake of happiness, hurts or kills other beings who also long for happiness, will not find happiness after death.

 

 

၁၃၂။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ဟိံသတိ။

အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

 

၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါ တို့ကို တုတ်လှံတံဖြင့် မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကို ရနိုင်၏။

 

132. One who, for the sake of happiness, does not hurt or kill other beings, who also long for happiness, will find happiness after death.

 

၁၃၃။ မာဝေါစ ဖရုသံ ကဉ္စိ၊ ၀ုတ္တာ ပဋိဝဒေယျု တံ။

ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။

 

၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန် ဆိုကုန်ရာ၏၊ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏အကြောင်းတည်း၊ သူတစ်ပါးကို ဒဏ်ပြုက အတုံ့ အလှည့်ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။

 

133. Never speak harsh words; for once spoken they will be said back to you. Angry words are painful, retaliation will get you.

 

၁၃၄။ သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။

ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ ၀ိဇ္ဇတိ။

 

၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက် တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ရောက်နိုင်၏၊ ခြုတ်ခြယ်မှုမရှိ။

 

134. If you can be silent like a broken gong that is silent, you can reach the peace of Nibbana; there is no agitation in you.

 

၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။

ဧ၀ံ ဇရာ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

 

၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည် လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တ၀ါတို့၏ အသက်ကို မောင်းနှင်ကုန်၏။

 

135. As a cowherd with his staff drives his cows to pasture, so do Old Age and Death drive the life of all beings.

 

၁၃၆။ အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော ဗုဇ္ဈတိ။

သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဍဍ္ဎေုာဝ တပ္ပတိ။

 

၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကိုပြုသော သူမိုက်သည် ထိုပြုသောအခါ၌မသိ၊ ပညာမဲ့သူသည် ထိုမိမိပြု သော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။

 

136. The foolish one does not know when he commits his evil deeds; later the stupid man has to suffer and is consumed by his own deeds, as if burnt by fire.

 

၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။

ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။

 

၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၌ တုတ်လှံတံ စသည်ဖြင့် ပြစ်မှား၏၊ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။

 

137. Any person who inflicts pain on those Ariyas who are pure and innocent will soon fall into one of these ten evils (chastisements):

 

၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ဘေဒနံ။

ဂရုကံ ၀ါပိ အာဗာဓံ၊ စိတ္တက္ခေပံ ပါပုဏေ။

 

၁၃၉။ ရာဇတော ၀ါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ၀ ဒါရုဏံ။

ပရိက္ခယံ ဉာတီနံ၊ ဘောဂါနံ ပဘင်္ဂုရံ။

 

၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ လက်ပြတ် ခြေပြတ်စသော ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော နူနာစသော အနာစွဲ ကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွတ်စွဲခံရခြင်းသို့ လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့ လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့၏ယိုယွင်းပျက်စီးခြင်းသို့ လည်းကောင်းရောက်၏။

 

138-139. fearful pains or sufferings; destitution, fracturing of the body (loss of limbs), grave illness (as leprosy), insanity, oppression by the ruler, severe accusations, destruction of kin (relatives):

 

၁၄၀။ အထ ၀ါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။

ကာယဿ ဘေဒေါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

 

၁၄၀။ ထို့ပြင်ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်းလောင်၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။

 

140. destruction of possessions or lightening fire will burn his houses, and upon the dissolution of his body, the stupid man will fall to hell.

 

၁၄၁။ နဂ္ဂစရိယာ ဇဋာ ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ၀ါ။

ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အ၀ိတိဏ္ဏကင်္ခံ။

၁၄၁။ အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ခံကျင့်ခြင်း တို့သည်လည်းကောင်း၊ မြေ၌အိပ်၍ နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန်အလိမ်းလိမ်း တင်စေလျှက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်လည်းကောင်း ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။

 

141. Not nakedness, not matted hair, not dust, not fasting, or sleeping on the bare earth, not rubbing with dust, not squatting motionless can cleanse a mortal who has not overcome his doubts.

 

၁၄၂။ အလင်္ကတော စေပိ သမံ စရေယျ၊ သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။

သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊ သော ဗြာဟ္မဏော သော သမဏော ဘိက္ခု။

 

၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏၊ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏၊ မဂ်လေးပါးဖြင့်မြဲ၏၊ မြတ်သောအကျင့်ရှိ၏၊ အလုံးစုံသောသတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏၊ ထိုသူသည်အ၀တ် တန်ဆာဆင်စေကာမူ မကောင်းမှုမှအပပြုသူ ဗြာဟ္မဏမည်၏၊ ကိလေသာငြိမ်းသူ သမဏမည်၏၊ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏။

 

142. Though a man may wear fine clothing, if he lives peacefully after destroying mental defilements, is quiet, subdued and restrained and he does not hurt any living being, he is indeed a Brahmana (who has cast off evils), a samana (who has ceased defilements), and a Bhikkhu (who has destroyed passions).

 

၁၄၃။ ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိ ၀ိဇ္ဇတိ။

ယော နိဒ္ဒံ အပဗောဓေတိ၊ အေဿာ ဘဒြော ကသာမိဝ။

 

၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဉ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏အိပ်ပျော်ခြင်းကို နိုးကြားစေ၏၊ မိစ္ဆာဝိ တက်ကို ရှက်ကြောက်ခြင်းဖြင့်တားမြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။

 

143. As a good horse avoids the touch of the whip, a noble man who, being wakeful from his sleep, restrained by modesty, seems to be rare in the world, avoids all fetters by shame.

 

၁၄၄။ အေဿာ ယထာ ဘဒြော ကသာနိဝိဋ္ဌော၊ အာတာပိနော သံဝေဂိနော ဘ၀ါထ။

သဒ္ဓါယ သီလေန ၀ီရိယေန စ၊ သမာဓိနာ ဓမ္မ၀ိနိစ္ဆယေန စ။

သမ္ပန္န၀ိဇ္ဇာစရဏာ ပတိဿတာ၊ ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

 

၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးကို ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ သင်တို့သည် လည်း လုံ့လရှိကုန်သည် ထိပ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း သဒ္ဓါနှင့် လည်းကောင်း၊ သီလနှင့် လည်းကောင်း၊ ၀ီရိယနှင့် လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိနှင့် လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း ပြည့်စုံကြလျှက် အသိ ၀ိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သောသတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။

 

144. Like a good horse struck by a whip, be ardent and deeply moved. By faith, by virtue and energy, by deep contemplation and vision, expert knowledge and by right action, you shall leave behind this mass of misery and seemingly endless grief (samsara).

 

၁၄၅။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။

ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

 

၁၄၅။ မြောင်းတူးရေယူသမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကိုဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကိုလိုတိုင်းရအောင် ရွေကုန်၏၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။

 

145. Those who make channels for water guide the water where they want, fletchers bend the arrow straight, carpenters straighten wood, and the men with virtue tame themselves.

----------------------------------

၁၂။ အတ္တ၀ဂ္ဂ

Chapter 12

 

၁၅၇။ အတၱာနေဥၥ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။

တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။

 

၁၅၇။ မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏၊ ပညာ ရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ်သင်ရာ၏။

 

157. One who knows self is dear will guard oneself, with diligence. The wise one would look after himself during one of three watches of his life time (youth, middle age and old age).

 

၁၅၈။ အတ္တာနမေ၀ ပဌမံ၊ ပတိရူပေ နိဝေသယေ။

အထညမနုသာသေယျ၊ ကိလိေဿယျ ပဏ္ဍိတော။

 

၁၅၈။ ရှေးဦးစွာသာလျှင် မိမိကိုယ်ကို သင့်လျော်သောအကျင့်၌ တည်စေရာ၏၊ ထို့နောက်မှ သူတစ်ပါးကို ဆုံးမရာ၏၊ ပညာရှိသည် သူတစ်ပါးကဲ့ရဲ့ခြင်းဖြင့် မညစ်နွမ်းစေရာ။

 

158. One should first establish oneself in what is proper practice; then one would advise others, thus the wise one would not suffer.

 

၁၅၉။ အတ္တာနဉ္စေ တထာ ကယိရာ၊ ယထာညမနုသာသတိ။

သုဒန္တောဝတ ဒမေထ၊ အတ္တာ ဟိ ကိရ ဒုဒ္ဒမော။

 

၁၅၉။ သူတစ်ပါးကို ဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင် လိုက်နာပြုကျင့်ရာ၏၊ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှသာ သူတစ်ပါးကိုဆုံးမရာ၏၊ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမရခြင်းသည် ခဲယဉ်းလှစွတကား။

 

159. One would make oneself as one teaches others to be, one should master self-control, difficult indeed is self-control.

 

၁၆၀။ အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ။

အတ္တနာ ဟိ သုဒန္တေန၊ နာထံ လဘတိ ဒုလ္လဘံ။

 

၁၆၀။ မိမိသည်သာ မိမိ၏ကိုးစားရာဖြစ်၏၊ သူတစ်ပါးသည် မိမိ၏ကိုးစားရာ အဘယ်မှာဖြစ်နိုင်အံ့နည်း၊ မိမိသည် ကောင်းစွာယဉ်ကျေးသဖြင့် ရရောက်နိုင်ခဲသော အရဟတ္တဖိုလ်ကို ရနိုင်၏။

 

160. One self is master of oneself. Who else would be the master of self? With oneself well controlled, one can attain enlightenment (Arahantship).

 

၁၆၁။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တဇံ အတ္တသမ္ဘ၀ံ။

အဘိမတ္ထတိ ဒုမ္မေဓံ၊ ၀ဇိရံဝသ္မမယံ မဏိံ။

 

၁၆၁။ ကျောက်မှဖြစ်သောစိန်သည် မိမိမှီရာကျောက်ကို ထွင်းဖောက် ဖျက်ဆီးသကဲ့သို့ မိမိပြုအပ်သော မိမိမှဖြစ်သော မိမိကြောင့်ဖြစ်သောမကောင်းမှုသည် မိမိဖြစ်ရာ ပညာမဲ့သူကို ဖျက်ဆီး၏။

 

161. The evil done by one, is born of oneself, is produced in oneself, and that crushes the foolish as a diamond does a gemstone where it is embedded.

 

၁၆၂။ ယဿ အစ္စန္တဒုဿိလျံ၊ မာလုဝါ သာလမိဝေါတ္ထတံ။

ကရောတိ သော တထတ္တာနံ၊ ယထာ နံ ဣစ္ဆတီ ဒိသော။

 

၁၆၂။ မာလောနွယ်သည် မှီရာသစ်ပင်ကို လွှမ်းမိုးရစ်ပတ်သကဲ့သို့ စင်စစ်သီလမရှိသောသူ၏ အဖြစ်တည်းဟူသော တဏှာအလွှမ်းခံရသူသည် ရန်သူအလိုရှိတိုင်း မိမိအကျိုးမဲ့ကို မိမိကိုယ်တိုင်ပင် ပြုလုပ်လေ၏။

 

162. As a creeper over-spreads and entangles a Maluva creeper, a man's wickedness that grows in him, when it is very great, brings him to that state where his enemy wishes him to be.

 

၁၆၃။ သုကရာနိ အသာဓူနိ၊ အတ္တနော အဟိတာနိ စ။

ယံ ဝေ ဟိတဉ္စ သာဓုဉ္စ၊ တံ ဝေ ပရမဒုက္ကရံ။

 

၁၆၃။ အပြစ်ရှိ၍ မိမိ၏အကျိုးစီးပွားမရှိကုန်သော အမှုတို့ကို ပြုလွယ်ကုန်၏၊ အပြစ်ကင်း၍ အကျိုးစီးပွားရှိသော အမှုကို အလွန်ပြုနိုင်ခဲ၏။

 

163. It is easy to do what is bad and harmful to oneself; what is good and beneficial is very difficult to do.

 

၁၆၄။ ယော သာသနံ အရဟတံ၊ အရိယာနံ ဓမ္မဇီဝိနံ။

ပဋိက္ကောသတိ ဒုမ္မေဓော၊ ဒိဋ္ဌိံ နိဿာယ ပါပိကံ။

ဖလာနိ ကဋ္ဌကေဿဝ၊ အတ္တဃာတာယ ဖလ’တိ။

 

၁၆၄။ ပညာမဲ့သူသည် ယုတ်မာသော မိစ္ဆာအယူကို အမှီပြု၍ ပူဇော်အထူးကို ခံထိုက်ကုန်သော တရားသဖြင့် အသက်မွေးကုန်သော အရိယာပုဂ္ဂိုလ်တို့၏ အဆုံးအမကို တားမြစ်၏၊ ၀ါးသီးတို့သည် ၀ါးပင်ကို သတ်ရန်အလို့ငှါ သီးကုန်သကဲ့သို့ ထိုပုဂ္ဂိုလ်၏ မိစ္ဆာအယူသည် မိမိကိုယ်ကို သတ်ရန်အလို့ငှါသာ ဖြစ်၏။

 

164. Who is not wise because of his detrimental view, obstructs the instruction of the Arahants who are virtuous and noble, and produces his own destruction, like the fruits of a bamboo which lead to the plant's death.

 

၁၆၅။ အတ္တနာ ဟိ ကတံ ပါပံ၊ အတ္တနာ သံကိလိဿတိ။

အတ္တနာ အကတံ ပါပံ၊ အတ္တနာဝ ၀ိသုဇ္ဈတိ။

သုဒ္ဓီ အသုဒ္ဓိ ပစ္စတံ္တ၊ နာညော အညံ ၀ိသောဓယေ။

 

၁၆၅။ မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရ၏၊ မကောင်းမှုကို မိမိမပြုခဲ့လျှင် မိမိသည်ပင်စင်ကြယ်၏၊ စင်ကြယ်သော ကုသိုလ်နှင့် မစင်ကြယ်သော အကုသိုလ်သည် တခြားစီသာဖြစ်၏၊ သူတစ်ယောက်သည် အခြား သူတစ်ယောက်ကို ကိလေသာအညစ်အကြေးမှ စင်ကြယ်အောင် မသုတ်သင်နိုင်။

 

165. By oneself the evil is done and one becomes defiled. By oneself the evil is not done and one becomes pure. Purity and impurity are individual matters. One cannot purify another.

 

၁၆၆။ အတ္တဒတ္ထံ ပရတ္ထေန၊ ဗဟုနာပိ ဟာပယေ။

အတ္တဒတ္ထမဘိညာယ၊ သဒတ္ထပသုတော သိယာ။

 

၁၆၆။ သူတစ်ပါး၏ များစွာသော အကျိုးစီးပွားအတွက်ကြောင့် မိမိ၏အကျိုးစီးပွားကို အနည်းငယ်မျှ မဆုတ်ယုတ်စေရာ၊ မိမိအကျိုးစီးပွားကိုသိ၍ မိမိအကျိုးစီးပွားကို တိုးပွားအောင် လေ့ကျက် အားထုတ်ရာ၏။

 

166. One should not neglect one's own welfare because of the need for another's, no matter how great; having well understood one's own duty, one should follow it with earnestness.

---------------------------------------------

၁၅။ သုခ၀ဂ္ဂ

 

Chapter 15

 

၁၉၇။ သုသုခံ ၀တ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။

ဝေရိနေသု မနုေဿသု၊ ၀ိဟရာမ အဝေရိနော။

 

၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

197. Let us live in joy, in love among those who hate us. Among men who hate us, let us live free from hatred.

 

၁၉၈။ သုသုခံ ၀တ ဇီဝါမ၊ အာတုရေသု အနာတုရာ။

အာတုရေသု မနုေဿသု၊ ၀ိဟရာမ အနာတုရာ။

 

၁၉၈။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

 

198. Let us live in joy, in love among those who are suffering. Among men who suffer from craving, let us live with wisdom.

 

၁၉၉။ သုသုခံ ၀တ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။

ဥဿုကေသု မနုေဿသု၊ ၀ိဟရာမ အနုဿုကာ။

 

၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့အသက်မွေးနိုင်ကြကုန်၏၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမ ဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

 

199. Let us live in joy, in peace among those who struggle with greed. Among men who struggle, let us live in peace.

 

၂၀၀။ သုသုခံ ၀တ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။

ပီတိဘက္ခာ ဘ၀ိဿာမ၊ ဒေ၀ါ အာဘဿရာ ယထာ။

 

၂၀၀။ စိုးရိမ်ကြောင့်ကြဖွယ်ရာ တစ်စုံတစ်ခုမျှမရှိဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှု ပီတိတည်းဟူသောအစာကို အားထား၍ နေကြကုန်အံ့။

 

200. We live most happily; there is nothing at all our own. We shall be like Arbathaya Brahmas (Radiant Devas) feeding on joy.

 

၂၀၁။ ဇယံ ဝေရံ ပသ၀တိ၊ ဒုက္ခံ သေတိ ပရာဇိတော။

ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။

 

၂၀၁။ အနိုင်ရသူသည် ရန်ကိုပွါးစေ၏၊ ရှုံးသောသူသည် ဆင်းရဲစွာနေရ၏၊ ကိလေသာငြိမ်းပြီးသောသူသည် အနိုင် အရှုံးကိုစွန့်၍ ချမ်းသာစွာနေရ၏။

 

201. Winning brings hatred, defeated lives in miserable condition. The one who has given up both victory and defeat stays in comfort.

 

၂၀၂။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ကလိ။

နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။

 

၂၀၂။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသော အပြစ်မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲဒုက္ခမရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာမရှိ။

 

202. There is no fire like passion, there is no crime like anger, there is no suffering like the aggregate (of mind and body), and there is no peace higher than Nibbana.

 

၂၀၃။ ဇိဃစ္ဆာပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။

ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

 

၂၀၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ ဟုတ်တိုင်းမှန်စွာသိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။

 

203. Hunger is the most severe illness; five aggregates of the Sankharas are the greatest miseries. If one knows this truly, Nibbana is the greatest joy.

 

၂၀၄။ အာရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။

ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။

 

၂၀၄။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံးဥစ္စာတည်း၊ ချစ်ကျွမ်းဝင် သူသည် အလွန်ကဲဆုံးဆွေမျိုးတည်း၊ နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာတည်း။

 

204. Health is the greatest blessing. Contentment is the highest wealth. The trustworthy friend is the best kinsman. Nibbana is the greatest bliss.

 

၂၀၅။ ပ၀ိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။

နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။

 

၂၀၅။ တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။

 

205. Having tasted the flavor of Dhamma in seclusion and the flavor of peace in tranquility, one is without distress, free from the bad, drinking the flavor of the joys of Nibbana.

 

၂၀၆။ သာဟု ဒဿနမရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။

အဒဿနေန ဗာလာနံ၊ နိစ္စမေ၀ သုခီ သိယာ။

 

၂၀၆။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည်ကောင်း၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏၊ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။

 

206. It is good to see the noble and association with them will make one happy. One who never sees silly persons will be at ease forever.

 

၂၀၇။ ဗာလသင်္ဂတစာရီ ဟိ၊ ဒီဃမဒ္ဓါန သောစတိ။

ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေ၀ သဗ္ဗဒါ။

ဓီရော သုခသံဝါသော၊ ဉာတီနံဝ သမာဂမော။

 

၂၀၇။ သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏၊ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏၊ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

 

207. One accompanying with silly persons has a long journey of troubled state of mind, because being with a fool is as painful as to be with an enemy; but the joy of being with the wise is like the joy staying together with relatives.

 

၂၀၈။ တသ္မာ ဟိ- ဓီရဉ္စ ပညဉ္စ ဗဟုဿုတဉ္စ၊ ဓောရယှသီလံ ၀တ၀န္တမရိယံ။

တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊ ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ။

 

၂၀၈။ ထို့ကြောင့်သာလျှင် တည်ကြည်လည်းတည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသောဝန်ကိုလည်း ဆောင်လေ့ရှိသော သီလ ဓုတင် ဖြူစင်သော အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့ မှီဝဲ ဆည်းကပ်ရာ၏။

 

208. Therefore one should follow the wise that is constant, intelligent, awake to the inner light, the learned, the much enduring, the dutiful, the noble; with such a one as this, one would associate like the moon follows the path of stars.

+++++++++++++++++++++++++++++++

၁၇။ ကောဓ၀ဂ္ဂ

Chapter 17

 

၂၂၁။ ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။

တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

 

၂၂၁။ အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏၊ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

 

221. Put away anger, abandon pride and overcome bondage. Whoever clings not to the constituents of existence (Nama-rupa, mind and matter) and to nothing whatsoever, sufferings never befall him.

 

၂၂၂။ ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ၀ါရယေ။

တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော။

 

၂၂၂။ လိမ္မာသောရထားထိန်းသည် လျင်မြန်စွာပြေးသွားသောရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို စင်စစ် တားမြစ်နိုင်သူကို လိမ္မာသော ရထားထိန်းဟူ၍ ငါဆို၏၊ ဤမှတစ်ပါး ပြကတေ့ရထားထိန်းသည် ရထားကြိုးကိုင်သာမည်၏။

 

222. One who controls rising anger as a chariot controls his carriage at full speed not going off the track, that one I call a true charioteer, others merely rein-holders.

 

၂၂၃။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။

ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိက၀ါဒိနံ။

 

၂၂၃။ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့်အောင်ရာ၏၊ မကောင်းသော သဘောရှိသူကို ကောင်းသော သဘောဖြင့် အောင်ရာ၏၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏၊ မဟုတ်မမှန် ပြောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။

 

223. One would conquer anger by loving-kindness, one would conquer evil by good, one would conquer the mean by generosity, and one would conquer the man who speaks lies by truth.

 

၂၂၄။ သစ္စံ ဘဏေ ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။

ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။

 

၂၂၄။ မှန်သောစကားကို ပြောဆိုရာ၏၊ အမျက်မထွက်ရာ၊ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော် လည်း ပေးလှူရာ၏၊ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ရောက်ရ၏။

 

224. Let one tell the truth, let one not be angry, when asked, let one give, even be it a little. By these three factors, one would attain the world of gods (Deva).

 

၂၂၅။ အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။

တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ သောစရေ။

 

၂၂၅။ သူတစ်ပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရစသည်တို့ဖြင့် အမြဲစောင့်စည်းတတ်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

 

225. The Arahants who do no harm to others, who are always in control of the body, go to the immortal Nibbana, where once gone they sorrow no more.

 

၂၂၆။ သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။

နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသ၀ါ။

 

၂၂၆။ အခါခပ်သိမ်း နိုးကြားထကြွကုန်သည်ဖြစ်၍ နေ့ညဥ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်ကြသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်ကြကုန်၏။

 

226. Those who are ever alert and watchful, who practice three discourses day and night with the intent upon Nibbana, their evil passions will come to an end.

 

၂၂၇။ ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာမိဝ။

နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။

မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

 

၂၂၇။ အိုအတုလ ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာပြောဟောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ။

 

227. It is an old saying, O Atula – not a new one, people find fault who stays silently, they find fault with one speaking much, and even with one who speaks moderately do they find fault. There is no one in this world who can escape not faulted.

 

၂၂၈။ စာဟု ဘ၀ိဿတိ၊ စေတရဟိ ၀ိဇ္ဇတိ။

ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ၀ါ ပသံသိတော။

 

၂၂၈။ လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့စဖူး၊ နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်းမရှိ။

 

228. There never was, there never will be, nor is there now, a man who is always blamed, or a man who is always praised.

 

၂၂၉။ ယံ စေ ၀ိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။

အစ္ဆိဒ္ဒ၀ုတ္တိံ မေဓာဝိံ၊ ပညာသီလသမာဟိတံ။

 

၂၃၀။ နိက္ခံ ဇမ္ဗောနဒေဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။

ဒေ၀ါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။

 

၂၂၉-၂၃၀။ မကျိုးမပြတ်သော အကျင့်ရှိသော ဖောက်ခွဲနိုင်သောပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိ ဂုဏ်ရှိသောသူကို ပညာရှိသူတို့သည် ဟုတ်မှန်စွာသိ၍ နေ့တိုင်းနေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့် တူသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာမင်းသည်လည်း ချီးမွမ်း၏။

 

229-230. But who would dare to blame the man whom the wise praise day after day, whose life is pure and full of light, in whom there is virtue and wisdom, who is pure as a pure coin of gold? Even the gods praise the man, even Brahma praises him.

 

၂၃၁။ ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။

ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။

 

၂၃၁။ ကိုယ်အမူအရာ ပျက်စီးမှု ကာယဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏ ကာယဒွါရဖြင့် ဒုစရိုက်ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ကာယဒုစရိုက်ကိုပယ်စွန့်၍ ကာယသုစရိုက်ကို ကျင့်ရာ၏။

 

231. Guard against misdeeds caused by body, one should be restrained in body. Give up evil conduct of the body, but one should be of good bodily conduct.

 

 

၂၃၂။ ၀စီပကောပံ ရက္ခေယျ၊ ၀ါစာယ သံဝုတော သိယာ။

ဝစီဒုစ္စရိတံ ဟိတွာ၊ ၀ါစာယ သုစရိတံ စရေ။

 

၂၃၂။ နှုတ်အမူအရာပျက်စီးမှု ၀စီဒုစရိုက်လေးပါးကို စောင့်ရှောက်ရာ၏၊ ၀စီဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ၀စီဒုစရိုက်ကိုပယ်စွန့်၍ ၀စီသုစရိုက်ကိုကျင့်ရာ၏။

 

232. Guard against misdeeds caused by words, one should be restrained in speech. Give up evil conduct in speech, but one should be of good conduct in speech.

 

၂၃၃။ မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။

မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။

 

၂၃၃။ စိတ်အမူအရာပျက်စီးမှု မနောဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏၊ မနောဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ကျင့်ရာ၏။

 

233. Guard against misdeeds caused by mind, one should be restrained in thoughts. Give up evil conduct of mind, but one should be of good conduct in mind.

 

၂၃၄။ ကာယေန သံဝုတာ ဓီရာ၊ အထော ၀ါစာယ သံဝုတာ။

မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

 

၂၃၄။ ပညာရှိသည် ကိုယ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ နှုတ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ စိတ်ဖြင့်ဝင် ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်နိုင်ကုန်၏၊ ထိုပညာရှိတို့သည်သာ တားမြစ်ပိတ်ပင်သူတို့ မည်ကုန်၏။

 

234. Those that are wise, whose body, words and mind are in self-control. They are indeed well-controlled.

---------------------------------------------------

၁၉။ ဓမ္မဋ္ဌ၀ဂ္ဂ

Chapter 19

 

၂၅၆။ န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာဟသာ နယေ။

ယော အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆေယျ ပဏ္ဍိတော။

 

၂၅၇။ အသာဟသေန ဓမ္မေန၊ သမေန နယတီ ပရေ။

ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပ၀ုစ္စတိ။

 

၂၅၆။ ဆုံးဖြတ်အပ်သော အမှုသဘောကို နိုင်ထက်စီးနင်း ဆုံးဖြတ်ခြင်းကြောင့် တရား၌တည်သူ တရားသူကြီးမဟုတ်၊ ပညာရှိသည် ဟုတ်မှန်သောအကြောင်း မဟုတ်မမှန်သောအကြောင်း နှစ်ပါး စုံကို စုံစမ်းမေးမြန်း၍ ဆုံးဖြတ်ရာ၏။

 

၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါးတို့ကို နိုင်ခြင်းရှုံးခြင်းသို့ ရောက်စေသော ပညာရှိကို တရားစောင့်သော တရား၌တည်သူ တရားသူကြီးဟု ဆိုအပ်၏။

 

256. One who forcefully decides and settles matters in his own way is not righteous; a wise person considers what is right and what is wrong.

 

257. One who judges others justly and righteously with Dhamma, is called "One firm in Dhamma".

 

၂၅၈။ တေန ပဏ္ဍိတော ဟောတိ၊ ယာဝတာ ဗဟု ဘာသတိ။

ခေမီ အဝေရီ အဘယော၊ ပဏ္ဍိတောတိ ပ၀ုစ္စတိ။

 

၂၅၈။ စကားများစွာ ပြောကာမျှဖြင့် ပညာရှိမဖြစ်၊ ဘေးမရှိရန်မလာ ကြောက်ရွံ့မှုကင်းကွာသူကို ပညာရှိဟူ၍ ဆိုအပ်၏။

 

258. One is not a wise one merely because one speaks much. The one who is peaceful, loving and fearless is called a "wise one".

 

၂၅၉။ တာဝတာ ဓမ္မဓရော၊ ယာဝတာ ဗဟု ဘာသတိ။

ယော အပ္ပမ္ပိ သုတွာန၊ ဓမ္မံ ကာယေန ပဿတိ။

ဝေ ဓမ္မဓရော ဟောတိ၊ ယော ဓမ္မံ နပ္ပမဇ္ဇတိ။

 

၂၅၉။ စကားများစွာပြောကာမျှဖြင့် တရားကိုဆောင်သူမမည်၊ အကြင်သူသည် အနည်းငယ်သော တရားစကားကို ကြားရရုံမျှဖြင့်လည်း သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့်မြင်၏၊ ထို သစ္စာလေးပါးတရား၌ မမေ့မလျော့သူသည်သာ စင်စစ် တရားဆောင်သူမည်၏။

 

259. One is not a Dhamma-bearer merely because one speaks much. He who hears a little of Dhamma, sees Dhamma about the Four Noble Truths by oneself mentally, and does not neglect them, is indeed, a Dhamma-bearer.

 

၂၆၀။ တေန ထေရော သော ဟောတိ၊ ယေနဿ ပလိတံ သိရော။

ပရိပက္ကော ၀ယော တဿ၊ မောဃဇိဏ္ဏောတိ ၀ုစ္စတိ။

 

၂၆၀။ ထိုရဟန်း၏ ဦးခေါင်းသည်ဖွေးဖွေးဖြူ၏၊ ထိုဦးခေါင်း ဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်းသည် မထေရ်မမည်၊ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ ရင့်အိုမှုဟုဆိုအပ်၏။

 

260. A monk can't be a venerable elder Bhikkhu because his hair has gone grey; though ripe with old age, he is indeed "old in vain".

 

၂၆၁။ ယမှိ သစ္စဉ္စ ဓမ္မောစ၊ အဟိံသာ သံယမော ဒမော။

ဝေ ၀န္တမလော ဓီရော၊ ထေရော ဣတိ ပ၀ုစ္စတိ။

 

၂၆၁။ အကြင်ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏၊ တရားလည်းရှိ၏၊ ညှဉ်းဆဲမှုမရှိ၊ သီလစောင့်ခြင်း ရှိ၏၊ ဣနြေ္ဒကိုလည်းဆုံးမ၏၊ ကိလေသာ ပျို့အန်ပြီးသော ထိုပညာရှိပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏။

 

261. But a monk can be a venerable Elder Bhikkhu if he is in truth and Dhamma, nonviolence, restraint, self-control, who has already ejected mental defilements and is wise.

 

၂၆၂။ ၀ါက္ကရဏမတ္တေန၊ ၀ဏ္ဏပေါက္ခရတာယ ၀ါ။

သာဓုရူပေါ နရော ဟောတိ၊ ဣဿုကီ မစ္ဆရီ သဌော။

 

၂၆၂။ ငြူစူတတ်သော ၀န်တိုသော စဉ်းလဲတတ်သောပုဂ္ဂိုလ်သည် ကောင်းသောစကားကို ပြောတတ်ကာမျှဖြင့် လည်းကောင်း၊ ရုပ်အဆင်း လှပကာမျှဖြင့် လည်းကောင်း ကောင်းသောသဘောရှိသည် မမည်။

 

262. A jealous, greedy and deceitful person cannot be a man of good-natured - merely by fine words and beauty of appearance.

 

၂၆၃။ ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။

ဝန္တဒေါသော မေဓာဝီ၊ သာဓုရူပေါတိ ၀ုစ္စတိ။

 

၂၆၃။ အကြင်သူသည် ငြူစူခြင်း ၀န်တိုခြင်း စဉ်းလဲခြင်းဟူသော ထိုသဘောကို အကြွင်းမဲ့ဖြတ်၏၊ အမြစ်ပြတ် ပယ်နှုတ်ပြီးဖြစ်၏၊ ကိလေသာအပြစ်ကို ထွေးအန်ပြီးသော ထိုပညာရှိကို ကောင်းသောသဘောရှိသူဟု ဆိုအပ်၏။

 

263. But this person in whom these three sins are uprooted and who already ejected mental defilements, he is in truth a man of good-natured.

 

၂၆၄။ မုဏ္ဍကေန သမဏော၊ အဗ္ဗတော အလိကံ ဘဏံ။

ဣစ္ဆာလောဘသမာပန္နော၊ သမဏော ကိံ ဘ၀ိဿတိ။

 

၂၆၅။ ယော သမေတိ ပါပါနိ၊ အဏုံထူလာနိ သဗ္ဗသော။

သမိတတ္တာ ဟိ ပါပါနံ၊ သမဏောတိ ပ၀ုစ္စတိ။

 

၂၆၄။ ဦးပြည်းခေါင်း တုံးကာမျှဖြင့် ရဟန်းမည်သည်မဖြစ်၊ သီလအကျင့် ဓုတင်အကျင့်လည်း မရှိသော ချွတ်ယွင်း သောစကားကိုလည်း ပြောတတ်သော လိုချင်မက်မောမှုနှင့် ပြည့်စုံသောသူသည် အဘယ်မှာ ရဟန်းဟုတ်နိုင် ပါအံ့နည်း။

 

၂၆၅။ အကြင်ပုဂ္ဂိုလ်သည် အသေးအကြီးဖြစ်သော မကောင်းမှုတို့ကို အချင်းခပ်သိမ်း ငြိမ်းစေ၏၊ ထိုပုဂ္ဂိုလ်ကို မကောင်းမှုအလုံးစုံကို ငြိမ်းစေတတ်သောကြောင့် ရဟန်းဟူ၍ ဆိုအပ်၏။

 

264. Not by a shaven head (a skinhead), does a man become a Samana, a monk. How can a man be a Samana if he forgets his religious vows, if he speaks what is not true, if he still has desire and greed?

 

265. But one who puts away all evils, whether great or small, he is in truth a Samana because of having put away all evils.

 

၂၆၆။ တေန ဘိက္ခု သော ဟောတိ၊ ယာဝတာ ဘိက္ခတေ ပရေ။

ဝိဿံ ဓမ္မံ သမာဒါယ၊ ဘိက္ခု ဟောတိ တာဝတာ။

 

၂၆၇။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဗာဟေတွာ ဗြာဟ္မစရိယ၀ါ။

သင်္ခါယ လောကေ စရတိ၊ ဝေ ဘိက္ခူတိ ၀ုစ္စတိ။

 

၂၆၆။ သူတစ်ပါးတို့ထံ တောင်းစားကာမျှဖြင့် ရဟန်းမည်သည်မဖြစ်၊ တရားနှင့်မညီညွတ်သော အကျင့်ကိုယူ၍ ကျင့်ကာမျှဖြင့် ရဟန်းမည်သည်မဖြစ်။

 

၂၆၇။ ဤသာသနာတော်၌ အကြင်သူသည် မြတ်သောအကျင့်ရှိသည်ဖြစ်၍ ကောင်းမှု မကောင်းမှုကို ပယ်နုတ်လျက် ခန္ဓာငါးပါးဟူသော လောကကို ဉာဏ်ဖြင့်ဆင်ခြင်၍ ကျင့်၏၊ ထိုသူကို ရဟန်းဟု ဆိုအပ်၏။

 

266. One may not simply be a samana because he asks for alms from others; and one may not thereby a samana just for having taken up wrong practices.

 

267. One who, in this circle of Buddha's Order ( in Buddha's Theravada Thar tha nar), has meritorious deeds sets aside both the wholesome and unwholesome (merit and demerit) with insight and sees the world as five aggregates with his knowledge. He, indeed, is called "Bhikkhu".

 

၂၆၈။ မောနေန မုနီ ဟောတိ၊ မူဠှရူပေါ အ၀ိဒ္ဒသု။

ယော တုလံဝ ပဂ္ဂယှ၊ ၀ရမာဒါယ ပဏ္ဍိတော။

 

၂၆၉။ ပါပါနိ ပရိဝဇ္ဇေတိ၊ မုနီ တေန သော မုနိ။

ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပ၀ုစ္စတိ။

 

၂၆၈-၂၆၉။ အသိပညာမရှိပါဘဲ တွေဝေသော သဘောရှိသောသူသည် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမမည်၊ အကြင်ပညာရှိသည် ချိန်ခွင်ကိုကိုင်၍ ချိန်စက်သကဲ့သို့ ကောင်းမှုတည်းဟူသော အမြတ်တရားကိုယူ၍ မကောင်းမှု အကုသိုလ်တရားတို့ကို ကြဉ်ရှောင်၏၊ ထို့ကြောင့် ထိုပညာ ရှိသည် မုနိမည်၏၊ အကြင်သူသည် အဇ္ဈတ္တဗဟိဒ္ဓ ခန္ဓာနှစ်ပါးတို့ကိုသိ၏၊ ထိုသူသည်လည်း မုနိ မည်၏၊ ထိုအကြောင်းနှစ်ပါးကြောင့် မုနိဟု ဆိုအပ်၏။

 

268-269. One does not become a "Mu ni", a sage by silence alone if one be dull and ignorant. But a wise one who, holding a pair of scales, takes to what is the best and rejects what is bad. For that reason he is a ''Mu ni". He who understands inner and outer worlds of the body is therefore called a Sage (Mu ni).

 

၂၇၀။ တေန အရိယော ဟောတိ၊ ယေန ပါဏာနိ ဟိံသတိ။

အဟိံသာ သဗ္ဗပါဏာနံ၊ အရိယောတိ ပ၀ုစ္စတိ။

 

၂၇၀။ အကြင့်ကြောင့် သတ္တ၀ါတို့ကို ညှဉ်းဆဲ၏။ ထို ညှဉ်းဆဲခြင်းကြောင့် အရိယာမဖြစ်၊ သတ္တ၀ါတို့ကို မညှဉ်းဆဲ ခြင်းကြောင့် အရိယာဟူ၍ ဆိုအပ်၏။

 

270. Because a man injures other living creatures, he is not a Noble one (Ariya). By harmlessness ( with loving kindness) towards all living beings, he is called a Noble one.

 

၂၇၁။ သီလဗ္ဗတမတ္တေန၊ ဗာဟုသစ္စေန ၀ါ ပန။

အထ ၀ါ သမာဓိလာဘေန၊ ၀ိဝိတ္တသယနေန ၀ါ။

 

၂၇၂။ ဖုသာမိ နေက္ခမ္မသုခံ၊ အပုထုဇ္ဇနသေ၀ိတံ။

ဘိက္ခု ၀ိဿာသမာပါဒိ၊ အပ္ပတ္တော အာသ၀က္ခယံ။

 

၂၇၁-၂၇၂။ သီလအကျင့် ရှိကာမျှဖြင့်လည်းကောင်း အကြားအမြင် များကာမျှဖြင့် လည်းကောင်း၊ တည်ကြည်မှု သမာဓိ ရကာမျှဖြင့် လည်းကောင်း၊ ဆိတ်ငြိမ်ရာ၌ နေကာမျှဖြင့် လည်းကောင်း ရဟန်းသည် အာသဝေါကုန်ခန်းသော ရဟန္တာ အဖြစ်သို့ မရောက်သေးသမျှ ပုထုဇဉ်တို့ မမှီဝဲအပ်သော အနာဂါမိဖိုလ်ချမ်းသာကို ရပေ၏ဟူ၍ သက်သာရာ ရပ်နားခြင်းသို့ မရောက်ပါစေလင့်။

 

271-272. Not by precepts and moral rites, nor by much learning, nor by attainment of concentration, nor by a bed of solitude, do not think by yourself as you reach the joy of freedom (enjoyed the bliss of Renunciation – Anagami-phala) which is unknown to ordinary people. O Bhikkhu, be not contented on the way, if not having attained extinction of desires (Arthawal tayas).

------------------------------------------------------

၂၀။ မဂ္ဂ၀ဂ္ဂ

Chapter 20

 

၂၇၃။ မဂ္ဂါနဋ္ဌင်္ဂိကော သေဋ္ဌော၊ သစ္စာနံ စတုရော ပဒါ။

ဝိရာဂေါ သေဋ္ဌော ဓမ္မာနံ၊ ဒွိပဒါနဉ္စ စက္ခုမာ။

၂၇၃။ လမ်းခရီးအားလုံးတွင် အင်္ဂါရှစ်ပါးရှိသော လမ်းခရီးမဂ်သည် အမြတ်ဆုံးဖြစ်၏၊ သစ္စာအားလုံးတို့တွင် အရိယသစ္စာလေးပါးသည် အမြတ်ဆုံးဖြစ်၏၊ သဘောတရားအားလုံးတို့တွင် ရာဂကင်းရာ နိဗ္ဗာန်သည် အမြတ်ဆုံးဖြစ်၏၊ အခြေနှစ်ချောင်းရှိသော သတ္တ၀ါအားလုံးတို့တွင် မျက်စိငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်၏။

 

273. Of all the paths, the Eightfold Path is the best. Of truths, the Four Noble truths are the best. Detachment (Passionless ness) is the best of principles; and of two-footed persons, Buddha, the Man of Vision who has eyes to see insight.

 

 

၂၇၄။ ဧသေ၀ မဂ္ဂေါ နတ္ထညော၊ ဒဿနဿ ၀ိသုဒ္ဓိယာ။

ဧတဥှိ တုမှေ ပဋိပဇ္ဇထ၊ မာရေဿတံ ပမောဟနံ။

 

၂၇၄။ ဤအင်္ဂါရှစ်ပါးရှိသော လမ်းခရီးမဂ်သည်သာလျှင် ဉာဏ်အမြင် စင်ကြယ်ခြင်းအတွက် ခရီးမှန်ဖြစ်၏၊ ဤလမ်းခရီးမဂ်မှ တစ်ပါးသောခရီးသည် မရှိတော့ပြီ၊ ထို့ကြောင့် သင်တို့သည် ဤခရီးမှန်ကိုသာ သွားကြကုန်လော့၊ ဤခရီးမှန်သည် မာရ်မင်းမမြင်နိုင်သော လမ်းခရီးတည်း။

 

274. This is the Path; there is no other that leads to Purity of Vision. Go along this path; this is what Mara can't see.

 

၂၇၅။ ဧတဥှိ တုမှေ ပဋိပန္နာ၊ ဒုက္ခဿန္တံ ကရိဿထ။

အက္ခာတော ဝေါ မယာ မဂ္ဂေါ၊ အညာယ သလ္လကန္တနံ။

 

၂၇၅။ သင်တို့သည် ဤမဂ်ဟူသောလမ်းမှန်ကို သွားကြကုန်သည်ရှိသော် ဆင်းရဲအဆုံးကို ပြုရကုန်လတ္တံ့၊ ငါသည် ရာဂစသော ဆူးငြောင့်ကင်းသောလမ်းမှန်ကို ကိုယ်တိုင်သိ၍ သင်တို့ အား မဂ်ဟူသောလမ်းမှန်ကို ညွှန်ကြားအပ်ပြီ။

 

275. If you go on this way you will make an end of suffering. I showed this way when I had understood the removal of darts and thorn (of lust, passions) as cravings.

 

 

၂၇၆။ တုမှေဟိ ကိစ္စမာတပ္ပံ၊ အက္ခာတာရော တထာဂတာ။

ပဋိပန္နာ ပမောက္ခန္တိ၊ ဈာယိနော မာရဗန္ဓနာ။

 

၂၇၆။ သင်တို့သည် ကိုယ်တိုင်ပြုဖွယ်ကိစ္စကို အားထုတ်ကြကုန်လော့၊ ဘုရားရှင်တို့သည် လမ်းမှန်ကို ညွှန်ကြားရုံမျှ ဖြစ်ကုန်၏၊ ကျင့်ကြကုန်၍ ကိလေသာကို ရှို့မြှိုက်ကြသူတို့သည်သာ မာရ်မင်း အနှောင်အဖွဲ့မှ လွတ်မြောက်နိုင်ကုန်၏။

 

276. You yourself must make an effort. Buddhas (The Awakened Ones) only show the path. For those meditative ones who enter this path are free from the bondage of Mara.

 

၂၇၇။ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ၊ ယဒါ ပညာယ ပဿတိ။

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

 

၂၇၇။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် အမြဲမရှိကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

 

277. Through Vipassana wisdom (pyin nyar) one sees by insight that all Conditioned things, sankharas are transient. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

 

၂၇၈။ သဗ္ဗေ သင်္ခါရာ ဒုက္ခာတိ၊ ယဒါ ပညာယ ပဿတိ။

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

 

၂၇၈။ အကြင်အခါ ရုပ်နာမ်ဓမ္မ သင်္ခါရအားလုံးတို့သည် ဆင်းရဲကုန်၏ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

 

278. Through Vipassana wisdom (pyin nyar) one sees by insight that all Conditioned things, sankharas are suffering. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

 

၂၇၉။ သဗ္ဗေ ဓမ္မာ အနတ္တာတိ၊ ယဒါ ပညာယ ပဿတိ။

အထ နိဗ္ဗိန္ဒတိ ဒုက္ခေ၊ ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

 

၂၇၉။ အကြင်အခါ သဘာဝတရားအားလုံးတို့သည် အတ္တ မဟုတ်ကုန်ဟု ၀ိပဿနာပညာဖြင့် ရှုမြင်နိုင်၏၊ ထိုအခါ ရုပ်နာမ်ဓမ္မသင်္ခါရဟူသော ဒုက္ခ၌ ငြီးငွေ့၏။ ဤငြီးငွေ့ခြင်းသည် ကိလေသာ စင်ကြယ်ရာနိဗ္ဗာန်၏ အကြောင်းဖြစ်၏။

 

279. Through Vipassana wisdom (pyin nyar) one sees by insight that all things, Dhamma are anatta which means 'no self'. Then one becomes bored and disgusted with sankharas which are impermanent. This boredom is the cause of pursuing Nibbana.

 

၂၈၀။ ဥဋ္ဌာနကာလမှိ အနုဋ္ဌဟာနော၊ ယုဝါ ဗလီ အာလသိယံ ဥပေတော။

သံသန္နသင်္ကပ္ပမနော ကုသီတော၊ ပညာယ မဂ္ဂံ အလသော ၀ိန္ဒတိ။

 

၂၈၀။ ပျိုမျစ်နုထွား ခွန်အားနှင့်ပြည့်စုံပါသော်လည်း ထကြွသင့်သောအခါ၌ ထကြွမှုလုံ့လမရှိဘဲ ပျင်းရိထိုင်းမှိုင်းလျက် စိတ်အကြံဝိတက်များ၍ အလွန်ပျင်းရိသူသည် ပညာဖြင့်သာ ရယူနိုင်သော အရိယမဂ်ကို မရနိုင်။

 

280. One does not arise and strive when it is time to rise and strive though young and strong but fills with laziness and lack of determination, that person does not reach enlightenment which can find only with right-mindedness (rational thinking).

 

၂၈၁။ ၀ါစာနုရက္ခီ မနသာ သုသံဝုတော၊ ကာယေန နာကုသလံ ကယိရာ။

ဧတေ တယော ကမ္မပထေ ၀ိသောဓယေ၊ အာရာဓယေ မဂ္ဂမိသိပ္ပဝေဒိတံ။

 

၂၈၁။ ၀စီဒုစရိုက်ကို ကောင်းစွာရှောင်ကြဉ်ခြင်းအားဖြင့် နှုတ်ကိုအစဉ် စောင့်ရှောက်ရာ၏၊ စိတ်ဖြင့် မနောဒုစရိုက်ကို စောင့်စည်းရာ၏၊ ကိုယ်ဖြင့်လည်း အကုသိုလ်ကိုမပြုရာ၊ ထိုကမ္မပထတရား သုံးပါးတို့ကို သုတ်သင်ပြီးလျှင် မြတ်စွာဘုရားဟောကြားအပ်သော မဂ်ကိုပြီးစေရာ၏။

 

281. Always careful in speech (wa zi) and well restrain in mind (ma nor), and one should not do any harm with the body (kar ya). Make sure to purify all these three actions and fulfill the Path (to wisdom) made known by Buddha.

 

၂၈၂။ ယောဂါ ဝေ ဇာယတီ ဘူရိ၊ အယောဂါ ဘူရိသင်္ခယော။

ဧတံ ဒွေဓာပထံ ဉတွာ၊ ဘ၀ါယ ၀ိဘ၀ါယ စ။

တထာတၱာနံ နိေ၀ေသယ်၊ ယထာ ဘူရိ ပ၀ၯုတိ။

 

၂၈၂။ ကမ္မဋ္ဌာန်းအာရုံ၌ အားထုတ်မှုလုံ့လကြောင့် ပညာဖြစ်ပွား၏၊ အားထုတ်မှု လုံ့လမရှိခြင်း ကြောင့် ပညာကုန်ခန်း၏၊ ပညာဖြစ်ပွားခြင်း ပညာဆုတ်ယုတ်ခြင်း၏ ဤခရီးလမ်းနှစ်သွယ်ကို သိ၍ အကြင်လမ်းဖြင့် ပညာတိုးပွား၏၊ ထိုလမ်းဖြင့် မိမိကိုယ်ကို သိမ်းသွင်းရာ၏။

 

282. Wisdom arises through meditative effort; wisdom disappears through lack of effort; knowing this two-fold path of growth and decline, one should arrange oneself so that wisdom increases.

 

၂၈၃။ ၀နံ ဆိန္ဒထ မာ ရုက္ခံ၊ ၀နတော ဇာယတေ ဘယံ။

ဆေတွာ ၀နဉ္စ ၀နထဉ္စ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ။

 

၂၈၃။ ရဟန်းတို့ တဏှာတည်းဟူသောတောကို ခုတ်ဖြတ် ကြကုန်လော့၊ ပြကတေ့သစ်ပင်ကို မခုတ်ဖြတ်ကုန်လင့်၊ တဏှာဟူသောတောကြောင့် ဇာတိစသောဘေး ဖြစ်၏၊ တဏှာဟူသော တောကြီးတောငယ်ကို ခုတ်ဖြတ်၍ တဏှာဟူသောတောမှ ထွက်မြောက်ကြကုန်လော့။

283. O Bhikkhus, cut down the forest of desires, not a mere tree only! For the danger is in the forest. Because of desires and craving, round of rebirths happen. So cut down the forest and its undergrowth, make yourself free from desires.

 

 

၂၈၄။ ယာဝ ဟိ ၀နထော ဆိဇ္ဇတိ၊ အဏုမတ္တောပိ နရဿ နာရိသု။

ပဋိဗဒ္ဓမနောဝ တာဝ သော၊ ၀စ္ဆော ခီရပကောဝ မာတရိ။

 

 

၂၈၄။ နို့မခွဲသေးသော နွားငယ်သည် အမိနွားမသို့ ကပ်သကဲ့သို့ ယောက်ျားအား မိန်းမတို့၌ အနည်းငယ်မျှသော ကိလေသာတော မပြတ်သေးသမျှ ထိုယောက်ျားသည် ကပ်ငြိသောစိတ်ရှိသည် ဖြစ်၍သာလျှင် သံသရာသို့ ကပ်ရောက်၏။

 

 

284. As long as a man's desire for women, however little it may be, is not cut through, so long is his mind attached and death and rebirth of sankhara is prolonged as he is like a sucking calf tied to a mother cow.

 

၂၈၅။ ဥစ္ဆိန္ဒ သိနေဟမတ္တနော၊ ကုမုဒံ သာရဒိကံဝ ပါဏိနာ။

သန္တိမဂ္ဂမေ၀ ဗြူဟယ၊ နိဗ္ဗာနံ သုဂတေန ဒေသိတံ။

 

၂၈၅။ တန်ဆောင်မုန်းလရာသီ၌ လရောင်ကြောင့်ပွင့်သော ကုမုဒြာကြာပန်းကို လက်ဖြင့်ဖြတ်သကဲ့သို့ မိမိ၏ချစ်ခြင်းတဏှာကို ဖြတ်လော့၊ မြတ်စွာဘုရားသည် နိဗ္ဗာန်ကိုသာ ဟောတော်မူအပ်၏၊ နိဗ္ဗာန်သို့ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ် တရားကိုသာလျှင် ပွားများလေလော့။

 

285. Cut out the desire of love (ta hnar, ra ga) like you would an autumn lily by hand. Buddha showed the path of peace, Nibbana. Foster the Dhamma taught by Buddha to get to Nibbana.

 

၂၈၆။ ဣဓ ၀ဿံ ၀သိဿာမိ၊ ဣဓ ဟေမန္တဂိမှိသု။

ဣတိ ဗာလော ၀ိစိန္တေတိ၊ အန္တရာယံ ဗုဇ္ဈတိ။

 

၂၈၆။ ဤအရပ်၌ မိုးအခါပတ်လုံးငါနေမည်၊ ဤအရပ်၌ ဆောင်းအခါ နွေအခါတို့ပတ်လုံး ငါနေမည်ဟု လူမိုက်သည် အထူးထူးအထွေထွေ ကြံစည်၏၊ ဘယ်အခါ ဘယ်အရပ်မှာ ငါသေမည်ဟု မိမိ၏ အသက်အန္တရာယ်ကိုမူကား ထိုသူ မသိရှာလေ။

 

286. Here I will live during the rainy season, here in winter and summer (plans for the future) – so the foolish one thinks but he does not realize the danger of when and where he sees the death.

 

၂၈၇။ တံ ပုတ္တပသုသမ္မတ္တံ၊ ဗျာသတ္တမနသံ နရံ။

သုတ္တံ ဂါမံ မဟောဃောဝ၊ မစ္စု အာဒါယ ဂစ္ဆတိ။

 

၂၈၇။ သားသမီး ကျွဲနွားဥစ္စာတို့ဖြင့် ယစ်မူးမေ့လျော့လျက် ကာမဂုဏ်တို့၌ မရသေးသည်ကို တောင့်တရပြီးသည်ကို တွယ်တာကပ်ငြိသည့် စိတ်ရှိသောသူကို ကြီးစွာသော ရေအလျဉ်သည် အိပ်ပျော်နေသောရွာကို လွှမ်းမိုးတိုက်ယူ သွားသကဲ့သို့ သေမင်းသည် သိမ်းယူသွား၏။

 

287. The person whose mind is in delight with possessions of the abundance of children, cattles and belongings; is carried away by death like a great flood carries off a sleeping village.

 

၂၈၈။ သန္တိ ပုတ္တာ တာဏာယ၊ ပိတာ နာပိ ဗန္ဓ၀ါ။

အန္တကေနာဓိပန္နဿ၊ နတ္ထိ ဉာတီသု တာဏတာ။

 

၂၈၉။ ဧတမတ္ထ၀သံ ဉတွာ၊ ပဏ္ဍိတော သီလသံဝုတော။

နိဗ္ဗာနဂမနံ မဂ္ဂံ၊ ခိပ္ပမေ၀ ၀ိသောဓယေ။

 

၂၈၈။ သေမင်းနှိပ်စက်ခံရသူအား သေမင်းမှ စောင့်ရှောက်ရန်အတွက် သားသမီးတို့ မရှိကုန်၊ အမိအဖတို့လည်း မရှိကုန်၊ အဆွေခင်ပွန်းတို့လည်း မရှိကုန်၊ ဆွေမျိုးတို့တွင် စောင့်ရှောက်နိုင်မည့် သူလည်းမရှိ။

 

၂၈၉။ ဤအကြောင်းထူးကိုသိ၍ ပညာရှိသည် သီလကိုစောင့်စည်းလျက် နိဗ္ဗာန်ရောက်ကြောင်း အဋ္ဌင်္ဂိကမဂ်ကို လျင်စွာသာလျှင် သုတ်သင်ရာ၏။

 

288. Children can give no protection, nor parents, nor yet spouses, there is no refuge in relatives, for the person whom death has seized.

 

289. The wise person with virtue who realizes this fact, would make the Path quickly that leads to Nibbana.

--------------------------------------------------------------

၂၁။ ပကိဏ္ဏက၀ဂ္ဂ

Chapter 21

 

၂၉၀။ မတ္တာသုခပရိစ္စာဂါ၊ ပေဿ စေ ၀ိပုလံ သုခံ။

စဇေ မတ္တာသုခံ ဓီရော၊ သမ္ပဿံ ၀ိပုလံ သုခံ။

 

၂၉၀။ အနည်းငယ်သော ချမ်းသာကို စွန့်လွတ်ခြင်းကြောင့် ကြီးကျယ်ပြန့်ပြောသောချမ်းသာကို ရလိမ့်မည်ဟု မြင်ခဲ့မူ ကြီးကျယ်ပြန့်ပြောသော ချမ်းသာကိုမြင်သော ပညာရှိသည် အနည်းငယ်သောချမ်းသာကို စွန့်လွှတ်ရာ၏။

 

290. If by sacrificing a lesser pleasure when one may see a greater pleasure, the wise person leaves aside lesser pleasure looking to the greater.

 

၂၉၁။ ပရဒုက္ခူပဓာနေန၊ အတ္တနော သုခမိစ္ဆတိ။

ဝေရသံသဂ္ဂသံသဋ္ဌော၊ ဝေရော သော ပရိမုစ္စတိ။

 

၂၉၁။ သူတစ်ပါးအား ဆင်းရဲကိုဖြစ်စေလျက် မိမိ၏ချမ်းသာကို အလိုရှိသူသည် ရန်ကိုရန်ချင်း ရောနှောသောအားဖြင့် ရောနှောခြင်း ဖြစ်ရကား ရန်မှမလွတ်နိုင်။

 

291. The person who causes pain to others to obtain happiness for him, having entangled in the bonds of hatred, will never be free from hatred.

 

၂၉၂။ ယံ ဟိ ကိစ္စံ အပ၀ိဒ္ဓံ၊ အကိစ္စံ ပန ကရီယတိ။

ဥန္နဠာနံ ပမတ္တာနံ၊ တေသံ ၀ဍ္ဎုန္တိ အာသ၀ါ။

 

၂၉၃။ ယေသဉ္စ သုသမာရဒ္ဓါ၊ နိစ္စံ ကာယဂတာ သတိ။

အကိစ္စံ တေ သေ၀န္တိ၊ ကိစ္စေ သာတစ္စကာရိနော။

သတာနံ သမ္ပဇာနာနံ၊ အတ္ထံ ဂစ္ဆ န္တိ အာသ၀ါ။

 

၂၉၂။ ပြုသင့်ပြုထိုက်သောအမှုကို မပြုလုပ်ဘဲစွန့်ပစ်၍ မပြုသင့် မပြုထိုက်သော အမှုကိုမူကား ပြုလုပ်ကာ မာန ထောင်လွှားလျက် မေ့လျော့သူတို့အား အာသဝေါတရားတို့ တိုးပွားကုန်၏။

 

၂၉၃။ အကြင်သူတို့ကား ကာယဂတာသတိကို အမြဲကောင်းစွာ အားထုတ်ကြကုန်၏၊ ထိုသူတို့သည် မပြုသင့် မပြုထိုက်သောအမှုကိုမပြု မမှီဝဲကုန်၊ ပြုသင့်ပြုထိုက်သောအမှု၌ မပြတ်ပြုလုပ်ကြကုန်၏။ သတိရှိသူ ကောင်းစွာ အပြားအားဖြင့်သိမှု သမ္ပဇဉ်ဉာဏ်ရှိသူတို့အား အာသဝေါတရားတို့ ချုပ်ခြင်းသို့ရောက်ကုန်၏။

 

292. By not doing what should be done and what is not to be done is done; sinful desires will increase in the person who is arrogant and proud.

 

293. Those who have well undertaken, constantly mindful with regard to the nature of the body, who do not attend to what is not to be done, persevering in what is to be done. Of those mindful and attentive; mental desires come to an end.

 

၂၉၄။ မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ ခတ္တိယေ။

ရဋ္ဌံ သာနုစရံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။

 

၂၉၅။ မာတရံ ပိတရံ ဟန္တွာ၊ ရာဇာနော ဒွေ သောတ္ထိယေ။

ဝေယဂ္ဃပဉ္စမံ ဟန္တွာ၊ အနီဃော ယာတိ ဗြာဟ္မဏော။

 

၂၉၄။ ရဟန္တာပုဂ္ဂိုလ်သည် တဏှာတည်းဟူသော အမိကို လည်းကောင်း၊ မာနတည်းဟူသော အဖကို လည်းကောင်း၊ သတ်ပြီးလျှင် သဿတဒိဋ္ဌိတည်းဟူသော ရေမြေအရှင် ဘုရင်မင်းမြတ်နှစ်ပါးတို့ကို လည်းကောင်း၊ နန္ဒီရာဂ တည်းဟူသော အခွန်သိမ်း အမတ်နှင့်တကွ အာယတန တစ်ဆယ့်နှစ်ပါးတည်းဟူသော တိုင်းပြည်ကို လည်းကောင်း သတ်ခြင်းကြောင့် ဆင်းရဲကင်းလျက်သွားရ၏။

 

၂၉၅။ ရဟန္တာပုဂ္ဂိုလ်သည် တဏှာတည်းဟူသော အမိကို လည်းကောင်း၊ မာနတည်းဟူသော အဖကို လည်းကောင်း၊ သတ်ပြီးလျှင် သဿတဒိဋ္ဌိတည်းဟူသော မင်းပုဏ္ဏားနှစ်ပါးတို့ကို လည်းကောင်း သတ်သောကြောင့် ကျားရဲရှိ သောခရီးနှင့်တူသော ၀ိစိကိစ္ဆာလျှင် ငါးခုမြောက် နီဝရဏ အတားအဆီးကို ပယ်ဖျက်ကာ ဆင်းရဲကင်းလျက် သွားရ၏။

 

294. Killing mother (as craving) and father (as pride), and two warrior kings (as grasping and rejecting), killing a kingdom with all its subjects (sense-avenues and sense-objects), the Arahant goes without any grief.

 

295. Killing mother (as craving) and father (as pride), and two learned kings (as eternalism and nihilism), killing five eminent men (as sensuality, ill-will, stupefaction, excitation followed by regret and doubt), the Arahant goes untroubled.

 

၂၉၆။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။

ယေသံ ဒိဝါ ရတ္တော စ၊ နိစ္စံ ဗုဒ္ဓဂတာ သတိ။

 

၂၉၆။ နေ့ရောညဥ့်ပါ အမြဲမပြတ် ဘုရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့်တို့ သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

 

296. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on Buddha's virtues.

 

၂၉၇။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။

ယေသံ ဒိဝါ ရတ္တော စ၊ နိစ္စံ ဓမ္မဂတာ သတိ။

 

၂၉၇။ နေ့ရောညဥ့်ပါ အမြဲမပြတ် တရားဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

 

297. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on the virtues of his Teaching, Dhamma.

 

၂၉၈။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။

ယေသံ ဒိဝါ ရတ္တော စ၊ နိစ္စံ သံဃဂတာ သတိ။

 

၂၉၈။ နေ့ရောညဥ့်ပါ အမြဲမပြတ် သံဃာဂုဏ်ကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမ မြတ်စွာဘုရား၏ တပည့် တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

 

298. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on the virtues of his Community, Sangha.

 

၂၉၉။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။

ယေသံ ဒိဝါ ရတ္တော စ၊ နိစ္စံ ကာယဂတာ သတိ။

 

၂၉၉။ နေ့ရောညဥ့်ပါ အမြဲမပြတ် သုံးဆယ့်နှစ်ကောဋ္ဌာသကို အာရုံပြု၍ဖြစ်သော သတိရှိသူ ဂေါတမမြတ်စွာ ဘုရား၏ တပည့်တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

 

299. The disciples of Gotama are always wide awake and watchful, and their thoughts day and night are set on fleeting nature of the body.

 

 

၃၀၀။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။

ယေသံ ဒိဝါ ရတ္တော စ၊ အဟိံသာယ ရတော မနော။

 

၃၀၀။ နေ့ရောညဥ့်ပါ မညှဉ်းဆဲမှု ကရုဏာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါ ခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

 

300. The disciples of Gotama are always wide awake and watchful, and their mind day and night delights in compassion.

 

၃၀၁။ သုပ္ပဗုဒ္ဓံ ပဗုဇ္ဈန္တိ၊ သဒါ ဂေါတမသာဝကာ။

ယေသံ ဒိဝါ ရတ္တော စ၊ ဘာဝနာယ ရတော မနော။

 

၃၀၁။ နေ့ရောညဥ့်ပါ မေတ္တာဘာဝနာ၌ မွေ့လျော်စိတ်ရှိသူ ဂေါတမမြတ်စွာဘုရား၏ တပည့်တို့သည် အခါခပ်သိမ်း ကောင်းစွာနိုးကြားသောအားဖြင့် နိုးကြားရကုန်၏။

 

301. The disciples of Gotama are always wide awake and watchful, and their mind day and night delights in the practice of loving kindness meditation.

 

၃၀၂။ ဒုပ္ပဗ္ဗဇ္ဇံ ဒုရဘိရမံ၊ ဒုရာဝါသာ ဃရာ ဒုခါ။

ဒုက္ခောသမာနသံဝါသော၊ ဒုက္ခာနုပတိတဒ္ဓဂူ။

တသ္မာ စဒ္ဓဂူ သိယာ၊ ဒုက္ခာနုပတိတော သိယာ။

 

၃၀၂။ စည်းစိမ်ဥစ္စာကို စွန့်လွှတ်၍ ရဟန်းပြုနိုင်ခဲ၏၊ သူတော်အကျင့်၌ မွေ့လျော်နိုင်ခဲ၏၊ အိမ်၌ မပြည့်မစုံ နေရခြင်း သည် ဆင်းရဲ၏၊ သဘောမတူသူတို့နှင့် နေရခြင်းသည် ဆင်းရဲ၏၊ သံသရာ ခရီးသွားရခြင်းသည် ဆင်းရဲသို့ ကျတတ်၏၊ ထို့ကြောင့် သံသရာခရီးသွား မဖြစ်ရာ၊ ဆင်းရဲသို့ ကျရောက်သူ မဖြစ်ရာ။

 

302. It is hard to leave the wealth and become a novice (to be a monk) – hard to enjoy therein. The householder's life is also difficult and burdensome. It is also hard to live with incompatible ones. And samsara travelers are trapped in suffering. So be not a traveler. And be not trapped in suffering.

 

၃၀၃။ သဒ္ဓေါ သီလေန သမ္ပန္နော၊ ယသောဘောဂသမပ္ပိတော။

ယံ ယံ ပဒေသံ ဘဇတိ၊ တတ္ထ တတ္ထေ၀ ပူဇိတော။

၃၀၃။ သဒ္ဓါတရားလည်းရှိ သီလလည်းပြည့်စုံ အခြံအရံ စည်းစိမ်ဥစ္စာနှင့်လည်း ပြည့်စုံသူသည် ရောက်လေရာရာ အရပ်တို့၌ အပူဇော်ခံရ၏။

 

303. The generous one who is perfect with virtue, possessed of companions and wealth, will be held in honors wherever that person may go.

 

၃၀၄။ ဒူရေ သန္တော ပကာသေန္တိ၊ ဟိမ၀န္တောဝ ပဗ္ဗတော။

အသန္တေတ္ထ ဒိဿန္တိ၊ ရတ္တိံ ခိတ္တာ ယထာ သရာ။

 

၃၀၄။ ဟိမ၀န္တာတောင်သည် အဝေး၌တည်သော်လည်း ထင်ရှားသကဲ့သို့ သူတော်ကောင်းတို့သည် အဝေး၌ပင် နေသော်လည်း ထင်ရှားကုန်၏၊ ညဥ့်အခါ ပစ်လိုက်သည့် မြားတို့သည် မထင်ရှားကုန်သကဲ့သို့ သူယုတ်မာတို့သည် အနီး၌ ရှိနေကြကုန်သော်လည်း မထင်ရှားကုန်။

 

304. The virtuous persons are visible from far away, like the Himalaya Mountains; but the sinful though very near are in darkness, invisible like arrows shot in the night.

 

၃၀၅။ ဧကာသနံ ဧကသေယျံ၊ ဧကော စရမတန္ဒိတော။

ဧကော ဒမယမတ္တာနံ၊ ၀နန္တေ ရမိတော သိယာ။

 

၃၀၅။ မပျင်းမရိမူ၍ တစ်ယောက်တည်းနေ တစ်ယောက်တည်းအိပ် တစ်ယောက်တည်း လှည့်လည် သွားလာလျက် မိမိကိုယ်ကို ဆုံးမပြီးလျှင် တစ်ယောက်တည်း တောင်၌ မွေ့လျော်ရာ၏။

 

305. Without sloth, the person stays alone, sleeps alone, and walks alone, controls by oneself, would be delighted in the solitude of the forest / mountain.

---------------------------------------

၂၂။ နိရယ၀ဂ္ဂ

Chapter 22

 

၃၀၆။ အဘူတ၀ါဒီ နိရယံ ဥပေတိ၊ ယော ၀ါပိ ကတွာ ကရောမိစာဟ။

ဥဘောပိ တေ ပေစ္စ သမာ ဘ၀န္တိ၊ နိဟီနကမ္မာ မနုဇာ ပရတ္ထ။

 

၃၀၆။ မဟုတ်မမှန် ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊ မိမိပြုလုပ်လျက် မပြုလုပ်ဟု ပြောဆိုသူသည်လည်း ငရဲသို့ရောက်ရ၏၊ ထိုသူနှစ်ယောက်တို့သည်လည်း ယုတ်သောအမှု ရှိကုန်သည်ဖြစ် နောင်တမလွန်ဘ၀၌ ငရဲခံရခြင်း တူကုန်၏။

 

306. The person who speaks lies goes to hell, and the one who has done things said, "I haven't done this" also goes to hell. Both of them, after having passed away, will have to suffer as they sinned against truth.

 

၃၀၇။ ကာသာဝကဏ္ဌာ ဗလဝေါ၊ ပါပဓမ္မာ အသညတာ။

ပါပါ ပါပေဟိ ကမ္မေဟိ၊ နိရယံ တေ ဥပပဇ္ဇရေ။

 

၃၀၇။ ယုတ်မာသော သဘောရှိကုန်သည်ဖြစ်၍ ကိုယ်နှုတ်နှလုံးကို မစောင့်စည်းကုန်သော သင်္ကန်းကို လည်ပင်း၌ပတ်ကြကုန်သော များစွာသော ထိုသူယုတ်မာတို့သည် ယုတ်မာသော မကောင်းမှုတို့ကြောင့် ငရဲသို့ ကျရောက်ရကုန်၏။

 

307. Those who have bad qualities wear the yellow robes on their necks and not have good nature and self-control; such persons are led to hell by their bad deeds.

 

၃၀၈။ သေယျော အယောဂုဠော ဘုတ္တော၊ တတ္တော အဂ္ဂိသိခူပမော။

ယဉ္စေ ဘုဉ္ဇေယျ ဒုဿီလော၊ ရဋ္ဌပိဏ္ဍမသညတော။

 

၃၀၈။ သီလလည်းမရှိ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသူပြည်သားတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ် သောဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက သာ၍ကောင်းမြတ်သေး၏။

 

308. It would be better to swallow a red hot iron ball which is glowing like fire, for bad and unrestrained fellows than that one should eat the alms provided by devoted people.

 

၃၀၉။ စတ္တာရိ ဌာနာနိ နရော ပမတ္တော၊ အာပဇ္ဇတိ ပရဒါရူပသေ၀ီ။

အပုညလာဘံ နိကာမသေယျံ၊ နိန္ဒံ တတီယံ နိရယံ စတုတ္ထံ။

 

၃၀၉။ တရားလမ်းမှန် သတိမထားဘဲ သူတစ်ပါးသားမယားကို မှီဝဲသူသည် အကုသိုလ်ရခြင်း၊ အလိုရှိတိုင်း ချမ်းသာစွာမအိပ်ရခြင်း၊ သူတစ်ပါးတို့ အကဲ့ရဲ့ခံရခြင်း၊ ငရဲခံရခြင်း ဤလေးပါးသော ဆင်းရဲခြင်း၏ အကြောင်းတို့သို့ ရောက်ရ၏။

 

309. The person who is thoughtless takes another man's wife would go through four misfortunes: got sinned, lack of sleep peacefully, disgraced by other people and lastly hell.

 

၃၁၀။ အပုညလာဘော ဂတီ ပါပိကာ၊ ဘီတဿ ဘီတာယ ရတီ ထောကိကာ။

ရာဇာ ဒဏ္ဍံ ဂရုကံ ပဏေတိ၊ တသ္မာ နရော ပရဒါရံ သေဝေ။

 

၃၁၀။ မကောင်းမှုကိုလည်းရ၏၊ ယုတ်သောလားရာဂတိလည်းရှိ၏၊ ကြောက်ရွံ့ထိတ်လန့်သော ယောက်ျား၏ ကြောက်ရွံ့ထိတ်လန့်သော မိန်းမနှင့် မွေ့လျော်ပျော်ပါးရခြင်းသည် အနည်းငယ်မျှသာ ဖြစ်၏၊ မင်းသည်လည်း ကြီးလေးသော အပြစ်ဒဏ်ကိုလည်းပေး၏၊ ထို့ကြောင့်ယောက်ျားသည် သူတစ်ပါးမယားကို မမှီဝဲရာ။

 

 

310. Getting the sin, and the downward path to hell for the brief pleasure of a frightened man with frightened woman, the imposition by the King with heavy punishment; therefore let no man think of another man's wife.

 

၃၁၁။ ကုသော ယထာ ဒုဂ္ဂဟိတော၊ ဟတ္ထမေ၀ါနုကန္တတိ။

သာမညံ ဒုပ္ပရာမဋ္ဌံ၊ နိရယာယုပကဍ္ဎုတိ။

 

၃၁၁။ မကောင်းသဖြင့် ကိုင်အပ်သော သမန်းမြက်သည် ကိုင်သောလက်ကိုသာလျှင် ခွဲရှသကဲ့သို့ မကောင်းသဖြင့် ကျင့်သုံးအပ်သော ရဟန်းအဖြစ်သည် ထိုရဟန်းကိုပင် ငရဲသို့ဆွဲချ၏။

 

311. Just as a blade of grass, if badly grasped, cuts the hand, the life of a monk, if imperfectly followed, will only lead him to hell.

 

၃၁၂။ ယံကိဉ္စိ သိထိလံ ကမ္မံ၊ သံကိလိဋ္ဌဉ္စ ယံ ၀တံ။

သင်္ကဿရံ ဗြဟ္မစရိယံ၊ တံ ဟောတိ မဟပ္ဖလံ။

 

၃၁၂။ လျော့ရဲစွာပြုအပ်သော အမှုကိစ္စတစ်စုံတစ်ခုသည် လည်းကောင်း၊ ညစ်နွမ်းသော အကျင့်သည် လည်းကောင်း၊ ယုံမှားတွေးတောဖွယ်ဖြစ်သော ရဟန်းအကျင့်သည် လည်းကောင်း အကျိုးမကြီးချေ။

 

312. For an act carelessly performed, when sacred vows are broken, a monk's life with suspicion and hesitation – these may have no great results.

 

၃၁၃။ ကယိရာ စေ ကယိရာထေနံ၊ ဒဠှမေနံ ပရက္ကမေ။

သိထိလော ဟိ ပရိဗ္ဗာဇော၊ ဘိယျော အာကိရတေ ရဇံ။

 

၃၁၃။ အမှုကိစ္စကို ပြုလုပ်ခဲ့မူ ထိုအမှုကိစ္စကို တိကျစွာ ပြုလုပ်ရာ၏၊ ထိုအမှုကိစ္စကို မြဲမြံစွာအား ထုတ်ရာ၏၊ လျော့ရဲစွာပြုအပ်သော ရဟန်းအဖြစ်သည် ကိလေသာမြူကို ထပ်လောင်းကြဲဖြန့်တတ်၏။

 

 

 

313. If a thing is to be done, let one do it firmly. A thoughtless, careless Bhikkhu only raises the dust (messing things up) – the dust of desires.

 

၃၁၄။ အကတံ ဒုက္ကဋံ သေယျော၊ ပစ္ဆာ တပ္ပတိ ဒုက္ကဋံ။

ကတဉ္စ သုကတံ သေယျော၊ ယံ ကတွာ နာနုတပ္ပတိ။

 

၃၁၄။ မကောင်းမှုကို မပြုခြင်းသည်မြတ်၏၊ မကောင်းမှုသည် နောင်အခါ ပူပန်စေတတ်၏၊ ကောင်းမှုကို ပြုခြင်းသည်ကား မြတ်၏၊ ယင်းကောင်းမှုကို ပြုခြင်းကြောင့် နောင်တတစ်ဖန် မပူပန်ရ။

 

314. A misdeed is better left undone, as it torments afterwards; a good deed is better done, for having done it, one needs not have worry.

 

၃၁၅။ နဂရံ ယထာ ပစ္စန္တံ၊ ဂုတ္တံ သန္တရဗာဟိရံ။

ဧ၀ံ ဂေါပေထ အတ္တာနံ၊ ခဏော ဝေါ မာ ဥပစ္စဂါ။

ခဏာတီတာ ဟိ သောစန္တိ၊ နိရယမှိ သမပ္ပိတာ။

 

၃၁၅။ တိုင်းပြည်အစွန်ဖြစ်သောမြို့ကို အတွင်းအပြင်နှင့်တကွ လုံခြုံစေသကဲ့သို့ ထို့အတူ မိမိကိုယ်ကို အတွင်းအပြင် လုံခြုံအောင် စောင့်ရှောက်ကုန်လော့၊ သင်တို့ကို ဘုရားပွင့်ခြင်းစသော အခွင့်အခါကောင်းသည် မလွန်ပါစေလင့်၊ အခွင့်အခါကောင်းကို လွန်သူတို့သည် ငရဲ၌ ကျရောက်ကုန်သည်ဖြစ်၍ စိုးရိမ်ကြရကုန်၏။

 

315. Like a city on the border is guarded both inside and out, so let a man guard himself. Do not let a good moment with Buddha's Thar tha na (Sasana) slip by, for those who carelessly allow the good opportunity pass by, in the end they have to suffer when born in hell.

 

၃၁၆။ အလဇ္ဇိတာယေ လဇ္ဇန္တိ၊ လဇ္ဇိတာယေ လဇ္ဇရေ။

မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

 

၃၁၆။ ရှက်ဖွယ်မဟုတ်ရာ၌ ရှက်တတ်၍ ရှက်ဖွယ်ဟုတ်ရာ၌ မရှက်တတ်ကုန်သော

မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။

 

316. Those who are ashamed of what is not shameful and not ashamed of what is shameful; those people who have very wrong views go the hellish abode in the end.

 

၃၁၇။ အဘယေ ဘယဒဿိနော၊ ဘယေ စာဘယဒဿိနော။

မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

 

၃၁၇။ ကြောက်ဖွယ်မဟုတ်သည်၌ ကြောက်ဖွယ်ဟု ရှုလေ့ရှိကြကုန်၍ ကြောက်ဖွယ်ဟုတ်သည်၌ ကြောက်ဖွယ် မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။

 

317. Those who fear what they should not fear, and who do not fear what they should fear; those people who have very wrong views go to hellish abode.

 

၃၁၈။ အ၀ဇ္ဇေ ၀ဇ္ဇမတိနော၊ ၀ဇ္ဇေ စာဝဇ္ဇဒဿိနော။

မိစ္ဆာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ ဒုဂ္ဂတိံ။

 

၃၁၈။ အပြစ်မဟုတ်သည်၌ အပြစ်ဟု အယူရှိကြကုန်၍ အပြစ်ဟုတ်သည်၌လည်း အပြစ်မဟုတ်ဟု ရှုလေ့ရှိကုန်သော မှားသောအယူရှိသော သတ္တ၀ါတို့သည် ဒုဂ္ဂတိဘ၀သို့ ရောက်ရကုန်၏။

 

318. Those who see sin where there is no sin, and who do not see sin where there is sin; those people who have very wrong views go to hellish abode.

 

၃၁၉။ ၀ဇ္ဇဉ္စ ၀ဇ္ဇတော ဉတွာ၊ အ၀ဇ္ဇဉ္စ အ၀ဇ္ဇတော။

သမ္မာဒိဋ္ဌိသမာဒါနာ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။

 

၃၁၉။ အပြစ်ကိုအပြစ်ဟု အပြစ်မဟုတ်သည်ကို အပြစ်မဟုတ်ဟု သိကြကုန်သောကြောင့် ကောင်းသောအယူ ရှိကုန်သော သတ္တ၀ါတို့သည် သုဂတိဘ၀သို့ ရောက်ရကုန်၏။

 

319. Those who see clearly the good thing is good and the bad thing is bad; have the right views and they go to the happy state.

---------------------------------------------------------

၂၅။ ဘိက္ခုဝဂ္ဂ Chapter 25

Chapter 25

 

၃၆၀။ စက္ခုနာ သံဝရော သာဓု၊ သာဓု သောတေန သံဝရော။

ဃာနေန သံဝရော သာဓု၊ သာဓု ဇိဝှါယ သံဝရော။

 

၃၆၀။ အကုသိုလ်မဖြစ်ရန် စက္ခုဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊

သောတဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏။

 

360. It is good to control the eye, the ear, the nose and the mouth to prevent from sin.

 

၃၆၁။ ကာယေန သံဝရော သာဓု၊ သာဓု ၀ါစာယ သံဝရော။

မနသာ သံဝရော သာဓု၊ သာဓု သဗ္ဗတ္ထ သံဝရော။

သဗ္ဗတ္ထ သံဝုတော ဘိက္ခု၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။

 

၃၆၁။ ကာယဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ ၀စီဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ မနောဒွါရ၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ အလုံးစုံသော ဒွါရတို့၌ စောင့်စည်းပိတ်ဆို့မှုသည် ကောင်း၏၊ စောင့်စည်း ပိတ်ဆို့နိုင်သော ရဟန်းသည် ဆင်းရဲအားလုံးမှ လွတ်မြောက်နိုင်၏။

 

361. It is good to control the body (kar ya), it is good to control the speech (wa zi) and it is good to control the mind (ma nor). It is good to control all senses. The Bhikkhu who can control all senses will be free from all sufferings.

 

၃၆၂။ ဟတ္ထသံယတော ပါဒသံယတော၊ ၀ါစာသံယတော သံယတုတ္တမော။

အဇ္ဈတ္တရတော သမာဟိတော၊ ဧကော သန္တုသိတော တမာဟု ဘိက္ခုံ။

 

၃၆၂။ အကြင်သူသည် လက်ကိုစောင့်စည်း၏၊ ခြေကိုစောင့်စည်း၏၊ နှုတ်ကိုစောင့်စည်း၏၊ တစ်ကိုယ်လုံးကို စောင့်စည်း ၏၊ ကမ္မဋ္ဌာန်းစီးဖြန်းမှု၌ မွေ့လျော်ကာ တည်ကြည်သော စိတ်ရှိ၏၊ တစ်ယောက်တည်းနေ၍ ရရသမျှဖြင့် ရောင့်ရဲနိုင်၏၊ ထိုသူကို ရဟန်းဟူ၍ ဆိုကုန်၏။

 

362. The one who has control on his hands, control on his feet, control on his words, and who is well-controlled, who is upright, steadfast and joyful in meditation, stays in solitary and is contented – that one they call a Bhikkhu.

 

၃၆၃။ ယော မုခသံယတော ဘိက္ခု၊ မန္တဘာဏီ အနုဒ္ဓတော။

အတ္ထံ ဓမ္မဉ္စ ဒီပေတိ၊ မဓုရံ တဿ ဘာသိတံ။

 

၃၆၃။ အကြင်ရဟန်းသည် နှုတ်ကို စောင့်စည်း၏၊ ပညာဖြင့် ဆင်ခြင်၍ ပြောဆိုလေ့ရှိ၏၊ မပျံ့လွင့်သောစိတ်ရှိ၏၊ အနက်အဓိပ္ပါယ်ကိုလည်းကောင်း၊ ပါဠိကိုလည်းကောင်း ဟောပြတတ်၏၊ ထိုရဟန်းဟောပြသော စကားသည် ချိုမြိန်သာယာ၏။

363. The Bhikkhu who is restrained in speech, speaks with wisdom, who has Samadhi, strong concentration, who has good command on sacred verses and in-depth meaning of them, his speech is pleasant.

 

၃၆၄။ ဓမ္မာရာမော ဓမ္မရတော၊ ဓမ္မံ အနုဝိစိန္တယံ။

ဓမ္မံ အနုဿရံ ဘိက္ခု၊ သဒ္ဓမ္မာ ပရိဟာယတိ။

 

၃၆၄။ တရားလျှင်မွေ့လျော်ရာရှိသော တရား၌ မွေ့လျော်တတ်သောတရားကို အဖန်ဖန် ကြံစည်တတ်သော အောက်မေ့ တတ်သော ရဟန်းသည် သူတော်ကောင်းတရားမှ မဆုတ်ယုတ်နိုင်။

 

364. The Bhikkhu who only has Dhamma to live peacefully with, who is delightful in Dhamma, ponders in Dhamma and remembers Dhamma – he will not fall away from the Sublime Teaching, Dhamma.

 

၃၆၅။ သလာဘံ နာတိမညေယျ၊ နာညေသံ ပိဟယံ စရေ။

အညေသံ ပိဟယံ ဘိက္ခု၊ သမာဓိံ နာဓိဂစ္ဆတိ။

 

၃၆၅။ မိမိရမည့် လာဘ်လာဘကို မတရားရှာမှီးသောအားဖြင့် စက်ဆုပ်ဖွယ် မဖြစ်စေရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘ ကို မနှစ်သက် မတောင့်တရာ၊ သူတစ်ပါးတို့၏ လာဘ်လာဘကို နှစ်သက်သော ရဟန်းသည် တည်ကြည်မှု သမာဓိကို မရနိုင်။

 

365. Do not let offerings received to be viewed as contempt by oneself, also not long for the offerings received by others. A monk who envies others cannot attain deep concentration.

 

၃၆၆။ အပ္ပလာဘောပိ စေ ဘိက္ခု၊ သလာဘံ နာတိမညတိ။

တံ ဝေ ဒေဝေါ ပသံသန္တိ၊ သုဒ္ဓါဇီဝိံ အတန္ဒိတံ။

 

၃၆၆။ ရဟန်းသည် လာဘ်လာဘနည်းသော်လည်း၊ မိမိ လာဘ်လာဘကို မတရား ရှာမှီးသောအားဖြင့် အကယ်၍ စက်ဆုပ်ဖွယ် မဖြစ်စေခဲ့မူ အသက်မွေးစင်ကြယ်၍ မပျင်းမရိ လုံ့လရှိသော ထိုရဟန်းကို နတ်တို့သည် ဧကန်ချီးမွမ်းကုန်၏။

 

 

366. Though a monk has received only a little offering, if it is not viewed as contempt by him, the gods praise the monk whose life is pure and free of laziness.

 

၃၆၇။ သဗ္ဗသော နာမရူပသ္မိံ၊ ယဿ နတ္ထိ မမာယိတံ။

အသတာ စ န သောစတိ၊ သ ဝေ ဘိက္ခူတိ ၀ုစ္စတိ။

 

၃၆၇။ အကြင်ပုဂ္ဂိုလ်အား နာမ်တရား ရုပ်တရားအားလုံး၌ ငါ ငါ၏ဥစ္စာဟု မြတ်နိုးစွဲလမ်းမှု မရှိ၊ ထိုနာမ်ရုပ် ပျက်စီး သော်လည်း မစိုးရိမ်၊ ထိုပုဂ္ဂိုလ်ကို ဘိက္ခုအစစ်ဟူ၍ ဆိုအပ်၏။

 

367. For the person who has no selfish possessiveness on all mind and matter aggregates, and who does not worry on when they are shattered, he is indeed called a Bhikkhu.

 

၃၆၈။ မေတ္တာဝိဟာရီ ယော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။

အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

 

၃၆၈။ မေတ္တာတရားကို ပွားများလေ့ရှိသော၊ မြတ်စွာဘုရားသာသနာတော်၌ ကြည်ညိုသော ရဟန်းသည် သင်္ခါရ တို့၏ငြိမ်းရာ ငြိမ်သက်ချမ်းအေးသော နိဗ္ဗာန်ကို ရနိုင်၏။

 

368. The bhikkhu who practices loving kindness all the time, who has excellent faith in Teachings of the Bhddha, he would attain the state in peace where sankharas (compounded existences) has ceased.

 

၃၆၉။ သိဉ္စ ဘိက္ခု ဣမံ နာဝံ၊ သိတ္တာ တေ လဟုမေဿတိ။

ဆေတွာ ရာဂဉ္စ ဒေါသဉ္စ၊ တတော နိဗ္ဗာနမေဟိသိ။

 

၃၆၉။ ရဟန်း ဤခန္ဓာကိုယ်တည်းဟူသောလှေမှ မိစ္ဆာဝိတက်ဟူသော ရေကို ပက်ထုတ်လော့၊ ထိုသို့ ပက်ထုတ်လျှင် သင်၏ ခန္ဓာကိုယ်တည်းဟူသော လှေသည် လျင်စွာသွားနိုင်လတ္တံ့၊ ရာဂ ဒေါသကို ပယ်ဖြတ်နိုင်လျှင် နိဗ္ဗာန်သို့ ရောက်လတ္တံ့။

 

369. Bhikkhu – empty the boat (of aggregate). If it is empty, it will sail quickly. Having cut off passion and hatred, you will thereby reach Nibbana.

 

၃၇၀။ ပဉ္စ ဆိန္ဒေ ပဉ္စ ဇဟေ၊ ပဉ္စ စုတ္တရိ ဘာဝယေ။

ပဉ္စသင်္ဂါတိဂေါ ဘိက္ခု၊ သြဃတိဏ္ဏောတိ ၀ုစ္စတိ။

 

၃၇၀။ အောက်ပိုင်းသံယောဇဉ် ငါးပါးကို ဖြတ်ရာ၏၊ အထက်ပိုင်းသံယောဇဉ် ငါးပါးကိုစွန့်ရာ၏၊ သဒ္ဓါစသော ငါးပါး သောတရားတို့ကို အလွန်ပွားရာ၏၊ လောဘစသော ငြိတွယ်ခြင်းငါးပါးမှ လွန်မြောက်သော ရဟန်းကို သံသရာ ၀ဲ သြဃကို ကူးမြောက်ပြီးသူ ဟူ၍ ဆိုအပ်၏။

 

370. Cut off the lower five attachments. Throw off the upper five attachments. Cultivate these five. The bhikkhu who has abandoned beyond the five attachments is called "the person who has crossed over the flood of Samsara".

* lower five – selfishness, doubt, wrong austerities and rites, lust, hatred

* upper five – desire to be born with a body, or without a body, self-will, restlessness, ignorance

* cultivate five – faith, mindfulness, energy, contemplation, vision

* five attachments – lust, hatred, delusion, pride, wrong views

 

၃၇၁။ ဈာယ ဘိက္ခု မာ ပမာဒေါ၊ မာ တေ ကာမဂုဏေ ရမေဿု စိတ္တံ။

မာ လောဟဂုဠံ ဂိလီ ပမတ္တော၊ မာ ကန္ဒိ ဒုက္ခမိဒန္တိ ဒယှမာနော။

 

၃၇၁။ ရဟန်း အနိစ္စစသည်ဖြင့်ရှုလော့၊ မမေ့လျော့လင့်၊ သင်၏စိတ်ကို ကာမဂုဏ်၌ မမွေ့လျော်စေလင့်၊ မေ့လျော့၍ သံတွေခဲကို မမျိုလင့်၊ လောင်သည်ရှိသော် ဤသို့အလောင်ခံရခြင်းသည် ဆင်းရဲလေစွဟု မငိုကြွေးလင့်။

 

371. Bhikkhu – be mindful, do not be negligent, let your mind not to be on sensual desires, do not swallow a red hot iron ball by negligence, if burned, do not cry "This is painful".

 

၃၇၂။ နတ္ထိ ဈာနံ အပညဿ၊ ပညာ နတ္ထိ အဈာယတော။

ယမှိ ဈာနဉ္စ ပညာ စ၊ သ ဝေ နိဗ္ဗာနသန္တိကေ။

 

၃၇၂။ ပညာမရှိသူအား သမာဓိဈာန်မရှိ၊ သမာဓိဈာန်မရှိသူအား ၀ိပဿနာပညာမရှိ၊ ထိုပုဂ္ဂိုလ်၌ သမာဓိဈာန် လည်းကောင်း၊ ၀ိပဿနာပညာသည်လည်းကောင်း ရှိ၏၊ ထိုသူသည် နိဗ္ဗာန်နှင့် ဧကန်နီးတော့၏။

 

372. The person who has no insight will not have contemplation; the person who has no contemplation will not have insight. For the person who has contemplation and insight, he is indeed close to Nibbana.

 

၃၇၃။ သုညာဂါရံ ပ၀ိဋ္ဌဿ၊ သန္တစိတ္တဿ ဘိက္ခုနော။

အမာနုသီ ရတိ ဟောတိ၊ သမ္မာ ဓမ္မံ ၀ိပဿတော။

 

၃၇၃။ ဆိတ်ငြိမ်ရာအရပ်သို့ ၀င်ရောက်၍ ကောင်းစွာတရားကို ရှုမှတ်သော ငြိမ်သက်သောစိတ်ရှိသော ရဟန်းအား လူသာမန်တို့နှင့် မထိုက်သော ၀ိပဿနာဈာန်စသော တရား၌ မွေ့လျော်ခြင်းသည်ဖြစ်၏။

 

373. The Bhikkhu with calm mind has entered his empty house, deep in meditation, has gained the insight knowledge with which he lives in delight unlike ordinary beings.

 

၃၇၄။ ယတော ယတော သမ္မသတိ၊ ခန္ဓာနံ ဥဒယဗ္ဗယံ။

လဘတီ ပီတိပါမောဇ္ဇံ၊ အမတံ တံ ၀ိဇာနတံ။

 

၃၇၄။ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း ပျက်ခြင်းကို သုံးသပ်ဆင်ခြင်တိုင်း နှစ်သက်မှုပီတိ ၀မ်းမြောက်မှုပါမောဇ္ဇကို ရ၏၊  ထို နှစ်သက်ဝမ်းမြောက်မှုသည်ပင် တရားမှန်ကိုသိသော ပညာရှိတို့အတွက် နိဗ္ဗာန်ရောက်ကြောင်းပင်တည်း။

 

374. Whenever one concentrates on impermanence of rising and disappearing on five aggregates, one gains joy and delight, with that one with insight knowledge can attain Nibbana.

 

၃၇၅။ တတြာယမာဒိ ဘ၀တိ၊ ဣဓ ပညဿ ဘိက္ခုနော။

ဣန္ဒြိယဂုတ္တိ သန္တုဋ္ဌိ၊ ပါတိမောက္ခေ စ သံဝရော။

 

၃၇၅။ ဤသာသနာတော်၌ ဣနြေ္ဒကိုစောင့်ထိန်းမှု အာဇီဝ ပစ္စယနှစ်ပါး၌ရောင့်ရဲမှု ပါတိမောက္ခ သီလ၌ စောင့်စည်းမှု စတုပါရိသုဒ္ဓိသီလလေးပါးသည် ပညာရှိ ရဟန်းအတွက် ထိုနိဗ္ဗာန်ရောက်ကြောင်း အကျင့်၌ အဦးအစ ဖြစ်၏။

 

 

 

၃၇၆။ မိတ္တေ ဘဇဿု ကလျာဏေ၊ သုဒ္ဓါဇီဝေ အတန္ဒိတေ။

ပဋိသႏၴာရ၀ုတ်ႆ၊ အာစာရကုသေလာ သိယာ။

တတော ပါမောဇ္ဇဗဟုလော၊ ဒုက္ခဿန္တံ ကရိဿတိ။

 

375. Here in this Buddhist Era (Buddha's Thar tha nar), these are the first things for the Bhikkhu with insight; guarding the senses, contentment, restraint in Patimokkha precepts which can lead to attaining Nibbana.

 

၃၇၆။ စင်ကြယ်သော အသက်မွေးခြင်းရှိ၍ မပျင်းရိသော မိတ်ဆွေကောင်းတို့ကို ဆည်းကပ်လော့၊ အာမိသဓမ္မ ပဋိ သန္ထာရနှစ်ပါးတို့နှင့် ပြည့်စုံစေရာ၏၊ ကျင့်ဝတ်သီလတို့၌ လိမ္မာရာ၏၊ ထိုဆိုခဲ့ပြီးသော အကြောင်းတို့ကြောင့်

ဝမ်းမြောက် မှုများသည်ဖြစ်၍ ဆင်းရဲ၏အဆုံးကို ပြုလတ္တံ့။

 

376. Let one be good association with friends who have right livelihood and are not slothful. Let one be also clever with sound moral principles and be attentive with precepts. Being that, one will have a full joy and will make an end of sufferings.

 

၃၇၇။ ၀ဿိကာ ၀ိယ ပုပ္ဖါနိ၊ မဒ္ဒ၀ါနိ ပမုဉ္စတိ။

ဧ၀ံ ရာဂဉ္စ ဒေါသဉ္စ၊ ၀ိပ္ပမုဉ္စေထ ဘိက္ခဝေါ။

 

၃၇၇။ ရဟန်းတို့ မုလေးပန်းပင်တို့သည် ရင့်ရော်ညှိုးနွမ်းကုန်သော ပန်းပွင့်တို့ကို စွန့်လွတ်ဘိ သကဲ့သို့ ဤအတူ သင်တို့ သည် ရာဂကိုလည်းကောင်း၊ ဒေါသကိုလည်းကောင်း၊ စွန့်လွှတ်ကြကုန်လော့။

 

377. O Bhikkhu, just as Spanish jasmine lets its faded flowers fall, you should shed passion and hatred.

 

၃၇၈။ သန္တကာယော သန္တ၀ါစော၊ သန္တ၀ါ သုသမာဟိတော။

ဝန္တလောကာမိသော ဘိက္ခု၊ ဥပသန္တောတိ ၀ုစ္စတိ။

 

၃၇၈။ ကောင်းစွာ တည်ကြည်သည်ဖြစ်၍ ငြိမ်သက်သောကိုယ် ငြိမ်သက်သောနှုတ် ငြိမ်သက်သော စိတ်ရှိသော လော ကီစည်းစိမ် အရှိန်အစော်စသည်ကို ထွေးအန်ပြီးသောရဟန်းကို ငြိမ်းအေးသော ရဟန်းဟူ၍ ဆိုအပ်၏။

 

378. It can be said that a monk is in peace when he is calm with his body, mind and speech, when he is the master of himself and has already left behind all worldly wealth.

 

၃၇၉။ အတ္တနာ စောဒယတ္တာနံ၊ ပဋိမံသေထ အတ္တနာ။

သော အတ္တဂုတ္တော သတိမာ၊ သုခံ ဘိက္ခု ၀ိဟာဟိသိ။

 

၃၇၉။ ရဟန်း မိမိကိုယ်ကို မိမိကိုယ်တိုင် စောကြောစစ်ဆေးလေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် ဆင်ခြင်လေလော့၊ မိမိကိုယ်ကို မိမိကိုယ်တိုင် စောင့်ရှောက်သည်ဖြစ်၍ သတိရှိသောသင်သည် ချမ်းသာစွာ နေရလတ္တံ့။

 

379. You need to restrain by yourself, you need to control by yourself, by thus being well-guarded and examined by yourself, and you who has mindfulness will stay in joy.

 

၃၈၀။ အတ္တာ ဟိ အတ္တနော နာထော၊(ကော ဟိ နာထော ပရော သိယာ)

အတ္တာ ဟိ အတ္တနော ဂတိ။ တသ္မာ သံယမမတ္တာနံ၊ အဿံ ဘဒြံဝ ၀ါဏိဇော။

 

၃၈၀။ မိမိသည်သာလျှင် မိမိကိုးကွယ်ရာဖြစ်၏၊ တစ်ပါးသောသူသည် အဘယ်မှာ ကိုးကွယ်ရာ ဖြစ်နိုင်အံ့နည်း၊ မိမိသည် သာလျှင် မိမိ၏ လဲလျောင်းရာဖြစ်၏၊ ထို့ကြောင့် မြင်းကုန်သည်သည် အမျိုးကောင်းမြင်းကို စောင့်ရှောက်သကဲ့သို့ မိမိကိုယ်ကို စောင့်ရှောက်လေလော့။

 

380. You are the master of yourself and nobody but yourself is your own master. You are the sole guide of yourself, so you control yourself just as a horse merchant does his good horse.

 

၃၈၁။ ပါမောဇ္ဇဗဟုလော ဘိက္ခု၊ ပသန္နော ဗုဒ္ဓသာသနေ။

အဓိဂစ္ဆေ ပဒံ သန္တံ၊ သင်္ခါရူပသမံ သုခံ။

 

၃၈၁။ မြတ်စွာဘုရား၏ သာသနာတော်၌ ကြည်ညိုမြတ်နိုး၍ ၀မ်းမြောက်ခြင်းများသော ရဟန်းသည် သင်္ခါရတို့၏ငြိမ်းရာ ငြိမ်သက်ချမ်းမြေ့သော နိဗ္ဗာန်ကို ရရာ၏။

 

381. For the monk who is firm and has deep affection in Buddha's teachings, with full of joy, will attain Nibbana where the end of sankharas, cessation of volitional formations.

 

၃၈၂။ ယော ဟဝေ ဒဟရော ဘိက္ခု၊ ယုဉ္ဇတိ ဗုဒ္ဓသာသနေ။

သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။

 

၃၈၂။ အကြင်ရဟန်းသည် ငယ်ရွယ်သော်လည်း မြတ်စွာဘုရားသာသနာတော်၌ စင်စစ် လုံ့လ ကြိုးကုတ်အားထုတ်၏၊ ထိုရဟန်းသည် တိမ်တိုက်မှလွတ်သော လမင်းကဲ့သို့ ဤလောကကို ထွန်းလင်းတောက်ပစေ၏။

 

382. Though young in age, a monk who has a relentless striving in Buddha's teachings brightens up the world like the moon free from clouds.

-----------------------------------------------

၂၆။ ဗြာဟ္မဏ၀ဂ္ဂ

Chapter 26

 

၃၈၃။ ဆိန္ဒ သောတံ ပရက္ကမ္မ၊ ကာမေ ပနုဒ ဗြာဟ္မဏ။

သင်္ခါရာနံ ခယံ ဉတွာ၊ အကတညူသိ ဗြာဟ္မဏ။

 

၃၈၃။ သူတော်ကောင်း တဏှာတည်းဟူသော အလျဉ်ကို ဖြတ်လော့၊ လုံ့လပြု၍ ကာမတို့ကို ပယ်လော့၊ သင်္ခါရတို့၏ ကုန်ရာကိုသိ၍ မပြုပြင်အပ်သော နိဗ္ဗာန်ကိုသိလော့၊ ရဟန္တာဖြစ်လေလော့။

 

383. Cut off the stream of craving, O Bhikkhu, and drive away all sensual pleasures. Knowing the end of Sankharas all that is made and make to know Nibbana, this is not made. Be an Arahant.

 

၃၈၄။ ယဒါ ဒွယေသု ဓမ္မေသု၊ ပါရဂူ ဟောတိ ဗြာဟ္မဏော။

အထဿ သဗ္ဗေ သံယောဂါ၊ အတ္ထံ ဂစ္ဆန္တိ ဇာနတော။

 

၃၈၄။ သူတော်ကောင်းသည် နှစ်ပါးသော သမထ၀ိပဿနာ တရားတို့၌ ကမ်းတစ်ဖက်သို့ရောက်၏၊ ထိုအခါ တရားမှန်ကိုသိသော သူတော်ကောင်းအား အလုံးစုံသော ကာမရာဂသံယောဇဉ် စသည်တို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

 

384. With the help of two Dhammas, samatha and vipassana, a Bhikkhu has reached the other shore. With the knowledge he attains, all the attachments he has are broken.

 

၃၈၅။ ယဿ ပါပံ အပါရံ ၀ါ၊ ပါရာပါရံ ၀ိဇ္ဇတိ။

ဝီတဒ္ဒရံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၃၈၅။ အကြင်ပုဂ္ဂိုလ်အား စက္ခုစသော အတွင်းအာယတန ခြောက်ပါးတည်းဟူသော ဤမှာဘက်ကမ်းသည် လည်းကောင်း၊ ရူပါရုံစသော အပြင်အာယတန ခြောက်ပါးတည်းဟူသော ထိုမှာဘက်ကမ်းသည်လည်းကောင်း၊ ထိုမှာဘက် ဤမှာဘက်ကမ်း နှစ်ပါးသည်လည်းကောင်း မရှိ၊ ပူပန်ခြင်းကင်းသည်ဖြစ်၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။

 

385. For him, there is neither this side of the shore (internal sense spheres), nor that other end of the shore (external sense objects), nor both do not exist – being lack of all fears and worries, I call him a Brahmana.

 

၃၈၆။ ဈာယိံ ၀ိရဇမာသီနံ၊ ကတကိစ္စမနာသ၀ံ။

ဥတ္တမတ္ထမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၃၈၆။ အနိစ္စစသော လက္ခဏာကိုရှု၍ ကိလေသာမြူကင်းလျက် တစ်ကိုယ်တည်း နေလေ့ရှိသော ရဟန်းကိစ္စ ပြီးပြီးသော အာသဝေါကင်း၍ အရဟတ္တဖိုလ်သို့ရောက်သော ပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။

 

386. He who is in contemplation, free from passions, staying by himself, who has done what has to be done and reached the perfection with no intoxicants (Arthawal taya), him – I call a Brahmana.

 

၃၈၇။ ဒိဝါ တပတိ အာဒိစ္စော၊ ရတ္တိမာဘာတိ စန္ဒိမာ။

သန္နဒ္ဓေါ ခတ္တိယော တပတိ၊ ဈာယီ တပတိ ဗြာဟ္မဏော။

အထ သဗ္ဗမဟောရတ္တိံ၊ ဗုဒ္ဓေါ တပတိ တေဇသာ။

 

၃၈၇။ နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏၊ လမင်းသည် ညဥ့်အခါ၌သာ တင့်တယ်၏၊ မင်းသည် မင်းမြောက် တန်ဆာဆင်မှသာလျှင် တင့်တယ်၏၊ ရဟန္တာသည် ဈာန်ဝင်စားမှသာလျှင် တင့်တယ်၏၊ အမှန်သော်ကား မြတ်စွာဘုရားသည်သာ တန်ခိုးတော်ဖြင့် အလုံးစုံသော နေ့ညဥ့်ပတ်လုံး တင့်တယ်၏။

 

387. The sun shines by day, the moon shines by night, the King glows only with his regalia, the Brahman glows only when in meditation, but all day and night, the Buddha shines with His splendor.

 

၃၈၈။ ဗာဟိတပါပေါတိ ဗြာဟ္မဏော၊ သမစရိယာ သမဏောတိ ၀ုစ္စတိ။

ပဗ္ဗာဇယမတ္တနော မလံ၊ တသ္မာ ပဗ္ဗဇိတောတိ ၀ုစ္စတိ။

 

၃၈၈။ မကောင်းမှုကို အပပြုပြီးဖြစ်သောကြောင့် ဗြာဟ္မဏဟု ခေါ်ဆိုအပ်၏၊ မကောင်းမှုကို ငြိမ်းစေတတ်သော အကျင့်ရှိသောကြောင့် သမဏဟုခေါ်ဆိုအပ်၏၊ မိမိ၏ ကိလေသာအညစ်အကြေးကို ထုပ်ပယ်သောကြောင့် ပဗ္ဗဇိတဟု ခေါ်ဆိုအပ်၏။

 

388. One who has already abandoned evil is called Brahmana, one who stays quietly is called Samana, and one who tries to get rid of all sins is called a Pabbajita, a recluse.

 

၃၈၉။ ဗြာဟ္မဏဿ ပဟရေယျ၊ နာဿ မုဉ္စေထ ဗြာဟ္မဏော။

ဓီ ဗြာဟ္မဏဿ ဟန္တာရံ၊ တတော ဓီ ယဿ မုဉ္စတိ။

 

 

၃၈၉။ သူတော်ကောင်း ဗြာဟ္မဏကို မပုတ်ခတ်ရာ၊ သူတော်ကောင်းသည် မိမိကို ပုတ်ခတ်သော ထိုသူအား အမျက်မထွက်ရာ၊ သူတော်ကောင်းအား ပုတ်ခတ်ခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်၏၊ ပုတ်ခတ်သူအား အမျက်ထွက် သူသည် ထို့ထက်သာ၍ပင် စက်ဆုပ်ဖွယ်ဖြစ်၏။

 

389. One should not hurt a Brahmana, but the Brahmana should not return a blow to his aggressor, as it is shameful for the person who hurts a Brahmana, but more shameful to him who returns a blow to his aggressor.

 

၃၉၀။ ဗြာဟ္မနေဿ တဒကိဉ္စိ သေယျော၊ ယဒါ နိသေဓော မနသော ပိယေဟိ။

ယတော ယတော ဟိံသမနော နိဝတ္တတိ၊ တတော တတော သမ္မတိမေ၀ ဒုက္ခံ။

 

၃၉၀။ ချစ်နှစ်သက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဒေါသစိတ်ကို မတားမြစ်နိုင်ခဲ့မူ ထိုမတားမြစ်နိုင်ခြင်းသည် သူတော်ကောင်းအတွက် အနည်းငယ်မျှပင်မမြတ်၊ အကြင်အကြင်ဝတ္ထုမှ ညှဉ်းဆဲလိုသောစိတ်သည် ဆုတ်နစ်၏၊ ထိုထို ၀တ္ထုမှ ဆင်းရဲမှု ငြိမ်းသည်သာတည်း။

 

390. It is no good that a Brahmana gains if he holds back his mind from the pleasures of life. Whenever the desire to hurt stops a sorrow indeed is ceased.

 

၃၉၁။ ယဿ ကာယေန ၀ါစာယ၊ မနသာ နတ္ထိ ဒုက္ကဋံ။

သံဝုတံ တီဟိ ဌာနေဟိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၃၉၁။ အကြင်ပုဂ္ဂိုလ်အား ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုပြုခြင်း မရှိ၊ ကိုယ်နှုတ် စိတ်သုံးပါးတို့ဖြင့် စောင့်ရှောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟောတော်မူ၏။

 

391. If a person does not offend with his body, with his mind and with his words, and he guards them well, that one I call a Brahmana.

 

၃၉၂။ ယမှာ ဓမ္မံ ၀ိဇာနေယျ၊ သမ္မာသမ္ဗုဒ္ဓဒေသိတံ။

သက္ကစ္စံ တံ နမေဿယျ၊ အဂ္ဂိဟုတ္တံဝ ဗြာဟ္မဏော။

 

၃၉၂။ အကြင်ဆရာထံမှ မြတ်စွာဘုရား ဟောကြားအပ်သော တရားကိုသိရာ၏၊ ပုဏ္ဏားသည် မီးကိုပူဇော်သကဲ့သို့ ထိုဆရာကို ရိုသေစွာ ရှိခိုးရာ၏။

 

392. For the man who has learned Dhamma taught by Enlightened Buddha, from a person, then he should worship that person just as a Brahmana does to the fire of sacrifice.

 

၃၉၃။ ဇဋာဟိ ဂေါတ္တေန၊ ဇစ္စာ ဟောတိ ဗြာဟ္မဏော။

ယမှိ သစ္စဉ္စ ဓမ္မော စ၊ သော သုစီ သော ဗြာဟ္မဏော။

 

၃၉၃။ ဆံကျစ်ထုံးခြင်းတို့ဖြင့်လည်းကောင်း၊ အနွယ်အားဖြင့်လည်းကောင်း၊ ဇာတ်အားဖြင့်လည်းကောင်း၊ ဗြာဟ္မဏမဖြစ်နိုင်၊ သစ္စဉာဏ်နှင့် လောကုတ္တရာတရားရှိသူသည်သာ စင်ကြယ်သူလည်းဖြစ်၏၊ ဗြာဟ္မဏလည်း ဖြစ်၏။

 

393. One does not simply become a Brahmana by his matted hair, or by his family or by birth; one in whom there is righteousness and Dhamma, he is thought to be pure and he is the Brahmana.

 

၃၉၄။ ကိံ တေ ဇဋာဟိ ဒုမ္မေဓ၊ ကိံ တေ အဇိဏသာဋိယာ။

အဗ္ဘန္တရံ တေ ဂဟနံ၊ ဗာဟိရံ ပရိမဇ္ဇသိ။

 

၃၉၄။ ပညာရှိသောရသေ့ သင့်အား ဆံကျစ်ထုံးခြင်းတို့ဖြင့် အဘယ်အကျိုး ရှိအံ့နည်း၊ သစ်နက်ရေ၀တ်ခြင်းဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ သင်၏ကိုယ်တွင်း၌ ကိလေသာတောရှိသည် ဖြစ်လျက် ပြင်ပကိုသာ သုတ်သင်ဘိ၏။

 

394. What a fool you are! Of what use is your matted hair, and what use is your animal hide, if there is craving within your body, but you make the outside clean.

 

၃၉၅။ ပံသုကူလဓရံ ဇန္တုံ၊ ကိသံ ဓမနိသန္ထတံ။

ဧကံ ၀နသ္မိံ ဈာယန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၃၉၅။ ပံ့သကူသင်္ကန်းကိုဆောင်သော ကြုံလှီ၍ အကြောပြိုင်းပြိုင်းထသော တစ်ဦးတည်း တောထဲ၌ ဈာန်ဝင်စားလေ့ ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟုငါဘုရားဟော၏။

 

395. One who wears used rags, so lean that his veins can be seen on his skin, meditating alone in the forest, that person I call Brahmana.

 

၃၉၆။ စာဟံ ဗြာဟ္မဏံ ဗြူမိ၊ ယောနိဇံ မတ္တိသမ္ဘ၀ံ။

ဘောဝါဒိ နာမ သော ဟောတိ၊ သစေ ဟောတိ သကိဉ္စနော။

အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၃၉၆။ ပုဏ္ဏားမျိုး၌ဖြစ်သော ပုဏ္ဏေးမမှဖြစ်သောသူကို ဗြာဟ္မဏဟု ငါဘုရားမဟော၊ ထိုပုဏ္ဏား သည် ရာဂစသော ကြောင့်ကြမှု ကိလေသာရှိခဲ့မူ ဘောဝါဒီ အမည်ရှိ၏၊ ကြောင့်ကြမှု ကိလေသာလည်းမရှိ စွဲလမ်းမှုလည်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

396. I do not call a man a Brahmana because merely he was born from a family or from a Brahmana mother. If he possesses desires and things, he is just a bho-sayer. The one who has nothing and attached with nothing, that person I call a Brahmana.

 

၃၉၇။ သဗ္ဗသံယောဇနံ ဆေတွာ၊ ယော ဝေ ပရိတဿတိ။

သင်္ဂါတိဂံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၃၉၇။ အကြင်ပုဂ္ဂိုလ်သည် အနှောင်အဖွဲ့ သံယောဇဉ်အားလုံးကိုဖြတ်၍ ထိတ်လန့်ပူပန်မှု မရှိ၊ ကပ်ငြိတတ်သည့် ကိလေသာကိုလွန်သော ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

397. The person does not worry and tremble as he has already cut off all fetters, who has gone beyond attachments and is detached, that person I call a Brahmana.

 

၃၉၈။ ဆေတွာ နဒ္ဓိံ ၀ရတ္တဉ္စ၊ သန္ဒာနံ သဟနုက္ကမံ။

ဥက္ခိတ္တပလိဃံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

၃၉၈။ ဒေါသတည်းဟူသော နှောင်ကြိုးကိုလည်းကောင်း၊ တဏှာတည်းဟူသော လွန်ကြိုးကို လည်းကောင်း၊ ကိန်းအောင်းနေသော ကိလေသာနှင့်တကွသော မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတည်းဟူသော ထူးကြိုး ကိုလည်းကောင်းဖြတ်၍ အ၀ိဇ္ဇာ တံခါးကျည်မင်းတုပ်ကို နုတ်ပယ်ပြီးလျှင် သစ္စာလေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

398. The one who has cut off the strap and thong, the rope and all fastenings, has also raised the bolt of the door, who is awakened, that one I call Brahmana.

 

၃၉၉။ အက္ကောသံ ၀ဓဗန္ဓဉ္စ၊ အဒုဋ္ဌော ယော တိတိက္ခတိ။

ခန္တီဗလံ ဗလာနီကံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၃၉၉။ အကြင်ပုဂ္ဂိုလ်သည် ဆဲရေးခြင်း ပုတ်ခတ်ညှဉ်းဆဲခြင်း နှောင်ဖွဲ့ခြင်းကို အမျက်မထွက်ဘဲ သည်းခံ၏၊ သည်းခံခြင်းအားတည်းဟူသော စစ်သည်ဗိုလ်ပါရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

399. The person who does not anger while being insulted, assaulted, and bound by strips and ropes, who has endured and has an army's strength of tolerance, is the one I call Brahmana.

 

၄၀၀။ အက္ကောဓနံ ၀တ၀န္တံ၊ သီလ၀န္တံ အနုဿဒံ။

ဒန္တံ အန္တိမသာရီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၀။ အမျက်မထွက် ဓုတင်အကျင့်လည်းရှိ သီလနှင့်လည်းပြည့်စုံသော တဏှာပြန့်ပြောခြင်းလည်းမရှိ ယဉ်ကျေး၍ အဆုံးစွန်သောကိုယ်ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

400. He who has no anger, who is dutiful in his religious vows, virtuous and who has no stream of craving, one who is attentive and controlled, with his final body, that one I call a Brahmana.

 

၄၀၁။ ၀ါရိ ပေါက္ခရပတ္တေ၀၊ အာရဂ္ဂေရိဝ သာသပေါ။

ယော လိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၁။ ကြာဖက်၌ ရေမတင်သကဲ့သို့လည်းကောင်း၊ ပွတ် ဆောက် စူးဖျား၌ မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း ကာမတို့၌ မလိမ်းကျံမကပ်ငြိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

401. Like water does not stay on a lotus leaf, like a mustard seed can not stand on the point of a needle, the one who does not attach with all sensual pleasures – that one I call Brahmana.

 

၄၀၂။ ယော ဒုက္ခဿ ပဇာနာတိ၊ ဣဓေ၀ ခယမတ္တနော။

ပန္နဘာရံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၂။ အကြင်ပုဂ္ဂိုလ်သည် ဤဘ၀၌ပင် မိမိဆင်းရဲ၏ကုန်ရာဖြစ်သော နိဗ္ဗာန်ကိုသိ၏၊ ချအပ်သော ခန္ဓာဝန်ရှိ၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

402. I call him a Brahmana who comes to realize the end of sufferings even here in this world, who also has no attachment with craving, though he still needs to lay down his body as a burden.

 

၄၀၃။ ဂမ္ဘီရပညံ မေဓာဝိံ၊ မဂ္ဂါမဂ္ဂဿ ကောဝိဒံ။

ဥတ္တမတ္ထမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၃။ နက်နဲသောပညာရှိသော ထက်မြက်သောပညာရှိသော လမ်းမှန်ဟုတ်သည် မဟုတ်သည်၌ လိမ္မာသော အရဟတ္တဖိုလ်သို့ ရောက်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

403. I call him a Brahmana who has profound insight, who has wisdom, who understands which the right path to follow is and which is not, who has already gained the highest perfection.

 

၄၀၄။ အသံသဋ္ဌံ ဂဟဋ္ဌေဟိ၊ အနာဂါရေဟိ စူဘယံ။

အနောကသာရိမပ္ပိစ္ဆံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၄။ လူတို့နှင့်လည်းကောင်း ရဟန်းတို့နှင့်လည်းကောင်း နှစ်ပါးစုံသောသူတို့နှင့် မရောယှက်သော တဏှာကင်း ကြောင်း အကျင့်ရှိသည်ဖြစ်၍ အလိုနည်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

404. The one who flocks with neither ordinary human beings, nor monks, nor both, and who follows the path to get rid of craving, though has desire but little, that one I call Brahmana.

 

၄၀၅။ နိဓာယ ဒဏ္ဍံ ဘူတေသု၊ တသေသု ထာဝရေသု စ။

ယော ဟန္တိ ဃာတေတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၅။ အကြင်ပုဂ္ဂိုလ်သည် ထိပ်လန့်တတ်သော ပုထုဇဉ်သေက္ခပုဂ္ဂိုလ်တို့၌ လည်းကောင်း၊ မကြောက်မလန့် တည်တံ့သော ရဟန္တာပုဂ္ဂိုလ်တို့၌လည်းကောင်း တုတ်လက်နက်ကို ပယ်ချထားပြီးဖြစ်၍ မိမိလည်းမသတ် သူတစ်ပါးကိုလည်းမသတ်စေ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

 

405. The one who has laid down the rod and already surrendered both to persons who are prone to fear and to persons who are fearless, who does not kill and does not want others to kill – that one I call a Brahmana.

 

၄၀၆။ အ၀ိရုဒ္ဓံ ၀ိရုဒ္ဓေသု၊ အတ္တဒဏ္ဍေသု နိဗ္ဗုတံ။

သာဒါနေသု အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၆။ ဆန့်ကျင်ဘက်ပြုသူတို့၌ မဆန့်ကျင်သော ဓားတုတ်ရှိသောသူတို့၌ ဓားတုတ် ချထားပြီးသည်ဖြစ်၍ ရန်ငြိမ်းသော စွဲလမ်းအပ်သောအရာတို့၌ စွဲလမ်းခြင်းမရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

406. The one who is not opposing among those opposing, who has just laid down the weapon among people who have taken weapons, who is free from attachments when among attractions – that one I call a Brahmana.

 

၄၀၇။ ယဿ ရာဂေါ ဒေါသော စ၊ မာနော မက္ခော ပါတိတော။

သာသပေါရိဝ အာရဂ္ဂါ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၇။ မုန်ညင်းစေ့သည် ပွတ်ဆောက် စူးဖျားမှ လျောကျသကဲ့သို့ စွဲမက်မှုရာဂ အမျက်ထွက်မှုဒေါသ ထောင်လွှားမှုမာန သူတစ်ပါး၏ဂုဏ်ကို ဖျက်စီးမှုမက္ခတို့ ကင်းပလျှောကျပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

407. Just as a mustard seed falls down from the tip of a needle, the person whose passion, anger, pride and jealousy have already fallen away – that person I call a Brahmana.

 

၄၀၈။ အကက္ကသံ ၀ိညာပနိံ၊ ဂိရံ သစ္စမုဒီရယေ။

ယာယ နာဘိသဇေ ကဉ္စိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၈။ နူးညံ့ပြေပြစ်၍ သဘောအဓိပ္ပါယ်ပေါ်လွင်စေသော မှန်သောစကားကို ပြောဆိုရာ၏၊ မည်သည့် တစ်စုံတစ်ယောက်ကိုမျှ အမျက်ဒေါသဖြင့် မထိခိုက် မငြိစွန်းစေရာ၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

408. One who would speak what is true and easily comprehensible, by which no one would be offended – that one I call Brahmana.

 

၄၀၉။ ယောဓ ဒီဃံ ရဿံ ၀ါ၊ အဏုံ ထူလံ သုဘာသုဘံ။

လောကေ အဒိန္နံ နာဒိယတိ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၀၉။ လောက၌ ပိုင်ရှင်မပေးသောဥစ္စာကို ရှည်သည်ဖြစ်စေ၊ တိုသည်ဖြစ်စေ၊ ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ မခိုးယူသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

409. The person who, here in this world, does not take anything that is not given by the owner whether it is long or short, small or large, good or bad, who does not steal – that person I call Brahmana.

 

၄၁၀။ အာသာ ယဿ ၀ိဇ္ဇန္တိ၊ အသ္မိံ လောကေ ပရမှိ စ။

နိရာသာသံ ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၀။ အကြင်ပုဂ္ဂိုလ်အား ဤလောက၌လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း မက်မောမှု တဏှာမရှိကုန်၊ မက်မောမှု အာသာကင်း၍ ကိလေသာနှင့်မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

410. The person who has no longing in the world and for the beyond, who is free from desires and no inclination for them – that person I call a Brahmana.

 

၄၁၁။ ယဿာလယာ ၀ိဇ္ဇန္တိ၊ အညာယ အကထံကထီ။

အမတောဂဓမနုပ္ပတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၁။ အကြင်ပုဂ္ဂိုလ်အား ကပ်ငြိတွယ်တာခြင်းတို့မရှိကုန်၊ တရားမှန်ကိုသိ၍ သို့လော သို့လောဟု တွေးတောခြင်းမရှိ၊ အမြိုက်နိဗ္ဗာန်သို့ရောက်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

411. The person who is free from attachments, who has no doubts on Dhamma through his wisdom, and has reached the Nibbana – that person I call a Brahmana.

 

၄၁၂။ ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။

အသောကံ ၀ိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၂။ ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကုသိုလ် အကုသိုလ်ကံ နှစ်ပါးစုံတို့ကို လည်းကောင်း၊ ကပ်ငြိတတ်သော တဏှာကိုလည်းကောင်း လွန်မြောက်၏၊ စိုးရိမ်ခြင်းမရှိသော ကိလေသာမြူ ကင်းသော စင်ကြယ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

412. The person who has already passed beyond both merits (good kamma) and sins (bad kamma), who is free from sorrow, is pure from craving – that person I call Brahmana.

 

၄၁၃။ စန္ဒံဝ ၀ိမလံ သုဒ္ဓံ၊ ၀ိပ္ပသန္နမနာဝိလံ။

နန္ဒီဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၃။ အညစ်အကြေးကင်းသော လမင်းကဲ့သို့ ကိလေသာမရှိ၍ စင်ကြယ်သော အထူးသဖြင့် ကြည်လင်သော နောက်ကျုခြင်းမှကင်းလျက် ဘ၀တို့၌နှစ်သက်တတ်သည့် တဏှာကုန်ခန်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏ ဟုငါဘုရားဟော၏။

 

413. The person who is pure like a spotless moon, bright and serene, who has no more craving for all worldly lives – that one I call a Brahmana.

 

၄၁၄။ ယောမံ ပလိပထံ ဒုဂ္ဂံ၊ သံသာရံ မောဟမစ္စဂါ။

တိဏ္ဏော ပါရင်္ဂတော ဈာယီ၊ အနေဇော အကထံကထီ။

အနုပါဒါယ နိဗ္ဗုတော၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၄။ အကြင်ပုဂ္ဂိုလ်သည် ရာဂတည်းဟူသော ဘေးကိုလည်းကောင်း ကိလေသာတည်းဟူသော အသွားခက်သည့် ခရီးကိုလည်းကောင်း၊ သံသရာဟူသော အကူးခက်သည့် သမုဒ္ဒရာကိုလည်းကောင်း၊ မောဟတည်းဟူသော အမိုက်မှောင်ကိုလည်းကောင်း လွန်မြောက်ပြီး၊ သြဃလေးပါးကို ကူးမြောက်ပြီးဖြစ်၍ နိဗ္ဗာန်တည်းဟူသော ကမ်းတစ်ဖက်သို့ရောက်၏၊ ကိလေသာတို့ကို ရှို့မြှိုက်လေ့ရှိ၏၊ တဏှာကင်း၍ သို့လော သို့လော တွေးတောမှုမရှိ၊ အစွဲအလမ်းကင်း၍ ငြိမ်းအေး၏၊ ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

414. The person who has already passed the danger of sensual pleasures, hard to go over the path of craving, difficult to cross over the ocean which is Samsara, the pitch-black delusion and reached the other side of the shore, who has already burned desires, without doubts, clean with impurities and attachments – that person I call a Brahmana.

 

၄၁၅။ ယောဓ ကာမေ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။

ကာမဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၅။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် ကာမတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောကာမ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

 

415. One who, here in this world, has abandoned lusts embracing a homeless state, in whom there is no more lust– that one I call a Brahmana.

 

၄၁၆။ ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။

တဏှာဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၆။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် တဏှာတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောတဏှာ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

 

416. One who, here in this world, has abandoned craving embracing a homeless state, in whom there is no more craving – that one I call a Brahmana.

 

၄၁၇။ ယောဓ တဏှံ ပဟန္တွာန၊ အနာဂါရော ပရိဗ္ဗဇေ။

တဏှာဘ၀ပရိက္ခီဏံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၇။ ဤလောက၌ ထိုပုဂ္ဂိုလ်သည် တဏှာတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏၊ ကုန်ပြီးသောတဏှာ ကုန်ပြီးသောဘ၀ရှိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

 

417. One who, here in this world, has abandoned the bondage embracing the homeless state, in whom there is no more craving and attachments – that person I call a Brahmana.

 

၄၁၈။ ဟိတွာ မာနုသကံ ယောဂံ၊ ဒိဗ္ဗံ ယောဂံ ဥပစ္စဂါ။

သဗ္ဗယောဂ၀ိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၈။ အကြင်ပုဂ္ဂိုလ်သည် လူ၌ဖြစ်သော အစီးအပွားကိုပယ်စွန့်၍ နတ်၌ဖြစ်သော အစီးအပွားကို လွန်မြောက်၏၊ အလုံးစုံအစီးအပွားနှင့် မယှဉ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

 

418. The person who has abandoned human bondages, also from the bondages of the gods, who is free from all things – that person I call a Brahmana.

 

၄၁၉။ ဟိတွာ ရတိံ အရတိံ စ၊ သီတိဘူတံ နိရူပဓိံ။

သဗ္ဗလောကာဘိဘုံ ၀ီရံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၁၉။ ကာမဂုဏ်၌ မွေ့လျော်ခြင်း ဆိတ်ငြိမ်ရာ၌ မမွေ့လျော်ခြင်းကို ပယ်စွန့်၍ ငြိမ်းအေးပြီးသော ဥပဓိမရှိသော အလုံးစုံ သောလောကကို လွှမ်းမိုး၍တည်သော ရဲရင့်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

419. One who has abandoned pleasure and hardship, who is calm, and free from germs, who is brave enough to overcome the whole world – that person I call a Brahmana.

 

၄၂၀။ စုတိံ ယော ဝေဒိ သတ္တာနံ၊ ဥပပတ္တိဉ္စ သဗ္ဗသော။

အသတ္တံ သုဂတံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၂၁။ ယဿ ဂတိံ ဇာနန္တိ၊ ဒေ၀ါ ဂန္ဓဗ္ဗမာနုသာ။

ခီဏာသ၀ံ အရဟန္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၂၀။ အကြင်ပုဂ္ဂိုလ်သည် သတ္တ၀ါတို့၏ သေခြင်းကို လည်းကောင်း ပဋိသန္ဓေနေခြင်းကို လည်းကောင်း အလုံးစုံအားဖြင့်သိ၏၊ ကပ်ငြိတွယ်တာခြင်းမရှိသော သူတော်ကောင်းအကျင့်ကို ကောင်းစွာကျင့်၍ သစ္စာ လေးပါးကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရား ဟော၏။

 

၄၂၁။ အကြင်ပုဂ္ဂိုလ်၏ လားရာဂတိကို နတ် ဂန္ဓဗ္ဗနတ် လူတို့သည်မသိကုန်၊ အာသဝေါကုန်ခန်း၍ ရဟန္တာဖြစ်သော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

420. One who knows well about the death and birth of beings, who has no attachments, who has earnestly followed the path of the wise and who knows the ultimate truth – that person I call a Brahmana.

 

421. One whose next existence gods, gandhabbas gods and human beings do not know, who has vomited evil and all impurities, who becomes an Arahant – that person I call a Brahmana.

 

၄၂၂။ ယဿ ပုရေ ပစ္ဆာ စ၊ မဇ္ဈေ နတ္ထိ ကိဉ္စနံ။

အကိဉ္စနံ အနာဒါနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၂၂။ အကြင်ပုဂ္ဂိုလ်အား အတိတ်ခန္ဓာ၌ လည်းကောင်း၊ အနာဂတ်ခန္ဓာ၌ လည်းကောင်း၊ ပစ္စုပ္ပန်ခန္ဓာ၌ လည်းကောင်း ကြောင့်ကြမှုမရှိ၊ ကြောင့်ကြမှုမရှိသော စွဲလမ်းမှုကင်းသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

422. The person who has no belongings in the past, present and future, who has nothing to worry about and has no attachments – that person I call a Brahmana.

 

၄၂၃။ ဥသဘံ ပ၀ရံ ၀ီရံ၊ မဟေသိံ ၀ိဇိတာဝိနံ။

အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၂၃။ ရှေ့ဆောင်နွားလားဥသဘနှင့်တူသော မြတ်၍ လုံ့လရှိသော သီလက္ခန္ဓစသည်ကို ရှာမှီးလေ့ရှိသော မာရ်သုံးပါးကိုအောင်သော တဏှာကင်းသော ကိလေသာအညစ်အကြေးကို ဆေးလျှော်ပြီးသော သစ္စာလေးပါး ကိုသိသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

423. The one who is the great leader, who is diligent and industrious, the moral and victorious one, the passionless and purified one, who knows four noble truths – that one I call a Brahmana.

 

၄၂၄။ ပုဗ္ဗေနိဝါသံ ယော ဝေဒိ၊ သဂ္ဂါပါယဉ္စ ပဿတိ။

အထော ဇာတိက္ခယံ ပတ္တော၊ အဘိညာဝေါသိတော မုနိ။

သဗ္ဗဝေါသိတဝေါသာနံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

 

၄၂၄။ အကြင်ပုဂ္ဂိုလ်သည် ရှေး၌ဖြစ်ဖူးသော ခန္ဓာအစဉ်ကိုသိ၏၊ နတ်ပြည် ငရဲပြည်ကိုလည်း မြင်၏၊ ပဋိသန္ဓေကုန်ရာ အရဟတ္တဖိုလ်သို့ ရောက်၏၊ ထူးသောဉာဏ်ဖြင့်သိ၍ နိဗ္ဗာန်သို့ရောက်ပြီးသော ရဟန်းဖြစ်၏၊ အလုံးစုံသော ကိလေသာတို့၏ ကုန်ကြောင်းအကျင့်ကို ကျင့်သုံးအပ်ပြီးသော ထိုပုဂ္ဂိုလ်ကို ဗြာဟ္မဏဟု ငါဘုရားဟော၏။

 

424. The one who knows the past lives, who sees celestial abodes and hell, who has gained the insight knowledge and reached the end of rebirths, who has already perfected in eradicating passions and desires – that one I call a Brahmana.