ပြည်ပမြေမှ ဒီမိုကရေစီ လှုပ်ရှားမှု

 နိုင်ငံရေးအကျဉ်းသားတွေအတွက် ဒီဆိုရှယ်ဟောက်စ်

ဒီအိမ်ပုံလေးက ထိုင်း-မြန်မာ နယ်စပ်မှ အုံးဖျံဒုက္ခသည်စခန်းမှာတည်ရှိပါသည်။ ဒီဆိုရှယ်ဟောက်စ်ကလေး ဖြစ်မြောက်ဖို့အတွက် နော်ဝေး နိုင်ငံ ခရစ်္စစွန်းမြို့မှ  မြန်မာ့ ယဉ်ကျေးမှုအဖွဲ့မှ တည်ထောင်ထားတာ ဖြစ်ပါတယ်။
“ယခုလက်ရှိ နေထိုင်သူဦးရေကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ၅ဦးရှိပါသည်။
နောက်ထက်လည်း တိုးချဲ့သွားမှာဖြစ်ပါတယ်.။
ပြည်တွင်းက ဝင်ရောက်လာတဲ့ နိုင်ငံရေးသမားမှန်သမျှ ထောင်ကျခဲ့သည်ဖြစ် မကျခဲ့သည်ဖြစ်စေ ကျွန်တော်တို့အဖွဲ့က ကူညီ သွားမှာပါ။
ကျွန်တော်တို့အဖွဲ့နဲ့ပတ်သတ်ပြီး အကြံညဏ်ပေးဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။

 


 

ဆက်သွယ်ရန် ဖုန်နံပါတ်
၀၀၄၇ ၄၈၀၇၈၁၃၂ ၊မျိုးသိမ်း

004748078132
myotheinsein@gmail.com
ဦးသီဟထွန်း
thihatunlong7@gmail.com
ဖုန်းနံပါတ်
၉၄၁၆၆၆၃၈
----
မဲ့ဆောက်ဖုန်းနံပါတ်
0066872060119
ဒေါ်ရီဝင်း

  --------------------------------

မြန်မာစစ်ကောင်ဝင် ရုံးရှေ့ ဆန္ဒပြနေကြစဉ်...

2010/3/28

----------

ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည်တွေအတွက် ကျေးဇူးပြု၍ စာရေးသားပေးပို့ကြပါ

နေရာစုံမှာ ရောက်နေကြတဲ့ ညီအကိုမောင်နှမများခင်ဗျား

ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ ဒုက္ခအမျိုးမျိုးတွေ့နေရပါတယ်။ ဒုက္ခသည်တွေ အတွက် ဒုက္ခသည်စခန်းဆိုပေမယ့် လာဘ်မထိုးနိုင်ရင်၊ နေထိုင်ဖို့ တဲမဝယ်နိုင်ရင် ဒုက္ခသည်စ ခန်းထဲကို ဝင်လို့မရကြပါဘူး။ နောက်ပြီး ဒုက္ခသည်စခန်းထဲရောက်ပြန်ရင်လည်း UNHCR က သူတို့ကို ဒုက္ခ သည် တကယ်ဟုတ်လား၊ မဟုတ်လား စစ်ဆေး သတ်မှတ်တာကို (တချို့ဆို အခုလေး၊ ငါးနှစ်ရှိနေတာတောင် မှ) မခံရသေးပါဘူး။ ဘာမှမရှိဘဲ ပြေးလာရတဲ့ ဒုက္ခသည်အစစ် အမှန်တွေအနေနဲ့ ဒုက္ခသည်စခန်းထဲကိုရောက် ရင်တောင်မှ စားဝတ်နေရေးနဲ့ ရပ်တည်ဖို့ အလွန်အခက်အခဲရှိကြပါတယ်။ အများစုဟာ ဒုက္ခသည်စခန်းမှာ (၂) နှစ်၊ (၃) နှစ်ရှိနေတာတောင်မှ ရိက္ခာထောက်ပံ့မှုမရကြသေးပါဘူး။ အဲ့ဒီတော့ ရပ်တည်ရတာ အလွန်ခက်ခဲလှ ပါတယ်။

နောက်ပြီး ရှေ့ဘာဖြစ်မယ်မသိဘဲ ပြန်ပို့ခံရနိုးနိုး တစိုးတရွံ့ရွံ့နေရတဲ့ဘဝမှာ မသေချာမရေရာနဲ့မို့ UNHCR ကို မေးမြန်းအကူ အညီတောင်းရင် ဘယ်တော့မှ ချိုချိုသာသာ ဆက်ဆံတာမခံရသလို တခါတလေ မောင်းထုတ် တာခံနေရပါတယ်။ ဘယ်တော့ ဘာလုပ်ပေးမယ်ဆိုတဲ့ ကွဲကွဲပြားပြား အချက်အလက်ပေး ဖြေရှင်းပေးတာ လည်း ဘယ်တော့မှမရကြပါဘူး။ ဒုက္ခသည်တွေကို လူတွေလို သဘောမထားဘဲ တိရိစ္ဆာန်သာသာလောက် သဘောထားဆက်ဆံတာ ခံနေရပါတယ်။ ဒုက္ခသည်စခန်းထဲတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေအနေနဲ့ ဒါကိုဘယ် လိုမှ တုံ့ပြန်နိုင်ခွင့်၊ တိုးတက်အောင်လုပ်ခွင့် မရှိပါဘူး။ နည်းနည်းလုပ်လိုက်ရင်လည်း အမျိုးမျိုး အန္တရာယ်ပေး၊ ပညာပေးတတ်တဲ့ အကျင့်တွေကိုလည်း မြင်တွေ့ကြဖူးကြပါလိမ့်မယ်။

ပိုက်ဆံပေးနိုင်တဲ့သူတွေကတော့ UNHCR က တချို့ဝန်ထမ်းတွေကို ငွေထိုးပြီး မြန်မြန်နိုင်ငံခြားကို ထွက်သွား ကြတာကို အများ စုတွေ့ဘူးနေပေမယ့် ကျန်တဲ့ဒုက္ခသည်တွေမှာတော့ ဘာမှမတတ်နိုင်ကြပါဘူး။ ဘက်ပေါင်းစုံ က လူသားဆန်ဆန် မသတ်မှတ်ခံရ ဘဲ လုပ်ချင်၊ ဖိနှိပ်ချင်သလို ဖိနှိပ်ခံနေရတဲ့ မြန်မာဒုက္ခသည်တွေအတွက် အပြင်က၊ နိုင်ငံတကာက တာဝန်သိတဲ့ ကျွန်တော်တို့ အားလုံး အောက်က လိပ်စာတွေ၊ နောက် ကိုယ်နဲ့သက် ဆိုင်ရာ အစိုးရတွေအပေါ်ကို UNHCR ကို တိုက်တွန်း ပြုပြင်ဖို့အတွက် အီးမေးလ်ရေးသားပေးပို့မှုလုပ်ပေးကြ ရင် ဒုက္ခသည်စခန်းထဲက ညီအကိုမောင်နှမတွေ နည်းနည်းပိုပြီး သက်သာလာနိုင်စရာ ရှိပါတယ်။

ပို့တဲ့ အီးမေးလ်တွေကို ထိုင်းနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံး၊ ဗြိတိလျှသံရုံးနဲ့ ဥရောပကိုယ်စားလှယ်အဖွဲ့ရဲ့ ရုံး တွေကိုလည်း စီစီ လုပ်ပြီးပေးပို့ရင် UNHCR အနေနဲ့ လျှစ်လျှူရှုနေနိုင်ခွင့် နည်းလာနိုင်ပါတယ်။ အားလုံးဝိုင်းကူ ရေးသားကြရင် ကိုယ့်နိုင်ငံသားဒုက္ခ သည်တွေကို အများကြီး ကူညီရာရောက်ပါလိမ့်မယ်။ ဒုက္ခသည်စခန်းတွေ က ဒုက္ခသည်တွေကလည်း စုစည်းပြီး လက်မှတ်ထိုး စာရေးကြဖို့ စီစဉ်နေကြတာရှိပါတယ်။

အားလုံးဝိုင်းကြိုးစားပေးပြီး ကိုယ့်အချင်းချင်း ကူညီကြရအောင်ပါ။ အီးမေးလ်ပို့တာဟာ သိပ်ပင်ပန်းတဲ့ အလုပ် မဟုတ်ပါဘူး။ အားလုံးဝိုင်းပြီး လုပ်ပေးနိုင်ကြလိမ့်မယ်ထင်ပါတယ်။ ပေးပို့ရမယ့် လိပ်စာတွေကို ဒီအောက်မှာ ထည့်ထားပေးပါတယ်။ စာရေးဖို့ အခက်အခဲရှိနေရင်လည်း ကူးပြီး အမည်ထိုးပို့နိုင်ဖို့ အင်္ဂလိပ်လိုရေးထားတဲ့ စာကြမ်းကို အောက်မှာ ထည့်ထားပေးပါတယ်။ ညီအကိုမောင်နှမအားလုံးရဲ့ အသိစိတ်ဓာတ်နဲ့ ဝိုင်းဝန်းလုပ် ဆောင်ကြမှုကို မျှော်လင့်ပါတယ်။ ကျနော်ကတော့ ကျနော့် တာဝန် အတိုင်း ပို့လိုက်ပြီးပါပြီ။

လေးစားစွာဖြင့် ...

ငြိမ်းချမ်း

 8-3-2010

ပို့သင့်သော အီးမေးလ်လိပ်စာများ

 UNHCR

Inspector@unhcr.org

OHCHR.Bangkok@un.org

thaba@unhcr.org

 

US Embassy in Thailand

bangkokPD@state.gov

irc@state.gov

 

British Embassy

Info.Bangkok@fco.gov.uk

 

EU Delegation

delegation-thailand@ec.europa.eu

 

အင်္ဂလိပ်လိုရေးထားသော စာမူကြမ်း

 To Whom It May Concern

UNHCR

Re: Appeal for UNHCRs Better Treatment of Refugees

at Burmese Refugee Camps in Thailand.

Date: March 7, 2010.

Dear Sirs or Madams,

I would like to request your attention to improve UNHCR's treatment of refugees at Burmese refugee camps in Thailand. The refugees at the Burmese refugee camps in Thailand has been treated without dignity in many ways.

Most refugees inevitably have to bribe in order to get into the refugee camps and were to buy own shelters in the camps. Many of the refugees, even after living in the camps for more than three years, are still not provided basic rations. They have been left to struggle for their own survival. UNHCR has not registered the refugees for several years. UNHCR has contracted the registration to PAB and it has not done the registration for several years and UNHCR is not living up to its responsibilities.

Aside from leaving the refugees in the dark about what is going to happen with their fates, when they will be registered, and what the processes are for their future, the UNHCR ignores to respond to the refugees when asked. In many occasions, the refugees who are seeking information were shouted and driven out from UNHCR's facilities.

I would like to ask the UNHCR that the refugees should not be left in the dark and it should be informative to the people its vow to serve. In addition, I would like to request the UNHCR to look into and protect the welfare of the refugees in the camps. Refugees are humans and the UNHCR would need to treat the refugees as humans.

With best regards,

--------------

ပြည်ထောင်စု အမျိုးသားကောင်စီ (မြန်မာနိုင်ငံ)မှ ၈ုဏ်ပြုမှတ်တမ်းတင်ခြင်း

ပြည်တွင်းပြည်ပ နိုင်ငံရေး အင်အားစုများ၊ အဖွဲ့ အစည်းများ၊ တသီးပု၈္ဂလများ။အဖွဲ့အစည်းများ၊ သတင်းထောက်များ၊ သတင်းမီဒီ ယာများ။ဘလောဂါများအားလုံးသို့ လေးစားစွာ၈ုဏ်ပြုကြောင်းစာ သ၀ဏ်လွှာ (အပြည့်အစုံဖတ်ရန် နှိပ်ပါ)

နိုင်ငံတကာယှဉ်နိုင်ဖို့ မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ရန် လက်မှတ်ထိုး ပေးကြပါ

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီးနိုင်ငံတကာ ကိုယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့ လက်မှတ်ဝိုင်းဝန်းရေးထိုးကူညီ ပေးနိုင်ရန် အောက်ပါလင့်သို့ဝင်ရောက်၍ ကူညီပါခင်ဗျား။

http://myanmar-myanmar.net/index.php?option=com_petitions&view= petition&id= 122& Itemid=465

လေးစားစွာဖြင့်

ဟစ်တိုင်အဖွဲ့

။။။။။။။

အကျဉ်းသားများအခွင့်အရေး တောင်းဆိုချက်

အကျဉ်းသားများအနေဖြင့် အောက်ပါအခွင့်အရေးများကို သက်ဆိုင်ရာထောင်အာဏာပိုင်များထံသို့ ၁၇.၂.၂၀၁၀ နေ့မှ စတင်ပြီး တောင်းဆိုလိုက်သည်။

၁။ သတင်းစာအပါအ၀င် စာပေဖတ်ရှုခွင့်ပြည့်ပြည့်၀၀ရရှိရေး ။
၂။ ကျန်းမာရေးစောင့်ရှောက်မှုပြည့်ပြည့်၀၀ရရှိရေး ။
၃။အကျဉ်းသားအားလုံး ပိုမိုကောင်းမွန်သော အစားအသောက်ရရှိရေး ။
၎။ နိုင်ငံရေးအကျဉ်းသားများ အဆောင်ပရ၀ုဏ်အတွင်း ထောင်ပိတ်ချိန်မှအပ အချိန်ပြည့်သွားလာနိုင်ရေး။
၅။ စာပေရေးသားလေ့ကျင့်ခွင့်ရရှိရေး ။


တောင်းဆိုရသည့် အကြောင်းအရင်းများ –
အချက် (၁) ။ ။ သွင်းပို့လာသည့် စာအုပ် မဂ္ဂဇင်း ဂျာနယ် စသည်များကို တစ်ပါတ် ဆယ်ရက်ကြာမျှကြံ့ကြာခြင်း ၊ စာအုပ်များ တွင် ဆုတ်ဖြဲပယ်ဖျက်ခြင်း ၊ဖြတ်တောက်ခြင်း ၊သတင်းစာပုံမှန် မရရှိခြင်း ၊တစ်ခါတစ်ရံ လုံးဝမရခြင်း ၊ ၂ရက် ၃ရက်ကြာမှ ရရှိခြင်း ။

အချက် (၂) ။ ။ သောက်ဆေး၊ထိုးဆေးများလုံလောက်စွာမရခြင်း၊ ဆရာဝန်နှင့်တွေ့ရန် ခက်ခဲကြံ့ကြာခြင်း ၊ မျက်စိနားခံတွင်း အတွက် ဆရာဝန်မရှိခြင်း ၊ အပြင်ဆေးကုခွင့်ရရန် ခက်ခဲကြံ့ကြာ ခြင်း ၊ တိုက်ပိတ်အကျဉ်းသားများအတွက် မိလ္လာခွက်များ အဖုံးမပါရှိခြင်း ၊

အချက်(၃) ။ ။ နီရဲကြမ်းတမ်းပြီးစပါးလုံး ခဲများရောနေသော ဆန်ထမင်းကိုသာ စားရခြင်း ၊ တစ်ပတ်လျှင်နှစ်နပ် အသားစား ရ သော်လည်း ကျန်ရက်များတွင် ပိုးကောင်များပါသော ပဲဟင်း ၊ ညစ်ပတ်သောချဉ်ပေါင်ရွက် ၊ ကဇွန်းရွက် ၊ ဟင်းရွက်ပြုတ်ကို သာစားရခြင်း ၊ ဆားမရရှိခြင်း ၊ ရရှိသောဟင်းများမှာ နံစော်၍ ထမင်းစားရန်မဖြစ်နိုင်ခြင်း ။

အချက်(၄) ။ ။နိုင်ငံရေအကျဉ်းသားများသည် တိုက်ခန်းကျဉ်းမှာ မနက်တစ်နာရီ နေ့ခင်းတစ်နာရီသာ အပြင်ထွက်ခွင့်ရခြင်း ၊ ကျန်အချိန်များ တိုက်ထဲတွင် အပိတ်ခံထားရခြင်း ၊

အချက်(၅)။ ။ မည်သည့်အကျဉ်းသားမျှ စာပေလေ့ကျင့်ရန် ဘောပင် စာရွက် ကိုင်ဆောင်ခွင့်မရခြင်း တွေ့ရှိ ပါက စစ်ခွေးတိုက် သို့ ပို့ဆောင်အရေးယူခြင်း မိသားစုထံသို့ အကြောင်းကြားစာ ရေးသား ခွင့်မရခြင်း စသည်အချက်တို့ကြောင့်တောင်းဆိုခြင်း ဖြစ်သည်။

အကျဉ်းသားများကိုယ်စား
အင်းစိန် ဗဟိုအကျဉ်းထောင်
ရန်ကုန်

မျှဝေပေးပို့ သူ---

b.s.r.o 2007 <b.s.r.o2007@gmail.com>

-------------

န.အ.ဖ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ တနေ့တခြားတိုးပွားလာသည့် တပ်ပြေး ပြဿနာများအပေါ် ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်

၁။ မြန်မာနိုင်ငံရှေ့နေများကောင်စီသည် န.အ.ဖ စစ်အစိုးရ၏ အုပ်ချုပ်မှုအောက်၌ တနေ့တခြားတိုးပွား လာနေသည့် တပ်ပြေး ပြဿနာများအတွက် “ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်” တွင် အဓိကတာဝန်ရှိကြောင်း အောက်ပါအတိုင်း သုံးသပ်ချက်ထုတ် ပြန်အပ်ပါသည်။
၂။တပ်မတော်သားများ၏ စားဝတ်နေရေးပြည့်စုံခြင်းမရှိသဖြင့် န.အ.ဖ စစ်တပ်တွင်းဆန္ဒပြမှုနှင့်စပ်လျဉ်း၍လည်း ဥပဒေကြောင်း အရသုံးသပ်ချက်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် မြန်မာနိုင်ငံရှေ့နေများ ကောင်စီမှထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

၃။ ၀မြောက်ဒေသအနီး ဟိုပန်မြို့နယ် အတွင်း တပ်စွဲလျက်ရှိသော မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက် အောက်ခံတပ်များ တွင်လည်း တပ်ပြေးများ တနေ့တခြားများပြားလာကြောင်း၊ တပ်ပြေးများထဲတွင် အရာရှိများ ကိုယ်တိုင်ပါဝင်ကြောင်း၊ ထို့ပြင် (၁၅.၁.၂၀၁၀) ရက်နေ့တွင် ခမရ (၃၁၅) မှ တပ်ပြေးအဖြစ်သတ်မှတ်ခံရသော တပ်သားအောင်မြင့်ထွန်းနှင့် ထွန်းထွန်းနိုင် တို့ကို ပြန်လည်ဖမ်းဆီးရမိပြီးနောက်ပိုင်း၊ ပစ်သတ်ခဲ့ကြောင်းသိရှိရ သည်။[1]

၎။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အခြေစိုက် အမှတ် - ၃၀၂ အမြောက်တပ်မှ အသက်(၂၃) နှစ်အရွယ် အရာရှိ ဗိုလ်ရဲထက် သည် ၂၀၁၀ ခုနှစ် ဇန်န၀ါရီလအတွင်း၌ ၄င်းတာဝန်ကျဒေသမှ ထိုင်းမြန်မာနယ်စပ်သို့ထွက် ပြေးလာကြောင်းသိရှိရသည်။[2]

၅။ န.အ.ဖ စစ်တပ်အတွင်းမှ “ အရာခံ၊အကြပ်၊ တပ်သား စစ်သည်တို့သည် စားဝတ်နေရေးကျပ်တည်းခြင်း၊ လုပ်ခ-လစာ မ လောက်ငခြင်း၊ န.အ.ဖ ၏ ပြည်သူလူထုကိုဖိနှိပ်သည့်မူဝါဒများကို လိုက်ပါလုပ်ဆောင်အကောင် အထည်ဖေါ်ပေးရခြင်း၊ အငြိမ်း စားလစာနှင့် ဆုကြေးတို့သည် ဘ၀ဇရာပိုင်းအတွက် အာမခံချက်မပေးနိုင်ခြင်း” အကြောင်းအချက်ပေါင်းများစွာကြောင့်၊ စစ် တပ်မှ နှုတ်ထွက်ခွင့်တင်ကြသော်လည်း၊ ထွက်ခွင့်မရကြ ကြောင်း၊ ထို့ကြောင့် တပ်ပြေးများ တနေ့တခြားတိုးပွားလာခြင်း ဖြစ် ကြောင်းသိရှိရသည်။

ဥပဒေရေးရာသုံးသပ်ထုတ်ပြန်ချက်
၁။ မည်သည့်မြန်မာနိုင်ငံသား (ယောက်ျား) မဆို တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုပါက၊ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥ ပဒေ ပုဒ်မ- ၁၂ စစ်မှုထမ်းအဖြစ် စာရင်းသွင်းရေးအရာရှိမျက်မှောက်တွင်လိုက်နာရမည့် နည်းလမ်းကို စနစ်တကျခံယူလျက်၊ ပုဒ်မ - ၁၃ အရ စစ်မှုထမ်းအဖြစ်စာရင်းရေးသွင်းရေးအရာရှိက ကျေနပ်လျှင် စစ်မှုထမ်းအဖြစ် စာရင်းရေးသွင်းရန် ပုံစံကို ဖြည့် စွက်၍ ၄င်းအရာရှိနှင့် စစ်မှုထမ်းဆောင်လိုသူနှစ်ဦးစလုံးလက် မှတ်ရေးထိုးပြီးသည့်နောက်ပိုင်း၊ ပုဒ်မ - ၁၄ အရ စစ်မှု ထမ်းအ ဖြစ် စာရင်းသွင်းခြင်းခိုင်လုံမှုကို ရရှိပြီးဖြစ်သည်။
၂။ တပ်မတော်သားတို့၏ စစ်မှုထမ်းသက်နှင့် နှုတ်ထွက်ခွင့်ပြုခြင်းဆိုင်ရာဥပဒေများကို၊ ၁၉၅၉ ခုနှစ် တပ်မ တော်အက်ဥပဒေ ပုဒ်မ -၂၀ တွင် -
“ ဤအက်ဥပဒေကိုလိုက်နာရသူတဦးဦးအား၊ သတ်မှတ်ထားသည့်အာဏာပိုင်က၊ သတ်မှတ်ထားသည့် နည်းလမ်းအရ စစ်မှုထမ်းခြင်းမှ အငြိမ်းစားယူခွင့် သို့တည်းမဟုတ် ထွက်ခွင့်ပေးခြင်းကို၊
ပုဒ်မ - ၂၁ ပြဌာန်းချက်အရ -
(က) ထိုသူ၏ စစ်မှုထမ်းခြင်းကိုရပ်စဲသောအခွင့်အာဏာ။
(ခ) ထိုသို့ရပ်စဲခြင်း၏ အကြောင်းအရင်း။
(ဂ) တပ်မတော်တွင် ထိုသူ၏ စစ်မှုထမ်းခဲ့သည့်အချိန်ကာလ။
စသည်တို့ဖေါ်ပြထားသည့် နှုတ်ထွက်ခွင့်လက်မှတ်ကို ထိုသူ၏ တပ်မှူးကပေးအပ်ရမည် ဟူ၍ အတိအလင်း ပြဌာန်းထားပါသည်။

၃။ ထို့ပြင် ကာကွယ်ရေးကောင်စီညွှန်ကြားလွှာအမှတ် ၆/၇၄ ၊ တပ်မတော်အငြိမ်းစား လစာ နှင့် ဆုကြေး စည်းမျဉ်း ဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားပါသည်။
အခန်း(၂) ၊ စစ်မှုထမ်းသက်၊ အငြိမ်းစားလစာနှင့် စစ်မှုထမ်းသက်ဆုကြေး ခေါင်းစဉ်အောက်ရှိ အငြိမ်း စားယူခွင့်ပြုခြင်းဆိုင်ရာ၊ ပုဒ်မ ၂၁-က(၁) “အငြိမ်းစားလစာနှင့် ဆုကြေးအတွက်ရေတွက်ခွင့်ရှိသော စစ်မှုထမ်း သက်နှစ်ပေါင်း ၂၀ ပြည့်သည့်နောက် မည်သည့်အချိန်တွင်မဆို အရာရှိတဦးအား အငြိမ်းစားယူခွင့်ပြုနိုင်သည်။” ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၁ (ခ) အငြိမ်းစား လစာ နှင့် ဆုကြေးအတွက်ရေတွက်ခွင့်ရှိသော စစ်မှုထမ်းသက် (၁၀) နှစ်ပြည့် ပြီးနောက်မည်သည့်အချိန်တွင်မဆို စစ်သည်တဦးအား အငြိမ်းစားယူခွင့်ပြုနိုင်သည် ” ဟူ၍လည်းကောင်း အတိ အလင်းပြဌာန်းထားသည်။

၎။ အထက်ဖေါ်ပြပါပြဌာန်းချက်များအရ အရာရှိဖြစ်လျှင် လုပ်သက် (၂၀) ပြည့်ပြီးသည့်အချိန်မှစတင်ကာ နှုတ်ထွက်ရန်တင်ပြ လာပါက အငြိမ်းစား၊လစာ နှင့် ဆုကြေးတို့ပေးအပ်၍ အငြိမ်းစားယူခွင့်ပေးရမည်ဖြစ်ပြီး၊တပ်သားဖြစ်ပါက လုပ်သက် (၁၀) ပြည့်ပြီး သည့်အချိန်မှစတင်ကာ နှုတ်ထွက်ရန်တင်ပြလာပါက အငြိမ်းစား လစာနှင့် ဆုကြေးတို့ကိုပေးအပ်၍ နှုတ်ထွက်ခွင့်ပေး ရမည် ဖြစ်ပါသည်။

၅။ ဥပဒေအရ နှုတ်ထွက်ခွင့်လည်းရှိ၍ နှုတ်ထွက်ခွင့်တင်ပြထားပြီးလည်းဖြစ်သော မည်သည့် တပ်မတော် သားကိုမဆို နှုတ်ထွက် ခွင့်မပေးဘဲ ဆက်လက်တာဝန်ထမ်းဆောင်စေပါက “ မိမိအလိုဆန္ဒနှင့်ဆန့်ကျင်သော အဓမ္မစေခိုင်းမှုကို ကျူးလွန်ခြင်း” ပင် ဖြစ်သည်။

၆။ ထို့ပြင် ပြန်လည်ဖမ်းဆီးရမိသည့် မည်သည့်တပ်ပြေးကိုမဆို တရားနည်းလမ်းကျစွာ စစ်ဆေးခြင်းမရှိဘဲ ပစ်သတ်ခွင့်မရှိပါ။ ပစ်သတ်ပါက ပြစ်မှုဆိုင် ရာဥပဒေ ပြဌာန်းချက်အရ လူသတ်မှုကျူးလွန်ခြင်းဖြစ်သည်။

၇။ အထက်ဖေါ်ပြပါ “မိမိအလိုဆန္ဒနှင့်ဆန့်ကျင်သော အဓမ္မစေခိုင်းမှု ကျူးလွန်ခြင်း” နှင့် ပြန်လည်ဖမ်းဆီးရ မိသည့် တပ်ပြေး နှစ်ဦးကို ပစ်သတ်ခဲ့သည့်အတွက် “ကာကွယ်ရေးဦးစီးချုပ်” တွင်အဓိကတာဝန်ရှိကြောင်း ဥပဒေရေးရာ သုံးသပ်ချက် ထုတ်ပြန်အပ်ပါသည်။

၂၀၁၀၊ ဖေဖေါ်ဝါရီလ (၉) ရက်
အသေးစိတ်သိရှိလိုပါလျှင် - ဥပဒေရေးရာသုံးသပ်ရေးဌာန
ဦးမျိုး မြန်မာနိုင်ငံရှေ့နေများကောင်စီ
တာဝန်ခံ၊
ဥပဒေရေးရာသုံးသပ်ရေးဌာန၊ ဖုန်း - ၀၈၆၂၁၆၀၁၀၈

+++++++++++++

အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခြင်းမှ ဆိုင်းငံ့ခံနေရခြင်း(Hold Case)နှင့်ပတ်သက်ပြီးအမေရိကန် သမ္မတကြီး ထံသို့ အိပ်ဖွင့်ပေးစာ (မူကြမ်း)

နေ့ စွဲ ။ ။ ၂၀၁၀-ခုနှစ်၊ ဖေဖေါ်ဝါရီလ(၆)ရက်။

သို့ -

သမတ ကြီးခင်ဗျား -

မိမိတို့သည်UNHCR သို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် အသနားခံလျှောက်ထားခဲ့ကြပြီး UNHCR နှင့်ထိုင်းMOIတို့ အပြောင်း အလဲ ဖြစ်သွားပြီးနောက်ပိုင်းတွင် ၂၀၀၆-စက်တင်ဘာလတွင် UNHCR နှင့် MOI တို့၏ အစီအစဉ်ဖြင့် ကရင် ဒုက္ခသည် စခန်း (နို့ဖိုး) လူဦးရေ (၂)ထောင်ကျော်တို့အား စခန်းသွင်းခဲ့ကြပါသည်။

၎င်းတို့အား ထိုင်း MOI မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခြင်းအစီအစဉ်များကို ဆောင်ရွက်ပြီးစီးပြီး ဒုက္ခသည်များ အဖြစ် အသိ အမှတ်ပြုခြင်းခံရကာ (နို့ဖိုး)စခန်းတွင် (၄)နှစ်တိုင်တိုင် နေထိုင်ခဲ့ကြပါသည်။ တပြိုင်နက်တည်း အချိန်ကာလတွင် အမေရိကန် နိုင်ငံမှ ဒုက္ခသည်များတို့ကို အမေရိ ကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်သွားရန် (မယ်လ၊ အုန်းပြန်စခန်းနှင့် နို့ဖိုး)စခန်း (၃)ခုကို စီစဉ် ဆောင်ရွက် နေလျှက်ရှိပါသည်။  မိမိတို့မှလည်း အမေရိကန်နိုင်ငံသို့ သွားရောက် အခြေချ နေထိုင်သွားရေး အ တွက် OPE, DHS နှင့်ဆေးစစ်အဆင့်ဆင့်တို့ကို ပြုလုပ်ပြီးစီးခဲ့ကြပါသည်။ DHS မှ မိမိတို့အား (၂)ပတ် အတွင်း လက်ခံခြင်းစာကို အကြောင်းကြားပေးမည်ဟု အသိပေးခဲ့ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက် အခြေချနေထိုင်ရေးအတွက် အဆင့်ဆင့်ပြုလုပ် ပြီးစီး သော်လည်း အချို့သော သူများကို ယဉ်ကျေးမှု သင်တန်း၊ ထွက်ခွါမည့် နေ့ရက်များကို စေလွတ်သော်လည်း မိမိ တို့အားလဲ ယဉ်ကျေးမှု သင်တန်းကို IOMမှ စီစဉ်ပြီး တက်ရောက်စေခဲ့သည်။

မိမိတို့အခြေအနေများကို OPE နို့ဖိုးစခန်းသို့လာရောက်သည့်အချိန်တိုင်းတွင် မည်သည့် သတင်း အချက်အလက် များမရရှိပါ။ နောက်ပိုင်းတွင်း ၂၂-၈-၂၀၀၈ ရက်နေ့တွင် သတင်းဆိုး တစ်ခုကို ယူဆောင် လာသည်မှာ မိမိတို့အား အမေရိကန်နိုင်ငံသို့ သွား ရောက်အခြေချနေထိုင်ရေးကိစ္စတွင် ဆိုင်းငံ့ခြင်း(Hold Case)ကို ပြုလုပ်ထားကြောင်း တရားဝင် အသိပေးခဲ့ပါသည်။ Hold Case ကိစ္စရပ်နှင့်ပတ်သက်ပြီး မိမိတို့ အနေဖြင့် DHS အရာရှိထံသို့ အသနားခံလျှောက်စာပေးပို့ခြင်း၊ ထိုင်း-မြန်မာနယ်စပ်သို့ သမ္မတ ကတော် လော်ရာရှဉ် ရောက်ရှိ လာချိန်တွင် လည်း  အသနားခံလျှောက်ကို ပေးပို့ပြီး ကြီးစား ခဲ့ပါသည်။ သို့သော် ယခု အချိန်ထိ (၂)နှစ်နီးပါး ကြာလာ သော်လည်း မည်သည့် အကြောင်းထူးခြားချက်များ မသိရှိရသေးပါ။

အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချနေထိုင်သွားရေးအတွက် ယခုကဲ့သို့ အချိန်ကာလ ကြန့်ကြာ နေခြင်းသည် စိတ်ပိုင်း ဆိုင် ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ကျဆင်းထိခိုက်နေကြပြီး အိမ်တွင်းရေး ပြသနာ ကိစ္စရပ်များ၊ မိသားစု ပြသနာရပ်များ ဆက်စဉ်မပြတ်ဖြစ် ပေါ်နေလျှက်ရှိကြသည်။

ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာပြည်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးတို့အတွက် နှစ်ပေါင်း(၂၀)ကျော် ကာလအတွင်း ကြိုးပမ်းနေ ကြ သူများဖြစ်သည့်အပြင် ယခုအချိန်တွင် ဘ၀လုံခြုံမှုကို အာမခံချက် ပေးနိုင်သော အခြေအနေများလဲ မရှိကြပါ။ တတိယနိုင်ငံ တစ်ခုခုသို့ သွားရောက်အခြေချ နေထိုင်သွားနိုင်ရေးအတွက် အမေရိကန်မှ ကာလ ကြာရှည်စွာ ဆိုင်းငံ့ခံနေရခြင်း။ ငြင်းပယ်ခံရ ခြင်းနှင့် တိုင်းပြည်မရှိသေးသောများတို့ အနေဖြင့်  UNHCR သို့ ၁၉-၁-၁၀ ရက်နေ့တွင် ငြိမ်းချမ်းစွာ အသနားခံ တင်ပြမှုများ ပြုလုပ်သော်လဲ ယနေ့ထိတိုင် ဒုက္ခသည်များကို လစ်လျူစ်ရှုပြီး ပစ်ပယ်ထားခြင်းကိုခံနေရခြင်း၊ အရေးယူ ဆောင်ရွက်ခြင်းများ မပြုလုပ်ပေးပါ။ ဒုက္ခသည်စခန်းတွင် ကာလကြာမြှင့်စွာ နေထိုင်ရခြင်းတွင်လဲ ဒုက္ခသည် များတို့၏ အခွင့်အရေးများ  အပြည့်အ၀ မရရှိခြင်း၊ တိုင်းပြည်မဲ့ကာ ဘ၀လုံခြုံမှုတို့လည်း လုံးဝ ဆိတ်သုဉ်း နေလျက် ရှိသည်ရှိပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများ ထိခိုက်နေလျှက်ရှိကြသည်။

မိမိတို့သည် အမေရိကန် (DHS)မှ ပေါ်လစီနှင့်မကိုက်ညီခြင်းဆိုသည်မှာ အဘယ်အကြောင်း ကြောင်းကြောင့် ဖြစ်သည်ကို မိမိ တို့အနေဖြင့် မစဉ်းစားတတ်ပါ။ မိမိတို့သည် မြန်မာပြည် ဒီမိုကရေစီ တွန်းကားရေးကို တက်ကြွစွာ ပါဝင်ခဲ့ဖူး သော်လည်း ယခု အချိန်တွင် ဒုက္ခသည်အဖြစ် အသနားခံ လျှောက်ထားပြီး ဒုက္ခသည် ဖြစ်နေ ကြသူများဖြစ်သည်။ ဘ၀လုံခြုံမှု မရှိကြဘဲ၊ မြန်မာ ပြည်သို့ အတင်း အဓမ္မ ပြန်ပို့ခြင်းခံနေရပါက နအဖ စစ်အစိုးရမှ ဖမ်းဆီးပြီး ညှင်းပမ်းနှိပ်စက်မှုများဖြင့် အသက်ပင် ဆုံးရှုံးစေ မည့်အပြင် အကျဉ်းချပြီး ထောင်သွင်းခြင်းကို နှစ်ရှည် ပြုလုပ်ခံရမည့် သူများဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီထွန်းကားရေး တို့အတွက် ကြိုးပမ်း နေသကဲ့သို့ မိမိတို့သည်လည်း ထို့နည်းတူပင် ဖြစ်ပါသည်။ ကျနော် တို့သည် အမေရိကန် နိုင်ငံအတွက် မိတ်ဆွေကောင်း ဖြစ်သကဲ့သို့ ဒီမိုကရေစီ ဘက်တော်သားများလဲ ဖြစ်ကြ ပါသည်။

အကယ်၍ မိမိတို့သည် အမေရိကန်နိုင်ငံ၏ ရန်သူဖြစ်ပါက အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချခွင့် ရရှိစေရန် နည်းလမ်း အ မျိုးမျိုးဖြင့် ကျိုးပမ်းကြပြီ အမေရိကန်အစိုးရနှင့်တကွ အမေရိကန် ပြည်သူ တရပ်လုံးတို့၏ အကျိုးစီးပွားကို မနာလို ၀န်တိုမှုဖြင့် အကြမ်းဖက်သမားအုပ်စုတို့နှင့်ပေါင်းကာ အကြမ်းဖက်မှု လုပ်ရပ်များကို မကြာခဏပင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ သို့အတွက်ကြောင့် မိမိတို့သည် ထိုင်း-မြန်မာနယ်စပ်တွင် မိမိတို့၏ မြန်မာပြည်အရေးအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ပေါ်ထွန်းလာစေရေးအတွက် လွန်ခဲ့သော ၁၉၈၈-ခုနှစ်၊ အရေးတော်ပုံကြီးကပင်ဖြစ်ပါသည်။ ယခုအချိန်တွင် မိဘ ဆွေးမျိုးသား ချင်းများတို့နှင့်လဲ သေကွဲ၊ ရှင်ကွဲခဲ့ရပြီး၊ အချို့သော မိတ်ဆွေများမှာ အသက်ကိုပင် ပေးဆပ်ခဲ့ရသည်။ အသီးသီး အိမ်ထောင်ကျ ကာ သား၊ သမီးများပင် အသက်အရွယ်ရောက်ရှိလာနေပြီဖြစ်သည်။  ထိုင်း-မြန်မာစပ်ဒေသတွင် အသက်အန္ဒရာယ်နှင့် ဘ၀ လုံခြုံမှုမရှိခြင်း၊ အနာဂါတ်မဲ့နေခြင်းတို့ကြောင့် မိမိတို့ ဆောင်ရွက်ခဲ့သော လုပ်ငန်းများကို စွန့်လွတ်ပြီး UNHCR သို့ ဒုက္ခသည် များအဖြစ် လျှောက်ထားကာ ယခုဆိုလျင် ဒုက္ခသည်များအဖြစ် အသိအမှတ်ခြင်းကို ခံရသူများ ဖြစ်ကြပါသည်။

အချို့ဆိုလျင် ယခုကဲ့သို့ ဆိုင်းငံ့ခြင်းကို (၂)နှစ်ကျော် ကြာလာသည်နှင့်အမျှ အမေရိကန်ရှိ အစိုးရအဖွဲ့နှင့် အမေရိကန် ပြည်သူများ တို့ကိုပင် မုန်းတီးမှုစိတ်ပင် ၀င်စားလာသကဲ့သို့ ခံစားနေရပါသည်။ ၎င်းတို့သည် အမေရိကန်၏ ရန်သူမဟုတ်ကြပါ၊ မိတ်ဆွေ ကောင်းဖြစ်သကဲ့သို့ ဒီမိုကရေစီ ဘက်တော်သားများ ဖြစ်ကြောင်းကို ဂတိပြုအာမခံရဲကြပါသည်။ သို့ဖြစ်ပါ၍ အမေရိကန်နိုင် ငံသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး တို့အတွက် ကြိုးပမ်း နေသကဲ့သို့ မိမိတို့သည်လည်း ထို့နည်းတူပင် ဖြစ်ပါသည်။ ကျနော်တို့သည် အမေရိကန် နိုင်ငံအတွက် မိတ်ဆွေကောင်း ဖြစ်သကဲ့သို့ ဒီမိုကရေစီ ဘက်တော် သား များလဲ ဖြစ်ကြပါသည်။

သို့ဖြစ်ပါ၍ သမတကြီးနှင့်တကွ သမတကြီး၏ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအနေဖြင့် အမေရိကန်နိုင်ငံသို့ သွားရောက် အခြေချရန် ဆိုင်းငံခြင်းခံနေသူများတို့အား လူသားချင်း စာနာထောက်ထားသောအားဖြင့်  လူကြီးမင်း တို့၏ ဆိုင်းငံ့ခြင်းမှ ပယ် ဖျက်ပြီး သွားရောက်အခြေချခွင့်ပြုပေးပါရန်နှင့် အကယ်၍ သွားရောက် အခြေချခြင်းကို လုံးဝ ခွင့်မပြုပါက မိမိတို့အား ငြင်းပယ် ပြီး အခြားသော ဥရောပနိုင်ငံများ၊ အီးယူ နိုင်ငံများသို့ သွားရောက် အခြေချ ခွင့်များ ရရှိရေးအတွက် ဆောင်ရွက် ဆုံးဖြတ် ပေး သွားပါရန် ချစ်ကြည်လေးစားစွာဖြင့် အနူးအညွတ် မေတ္တာရပ်ခံ၊ အသနားခံ မိမိတို့၏ အိပ်ဖွင့် ပေးစာကို ပေးပို့လိုက်ပါသည်။      

အမေရိကန်နိုင်ငံ ဆိုင်းငံ့ခြင်းခံနေရသူများ (နို့ဖိုး-ဒုက္ခသည်စခန်း)ထိုင်းနိုင်ငံ။

 ကိုလူဗိုလ်ခင်ဗျား -

ကျနော်ကတော့ ဒီလိုစာမျိုးတစ်စောင်ကို နောက်ဆက်တွဲအားဖြင့် (မီဒီယာအသီးသီး)သို့ ဆက်လက် လုပ်ဆောင်သွားနိုင်လျင် စဉ်ဆက်မပြတ် အခြေအနေများကို စောင့်ကြည့်ခွင့်ရနိုင်မည်။ မဟုတ်ပါက ကွယ်ပျောက်သွားမည်ကို ကျနော့်တစ်ဦးတည်း စိုး ရိမ်မိပါသည်။ ကိုလူဗိုလ်၊ ကိုမြင့်အောင်၊ ကိုတင်အောင်လှ၊ ကညောသူးနှင့် အခြား သင့်တော် စိတ်ဝင်စားသူ (၂)ဦး၊ (၃)ဦးတို့ဖြင့် ညှိနှိုင်းစေလိုပါကြောင်းနှင့် စာအကြောင်းအရာပါတွင် အဓိကအားဖြင့် -

၁။ အမေရိကန်လက်ခံပေးပါ၊ အသနားခံ။

၂။ လက်မခံနိုင်ဘူးဆိုလျင် - ငြင်းပယ်ပါ၊ သို့မှသာ တခြားသော တတိယနိုင်ငံမှ ခေါ်ယူနိုင်ခွင့်ရှိမည်။

အဓိပါယ် မျိုးပေါ်လွင်စေလိုသော) ကျနော် အကြမ်းဖျင်း ရေးထားသော စာသည် မူကြမ်းသဘောသာဖြစ်ပါသည်။

(၅-၂-၂၀၁၀)ရက်နေ့သည် ကမ္ဘာ့ဒုက္ခသည် ကလေးများနေ့)လားတော့ အတိအကျ ကျနော်မသိပါ။ ကိုမြင့်အောင် သိနိုင်သည်။ ၎င်း နေ့ရက်ကို ချိန်ကိုက်ပြီး ပေးပို့လျင် သင့်တော်ပါသည်။

ချစ်ကြည်လေးစွာဖြင့် -

မန်းလှအေး

ခေတ္တ (မဲဆောက်)

 

++++++++++++

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးမှ သတင်းဌာနများသို့ အကြောင်းကြားခြင်း(နှိပ်ပါ)

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးမှ ကိုအောင်ဆန်းဦးနှင့်ဇနီးအား ကံဆောင် သပိတ်မှောက် ခြင်း (ဖတ်ရန် နှိပ်ပါ)

-------------------------

Nu Poe Refugee Camp by Hold Case

နို့ဖိုးဒုက္ခသည်စခန်းတွင် ဆန္ဒပြတို့ မှ သက်ဆိုင်ရာသို့  ပေးပို့ စာများ

To .

The Officer
Department of Homeland Security (DHS)
U.S.A

From :
Nu Po Camp Residents
Date: 17,October, 2008.

Subject: Request for fast processing of our resettlement cases.

Dear Sir/Madam:

We, undersigned camp residents, are writing to you in order to appeal you to expedite our cases which are being currently under review by Department of Homeland Security (DHS). We also aim to bring your serious and urgent attention to our plight in the camp.

Last week Oversea Processing Entity (OPE) was here in the camp, and we were called by its officer to receive a bad news that our cases are still being reviewed by Department of Homeland Security (DHS). This news that our cases are put on hold truly disheartens and greatly dismays us.

We have been here in Thailand for several years, sacrificing our lives and future in our struggle to install a democratic and accountable government in Burma , replacing repressive and brutal current military regime. When we faced uncertain situation in terms of our security and safety along the borderline, we were compelled to enter this Nupo camp under the arrangement of United Nation of Height Commissioner for Refugee (UNHCR) and Ministry of Interior (MOI) of Thailand in 2006.
However, displaced ethnic people have been here for many years, long before we came to join them in the camp.

After living in like this concentration camp for some years, we have been suffering from some kind of mental problems. Our mental problems also do not spare our physical fitness. So, we are suffering both mentally and physically. In some families, apparently after hearing this delay, there are signs increasingly appearing that can probably lead to domestic issues or perhaps family break ups. Because of downhill spirit that overwhelm them, wives are stressing that their children's future including theirs is now in limbo due to their
husbands' past association with democracy movements in exile that now result in their resettlement cases being reviewed at a snail pace.

As you may be aware of camp situation, children future is quite bleak as they cannot pursue quality education to let them become productive members of society. We are deeply worried for the fact that they are wasting their prime time in the camp. Rather, we increasingly want
them to spend their prime time in an open society where they can also pursue quality education. When it comes to health issues, the services we receive are not satisfactory and effective, and hospital is also poorly equipped and while doctors are hardly here.

And monthly ration provided by Thai-Burma Border Consortium (TBBC) is scarcely enough. Since we do not have sideline jobs, we do not have income to supplement this insufficient ration supply. If we are made to continue to endure this kind of grim situation in the camp for one more year or so, we, particularly our children, will become malnourished in addition to mental infliction. In addition, our children are also going to pay great opportunity cost. When our children witness their friends leaving for the States en mass, they feel they are left out and suffer great sorrowfulness.

Dear Sir/Madam:

We are pro-democracy activists, earnestly attempting to restore democracy, human rights and the rule of law in Burma . We are not opponents of the United States but true friends who are just promoting these democratic values and principles in the same way the States is
trying to spread them around the world. So, we feel that our sacrifices made in exile should be valued and respected by the U.S.
government. We have never engaged in any activity devastative to the interest of the U.S. and have never tried to harm the lives of American citizens. This feeling give rise to a question of why we are being treated with a sense of contempt as shown by our resettlement cases being put on hold. Rather, we feel that we should be given first priority as true promoters of our common democratic values.

Therefore, we would like to make an earnest appeal to you to please expedite the processing of our cases at the earliest possible time, and kindly allow is to happily resettle to your great country – the United States of America or The Land of Freedom.

Yours sincerely,

Undersigned Unhappy Camp Residents

Nu Po Refugee Camp , Thailand .

CC :
1.UNHCR (Mae Sot), Thailand .
2. OPE.
3. IOM
4. Embassy of Australia , Norway , Canada., Newzeland.

Please Contact to address E.mail : Nu Po Hold Group 2008 <holdgroup@gmail.com>

--------------------------------------------------------------------------------------
Date: November13, 2008

Subject: Our Hold Ordeal

Dear Sir/ Madam:
We are writing to you concerning our hold situation that has been placed on our U.S. resettlement applications by DHS.
First, please let us introduce to you, Sir. We are Burmese refugees, currently taking refuge in Nupo temporary shelter located in Tak district of Thailand in order to ensure our security. Hold situation of our resettlement applications is believed to be directly related to our past association with pro-democracy struggle. In fact, we are non-violence political activists who sought to restore democracy, human rights and the rule of law in Burma, now ruled by military
dictators.
Because of miserable living conditions and uncertain future prospects, we do not want to continue to languish in the camp. We therefore would like to request you to pay your urgent attention to our plight being suffered in DHS's hold situation.
We herewith attach a piece illustrating our dilemma for your in-depth information. Please kindly address our problems as soon as possible,
Sir.
Thank you very much for your great humanitarian assistance and time.

Yours sincerely,

San Ray Kyaw/ Hla Aye
Hold Case Coordinating Team
Contact to Email Nupho Hold 2008 <holdgroup@gmail.com>
Nupho Camp, Thailand.
--------------------------------------------------------------------------------------------------------
Please kindly read the following narrative event.
A Look into Resettlement Cases of Refugees That Have Been Put On Hold
by Department of Homeland Security Many Burmese refugees in Thailand have now been in the U.S.
resettlement process. At the time of writing, a great amount of refugees have been allowed to go to the U.S. Unfortunately, there is a portion of refugees, roughly 200 cases, that is still under consideration. Now, it has been about seven months for some and others for about a year waiting for a "yes" or "no" decision. Such a hold situation being imposed on this group of refugees is tantamount to, in one's opinion, total disregard of refugee rights and thus creates of an atmosphere of mental torture, thereby posing a threat to refugees' future.
DHS has normally delivered letters of approval or denial to refugees in the course of time. In sharp contrast, however, those facing hold situation are not given even a hint. This effectively leaves them in a state of darkness about their status. While the secretive working environment of DHS is understandable, we will be quite happy to receive a timeframe for us to wait for our judgment.
In September 2006, UNHCR, in cooperation with Royal Thai Government's Provincial Administration Board (PAB), urban refugees were voluntarily sent to Nupo, Umpieum and Maela – three camps of nine temporary refugee shelters in Thailand. Former political activists who were once a part of the democracy and peace struggle in Burma were mainly housed
in Nupo camp while other types of refugees were to other camps. In Nupo camp, there are already thousands of Karen IDPs (Internally Displaced Peoples) who took refuge long before we joined them.
In June 2007, a campaign was done in the camp in order to arouse the interest of refugees in U.S. resettlement. As we were facing many uncertainties in terms of our future including our present miserable living conditions, most wanted to go to any third country where they
can resettle to at the earliest possible time. When U.S. resettlement came first, we registered for it, hoping we would get to America soon.
But later, it turned to be another scenario.
To this day, many refugees have already resettled to the U.S. Good for them! Others are still in the process while we have been put on hold.
In Nupo camp alone, there are about 220 TH numbers or main applicants,and if added family members, the total number of refugees facing hold situation will be around 1,000. We still expect that number to increase. It is unfortunately found that those facing hold situation
are mostly former members of pro-democracy forces.
On 25 July 2008, some officers from Overseas Processing Entity (OPE) and UNHCR came to meet with us – hold case owners. In the meeting, Ms.
Julia Henna said that the hold situation has to do with American government policy and that OPE is not responsible for it, adding that she has no idea of when we are going to receive the decision or how long we have to wait. Besides, an interpreter of UNHCR told us that there were some examples in the past that needed to wait for about three years. A mother from with deep grief, appealed to them to allow her and her children to go to the U.S. first. She even offered to divorce her embattled husband who is in question by DHS, for this to happen. She appeared to be in great worry for her children's future.
Then, in order to be pro-active, we held a discussion among us on 25 July 2008, and agreed to form a Coordinating Team to deal with our hold situation. On 4 August, we sent a request letter to both DHS (Washington D.C) and DHS (Bangkok) to address our problems as soon as possible. We also delivered a copy to First Lady Laura Bush when she visited Maesot, a border town with Burma. She met with refugees in Maela and her husband President Bush with pro-democracy forces in Bangkok to show their solidarity with and sympathy towards Burmese democracy cause and refugees.
Because DHS failed to reply to us regarding our request letter, we wrote another letter to the District Director of USCIS in Bangkok. So far, they remain silent. In addition, our Coordinating Team also sent two request letters, dated 22 August and 6 October respectively, to the Head of UNHCR field office in Maesot, humbly asking him to come and meet us about our hold situation. Up till now, he remains reluctant to address our problems even though he has responsibility.
All aspects of refugees in the camp are increasingly getting worse as time passes by. Problems are: meager ration supply, no job and no income, lack of basic necessities for households, poor health care and a clinic with hardly ever any doctors, congested makeshift huts with rotten roof leaves, domestic problems, bleak futures for children, character deterioration, stress and depression – all possible factors that could drive a person insane. There are even a couple of refugees who went missing after they became mentally ill.
Some of us have been waiting for a year after our DHS interview just to receive a "yes" or "no" decision. This clearly indicates the high possibility of taking a much longer time. Some of us will also be definitely denied at the end of the process. It will be devastating to be denied after waiting for such a long time. It is also said that we in the hold situation cannot switch to other country's resettlement program. Bad! It means we have to continue to languish in the camp with a sole resettlement program. One case in point is that some were denied after two months of the DHS interview – a denial but still an early chance to try other countries. Some are now already accepted by other third countries and now poised to go to these countries next month.
Some questions, therefore, arise as below;
1. What does a hold case mean?
2. Who is the most responsible person for it and why?
3. What can the UNHCR do about this situation?
4. Does anyone involved have humanitarian mentality to solve this problem?
5. If you really care about the emergence of democracy in Burma,
how would you regard those pro-democracy activists who sacrificed and
paid a high price for it?
6. To what extent do you abide by the UN charter that says to
respect, protect, promote and fulfill one's rights?

Yours sincerely,
Hold Case Refugees (Nu Poe Camp)
 

--------------------

နို့ဖိုးဒုက္ခသည်စခန်းတွင် ဆန္ဒပြလျှက်ရှိကြောင်း

မြန်မာမိတ်ဆွေများခင်ဗျာ
၁၉၊ ၁၊ ၂၀၁၀ ရက်နေ့ နေလည် ၁ နာရီခန့်တွင် နို့ဖိုးဒုက္ခသည်စခန်း UNHCR ရုံးရှေ့တွင် HOLD ဒုက္ခသည်များ၊ Reject ဒုက္ခ သည်များနှင့် တတိယနိုင်ငံထွက်ခွာရေးနှင့်ပတ်သက်၍ကျန့်ကြာနေသူများမှ ဆန္ဒပြခဲ့ကြပါသည်။ရည်ရွယ်ချက်များမှာ UNHCR အနေနှင့် လက်ရှိပြသနာကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးရန်ဖြစ်ပါသည်။ လက်ရှိ ၂နာရီ ၄၀ မိနစ်အထိငြိမ်းချမ်းစွာ ဆန္ဒပြနေကြဆဲဖြစ်ပါသည်။
UNHCR တာဝန်ရှိသူ ဘရာရမ်မှ HOLD နှင့် Reject ကိုယ်စားလှယ် တဦးစီကို ခေါ်ယူဆွေးနွေးနေသော်လည်း တိကျသည့် အဖြေ တခုမျှမရရှိသေးပေ။
နို့ဖိုးဒုက္ခသည်စခန်းမှ ပလာ၏အမျိုးသမီးမှ UNHCR နှင့် ဆန္ဒပြသူများကြားတွင် ညှိနှိုင်းဖြေရှင်းပေးလျှက်ရှိသည်။
ဆက်လက်ဖြစ်ပေါ်မှုများကိုတင်ပြသွားပါမည်။
စိတ်ဝင်စားမှုရှိပါက ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆိုင်ဖုန်းများဖြစ်ပြီး ကိုလှအေးနှင့် အခြားသက်ဆိုင်ရာ ဆန္ဒပြမှုတွင်ပါဝင်သူတဦးဦးကိုခေါ်ပေးပါရန်တောင်းဆိုနိုင်ပါသည်။
၀၅၅၅၇၇၃၈၆
၀၅၅၅၇၇၃၈၉
၀၅၅၅၇၇၃၂၆

--------

နအဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေးကောက်ပွဲသည် မကျင်းပမီ ကပင် လွတ်လပ်မှု၊ တရားမျှတမှု မရှိကြောင်း သုံးသပ်ထုတ်ပြန်ချက်

၁။ အမျိုးသားညီလာခံ ၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) နှင့် လူထုဆန္ဒခံယူပွဲတို့ အပေါ်မြန်မာနိုင်ငံရှေ့နေများ ကောင်စီ ၏ အမြင်သဘောထား
မြန်မာနိုင်ငံရှေ့နေများကောင်စီသည် န.အ.ဖ စစ်အစိုးရမှဦးစီးကျင်းပခဲ့သည့် အမျိုးသားညီလာခံနှင့် ယင်းညီလာခံမှ ထွက်ပေါ် လာသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရာတွင် အခြေခံရမည့်မူများ၌ ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီ ခြင်းမရှိသည့် အချက်များကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) ရေးဆွဲရေးကော်မရှင် သည် မြန်မာနိုင်ငံတွင် ခိုင်မာတောင့်တင်း၍ အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဖြစ်ပေါ်စေနိုင်မည့် ဖွဲ့စည်းအုပ် ချုပ်ပုံ အခြေခံဥပဒေတရပ်ကို ရေးဆွဲပေးနိုင်မည့် ကော်မရှင်မဟုတ်ကြောင်း ကို လည်းကောင်း၊ ယင်းကော်မရှင် မှ ရေးဆွဲလိုက်သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေ (မူကြမ်း) တွင်ပါဝင် သည့် ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီခြင်းမရှိသည့် ပုဒ်မ များ ကိုလည်းကောင်း၊ န.အ.ဖ စစ်အစိုးရမှ ဖွဲ့စည်း ပေးသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (မူကြမ်း) လူထုဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် သည် နိုင်ငံတကာ ဥပဒေ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်းမရှိသောကြောင့် လူထုဆန္ဒခံယူပွဲကို လွတ်လပ်မျှတစွာ ကျင်းပပေးနိုင် မည် မဟုတ်ကြောင်းကို လည်းကောင်း၊ ၂၀၀၈ ခုနှစ် မေလ တွင်ကျင်းပပြုလုပ်ခဲ့သည့် လူထုဆန္ဒခံယူပွဲသည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း မရှိသဖြင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ကို ကိုယ်စားပြုနိုင်မည်မဟုတ် ကြောင်းကိုလည်းကောင်း၊ အစဉ်တစိုက်လေ့လာဆန်းစစ်လျက် ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။


၂။ ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ နအဖ စစ်အစိုးရ၏ သဘောထား
န.အ.ဖစစ်အစိုးရသည်၂၀၀၈ခုနှစ် မေလတွင် လူထုဆန္ဒခံယူပွဲ မကျင်းပမီကပင် ၂၀၀၈ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၉) ရက်နေ့၌ ကြေ ငြာချက်အမှတ် ၂/၂၀၀၈ ကိုထုတ်ပြန်၍ “ ၂၀၁၀ တွင် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း ” အတိအလင်း ထုတ်ပြန် ကြေငြာခဲ့သည်။
ထို့ပြင် န.အ.ဖ. ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် “၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပပေးမည်” ဖြစ်ကြောင်းကို ၂၀၀၉ ခုနှစ်၊
အောက်တိုဘာလ (၉) ရက်နေ့တွင် ကျင်းပသည့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ညီလာခံ တွင်လည်းကောင်း၊ ၂၀၀၉ ခုနှစ် ၊ နိုဝင်ဘာလတွင်ကျင်းပသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးအသင်း၏နှစ်ပတ်လည် အစည်းအဝေးတွင်လည်းကောင်း၊ (၆၂) နှစ်မြောက် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ တွင် လည်းကောင်း အကြိမ်ကြိမ် ပြောဆိုထားခဲ့ပြီးဖြစ်သည်။


၃။ ရွေးကောက်ပွဲ ဥပဒေနှင့် စပ်လျဉ်း၍ နအဖ ၀န်ကြီးချုပ်၏ ပြောကြားချက်

၂၀၀၉ ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ချာ့အမ်းမြို့ တွင်ကျင်းပသည့် (၁၅)ကြိမ် မြောက် အာဆီယံထိပ်သီးညီ လာခံတွင် န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က “ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း ” နိုင်ငံတကာခေါင်းဆောင်များအလယ် တွင် အတည်ပြုပြောဆိုခဲ့ သည်။ သို့သော် ရွေးကောက်ပွဲတရပ် ကျင်းပမည်ဆိုပါက မဖြစ် မနေလိုအပ်သည့် ရွေးကောက်ပွဲကျင်းပရေး ကော် မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ စသည့် ဥပဒေ များကို ယနေ့ထက်တိုင်အောင်ပြဌာန်း နိုင်ခြင်းမရှိသေးပေ။
၎။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ တရပ် ကျင်းပနိုင်ရန် လိုအပ်သည့် ဥပဒေအခြေခံ လုပ်ထုံးလုပ်နည်းများ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲသည် ဒီမိုကရေစီ၏ ရေသောက်မြစ်တခုဖြစ်သကဲ့သို့ပင် လူ့အခွင့်အရေးအခြေခံအ ချက်တရပ်လည်းဖြစ်ကြောင်းကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ် (၂၁) အပိုဒ်ခွဲ (၁) တွင် တရားမျှတ သောရွေးကောက်ပွဲများမှတဆင့် လူတိုင်းသည် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး ၌ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်တင်မြှောက် လိုက်သည့် ကိုယ်စားလှယ်များမှတဆင့်ဖြစ်စေ၊ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်ဟူ၍ လည်းကောင်း၊ အပိုဒ် (၂၁) အပိုဒ်ခွဲ (၃) တွင် ပြည်သူလူထု၏ ဆန္ဒသည် အုပ်ချုပ် မှုအာဏာ၏ အခြေခံဖြစ်ရမည်။ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြား၍ တရားမျှတစွာ ကျင်းပသော ရွေးကောက် ပွဲများဖြင့်ထင်ရှားစေရမည်။
ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ မဲဆန္ဒပေးပိုင်ခွင့်ရှိရမည့်အပြင် ထိုရွေးကောက်ပွဲများကို လျှို့ဝှက်မဲပေးစနစ် ဖြင့်ဖြစ် စေ၊ အလားတူလွတ်လပ်သောမဲပေးစနစ်ဖြင့် ဖြစ်စေ ကျင်းပရ မည် ဟုဖေါ်ပြထားသည်။
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥပဒေကိုပထမဦးစွာ ထုတ်ပြန်ပေးရမည်ဖြစ်သည်။သို့သော်န.အ.ဖစစ်အစိုးရအနေဖြင့်၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ဥပဒေအရ ဖွဲ့စည်းထားသည့် ပါတီစုံအထွေထွေရွေး ကောက် ပွဲ ကျင်းပရေး ကော်မရှင်ကိုလည်း ယနေ့ထက်တိုင်အောင် ဖျက်သိမ်းခြင်းမရှိသေးပါ။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများကို ပြဌာန်းပေးရမည်ဖြစ်သည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတရပ် ကျင်း ပနိုင်ရေးအတွက် အရေး ကြီးသောအခန်းကဏ္ဍမှ ပါဝင်သည့်အားလျှော်စွာ ယင်းဥပဒေကိုရေးဆွဲရာတွင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေဖြင့် ပထမဦးစွာ ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ယင်းဥပဒေမူကြမ်းကို နိုင်ငံ တော်သို့ထုတ်ပြန်ကြေငြာ၍ ပြည်သူလူထုနှင့် နိုင်ငံရေးပါတီ များ ၏ သဘောဆန္ဒ အကြံပြုချက်များကို တောင်းခံ ရယူခြင်း၊ ထိုသဘောဆန္ဒ အကြံပြုချက်များကို အတတ်နိုင်ဆုံးညှိနှိုင်းလျက် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ကိုရေးဆွဲထုတ်ပြန်ခြင်း စသည့်အဆင့်များကို ပြုလုပ်ကြရမည်ဖြစ်သည်။

၅။ နအဖ စစ်အစိုးရ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ၏ လှုပ်ရှားဆောင်ရွက်နေမှုများ
မြန်မာနိုင်ငံရှေ့နေများကောင်စီမှ ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ဝန်ကြီးများ ကိုယ်တိုင် အဂတိလိုက်စားမဲဆွယ် စည်းရုံးနေမှုများကို ကြေငြာချက် ထုတ် ပြန်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် န.အ.ဖ အုပ် ချုပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်အနေဖြင့် အစိုးရ (အငြိမ်းစား) ၀န်ထမ်း များစာရင်း ကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[1] မဲဆန္ဒ ရှင်များစာရင်းကို ကြိုတင်ကောက်ခံလျက်ရှိခြင်း၊[2] နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းတချို့ ကို ရွေးကောက်ပွဲ တွင် ၀င်ရောက်အရွေးချယ်ခံနိုင်ရန်ကြိုတင်ပြင် ဆင်မှုများပြုလုပ်နေခြင်း၊[3] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းသည် နိုင်ငံရေးပါတီတရပ် သဖွယ် မဲဆွယ်စည်းရုံးနေမှုများ[4] တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ မဲဆွယ်စည်းရုံးနေမှုများ၊[5] စသည် တို့အပြင် န.အ.ဖ ၏ လုပ်ရပ်များကို ဆန့်ကျင်ခြင်းမရှိသည့် တခြားသော နိုင်ငံရေးအင်အားစုများ၏ မဲဆွယ် စည်း ရုံးနေ မှုများ၊ စသည်တို့ကို စစ်အစိုးရအနေဖြင့် မသိကျိုးကျွံပြု ခွင့်ပြုလျက်ရှိသည်။

၆။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ နိုင်ငံရေးနိုင်ငံရေးပါတီများ ၏ အခြေအနေ
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်း/ပြည်နယ် ရုံးခန်းများ နှင့် မြို့နယ်ရုံးခန်း များကို အကြောင်းပြချက်မရှိ ချိတ်ပိတ်ထားခြင်းမှ ယနေ့ထက်တိုင် အောင်ပြန်လည်ဖွင့်လှစ်ခွင့်မပေးသေး ခြင်း၊[6] ပါတီဝင်အသီးသီးအပေါ် အာဏာပိုင်တို့မှ နှောင့်ယှက် ဟန့်တား ဖမ်း ဆီးနှိပ်စက် အကျဉ်းချထားခြင်းများကို ယနေ့ ထက်တိုင်အောင်ပြုလုပ်ကျူးလွန်လျက်ရှိခြင်း၊ ၁၉၉၀ ပြည့် နှစ် ရွေး ကောက်ပွဲအနိုင်ရ တိုင်းရင်းသားနိုင်ငံရေးပါတီများကို ဖျက် သိမ်းထားသဖြင့် ယနေ့ထက်တိုင်အောင်စည်းရုံး လှုပ် ရှားခွင့် မရရှိခြင်း၊ စသည်တို့ ဖြစ်ပေါ်လျက်ရှိသည်။

၇။ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် ရှိရမည့် နိုင်ငံရေးအခြေအနေ
လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတရပ်ကျင်းပနိုင်ရန်အတွက် နိုင်ငံရေးတည်ငြိမ်မှု ရှိရန် မဖြစ် မနေလိုအပ်ပါသည်။ န.၀.တနှင့် န.အ.ဖ စစ်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးတည်ငြိမ်မှုမရှိကြောင်း ကိုအောက်ပါ အကြောင်းအချင်းရာ များက ပြဆိုလျက်ရှိသည်။
(က)ယနေ့ထက်တိုင်အောင်၊ဦးတင်ဦး၊ဒေါ်အောင်ဆန်းစုကြည်တို့အားအိမ်အကျယ်ချုပ်ကျဖြင့်ထိန်းသိမ်းထားခြင်းနှင့်တိုင်းရင်း သားခေါင်းဆောင်များ၊(၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ရဟန်းသံဃာ များအပါအ၀င်နိုင်ငံရေးအကျဉ်းသား ပေါင်း  (၂၀၀၀)ကျော်၊မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင်နှစ်ရှည်ထောင်ဒဏ် များ ချမှတ်ခံထားရခြင်း၊[7]
(ခ) ပြည်သူလူထု၏ စားဝတ်နေရေး အထွေထွေအကြပ်အတည်းကို အကြောင်းပြု၍ ၂၀၀၇ စက်တင် ဘာလတွင် ရဟန်းရှင်လူ၊ လုပ်သားပြည်သူ သိန်းနှင့်ချီ၍ ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ခြင်းနှင့် န.အ.ဖ စစ် အစိုးရမှ အကြမ်းဖက် ပစ်ခတ် နှိမ်နင်းခဲ့ခြင်း၊
(ဂ) အောက်ခြေတပ်မတော်သားများအတွင်း စားဝတ်နေရေးပြည့်စုံခြင်းမရှိသဖြင့် ဆန္ဒပြတောင်းဆိုမှု များ[8]၊ နောက်ဆက်တွဲ
ခမရ (၈၀) နှင့် ထောက်လှမ်းရေးတပ် ခမရ (၅) တို့၏ ပစ်ခတ်မှုများ[9]
(ဃ) ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးလုပ်ကြံခံရမှုနှင့် ဗိုလ်မှူးဟောင်းဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန ၀န်ထမ်းဦးသူရကျော်
တို့သည် သတင်းလွတ်လပ်ခွင့်မရှိခြင်းကြောင့် နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြား သည်ဟူသောအကြောင်းပြချက်ဖြင့် သေဒဏ် ချမှတ်ခံရမှုများ[10]
(င) တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် ယနေ့ထက်တိုင်အောင်မြင်သာထင်ရှားသော ငြိမ်းချမ်း ရေး ရယူနိုင်မှု မရှိသေး သည့်အခြေအနေများ
(စ) တနေ့တခြား ဆိုးရွားလျက်ရှိသော ပြည်သူ့ဘ၀ စားဝတ်နေရေးအခြေအနေများ
(ဆ) မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိသည့်အခြေအနေများ[11]

၈။ ဖျက်သိမ်းရမည့် ဥပဒေများ
ရွေးကောက်ပွဲတရပ်မကျင်းပခင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာဥပဒေနှင့် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်ကိုက် ညီခြင်းမရှိသည့် အောက်ပါဥပဒေများကို ဖျက်သိမ်းရမည်ဖြစ်သည်။
(က) ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ
(ခ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၆/၈၈
“ အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ ”
(ဂ) ၁၉၇၅ ခုနှစ် “ နိုင်ငံတော်အားနှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ”
(ဃ) နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် - ၅/၉၆
“ နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီ လာခံ လုပ်ငန်းများ အောင်မြင်
စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေ”
(င)န.၀.တဥပဒေအမှတ်-၉/၈၉“နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေ”
(စ)၁၉၀၈ ခုနှစ် မတရားသင်း မြန်မာနိုင်ငံဥပဒေများအတွဲ - ၂ မတရားသင်းနှင့် သက်ဆိုင်သည့် ဥပဒေ ပြဌာန်းချက်များ
(ဆ)၂၀၀၄ ခုနှစ်၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(ဇ) ၁၉၆၂ ခုနှစ်၊ ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် ယင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ
(ဈ) ၁၉၉၀ ပြည့်နှစ် န.၀.တ ဥပဒေအမှတ် ၂၀၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ၊
(ည) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၈ ၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ
(ဋ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၉၊ ရုပ်ရှင်ဥပဒေ
(ဌ) ၁၉၉၆ ခုနှစ်၊ န.၀.တ ဥပဒေအမှတ် ၁၀ ၊ ကွန်ပျူတာပညာဖွံ့ဖြိုးရေး ဥပဒေ
(ဍ) ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (မူကြမ်း)
စသည့် ဥပဒေများသည် ဖျက်သိမ်းရမည့်ဥပဒေများဖြစ်သည်။

၉။ မြန်မာနိုင်တွင်ကျင့်သုံးလျက်ရှိသည့် မဲပေးစနစ်
ရွေးကောက်ပွဲတွင်မဲပေးသည်ဆိုခြင်းမှာ ပြည်သူလူထုအနေဖြင့် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်းတွင် အမည်စာရင်းတင်သွင်းထားကြ
သည့်ကိုယ်စားလှယ်များ၏ အရည်အချင်းကိုသေသေချာချာလေ့လာစိစစ်လျက် တိုင်းပြည်၏ အကျိုးစီးပွားတစုံတရာကို ထမ်းဆောင်နိုင်မည့်
ကိုယ်စားလှယ်လောင်းများကို မဲပေးရွေးချယ်ခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် မဲမပေးလျှင်မနေရ၊ မဖြစ်မနေ မဲပေးရမည်ဆိုသည့် ဥပဒေပြဌာန်းချက်မျိုးမရှိပါ။ မဲဆန္ဒ ရှင်များအနေဖြင့် မိမိသဘော
ဆန္ဒအရသာ မဲပေးလိုကပေးနိုင်ခွင့်ရှိသည့် စနစ်ကို ကျင့်သုံးလျက်ရှိသည်။

၁၀။ သုံးသပ်ချက်
ရွေးကောက်ပွဲတစ်ရပ်၏ အဓိက ကျောရိုးမှာ “ လွတ်လပ်မှု နှင့် တရားမျှတမှု ” ပင်ဖြစ်သည်။ သို့သော် န.အ.ဖ စစ်အစိုးရ၏ အထက်
ဖေါ်ပြပါလုပ်ရပ်များကို နှိုင်းယှဉ် သုံးသပ်ပါက -
၂၀၁၀ ခုနှစ် အတွင်းတွင် ရွေးကောက်ပွဲကျင်းပခြင်းသည် ပါဝင်ယှဉ်ပြိုင်ကြမည့်နိုင်ငံရေးပါတီများအတွက် မဲဆွယ်စည်းရုံးရန်လုံ
လောက်သော အချိန်ကာလ ရရှိနိုင်မည်မဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော် ယနေ့ထိ တိုင် ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ဥပဒေတို့ကို ထုတ်ပြန်ကြေငြာခြင်း မရှိပါ။
-အထက်ဖေါ်ပြပါ ဥပဒေများကို နည်းလမ်းမှန်ကန်စွာဖြင့် ထုတ်ပြန်ပေးခြင်းမရှိသေးမီ အချိန်ကတည်းက ပင် န.အ.ဖ စစ်အစိုးရ နှင့် လက်ဝေခံများက ၂၀၁၀ ရွေးကောက်ပွဲအတွက် လက်ဦးမှုရယူကာ ကြိုတင်ပြင်ဆင်မှု များပြုလုပ်လျက် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေကြခြင်း၊
- စစ်မှန်သော ဒီမိုကရေစီနိုင်ငံတရပ် ထူထောင်နိုင်ရေးကို ဦးတည်လုပ်ဆောင်နေကြသည့် ၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ကြသော အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်း သားနိုင်ငံရေးပါတီများကိုမူ ယနေ့ထက် တိုင်အောင် အမျိုးမျိုးဖိနှိပ်လျက်ရှိခြင်း၊ထို့ပြင် န.အ.ဖ စစ်အစိုးရက ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ် များသည် ရွေးချယ်ခံရပြီးနောက်ပိုင်းတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သက်ဝင်လှုပ်ရှားရမည့် လွှတ်တော်များသို့ တက်ရောက်ကြရမည်ဖြစ်သည်။
တိုင်းပြည်နှင့်ပြည်သူ့အကျိုးကို ထမ်းဆောင်ကြရမည်ဆိုခြင်း ထက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်တည်တံ့ရေးကိုသာ လုပ်ဆောင်ကြရမည်ဖြစ်သည်။
အထက်ဖေါ်ပြပါ အကြောင်းအချက်များအရ န.အ.ဖ စစ်အစိုးရ ကျင်းပပေးမည်ဆိုသည့် ၂၀၁၀ ရွေး ကောက်ပွဲသည် မကျင်းပမီ ကပင်“ လွတ်လပ်မှု၊တရားမျှတမှု” မရှိကြောင်းနှင့် အားလုံးလွှမ်းခြုံပါဝင်နိုင်မည့်ရွေး ကောက်ပွဲမျိုးမဟုတ်ပါ။
ထို့ကြောင့် မြန်မာ့ပြည်သူလူထုအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် န.အ.ဖ ၏ မည်သည့်ကိုယ်စား လှယ် ကိုမှ မဲမပေးခြင်း၊ မဲရုံများသို့သွားရောက်မဲမထည့်ခြင်းအားဖြင့် လူထုပါဝင်ပတ်သတ်မှု မရှိသောမတရားသည့်ရွေးကောက်ပွဲအဖြစ် ထင်ရှားစေခြင်းအားဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြပါရန် နှင့် ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှ လည်း အဆိုပါရွေးကောက်ပွဲကို လုံးဝ အသိ အမှတ်မပြုသင့်ပါကြောင်း တို့ကို အလေးအနက်ပန်ကြားလျက် သုံးသပ်ချက် ထုတ် ပြန် အပ်ပါသည်။


၁၅.၁.၂၀၁၀
အသေးစိတ်သိရှိလိုပါလျှင် - ဥပဒေရေးရာသုံးသပ်ရေးဌာန
ဦးမျိုး မြန်မာနိုင်ငံရှေ့နေများကောင်စီ
တာဝန်ခံ၊ ဥပဒေရေးရာသုံးသပ်ရေးဌာန၊ ဖုန်း - ၀၈၆၂၁၆၀၁၀၈

[1] ခေတ်ပြိုင်၊ ၅ ဇန်န၀ါရီ ၂၀၁၀
[2] 15.12.2009 RFA
[3] 16.10.2009 RFA
[4] 31.3.2009 BLC Statement
[5] 19.1.2009 RFA , 25.9.2009 ဧရာဝတီ
[6] NLD ၏ထုတ်ပြန်ကြေငြာချက်များ
[7] AAPPB MONTHLY CHRONOLOGY DECEMBER 2009
[8] 24.12.2009 BLC Statement
[9] January 12, 2010 BBC Burmese News
[10] ၂၀၁၀ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့ ၊ ဦးစိန်လွင် နှင့် မဇ္ဈိမသတင်းဌာန အင်တာဗျူး
[11] မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာထုတ်ပြန်ကြေငြာချက်များ
+++++++++++++++++++

အမျိုးသား လွတ် မြောက် ရေး တိုက်ပွဲခေါ်သံ လှုပ်ရှားမှု

မြန်မာ မိဒီယာမိတ်ဆွေများခင်ဗျား

ကျနော်တို့ ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစု အဖွဲ့ပေါင်း ၁၂၀ ကျော်ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ဂျီအေဘီ အင်အားစုကြီးမှ နအဖ စစ်အာရှင်တို့အား နိုင်ငံရေးထိုးစစ်အသွင်အဖြစ် အမျိုးသား လွတ် မြောက် ရေး တိုက်ပွဲခေါ်သံ လှုပ်ရှားမှုကို (၆၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့မှ စ၍ တနိုင်ငံလုံးအတိုင်း အတာနှင့် စတင်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။

လေးစားမှုဖြင့်

ရွှေစင်ထွန်း


ဆက်သွယ်ရန် ။ ။ ဗိုလ်မှုးကြီး စိုင်းမျိုးဝင်းထွန်း ၆၆ - ၈ - ၃၅၈၂ - ၃၄၉၀ (ထိုင်းနိုင်ငံ)
ကိုရင်ထွေး ၆၆ - ၈ -၄၅၇၅ - ၅၄၁၆ (ထိုင်းနိုင်ငံ)
ကိုခိုင်မင်းမွန် ၈၈၀ - ၁၇၁ - ၈၂၂ - ၄၃၈၂ (ဘင်္ဂလားဒေ့ခ်ျ)
ကိုကျော်မိုး ၈၈၀ - ၁၇၁ - ၅၆၆ - ၁၁၇၆ (ဘဂလားဒေ့ခ်ျ)
ကိုကိုအောင် ၈၁ - ၉၀ - ၁၅၀၆ - ၂၈၉၃ (တိုကျို)
ကိုကျော်ကျော်စိုး ၈၁ - ၉၀ - ၆၀၃၁ - ၄၃၉၄ (တိုကျို)
ကိုမျိုးသိန်း ၄၄ - ၇၈၇ - ၇၈၈- ၂၃၈၆ ( လန်ဒန်)
မခင်မမမျိုး ၄၄ - ၁၂၂ - ၄၅၂၄ - ၄၀၇၇ (အဂလန်)
ကိုထွန်းထွန်း ၁ - ၅၀၃ - ၃၃၄ - ၉၉၉၇ ( အမေရိက)
ကိုစိုင်း ၁ - ၅၁၀ - ၄၁၅ - ၂၂၈၉ (အမေရိက)
ကိုရွှေစင်ထွန်း ၁ - ၃၀၁ - ၅၂၃ - ၉၂၉၂ (အမေရိက)

ကြေငြချက်ဖတ်ရန်နှိပ်ပါ

--------

ဖိတ်ကြားခြင်း

မြန်မာ့ နိုင်ငံရေးအခြေအနေများ ရှင်းလင်းဟောပြောရန် (ဖတ်ရန် နှိပ်ပါ)

နေရာ။   ။ဂရင်းဗျူး မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း

၇၁၀ 710 grandview  lane,la puente ,  CA 91744

အချိန်။   ။ဇန်န၀ါရီ ၈-ရက် သောကြာနေ့ ၊ ညနေ ၆ ချိန်

----
ပြည်သူလူထုနှင့် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များသို့ အသိပေးထုတ်ပြန်ကြေငြာချက်
(ကြေငြာချက် ၁/၂၀၀၉)
 

၁။ ယနေ့မြန်မာနိုင်ငံရေးကို ချဉ်းကပ်ဆောင်ရွက်ရာတွင် အမေရိကန်အစိုးရ၏ ပြောင်းလဲကျင့်သုံးလာသော နိုင်ငံခြားရေးမူဝါဒ အသစ်အရ မြန်မာနိုင်ငံတည်ဆဲအစိုးရနှင့် တိုက်ရိုက်ထိတွေဆက်ဆံလာခြင်း၊ မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော ပိတ်ဆို့အရေး ယူမှုများကို ဖယ်ရှားရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ခေါင်းဆောင် အထွေထွေအတွင်းေ၇းမှူး ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာေ၇းနှင့် ဖွံဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်း၊ ပိတ်ဆို့အရေးယူမှုများ နှင့်စပ်လျဉ်းပြီး ပိုမိုသိရှိလိုကြောင်း တင်ပြချက်အပေါ် နအဖက လိုအပ်သော စီစဉ်ဆောင်ရွက်မှုများ ပြုလုပ်ပေးခြင်းနှင့်လာမည့် ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် တပ်မတော် အစိုးရ၏ စီစဉ်ဆောင်ရွက်နေမှုစသည့် အခြေအနေအရပ်ရပ်တို့ကို လက်တွေ့ကျကျ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ရန်လို အပ် သည်ဟုယူဆပါသည်။

၂။ ယခုအခါ အမေရိကန်အစိုးရ၊ ဥရောပ သမဂအဖွဲ့ဝင်အစိုးရများ၊ ကမ္ဘာ့ကုလသမဂ နှင့် နိုင်ငံတကာအစိုးရများအပါအ၀င် အစိုး ရမဟုတ်သော အခြားအဖွဲ့အစည်းအသီးသီးတို့အနေဖြင့် တည်ဆဲအစိုးရနှင့် မြန်မာ့ဒီမိုကရေစီရေး အင်းအားစုများ သင့်မြတ် ပေါင်းစည်း ဆောင်ရွက်နိုင်မည့် မြန်မာနိုင်ငံ၏လူမှုေ၇း၊ စီးပွားရေးနှုင့် နိုင်ငံရေးတည်ငြိမ်တိုးတက်မှုများကို လိုလားသည့်အပြု သဘောဆောင်သော ခြေလှမ်းများ စတင်နေပြီကို တွေ့မြင်နေကြရပေသည်။

၃။ ထို့အပြင်ယခုကဲ့သို့ တိုင်းပြည်အတွက် အလွန်အရေးကြီးသော အချိန်အခါတွင် တည်ဆဲအစိုးရ နှင့် နိုင်ငံရေးအင်အားစုများအပါအ၀င် ပြည်သူတစ်ရပ်လုံအနေဖြင့် ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် ရိုးသား ဖြောင့်မတ်တည်ကြည်စွာ ဆောင်ရွက်ကြမည့် လူပုဂိုလ်နှင့် အဖွဲ့အစည်းများအား ရပ်တည်ရှင်သန်ခွင့်ပေးရန် အထူးလိုလှပေသည်။

၎။ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်သော လုပ်ငန်းစဉ်များကို လာမည့် ၂၀၁၀ ရွေးကောက်ပွဲ နိုင်ငံေ၇းအခင်း အကျင်း သစ်မှ စတင်ဖေါ်ဆောင်နိုင်ရန် မြန်မာ့အရေး နိုးကြားတက်ကြွသည့် နိုင်ငံေ၇းအင်အားစုများနှင့် လုပ်ဖော်ကိုင်ဖက်များ အားလုံးဆွေးနွေး ညှိနှိုင်းပြီး အနညးဆုံး ဘုံတူညီချက်များကို အခြေခံကာ ရလဒ်ကောင်းများပေါ်ထွက် လာအောင် ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်သည်ဟု အလေးအနက်ယုံကြည်ပါသည်။

၅။ သို့ဖြစ်ပါ၍ သမိုင်းကောင်းမှတ်တိုင်ဟောင်းများကို အသိအမှတ်ပြုလက်ခံရင်းဖြင့် သမိုင်းသစ် စာမျက်မှာသစ်တွင် မှတ်တိုင် သစ်များ စိုက်ထူကြပါစို့၊ ဟူသော တိုက်တွန်းနှိုးဆော်ချက်နှင့်အတူ ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ဖြတ်သန်းနိုင်ရန်အတွက် မြန်မာ့အေ၇းနိုးကြားသူများ ပါဝင်ဆွေးနွေးကြမည့် မြန်မာ့အေ၇းဆွေးနွေးပွဲတစ်ရပ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့၌ကျင်းပသွားမည် ဖြစ်ပြီး ကျင်းပမည့် အသေးစိတ်အစီအစဉ်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေငြာအပ်ပါသည်။


မြန်မာ့အရေး ဆွေးနွေးပွဲကျင်းပရေးကော်မတီ
ဆက်သွယ်ရန်ဖုံးနံပါတ် ၀၉၅၀၇၆၂၃၄ (ဖြိုးမင်းသိမ်း)

-----------

လေးစားစွာ ဖိတ်ကြားအပ်ပါသည်

လာမယ့် ၂၀ . ၁၂ . ၂၀၀၉ (တနင်္ဂနွေနေ့) မှာ ကျွန်တော်တို့ DOI Poetry Club က လူငယ်တွေစုပေါင်းပြီးတော့“အလင်းပျိုး မယ့် လက်များ” ကဗျာရွတ်ပွဲလေးကို ကျင်းပပါမယ်။ ဒီကဗျာရွတ်ပွဲဟာ HIV AIDS ရောဂါဝေဒနာကို ခံစားနေကြရတဲ့ ကမ္ဘာတစ်ဝှမ်းက ကလေးငယ်တွေအားလုံးကို ရည်စူးတဲ့ ရန်ပုံငွေပွဲလေးတစ်ပွဲဖြစ်လာမှာပါ။

ကျွန်တော်တို့ ဒီကလေးငယ်တွေအတွက် စာနာနားလည်မှုနဲ့ရေးထားတဲ့ ကဗျာလေးတွေရွတ်ကြပါမယ်။ နောက်ပြီး ဒီပွဲအတွက် အမှတ်တရ T-Shirt တွေရောင်းပေးပါမယ်။ T-Shirt ရောင်းရငွေတွေကို ၂၅ ရက်နေ့မှာ “သုခရိပ်မြုံ မိဘမဲ့ကလေးဂေဟာ” ကိုသွားရောက်လှူဒါန်းမှာဖြစ်ပါတယ်။ ကလေးငယ်တွေအတွက် အလှူငွေသီးသန့်ထည့်ချင်တယ် ဆိုရင်လည်း ဆက်သွယ် လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

 ကဗျာရွတ်ပွဲနေ့မှာ တက်ရောက်လာသူတွေကို ကော်ဖီတိုက်ပါမယ်။ နောက်ပြီး တက်ရောက်သူတွေပါ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါဝင်နိုင်မယ့် “ထူးထူးခြားခြား Performance” အစီအစဉ်လေးတစ်ခုကိုလည်း စီစဉ်ထားပါတယ်။ ကျွန်တော်တို့ကဗျာရွတ်ပွဲကို တက်ရောက်ဖို့အတွက် ဖိတ်စာနဲ့တကွ ဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။ နေရာက စိမ်းလန်းစိုပြေ ဥယျာဉ်ထဲက Zephyr မှာပါ။

ဆက်သွယ်လိုပါက-- phone myint <phonemyintmin@gmail.com>
 

----------------------

ပအိုဝ်းအမျိုးသားညီလာခံကြီး အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီး
ပအိုဝ်းအမျိုးသားလွန်မြောက်ရေးအဖွဲ့ချုပ်ကြီးကို ဖွဲ့စည်းခဲ့ခြင်း

ရက်စွဲ…..ဒီဇင်ဘာ(၁၀)၊၂၀၀၉
ပအိုဝ်းအမျိုးသားညီလာခံကြီးကို ဒီဇင်ဘာ ၇ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာ ၉ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ထိုင်း - မြန်မာ နယ်စပ်အနီးရှိမြို့တစ်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါ ပအိုဝ်းအမျိုးသား ညီလာခံကြီးတွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့၊ဗိုလ်မှူး ချုပ် ခွန်တိဆောင် ဦးဆောင်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ပအိုဝ်းလူငယ်အဖွဲ့၊ ပအိုဝ်းအလုပ်သမား သမဂ္ဂနှင့် ပအိုဝ်းအမျိုးသား၊ အမျိုးသမီးများအပြင် တခြားတော်လှန်ရေးအဖွဲ့များမှ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

အထက်ပါညီလာခံသို့ တက်ရောက်လာသော ပအိုဝ်းတော်လှန်ရေးအင်အားစုများသည် မိမိတို့လက်ရှိလှုပ်ရှားနေသော အဖွဲ့ များကို ဖျက်သိမ်း၍ အဖွဲ့များအားလုံးကို ပေါင်းစည်းကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (P.N.L.O)ကို အောင် မြင်စွာ ဖွဲ့စည်းနှိုင်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(P.N.L.O)ကို ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးချုပ် ခွန်တိဆောင်၊အတွင်းရေးမှူး အဖြစ် ခွန်မြင့်ထွန်း၊တွဲဘက် အတွင်းရေးမှူး(၁)အဖြစ် ဗိုလ်မှူးကြီး ခွန်သူရိန်တို့မှ ဦးဆောင်
သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပေးပို့သူ.......minnaing

-----

ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်ရန် ဆန္ဒရှိပါက

လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်မည် ဆိုပါက လူကြီးမင်းအား ဗမာ့ရေးရာအဖွဲ့သားများမှ ဘလော့ဂ် ပြုလုပ် ပေးရန် အဆင့်သင့် ရှိနေပါသည် ။

လူကြီးမင်း အနေဖြင့် ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ်ရန် ဆန္ဒရှိပါက ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Blog Templates ၀ပ်ဆိုဒ် www.ban-templates.org.uk.tt သို့ သွားရောက်ပြီး လူကြီးမင်း ပြုလုပ်လိုသော ဘလော့ဂ် တန်းပရိတ်ပုံစံနံပါတ် ( ဥပမာ - BAN-001 ) နှင့် ဘလော့ဂ်တွင် ဖော်ပြမည့် လိုအပ်သည့် အချက် အလက် များအား လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး အတည် ပြုပေးပါရန် လို အပ်ပါသည်။လူကြီးမင်း အတည် ပြုသည့် ရက်မှ ( ၂ ) ရက် အတွင်း ကိုယ်ပိုင် ဘလော့ဂ် ပြုလုပ် ပေးမည် ဖြစ်ပါသည်။

Blogspost Name အပြင် ကိုယ်ပိုင် ဒိုမိန်း ထပ်မံ ရယူလိုသူများ အနေဖြင့် ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့ ၏ Burma Affairs Register a Domain ၀ပ်ဆိုဒ် http://www.ban-domain.org.uk.tt သို့သွားရောက်ပြီး လည်းကောင်း ၀ပ်ဆိုဒ်တွင် ရှိသော Form အား ဖြည့်စွက်ပြီး Register ပြုလုပ်ပေးရန် လိုအပ်ပါသည်။ လူကြီးမင်းမှ Register ပြုလုပ်ပြီး ( ၅ ) နာရီအတွင်း လူကြီး မင်း Register ပြုလုပ်ထားသော ဒိုမိန်း အား အတည်ပြု စတင် သုံးစွဲလို့ ရကြောင်း အကြောင်း ကြားပေးမည် ဖြစ်ပါသည်။

ဗမာ့ရေးရာအဖွဲ့သားများ အနေဖြင့် Blog ပြုလုပ် ပေးခြင်း နှင့် ကိုယ်ပိုင် ဒိုမိန်းပြုလုပ် ပေးခြင်း ၏ ရည်ရွယ်ချက်မှာ ....

၁။ မြန်မာပြည်ရှိ ပြည်သူ/ပြည်သားများ သတင်းလွတ်လပ်ခွင့်ရရှိရေး
၂။ သတင်း နှင့် နည်းပညာ တိုးတက်ရေး
၃။ မြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တဖက်တလမ်းမှ မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး တို့ ဖြစ်ပါသည်။


ကျွန်မတို့ ဗမာ့ရေးရာအဖွဲ့သားများ နှင့် ပူးပေါင်း ဆောင်ရွက်လိုသူ များအားလည်း လေးစားစွာ ဖိတ်ခေါ် အပ်ပါသည်။

 

++++++

ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ၏ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပေးစာ

သို့/

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
နေပြည်တော်

ရက်စွဲ - ၂၀၀၉၊ နိုဝင်ဘာလ၊ (၂၈) ရက်။
အကြောင်းအရာ ။ ။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ ရုပ်သိမ်းရေးနှင့် ပတ်သက်သောကိစ္စ။
(၁) မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံး စည်းလုံးညီညွတ်ရေးပြို ကွဲခဲ့ရာမှ အလွန် နာကျည်းမနှစ်မြို့ဖွယ်ရာ ပြည်တွင်းစစ်ဖြစ်ခဲ့ရာ ယနေ့မြန်မာနိုင်ငံ အခြေအနေကို ဓမ္မဒိဌာန် ကျကျ သုံးသပ်ကြည့်ရှုလျှင် အ ဘက်ဘက်မှယိုးယွင်းနိမ့်ကျလျက် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ ရုန်းမထွက် နိုင်သေးသည်ကို ထင်ထင်ရှားရှား တွေ့နိုင်မည် ဖြစ်ပါသည်။

(၂) ယင်းသို့သော အခြေအနေမှ လွတ်မြောက်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်၍ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ ထူ ထောင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းမှာ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” “အမျိုးသားညီ ညွတ်ရေး” ကို အမြန်ဆုံး မဖြစ်မနေ တည် ဆောက်ရန်ဖြစ်သည်ဟု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီအနေနှင့်လည်း အလေးထားယုံကြည်သည်ကို ၄င်း၏နိုင်ငံရေးဦးတည်ချက် (၄) ရပ်တွင် အောက် ပါအတိုင်း ထင်ထင်ရှားရှား ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
“နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေး“ ဟု ပါရှိပါသည်။

(၃) ကျနော်တို့ သက်ကြီးရွယ်အို နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကလည်း ကျနော်တို့ ဖြတ်သန်းတွေ့ကြုံ ကိုယ် တိုင်ဆင်နွှဲခဲ့သည့် တိုက်ပွဲသင်ခန်းစာများအရ လွန်ခဲ့သော ၁၉၉၅ ခုနှစ် နိုဝင်ဘာလ (၂၄) ရက် နေ့စွဲဖြင့် နိုင်ငံ တော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ လိပ်မူ၍ ပန်ကြားစာ တစ်စောင် ပေးပို့ခဲ့ရာ၌ အောက်ပါအတိုင်း မေတ္တာရပ်ခံပန်ကြားခဲ့ပါသည်။


(၁) ရရှိပြီးသော မြန်မာနိုင်ငံလွတ်လပ်ရေး မဆုံးရှုံးစေရေးနှင့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီကျသော၊ ဖွံ့ ဖြိုးတိုးတက်သော နိုင်ငံသစ်ကြီး တည်ဆောက်ရေးအတွက်၎င်း၊
(၂) တစ်တိုင်းတစ်ပြည်လုံး ရဟန်းရှင်လူပြည်သူတစ်ရပ်လုံး သွေးစည်းညီညွတ်ရေးအတွက် ဆောင်ရွက်သွား မည်ဟု၎င်း၊
(၃) ယနေ့မြန်မာနိုင်ငံ လက်ရှိအခြေအနေမှာ “တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေး တည်ဆောက်ရန် အလို အပ်ဆုံး အခြေအနေ ဖြစ်နေပါသည်” ဟု၎င်း ဖော်ပြခဲ့ပါသည်။
 

အလားတူပင် ၁၉၉၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၇) ရက်နေ့စွဲဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အကြံပြုစာတမ်းတစ်စောင် ကို ရေးသားကာ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသို့၎င်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့၎င်း ပေးပို့ခဲ့ရာ ယင်းစာတမ်း၌ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဟူသော ခေါင်းစဉ်အောက်တွင် အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။
(၁) အမျိုးသားသွေးစည်းညီညွတ်ရေး တည်ဆောက်ရန်၊
(၂) လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရန်၊
(၃) ငြိမ်းချမ်းသော၊ ဒီမိုကရေစီကျသော ပြည်ထောင်စုကြီး တည်ဆောက်ရန်ဟု ဖော်ပြခဲ့ပါသည်။
ဆက်လက်၍လည်း ကျနော်တို့ စတင်အကြံပြုခဲ့သည့် ၁၉၉၅ ခုမှ ယနေ့အထိ (၁၄) နှစ်တိုင်တိုင် အဆိုပါသ ဘောထားအတိုင်း အကြိမ်ကြိမ် အကြံပေး ပန်ကြားမေတ္တာရပ်ခံခဲ့ပါသည်။

ကျနော်တို့၏ အကြံပြုခဲ့ချက်များမှာ ရက်ရှည်လများစွာ အကြောင်းအမျိုးမျိုးကြောင့် အကောင်အထည်မဖော် နိုင်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်နေ့စွဲဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအ တွင်းရေးမှူး ဒေါ်အောင်ဆန်းစု ကြည်ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဗိုလ်ချုပ်မှူးကြီးထံလိပ်မူ၍ ပေးပို့သောစာ တွင် “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထား မှုများကိုရုပ်သိမ်းရေး” နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော် ပြပါရှိသည်ကို တွေ့ရပါသည်။

အပိုဒ်(၂) “မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားရေးအတွက် ကျွန်မအနေဖြင့် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဟူ၍၎င်း၊အပိုဒ်(၃) “နိုင်ငံတော်အတွက် အကျိုးရှိမည့် လုပ်ငန်းများကိုလည်း ကျွန်မအနေဖြင့် နိုင်ငံတော် အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နိုင် လိမ့်မည်ဟု မျှော်လင့်ပါသည်။” ဟု ဖော်ပြသည်ကို တွေ့လိုက်ရ ဖတ်လိုက်ရသောအခါ ကျနော်တို့ တိုင်းပြည်တွင် လွတ်လပ် ရေး ရပြီးစ အချိန်မှစ၍ နိုင်ငံရေးသ ဘောထားကွဲလွဲမှုများမှ အခြေခံကာ နယ်ချဲ့သမားတို့ကို အတူလက်တွဲ၍ အသက်ပေးတိုက်ခိုက်ခဲ့ သူများ အ ချင်းချင်း ဂိုဏ်းဂဏ၀ါဒ၊ အတ္တ၀ါဒတည်းဟူသော မာန်မာနတို့၏ လွှမ်းမိုးမှုကို မလွန်ဆန်ခံနိုင်ခဲ့ကြသဖြင့် အမျိုး သားခေါင်းဆောင်ကြီးများ (အာဇာနည်ခေါင်းဆောင်ကြီးများ) အသက်ပေး တည်ဆောက်ခဲ့သည့် အမျိုးသား ညီညွတ်ရေးပြိုကွဲ ကာ နိုင်ငံတော်၏အခြေအနေ အဘက်ဘက်မှ ယိုယွင်းမှုများအားလုံး အဆုံးသတ်တော့မည့် လမ်းစပေါ်လာခဲ့ပြီဟု ကျနော်တို့ ယူဆမိပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား ...
ကမ္ဘာကြီး၏ လက်ရှိအခြေအနေမှာ ဗိုလ်ချုပ်မှူးကြီး သိရှိထားပြီးဖြစ်သည့်အတိုင်း
- နိုင်ငံကြီးငယ်အားလုံး စီးပွားပျက်ကပ်ဒဏ်ကို အလူးအလဲခံနေရရာ ယခုတိုင် နလန်မထူနိုင်ကြသေးခြင်း
- နိုင်ငံကြီးအချို့တို့၏ လက်နက်ပြိုင်ဆိုင်မှု စစ်အေးတိုက်ပွဲ ပြင်းထန်လာနေခြင်း၊
- အစွန်းရောက်ဝါဒသမားများ၏ အကြမ်းဖက်မှုအန္တရာယ် တစ်နေ့တခြား ကြီးမားလာခြင်း၊
- အဏုမြူအန္တရာယ်၏ ခြိမ်းခြောက်မှုခံနေကြရခြင်း စသည်တို့ကြောင့် တတိယကမ္ဘာစစ်၏ အန္တရာယ်သည် အေးချမ်းစွာနေလိုသော ကျနော်တို့ပြည်သူတစ်ရပ်လုံးအား ခြိမ်းခြောက်လျက်ရှိသည်ဟု ယူဆမိပါသည်။

ယင်းကဲ့သို့သော အခြေအနေအရပ်ရပ်တွင် ဗိုလ်ချုပ်မှူးကြီးပြောကြားခဲ့သည့် မိန့်ခွန်းအသီးသီး၌လည်း “အမျိုး သားညီညွတ်ရေး အရေးကြီးပုံ” ဆိုသည့် စကားရပ်မပြတ်ပါရှိခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (၈၉) ကြိမ် မြောက် အမျိုးသားနေ့ကြေညာ ချက်တွင်လည်း “တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးစီးပွားကို ဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေးကို တည်ဆောက်ကြရ မည်” ဟုဖော်ပြထားပြီး ဥက္ကဌကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် ပေးစာတွင် “တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးရှိမည့် လုပ်ငန်း များကိုလည်း နိုင်ငံတော်အေးချမ်းသာယာရေးဖွံ့ ဖြိုးရေးကောင်စီနှင့်အတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း” ဖော်ပြထားပါသည်။

 ထို့အတူ ပြည်သူတစ်ရပ်လုံးက လည်း နှစ်ရှည်လများ နိုင်ငံကို ဦးဆောင်ခဲ့ကြသည့် မည်သည့်ခေါင်းဆောင်တစ်ယောက်ကမှ မတည်ဆောက် နိုင်ခဲ့သည့် “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” တစ်နည်းအားဖြင့် “အမျိုးသားညီညွတ်ရေး” တည်ဆောက် နိုင်တော့မည်၊ စစ်မဲ့ဘေးအန္တရာယ် အသွယ်သွယ်တို့မှ၎င်း အကျပ်အတည်းပေါင်းစုံတို့မှ၎င်း ညီညွတ်ရေးလက် နက်နှင့် ခုခံဖြိုခွင်း နိုင်တော့မည်။ ငါတို့မြန်မာနိုင်ငံ ခေတ်ဆန်းချိန်ရောက်တော့မည်ဟု ၀မ်းမြောက်ဝမ်းသာရှိ နေကြပါသည်။ ဤသို့သောဆန္ဒနှင့်ပြည်သူ့သဘောထားကို ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်ဦးဆောင်ကာ ပတ်သက် သူအားလုံးနှင့် ဗုဒ္ဓမြတ်စွာဘုရား ၏ အဆုံးအမနှင့်အညီ အတိတ်ကို သင်ပုန်းချေ၊ ခန္တီတရားလက်ကိုင်ထား၍ မေတ္တာတရားရှေးရှုကာ အမြန်ဆုံးတွေ့ဆုံဆွေးနွေးပြီး အမျိုးသားညီညွတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ ရေးတို့ကို ကြိုးပမ်းပေးပါရန် နိုင်ငံတော်နှင့်အားလုံးသော ဆင်းရဲချမ်း သာ မရွေး၊ အယုတ်အလတ် အမြတ်မရွေး ညီညွတ်ရေးကို အာသာငမ်းငမ်း တောင့်တနေကြသည့် ပြည်သူများ၏ကိုယ်စား မေတ္တာရပ်ခံလိုပါသည်။

ဗိုလ်ချုပ်မှူးကြီးခင်ဗျား ...
ကျနော်တို့သည် အသက်အရွယ်ကြီးရင့်နေကြပါပြီ။ သေမင်းထံ ခြေတစ်ဘက်လှမ်းနေသူများလည်း ဖြစ်ပါ သည်။ “တို့တစ်တွေ ညီညွတ်ရေးရခဲ့လျှင်”ဟူသော ခံစားချက်ဖြင့်သာ ဤစာကိုရေးသားပေးပို့ခြင်းဖြစ်ပါသည်။
ဥက္ကဌကြီးသည် နိုင်ငံတော်ကို ဦးဆောင်နေသူတစ်ယောက်အဖြစ် ဂါရ၀တရား “ဂုဏ၀ုတ္တိ”ထား၍ နိုင်ငံအကျိုး ရှေးရှုကာ မိမိတို့ဉာဏ်မီသလောက် ရေးသားတင်ပြရခြင်းကို ခွင့်လွှတ်စေလိုပါသည်။
“ကျန်းမာချမ်းသာကြပါစေ”
သခင်သိန်းဖေ
(၀ါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ကိုယ်စား)

+++++

သန်းရွှေရဲ့ဒံပေါက်နဲ့ဒေါ်လာနှစ်ရာတန်

သန်းရွှေရဲ့စိတ်ဓါတ်စစ်ဆင်းရေးက တော်တော်ကောင်းတာပဲ၊ဘာကြောင့်လဲဆိုတော့ (၁၂-၁၁-၀၉)နေ့မှာသိရီလင်္ကာနိုင်ငံ ရောက် တယ်၊မြန်မာစာသင်သံဃာတော် ၃၀၀-လောက်အ၀င်အထွက်ရှိတဲ့ မကုဋာရာမမြန်မာကျောင်းကို မလာရဲပါဘူး။

တကယ် လာခဲ့ရင်လည်းပြဿနာတက်မှာ ကျိမ်းသေတယ်။ကျောင်းကလည်း ကားလေးတစီးစာ ၀င်ရရုံလေးပဲရှိပါတယ်။ ပြဿနာတက်ရင်တော့ သန်းရွှေ ဇော်ချွေးပြန်ရုံမကဘူးဖင်မွေးတောင် ထောင်လာမယ်။သန်းရွှေရောက်တော့လည်း ကြည့်ဦးလေ ဗုဒ္ဒ္ဓစွယ်တော်ရှိတဲ့ ဂန္ဓီမြို့ကိုသွားတယ်၊ဗိုက်နာလို့ ဆေးရုံတင်ရတယ်။အရှင်မဟိန္ဒပွင့်ဆောင်လာတဲ့ ဗောဓိပင်ရှိရာ အနုရာထပူရမြို့
ကိုရောက်တော့ ဗောဓိပင်ဖူးမယ့်လုပ်တော့ မိုးကအကြီးအကျယ်ရွာတယ်။အဲ ပြောရပြန်ပြီ ကိုလံဘိုမြို့ရောက်တော့ သိရီလင်္ကာ နိုင်ငံ ရှိ လက်ရှိအတိုက်ခံပါတီက (မြန်မာပြည်သားတယောက်မှမပါ)ဆန္ဒပြကြပြန်တယ်။ဂန္ဓီမြို့ကိုရောက်စဉ်တော့ နအဖ၏ရိက္ခာနဲ့ ကျောင်းတက်နေတဲ့ ဦးဇင်း( ၅ )ပါးကိုဆွမ်းကပ်တယ်၊

ဒေါ်လာ( ၂၀၀ )စီလှူသွားတယ်တော့ သတင်းရတာပဲ။သန်းရွှေပြန်သွားတော့ အေးပြီမှတ်တာ၊ဘယ်ဟုတ်မလဲသံရုံးကိုစီစဉ်ခိုင်း သွားတာလေ ကြည့်ကြပါဦး----
ဒီနေ့ဗျာ မြန်မာကျောင်းသို့ သံရုံးကလာပြီ ဒံပေါက်ဆွမ်းနဲ့သင်္ကန်းတစုံ၊ရူပီးငွေ(၂၁၀၀၀=US 200)လှူတယ်ဗျာ။ဘုန်းပေးလိုက်တဲ့ ဆရာတော်တွေကလည်း အားရပါးရဆိုပဲ။ဘုန်းပေးတဲ့ဆရာတော်တွေကိုလည်းအပြစ်မပြောချင်ပါဘူး။

ဒါပေမယ့်ဗျာ မိမိတို့သာသနာ့ညီနောင်တွေရဲ့ သွေးတွေ၊ချွေးတွေ၊မေတ္တာပို့ခဲ့တဲ့အသံတွေ၊ထောင်ရောက်နေတဲ့အဖော် ရဟန်းတွေ၊ ပျံလွန်တော်မူခဲ့တဲ့ သံဃာတော်တွေ၊ရှောင်ပုန်းပြေးလွှာနေရတဲ့ဆရာတော်တွေ၊ဘုန်းကြီးကျောင်းတွေကို ရန်သူစခန်းတခုကြီးလို ၀င်စီးခဲ့တာတွေ၊လက်ရှိအပိတ်ခံထားရဆဲ သာသနာ့ပိုင်နယ်မြေတွေ၊ပြောစရာတွေကအများကြီးပါပဲ။
အထက်ကပြောခဲ့တဲ့အချက်တွေကို မျက်လုံးစုံမှိက်ပြီး ဘုန်းပေးတဲ့ဆရာတော်တွေကိုတော့ တော်တော်လေး
အံ့သြမိပါတယ်။

(မှတ်ချက်။ ။အလှူခံတဲ့အထဲမှာ ၂၀၀၇-စက်တင်ဘာလ ၁၈-ရက်နေ့တွင် ကိုလံဘိုမြို့ရှိ မဟာဝိသုဒ္ဓါရာမကျောင်းက သိမ် အတွင်း ကံဆောင်တော်မူကြတဲ့ ဆရာတော်( ၄၈ )ပါးမပါပါ။ပြီးတော့ သာသနာ့စိတ်ဓါတ်ပြင်းပြတဲ့ဆရာတော်များမပါဝင်ပါ။) ဤသို့သတင်းရရှိပါသည်။ ။
လင်္ကာဒီပစာသင်သားလေး

+++++++++++++++++

၈၉ နှစ်မြောက်အမျိုးသားနေ့ အယ်အေတွင် ကျင်းပမည်

မောင်စွမ်းရည်၊ မာမာအေး၊ အောင်ဝေး၊ မေငြိမ်းတို့နှင့် အမျိုးသားနေ့စာပေဟောပြောပွဲ လော့စ်အိန်ဂျလိစ် မြန်မာများက ကျင်းပမည်

 လာမည့် ရှေ့လ နိုဝင်ဘာ (၂၂) တွင် မြန်မာနိုင်ငံ၏ (၈၉) ကြိမ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ကျင်းပ မည်ဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်၊ အယ်လ်အေဒေသရောက် မြန်မာမိသားစုများက ဖိတ်ခေါ်အကြောင်းကြားထားသည်။

ယခင်နှစ်ကလည်း ထိုသို့ကျင်းပခဲ့ရာ ... မောင်စွမ်းရည်၊ အောင်ဝေးနှင့် မောင်သာရတို့ကို ဖိတ်ခေါ်ပြီး ကျင်းပခဲ့ကြသည်ဟု ဆို သည်။ အယ်လ်အေ သြဂနိုက်ဇာဖော် ဘားမားနှင့် ရတ နာပုံနေပြည်တော်သတင်းစာတို့က ကမကထပြုပြီး ကျင်းပသော စာပေဟောပြောပွဲဖြစ်သည်။

 

 

-------------------------

၁။အေဘီအက်စ် ဒီအက်ဖ် ထူထောင်ခြင်း ၂၁ နှစ်မြောက် ထုတ်ပြန်ကြေငြာချက်

၂။ အေဘီအက်စ် ဒီအက်ဖ် ထူထောင်ခြင်း ၂၁ နှစ်မြောက် အခန်းအနားသို့ ပေးပို့ သောသ၀ဏ်လွှာ

၃။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို  ဖော်ဆောင်လျှက်ရှိသော သတင်းမီဒီယာ သမားများအား ဖိနှိပ်မှုအပေါ် ထိရောက်စွာ ဆောင်ရွက်ရန် အရေးယူရန် ပန်ကြားချက်(ဘီအယ်လ်စီ)

 

ယခင်ဖော်ပြပြီး သတင်းများ   ဖတ်ရန် နှိပ်ပါ