ခေတ်ပြိုင် ဆွေးနွေး ခန်း

  နှစ်သစ်မှာ ၀မ်းနည်းမှုတို့မြစ်ဖျားခံရာ

 

ကြားရသည့်သတင်းက စိတ်မသက်သာစရာ။ သင်္ကြန်ရေကစားမဏ္ဍပ်အတွင်း  ဗုံးသုံးလုံးဆက်တိုက်ပေါက်သည်တဲ့။

အချိန်ကလည်း ရေကစားသူများစည်ကားသည့် နေ့လည် ၃-နာရီ။

 ပြည်တွင်းသတင်းထုတ်ပြန်ချက်အရ လူ ၈-ဦးသေဆုံးပြီး ၇၅-ဦး ဒဏ်ရာရကြောင်း သိရသည်။ လုပ်ရက်လိုက်လေခြင်းဟု စိတ်မကောင်းဖြစ်မိသည်။ ထူးဆန်းသည်က နအဖစစ်အစိုးရ အာဏာသိမ်း အုပ်ချုပ်လာသည့် ကာလတလျောက် သတင်းထိန်ချန်မှုကိုသာ ဆက်တိုက်ပြုလုပ်လာခဲ့ပြီး ယခု သတင်းကို ချက်ချင်းအတည်ပြုခဲ့သည်မှာ ယုံချင်စရာပင်မရှိခဲ့။

 

စစ်အစိုးရသည် ၂၀၀၈-ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ၄င်းတို့စိတ်ကြိုက်ရေးဆွဲပြီး ၂၀၁၀-ရွးကောက်ပွဲကိုကျင်းပကာ အရပ်သားအစိုးရ အဖြစ်ပြောင်း လဲအုပ်ချုပ်ရန် ဟန်ဆောင်ပန်ဆောင်စီစဉ်လျက်ရှိသည်။ ပြည်တွင်း၌လည်း ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို တရားဝင်ကြေငြာခြင်း မရှိသေးသော် လည်း ရွေးကောက်ပွဲဥပဒေထုတ်ပြန်ခြင်း၊ ပါတီများရွေးကောက်ဝင်ရေး၊မ၀င်ရေးနှင့် ပါဝင်မည့်ပါတီများ မှတ်ပုံတင်ခြင်းတို့ဖြင့် အလုပ်ရှုပ်လျက် ရှိကြသည်။ နအဖစစ်အစိုးရ၏ လက်ကိုင် တုတ်အဖွဲ့အစည်းများကလည်း အသွင်ပြောင်းပါတီများထူထောင်ကာ ရွေးကောက်ပွဲဝင်ရန် စိုင်းပြင်းလျက် ရှိကြသည်။

 

 

ဒီညနေ နောက်ဆုံး တွေ့ရတာတွေ ဖတ်ကြည့်ပါဦးသတင်းဆိုးတွေပါပဲ

 

ရန်ကုန် ကန်တော်ကြီး ကရ၀ိတ် ၀င်ပေါက် အနီး ဗုံးဆက်တိုက်ပေါက်၊ အနည်းဆုံး ၉ ဦးသေ

မိုးမခအထောက်တော်၊ ရန်ကုန်

ဧပြီ ၁၅၊ ၂၀၁၀

 

ယနေ့ညနေ ၃နာရီဝန်းကျင် ကန်တော်ကြီး ကရ၀ိတ်အ၀င်ဝ သိမ်ဖြူကွင်းကားမောင်း လေ့ကျင့်ကွင်းကို မေးတင်ဆောက်လုပ်ထားသည့် စပါယ်ရှယ် ၀မ်း (အိတ်စ်တူးအို) မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲပြီး လူ၈ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မျက်မြင် သက်သေများ၏ ပြောဆို ချက်အရ သိရသည်။

 

CNN ရုပ်မြင်သံကြား သတင်းတွင်မူ သေဆုံးသူ အနည်းဆုံး၂၀ ရှိသည်ဟု ဆေးရုံဝန်ထမ်းတဦးကို ကိုးကားပြီး ထုတ်လွှင့်သားသည်။

 

အဆိုပါ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသူ အသက် ၅၅ အရွယ်ရှိ အမျိုးသားတဦးက` လူတွေ ၀ုန်းခနဲပြေးကြတော့ ဘာဖြစ်လဲလို့ အောက်မေ့တာ၊ နောက်တော့ ဗုံးပေါက်တာ တဲ့။ လူအုပ်ကြီးက ခြေဦးတည့်ရာ ထွက်ပြေးကြတာ၊ အဲဒီ မဏ္ဍပ်ရှေ့မှာ လူ ၇ယောက် ၈ယောက်လောက် မှောက်လျက် လဲနေတာ တွေ့လိုက်တယ်။ ကျွန်တော် ထင်တယ်။ အဲဒီလူတွေတော့ သေနိုင်တယ်လို့။ နောက် ကျွန်တော်တို့ ရပ်ကွက်ထဲက ရ၀တ တယောက် ဒဏ်ရာရပြီး ပြေးလာတာ ကယ်ပါဦးလို့ လှမ်းအကူအညီ တောင်းတယ်၊ သွေးတွေနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး ၊ ဒီအတိုင်းပဲ ကြည့်နေ လိုက်ရတာ´ဟု သူကိုယ်တိုင် ကြုံတွေ့ရသည့် အဖြစ်ကို ပြောပြသည်။

 

အခြား ရပ်ကွက်ခံ တဦးက ပြောရာတွင် မင်္ဂလာတောင်ညွှန့် မြို့နယ် မင်္ဂလာဈေးအနီး ရပ်ကွက်မှ ရ၀တ အဖွဲ့ဝင်များထဲမှာ အနည်းဆုံး ၂ဦး သေဆုံး ကြောင်း၊ ၂ဦးကို အရေးပေါ် ဌာနသို့တင်ထားရပြီး အခြား၂ဦး ဒဏ်ရာ ရရှိသွားသည် ဟုဆိုသည်။ ယခုထိခိုက်မှုတွင် မဏ္ဍပ်မျက်နှာစာတွင် ရပ်နေ သည့် လုံခြုံရေးများနှင့် ကြည့်ရှုနေသူများထဲမှ ထိခိုက် ဒဏ်ရာရသူများသည်ဟု ပြောဆိုသည်။ ဗုံးကို သင်္ကြန် ရေလည်ခံ ကစားသည့် ကားပေါ်မှ ပစ်ချသွားသည်ဟု ပြောဆိုမှုများရှိသော်လည်း အဆိုပါ သတင်းကို အခြားသော အတည်ပြုချက်များ မရရှိပေ။

 

ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ် အနည်းငယ်အကြာ ၃နာရီ ခွဲဝန်းကျင်တွင် ဒဏ်ရာရသူများကို တင်ဆောင်လာသည့် လိုက်ထရပ် ကားတစီး၊ ကိုယ်ပိုင် ကား၂စီး၊ ၃စီးကို သိမ်ဖြူလမ်းအတိုင်း မောင်းဆင်းလာသည်ကို တွေ့ရပြီး အဆိုပါမဏ္ဍပ်ရှေု့တွင်မှု ပြန့်ကျဲနေသည့် ဖိနပ်များ၊ သွေးကွက်များကို တွေ့ရပြီး ရဲများနှင့် လုံခြုံရေး အရာရှိများက ပေကြိုးဖြင့် တိုင်းထွာခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်။

 

ရေကစားသူများနှင့် မိဘများက ၄င်းတို့၏ မိသားစုဝင်များ ၊ သူငယ်ချင်းများကို ရှာဖွေရန် အဆိုပါ မဏ္ဍပ်အနီး တ၀ိုက်တွင် စောင့်ဆိုင်းလျက် ရှိနေ ကြသည်ကို တွေ့ရပြီး သားသမီးများအား ဘေးကင်းမှု ရှိမရှိ ဖုန်းဆက်ခြင်း လိုက်လံ စုံစမ်းလျက်ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

 

ကန်တော်ကြီး ပတ်လမ်း တ၀ိုက်မှ ရေကစားသူများမှာ အုပ်စုလိုက် လှည့်ပြန်ခြင်း အခြားသော နေရာများသို့ ထွက်ခွာသွားခြင်းများ ရှိသော်လည်း အနီးဆုံး ဒေါ်သိန်းတင်လမ်း နှင့် သိမ်ဖြူဈေး တ၀ိုက်၊ မြန်မာ့ဂုဏ်ရည်လမ်း တလျှောက်တွင် ရေပက်ခံသူများနှင့် ရေပက်သူများဖြင့် စည်ကားဆဲ ရှိသည်ကို တွေ့ရသည်။

 

ယခု ဗုံးပေါက်ကွဲမှုမှာ ၂၀၀၅ခုနှစ် မေလတွင် ဖြစ်ပွားသည့် ရန်ကုန် ကုန်သွယ်မှု ဗဟိုနှင့် အခြား စီးတီးမတ် ၂နေရာတပြိုင်နက် ပေါက်ကွဲမှု နောက် ပိုင်း လူ အသေအပျောက် အများဆုံး ဗုံးကွဲမှု ဖြစ်သည်။ မကြာခဏ ဗုံးကွဲမှုများ ရှိခဲ့သော်လည်း ယခုလို လူစည်ကားရာ တွင်ပေါက်ကွဲခြင်းမှာ ၂၀၀၅ ခုနှစ် မေလ ဗုံးကွဲမှုနောက်ပိုင်းတွင် ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။

--

သူများ တိုင်းပြည်တွေမှာ မိုးပျံ ရထား။မြေအောက်ရထား တွေနဲ့၊ ပြည်ပ တိုင်းပြည်ကို ထုတ်ကုန် အပြိုင် ပို့ကြ၊ တိုင်းတပါးမြေမှာ ကုပ္မဏီတွေ သွား ထောင်ပြီး တိုင်းပြည်၈ုဏ်ဆောင်နိုင်အောင် လုပ်နေချိန်မှာ မြန်မာ ပြည်မှာတော့ အချင်းချင်း သတ်ဖြတ် ၊ လက်နက်ရှိသူ အာဏာရှိတဲ့ သူတွေက လူမဆန်စွာ ဗိုလ်ကျ စားသောက်ချင်နေ ကြဆဲပဲ။ ကျောက်ခေတ်  ကို ပြန်သွားတော အံ့ သြချင်စရာ နိုင်ငံရေး ဦးနှောက်တွေ ပါဘဲ။

နှစ်သစ်မှာ မင်္ဂလာ ရှိရမယ့် အချိန်မှာ ကိုယ်လူမျိုးချင်း သတ်ဖြတ်ပြီး ကိုအာဏာ ရဖို့ ၊ တိုင်းပြည်ဘာဖြစ်ဖြစ် လုပ်ရက်တဲ့ အာဏာရူးတွေ လက်ထဲမှာ တိုင်းပြည်ကြမ္မာ ဘယ်လိုရှေ့ ရေး တွေးလို့ ရနိုင်တော့မှာလဲ။

 

 

[ခရီးသည်မှတ်တမ်း]

16-4-10

ဖော်ပြပါ  အရေးအသား အားလုံးသည် စာရေးသူ အာဘော်များသာဖြစ်ပါသည်။ စာရေးသူ အယူအဆကို လေ့လာနိုင်ရန် ဖော်ပြပေးခြင်းသာ ဖြစ်ပါသည်။

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြပေးပါမည်--ဟစ်တိုင်အဖွဲ့ 

၅။၎။၂၀၁၀

 

ခေတ်ပြိုင် ဆွေးနွေး ခန်း

  အမေရိကတို့ ရှိနေသရွေ့ ဘယ်တော့မှလက်နက်ကိုင် တိုက်ပွဲဝင်လို့ရမှာမဟုတ်

လေးစားအပ်သော မြန်မာ ပြည်သူ တရပ်လုံးနှင့် တကမ္ဘာလုံးတွင် လှုပ်ရှားနေကြသော မြန့်မာ့ဒီမိုကရေစီ တိုက်ပွဲဝင် ရဲဘော်များသို့ သတင်ထူး တရပ်တင်ပြ လိုက်ပါသည်။

ယနေ့ မဆလ တဖြစ်လဲ နအဖကို ကြိုးကိုင်နေတဲ့သူဟာ သန်းရွှေလည်း မဟုတ်သလို ခင်ညွန့် လည်းမဟုတ်ပါဘူ့း တကယ်တော့ ဒီဟာတွေအားလုံးရဲ့ လုပ်ရပ် ဟာ ဗိုလ်ချုပ်ကြီး နေဝင်း တဖြစ်လဲ ဗိုလ်ရှုမောင်ပါပဲ့မဆလ စင်မြင့် ပေါ်ကဆင်းပြီး အချိန်ယူ အကြံထုတ် ခဲ့တဲ့နေဝင်းဟာ သူ့ရဲ့ လက်ရွေးစင် အာဏာသား စောမောင်နဲ့ခင်ညွန့်ကို နဝတ ဆိုပြီး အာဏာ သိမ်းခိုင်းခဲ့တယ့် ပြည်သူ အရပ်လုံးနဲ့ ငကြောင်နိုင်ငံရေးသမားတွေကတော့ နေဝင်းကို မေ့ထားပြီး စောမောင်နဲ့ ခင်ညွန့်ကို လက်ညှိုးထိုးပြီး ဒီမိုကရေစီ ရရှိရေး အတွက်ဆိုပြီး တိုက်ပွဲဝင်ခဲ့ ကြတယ့်နေဝင်းကတော့ ပျားဂေဟာ ခေါ်တဲ့ ထောက်လှမ်းရေး ဌာနချုပ်ကြီးမှာ အသေးစိတ် သူလုပ်ချင်တာတွေကို စောမောင်နဲ့ ခင်ညွန့်ကို ခိုင်းခဲ့တယ့် သူဒါတွေလုပ်နေတဲ့ အချိန်မှာ အလွန်ဆိုးရွားတဲ့ သူ့မြေးတွေနှင့် ပညာမတတ် ၁၀ တန်း (ခ) သာအောင်ခဲ့တဲ့ သူ့ရဲ့ သားမက် အေးဇော်ဝင်း တို့ဟာ ထိန်းမနိုင် သိမ်းမရ ရန်ကုန်မြို့မှာ သောင်းကျန်းနေခဲ့ပါ တယ်။

 

 

ရွေးကောက်ပွဲ လုပ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ အနိုင်လည်း ရရော အာဏာလွှဲပေးပါ မယ်လို့ မလွှဲ မရှောင်သာ ပြောခဲ့တဲ့ ကိုစောမောင်ကို ဆေး ထိုးပြီး ရူးအောင်လုပ်ခဲ့ပါတယ့်စောမောင်ကြီးလည်း မကြာခင်မှာ ရှောသွားခဲ့တာပါပဲ့ မောင်နေဝင်းက အခြေအနေ အားလုံးကို ထိန်းသိမ်း နိုင်ဖို့ အတွက် ခင်ညွန့် နဲ့တိုင်ပင်ပြီး သန်းရွှေကို တင်ခဲ့ကြတယ့် သူ နဝတကို ကြိုးကိုင် ချယ်လှယ်နေတာကို သူ့မြေးတွေနဲ့ အာချောင်တဲ့ သူ့သားမက်ကြောင့် တကမ္ဘာလုံး သိကုန်မှာ စိုးလို့ ခင်ညွန့်နဲ့တိုင်ပင်ပြီး နိုင်ငံတော် လုပ်ကြံမှု ခေါင်းစဉ်တပ်ကာ သေဒဏ်ပေးတယ် ဆိုပြီးအင်စိန်ထောင်ထဲမှာ စပါယ်ရှယ် အခန်းတွေနဲ့ စပါယ်ရှယ် အစားအသောက်တွေ ကျွေးပြီး ထိန်ထားလိုက်ပါတယ်။

သူ့ရဲ့ အချစ်ဆုံး သမီး စန္ဒာဝင်းနဲ့ အတူ လက်တွဲပြီး မြန်မာနိုင်ငံကြီးကို သူ့ရုပ်သေး သန်းရွှေနဲ့ ခင်ညွန့်ကို သုံးပြီး ဆက်လက်အုပ်ချုပ်ခဲ့တယ့်သန်းရွှေဆိုတဲ့ ကောင်ဟာ တိုင်းပြည်မှာရှိတဲ့ စည်းစိမ် ဥစ္စာတွေကို သူကြိုက်သလို သုံးလို့ရရင် စိတ်ချမ်းသာနေတဲ့ ကောင်ပဲ့ နိုင်ငံရေးကို နကန်းမှ မသိတဲ့ လောဘသား သက်သက်ပဲ့ သူရယ် သူ့သမီးရယ် ခင်ညွန့်ရယ် ချယ်လှယ်နေခဲ့ ကြတာပဲ့ ခင်ညွန်ရဲ့ အကြံပေးချက်နဲ့ ကြာရင်သူ အုပ်ချုပ်နေတာကို အနောက်နိုင်ငံက ထောက်လှမ်းရေးတွေနဲ့ ပြည်သူတွေ ရိပ်မိမှာ စိုးလို့ သူ့ကိုယ်သူ အသေပြပြီး သူ့အသုဘကို ဘယ်သူမှ မတက်လို့ ဖျာနဲ့လိပ်ပြီး မီးသဂြိုင်္ခဲ့ရတယ်တဲ့ ပြာကိုတော့ မြစ်ထဲမျှောလိုက်ပြီလို့ သတင်းလွှင့်ခဲ့တယ့် တကယ်လို့သူ့ကို ဂူသွင်းသဂြိုလ်တယ်ဆိုပြီး လူစားထိုး မြှုပ်ခဲ့ရင် တချိန်မှာ မသင်္ကာလို့ DNA test လုပ်ရင် ပေါ်မှာမို့ တခါတည်း အပြီး ဇာတ်မြှုပ်လိုက်တယ့် အရူးထောင်ကြီးကိုဖျက်ပြီး စစ်ထောက်လှမ်းရေးနဲ့ ရဲထောက်လှမ်းရေးတွေကို စခန်းကြီးဖွင့်ပြီး ပျားဂေဟာနားမှာ အကြီး အကျယ်အစောင့်ထားခဲ့တယ့် ပြီးတော့ လူတွေအားလုံး မျက်စိလည်သွားအောင် နေပြည်တော်ဆိုပြီး သူ့လက်ပါးစေ ရုပ်သေးတွေကို မြို့သစ်တည်ကာ သူတို့ပဲ အုပ်ချုပ်နေသယောင်ယောင် ဖြစ်အောင် လူတွေအားလုံးကို လှည့်စားပြီး တိုင်းပြည်ကြီးကို ဆက်လက် ဖျက်ဆီးနေတော့တာပဲ၊ သူအုပ်ချုပ်နေတဲ့ ကာလမှာ ခင်ညွန်တယောက် သူ့ကိုယ်သူ နေဝင်ရှိတာ မေ့ပြီး ခိုင်းတဲ့ အတိုင်း မလုပ်ခဲ့တဲ့ အတွက် မဆလ ခေတ်က မျက်မှန်ကြီး တင်ဦး(ထောက်လှမ်းရေး)ကို ဖြုတ်ခဲ့တဲ့ အတိုင်းပဲ ခင်ညွန့်ကိုလဲ ဖြုတ်ထုတ် ခဲ့ပါတယ့်သူနဲ့သူ့ရဲ့ နောက်လိုက်တွေအားလုံးကို မျက်မှန်ကြီးတင်ဦးရဲ့ နောက်လိုက်တွေ အတိုင်း အပြီးရှင်းခဲ့တယ်။

 

 အခုသူသုံးနေတာက အတပေါကြီး သန်းရွှေ ငမူး မောင်အေး လူသတ်ကောင် အောင်သောင်း နောင်တချိန် စစ်တပ်က ထမလာအောင် သူ့သြဇာညောင်းတဲ့ သူရရွှေမန်းကို ထားပြီး ဆက်ပြီး အုပ်ချုပ်နေတယ့် သူလုပ်ခဲ့တဲ့ အမြုတေပါတီ မှသည် ပြည်သူ့ပါတီသို့ ဆိုတဲ့ ပုံစံအတိုင်းအခု နဝတကို ယူနီဖောင်းချွတ်ပြီး ဒီမိုကရေစီ အစိုးရဆိုပြီး သူဆက်အုပ်ချုပ်တော့မယ့်နေဝင်းဘာ့ကြောင့် အသက်ရှင်နေတယ် ဆိုတာ သိချင်ရင် ပြောပြလိုက်မယ့့် နေဝင်းအသက် ၂၀ တုန်းက သူ့အဖိုးက အဘဘိုးမင်းခေါင် ပေးခဲ့တဲ့ ဓာတ်လုံး ၃လုံးကို အလွန်ဆိုးတဲ့ နေဝင်းကို တိုက်ခဲ့တဲ့အတွက်ပဲ ဖြစ်တယ့် ဓာတ်လုံး ၁လုံးရဲ့ အသက်ဟာ အနှစ် ၄၀ လို့ သိရတယ့် ၃ လုံးဖြစ်တဲ့တွက် အနှစ် ၁၂၀့ သူသောက်တုန်းက အသက် ၂၀ ဆိုတော့ သူက အသက် ၁၄၀ မှာမှ သေလိမ့်မယ်။

 

သူ မဆလ ခေတ်က လုပ်ခဲ့ တဲ့ လုပ်ရပ်တွေအားလုံးကို သိတဲ့ NLD တင်ဦးကို မေးကြည့်ရင် အခု နဝတ တဖြစ်လဲ ယူနီဖောင်းချွတ်မယ့် ဒီမိုကရေစီ အစိုးရလုပ်ပုံနဲ့ တထေရာတည်းဆိုတာ သိနိုင်ပါတယ့်ဒီပြင် သူမသေဘူးဆိုတာတွေ သူအုပ်ချုပ်နေတယ်ဆိုတာတွေကို ကျွန်တော်ပြောလို့ မယုံရင် စမူဆာ အောင်ကြီးတို့ အုပ်စု ကို မေးကြည့်ရင်လည်း သိနိုင်တယ့် ဒီတော့ ပြည်သူ တရပ်လုံးနဲ့ အသက်ပေး ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ သူတွေ အားလုံးကို မေတ္တာရပ်ခံချင်တာ ကတော့ နေဝင်းရဲ့ အကြံပေး အစ္စရေးနဲ့၊ အစ္စရေးရဲ့ အဖေ အမေရိကတို့ ရှိနေသရွေ့ ဘယ်တော့မှလက်နက်ကိုင် တိုက်ပွဲဝင်လို့ရမှာမဟုတ်ဘူ့း ကတော့ ငါတို့ ပြည်သူတွေကို ဘယ်တော့မှ ကူညီမယ် မဟုတ်ဘူးဆိုတာ သိထားသင့်တယ်။

 

ပါးစပ်နဲ့လည်းတိုက်လို့ မရဘူး ငါတို့ ပြည်သူတွေရဲ့ ဒုက္ခ ငရဲကို ၁၉၈၈ ခုနှစ်က အတိုင်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ရဟန်းပြည်သူတရပ်လုံး ရွေးကောက်ပွဲ မဖြစ်ရေး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အစိုးရအဖွဲ့ အာဏာ ရရှိရေး အတွက် အာဏာ လွှဲပြောင်းပေးရေး သပိတ်တိုက်ပွဲဝင်ဖို့ အချိန်ကျပြီဆိုတာ နောက်ဆုံး ပြောပါရစေ့ ယိုးဒယားကို နမူနာထားပြီး သွေးစွန်းနေတဲ့ ခွပ်ဒေါင်းအလံ ရိုက်ထားတဲ့ စပို့ရှပ်တွေ ဝတ်ပြီး နေ့ညမပြတ် တိုက်ပွဲ ဝင်ဖို့ မေတ္တာရပ်ခံ ပါရစေ့နေဝင်းမသေဘူးဆိုတာသက်သေပြစရာတွေ အများကြီးရှိပါတယ့်

ဆန်းဦး

sanoolwin@gmail.com

 

ဖော်ပြပါ  အရေးအသား အားလုံးသည် စာရေးသူ အာဘော်များသာဖြစ်ပါသည်။ စာရေးသူ အယူအဆကို လေ့လာနိုင်ရန် ဖော်ပြပေးခြင်းသာ ဖြစ်ပါသည်။

မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါသည်။

ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြပေးပါမည်--ဟစ်တိုင်အဖွဲ့ 

၅။၎။၂၀၁၀

 

ခေတ်ပြိုင် ဆွေးနွေး ခန်း

သံဃာ့မဟာနာယကအဖွဲ့ကို သန်းရွှေတို့ လူတစုက သြဇာလွှမ်းမိုးဘို့ကြိုးစားတယ်၊

သံယာ့တပ်ပေါင်းစုအဖွဲ့ကြီးကို ငွေလင်းတို့ လူတစုက ခိုင်းစားဘို့ ကြိုးစားနေတယ်။

     

မလုပ်ကြပါနဲ့ဗျာ၊နိုင်ငံရေးကို မှန်မှန်ကန်ကန်လုပ်ကြပါလို့ တိုက်တွန်းပါတယ်၊အခြားအဖွဲ့က စာထွက်တာကိုမပြောလို့ပါဘူး။

သံဃာ့တပ်ပေါင်းစုအနေဖြင့် ၈၈-ကျောင်းသားအဖွဲ့နဲ့ပေါင်းထုတ်နေတာ ကြာပါပြီ၊အရင်တုန်းကတော့ နဂါး(ခေါ်)ဦးသြဘာသကို အကြိုက်ပေး ချော့မွေးပြီး အင်တာဗျူးတာ ငွေလင်းတို့လူတစုက ခိုင်းနေခဲ့တယ်။

 

ဒီလိုကိုနဲ့ တက်လာတဲ့ သတင်းအင်တာဗျူဆိုရင် ဦးသြဘာသတဦးတည်း ဗျူပေးနေတာ၊အခုဆိုရင် ဒီလိုကိုနဲ့ တက်လာတဲ့သတင်းမှာ နောက်ဆုံး ၆-ကြိမ်ရှိပြီး ဦးသြဘာသအသံ ပျောက်နေတယ်၊ပျောက်နေတာက ပြည်တွင်းမှာ စည်းလုံးရေးဆင်းနေတယ်လို့ မပြောပါနဲ့၊ဦးသြဘာသ ဘယ်ရောက်နေလဲ ဘာတွေလုပ်နေ လဲဆိုတာ ငွေလင်းတို့လူတစု သိသလို၊ပြည်တွင်း ပြည်ပက နိုင်ငံရေးသမားတွေ၊သတင်းသမားတွေ ကောင်းကောင်းသိပါတယ်။

 

သိသိချည်းနဲ့ဆက်လုပ်နေမယ်ဆိုရင် နိုင်ငံရေးသမားတွေ၊သတင်းသမားတွေရဲ့ ဂုဏ်သိက္ခာကို မထိန်းသိမ်းရာကျပါလိမ့်မယ်၊

ဒီစာကို  ရေးရခြင်းက ၂၀၀၉- စက်တင်ဘာမှာ တပ်ပေါင်းစုအဖွဲ့က ကြေညာချက် ၃-မျိုးတပြိုင်တည်းထွက်လာတော့၊ပြည်တွင်း ပြည်ပက အဖွဲ့ အစည်းတွေ၊ရဟန်း သံဃာတွေ၊ပြည်သူတွေက ဘယ်အဖွဲ့နောက် လိုက်ရမှန်းမသိဖြစ်လာကြတယ်၊အဲဒီအတွက်ကြောင့်လည်း အဖမ်းမခံ သင့်ဘဲ ဦးဇင်းတွေ နိုင်ငံရေးစိတ်အား ထက် သန်တဲ့ လူငယ်တွေ အဖမ်းခံခဲ့ရတယ်၊နိုင်ငံရေးလောကမှာ ရဟန်းသံဃာတော်တွေကို အားတခု  ဖြစ်စေချင်ရင် မှန်မှန်ကန်ကန်နဲ့ ဖေးမကူညီပေးကြပါလို့ တောင်း ဆိုလိုက်ပါသည်- - -

 

b.s.r.o 2007

  

၁၀။၃။၂၀၁၀

 

ခေတ်ပြိုင် ဆွေးနွေး ခန်း

“ ဘုပြော ရန်လိုနေမယ့်အစား

 

         ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကတော့ ငြင်းခုန်နေလို့ အကျိုးမထူး နိုင်ပါ။ ဆန့်ကျင်ေ၇း လုပ်နေလဲ နအဖ-က သူလုပ်မှာကို မဖြစ်မနေလုပ်မှာပါပဲ။


ရွေးကောက်ပွဲကို ယုံကြည်သူတွေက၊ ၀င်ခွင့်ရသူတွေက ၀င်ကြပါ။ မ၀င်ချင်ကြသူတွေက ဘုပြော ရန်လိုနေမယ့်အစား ရွေး ကောက်ပွဲမှာ ဒီမိုကရေစီဘက်တော်သားတွေ ဘက်က နိုင်ခဲ့မယ်ဆိုရင် အာဏာ ဘယ်လိုရအောင်ယူရမယ်ဆိုတာမျိုး ၀ိုင်းဝန်း အဖြေရှာပြီး ကိုယ့်လူတွေ လက်ထဲ အာဏာလွှဲပြောင်း ယူနိုင်ဖို့ နည်းလမ်းမျိုး ရှာကြံကြပါလို့ တိုက်တွန်း လိုပါတယ်။

 

ဖြစ်ချင်တာတွေကို လေကုန်အချိန်ကုန်ခံ ငြင်းခုန်နေမယ့် အစား ဖြစ်နိုင်ခြေထဲက အကောင်းဆုံး ဖန်တီးနိုင်မှ မြန်မာပြည် ရှေ့ရေး ကောင်း လာနိုင်ပါမယ်။

နအဖ စစ်ဗိုလ်ချုပ်တွေ သန်းချီတဲ့ငွေတွေနဲ့ ခွင်ကောင်းတဲ့ လုပ်ပိုင်ခွင့်တွေ ယူပြီးမှတော့ အင်ဒိုနီးရှားမှာ ဆူဟာတို လုပ်ခဲ့သလိုမျိုး လုပ်ဖို့ခြေလှမ်းပြင်နေတယ်လို့ မြင်ပါတယ်ဗျာ။
ကို၈ျင်မီ(နော်ဝေ)

၁၆။၃။၂၀၁၀ ဗွီအိုအေ ဆွေးနွေးခန်းမှ

၁၀။၃။၂၀၁၀

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

ဒီမိုကရေစီနည်းကျ ပွဲကြီးပွဲကောင်း

 

           ၂၀၁၀ခုနှစ် ဖေဖေါ်ဝါရီလ၂၄.၂၅.၂၆ ရက်နေ့များက ပြည်ပရောက်မြန်မာ့ သတင်းသမဂ္ဂ၏ ခွန်နှစ်ကြိမ်မြောက်ညီလာခံ ကို ယိုးဒယားနိုင်ငံ ချင်းမိုင်မြို့တွင် မအောင်မမြင်နဲ့ ကျင်းပပြုလုပ် ပြီးစီးခဲ့ပါပြီ။ အဓိကကျသည့် သတင်းသမဂ္ဂ၏ အမှု့ဆောင် ရွေး ကောက်တင်မြှောက်မှုနှင့်အတူ လက်ရှိဆောင်ရွက်ချက်များအပေါ်အားနည်းချက်များ ပြုပြင်ဆွေးနွေးမှု့အပိုင်း၊ ရှေ့လုပ်ငန်းစဉ် များ ချမှတ်မှု့အခြေအနေတို့မှာ မပီ မပြင်နှင့်ပြီးဆုံးသွားခဲ့ပါတော့သည်။

တတိယနေ့တွင် လူဦးရေ တဒါဇင်တောင်မပြည့်မှီတော့ဘဲ ဝမ်းနည်းဘွယ်အဆုံးသတ်လိုက်ရပါသည်။ ယ္ခင်ကညီလာခံများ လည်း ဘယ်လိုဖြစ်ခဲ့ကြသလဲ။ ယ္ခုညီလာခံကတော့ ဒီလိုဖြစ်သွားပြီ၊ နောင်ပြုလုပ်မယ့် ညီလာခံ တွေရော ဘယ်လိုလဲဟု မေးစရာဖြစ်ခဲ့ ပါသည်။ နောင်မဖြစ်ရန်သာ အရေးကြီးပါသည်။ မြန်မာ့ သတင်းသမဂ္ဂဆိုသည်မှာလည်း စေတနာ၊ ဝါသနာနှင့်အနစ်နာခံရမှု့တွေနဲ့ စုဖွဲ့ထားရသည်မှို့ အားနည်းချက်တွေရှိမည်မှာ ဓမ္မတာပါ၊ သို့သော် မမှားထိုက်သော အမှားမျိုးမဖြစ်ထိုက်ပါ။

 

ရွေးကောက်ပွဲ ၀င်ရန် ဆွေးနွေးခဲ့သည့် ချင်းမိုင်ဆွေးနွေးပွဲမှ ဦးသုဝေ

 

         မြန်မာ့နိုင်ငံရေးနဲ့ ၂၀၁၀ရွေးကောက်ပွဲဆွေးနွေးခန်းနှင့် ခွန်နှစ်ကြိမ်မြောက်မြန်မာ့သတင်း သမဂ္ဂညီလာခံတို့ ရောသမမွှေ ကျင်းပခဲ့ကြတာမှာ သတင်းသမဂ္ဂညီလာခံဖက်က အားနည်းချက် ရှိသွားပေမယ့် ရွေးကောက်ပွဲ ဆွေးနွေးခန်းဘက်ကတော့ လူထုအတွက်အမြတ်ထွက်တဲ့ ဗဟုသုတ တွေရလိုက်ကြပါတယ်။

 လျှော်ကန်သင့်မြတ်ကောင်းမွန်တဲ့ဆွေးနွေးခန်းကြီးတခုပါ၊ သမိုင်းမှတ်တမ်း တခုလည်းဖြစ်သွားပါတယ်၊ မြန်မာလူထုသည် ရွေး ကောက်ပွဲကိုစိတ်ဝင်စားတာ မဝင်စားတာထက် သူတို့ကို ခေါင်းဆောင်နေတဲ့ သူတို့လိုချင်တဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်ပေးကြ မယ်ဆိုတဲ့ အတိုက် အခံအဖွဲ့အစည်းများ၏ ရွေးကောက်ပွဲဝင်ခြင်းနှင့်မဝင်ခြင်းဆိုင်ရာ သဘောထားနှင့် အကြောင်းပြ ဆွေးနွေး ချက်များကို ကြားချင်သိချင်ကြမည်ကတော့ အမှန်ပင်ဖြစ်ပါသည်၊ ၎င်းလူထု၏ ဆန္ဒကို ဗွီအိုအေမှ စီစဉ်သူများက ဒီမိုကရေစီ နည်းကျကျ ဖြည့်ဆည်းတင်ပြပေးလိုက်ခြင်းလို့မြင်ပါသည်။ ပြည်ပရောက်သတင်းမီဒီယာသမားများ စုံစုံညီညီ ရှိနေသည့် အခါ နှင့်လည်း တိုက်ဆိုင်အောင်စီစဉ် ခြင်းကြောင့်ပို၍ပီပြင်သည့်လူထု၏ကြားနာပွဲကြီးနှင့် လည်းတူပါသည်။

 

         ဒီပွဲကြီးနှင့်ပတ်သက်လို့ ဒီမိုကရေစီလိုလားသော လူထုနှင့်ပရိတ်သတ်ကြီးက နှစ်သက် ကျေနပ်ကြမည်ဖြစ်သော်လည်း အချို့သောလူတစုက မကျေမနပ်ဖြင့် ကျွဲမြီးတိုကုန်ကြပြီး သရော်စာ၊ ဆောင်းပါးတို့ဖြင့်ရေးသားဖေါ်ပြလာကြသည်ကိုလည်း တွေ့ ရပြန်ပါသည်။ ဒီနေရာမှာ အယူအဆ ခံယူချက်ခြင်းမတူညီသည့် တဖက်နှင့်တဖက်တို့သည် အပြန်အလှန်ဝေဘန်ထောက်ပြ ရေး သားနှိုင်သော၊ ပြောကြားနှိုင်သော အခွင့်အရေးရှိကြပါသည်၊ သို့သော် မီဒီယာစည်းကမ်း ဘောင်ကိုကျော်လွန်ပြီး ရိုင်းပြစွာပုတ် ခတ်ခြင်းဆန်သည့် အပြုအမူ အပြောအဆို အရေးအသား များကို ရှောင်ဖို့လောက်တော့သိတန်ကောင်းကြပါသည်၊ အကယ်၍ မိုက်ရိုင်းခြင်းရှိခဲ့ပါလျှင်လည်း ဒါဟာ ထိုသူ၏ ပုဂ္ဂလိက ဗီဇမှို့ မည်သူကမျှအကြောင်းပြုကြလိမ့်မည်မဟုတ်ပါ။ ယဉ်ကျေးသော အသိုင်းအဝိုင်းက နားလည်မှု့ပေးမည်သာဖြစ်ပါသည်။ ဒါအရေးမကြီးပါ။

 

         အရေးကြီးသည်မှာ ရွေးကောက်ပွဲကို ဝင်ရေးနှင့်မဝင်ရေးတို့၏ ထောက်ပြဝေဘန်ချက် တို့ပင်ဖြစ်ပါသည်။ ဝင်ရေးဘက်က ဦးဆောင်ရှင်းလင်းသွားသူများက ပြည်တွင်းကလာသည့် ဦးသုဝေနှင့်ဒေါက်တာခင်ဇော်ဝင်းတို့ဖြစ်ပြီး မဝင်ရေးဘက်က ရပ်တည် ရှင်းလင်းတင်ပြသူကတော့ ပြည်ပရောက် အတိုက်အခံခေါင်းဆောင် အင်စီယူဘီ ဦးမောင်မောင်ဖြစ်ပါသည်။ ဆွေးနွေးပွဲ၏ ပုံစံမှာ ဝင်ရေးနှင့်မဝင်ရေး ခေါင်းဆောင်များကို တက်ရောက်လာသည့် ပရိတ်သတ်မှ လွတ်လပ် ပွင့်လင်းစွာ မေးမြန်းခြင်း၊ အကြံပြုခြင်း များနှင့် ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်သည့် ပုံသဏ္ဍာန်လည်း ဖြစ်ပါသည်။ ဒီမိုကရေစီစံနစ်ကို ထူထောင်ကြမည့် ပုဂ္ဂိုလ်တို့ အတွက် ဒီမိုကရေစီပြရုပ်တခုဟုပင် ဆိုနှိုင်ပါသည်။

သတင်းမှန် သိလိုသည့် ဒီမိုကရေစီ ငတ်မွတ်နေသည့် မြန်မာစာဖတ် ပရိတ်သတ်

 

         ရေဒီယို၊ စာနယ်ဇင်း၊ ဝဘက်ဆိုဒ်၊ ဘလော့ဂ် တွေထဲမှာ ရေးကြပြောကြတာတွေလည်း နှစ်ပေါင်းနှစ်ဆယ်လောက်ရှိခဲ့ပါပြီ၊ အများအားဖြင့် မိမိတို့အယူအဆကို တဖက်သတ်တင်ပြ ခြင်းများကသာ များပါသည်။ ယ္ခုပွဲကတော့ တကယ့်အတိုက်အခံ ထိပ် သီးကြီတွေ လူထုရှေ့ မှောက်မှာ  အပြန်အလှန်အခြေအတင် ပြောဆိုဆွေးနွေးပွဲကြီးကဲ့သို့ ဖြစ်နေသည် ဟုပြောလို့ရပါ သည်၊ ဒါကြောင့် ထူးခြားသည့်သမိုင်းမှတ်တမ်းဝင်ပွဲ ဟုပင်ပြောနှိုင်ပါသည်။ မတူညီတဲ့ အယူအဆ တွေကို လူထုရှေ့တွင် လွတ်လပ်စွာ၊ မျှတစွာ ချပြငြင်းခုန်ဆွေးနွေးခြင်းဖြင့် လူထု၏ အဆုံးအဖြတ် ကိုခံယူနှိုင်သော ခံယူလိုသော ရိုးသားသည့် ခေါင်းဆောင်များ၏ ပွဲကြီးပွဲကောင်းတခု ဖြစ်သွားပါ သည်။

ဒီလိုမျိုးလုပ်ဟန်များသည် ဒီမိုကရေစီတည်ဆောက်လိုသူများအတွက် အစဉ်အမြဲ ကျင့် သုံးနေရမည့် လုပ်ဟန်မျိုးပင်ဖြစ်ပါသည်။ အလွန်စက်ဆုတ်ရွံရှာဘွယ်ကောင်းတဲ့ အုပ်စုဖွဲ့ ဂိုဏ်းဂဏနဲ့ ဖိပြီး တဖက်သတ် ဝါဒ ဖြန့်တဲ့ နိုင်ငံရေးညစ်ပါတ်သံသရာကြီးထဲက ရုန်းထွက်သည့် မြင်ကွင်းဆိုလျှင်လည်း မမှားပါ၊ ဒါကြောင့် ဒီလိုပွဲမျိုးကို မြန်မာပြည် ဒီမိုကရေစီလိုလားသော လူထုကြီးက ထောက်ခံကြိုဆိုပါကြောင်းနှင့် နောက်နောင်လည်း အခါအားလျှော်စွာ ပြုလုပ်ပေး ကြရန် တိုက်တွန်း လိုက်ရပါကြောင်း။

 

                                                                                               ဦးဖိုးသာအောင်။

 

                                                                                          09.03.10

၁၀။၃။၂၀၁၀

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

မုန့်ဆီကြော်က ဘယ်မှာလဲ

 

         စစ်အစိုးရက ကြိုးကိုင်ဦးစီးကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ဝင်ရေးမဝင်ရေး ကိစ္စသည် အတိုက် အခံတို့အတွက် အမေးခံနေရသည့် မေးခွန်းကြီးတခု ဖြစ်နေပါသည်။ သို့သော် အတိုက်အခံတို့ဘက်မှာလည်း အဖြေရှိပါသည်။ အင်အယ်ဒီက ဆိုလျှင်လည်း  ရှင်းရှင်းလင်းလင်း အဖြေပေးထားပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြန်လည် ညှိနှိုင်းပြင်ဆင်ပေးရန်၊ ဒေါ်စုနှင့် နိုင်ငံရေး အကျဉ်းသားများကို ဦးစွာလွှတ်ပေးရန်ဟူသည့် အဓိကအချက်တို့ကို အစိုးရက မလိုက်လျှောသ၍ ရွေးကောက်ပွဲဝင်မည် မဝင်မည် မပြောနှိုင်ပါကြောင်း။ ရှင်းရှင်းဆိုရသော် ဒီအတိုင်း ဆိုလျှင် မဝင်ဘူးဟု အဓိပ္ပါယ်ရပါသည်။ နောက်ကျမှ ဒီအတိုင်းဆိုလျှင်လည်း ဝင်မည်ဟုဆိုလျှင် အင်အယ် ဒီကို တိုင်းပြည်က နားလည်နှိုင်တော့မည်မဟုတ်ပါ။ ယနေ့အထိတော့ မဝင်ရေးဘက်ကပါ။

         ပြည်ပတို့ကလည်း အချို့က ရွေးကောက်ပွဲကို ဆန့်ကျင်ရေး (ရွေး/ဆန့်) ဘက်က ပြတ်သား စွာ  ရပ်နေသူများရှိကြသလို အချို့ကလည်း ရွေး/ဆန့် မလုပ်ကြဘဲ ပြည်တွင်း အင်အယ်ဒီရဲ့ အရိတ် အခြည်ကို စောင့်ကြည့်နေကြသူများလည်းရှိပါသည်။ ဒီကိစ္စ နဲ့ ပါတ်သက်လို့ ဗွီအိုအေ တိုက်ရိုက် လေလှိုင်းမှာ ၂၇.၂.၁၀ နေ့မှာ FTUB ဦးမောင်မောင်က ရှင်းရှင်းလင်းလင်း တင်ပြသွားပါတယ်။ ကိုမိုးသီးဇွန်ကလည်း သူ့ ပုဂ္ဂလိက သဘောထားအရ ရွေးကောက်ပွဲကို ဝင်လျှင်မှားပါလိမ့်မယ်၊ နောင်တကြီးစွာ ရနှိုင်ပါလိမ့်မယ်လို့ တောင် သတိပေး တင်ပြကြပြန်ပါတယ်။

 

         မည်သို့ဆိုစေ ရွေးကောက်ပွဲ ဝင်ရေးဖြင့်သာ မြန်မာ့ ဒီမိုကရေစီကို ရယူနှိုင်မည်ဖြစ်သည်ဟု ယုံကြည် လှုပ်ရှား နေကြသော ဦးသုဝေတို့ကလည်း သူတို့ရဲ့ သဘောထားများကို တိုင်းပြည်သို့ တင်ပြနေကြပါတယ်၊ ယ္ခင်နှင့် ယ္ခုမတူတော့သည့် ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေ၊ မြန်မာ့ အခြေအနေများနှင့် အညီ ရွေးကောက်ပွဲဝင်ရေးဖြင့်သာ ဒီမိုကရေစီကို ဖေါ်ဆောင်နှိုင်မည်ဟု ဒေါက်တာ ခင်ဇော်ဝင်းကလည်း ပြောဆိုတင်ပြပြန်ပါတယ်။

         အဲသည်လို အတိုက်အခံတွေဘက်မှာ ဝင်ရေး မဝင်ရေးကို အသည်းအသန် ဆွေးနွေးတင်ပြ နေချိန်မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ့် ဒိုင်လူကြီး စစ်အစိုးရကတော့ ရွေးကောက်ပွဲ ဥပဒေ ဆိုတာကိုတောင် ထုတ်ပြန်ခြင်း မရှိသေးပါဘူး၊ ဝင်မယ်ဆိုတဲ့ ပါတီနဲ့ အဖွဲ့အစည်းတွေကိုလည်း ဘယ်လောက် အနှောက်အယှက်လုပ်မယ်၊ ညစ်ပတ်မယ်ဆိုတာကိုတောင် မသိနှိုင်သေးပါဘူး၊ ရွေးကောက်ပွဲဝင်မယ့် အတိုက်အခံတွေအတွက် “နှုတ်ခမ်းနာနဲ့ တည့်မှတည့်ပါ့မလား“ လို့ စိုးရိမ်နေရပြန်ပါတယ်။ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရပါစေ့မယ်လို့လည်း တခါမှမပြောသေးပါဘူး ”ငါ့ဖဲ ငါချိုး ငါ့ကုလားဖမ် ငါထိုး” ဆိုတဲ့ အနေအထားဆိုတာလည်း မြန်မာကရော ကမ္ဘာကပါ သိပါတယ်။ သိတာလည်းသိတာပါပဲ၊ ဘာမှတိုးတက်မလာသေးပါဘူး။ သည်တော့ စစ်အစိုးရသည် အတိုက်အခံဆိုသူများကို သူ့ကစားကွက်ထဲမှ နယ်ရုပ်ကလေး တွေ လောက်ပဲ သဘောထားနေပါတယ်။ ဒါလည်း အဆန်းမဟုတ်ပါဘူး။ ၉၀ခုနှစ်ရွေးကောက်ပွဲ လုပ်ပေးတုံးကလည်း ဒီအတိုင်းပါပဲ၊ ဖွဲ့စည်းပုံမရှိသေးလို့ အနိုင်ရပါတီကို အာဏာမအပ်ဘူးတဲ့ အာဏာမအပ်သေးရင်တောင် အသိအမှတ်ပြု ညှိနှိုင်းဖို့ကောင်းပါတယ်၊ အခုတော့ အသိအမှတ်မပြု မညှိနိုင်းမဲ့အပြင် အသေရိုက်သတ်လိုက်သေးတယ်၊ မသေလို့ ကံကောင်းပေါ့။ ကဲ ဘယ်သူက ဘာတတ်နှိုင်ကြလို့တုံး၊ အခုလည်း တော်လှန်ရေး ကောင်စီမှ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရအဖြစ် တရားဝင် အဓမ္မပြောင်းလဲခဲ့သလို န.အ.ဖ စစ်အစိုးရမှ ပြည်သူရွေးကောက် တင်မြှောက်သော စစ်တပ်က ဦးစီးသည့် အရပ်သား တရားဝင် အစိုးရအဖြစ်ပြောင်းလဲမှု့ ပြုလုပ်မယ် ဆိုတာသေချာနေပါပြီ။ စစ်အစိုးရက ဒီလိုဘာကြောင့် လုပ်ရသလဲ? ပြည်သူကို ကြောက် လို့လား၊ အတိုက်အခံဆိုသူတွေကို ကြောက်လို့လား? မကြောက်ပါ၊ အတိုက်အခံကိုလည်း မကြောက်ပါ၊ ပြည်သူကိုလည်း မကြောက်ပါ။ ဒီပဲရင်း၊ ရွှေဝါရောင်၊ နာဂစ်၊ ဖွဲ့စည်းပုံအတည်ပြုစတဲ့ ကိစ္စတွေကို ကိုင်တွယ်သွားတဲ့ အခြေအနေတွေကို ကြည့်ရင်သိနှိုင်ပါတယ်။ အခုလည်း တိုင်းပြည် က ပိုင်ရမယ့် စီးပွါးရေးကွက်တွေကို သူတို့ ပိုင်လုပ်နေကြပြန်ပါတယ်၊ ပြီးရင် အနောက် အုပ်စု အကြိုက် အရင်းရှင်ဈေးကွက်စီးပွါးရေးစံနစ်ကြီးလုပ်မယ်ပေါ့။ ခေတ်တွေ စံနစ်တွေ ဘယ်လိုပင် ပြောင်းပေမယ့် ဗိုလ်ချုပ်လူထွက်တွေက စင်ပေါ်က ဆိုတဲ့ စီမံကိန်းကြီးပါပဲ။

 

         ကွန်မြူနစ်တိုက်ဖျက်ရေးကို ဘန်းပြပြီး အာဏာရကြီးထွားလာခဲ့တဲ့ စစ်အာဏာရှင်တွေ သည် အရင်းရှင်ကမ္ဘာရဲ့ ပံပိုးမှု့ ကို ရကြစမြဲပါ။ ဒီအထဲမှာ မြန်မာစစ်အစိုးရ အဆက်ဆက်လည်း သူ့ခေတ်နဲ့သူ ပါနေပါတယ်။ အခုခေတ်ကြတော့ ကွန်မြူနစ် သောင်းကြမ်း သူတွေ ချိနဲ့သွားပြီ ဖြစ်သော်လည်း စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှု့အရှိန်အဟုန်သည် ရပ်တန့်မသွားတော့ဘဲ သူတို့ ဝိသမလောဘနဲ့ ပြည်သူကို ဆက်လက်ဖိနှိပ်နေကြပြန်ပါပြီ၊ ဒါကို အနောက်ကမ္ဘာကသိလို့ ဒီမိုကရေစီအရပ်သား အစိုးရဖြစ်ရေးကို တွန်းအားပေးနေချိန်ပါ။ မြန်မာ စစ်အစိုးရကလည်း ဒါကို ကောင်းကောင်းသဘောပေါက်ပါတယ်။ ဟိုတုံးက အင်ဒိုနီးရှားတို့ ထိုင်းတို့လည်း ဒီလိုမျိုးအခြေ အနေတွေနဲ့ကြုံခဲ့ကြရတာပါပဲ၊ ဘယ်ပုံဘယ်နည်း ဖြေရှင်းခဲ့ကြတယ်ဆိုတာလည်း နမူနာတွေရှိခဲ့ ပါတယ်။ တစုံတရာသော ဒီမိုကရေစီဲ နှင့် အတူပြည်သူကျေနပ်တဲ့၊ တိုးတက်မှုတွေ ရှိလာတဲ့ နိုင်ငံတွေ ဖြစ်လာ တယ်ဆိုတာကိုတော့ လက်တွေ့ ကျကျလက္ခံနှိုင်ပါတယ်။

         အခုလည်း စစ်အစိုးရက ပြည်သူကိုလည်း ဂရုမစိုက်၊ အတိုက်အခံကိုလည်း ထည့်မတွက် ဘဲ  အနောက်အုပ်စုက ကျေနပ်နှိုင်မယ့် အဆင့်တဆင့်ကို လုပ်ပြပြီး အများပြောနေတဲ့ ဒီမိုကရေစီ နိုင်ငံတခုဖြစ်အောင် ဖန်တည်းနေတာ ရှင်းပါတယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံတွေ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ၊ ဒီကိစ္စကို စစ်အစိုးရက ထည့်မတွက်ပါ။ စစ်အစိုးရထည့် တွက် တာက  သူတို့နဲ့ သူတို့လုပ်ရပ်အားလုံးကို အဆုံးအဖြတ်ပေးနှိုင်ဲ့ သူကိုသာထည့် တွက်ပါတယ်၊ ဒါကြောင့် သူ့ဘ၀ကို အဆုံးအဖြတ်ပေးနှိုင်တဲ့ အဓိကအုပ်စုတခုနဲ့ အပေးအယူ လုပ်ရင်း သက်ဆိုး ရှည်နေတဲ့ နိုင်ငံရေး သံသရာဝဲဂရက်မှာ အတိုက်အခံနဲ့ ပြည်သူတွေ လွှဲမထွက်နှိုင်ပဲ နစ်မြော နေရတဲ့ အခြေအနေပါ။

         မည်သို့ပင်ရှိပါစေ စစ်အစိုးရက ခင်းပေးသည့် ရွေးကောက်ပွဲလမ်းကို ဝင်ရေး၊ မဝင်ရေး ဟူသော နည်းဗျူဟာကို ကျင့်သုံး ရမည့် တာဝန်သည် အတိုက်အခံဆိုသူတို့၏ တာဝန် ပင်ဖြစ်ပါသည်၊ ဝင်ရေး မဝင်ရေးကို မြန်မာပြည် ဒီမိုကရေစီရေး အတွက် နည်းဗျူဟာ ဟု သဘောထားလျှင် မဟာဗျူဟာနဲ့ ရည်မှန်းချက်ရှိကြဖို့ လိုပါသည်။ ဒီလိုဆိုလျှင် ရည်မှန်း ချက်က တော့ ရှိတာပေါ့၊ မြန်မာပြည်သည် ပါတီစုံဒီမိုကရေစီစံနစ်နှင့် ဖွံဖြိုးတိုးတက် ခေတ်မှီ နိုင်ငံကြီးဖြစ်လာရေး စသည်ဖြင့်ဆိုကြ မှာပါပဲ၊ ဒီလိုဖြစ်လာဖို့ အတွက် ရွေးကောက်ပွဲ ဝင်ရေး ဘက်က ဘယ်လိုနည်းဗျူဟာတွေနဲ့ သွားကြမလဲဆိုတာ ရှင်းလင်းတဲ့ လမ်းစဉ်ရှိဖို့လိုသလို၊ လူထုကိုလည်း မကွယ်မဝှက်ဘဲ ချပြနှိုင်သလောက် ချပြသင့်ပါသည်။

 

 ရွေး/ဆန့် နှင့် ရွေးကောက်ပွဲ မဝင် ရေး ဘက်ကလည်း ရှေ့ဆက်ပြီး ဘယ်လိုနည်းဗျူဟာတွေ ကျင့်သုံးမယ်ဆိုတာ လူထုကို ရှင်းပြချိန်တန်ပါပြီ။ နှစ်ပေါင်းနှစ်ဆယ် လောက် ဇာတ်မျောလာခဲ့တာတွေထားပြီး ရှေ့ဆက်ပြီး ဘယ်လိုလုပ်မယ်ဆိုတာ တိုင်းပြည်ကို မကွယ်မဝှက်ဘဲ တင်ပြရင် ကောင်းပါလိမ့်မည်။

         အောင်ပွဲသည် လက်တကမ်း၊ ရန်သူမှာ အကျပ်အတည်းက မထွက်နှိုင်တော့ပါ။ ဒို့ပြည်သူတွေ မုချအောင်ပွဲရမည်ဆိုတဲ့ နှစ်ပေါင်း ၆၀လောက်ပြောခဲ့တဲ့ ဖေါ်မြူလာ စကားတွေ လည်း ထပ်ပြီးရွတ်ပြမနေကြပဲ၊ လက်တွေ့ကျတဲ့ နည်းဗျူဟာတွေကို ချပြရန် အချိန်ရောက်နေပါပြီ။

         ဒါကြောင့် စစ်အစိုးရနှင့် သူ့ဘက်တော်သားများ၊ ဝင်ရေးနှင့်မဝင်ရေးအတိုက်အခံများ၏ သုံးပွင့်ဆိုင် ပြိုင်ပွဲမှာ ဘယ်သူက ရှေ့ဆုံးကို တက်လှမ်းမလဲဆိုတာကို မကြာခင်မှာ မြင်တွေ့ရတော့ မှာမှို့ မိဘပြည်သူများ … မျှော်။…။

                                                                  ဦးဖိုးသာအောင်…။

 ၂၂။၂။၂၀၁၀

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

သမိုင်းထဲက ညီညွတ်ရေးနဲ့ မြန်မာပြည်ကြမ္မာဆိုး ဖန်တီးမိကြခြင်း


The voice weekly(Vol6/9) Jan 4-1-2010 မှာ ဆရာကျော်ဝင်းနဲ့ အင်တာဗျူး တွေ့ ဆုံခြင်းကဏ္ဍမှာ ၁၉၄၈ ခုနှစ်က ရရှိခဲ့တဲ့ မြန်မာ့ လွတ်လပ်ရေးနဲ့ ပတ်သက်ပြိး ဖဆပလ အဖွဲ့ ချုပ်နဲ့ ကွန်မြူနစ်ပါတီ (ဘီစီပီ) တို့ သဘောထားကွဲလွဲခြင်း အပေါ် ကျွန် တော်မရှင်းလင်းတဲ့၊ ဘ၀င်မကျတာ တချို့ကို ကောက်နှုတ် တင်ပြလိုပါတယ်။


အဓိက အချက်ကတော့ ထိုစဉ်က ဖဆပလ-ထဲကနေ ကွန်မြူနစ်ပါတီကို ထုတ်ပယ်လိုက်ရတာ သဘောတရားအရ ၊အယူအဆ မတူညီတဲ့ အပြင် ကွန်မြူနစ်ပါတီဟာ အောင်ဆန်း အက်တလီစာချုပ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ သဘောထား အမြင်ယူဆ ချက်၊ ကွဲလွဲချက်တွေကို ပါတီအချင်းချင်း၊ မျက် နှာချင်းဆိုင် ဆွေးနွေးတဲ့ သဘောမျိုး မဟုတ်ဘဲ သူတို့ ရဲ့ အာဘော်သတင်းစာတွေ ဖြစ်တဲ့ (People!s age) ပြည်သူ့ခေတ်နဲ့  ပြည်သူ့အာဏာ သတင်း စာတွေကနေ အတိအ လင်း ထုတ်ဖော်ဝေဖန် ပုတ်ခတ်ရုံ သာမက ဗိုလ်ချုပ်အောင်ဆန်းကိုပင် တိုင်းရင်းသား အရင်းရှင်လူတန်းစားဟု သတ် မှတ်ပြီး ၊သခင်နုကိုလည်း ကွန်ပရာဒို ပဒေ သရာဇ် လူတန်းစား ကိုယ်စားလှယ်အဖြစ် သတ်မှတ်တာတွေ့ ခဲ့ရပါတယ်။

 

 ကျွန်တော်လေ့လာမိသလောက် မူလက ကွန်မြူနစ် များဟာ ဖက်ဆစ်တော်လှန်ရေးကာလမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခေါင်း ဆောင် မှုအောက်မှာ ဖဆပလ အဖွဲ့ ချုပ်နဲ့ ပူးပေါင်းပါ ၀င်ခဲ့ပြီးနောက်၊ စစ်ပြီးခေတ်ကာလ ၁၉၄၅ နောက်ပိုင်းတွင် မူလက သခင်သိန်းဖေ(သိန်းဖေမြင့်) ယူလာခဲ့တဲ့ ဘရောက်ဒါ ၀ါဒ-ကို လက်ခံရာမှ ၁၉၄၇ ခုနှစ်နောက်ပိုင်း တွင် အိန္ဒိယက ပြန်ဝင် လာတဲ့ ရဲဘော်ဘတင်(ဂိုရှယ်)တင်ပြတဲ့ စာတမ်းအရ ဖဆပလ အဖွဲ့ ချုပ်က ဦးဆောင်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ယခင် သခင်နု တို့ ချုပ်ဆိုခဲ့သော လွတ်လပ်ရေးနဲ့ ပတ်သက်တဲ့ စာချုပ်များကို အပြင်းအထန် ဝေဖန်ထိုးနှက်ခဲ့ပါတယ်။ နောက်ဆုံးတွင် ယခုရ ရှိသော လွတ်လပ်ရေး ဟာ အတုအယောင် လွတ်လပ်ရေးဖြစ်ပြီး နိုင်ငံရေး၊စီးပွါးရေးအရ နယ်ချဲ့  အင်္ဂလိပ်တို့ရဲ့ ချုပ်ကိုင်မှုရှိ နေတဲ့အတွက် လက်နက်ကိုင်ဆန့် ကျင် တိုက်ခိုက် မှ စစ်မှန်တဲ့ လွတ်လပ်ရေးရမယ်လို့ ဂိုရှယ်ရဲ့ စာတမ်းက ဆိုပါတယ်။


တနည်းပြောရရင် သခင်နုအစိုးရသည် ဗြိတိသျှနယ်ချဲ့ စနစ်နဲ့ ပြောင်အတိအလင်း ပူးပေါင်းသွားလေပြီ။(Open Collaboration) လွတ်လပ်ရေးကို လိမ် ယူခြင်းကြောင့် ဗိုလ်ချုပ်အောင်ဆန်း-မကွယ်လွန်စဉ်ကစ၍ ဖြစ်လာသော လူတန်းစား၊ ဆက်နွှယ်တည် နေပုံအသစ် (Newclass Alignment) သည်ပိုပြီး ပြည့်စုံလာပြီ။ ထို့ကြောင့် ငါတို့သည် အသစ်ဖြစ်သော သေနင်္ဂဗျူဟာနဲ့ နည်း ပရိယာယ်ကို ချမှတ်သင့်ပြီလို့ ဂိုရှယ်ရဲ့ စာတမ်းမှာ တွေ့ ရပါတယ်။
အဲဒီလို အတိအလင်း ဆန့် ကျင်ခဲ့ရုံသာမက ၁၉၄၈ ခုနှစ် မတ်လ ၁၃ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ကြီးမှူး ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတောင်သူ လယ်သမား သမ၈္ဂကွန်ဂရက်ကို ပျဉ်းမနားအနီး လမ်းပျဉ်းမနားခေါ် (ဂျင်ဂလိုရွာ)မှာ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံ ဆုံးဖြတ်ချက် ခုနှစ်-ချက်ရဲ့ အပိုဒ်(၆)မှာ ဖက်ဆစ်ဝါဒီတွေကို (ဖဆပလ)ကိုဆိုလို ပါတယ်။ မည်သည့်နည်းနှင့်မဆို ချေမှုန်း သုတ်သင်ပစ်ရန် ဤအစည်းအဝေးကြိးက ပြဌာန်း လိုက်သည်လို့ ဆိုတဲ့ အတွက် ယင်းဆုံးဖြတ်ချက်အရ ဗမာပြည် ကွန်မြူနစ်ပါတီဟာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ မှာ တောခိုခဲ့ပါတယ်။ ၄င်းတို့တောမခိုမှီ ဖဆပလ အစိုးရကလည်း ထိုစဉ်က ဒုတိ ယ ၀န်ကြီးချုပ် ဗိုလ်လင်္ကျာ၊၀န်ကြီး ဗိုလ်မှူးအောင်၊၀န်ကြီး မန်းဝင်းမောင်၊ ၀န်ကြီး ဆမားဒူးဝါး ဆင်ဝါးနောင်၊ ဦးဝမ်သူအောင်၊ ဥိးညိုထွန်းတို့ကို ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင်များနဲ့ တွေ့ ဆုံဆွေးနွေး ညှိနှိုင်းရန် တာဝန်ပေးခဲ့ပါတယ်။

 


ထိုအချိန်က သခင်သန်းထွန်းက အတွေ့ မခံပဲ ရှောင်နေကြောင်း သိရပါတယ်။ ထို့အပြင် ၀န်ကြီးချုပ်သခင်နုက လက်ဝဲညီညွတ် ရေးအတွက် ပြည်သူ့ ရဲဘော်က ကွန်မြူနစ်ပါတီနဲ့ ဖဆကလအဖွဲ့ကို စေ့စပ်ပေး ရန်ကြိုး စား ခဲ့တဲ့အတွက် သခင်နုက ၁၉၄၈ ခုမေလ ၂၅ ရက်နေ့ တွင် အချက်ကြီး ၁၅ ချက် ပါသော လက်ဝဲညီညွတ် ရေး အဆိုပြုချကို ကြေညာခဲ့ပါတယ်။ လက်ဝဲလမ်းစဉ်ကို ညီညွတ်သော လက်ဝဲ အင်အားစုများဖြင့် ပြတ်ပြတ်သားသား လုပ်ကြမည်။ (Marxist League) လက်ဝဲညီ ညွတ်ရေး တပ်ပေါင်းစုံ ပါတီ တခု တည်ထောင်မည်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ပြည်သူ့ရဲဘော် အားလုံး ပါဝင်ကြမည်။ ပါတီဖွဲ့စည်းပြိးလျှင် သီးခြားမနေ၊ ကိုယ့်အဖွဲ့ကိုဖျက် သိမ်းပြီး တပါတီတည်းတည်း ကြိုးပမ်းမည်။ မာ့စ် ၀ါးကို ကောင်းစွာ လေ့ လာ၍ ဖြန့် ဖြူးပညာပေးမည်လို့ ကြေညာပြီး ကြိုးစား ခဲ့ပါတယ်။ ယင်းလက်ဝဲ စည်းရုံးရေးကောင်စီကို ဗိုလ်ချုပ်နေ၀င်း ခေါင်း ဆောင်ပြီး တပ်မတော်။ ပြည်သူ့ ရဲ ဘော်၊ ဆိုရှယ်လစ်ပါတီ၊ ကွန်မြူနစ်ပါတီတို့မှ ကိုယ်စားလှယ် ၂၁ ဦးတို့ဖြင့် ညီညွတ်ရေး တည်ဆောက်ရန် ကြိုးစားခဲ့ပါတယ်။ သို့ရာတွင် ကွန်မြူ နစ်တို့က လက်မခံတော့ပါ။ မအောင်မြင်ခဲ့ပါ။


မှန်ပါတယ်။ ဆရာကျော်ဝင်းပြောသလို အမျိုးသား တပ်ပေါင်းစုတွေ အနေနဲ့က လွတ်လပ်ရေး ရဖို့ အတူ လက်တွဲခဲ့ကြ တာ၊ အယူအဆတူလို့ ကွဲကြတာ မကောင်းဘူးပေါ့။ တကယ်ဆိုတော့ မတူတဲ့ နိုင်ငံရေး အယူအဆကို အချင်းချင်း မျက်နှာစုံညီ ဆွေး နွေးပြိး ဖဆပလ အနေနဲ့ ကြိုးစားခဲ့တာကိုတော့ အထက်ဖော်ပြခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ တွေ့ ရပါသေးတယ်။ ဒီတော့ ဆရာကျော်ဝင်း ပြောခဲ့တဲ့ အတိုင်း ဖဆပလ ကလည်းညှိနှိုင်းဖို့(စစ်ရပ်စဲရေး) မကြိုးစား ဘဲ အပြုတ်တိုက်ရေး ကြိုးစားတာ(Radical) လမ်း ကြောင်းမရွေးတာပဲလို့ ဆုံးဖြတ်ခြင်းဟာ ဘယ်အဖွဲ့ အစည်းက လွန်ရာကျ သလဲ စဉ်းစား ဆုံးဖြတ် ဖို့တော့ လိုပါလိမ့်မယ်။
နောက်ဆုံးတွင် သခင်သန်းထွန်းကိုယ်တိုင် ပျဉ်းမနားတောင်သူလယ်သမား ညီလာခံမှာ ယခုလို ဟိတ်တလုံး ၊ ဟန်တလုံးနဲ့ ပြောခဲ့တာကိုလေ့လာ ကြည့်စေလိုပါတယ်။


“ဖဆပလ အစိုးရ တချက်ထိုးရင် မိမိက နှစ်ချက်ပြန်ထိုးမည်၊ တရုတ်ကွန်မြူနစ်ပါတီက ကူမင်တန် (KMT ) ချန်ကေ ရှိတ်၊ အစိုး ရနဲ့ သူ့ တပ်တွေကို တရုတ်ပြည်ပကြီးပေါ်ကနေ တိုက်ခိုက်သကဲ့သို့ ဗမာပြည်ကွန်မြူနစ်ပါတီ(BCP) ကလည်း ဖဆပလ အစိုး ရကို တိုက်ခိုက်မည်ဖြစ်ကြောင်း၊မိမိတို့ ဗမာပြည်ကွန်မြူနစ်ပါတီတွင် တပ်နီ ပြောက်ကျားတပ်ဖွဲ့ဝင် သိန်းချီရှိကြောင်း”ဒီလို ဆို ရင် ဆရာကျော်ဝင်းပြောသလို နှစ်ဖက်လုံးက (Radical)လမ်းကြောင်း ရွေးခဲ့လို့ မြန်မာနိုင်ငံ ယခုလို အခြေအနေ ဆိုက် ခဲ့ရ တယ်ဆိုတာ “ဟုတ်ပါ့မလားကွဲ့ ၊ကိုရွှေငါးရဲ့ ” လို့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။


အကြောင်းဆက်စပ်မှုရှိနေသဖြင့် သခင်နုရဲ့ နုမူ ၁၅ ချက်အရ လက်ဝဲညီညွတ်ရေးဆွေးနွေးရန် ဗိုလ်ချုပ်နေ၀င်းက ထောင်ကျ နေတဲ့ ရဲဘော် ၃ကျိပ်ဝင် ။ဗကပ ဗဟိုကော်မတီဝင် ဗိုလ်ရန်အောင်ကို ထောင်ထဲက ဆွဲထုတ်ပြီး သခင် သန်းထွန်းတို့နဲ့ အဆက် အသွယ်ရရန် ဗကပတွေရဲ့ ဗဟိုဌာနချုပ်ရှိရာ ပျဉ်းမနားမြို့နယ် အနောက်မြောက်ဘက် တောင်ညို တက်ရှိန်းဒေသကို စေလွှတ် လိုက်ပါတယ်။ ဗိုလ်ရန်အောင်ကို ထိုအချိန်က သွားရောက်ကြိုဆိုရန် ဗိုလ်တာရာ က တာဝန်ယူရပါတယ်။ ဗဟိုစခန်းရောက်တော့ ဗိုလ်ရန်အောင် ဆွေးနွေးတာကို နွေးထွေးစွာ နှုတ်ဆက်ခြင်း၊ လက်ခံခြင်း မရှိပါ။


ဗိုလ်ရန်အောင်နဲ့ အတူ လက်ဝဲညီညွတ်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်းထံမှ စာကိုဖတ်ပြီး သခင်သန်းထွန်းက ပျက်ရယ် ပြု သော လေသံဖြင့် ယခုလိုမှတ်ချက်ပြုပါတယ်။“ဒီလို တိုင်းပြည်ရဲ့ငွေတွေကို သိန်းချီ ဗုန်းတဲ့ ၊မီးခွက်မှုတ်တဲ့၊ ပစ္စည်းမဲ့ လူထု ကို လက်နက်နဲ့ အတင်းတိုက်တဲ့ လဲဗျီးတွေကို လက်သပ်မွေးတဲ့ အချောင်သမား ဆိုရှယ်လစ်တွေနဲ့ ကျုပ်တို့ နဲ့ ဘယ်တော့ ပေါင်းလို့ ဖြစ်ပါ့မလဲ။ သူတို့က ကျုပ်တို့ကို လက်ကမ်းစရာ ဘာကိစ္စမှ မရှိ ဘူး။ ကျုပ်တို့ခြေရင်းမှာသာ သူတို့ဆိုရှယ်လစ်တွေ အားလုံး ဒူးတုပ်ပြီး လူထုတရားခံအဖြစ်နဲ့ လူထု တရားခွင်တင်ဖို့ တလမ်း ပဲရှိတယ်။ မှတ်ထားတဲ့။”
နောက်ပိုင်း ဗိုလ်ရန်အောင်ကို တရားရုံးတင်စစ်ဆေးပြိး ဗဟိုကော်မတီဝင်အဖြစ်မှ ၄င်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလုပ်သမား ဌာနခေါင်းဆောင် အဖြစ်မှ၎င်း၊ တာဝန်ရုပ်သိမ်းလိုက်ပြီး လောလောဆယ် မျတ်ပြားကုန်းကျေးရွာ ပြည်သူ့ခေါင်ေးဆာင်အဖြစ် ထမ်းရွက်စေရန် ဗဟိုအလုပ်အမှုဆောင် ကော်မတီမှ ဆုံးဖြတ်လိုက်ပါတယ်။ (ကိုးကားချက်-- ဗိုလ်တာရာရဲဘော် ၃ကျိပ် ၏ တော်လှန်ရေးကာလ အတွေ့ အကြုံများ စာအုပ်မှ “သူရဲကောင်း ဗိုလ်ရန်အောင် ”ဆောင်းပါးမှ ကောက်နှုတ်ဖော်ပြပါသည်။
ထိုဖြစ်ရပ်အေခြေအနေ များကို ပကတိအတိုင်း လေ့လာ သုံးသပ်မည်ဆိုပါက ဘယ်သူတွေက (Radical) ဖြစ်နေကြတယ်ဆို တာကို ခက်ခက်ခဲခဲဆုံးဖြတ်ချက် ချစရာ လိုမယ်မထင်တော့ကြောင်း တင်ပြလိုက်ပါတယ်။

ငြိမ်းချမ်းရေးကို ခေတ်အဆက်ဆက်မှာ  အစိုးရတွေ လုပ်နေပေမယ့် ဘယ်သူတွေက အပြုတ်တိုက်ရေး လမ်းစဉ် အော်ဟစ်နေ တယ်ဆိုတာ မျက်စိမြင် နားရှိသူတိုင်း တွေ့ ကြမြင်ကြမှာ ဖြစ်ပါတယ်။

The voice 6/12+++ ကိုကိုအေး(မြို့မ)
 

 ၂၂။၂။၂၀၁၀

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

ခေါင်းဆောင်ဆိုတာ မှားရင်ဝန်ခံရဲရတယ်လမ်းပြကြယ် ဦးအေးမြင့်


တိုင်းရင်းသားများ ၂၀၁၀ ရွေးကောက်ပွဲအတွက် ဘယ်လို ရင်ဆိုင်ဖြတ်သန်းကြမလဲ။ ပြင်ထားကြပါသလဲတဲ့။
ကျနော်အရင်ဆုံးပြောချင်တာကတော့ ၂၀၀၈ ဖွဲ့ စည်းပုံနဲ့  ၂၀၁၀ ရွေးကောက်ပွဲကို လူထုတွေက မကြိုက်ကြတာ အမှန်။
သို့ သော် ဆွေးနွေးပြောဆိုကြတဲ့ လူတွေက ခေါင်းစဉ်နဲ့ ကိုက်အောင် မဆွေးနွေးကြပဲ နိုင်ငံရေးစကားတွေ၊ စကားလုံးကြီး တွေ နဲ့  ပြောနေတာ အလကားပါ။
ဘယ်လို ပြင်ဆင်ထားလဲ။ ဘယ်လို ရင်ဆိုင်မလဲ ဆိုတဲ့အချက်ကို အဓိက ပြည်သူလူထုနားလည်အောင် ပြောစေချင်တယ်။ ကျနော်တို့  လမ်းပြကြယ်ဟာ တတိယအုပ်စုပါ။ အာဏာဝင်လူမယ့် သူလဲမဟုတ်၊နိုင်ငံရေးမှာ ခေါင်းဆောင်ပိုင်းနဲ့ သူရဲကောင်း ၂ မျိုးရှိပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို မကြိုက်ရင် ဘာဖြစ်လာမလဲ ဆိုတာ ကျနော်ကြိုပြောပြမယ်။ လူထုတွေ မကြိုက် ကြတဲ့ အခါမှာ ဒါကို ဆန့် ကျင်ရမယ့် အဆင့် ဖြစ်တယ်။။ ဆွေးနွေးတဲ့ နည်းနဲ့ သွားမလား ဒါကိုပြင်ထားကြပါ။ ဒါမှ မဟုတ်ရင်လူထု လှုပ်ရှားမှုနဲ့ သွားမလား။

အဲဒီအခါမှာဆွေးနွေးတဲ့ နည်းနဲ့ သွားရင် ခေါင်းဆောင်လိုအပ်လာပါမယ်။ နိုင်ငံရေးသူရဲကောင်းတွေ မလိုအပ်သေးပါဘူး။လူထု လှုပ်ရှားမှုနဲ့ သွားမယ် ဆိုရင် နိုင်ငံရေး သူရဲကောင်းတွေ လိုလာမယ်။ မကြာမီက အန်ကယ်ဦးတင်ဦးနှုတ်က ထွက်သွားတဲ့ စကားလုံးလေး အရမ်း တန်ဘိုးရှိတယ်။
အန်အယ်လ်ဒီပါတီရော။ အခြား လူတွေ၊ ပါတီဝင်လူတွေပါ နားလည်စေချင်တယ်။ ခေါင်းဆောင်ဟာ ၀န်ခံရဲရတယ်။ပြောရဲတဲ့ သတ္တိရှိရတယ်။
ဦးတင်ဦးပြောသွားတယ်။“ဒေါ်စုရဲ့ အရိပ်အောက်မှာ နေပြီးတော့ ကျနော် အင်န်အယ်လ်ဒီအတွက် အလုပ်လုပ်တယ်။”သူ့ ကိုယ် သူလဲ နှိမ့်ချတယ်။

အခုဟာက ကြည့်နေတယ်။ အဲလိုခေါင်းဆောင်မျိုးတွေ၊နောက်တခါ အင်န်အယ်လ်ဒီမှာ စီအီးစီရွေးတယ်။သူ့ အထဲက မကောင်း တဲ့ လူတွေ ၊မကြိုက် တဲ့ အကြောင်းပြောတယ်။
အဲလိုပဲ ခေါင်းဆောင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲ မကြိုက်ဘူးဆို ဆွေးနွေးပွဲမှာ- ဘာတွေ လုပ်ကြမလဲ။ ခေါင်းဆောင်ကောင်းတွေလိုတယ်။ ဒါတွေ ပြင်ထားကြပါ။အန်အယ်လ်ဒီမှာ မကောင်းတဲ့လူတွေထုတ်သလို နအဖမှာ မကောင်း တဲ့လူတွေ ဒီလိုရှိပါတယ်ပြောရဲရမယ်။
ခေါင်းဆောင်ဆိုတာ ၀န်ခံရဲရတယ်။ အခုဟာ ဒီနည်းနဲ့ သွားကြပါ။ မရရင် လူထု လှုပ်ရှားမှုနဲ့ သွားရင် သူရဲကောင်းတွေ ထွက် လာမယ်။
အခု ခေါင်းဆောင် တွေ လိုအပ်တဲ့ အချိန်ပါလို့  ကျနော်ပြောချင်ပါတယ်။
နိုင်ငံရေး လုပ်မယ်ဆိုရင် မိုးလုံးလေလုံး စကားလုံးကြီးတွေနဲ့  ပြောနေမယ့်အစား ခေါင်းဆောင် အရည်အချင်း ပြည့်မီအောင် ပြင်ပါ။ မပြင်ဘဲ ဝေဖန်နေ တာ အလကားပါလို့  ကျနော်ပြောချင်တယ်။
 

လမ်းပြကြယ် ဦးအေးမြင့်


၁၃။၂။၂၀၁၀ ဦးကျော်ဇံသာ၏ ဗွီအိုအေ- တိုက်ရိုက်လေလှိုင်းဆွေးနွေးခန်းမှ

 ၁၆။၂။၂၀၁၀

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

အကျင့်ပျက် ၀န်ထမ်းနဲ့ လူမျိုးခြားစီးပွါးရေးသမား


မြန်မာလူမျိုးဆိုတာ ဟိရိသြတ္တပတရားနဲ့နေထိုင်တဲ့လူမျိုးပါ။အခုတောက်လျှောက် အမြင်မတော်တာတွေတွေ့နေရတယ်။ အခုအခါနေရာတိုင်းမှာတွေ့နေရတာက နိုင်ငံခြားခွေရောင်းတဲ့ ဆိုင်တွေနဲ့ မြန်မာကူးခွေရောင်းတဲ့ဆိုင်တွေကို မြို့ထဲမှသည် ရပ်ကွက်အတွင်းပိုင်းထိ နေရာအနှံ့မှာတွေ့နေရတယ်။အဲဒါကပြသာနာမဟုတ်ပါဘူး။ ညစ်ညမ်းခွေဆိုသည်မှာ ဟိုယခင်ကတိုး
တိုးတိတ်တိတ်နဲ့ ဈေးကြီးပေးဝယ်ရသည်။

 

အခုတော့ ညစ်ညမ်းခွေများကိုဘမ်းပေါ်တင် ပေါ်ပေါ်တင်တင် ရောင်းဝယ်နေကြသည်ကိုတွေ့နေရသည်။ ရောင်းသူအများစုကိုကြည့်လိုက် ကုလားလူမျိုးများသာဖြစ်နေတတ်သည်။ မောင်နဲ့နှမ၊ သားနှင့်အမိ လမ်းလျှောက်သွားရင် ယောင်ပြီးတော့မကြည့်လိုက်နဲ့ မလုံတလုံနှင့်ကောင်မလေးပုံများ၊အင်္ကျိမပါ နမ်းရှုပ်နေသည့်ပုံများ၊မြန်မာအင်တာနက်ဆိုသည့် မြန်မာရုပ်ရှင်မင်းသမီးပုံများနှင့် ညစ်ညမ်းအခွေများကို တွေ့ရပါလိမ့်မည်။ မြန်မာနိုင်ငံလို ယဉ်ကျေးမှုထွန်းကားသည့် နိုင်ငံတွင် ယင်းလူမျိုးခြား ကုလားများ လမ်းပေါ်တွင် ညစ်ညမ်းခွေများကို ဘာကြောင့်ပေါ်ပေါ်တင်တင် ရောင်းချနိုင်ကြပါသလဲ။

တရားဥပဒေ၏စောင့်ရှောက်မှုကို ယင်းညစ်ညမ်းခွေရောင်းသည့်ကုလားများက ဘာကြောင့်ခံစားနေရပါသလဲ။

ရန်ကုန်မှာ ညစ်ညမ်းခွေတွေ ဖြန့်ချိနေတဲ့ အဓိကနေရာကတော့ ယုဇနပလာဇာ၊၃၆ လမ်း၊ဗိုလ်ချုပ်လမ်းရုပ်ရှင်ရုံနားက ဆိုင်တွေ နဲ့ပန်းဆိုးတန်းတစ်ဝိုက်ကဆိုင်တွေပေါ့ဗျာ။

အဲဒီပင်ရင်းဒိုင်များသည်လည်းအများအားဖြင့် ကုလားလူမျိုးများသာဖြစ်ပါသည်။
မြန်မာတို့၏ခမ်းနားသောယဉ်ကျေးမှုနှင့်မြန်မာ လူငယ်များလေလွင့်ပျက်စီးစေရန် စနစ်တကျအကွက်ချလုပ်ဆောင်နေ ကြခြင်း ဖြစ်သည်။ များသောအားဖြင့်ယင်းနေရာများမှ ညစ်ညမ်းခွေများ ရန်ကုန်တစ်မြို့လုံးက လမ်းဘေးဆိုင်တွေဆီ ရောက်သွားခြင်း ဖြစ်ပါတယ်။

ဟုတ်ကဲ့အရင်းစစ်တော့ အဖြေကရှိပါတယ်။ ထုံးစံအတိုင်းကိုယ်ကျိုးရှာအကျင့်ပျက်ဝန်ထမ်းတွေကြောင့်ပေါ့။ အဲဒီဆိုင်တွေက ဆိုင်ရာရဲတွေကို တစ်လကိုအနည်းဆုံးနှစ်သိန်းလောက်ပေးရတယ်လို့သိရတယ်။ နေရာအလိုက် သိန်းဂဏန်းကနေ ထောင် ဂဏန်းအထိ လစဉ်ပေးနေရတယ်လို့လည်းသိရတယ်။ ရပ်ကွက်အတွင်းမှာဖွင့်တဲ့ဆိုင်များကတော့ ဆိုင်ရာနယ်ထိန်းကို အနည်း ဆုံး ငါးထောင်ခန့်လစဉ်ပုံမှန်ပေးရပါတယ်။

ဝမ်းနည်းစရာတစ်ခုကိုလည်းတွေ့ခဲ့ရပါသေးတယ်။တစ်နေ့က လှိုင်မြို့နယ်ဘက်ကို ကိစ္စတစ်ခုနဲ့ရောက်သွားတော့ ချောင်းဝမှတ် တိုင် လမ်းထိပ်နားက နိုင်ငံခြားကားနဲ့ကူးခွေရောင်းတဲ့ဆိုင်နှစ်ဆိုင်ကိုမျက်နှာချင်းဆိုင်တွေ့လိုက်ရတယ်။အဲဒါနဲ့ ဆိုင်တစ်ဆိုင်ကို ၀င်ပြီး ကြည့်လိုက်တော့ မြန်မာအင်တာနက်ဆိုတဲ့အခွေတွေကိုတွေ့လိုက်ရတယ်။မေးကြည့်တော့ တစ်ခွေသုံးရာတဲ့ နှစ်ခွေလို ချင် ငါးရာနဲ့ယူသွားတဲ့။ ရောင်းတဲ့သူကိုကြည့်လိုက်တော့မိန်းကလေး။အဲဒီအချိန်မှာပဲ အနားကိုကောင်မလေး တစ်ယောက် ရောက် လာတယ် ။ကြည့်လိုက်တော့အသက်က (၁၄)နှစ်ဝန်းကျင်ပဲရှိတဲ့ကောင်မလေးတစ်ယောက်။ အိမ်ကလူကြီးက ၀ယ်ခိုင်း လို့ဟိုကားတစ်ကားလောက်ပေးပါတဲ့။

 

ရောင်းတဲ့ကောင်မလေးကနောက်ဘက်ကလှမ်းနှိုက်လိုက်တယ်။ ညစ်ညမ်းကားတွေ။ တစ်ခွေငါးရာတဲ့။ရောင်းသူရော ၀ယ်သူ ရော မြန်မာတွေပါ။ရင်နာစရာကောင်းတာက မိန်းကလေးတွေဖြစ်နေတာပါ။ ဒီလိုကိစ္စတွေကို ယခုကတည်းက လွတ်ပေးထား မယ်ဆိုရင် ထိုင်းနိုင်ငံလိုလိင်ကိစ္စစည်းကမ်းမရှိတဲ့တိုင်းပြည်ဖြစ်သွားမယ်။ဒီကုလားတွေကြောင့်ရပ်ကွက်တွေထဲအထိ ညစ်ညမ်း ကားတွေကို ပြန့်ပြန့်နှံ့နှံ့ ဖြန့်ချိရောင်းချနေကြပြီ။ဒီကုလားဖြန့်ချိရေးတွေကြောင့် မြန်မာတွေရဲ့ယဉ်ကျေးမှု ဘယ်လောက် ပျက် စီး နေကြပြီလဲ။အခုတောင် နိုက်ကလပ်တွေမှာ မြန်မာမတွေရဲ့ ယဉ်ကျေးမှု ဆုံးရှုံးမူကိုအထင်းသားတွေ့နေရပြီ။

သက်ဆိုင်ရာ ရဲတွေအနေနဲ့လည်း ဒီကိစ္စမှာ မိမိအကျိုးစီးပွားကိုမကြည့်ပဲ နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်သိက္ခာကိုကြည့်သင့်တယ်။ ဒီလိုမျိုးတရားဝင်လုပ်ငန်းကြီးတစ်ခုလိုလုပ်ကိုင်နေတာ ကိုကြည့်မနေသင့်ဘူး။ကုလားလူမျိုးတွေဖျက်ဆီးနေတဲ့ လူမျိုးရေး လမ်းကြောင်းကိုသိသင့်တယ်။

မြန်မာလူနေမှုဘ၀ကို ကုလားတွေကဘာအထောက်အကူပြုပေးလဲ။အစိုးရ၀န်ထမ်းတွေထဲမှာ ကုလားလူမျိုးဘယ်နှစ်ယောက် ရှိလဲ။ မြန်မာတို့ပတ်ဝန်းကျင်က ကိုယ်ကျိုးအနစ်နာခံလုပ်ရတဲ့ အလုပ်တွေမှာ ကုလားလူမျိုးတွေ ဘယ်နှစ်ခါဝင်လုပ်ဖူးလဲ။ အားလုံးသတိရှိရှိနဲ့ ၀ိုင်းဝန်းထိမ်းသိမ်းကြပါမှ ကမ္ဘာမှာ မြန်မာလူမျိုးဆိုတာ နောင်အရှည်တည်တံ့နိုင်မှာပါ။

မျိုးချစ်သူ
 

 ၉။၂။၂၀၁၀

 

ခေတ်ပြိုင် ဆွေးနွေး ခန်း

နယ်ရုပ်ကလေး မြန်မာပြည်

 

 

မြန်မာ နိုင်ငံဟာ တရုတ်ရဲ့ နယ်ရုပ်ကလေး သက်သက်ပါပဲ။မြန်မာ စစ်တပ်ကို အင်အားတိုးချဲ့ ၊ စစ်လက် နက်ပစ္စည်းတွေ ၀ယ် ယူ ဖြည့်ဆင်းပြီး တည်ဆောက်နေတာဟာ စိတ်ကြီး ၀င်နေတဲ့ ဒါမှ မဟုတ် လမ်းလွဲနေတဲ့ စစ်ဗိုလ်ချုပ်တယောက်ရဲ့  စိတ်ကူး မဟုတ်ပါ။
ဒါဟာ မြန်မာနိုင်ငံကို ကြားခံ အဖြစ်အသုံးချပြီး အိန္ဒိယကို ကာထားဖို့  ကြံ ရွယ်တဲ့ တရုတ်ရဲ့  အစီအစဉ်တကျ လုပ်ဆောင် ချက် သာ ဖြစ်ပါတယ်။
မြန်မာ့ အိမ်နီးချင်း အရှေ့ တောင်အာရှ နိုင်ငံများ အဖွဲ့ ရဲ့ အဖွဲ့  ၀င်နိုင်ငံတွေရော၊အိန္ဒိယ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်ရောဟာ မြန် မာနိုင်ငံ ပိုင်နက်နယ် မြေကို သိမ်းယူဖို့ ရည်မှန်းချက်မရှိကြတဲ့ အတွက် မြန်မာ နိုင်ငံအတွက်ထိုးစစ်အတွက်ပဲ ဖြစ်ဖြစ် ၊ ခံစစ် အတွက်ပဲ ဖြစ်ဖြစ် လက်နက် ၀ယ်ယူ ဖြည့် တင်း ဖို့  အကြောင်း အရှိပါဘူးလို့ ဖော်ပြထားပါတယ်။ တကယ်လို့  မြန်မာ နိုင်ငံ ဟာ တရုတ်ရဲ့ ကျောထောက်နောက်ခံ စစ်လက်နက်ပစ္စည်း အပြည့် အစုံ တပ်ဆင်မယ်ဆိုရင် အိန္ဒိယ ဟာ တိုက်ပွဲ မျက်နှာစာ အများ အပြားကို ရင်ဆိုင်ရပါလိမ့်မယ်။

ထိုင်း နိုင်ငံကနေ ပေးပို့ တဲ့ အယ်ဒီတာထံ ပေးစာ
ဝေါစထရိ ၈ျာနယ် ၂၅ -၁။၁၀
ဗွီအိုအေ ၂၇။၁။၀၉ နံနက်ပိုင်းမှ     

 ၁။၂။၂၀၁၀

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

ကျနော့်ဘ၀နှင့် ဒီမိုကရေစီခရီး လူဗိုလ်

 

ဒီမိုကရေစီနှင့် စတင်ရင်းနှီးမိခြင်း

      ရှစ်လေးလုံးအရေးတော်ပုံမတိုင်မီအထိ ဒီမိုကရေစီနှင့်ပတ်သက်သော ဗဟုသုတဟူ၍ မိမိတွင် လုံးဝနီးပါးမရှိခဲ့။ ကျောင်း ပြီး သော ကျောင်းသားတဦး၊ ပညာတတ်တဦးအဖြစ်အမည်ခံကာ ရပ်တည်ခဲ့ရ ပေမယ့် ကျောင်းတွင်သင်ကြားခဲ့ရသော နိုင်ငံ ရေးသိပ္ပံဘာသာရပ်ကို (ကွန်မြူနစ်စနစ်သည် မကောင်း၊ အရင်း ရှင်စနစ်သည် မကောင်း။ ဆိုရှယ်လစ်စနစ်သည်သာ အ ကောင်း ဆုံးဖြစ်၍ မြန်မာနိုင်ငံနှင့် အသင့်တော်ဆုံး ဖြစ်သည်ဟု) စာမေးပွဲအောင်ရုံ လေ့လာခဲ့ရကြောင်းကို ကိုယ့်ကိုယ်ကိုသာ အသိဆုံး။

 

      အရေးအခင်းကာလမှသာ ဒီမိုကရေစီဆိုသည့်ဝေါဟာရမှာ ဂရိဘာသာမှ ဆင်းသက်လာကြောင်း၊ DEMOS နှင့် KRATIA မှတဆင့် CRACY ကိုပေါင်းစပ်ပြီး ဒီမိုကရေစီဖြစ်ပေါ်လာကြောင်း။ dEMOS ၏ အဓိပ္ပါယ်မှာ  ပြည်သူများဟူ၍ဖြစ်ပြီး KRATIA ၏အဓိပ္ပါယ်မှာ အုပ်ချုပ်ခြင်း (သို့) အာဏာဟူ၍ဖြစ်ကြောင်း နှင့် ဒီမိုကရေစီဆိုသည်မှာ ပြည်သူလူထုအုပ်ချုပ်ခြင်းဟု အဓိပ္ပါယ် ရကြောင်းတို့ကို စတင်သိခွင့်ရခဲ့သည်။ ထိုအသိလေးနှင့်ပင် ဆန္ဒပြမှုများတွင် ဒီမိုကရေစီရရှိရေး တို့အရေးဆိုသည့် တောင်း ဆိုမှုများကို သံကုန်ဟစ် ခဲ့သူဟုသတ်မှတ်လျှင်လည်း ၀န်ခံရမည်သာ။

      အခြေအနေမှန်ပင်ဖြစ်၍ မငြင်းသာသော်လည်း မိမိနှင့်ဘ၀တူလူငယ်များအတွက် ဒီမိုကရေစီဆို သည်ကို လေ့လာနိုင်ခွင့် နှင့် လေ့လာစရာနယ်ပယ်များ ဖန်တီးပေးမထားခြင်းကိုလည်း ထည့်တွက်သင့်၏။

      မည်သို့ပင်ဆိုစေ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် ပျော်သည်။ အဘယ့်ကြောင့်ပျော်ရသနည်း ဟုမေးလျှင် လွတ်လပ် မှုရှိ၍ဟုဖြေမည်။ လွတ်လပ်မှုကို မည်သည့်အရာနှင့်တိုင်းမည်နည်းဟုထပ်မေးလျှင် ကြောက်စရာမလို၊ ကြောက်ရမယ့်လူမရှိ ၍ဟုဖြေမည်။ နောက်ထပ်ပြောရမည့် ပျော်ရသည့်အချက်ထဲတွင် အစုအဖွဲ့လိုက်လှုပ်ရှားဆောင်ရွက်ရသည့်အတွက် ပျော်ခြင်း လည်းပါသည်။ စိတ်ကူးဥာဏ်သစ်များကိုလည်း ထုတ်ဖော်ခွင့်ရသည်။ စုပေါင်းတိုင်ပင်၊ စုပေါင်းအဖြေရှာ၊ စုပေါင်းလှုပ်ရှား ခွင့် ရသည့် အရသာထူးကို မြည်းစပ်းခွင့်ရခြင်းအတွက် ဒီမိုကရေစီဆိုသည်ကို ကျေနပ်စွာလက်ခံမိခဲ့သည်။

 

 ဤမျှလောက်သောအပိုင်း အစကလေးများကို ကောက်ယူသုံးစွဲခွင့်ရသည့် အခိုက်အတန့်ကာလတွင်ပင် ကျေနပ်မှုပေးစွမ်း နိုင် သောစနစ် တွင် ထို့ထက်ပိုမိုနက်ရှိုင်း၍ တန်ဖိုးကြီးသော အနှစ်သာရများစွာ ကျန်ရှိနေဦးမည်ဟုယူဆမိခဲ့သည်။ ထိုထို သော အနှစ်သာရများကို မိမိကဲ့သို့သောသူများနှင့် နောင်မျိုးဆက်များအတွက် လက်ဆောင်ပေးချင်သည့် စိတ်စေတနာများလည်း ဖူးပွင့်လာခဲ့မိပါ၏။

     အခိုင်အမာပြောနိုင်သည်မှာ ရှစ်လေးလုံးမတိုင်မီကာလနှင့် ရှစ်လေးလုံးကာလနှစ်ခုဟာ မိမိအတွက် အခြားနားကြီးခြားနား ပါသည်။ ယန္တယားဆန်ဆန် လှုပ်ရှားသွားလာနေကြရာမှ လူသားဆန်ဆန် အသက်ရှင် သွားလာနိုင်လာသလိုလို။ လူတဦး၏ စိတ်ခံစားချက်များ၊ စိတ်ကူးစိတ်သန်းများနှင့် အကောင်အထည်ဖော် ဆောင်လိုမှုများသည် လူ့လောကကြီးနှင့် တဆက် တစပ် ထဲ ရှိလာသလိုလို။

      ဤအခိုက်အတန့် ကာလအတိုလေးအတွင်းမှာပင် အားနည်းချက်အချို့ကိုလည်း ဆုပ်ကိုင်လိုက်မိ ပါသည်။ စိတ်ခံစားမှုများနောက်သို့ အလွန်အကျွံလိုက်တတ်ကြခြင်းဟူသော သဘာဝများကြောင့် ဆင်ခြင် တုံတရား အားကောင်းသော သူများ၏ အကြံပြု၊ တားမြစ်ကန့်သတ်ချက်များကို အများစုဆန္ဒအားကိုးဖြင့် ပစ် ပယ်ကာ အနိုင်ယူဖြေရှင်းမှုအမှားများနှင့် ဒီမို ကရေစီကို အခွင့်အရေးသက်သက်အမြင်ဖြင့် ဒီမိုကရေစီမှာ ဒီအခွင့်အရေးလေးတောင်မရှိဘူးလားဆိုသည့် မူဘောင်မဲ့ အတွေး ၊ အပြောနှင့် လုပ်ရပ်များအတွက် ရတက် မအေးရသည့် စိတ်ခံစားမှုကိုလည်း ကြိုတင်အဆစ် မြည်းစမ်းခွင့် ရလိုက်သေးသည်။

 

ကျောင်းသားတပ်မတော်နှင့် ဒီမိုကရေစီ

      စက်တင်ဘာအာဏာသိမ်းမှုအပြီးတွင် ဒီမိုကရေစီရှာပုံတော်ဖွင့်မှုများ ခေတ်စားလာ၏။ အသက် အစိတ်ကျော်စားခဲ့မိသော အစာသည် မစင်မှန်းသိခဲ့ပြီဖြစ်၍ ထပ်မစားလိုတော့။ ဒီမိုကရေစီရမှပြန်မယ်ဟူ သော အသံပိုင်ရှင်များစုစည်းကာ ကျောင်းသား တပ်မတော်ကို ဖွဲ့စည်းလိုက်ကြသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦးသည် မြန်မာနိုင်ငံ ဒီမို က ရေစီရရှိရေးကို စွမ်းဆောင်နိုင်မည့်အဖွဲ့အ စည်း တခုဖြစ်သည်ဟူသော ယုံကြည်ချက်ဖြင့် တပ်ဖွဲ့ဝင်တဦးအဖြစ် အသက် နှင့် ဘ၀ကိုပုံအောကာ ပါဝင်ခဲ့ သည်။

     ကျောင်းသားတပ်မတော်တွင် ဒီမိုကရေစီနှင့် ပိုမိုနီးစပ်ခွင့်ရခဲ့ပြန်သည်။ လေ့လာခွင့်များနှင့်အတူ လေ့ကျင့်ခွင့်များကိုပါ တစုံ တည်းရလိုက်၏။ အပြည့်အစုံဆုံးအခြေအနေမဟုတ်တောင်မှ မလိုလားသူများ အတွက် အလျှံအပယ်ဟုပင်ဆိုင်နိုင်ပါသည်။ ဒီမိုကရေစီနှင့်ပတ်သက်သော စာအုပ်စာတမ်းများကို ဖတ်ခွင့်၊ လေ့လာခွင့်များမှ ၁၉၉၅ ခုနှစ်တွင်ထုတ်ဝေသော ဒီမိုကရေစီ လေ့လာရေးစာစဉ်သည် မိမိလက်လှမ်းမီသမျှ မြန်မာဘာသာဖြင့် ထုတ်ဝေသမျှထဲတွင် ထိုအချိန်အခါက အပြည့်စုံဆုံးဟုပင် ဆိုနိုင်၏။ ပြည်သူဒီမိုကရေစီ၊ ဆိုရှယ်ဒီမိုကရက်၊ လစ်ဘရယ်ဒီမိုကရေစီစသဖြင့် ရှေ့က၀ိသေသကိုလိုက်၍ ဒီမိုကရေစီအမျိုး အစားများ ပြောင်းသွားကြောင်းနှင့် ပြည်သူ့ဒီမိုကရေစီဆိုသည်မှာ အာဏာရှင်အမျိုးအစား စနစ်တခုသာဖြစ်ကြောင်း တို့ကို ထပ်မံသိရှိခွင့်ရခဲ့ပြန်ပါသည်။

 

      ထိုစာအုပ်နှင့်ပတ်သက်၍ ထူးခြားသည့်ဖြစ်စဉ်တခုရှိခဲ့ဖူး၏။ မိမိတို့ရဲဘော်များ ကရင်ပြည်နယ် လှုပ်ရှားနယ်မြေတခုတွင် ရှိစဉ် မြို့တမြို့သို့သွားမည့် လူကြုံတဦးနှင့် ပစ္စည်းမှာ၏။ ပစ္စည်းအမျိုးအမည် များ နေသဖြင့် စာရေးမှာရန်လိုနေရာ အလွယ် တကူပါသော အဆိုပါစာအုပ်မှ ကျမ်းကိုးစာရင်း နောက်ဆုံးစာရွက် ကို ဖြုတ်ပြီးသုံးလိုက်မိသည်။ စာရွက်မှာတမျက်နှာနီးပါးလွတ်နေသဖြင့် လိုအပ်သည်ပစ္စည်းများစာရင်းကို ရေးပေးလိုက်သည်။ ထိုလူကြုံမှာလည်း မြို့သို့ ရောက်ပြီး ဆိုင်တွင်ပစ္စည်းများကိုဝယ်ကာ အဆိုပါစာရွက်မှာ အမှတ်တမဲ့ပင် ကျန်ခဲ့၏။ ဆိုင်ရှင်ဆိုသူမှာ ပညာတတ်တ ယောက် ဖြစ်ပြီး ထိုအချိန်က ရွေးကောက်ပွဲဝင်ထား သည့် နိုင်ငံရေးပါတီတခုမှ ခေါင်းဆောင်တဦးဟုသိရသည်။ ၎င်းပုဂ္ဂိုလ်သည် ကျန် နေခဲ့သောစာရွက်ကို ဖတ် ကြည့်မိပြီး ဈေးဝယ်သွားသောလူနောက်သို့ အပြေးလိုက်ကာ အဆိုပါစာရွက်နှင့်ပတ်သက်သော စာအုပ်ကို လိုချင်ကြောင်းနှင့် မည်မျှပင်ပေးရပေးရဟုဆိုကာ အတင်းတောင်းဝယ်၏။ လူကြုံကလည်း ရင်းနှီးစိတ်ချရ သော ဆိုင်ရှင်ကို အခြေအနေမှန်ကိုရှင်းပြကာ ပြန်ခဲ့ရသည်။ နောက်ပိုင်းမှာ ထိုသတင်းကိုကြားရသဖြင့် မိမိတို့ အဖွဲ့မှ ဆိုင်ရှင်ထံသို့ ထိုစာအုပ်ကို အရောက်စီမံ၍ပို့ပေးလိုက်ပါသည်။

      ထိုစာအုပ်၏အမှာစာတွင် မိမိအနှစ်သက်ဆုံးစာသားလေးရှိ၏။ ဒီမိုကရေစီကို လိုလားတောင်းဆို နေသော မြန်မာပြည်သူ များအကြားတွင် ဒီမိုကရေစီအပေါ် သိမြင်နားလည်မှုများ ကွာခြားနိုင်ပါသည်။ ဒီမိုက ရေစီအကြောင်း ပြောဆိုရေးသား၊ ဝေဖန်၊ ဆွေးနွေးမှုများ အဆက်မပြတ်ပြုလုပ်ခြင်းဖြင့် ဒီမိုကရေစီအပေါ် အသိကွာဟမှုကို ထိမ်းညှိနိုင်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေး စနစ် ကို အထောက်အကူပြုနိုင်ပေသည် ဟူသော အချက်ဖြစ်သည်။ မမိတို့ကိုယ်တိုင် မကျင့်ကြံနိုင်ခဲ့သော အချက်ဟုလည်းဆိုနိုင် ပါသည်။

      ကျောင်းသားတပ်မတော်တွင် ညီလာခံများသည် ဒီမိုကရေစီကျင့်စဉ်ကို ကျင်သုံးနိုင်သော တခု တည်းသော နေရာဖြစ်ပြီး ဒီမိုကရေစီရနံ့အရဆုံးနေရာဟုလည်း ဆိုနိုင်ပေသည်။ ထိုနည်းတူ ဒီမိုကရေစီ ယဉ်ကျေးမှုစံ ဘယ်လောက်ရှိပြှီလဲ၊ ဒီမိုကရေစီ စိတ်ဓါတ်ဘယ်လောက်ရှိပြီလဲဆိုသည်များကို စမ်းသတ်ရာ နေရာလည်းဖြစ်ခဲ့ပေသည်။ ထို့ကြောင့်ပင် ညီလာခံမှထွက် ပေါ်လာ သော အဖြေများသည် ဒီမိုကရေစီ မှတ် ကျောက်တင်ပြီးဖြစ်နေတတ်သည်။ ထိုအဖြေမျိုးကို အဖွဲ့အစည်း၏ ကျန်အစိတ်အပိုင်း များတွင် ရှားရှားပါးပါး။

      ရှစ်လေးလုံးကာလတွင်း ခံစားမှုမျိုးကို တတိယအကြိမ်ညီလာခံတွင် ရရှိလိုက်ဖူး၏။ သို့သော်ထပ်တူ ထပ်မျှတော့ မဟုတ်။

 

မိသားစုတွင်းဒီမိုကရေစီ

      လူထုအဓိကလူ့အဖွဲ့အစည်း (civil Society) ဘာသာရပ်ကို မြန်မာနိုင်ငံရှေ့နေများကောင်စီတွင် လေ့လာခွင့်ရခဲ့သည်။ အသိနောက်ကျသည်ဟုပင် နောင်တရမိသည်။ မိမိကဲ့သို့ပင် အခြားသူများကိုလည်း သိခွင့်၊ လေ့လာခွင့် ရစေချင်သလို၊ နောင် မျိုးဆက်ကိုလည်း ဒီမိုကရေစီကဲ့သို့ပင် လေ့လာသင့်သော ပညာရပ်တခုဟုဆိုချင်သည်။ မိမိကိုယ်မိမိ ဤဘာသာရပ်ကို သင် ကြားလိုက်ရခြင်းဖြင့် လူပီသသွားသယောင် ထင်လိုက်ရသည်။ ဒီမိုကရေစီကို အရောင်တင်ပေးနိုင်သော၊ အနုစိတ်အားဖြည့် ပေးနိုင်သော စွမ်းအင်များရှိ သည့် ဘာသာရပ်တခုအဖြစ် နားလည်မိ၏။

      အဆိုပါ လူထုအဓိကလူ့အဖွဲ့အစည်းဘာသာရပ်တွင် လူ့အဖွဲ့အစည်းဆိုသည်ကို လူတဦးထက်မ ကရှိခြင်းဖြင့် အဓိပ္ပါယ် ဖွင့်ဆိုထားပြီး မိသားစုသည် အသေးငယ်ဆုံးလူ့အဖွဲ့အစည်းဟု လေ့လာရ၏။ ထိုမှ တဆင့် မိမိရလိုက်သည်ကား မြန်မာ့လူ့အဖွဲ့ အစည်းကို ပြင်နိုင်ဖို့ မိမိမိသားစုကို အရင်ဆုံးပြင်ဆင်ဖို့။ ထို့နောက် မျှော်လင့်လိုလားသည့် လူ့အဖွဲ့အစည်းပုံဖော်ဖို့ဟုပင်။ မိသားစုအတွင်း အပြန်အလှန်ထိမ်းညှိခွင့် ကို ဖန်တီးထားသင့်သည်။ ကိုယ်ပိုင်ရပ်တည်စီမံခွင့် ( ) ကိုဖန်တီးပေးသင့်သည်။ မိသားစု၏ ယဉ်ကျေးမှုတန်ဖိုး (  ) ကို ဖန်တီးတည်ဆောက်သင့်သည်ဟုမြင်မိ၏။

   ကမ္ဘာဦးအစ၌ လူသည် တရိစ္ဆာန်နှင့် ယဉ်ကျေးမှုအဆင့်တူဟုဆို၏။ ပိုကောင်းသည်ဆိုသည်များကို လိုလားစွာ ရှာဖွေသိ မြင် တတ်ခြင်းများကြောင့် လူသည် တစစပို၍ပို၍ ယဉ်ကျေးလာ၏။ လူတွေဘယ်လောက် ယဉ်ကျေးလာပြီလဲဆိုသည်ကို တရိစ္ဆာန် များထက်ဘယ်လောက် ပိုယဉ်ကျေးလာလာပြီလဲဆိုသည့်ပေတံနှင့် တိုင်းတာနိုင်ပေသည်။ တဖန် တရိစ္ဆာန်တွင်ပင် ရိုင်းခြင်းနှင့် ယဉ်ခြင်းများရှိနေပြန်ရာ လူတွင်လည်း ထိုနည်း တူဖြစ်တန်ရာ၏။ လူ့အဖွဲ့အစည်းအတွက်လည်းအကျိုးမရှိ၊ ကိုယ့်အတွက် လည်းအကျိုးမရှိ မိုက်နေသူများ သည်လည်းကောင်း၊ လူ့အဖွဲ့အစည်းအကျိုးမရှိ ကိုယ်အကျိုးရှိ မိုက်နေသူများသည် လည်း ကောင်း ပညာ၊ ဥစ္စာ မည်မျှပင်ပြည့်စုံနေစေကာမူ ယဉ်ကျေးသည့်လူဟု ယူဆ၍မရ။

 

 

      လူ့အဖွဲ့အစည်းအကျိုးရှိ၊ ကိုယ့်အကျိုးရှိဆောင်ရွက်တတ်သူများနှင့် လူ့အဖွဲ့အစည်း အကျိုးရှိ၊ ကိုယ့်အကျိုးမရှိ ဆောင် ရွက်တတ်သူတို့သည်သာ ယဉ်ကျေးမှုအဆင့်မြင့်လူသားအဖြစ် လူ့အဖွဲကအစည်း က စံထားသင့်ကြပေသည်။ အဘယ်ကြောင့်မူ ဒီမိုကရေစီတွင် အများစုရွေးချယ်မှုဖြင့် ခေါင်းဆောင်ဆိုသည် ကိုရွေးချယ်ရာ၏။ ခေါင်းဆောင်များသည် မူဝါဒများကို ရေးဆွဲချမှတ်ကာ ရှေ့ဆောင်ကြရ၏။ ယဉ်ကျေးမှုအ ဆင့်မြင့်သူများကို ရွေးချယ်မိမှသာ လူ့အဖွဲ့အစည်းအကျိုး အမှန်တကယ် ဖြစ်ထွန်းနိုင်ပေမည်။ ယဉ်ကျေးမှု အဆင့်မြင့်သူများသည်သာ လူအများစုကို လေးစားတန်ဖိုးထားတတ်၍ ညှိ နှိုင်းတိုင်ပင်တတ်သည့် အလေ့ အထများရှိနိုင်ပေလိမ့်မည်။

` လူ့အဖွဲ့အစည်းအစ မိသားစုကဆိုသည့်စကားကို ပြန်ကောက်ရမည်ဆိုလျှင် ယဉ်ကျေးမှုအဆင့် မြင့်မားမှုကို အသိအမှတ် ပြုပေးခြင်းဖြင့် ပုံဖော်ပေးနိုင်သည်။ စည်းကမ်းတကျနေထိုင်တတ်မှု၊ အပြစ်ရှိလျှင် ပြစ်ဒဏ်ခံရသည့်အလေ့အထကို လက်ခံ တတ်မှု၊ တရားမျှတမှုကို လေးစားမြတ်နိုးတတ်မှုနှင့် တရားမျှတ မှုကို ရှာဖွေဖန်တီးလိုစိတ်တို့ကို ပြုစုပျိုးထောင်ထား သင့် ပေသည်။ လက်ဦးဆရာဖြစ်သည့်မိဘများမှ ပုံသွင်း မှန်လျှင် လူ့အဖွဲ့အစည်းအကျိုး ဖြစ်ထွန်းနိုင်မည်မှာမလွဲပေ။ဆိုလိုသည်မှာ မိသားစုအတွင်း ရွေးချယ်တင် မြှောက်ရန်၊ ဥပဒေတွေထုတ်နေရန်မဟုတ်။ လူ့အဖွဲ့အစည်းအတွင်း ပုံဖော်လိုသည်များကို လေ့ ကျင့်၊ ပုံသွင်း ပေးရုံမျှသာ။ သို့ဆိုလျှင် ပုံသွင်းပေးနိုင်လောက်သည့်အသိများ မိဘများတွင်ရှိဖို့လိုနေပြန်ပြီ။

      ၂၄ နာရီတွင် ၈ နာရီမျှတာဝန်ယူနေရသော ဆရာ၊ ဆရာမများတွင်လည်း အလားတူပင်။

 

ဒုက္ခသည်စခန်းအတွင်းဒီမိုကရေစီ

    နို့ဖိုးဒုက္ခသည်စခန်းရောက်စ ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာများအတွက် ပါဝင်တည်ဆောက်ခွင့်ကို အခိုက်အတန့်ရခဲ့ဖူးသည်။ မြန်မာနိုင်ငံကိုတည်ဆောက်ခွင့်မရပေမယ့် မြန်မာနိုင်ငံအစိတ်အပိုင်းတခုကို တည် ဆောက်ခွင့်ရခြင်းအတွက် အားစိုက်မိ၏။ အစပိုင်းတွင် တက်ကြွမှုများကြောင့် အောင်မြင်၏။ နောက်ပိုင်းတွင် လျောရဲလာကာ အခြေအနေမပြည့်စုံမှုတွေအကြား ပျက်စီး သွားခဲ့ရ၏။ ဆိုလိုသည်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားသည့်အနေအထားမှ ပုံမှန်အတိုင်း ထိုင်းအုပ်ချုပ်မှုအောက်သို့ ပြန် ရောက်သွားခြင်းပင်။ အကြောင်း ရင်းမှာ ကိုယ့်နိုင်ငံအတွင်းမဟုတ်ခြင်းနှင့် အတည်တကျရှိနေရမည့် လူ့အဖွဲ့အစည်းအမျိုး အစား မဟုတ်ခြင်း ဆိုသည့် အချက်များပါဝင်ပေသည်။

      မိမိစိုးရိမ်မိသည်မှာ အထက်ပါအခြေအနေများအပေါ်တွင် မူမတည်။ အခြားဆက်စပ်အတွေးအခေါ် များနှင့် အခြေအနေ များကြောင့်။ ဦးစွာဆိုခဲ့သလို မြန်မာပြည်ရဲ့အစိတ်အပိုင်းတခုဆိုပေမယ့် ရာခိုင်နှုန်းအရ ဆိုလျှင် လက်ရှိ ဒုက္ခသည်စခန်းရှိ လူအများသည် ပညာတတ်များဖြစ်ကြ၍ နိုင်ငံရေးဖြတ်သန်းမှုရှိကြသူများ ၏။ ရှင်းရှင်းဆိုရသော် ဒီမိုကရေစီလိုလားသူ များ ပေသည်။

 

      သို့သော် ပြဿနာကား ဒီမိုကရေစီအနှစ်သာရကို ဆုပ်ကိုင်မိသူရှား၏။ ဒီမိုကရေစီကို For the pe0ple,  by the people လောက်နှင့်သာ ကျေနပ်၍ ရပ်တန့်နေသူများ၏။ မိမိတို့မှ နားလည်သူများနှင့် အတွေ့အကြုံရှိသူများ ညှိနှိုင်းတိုင်ပင်၍ ဖွဲ့စည်း ပုံစည်းမျဉ်း။ ပြစ်မှုဆိုင်ရာဥပဒေ၊ ရပ်ကွက်သားများ လိုက်နာ ရမည့်စည်းကမ်းနှင့် လုံခြုံရေးဆိုင်ရာများလိုက်နာရမည့် စည်း ကမ်းများကို ဒေသနှင်ကိုက်ညီအောင်၊ မကျယ် မကျဉ်း ပြုစုထားကြသည်။ အများသဘောတူညီမှုကို တတ်နိုင်သမျှရယူထား သည်။ ဤသည်ကိုပင် အချို့ လူများက နိုင်ငံတခု တည်ဆောက်နေတာကျနေတာပဲ။ ဒီမှာ ဘယ်လောက်ကြာကြာနေဖို့ ပြင် ထားလိုလဲ ဆိုသည်များနှင့် ဆန့်ကျင်ပျက်ရယ်မှုပြုကြသည်။ မိမိတို့ယူဆသည်က လူဆိုသည်မှာ ဖောက်ပြန်တတ်သည်။ မှားယွင်းတတ်သည်။ လူတဦး၏ မှားယွင်းလွဲချော်ခြင်း၊အားနည်းချက်များရှိခြင်များကို မည်သည့်စံများဖြင့် တိုင်းတာ၍ မှားယွင်း သည်ဟုပြောဆိုကြမည်နည်း။ မည်သို့အပြစ်ပေး အရေးယူကြမည်နည်း။ သတ်မှတ် ချက်များ၊ သဘောတူညီမှုများမရှိလျှင် မည်သည့်အချက်များနှင့်ချိန်ထိုး၍ မည်သို့အကောင်အထည် ဖော် ဆောင်ကြမည်နည်း ဆိုသည်ပင်။

 

      ဒီမိုကရေစီဆိုသည်ကို မြတ်နိုးသည်ဆိုပါလျှင် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေဆိုသည်များနှင့် ကင်း ကွာ၍မရပါ။ ပရမ်းမတာ လုပ်ရပ်များ၊ မင်းမဲ့ဆန်နေမှုများနှင့် သွားနေ၍မရပါ။ မိမိတို့လိုချင်သည့် အနာဂတ် တိုင်းပြည်အတွက် ခုထဲကပင် ရသည့်နေရာ မှ လေ့ကျင့်တည်ဆောက်နေရမည်သာ။ မိမိတို့အတွေ့အကြုံအရ အတားအဆီးဖြစ်စေသော အချက်များအနက် ထောင်လိုက် အုပ်ချုပ်ရေး(သို့) ဗျူရိုကရေစီအုပ်ချုပ်ရေးကို လုံးဝ ငြင်းဆန်နေခြင်းပင်ဖြစ်ပေသည်။ နေရာတကာ အလျားလိုက်နည်း နာများ ဖြင့်သွားလိုကြသဖြင့် အချိန် ကုန်၊ အလုပ်မဖြစ်သည့် ပြဿနာများကိုလည်း မကြာခဏတွေ့ခဲ့ရပေသည်။ အချုပ်ပြောရလျှင် ဗျူရိုကရေစီ နှင့်ဒီမိုကရေစီကို ကွဲကွဲပြားပြားမသိခြင်းနှင့် စနစ်တကျမသုံးနိုင်ခြင်းတို့ကြောင့် ရပ်ကွက်အုပ်ချုပ်ရေးယန္တယား မှာ အချိန်တိုအတွင်းမှာပင် နိဂုံးချုပ်ခဲ့ရပေသည်။

ကိုယ်ခံအားနည်းလျှင် ရောဂါဝင်လွယ်သည်၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ ဟူ၍ ဆေးပညာတွင် ပြော စမှတ်ရှိကြသည်။လူ့အဖွဲ့အစည်းတွင်လည်း ဒီမိုကရေစီယန္တယားပျက်သည်နှင့် အာဏာရှင်ယန္တယားအလွယ်တကူ ၀င်ရောက် တတ်သည်။ ဒီမိုကရေစီမှာ ရေဆန်မျိုးဖြစ်၍ ယဉ်ကျေးမှုမြင့် သည်နှင့်အမျှ စည်းမျဉ်း၊ စည်းကမ်းများနှင့် ကြိုတင်ကျားကန် ထားရစမြဲ ဖြစ်ပေသည်။ အခွင့်အရေးများ တည်မြဲရှိဖို့ဆိုသည်မှာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများရှိမှသာ အသက် ၀င်၍ အာမခံချက်လည်း ရှိနိုင်ပေမည်။ ဤသည်ကို ဒုက္ခသည်ရပ်ကွက်တွင်း ဒီမိုကရေစီကို ကျင့်သုံးမိစဉ်မှရလိုက်သော အတွေ့ အကြုံ များပင်ဖြစ်ပေသည်။

      အဆိုပါ ဒီမိုကရေစီကျင့်စဉ် အစပိုင်းတွင်လည်း ရှစ်လေးလုံးကာလမှ ရနံ့မျိုးကို ရလိုက်ပေသည်။

 

ဒီမိုကရေစီနှင့် ထွေရာလေးပါး

      ဒီမိုကရေစီကို မတူညီသူများ ပူးပေါင်းနေထိုင်ကြမှသာ ရရှိနိုင်သည်ဟုလေ့လာဖူး၏။ မိမိအမြင်တွင် ထိုမျှလောက်နှင့် မလုံ လောက်ဟုယူဆမိသည်။ ထိုနေထိုင်မှုသည် ရေရှည်သဘောဆောင်ပြီး၊ တိုးတက်ဖွဲ့ဖြိုး မှုကို ဦးတည်နိုင်မှသာ ပြည့်စုံနိုင်မည် ဟု ယုံကြည်သည်။

      လူ့အဖွဲ့အစည်းတခုလုံကိုမဆိုထားနှင့် အသင်းအဖွဲ့များပင်လျှင် ထိုအခြေခံအယူအဆများနှင့် တည် ဆောက်နိုင်ဖို့လိုအပ်ပါ သည်။ မိမိတို့မျက်မှောက်တွင် အဖွဲ့အစည်းပေါင်းများစွာ ပေါ်ပေါက်ခဲ့ဖူး၏။ များမကြာ လှသောကာလတွင်ပင် တချို့မှာစုန်းစုန်း မြုပ်ပျောက်ကွယ်သွား၍ အချို့မှာ နာမည်သာကျန်တော့သည်။ အချို့မှာမူ လက်တဖက်ပင်မပြည့်လှသော ခေါင်းဆောင်ချည်း သက်သက်နှင့် ချီတက်နေကြဆဲ။ အား ကောင်းကောင်းနှင့် လှုပ်ရှားနိုင်သည့်အဖွဲ့အစည်းဟူ၍ ရှာမှရှာ။ မြန်မာ့သမိုင်းနှင့်ချီ၍ အားကောင်းခိုင်မာ သည့် အဖွဲ့အစည်းဟူသည်မှာမူ့  ။

      အသင်းအဖွဲ့များ အားကောင်းခိုင်မာမှုသည် လူတဦးချင်းစီတို့၏ သန်စွမ်းမှုထက် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှု အ ပေါ်တွင် ထိရောက်မှု ပိုနိုင်မည်မှာ အသေအချာ။ သို့အတွက် လူ့အဖွဲ့အစည်းတခုလုံး ဖွံ့ ဖြိုးတိုးတက်နိုင်စေရေးအတွက် အသင်းအဖွဲ့များ၏ အခန်းဏ္ဍသည် အဓိကကျနေပေသည်။ အသင်းအဖွဲ့များ အားကောင်းခိုင်မာဖို့ မည်သည်တို့လိုအပ်သနည်း ဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်လာပါသည်။

 

      အရင်းစစ်တော့ အမြစ်မြေကဆိုသည့်အတိုင်း အသင်းအဖွဲ့များ အားကောင်းခိုင်မာရေးအတွက် လူတဦးချင်းစီ အရည် အ သွေးရှိမှုကိုပင် ပြန်၍အခြေဆိုက်၏။ သူချည်းသက်သက်လားဆိုတော့ ပြည့်စုံသည် ဟုမဆိုသာ။ အဖွဲ့အစည်းဆန်ဆန်လုပ်ကိုင်တတ်မှုရှိဖို့ လိုနေသေးကြောင်း လက်တွေ့မြင်တွေ့နေရပေ သည်။ မူဝါဒရေးဆွဲသူ၊ အကောင် အထည်ဖော်ဆောင်သူနှင့် စီမံခန့်ခွဲသူများ အချိုးအစားညီညီ၊ သဟဇာတမျှ တစွာ လုပ်ကိုင်ဆောင်ရွက်တတ်ဖို့လိုပေသည်။ အဖွဲ့အစည်း၏ အားနည်းချက်များကို ဖော်ထုတ်ပြင်ဆင်၊ ဖြည့်စွက်ကာ အားကောင်းခိုင်မာမှုများ တိုးပွားလာစေရေးကို ကြံဆ တတ်ဖို မရှိမဖြစ်လိုအပ်လာပါသည်။

      ဤနေရာတွင် ဒီမိုကရေစီအပေါ် မိမိအမြင်တခုကို တင်ပြလိုပါသည်။ ဒီမိုကရေစီသဘောတွင် လူအများကအုပ်ချုပ်ခြင်း ဟူသော သဘော၌ လူအများဟုဆိုခြင်းသည် မိမိတို့မြင်နေသည်ထက် ပိုမိုအဓိပ္ပါယ်ရှိ နိုင်ပါသည်။ သင်္ချာသဘောအရ အရေ အတွက်များခြင်းထက် ရလဒ်တန်ဖိုးများခြင်းကို ဆိုလိုဟန်ရှိသည်။ ဥပမာ ၁ + ၁ သည် ပေါင်းခြင်းသဘောသက်သက်မျှ သာ ဖြစ်ပြီး ရလဒ် ၂ မှာလည်း ပုံမှန် အရည်အတွက်သ ဘောမျှသာ။ ပိုမိုရှင်းလင်းအောင်ပြောရလျှင် အရည်အချင်းတမျိုးစီရှိသော လူနှစ်ယောက်ပေါင်းခြင်းဖြင့် အရည်အချင်း နှစ်မျိုးရှိသောအလုပ်လုပ်နိုင်ကြခြင်းသည် ပုံမှန်သချာင်္သဘော။

 

 ဒီမိုကရေစီသဘောအရဆို လျှင် ၁ + ၁ ၏ အဖြေသည် ဒီမိုကရေစီကျင့်ကြံနိုင်မှုအားအပေါ်မူတည်၍ ၃၊ ၄၊ ၅ စသည့် ရလဒ် အမျိုးမျိုးကို ဖြစ်စေနိုင်ပေသည်။မျက်မှောက်ကာလတွင်ကား သချာင်္သဘော ပေါင်းစည်းခြင်းထက်ပင် ရလဒ်ပို၍ နည်းနေသည် မှာ ထင်သာမြင်သာပင်။ အရည်အချင်းရှိသူများ စုပေါင်းလုပ်ကိုင်ကာမှ တဦးချင်လုပ်ဆောင်မှုထက် ပိုနည်းသောရလဒ်သာ ထွက်ရှိသည်ဆိုလျှင် ထိုအဖွဲ့အစည်းသည် မကြာခင်ပျက်တော့မည်။

    တဦးချင်းလုပ်ဆောင်ရာမှ စုပေါင်းလုပ်ဆောင်ခြင်းဖြင့် အရေအတွက်ထက်ပိုသော အကျိုးရလဒ် ဖြစ်ထွန်းမှသာ ဒီမိုကရေစီ ကျင့်စဉ်မှန်ဟု ဆိုလိုရင်ဖြစ်ပေသည်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း ဖြစ်တည်မှု လမ်းကြောင်း အမှန်ဟုဆိုနိုင်ပေမည်။

သို့ပါ၍ တဦးချင်းသန်စွမ်းရေး တည်ဆောက်မှု၊ တဖွဲ့ချင်းအားကောင်း ခိုင်မာရေးတည်ဆောက်မှုများသည် လူ့အဖွဲအစည်း တည် ဆောက်မှုနှင့် သီးခြားကင်းလွတ်သည်၊ မသက် ဆိုင်ဟု ယူဆ၍မရနိုင်တော့။ ရည်ရွယ်ချက်ရှိရှိတည်ဆောက်ကြလျှင်မူကာ့း့  ။

      တဦးချင်း၊ တဖွဲ့ချင်းမှသည် မြန်မာ့လူ့အဖွဲ့အစည်း၏ရလဒ်ကောင်းများကို ဖန်တီးဖော်ထုတ်နိုင်စွမ်းရှိ ကြပါစေကြောင့်း့  ။

      ရှစ်လေးလုံးသင်းရနံ့ အားရပါရ ရှူရှိုက်ခွင့်ကို မျှော်လင့်စောင့်စားလျှက့့်  ။

      ၃၀ ၊ ၁၂ ၊ ၂၀၀၈         

 

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

မျက်မမြင်ပုဏားရဲ့ Civil Society လူဗိုလ်

 

            ဖိုးထောင် - မေးချိန်တန်လို့ မေးရတော့မှာပဲ ကိုလူပွားရေ။ တလောတုန်းက အင်တာနက်ထဲမှာ ပွဲဆူသွားခဲ့တဲ့ အတ္တ ပရဟိတလုပ်ငန်း၊ လမ်းသစ်နဲ့ ရေးချိန်တန်က ရေးရမှာပဲ ဆောင်းပါးတွေနဲ့ပတ်သက်တဲ့ ကိစ္စ လေး ရှယ်ပါဦးဗျ။ အဲ့ဒီထဲက Civil Society ဆိုတာလေးကိုရောပေါ့။

            လူပွား - ဖြေချိန်တန်လို့ဖြေလိုက်ပါ့မယ်ဗျာ။ ဖြေချင်လွန်းလို့ ကျွံသွားရင်သာ လွတ်ခွင့် ။ ဒီနေရာမှာ (၂)ပိုင်း ခွဲပြော ချင်တယ်ဗျာ။ တပိုင်းက ဆောင်းပါးကိစ္စ၊ နောက်တပိုင်းကတော့ Civil Society ကိစ္စပေါ့။ ပထမပိုင်းကို မပြောခင် ပလ္လင်တော့ ခံခွင့်ပြု။ ဒါက ကျနော့်မူနဲ့ငြိနိုင်လို့ပါ။ ကျနော့် မူအရဆိုရင် ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတွေလုပ်မှာမဟုတ်ဘူး။ လိုနေမယ် လို့မြင်တဲ့ အချက်အလက်တွေ၊ အယူအဆတွေကို ဖြည့်စွက်ရုံပဲ။ ဒီတော့ ဆောင်းပါးကိစ္စကို အကျဉ်းပဲ ပြောတော့မယ်။ Civil Society ကိုတော့ ကျနော်နားလည်သလောက် ပိုရှင်းချင်သဗျ။ 

            ဖိုးထောင် - နိဒါန်းကို ဤမျှလောက်နဲ့ရပါပြီ။ စပါတော့ဗျို့။

            လူပွား - ဒီလိုဗျာ။ ကျနော့်လက်ကိုင်စကားအရဆိုရင် ဒါတွေက လူမှုဗေဒတွေဗျ။ ချဲ့ချင်ရင် ချဲ့သလောက်၊ ငြင်းချင် ရင် ငြင်းသလောက်ရတယ်။ အချစ်ဆိုတာကို အဓိပÜါယ်ဖွင့်မယ်ဆိုရင် ၁ + ၁ = ၂ ဆိုတဲ့ သချာင်္သဘောမဟုတ်တာတော့ ကျိန်း သေတယ်။ ဒီတော့ အဖြေတွေက ရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ပေးဆပ်ခြင်းဆိုတာတွေ အမျိုးမျိုးထွက်လာမှာပဲ။ ဘယ်ဟာ မှန်ပြီး၊ ဘယ်ဟာမှားတယ်လို့ ပြောမလဲ ဗျာ။ ဒီသဘောပါ။ ဆောင်းပါးတွေနဲ့ပတ်သက်ပြီး ပြောစရာက တခုပဲ။ ပုံပြင်ထဲက မျက်မမြင် ပုဏ္ဏား တွေလို ကျနော်တို့မြင်တဲ့ အယူအဆတွေကို တင်ကြမှာပဲလေ။ တင်ပိုင်ခွင့်လည်းရှိတယ်။ အကျိုး ဆက်ကို ကြည့်တတ် ဖို့ပဲလိုမှာ။ (ဆရာ)လူထုစိန်ဝင်းက သူ့ဖြတ်သန်းမှုအတွေ့အကြုံတွေနဲ့ ခံယူ ချက်အမြင်တွေကိုအခြေခံပြီး NGOs တွေကိုဝေဖန် တဲ့ အတ္တပရဟိတလုပ်ငန်း ဆောင်းပါးကို ရေး တယ်။ ဒါကိုပဲ ကိုအောင်သူငြိမ်းကလည်း သူ့ ထိစပ်လေ့လာမှုနယ်ပယ်အရ လိုမယ်လို့ယူဆတာ လေးတွေကို လမ်းသစ်ဆောင်းပါးအမည်နဲ့ ဖြည့်လိုက်တယ်။ ဒါကိုပဲ ဦးဖိုးသာအောင်(နော်ဝေ) အပါ အ၀င် အခြားသူတွေက အပြန်အလှန်ငြင်းခုံဆွေးနွေးကြတယ်လေ။ သိပ်ကောင်းတဲ့ ဒီမိုကရေစီ ပြကွက်တခုပေါ့ဗျာ။ ကျနော်တို့လို ပရိသတ်အတွက်တော့ ဘက်စုံအမြင်တွေကို အလုံးအရင်းနဲ့ ရလိုက်ကြတာပေါ့။ တခုပဲရှိတယ်ဗျာ။ ဒေါသတွေ မသင့်မိကြရင် ပိုကောင်းမယ်။ 

 

            ဖိုးထောင် - ခင်ဗျား ပြောပုံက ယေဘူယျ သိပ်မဆန်လွန်းဘူးလား။

            လူပွား - ကျေးဇူးပဲ ကိုဖိုးထောင်ရေ။ တချို့ကိစ္စက ယေဘူယျလောက်ပဲ ရနိုင်သေးလို့ပါ။ ဆိုလိုတာက ဒီလို ဗျာ။ ပြီးခဲ့တဲ့အပတ်က ဆွေးနွေးသလိုပဲ ကျနော်တို့မှာ မီဒီယာယဉ်ကျေးမှုက အားမကောင်းနိုင်သေး တော့ တချို့ကိစ္စတွေကို မျက် ကွယ်ပြုထားလိုက်ရတာမျိုးပေါ့။ ခု NGOs ကိစ္စမှာလည်း ဒီလိုပဲ ယဉ် ကျေးမှု စ တုန်းဆိုတော့ ။ နောက်ပိုင်းမှာ ထိမ်းညှိနိုင် မယ့် ယန္တရားတွေဖြစ်တဲ့ NGOs Watch လို မျိုး NGOs တွေကို စောင့်ကြည့်လေ့လာမယ့်အဖွဲ့တွေပေါ်လာရင် ရှင်းသွားမှာပါ။ ဘူးသီးအမွှေး သတ် မလုပ်မိစေဖို့ အခုကာလလေးကို စိတ်ရှည်ဖို့ပြောချင်တယ်။ အကြောင်းတိုင်းမှာ အကျိုးတွေ ရှိတာပေါ့ဗျာ။ ဆေးဝါးတမျိုးကိုဖေါ်ထုတ်ရင်တောင်မှ ရောဂါအတွက် အကျိုးဖြစ်ထွန်းပေမယ့် ဘေး ထွက်ဆိုးကျိုးကတော့ ထပ်ရှိနိုင်သေး တာပဲ။ အစိုးရ မလုပ်နိုင်တဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးဖို့၊ အစိုးရကို ထိန်းညှိနိုင်ဖို့၊ အာဏာရှင်ရောဂါကို ကုသဖို့ ဖေါ်စပ် ထားတဲ့ NGOs ဆိုတဲ့ ဒီဆေးမှာလည်း Side Effect တော့ရှိမှာပေါ့ဗျာ။ ရောဂါလောက်မပြင်းထန်၊မဆိုးရွားဘူးဆိုရင်တော့ လက် ခံရမှာပဲ လေ။ ဒီထက်ကောင်းတဲ့ဆေးကို ဆက်ဖေါ်စပ်ကြဖို့၊ ဒီဆေးရဲ့အန္တရာယ်ကို ကာကွယ်ဖို့တို့ကို ထပ် တွေး၊ ထပ်အ ဖြေ ရှာကြရမှာပေါ့။ ကျနော်တို့က လူတွေပဲ။

            ဖိုးထောင် - မျောက်ပြဆန်တောင်း ဆိုတာကိုရော ခင်ဗျားဘယ်လိုလက်ခံမလဲ။

            လူပွား - ဒီနေရာမှာလည်း ကျနော်တို့ဗိုလ်ချုပ် နိုင်ငံရေးသမားဆိုတာနဲ့ပတ်သက်လို့ ပြောခဲ့သလိုပဲ (အိမ်ပေါ် ခွေးဝင် အိပ်ရုံနဲ့ ခွေးနေတဲ့အိမ်လို့ ခေါ်မရကြောင်းသဘောပါတဲ့ စကား) အကောင်း၊ အဆိုးကတော့ ဒွန်တွဲ ရှိနေနိုင်တာပဲဗျာ။ အကျိုး နဲ့အပြစ် ဘယ်ဒင်းကပိုများလဲ။ ဘယ်လောက်ပိုများလဲဆိုတဲ့ ပညာ သဘော၊  သုတေသနသဘောလေးတွေနဲ့ ယှဉ်ပြီး စဉ်းစား ဖို့လိုမယ်လို့ မြင်မိတယ်။ မီးဆိုတာ ပူ တယ်၊ မကောင်းဘူးလို့ ဒုံးတိအမြင်နဲ့ ပယ်လိုက်မယ်ဆိုရင် မီးကရနိုင်မယ့် အပူစွမ်း အင် တို့၊ အလင်း စွမ်းအင်တို့ကို ကျနော်တို့ရှုံးပြီပေါ့။ ငတ်နေတဲ့ မျောက်တွေအတွက် ရလိုက်တဲ့ဆန်ကိုလည်း မြင် တတ်ရမှာပေါ့ဗျာ။ ကဲ ဒီလောက်ဆို ဆောင်းပါးကိစ္စက လုံလောက်ရောပေါ့။ 

            ဖိုးထောင် - ကျေလည်ပါပြီဗျာ။ ခင်ဗျားအလိုအရဆို ဆရာကျော်ဝင်းရဲ့ ထြိုင်ယာလက်တစ် အမြင်လိုလို၊ တတိယ အမြင်လိုလိုပေါ့။ ဟုတ်ပါပြီ။ နောက်တခုဆက်ပါအုံး။

            လူပွား -Civil Society လား။ ဒီကိစ္စမှာလည်း စကားအခံတော့ ထားရအုံးမှာပဲဗျို့။ Civil Society နဲ့ပတ်သက်လို့ ကမ္ဘာ့ အတွေးအခေါ်ပညာရှင်တွေကိုယ်တိုင် ဘုံတူညီတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုတာ ရှိ သေးတာမဟုတ်တော့ လိုအပ်မှု၊ လွဲချော်မှု တွေရှိခဲ့ရင် သဘောထားကြီးပေးပေါ့ဗျာ။ နောက်တခုက ဒီ Civil Society ဆိုတာကို မြန်မာဘာသာနဲ့ အတည်သတ်မှတ်ထားတဲ့ စကားလုံးတောင် ရှိခဲ့တာ မဟုတ်ဘူးလေ။ လူထုအခြေပြု လူ့အဖွဲ့အစည်းတို့၊ လူထုအဓိကလူ့အဖွဲ့အစည်းတို့၊ အရပ်ဘက် လူမှု အဖွဲ့အစည်းတို့ဆိုပြီး သင့်တော်သလို ခေါ်ဝေါ်နေကြရတာ။ နောက်ပြီး မြန်မာလို ရေးထားတဲ့ စာအုပ်ဆိုရင်လည်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (BLC)ကထုတ်တဲ့ လူထုအဓိက လူ့အဖွဲ့အစည်း ဆိုတာနဲ့ ထိုင်းနိုင်ငံက ဓမ္မာဝဘ့်ဘာရေးထားတဲ့ စာအုပ်နဲ့ ပေါင်းမှ (၂) အုပ်လောက်ပဲရှိတာ။ ကျနော် ဆိုလိုတာက ကျနော်တို့နိုင်ငံမှာ Civil Society ဆိုတာ သိပ်မကျယ်ပြန့်သေးဘူး။ ဒီယဉ်ကျေးမှုက သိပ်အခြေမတည်နိုင်သေးဘူးလို့ သတိပေးချင်တာပါ။ 

 

 

            ဖိုးထောင် - Civil Society နဲ့ NGOs ဆိုတာက အတူတူမဟုတ်ဘူးလားဗျ။

            လူပွား - အဲဒါပေါ့ဗျာ။ တချို့ပညာရှင်တွေကိုယ်တိုင်က ဒီနှစ်ခုကို အတူတူလို့ သဘောထားကြတယ်။ NGOs, Third Sector, Third Force လို့ခေါ်တဲ့ တတိယ အင်အားစုတွေတည်ရှိခြင်းကိုပဲ Civil Society လို့ ယူဆ သူတွေရှိကြသလို၊ ဒါကို Civil Society ရဲ့ ထောက်တိုင်တခု၊ ယန္တယားတခုလို့ မြင်ကြတဲ့။ ပညာရှင်တွေလည်း ရှိကြတယ်ဗျ။ ခင်ဗျားကြိုက်သလိုသာ ယူပေတော့။ ကျနော်အခုပြောမှာက တော့ BLC ကထုတ်တဲ့ Civil Society စာအုပ်ထဲက အယူအဆတွေကိုပဲအများဆုံး ကိုးကား ပြီး ပြောမှာ။ ဒါပေမယ့် သီးခြားကြီးတော့မဟုတ်ပါဘူးဗျာ။ Civil Society နဲ့ပတ်သက်ပြီး တွေးခေါ်ခဲ့ ကြတဲ့ ပညာရှင်တွေ ရဲ့ အယူအဆတွေကို ပေါင်းစုထားတဲ့ သဘောပါပဲ။ နောက်ပြီး ဗုဒ¨ရဲ့အတွေး အခေါ်တချို့ ပါတယ်လို့တောင် မြင်မိတယ်ဗျာ။ 

            ဖိုးထောင် - ဘယ်လိုမျိုးလဲဗျ။ စိတ်ဝင်စားစရာကောင်းလှချည်လား။

            လူပွား - ဒီစာအုပ်ရဲ့ အခြေခံအယူအဆပိုင်းမှာ လူတဦးချင်းစီရဲ့ တိုးတက်ဖွံ့ဖြိုးမှုနဲ့ လူအဖွဲ့အစည်းရဲ့တိုး တက်ဖွံ့ဖြိုး မှုတွေကို ဟန်ချက်ညီအောင် ထိန်းညှိထားတဲ့အယူအဆလို့ ဖေါ်ပြထားတာကိုး။ အတ္တနဲ့ ပရကို ဟန်ချက်ညီအောင် ထိန်းညှိ ထားတာ၊ အတ္တနဲ့ပရဆိုတဲ့ အစွန်းတွေကို ရှောင်ထားတဲ့ အလယ် အလတ်လမ်းစဉ်ဆိုတော့ ဗုဒ¨အတွေးအခေါ် လို့ပြော ရမှာ ပေါ့ဗျာ။ 

            ဖိုးထောင် - ရှင်းလို့ရသမျှ ထပ်ရှင်းပြပါဦး ကိုလူပွားရေ။

            လူပွား - ဆိုလိုရင်းကဗျာ။ လူတဦးချင်းစီရဲ့ လွတ်လပ်မှု၊ တိုးတက်ဖွံ့ဖြိုးမှုကို အဓိကဗဟိုပြုတဲ့ လစ်ဘရယ် အတွေး အခေါ်မျိုးလည်းမဟုတ်ဘူး။ လူ့အဖွဲ့အစည်းလွတ်မြောက်မှု၊ တိုးတက်ဖွံ့ဖြိုးမှုတို့ကိုပဲ အဓိက အာရုံပြုတဲ့ ဆိုရှယ်လစ်၊ ကွန်မြူ နစ် အတွေးအခေါ်မျိုးလည်းမဟုတ်ဘူး။ လူတဦးချင်း အကျိုးစီးပွား အခြေခံကနေ လူ့အဖွဲ့အစည်းရဲ့အကျိုးစီးပွားကို စဉ်းစားတဲ့ အတွေးအခေါ်အယူအဆဆိုပါတော့၊လူတဦးချင်းတိုင်းကို အရည်အသွေးရှိအောင် ပြုစုပျိုးထောင်ပေးရင်း၊လူသားအရင်း အမြစ် တွေအား ကောင်းလာအောင် စဉ်ဆက်မပြတ်တည်ဆောက်ပေးပြီး လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်တဲ့နည်း ပေါ့ဗျာ။ 

 

            ဖိုးထောင် - ခင်ဗျားပထမပြောတဲ့ လစ်ဘရယ်အယူအဆနဲ့ ဘာကွာလို့လဲဗျာ။

            လူပွား - လစ်ဘရယ်မှာက လူ့အဖွဲ့အစည်းကို ပြန်အကျိုးပြုရမယ့် အတွေးအခေါ်ကို ထည့်မထားတာလောက် ပဲကွာ တာပါ။ Civil Society မှာကတော့ စောစောကပြောသလို လူတဦးချင်းစီအရည်အသွေးရှိဖို့အ တွက် လူ့အဖွဲ့အစည်းက တာဝန် ယူရတယ်။ ဒီလိုနဲ့ လူတဦးချင်းစီတွေ အရည်အသွေးရှိလာပြီဆိုရင် လူ့အ ဖွဲ့အစည်းအတွက် တာဝန်တွေပြန်ယူကြရတယ်လေ။ တာဝန်အနေနဲ့က ပေးအပ်တဲ့တာဝန်ဆို တဲ့ သာမန်စားဝတ်နေရေးကို ဖြေရှင်းရုံတာဝန်နဲ့၊ အသိစိတ်အရ တာဝန်ဆိုတဲ့ ပရဟိတ သဘော ပါတဲ့ တာဝန်ဆိုပြီး ရှိတာပေါ့။ ဥပမာဗျာ ဆေးကျောင်းဆင်းကျောင်းသားတဦး ဆေးရုံတခုမှာ တာဝန် ထမ်းဆောင်တာ ဟာ သာမာန်သဘော တာဝန်ထမ်းဆောင်တာပေါ့။ ဒါပေမယ့် ဒီဆရာဝန် ကပဲ သူ့သဘောဆန္ဒအရ ကျန်းမာရေးပညာပေး လုပ် ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း တွေကို ကိုယ်ပိုင်အစီအစဉ်နဲ့ အခမဲ့လုပ်တာတို့၊ ဆေးဝါးကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေ တည်ထောင်တာတို့က အသိစိတ်အရ ထမ်းဆောင်တဲ့တာဝန်တွေပေါ့ဗျာ။ ဒီတာဝန်တွေက လူ့အဖွဲ့ အစည်းရဲ့ ယဉ်ကျေးမှုတန်ဖိုးတွေကို မြှင့်တင်ပေးနိုင်တဲ့ အဓိကမောင်းနှင်အားတွေ ဖြစ်သွားတယ် လေ။

            ဖိုးထောင်-  လူတဦးချင်းစီအကျိုးနဲ့ လူ့အဖွဲ့အစည်းအကျိုးကို သဟဇာတရှိရှိ ချိန်ညှိထားတဲ့ အတွေးအခေါ်ပေါ့နော်။

            လူပွား - ဟုတ်ပါ့ဗျာ။ ဒါကြောင့် ဗုဒ္ဓရဲ့အလယ်အလတ်လမ်းစဉ် မဇ္ဈိမပဋိပတာလို့ မြင်မိတာပေါ့။ ဒီလိုပဲ ကျနော့် အမြင်မှာ ဒီကနေ့ ကမ္ဘာမှာခေတ်စားနေတဲ့ အတွေးအခေါ်တွေမှာလည်း သတိထားမိတယ်။ ဥပမာဆိုရ ရင် Human Rights (လူ့အခွင့်အရေး) အတွေးအခေါ်မှာ လူတဦးချင်း အခွင့်အရေးနဲ့ အုပ်စုအခွင့်အရေးကို သဟဇာတဖြစ်အောင် ထိမ်းညှိတာတို့၊ The Rule of Law (တရားဥပဒေစိုးမိုး ရေး)မှာ အကြွင်းမဲ့လွတ်လပ်မှုမျိုးဖြစ်တဲ့ မင်းမဲ့စရိုက်နဲ့ အာဏာရှင်စနစ်ဆိုတဲ့ အစွန်း တွေကို ရှောင်ပြီး၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို အချိုးအစားညီညီ ထိမ်းညှိတာမျိုးတွေဟာ အလယ်အလတ် လမ်းစဉ်ပဲပေါ့။ အလယ်ဆို ပေမယ့် အလယ်တည့်တည့် ဟိုဘက်(၅၀)၊ ဒီဘက်(၅၀) ပေါင်းထားတာ မျိုးမဟုတ်ပဲ၊ လူ့အဖွဲ့အစည်းတွက် အကျိုး အဖြစ်ထွန်းနိုင်ဆုံးဆုံမှတ်ကို ဆိုလိုတာပေါ့။ လူ့အဖွဲ့ အစည်းရဲ့လုံခြုံမှုကို မထိပါးဘဲ လွတ်လပ်ခွင့်တွေ ခံစားရရှိနိုင်မယ့်အခြေ အနေမျိုးပေါ့ဗျာ။ 

            ဖိုးထောင် - အတွေးအခေါ်အရတော့ ဟုတ်ပါပြီဗျာ။ ကဲ့လုပ်ပါဦး ခင်ဗျားပြောတဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုတာက ဘာလဲ။

            လူပွား - ဒီဖွဲ့စည်းတည်ဆောက်မှုမှာလည်း တပင်တိုင်တည်ဆောက်မှုမျိုးကို ယဉ်ကျေးမှုမြင့်လာတဲ့လူတွေက မလို လားကြတော့ဘူးဗျ။ ဥပမာဗျာ။ သစ်ပင်တပင်ဆိုပါတော့ ။ ဒီသစ်ပင်ရှင်သန်မှုဟာ ပင်စည် ဆိုတဲ့ တခုတည်းသောထောက် ပေါ်မှာ တည်မှီနေရတယ်လေ။ ပင်စည်ကျိုးတာနဲ့ ဒီသစ်ပင်သေပြီ။ ဒါက သစ်ပင် ။ ကျနော်တို့ရှင်သန်နေရတာက လူ့အဖွဲ့ အစည်းနဲ့။ အစိုးရဆိုတဲ့ ပင်စည်တခုထဲ၊ ခြေထောက်တခုတည်းပေါ်မှာ အားပြုနေလို့မရတော့ဘူး။ ဒီနေရာမှာ အစိုးရဆိုတာ ကိုငြင်းနေတာ မဟုတ်ဘူးနော်။ အစိုးရ ဒါမှမဟုတ် အုပ်ချုပ်သူရှိဖို့ လိုတယ်ဆိုတဲ့လူသားအစဉ်အဆက် လက်ခံခဲ့ တာတွေကို မှားတယ်လို့ပြောနေတာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ချည်းသက်သက်ကို တာဝန်တွေ ပုံပေးထားတာဟာ အန္တရာယ်ရှိတယ် လို့မြင်လာကြပြီ။ ဒါကြောင့်ပဲ စားပွဲလို၊ ကုတင်လို ထောက်တွေ တိုးချဲ့နိုင်ဖို့ စဉ်းစားလာတာ။ ဒါမှ ထောက်တထောက်က အား နည်းနေရင်တောင် ကျန်ထောက်တွေ က ၀ိုင်းရံနိုင်ကြမှာလေ။ တာဝန်တွေကို တနေရာထဲပုံမထားဘဲ သက်ဆိုင်ရာ၊ သန်စွမ်းရာ ခွဲယူကြ တဲ့ သဘောပေါ့။

            ဖိုးထောင် - ဘယ်လိုထောက်တွေလဲဗျာ။ သိပ်နားမလည်သေးဘူး။

            လူပွား - လိပ်ပတ်လည်လာမှာပါဗျာ။ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး တွေးခေါ်ခဲ့ကြတဲ့ ပညာရှင်ကြီးတွေက လွတ်လပ် တဲ့ဈေးကွက်နဲ့ လူ့အဖွဲ့အစည်းကြီးကို ကျားကန်ဖို့တို့၊ တရားရေးစနစ်ကြီးတွေနဲ့ တရားမျှ တမှုကို တည့်မတ်ထိန်း ကျောင်းပေး ဖို့တို့၊ ခုနက NGOs လို့ပြောတဲ့ လွတ်လပ်တဲ့အသင်းအဖွဲ့တွေရဲ့ အားနဲ့ လွတ်လပ်ခွင့်တွေကို ဆောင်ကြဉ်းပေးဖို့တို့ကို တွေးဆ လာခဲ့ကြတယ်လေဗျာ။ ဒါတွေက ထောက်တိုင်ကြီးတွေဖြစ်လာတာပေါ့။

            ဗုဒ္ဓရဲ့တရားတော်ထဲပါတဲ့။ လောကပါလတရားဆိုတာလေဗျာ။ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်းတို့ရှိတဲ့ လောကနိဗ္ဗာန်ဆိုတာပေါ့။ အဲဒီတော့ အစိုးရဆိုတာ လူ့အဖွဲ့အစည်း ငြိမ်း ချမ်းခြင်းရှိစေဖို့၊ ရှိနေတဲ့ ငြိမ်းချမ်းခြင်းတရားတွေ တည်မြဲနိုင်ဖို့ တာဝန်ယူပေးပေါ့။ ဒါကိုပဲ နိုင်နိုင် နင်းနင်းထမ်းဆောင်ပေါ့။ တခြားသူတွေနဲ့ဆိုင်တဲ့ တာဝန်တွေကိုလည်း ခွဲဝေ ပေးပေါ့။ ဥပမာဗျာ။ တရားမျှတမှုကိုရှာဖွေပေးမယ့် တာဝန်တွေကို တရားရုံးတို့၊ တရားစီရင်ရေးယန္တယား တို့ကိုလွှဲပေး ပေါ့။ လွတ်လပ်ခြင်းတွေကို ဆောင်ကြဉ်းပေးမယ့် NGOs တွေကိုလည်း လွတ်လပ်ခြင်းဆိုင်ရာ တာဝန်တွေ လွှဲအပ်ပေးပေါ့။ တိုင်း ပြည်(သို့) လူ့အဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးရေးဆိုင်ရာတွေအတွက်လည်း ပုဂ္ဂလိကဆိုင်ရာစီးပွားရေးယန္တယားတွေကို တည်ထောင်ခွင့် ပေးပေါ့။ ကိုယ့်သက်ဆိုင်ရာ ယန္တယား တွေကို နိုင်နိုင်နင်းနင်းတာဝန်ယူကြ၊ အပြန်အလှန်ထိန်းကျောင်းကြ၊ အပြန်အလှန် အမှီသဟဲပြုနိုင် ကြမယ်ဆိုရင် လောကပါလတရားနဲ့ညီတဲ့ လူ့အဖွဲ့အစည်းကြီးဆိုတာ ပေါ်ထွန်းလာမှာပေါ့ဗျာ။ 

            ဖိုးထောင် - ကောင်းပါ့ဗျာ။ အပြောက ချောလို့။ ခင်ဗျားပြောတဲ့ တရားရေးဌာနတခုလောက်နဲ့တင် တရားမျှတမှုကို ရှာဖွေပေးနိုင်ဖို့ လုံလောက်ပါ့မလား ကိုလူပွားရ။

            လူပွား - ဒါကတော့ဗျာ။ လူပဲ။ လိုလျှင်ကြံဆပေါ့။ တရားသေဆိုတာ ခေတ်မစားတော့ပါဘူး။ ဘာတွေလို့လဲ ထပ်ဖြည့် ပေါ့။ ကျနော်လေ့လာဖူးတဲ့ Civil Society အခြေခံတဲ့ နိုင်ငံတွေမှာဆိုရင် တရားရေးဌာန တွေအပြင် တရားမျှတမှုကို ရှာဖွေပေး နိုင်မယ့် ယန္တယားတွေအဖြစ် ရွေးကောက်ပွဲကော်မရှင်တို့၊ လူ့အခွင့်အရေးကော်မရှင်တို့၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်တို့၊ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ကိုပါ အားဖြည့်ထားကြတာတွေ့ရတယ်။ ဒီလိုပဲ လွတ်လပ်မှုတရားကို ရှာဖွေကြမယ့် NGOs လို့ပြောတဲ့ လွတ်လပ်တဲ့အသင်းအဖွဲ့တွေနေရာမှာလည်း မီဒီယာတို့၊ အတိုက်အခံနိုင်ငံရေး ပါတီတို့၊ သမဂ္ဂတို့၊ အစည်း အရုံးတို့၊ ပညာရှင်အသင်းတို့၊ သုတေသနအဖွဲ့တို့၊ လူ့အခွင့်အရေးအဖွဲ့ ပေါင်းစုံတို့ ပါဝင်လာကြတာတွေ့ရတယ်ဗျ။ အဓိကက လူ့အဖွဲ့အစည်းမှာ အန္တရာယ်ရှိနိုင်တယ်လို့ ယူဆရတဲ့ အစိုးရဆိုတာနဲ့ စီးပွားရေးအင်အားစုတွေကို ထိန်းညှိနိုင်ဖို့အတွက် ကျန် ယန္တယားတွေ အားကောင်းသထက်ကောင်းလာအောင် ပြင်နေကြရတာပေါ့ဗျာ။ 

 

            ဖိုးထောင် - မျက်စိထဲမှာတော့ ရှင်းသလိုလိုဖြစ်လာပါပြီ။ လိုတာလေးတွေ ဆက်ရှင်းပေးပါဦး။

            လူပွား-ကျနော်ပြောချင်တာကိုချုပ်ရရင် Civil Society ဆိုတာ NGOsဆိုတဲ့ တတိယအင်အားစုသက်သက်ကို ကွက်ပြီး ပြောနေတာမဟုတ်ဘူးဆိုတာရယ်။ လူတွေကိုယ်တိုင်က လူ့အဖွဲ့အစည်းကိုတည် ဆောက်တဲ့နေရာမှာ အတ္တနဲ့ပရကို သဟဇာ တဖြစ်အောင်၊ အစွန်းမရောက်အောင် တွေးခေါ်နိုင်ကြဖို့ လိုတယ် ဆိုတာပါပဲဗျာ။ ဒီလိုအတွေးအခေါ်တွေနဲ့ ကိုယ်ထက်သန်ရာ ယန္တယားတွေထဲမှာ ပါဝင်ရှင် သန်ကြရင်း လောကပါလတရားကြီးထွန်းကားလာအောင် အသိစိတ်နဲ့ယှဉ်တဲ့ တာဝန်တွေကို ထမ်း ဆောင် ကြတာဟာ Civil Society လို့ပဲ ကျနော်တော့ ယုံတယ်။ 

            ဖိုးထောင် -  Civil Society နဲ့ပတ်သက်လို့ ပညာရှင်အသီးသီး ဖွင့်ဆိုကြတဲ့အထဲ ခင်ဗျားသဘောနဲ့ တူတာလေး တွေဆိုရင် ဘာကိုပြောမလဲ။ ကြားပါရစေ။

            လူပွား - Civil Society ကို ဖွင့်ဆိုကြတဲ့အထဲ အစောဆုံးကာလ ပညာရှင်ထဲကဆိုရင် စီဆေရိုရဲ့ `တရားဥပ ဒေစိုးမိုးမှု ရှိတဲ့ ငြိမ်းချမ်းပြီး စနစ်ကျတဲ့လူ့အဖွဲ့အစည်းဆိုတဲ့ အပြောနဲ့၊ ဒီကနေ့ကာလထဲကဆိုရင်တော့ ဓမ္မာဝဘ့်ဘာရဲ့ `Post -modern politics (ခေတ်လွန်နိုင်ငံရေး)`ဆိုတဲ့ အသုံးတွေကို သဘောကျပြီး၊ သဘောလည်းတူတယ်ဗျာ။

            ဖိုးထောင် - အဆစ်အနေနဲ့ ပြောခွင့်ရမယ်ဆိုရင်

            လူပွား - စာရေးဆရာမ ဂျူးရေးတဲ့ `အမုန်းကြောင့်ဖြစ်သောစစ်ပွဲများ` စာအုပ်ထဲက လူတွေက အဆောက် အဦး တွေကိုဆောက်တယ်။ ပြီးတော့ အဆောက်အဦးတွေက လူတွေကိုပြန်ဆောက်တယ် ဆိုတာ လိုပေါ့။ ကျနော်တို့ကိုယ်တိုင် တည်ဆောက်လိုက်ကြတဲ့ လူ့အဖွဲ့အစည်းကြီးကပဲ ကျနော်တို့ဘ၀ တွေကို ပြန်တည်ဆောက်တတ်တယ်ဆိုတာ တကယ့် ဘ၀ ပေးအသိတွေနဲ့ သတိထားမိကြဖို့ လိုပြီ ဗျာ။ ကျနော့်အမြင်အရ Civil Society ဆိုတာ ပိုကောင်းတဲ့၊ ပိုယဉ်ကျေးတဲ့ လူ့အဖွဲ့ အစည်းတရပ် တည်ဆောက်ခြင်းဆိုင်ရာ ဘာသာရပ်တခုပေါ့ ကိုဖိုးထောင် ။ ။

            ၁၉/၁၁/၂၀၀၉ 

 

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

လူထုအနေနဲ့ သာဓုခေါ်ရုံဦးဖိုးသာအောင် (နော်ဝေ) 

 

လာမည့် ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရ၏ ရွေးကောက်ပွဲနှင့်အတူ စစ်အာဏာရှင်စံနစ်ကပဲ ဆက်လက်အောင်ပွဲခံသွားမှာပါပဲ။
ကိုယ့်ပြည်တွင်းရေး ကိုယ့်ဖါသာဖြေရှင်းကြမယ်ဆိုတဲ့၊ စစ်အစိုးရနဲ့ အတိုက်အခံအဖွဲ့ဆိုသူတွေလည်း သူတို့ ရည်ရွယ်ချက်တွေ အောင်မြင်သွားကြပါပြီ။

ဘယ်နိုင်ငံကမှ ဝင်ရောက်စွက်ဖက်ခွင့်မရကြလို့ပါ။ ပြည်သူတွေရဲ့ ဘဝကတော့ ဆိုးသထက်သာဆိုးဖွယ်ရှိပါတယ်။ ကိုယ့်ပြည်တွင်းရေးကိုယ်ရှင်းမယ် ဆိုတဲ့ အတိုက်အခံဆိုသူတွေလည်း ဆက်လက်ပြီး တိုက်ပွဲဝင်နေကြအုံးမှာပါပဲ။ ဒီအတိုင်းဆိုရင်တော့ စစ်အစိုးရက အမေရိကန်နဲ့ ပေါင်းပြီး ဒီမိုကရေစီ ဖေါ်ဆောင်ပေးမယ်ဆိုရင်တော့ လူထုအနေနဲ့ သာဓုခေါ်ရုံပဲပေါ့ဗျာ။


ဦးဖိုးသာအောင် (နော်ဝေ)

29.12.2009

 

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

“ လွတ်မြောက်မှုအရုဏ်ဦး ”---ဝေမော်  

 

အသားအရောက်ခွဲခြားမှု မူဝါဒက ကျနော်တို့နေထိုင်ရာ တောင်အာဖရိကနိုင်ငံနဲ့ ပြည်သူတွေကို ရှည်ကြာ စူးနစ်တဲ့ ဒါဏ်ရာ ဒါဏ်ချက်တွေဖြစ်ပေါ် စေခဲ့ပါတယ်။ ကျနော်တို့ မျိုးဆက်တွေက အဲဒီနာကျင်မှုကိုဖြေဖျောက်နလန်ထူအောင် စွမ်းဆောင် နိုင် စွမ်းမရှိရင်တော့ အခြေ အနေတွေဟာ နောင်နှစ်ပေါင်း များစွာတိုင် ဒီအတိုင်း ဆက်ပြီး ဇာတ်မျောနေမှာ အသေအချာပါဘဲ။ သို့သော်လည်း ဆယ်စုနှစ်များစွာ ဖိနှိပ်ချုပ်ချယ်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် အုပ်စိုးသူ လူဖြူအစိုးရရည်ရွယ် မထား တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပြီး ကျနော်နဲ့အတူ အသားအရောင် ခွဲခြားမှုစနစ်ကို တွန်းလှန်တိုက်ဖျက်ခဲ့တဲ့ အာဖရိ ကန်သူရဲကောင်းတွေဖြစ်တဲ့ ဝေါ်တာစီစူလူး (Walter Sisulus)၊ ချိဖ်လူသူလစ် (Chief Luthulis)၊ ယူဆပ်က်ဒူးစ် ( Yusuf Dadoos)၊ ဘရမ်ဖစ်ချာ (Bram Fishers)၊ ရောဘတ်ဆိုဘူကွီး (Robert Sobukwes) တို့လို ထူးကဲတဲ့ သတ္တိရှင်တွေ၊ အမြော် အမြင်ကြီးသူတွေ၊ သဘောထားကြီးသူတွေ စတဲ့ တုနှိုင်းမမှီ ပုဂ္ဂိုလ်ကျော်တွေကိုလည်း မွေးဖွားသန့်စင်ပေးလိုက်ပါတယ်။

 

 

အထွတ်အထိပ် ဇာတ်ကောင် သူရဲကောင်းတွေ ပေါ်ထွန်းလာဖို့ နက်ရှိုင်းတဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လိုအပ်တာလည်း ဖြစ်တန် ကောင်းပါတယ်။ တောင်အာဖရိကဟာ တွင်းထွက်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ ပြည့်လျှမ်းကြွယ်ဝတဲ့၊ မြေဩဇာ ကောင်း မွန်တဲ့ တိုင်းပြည်ဆိုပေမယ့် ကျနော့်အမြင်မှာတော့ တိုင်းပြည်ရဲ့ အကြီးမားဆုံးကြွယ်ဝချမ်းသာမှုက အပြစ်အနာ အဆာ အကင်းဆုံး အရည်အသွေး အကောင်းမွန်ဆုံး စိန်တွေထက် ပိုပြီး မွန်မြတ်သန့်စင်တဲ့ ကြီးကျယ်ခန်းနားတဲ့ ပြည်သူလူထုကြီးပဲ ဖြစ်ပါတယ်။

လွတ်မြောက်မှုအတွက် ရုန်းကန်လှုပ်ရှားတိုက်ပွဲဝင်နေတဲ့ ရဲဘော်ကြီးတွေထံမှ “ရဲစွမ်းသတ္တိ” ဆိုတဲ့ ဝေါဟာရအနက်ဖွင့်ဆိုချက် ကို ကျနော်သိမြင်နားလည်လိုက်ပါတယ်။ အကြိမ်ပေါင်းများစွာပင် ယုံကြည်ခံယူချက်တွေအတွက် မိမိတို့ရဲ့ အသက်တွေကို စွန့်လွှတ် ပေးဆပ်သွားခဲ့တဲ့ အမျိုးသား/အမျိုးသ္မီးတွေကို ကျနော်ကြုံဖူးပါတယ်။ ထိုးနှက်တိုက်ခိုက်မှု၊ ညှင်းပန်းနှိပ်စက်မှုတွေကို မရပ်မနားစွမ်းပကားပြကာ ကြံ့ကြံ့ခံဇွဲသတ္တိအပြည့်နဲ့ ရင်ဆိုင် တိုက်ပွဲဝင်သူတွေကို ကျနော်တွေ့ကြုံဖူးပါတယ်။ အဲဒီမှာပဲ ရဲစွမ်း သတ္တိဆိုတာ ကြောက်ရွံ့မှု ကင်းစင်ခြင်းမဟုတ်၊ ကြောက်ရွံ့မှုကို ကျော်လွှားလွန်မြောက်ခြင်းဖြစ်တယ်ဆိုတာ ကျနော် သိမြင် လိုက်ပါတယ်။ ကျနော်ကိုယ်တိုင်ကပင် ကြောက်ရွံ့ခြင်းဆိုတာကို အကြိမ်ပေါင်း မရေမတွက် နိုင်အောင်ထိတွေ့ခံစားခဲ့ရ ပါ တယ်။ သို့ပေမယ့် ကျနော်က ကြောက်ရွံ့ခြင်းကို ရဲရင့်ခြင်းဆိုတဲ့ ဟန်ဆောင်ဖုံးကွယ်မှုနောက်မှာ ကွယ်ဝှက်ထားလိုက်ပါတယ်။ ရဲရင့်သူဆိုတာ အကြောက်တရားကို ထိတွေ့ခံစားသူမဟုတ်သည်သာမက အကြောက်တရားကို အောင်နိုင်သူလည်းဖြစ်သည်။

 

တောင်အာဖရိကမှာ ဒီလို မဟာပြောင်းလဲမှုကြီး ဖြစ်ပေါ်လာမယ်ဆိုတဲ့ မျှော်လင့်ချက်မျိုး ကျနော် ဘယ်သောအခါကမှ ပျောက် ကွယ်မသွားခဲ့ပါဘူး။ အထက်မှာ ကျနော် ရည်ညွှန်း ဖော်ပြထားသလို မဟာသူရဲကောင်းများရဲ့စွမ်းဆောင်မှုကြောင့် သာမက သာမန် ပြည်သူ ပြည်သားများရဲ့ ရဲစွမ်းသတ္တိတွေကြောင့် ယခုလိုပြောင်းလဲမှုကြီးဖြစ်ပေါ်လာတာပါ။လူသားတိုင်းရဲ့ နှလုံးအိမ်ထဲ မှာ သနားညှာတာမှုနဲ့ သဘောထားကြီးမှုတွေရှိနေတယ်ဆိုတာကို အမြဲလိုလို ကျနော် သတိထားကြုံတွေ့ရပါတယ်။ ဘာသာတရားကွဲပြားမှုကြောင့်၊လူမှုရေးနောက်ခံမတူညီတာကြောင့် အသားအရောင်ကွဲပြားမှုကြောင့် တပါးသူအပေါ်မှာ အမုန်း တရားနဲ့ မွေးဖွားလာသူရယ်လို့မရှိပါဘူး။ လူတွေဟာ မုန်းတတ်အောင် သင်ယူကြရမယ်။ မုန်းတတ်လာပြီဆိုရင်တော့ သူတို့ကို ချစ်တတ်အောင် သင်ပေးလို့ရတယ်။ ဘာ့ကြောင့်လဲဆိုတော့ လူ့နှလုံးသားက အမုန်းတရားထက် ချစ်ခြင်းမေတ္တာတရားကို စေ့ ဆော်ပေးတတ်တဲ့ သဘာဝရှိလို့ပါဘဲ။ အကျဉ်းထောင်ထဲမှာ ကျနော်တို့တတွေ ဘေးကျပ်နံကျပ် အခြေအနေကို တွန်းပို့ခံခဲ့ရတဲ့ အပြင်းထန်ဆုံး ကာလတွေမှာ တောင်မှ ထောင်ဝန်ထမ်းအစောင့်ထံမှ လူသားဆန်မှု အရိပ်အငွေ့ကလေးနဲ့ ကြုံကြိုက်ခဲ့ရဖူး ပါ တယ်။ စက္ကန့်ပိုင်းမျှ တခဏလေးကြုံတွေ့ရတာဖြစ်ပေမယ့် အဲဒီအတွေ့အကြုံက ကျနော့်ကို ပူပန်သောကတွေ ငြိမ်းအေးစေပြီး လုံခြုံစိတ်ချမှုကိုဖြစ်ပေါ်စေပါတယ်။ လူသားတွေရဲ့ ကြင်နာမှုဆိုတာပုန်းလျှိုးကွယ်လျှိုးရှိတတ်ပေမယ့် ဘယ်တော့မှ ငြိမ်းမသွား တဲ့ မီးတောက် မီးလျှံဖြစ်ပါတယ်။

ကျနော်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစားနဲ့ အမြင့်မားဆုံး လုပ်ဆောင်ခဲ့ပါတယ်။

 

 

 လွယ်ကူချောမွေ့တဲ့ လှုပ်ရှားမှုလမ်းကြောင်း တခုဖြစ်လိမ့်မယ်လို့ ထင်ယောင် ထင်မှား မဖြစ်ခဲ့ပါဘူး။ ကျနော်လူငယ်ဘဝမှာ ANC ပါတီနဲ့ ဆက်သွယ်တဲ့အခါ ရဲဘော်တွေဟာ သူတို့ယုံကြည်မှုအတွက် မြင့်မြင့်မားမား စွန့်လွှတ်ပေးဆပ်တာကို တွေ့မြင်ခဲ့ ပါရတယ်။ ကျနော်ကိုယ်တိုင်အနေနဲ့လည်း အဲဒီ့ရုန်းကန်လှုပ်ရှားမှုအတွက် လုပ်ကိုင်ဆောင်ရွက်ရတာကို ဘယ်သောအခါမျှ နောင်တမရမိပါ။ ပြီးတော့ ကျနော့်အပေါ် သက်ရောက်လာတဲ့ အခက်ခဲတွေကို ရင်ဆိုင်ဖို့လည်းအမြဲတမ်းအသင့်ဖြစ်နေပါတယ်။ ကျနော့် မိသားစုကတော့ ကြောက်မက်ဖွယ်စွန့်လွှတ်မှုတရပ်အနေနဲ့ သဘောထားပါတယ်။ ကျနော့ရဲ့ စွန့်လွှတ်လုပ်ဆောင် မှု အတွက် ဂရုဏာသက်လွန်းတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

လောကမှာ လူသားတိုင်းထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားနှစ်ရပ်ရှိပါတယ်။ တရပ်ကတော့ မိမိရဲ့ မိသားစုအတွက်၊ မိမိရဲ့မိဘ နှစ် ပါး အတွက်၊ မိမိရဲ့ ဇနီးနဲ့ သား/သ္မီးတွေအတွက် ဆောင်ရွက်ရမဲ့ ဝတ္တရားတွေဖြစ်ပြီး၊ တခြားတရပ်ကတော့ မိမိရဲ့ပြည်သူတွေ အတွက်၊ မိမိနေထိုင်ရာ လူ့အသိုင်းအဝိုင်း အတွက် နဲ့ မိမိရဲ့ တိုင်းပြည်အတွက်လုပ်ဆောင်ရမဲ့ တာဝန်ဖြစ်ပါတယ်။ ယဉ်ကျေးပြီး လူသားဆန်တဲ့ လူ့အဖွဲ့အစည်းတခုမှာ လူတဦးချင်းဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးနဲ့ အထုံပါရမီအလျှောက်ဆိုပါ တာဝန် ဝတ္တရားတွေကို ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ သို့သော်လည်း တောင်အာဖရိကလိုတိုင်းပြည်မျိုးမှာတော့ ကျနော့်လို လူမည်းတယောက်အတွက် အဆိုပါတာဝန်နှစ်ရပ်လုံးကိုဖြည့်ဆည်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါဘဲ။ တောင်အာဖရိကမှာ လူ့အဆင့်အတန်းနဲ့ လျှော်ညီစွာနေထိုင်နိုင်အောင် ကြိုးပမ်းလုပ်ဆောင်တဲ့လူမည်းတဦးဟာ ပြစ်ဒဏ်ခတ်ခြင်းခံလိုက်ရသလို ဝိုင်းပယ်ခြင်းလည်းခံလိုက်ရပါတယ်။ လူထုအကျိုးစီးပွား၊ လူထုဆန္ဒကို ဖြည့်ဆည်းဆောင်ရွက်ဖို့ကြိုးစားသူဟာ သူ့မိသားစု အသိုက်အမြုံကို စွန့်ခွာ ကျောခိုင်းလိုက်ရပြီး ပုန်းလျှိုးကွယ်လျှိုးဘဝမှာ ကျင်လည်ကျက်စားရခြင်း၊ တော်လှန်အုံကြွမှု ဝဲဩဃ အတွင်း သက်ဆင်းလိုက်ရခြင်းစတဲ့ သီးခြားကမ္ဘာတခုထဲကို တွန်းပို့ခြင်းခံလိုက်ရပါတယ်။

 ကျနော့်မိသာစုအရေးထက် ပြည်သူလူထုအရေးကို ဦးစားပေးလိုက်တဲ့ အစပိုင်းကာလမှာရော လူထုအရေးကြိုးပမ်း ဆောင် ရွက် နေချိန်မှာပါ သားတယောက်၊ အကိုတယောက်၊ ဖခင်တယောက်၊ ခင်ပွန်းတယောက် ကဲ့သို့ ထမ်းရွက်ရမဲ့ မိသားစု တာဝန် တွေကို ဆောင်ရွက်ခွင့် မရတော့ဘူးဆိုတာကို သိလိုက်ရပါတယ်။ အဆိုပါကန့်သတ်ချုပ်ချယ်မှုရှိနေတဲ့ အခြေအနေမှာ ကျနော် ရင်းနှီးတွယ်တာရတဲ့ မိသားစု အရေးကိစ္စတွေကို စတေးပြီး လူမည်းမျိုးနွယ်စု ပြည်သူတွေ အရေး၊ သန်းပေါင်များစွာသော တောင်အာဖရိက ပြည်သူတွေအရေးကို ရှေးရှုဆောင်ရွက်ရတာပါ။ ဒီလို အတ္တနဲ့ ပရ၊ ဆန္ဒနဲ့ အသိ လွန်ဆွဲမှု ပဟေဠိသဘောကို သားအဖနှစ်ဦး တဒင်္ဂ စကားပြောဆိုခန်းမှာ ဖျတ်ခနဲတွေ့လိုက်ရပါတယ်။ ဖခင်ရဲ့နွေးထွေးတဲ့ ရင်ခွင်ကို ငံ့လင့်နေတဲ့ သမီးငယ် လေးတဦးက သူ့ဖခင်ကို “ဖေဖေ ဘာ့ကြောင့်သမီးတို့ နဲ့ အတူ မနေနိုင်ရတာလဲ” လို့မေးလိုက်တဲ့အခါ ဖခင်ဖြစ်သူ စိတ်မသက် မသာနဲ့ ပြန်ပြောလိုက်တာကတော့ “သမီးရယ် ဖေဖေတို့ တိုင်းပြည်မှာ သမီးလိုမျိုး ကလေးငယ်တွေ အများကြီးပါ…” တဲ့ ပြီးတော့ သူ့အသံက ဆို့နင့်တိမ်ဝင်သွားပါတယ်။

 

 

ကျနော်ဟာလွတ်လပ်လိုတဲ့ဆန္ဒနဲ့ မွေးဖွားလာတာမဟုတ်ပါဘူး။ လွတ်လွတ်လပ်လပ်နဲ့ မွေးဖွားလာသူပါ။ ကျနော်သိသလောက်နေရာတိုင်းမှာ လွတ်လပ်ပါတယ်။ အမေ့တဲအိမ်နံဘေးက ကွင်းပြင်ထဲမှာ ပြေးလွှားဆော့ကစားရတာ၊ ကျနော်တို့ ရွာကို ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းလေးထဲမှာ ရေကူးရတာ၊ ညညခါ ကြယ်ရောင်အောက်မှာ ပြောင်းဖူးဖုတ် စားရတာ၊ တအိအိသွားနေတဲ့ နွားကြီးရဲ့ ကျောပြင်ကျယ်ကြီးပေါ်တက်စီးရတာ အားလုံးဟာလွတ်လပ်မှု အပြည့်ပါဘဲ။ အဖေ့ စကားကို နားထောင်နေသမျှကာလပတ်လုံး၊ လူမျိုးစုဓလေ့ထုံးစံတွေကို လိုက်နာစောင့်ထိန်းနေသမျှ ကာလပတ်လုံး ကျနော့်ကို ဘယ်သူကမျှ အရေးယူမှာ မဟုတ်သလို ဘုရားသခင်ကလည်း ဒဏ်ခတ်မှာ မဟုတ်ပါဘူး။

ဒါတွေကကျနော်ကလေးဘဝမှာစတင် သိမြင်ခွင့်ရခဲ့တဲ့ လွတ်လတ်မှုရဲ့ အပေါ်ယံ သဘောတွေပါ။ လူငယ်ဘဝကိုရောက်လာတဲ့အခါ လွတ်လပ်မှုဆိုတာ ကိုယ်တိုင် ရယူဆောင်ကျဉ်း အပ်တဲ့အရာပါလားလို့ သိမြင်လာပြီး မျှော် လင့် တမ်းတမိပါတော့တယ်။ ပထမတော့ ကျောင်းသားတယောက်အနေနဲ့ တကိုယ်တော်လွတ်လပ်မှုလေးတွေ ဖြစ်တဲ့ ညအ ချိန် အိမ်အပြင် ထွက်ပြီး သွားလာလည်ပတ်ခွင့်ရတာ၊ ကိုယ်ဖတ်ချင်တဲ့စာအုပ်ဖတ်ခွင့်ရတာ၊ သွားချင်ရာသွားခွင့် ရတာမျိုးတွေ ကို ရချင်တာပါဘဲ။ နောက်ပိုင်း ဂျိုဟန်စ်ဘတ်မြို့ကိုရောက်လာချိန်မှာတော့ ကိုယ့်ရဲ့ အစွမ်းအစကို ထုတ်ဖော်ကြိုးပမ်းခွင့်၊ စား ဝတ်နေရေးအတွက် ဝမ်းစာရှာမှီးခွင့်၊ ကိုယ့်ရဲ့ ဘဝအဖော်မွန်နဲ့ အတူ ပျော်မွေ့ဖွယ်မိသားစုဘဝတခုဖန်တီးခွင့် စတဲ့ လူ့ကျင့် ဝတ် နှင့် ညီညွတ်တဲ့ လွတ်လပ်မှု အခြေခံတရားတွေကို ခုံမင်နှစ်သက်လာမိတယ်။

သို့သော်လည်း နောက်ပိုင်းမှာတော့ ကျနော်ရော ကျနော့် ညီအကို မောင်နှမတွေပါ လွတ်လပ်မှု မရှိတာကို တဖြည်းဖြည်း သိ မြင် သဘောပေါက်လာပါတယ်။ကျနော်တဦးတည်းသာ မဟုတ်ပါဘူး။ ကျနော့်လိုလွတ်လပ်ချင်တဲ့ သူတိုင်း လွတ်လပ်မှုတွေ ကျဉ်း ကျုံ့လာပါတယ်။ ကျနော် ANC ပါတီနဲ့ ဆက်သွယ်တဲ့ အခါ ကျနော့်ရဲ့ တကိုယ်တော်လွတ်လပ်မှုဆန္ဒကနေ လူမည်းပြည် သူ တရပ်လုံးလွတ်မြောက်မှုဆန္ဒသို့ ကူးပြောင်းလာချိန်မှာ တကိုယ်ရည်လွတ်လပ်မှုတွေ ဆိတ်သုန်း လာတာပါ။ ဒါဟာ လူမည်းပြည်သူတွေကို ဂုဏ်သိက္ခာရှိတဲ့ဘဝမှာ ရပ်တည်နေထိုင်ခွင့်အတွက် ဆန္ဒမွန်ဖြစ်ပြီး အဲဒီဆန္ဒပြည့်ဝအောင် လုပ်ဆောင်ဖို့ သံဓိ ဋ္ဌာန်ချပိုင်းဖြတ်ချက်က ကျနော့်ဘဝကို သက်ဝင်လှုပ်ရှားလာအောင် စေ့ဆော်လိုက်တာကြောင့် ကျနော်ဟာ ကြောက်ရွံ့သူ အဖြစ်ကနေ ရဲရင့်သူအဖြစ်ပြောင်းလဲလာတယ်၊ တရားဥပဒေကို စောင့်ထိန်းလိုက်နာသူ ရှေ့နေဘဝမှ ဥပဒေကို ကျောခိုင်းသူ တော်လှန်ရေး သမားဖြစ်လာတယ်၊ မိသားစုဘဝကိုတွယ်တာသူအဖြစ်မှ အိမ်ယာမဲ့ အထီးကျန်သူဖြစ်လာတယ်။

 

 

 ဘဝကို ခုံမင်သူအဖြစ်မှ လောကီနဲ့ကင်းကွာသူဖြစ်လာတယ်။ တကယ်တော့ ကျနော်ဟာ အခြားသူတွေထက်ပိုပြီးတော့ သီလ စင်ကြယ်သူ စွန့်လွှတ်မှုကြီးမားသူ မဟုတ်ပါဘူး။ သို့ပေမယ့် ကျနော်ကိုယ်တိုင်သိမ်ငယ်တဲ့ ဘဝ လွတ်လပ်မှုကို ကန့်သတ်ခံရတဲ့ ဘဝကို မပျော်မွေ့ မနေလိုတဲ့ အခိုက်မှာပဲ ကျနော်တို့ လူမည်းထုတရပ်လုံး လွတ်လပ်မှုမရှိတာကို သိလိုက်ရပါတယ်။ လွတ်လပ်မှုဆိုတာ ကျနော်တို့ လူမည်းထုကြားမှာ ပိုင်းခြားလို့ မရနိုင်လောက်အောင် ရစ်ပတ်ထုံးနှောင်ထားတဲ့ အနှောင် အဖွဲ့ ပင်ဖြစ်ပါတော့တယ်။

ရှည်လျားအထီးကျန်လွန်းလှတဲ့ နှစ်ကာလတွေအတွင်းမှာ ပဲ ကျနော့်ရဲ့ လူမည်းလူထု လွတ်မြောက်ရေး ဆန္ဒမှသည် တောင်အာ ဖရိကပြည်သူတရပ်လုံး (လူဖြူ/လူမည်း)လွတ်လပ်မှု ဆန္ဒအဖြစ်သို့ ရောက်ရှိလာပါတယ်။ အဖိနှိပ်ခံ လူမည်းပြည်သူတွေ ဧကန် မုချလွတ်မြောက်ရမှာ ဖြစ်သလို ဖိနှိပ်သူလူဖြူတွေလည်း လွတ်လပ်မှု အရသာကို ခံစားရမယ်ဆိုတာ ကျနော် သိထားပါတယ်။ တပါးသူရဲ့လွတ်လပ်မှုကို ထိပါးအောင်လုပ်ဆောင်သူဟာ အမုန်းတရားဖက်တွယ်သူ ဖြစ်ပြီး ရက်စက်ကြမ်းကြုတ်မှုနှင့် အမြင် ကျဉ်း မြောင်းမှု လှောင်ချိုင့်အတွင်းမှာ ပိတ်လှောင်ခံထားရသူလည်းဖြစ်ပါတယ်။ ကျနော်က အခြားသူ တဦး ရဲ့ လွတ်လပ်မှုကို ထိပါးတာပဲဖြစ်ဖြစ်၊ ကျနော့်ရဲ့လွတ်လပ်မှုကို ထိပါးခံရတာပဲဖြစ်ဖြစ် ကျနော်ဟာ အမှန်တကယ်လွတ်လပ်သူမဟုတ်တော့ပါဘူး။ လူမည်းတွေနဲ့ လူဖြူတွေမှာ တူညီတဲ့ အချက်က လူသားဆန်တဲ့ အကြင်နာတရားကို မတရားလုယူခံထားကြရတာပါပဲ။

 

အကျဉ်းထောင်ကလွတ်မြောက်လာချိန်မှာ ကျနော်မဖြစ်မနေ လုပ်ဆောင်ဖို့ ခံယူထားတဲ့ တာဝန်က ဖိနှိပ်သူ လူဖြူတွေရော၊ အဖိနှိပ်ခံ လူမည်းပြည်သူတွေပါ လွတ်မြောက်သွား စေဖို့ ပါ။ အခုချိန်မှာ အဲဒီ့တာဝန်အောင်မြင်ပြီးဆုံးပြီလို့ အချို့လူတွေက ဆိုကြပါတယ်။ သို့သော် ဒါဟာမခိုင်လုံပါဘူးလို့ ကျနော်သဘောပေါက်ပါတယ်။ အမှန်တော့ ကျနော်တို့ ခုချိန်တိုင်မလွတ်လပ် သေးပါဘူး။ လွတ်လပ်မှု နယ်ပယ်ရဲ့ တံခါးဝကို ခြေချမိရုံ၊ အဖိနှိပ် မခံရရုံမျှ အခွင့်အရေးလေးတွေကို ခံစားနေကြရတာပါ။ လွတ်မြောက်မှုခရီးရှည်ရဲ့ နောက်ဆုံးအဆင့်ကို မရောက်သေးပေမယ့် ပိုပြီးခက်ခဲရှည်ကြာတဲ့ အစပိုင်းကိုတော့ ကျော်ဖြတ် ပြီး ပါပြီ။ လွတ်လပ်တယ်ဆိုတဲ့ သဘောက ကိုယ့်ကိုယ်ကိုလွတ်လပ်မှုရှိအောင် အားထုတ်လုပ်ဆောင်ခြင်းမျှသာ မဟုတ်ဘဲ တပါး သူတွေရဲ့ လွတ်လပ်မှု ကို လေးစားသမှုပြုကာ အားပေးမြှင့်တင်တာကို ဆိုလိုပါတယ်။ အမှန်တကယ်လွတ်လပ်မှုကို ခံစားရရှိဖို့ ကျနော်တို့ ပေးဆပ်လုပ်ဆောင်နေတာတွေဟာ အစပထမနိဒါန်းပိုင်းသာရှိပါသေးတယ်။

 

 

လွတ်မြောက်မှုသို့ ချီတက်ရာ ခရီးရှည်တလျှောက်မှာ မှားယွင်းတဲ့လုပ်ဆောင်ချက်တွေ ရှိခဲ့တာကြောင့် အခြေအနေ ယိမ်းယိုင် မသွားအောင် အတော့ကိုထိန်းသိမ်းလုပ်ဆောင်ခဲ့ရပါတယ်။ သို့ပေမယ့် တောင်ကုန်းမြင့် တခုပေါ်ကို တက်ရောက်ပြီးသူသာ လျှင် နောက်ထပ်တက်စရာ တောင်ကုန်းတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ် ဆိုတဲ့ လျှို့ဝှက် သင်ခန်းစာတရပ်ကို ကျနော်ရှာဖွေ တွေ့ရှိလိုက်ရပါတယ်။ ယခုရောက်နေတဲ့ တောင်ကုန်းပေါ်မှာအနားယူ အပန်းဖြေဖို့ ကိုယ့်ပတ်ပတ်လည်မှာ ဝန်းရံနေတဲ့ ပျော်ရွှင် ဖွယ်မြင်ကွင်းကို တိတ်တခိုးလေး ခံစားပီတိဖြာဖို့၊ ကျနော်လျှောက်လှမ်းခဲ့တဲ့ ခရီးကြမ်းအကွာအဝေးကို သမင်လည်ပြန် လွမ်း မော တသဖို့ အချိန်လေးအခိုက်အတန့်ပဲ ကျနော့်မှာ ရှိခဲ့ပါတယ်။လွတ်လပ်ပျော်ရွှင်မှုနဲ့အတူ လုပ်ဆောင်စရာတာဝန်တွေလည်း ပါလာတာမို့၊ ဒီနေရာမှာ ကြာကြာ အနားမယူနိုင်သေးပါဘူး။ဆုံးခန်းမတိုင်သေးတဲ့ ခရီးရှည်ကြီးကို ဆက်လက်ချီတက် လျှောက် လှမ်းဖို့ရာ အချိန်ဆိုင်းနေလို့ မရတာ အမှန်ပါ။             ။

ဝေမော်  

ဤစာစုမှာ နယ်လ်ဆင်မင်ဒဲလား၏ ကိုယ်တိုင်ရေး အထ္ထုပ္ပတ္တိ “Long Walk to Freedom” စာအုပ်တွင်ပါရှိသော မင်ဒဲလား၏ လွတ်လပ်ခွင့်၊ လွတ်မြောက်မှု၊ ရဲစွမ်းသတ္တိ၊ လူ့အကြင်နာတရား လူသားတာဝန်တို့နှင့်ပတ်သတ်သော အကောက် အယူဖွင့်ဆို ချက် အချို့နှင့် တောင်အာဖရိက ပြည်သူတို့ လျှောက်လှမ်းချီတက်နေရဆဲ ဖြစ်သော လွတ်မြောက်မှု ခရီးရှည်ကြီးတွင် ကြုံတွေ့ ခဲ့ရသော ဖြတ်သန်းမှုတစိတ်တပိုင်းကိုထုတ်နုတ် ဘာသာပြန်ဆို တင်ပြလိုက်ခြင်း ဖြစ်ပါကြောင်း..

 

 
 

ခေတ်ပြိုင် ဆွေးနွေး ခန်း

အမတ်သစ်များ၊ အမတ်ဟောင်းများနှင့် ဤလောက---စိုင်းအိမ်မွဲ

 

အချိန်ကား ၂၀၁၁ ခုနှစ်။ စစ်အစိုးရပြုလုပ်ပေးခဲ့သော၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးဆုံး၍ တနှစ်အကြာကာလ။
လွှတ်တော်အတွင်းနှင့် လွှတ်တော်ပြင်ပတွင် အတော်များများသော အမတ်မင်းများ တိုးတိုးတဖုံ ကျယ်ကျယ် တမျိုး ကြွက်စီကြွက်စီ ဖြစ်နေကြသည်။ လွှတ်တော်အတွင်း အရပ်သားအမတ်မင်းများ၏ တင်ပြချက်များ မ ကြာခဏ ပယ်ချခံနေရ၍ ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေစည်းမျဉ်းအရ တိုက်ရိုက်ခန့်ထားခံရသော စစ်ဗိုလ်အမတ်များ၊ စစ်အစိုးရစီမံချက်ဖြင့် ယူ နီဖေါင်းမှ အရပ် ၀တ်လဲ၍ အမတ်ဖြစ် လာသူများ၊ အမတ်ဖြစ်ချင်လွန်း၍ စစ်တပ်၏ အကူအညီ အကြံအဖန်ဖြင့် အရပ်သားဘ၀မှ အမတ်ဖြစ်လာ သူများ၊ ပညာရှင်များပါဝင်သော တတိယ လှိုင်းဟုဆိုသောအုပ်စုမှ စစ်တပ်ဖြင့် လက်ဝါးရိုက်ပေး၍ အမတ်တဖြစ်လဲ သွင်းကုန် ထုတ်ကုန် ကုန်သည်ကြီးများ၊ ကံကောင်းထောက်မ၍ အရပ် သား ဘ၀မှ အမတ်ဖြစ်လာပြီးနောက် စစ်တပ်က အခွင့်အရေးများ ပေးကာ ၀ယ်ထားသောကြောင့် စစ်တပ်ကို မလွန်ဆန်နိုင်သော အမတ်များ၊ နည်းနည်း လှုပ်ရင် နည်းနည်းဝေဖန်ရင် စစ်တပ်က ဖမ်း၍ထောင်ချမလားဟု ယုန်သူငယ်လို ကြောက်နေရှာသော အမတ်မင်းများ ... အစရှိသူတို့က လွှတ်တော် တွင် အင်အား ကောင်းနေ သည်။

 ဤအစုကို လူတွေက “ကြောက်စိမ်း” အုပ်စုဟု ကွယ်ရာတွင် ခေါ်ကြသည်။ ထိုအမတ်များ ကျောက်စိမ်း အရောင်း အ၀ယ်လုပ် သောကြောင့်ဟု မထင်ပါနှင့်။ ရှင်းပါအံ့။ စစ်တပ်ကို ကြောက်ရသူ အရပ်သား အမတ်များ နှင့် အစိမ်းရောင် ယူနီဖောင်းဝတ် စစ်ဗိုလ်အမတ် များ ပေါင်းစုထားသော အုပ်စုဖြစ်နေသောကြောင့် “ကြောက် စိမ်း” အုပ်စုဟု ခေါ်ကြခြင်းဖြစ်သည်။ ကြောက်စိမ်းအုပ်စုသည် လွှတ်တော်ထဲတွင် အင်အားအကောင်းဆုံးအုပ် စုဖြစ်သည်။
နောက်အုပ်စုတခုကတော့ စစ်တပ်နှင့် မည်သို့မျှမပတ်သက်သော အရပ်သားစစ်စစ် အမတ်များဖြစ်သည်။ စစ် တပ်ကို မကြိုက် သော်လည်း နိုင်ငံရေး ဆိုင်းသံဗုံသံ ကြားပါက ကချင်နေသော နိုင်ငံရေးလက်ဟောင်းကြီးတွေ လည်း အမတ်များ ဖြစ်လာ ခဲ့သည်။ ထို့အပြင် အရပ်သားများ အမတ်ဝင် မရွေး ပါက စစ်တပ်ကလူတွေချည်းပဲ နေရာယူကုန်မည်ကို အလွန်အမင်းစိုးရိမ်၍ ရွေးကောက်ပွဲဝင်ရင်း အမတ်ဖြစ်လာသူများကလည်း မနည်း။ တ ချို့က တော့ စည်းဝိုင်းအတွင်းမှာ နေရာရအောင်ယူထား၊ ၂၀၀၈ အခြေခံဥပဒေကို နောင်မှာ တဖြည်းဖြည်း ချင်း ပြန်ပြင်ယူမည်ဆိုသော အဆိုပြုချက်များဖြင့် အမတ်ဖြစ်လာ သူများဖြစ် သည်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ဝင်ဟောင်းများနှင့် လက်နက်မကိုင်ခဲ့သော တိုင်းရင်းသားအုပ်စုများလည်း ထိုနည်း နှင်နှင်ဖြင့် အရပ် သားပါတီများဖွဲ့ကာ အထွေထွေနိမ့်ကျနေသော ၎င်းတို့၏ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် လုပ် ဆောင်အံ့ဟု ရည်ရွယ် ချက်ဖြင့် ကြွေးကြော်ရင်း ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အတွင်း အမတ်များဖြစ် လာကြသည်။ အချို့သော လူအနည်းစုကတော့ ခေါင်းပေါင်းစ တကားကားနှင့် အမတ်အရသာကို မြည်းစမ်းလို ၍ အမတ်ဖြစ်လာသူ တွေဖြစ် သည်။ ဘာရေးညာရေး နားလည်လို့တော့မဟုတ်။ ဤအုပ်စုကို လူအများ က “ရပ် မွှေ” အုပ်စုဟု ခေါ်ကြသည်။ မတ်တပ်ရပ်ရင်း တခုခုကို မွှေနေသည်ဟု အထင်မမှားပါနှင့်။ ကိုယ့်တွက်ကိန်းနှင့် ကိုယ် မတူသော အကျိုးစီးပွား ရည်ရွယ်ချက် ရည်မှန်းချက်နှင့် စိတ်ကူးစိတ်သန်း မျိုးစုံရှိသော အရပ်သားအ မတ်များ အသုတ်စုံလို ရောသမမွှေကာ ပေါင်းစုထားသည်ဖြစ်၍ “ရပ်မွှေ” အုပ်စုဟု ခေါ်ကြခြင်း ဖြစ်သည်။ ရပ် မွှေတို့ကား အင်အား အတန်အသင့်ရှိသော်လည်း ကြောက်စိမ်းများ၏ အင်အား ကို မကျော်နိုင်။

 



တတိယမြောက် အမတ်အုပ်စုမှာတော့ အမတ်အရေအတွက်က လောက်လောက်လားလား မရှိ။ နှစ်ဆယ် တောင် မပြည့်တတ်။ သူတို့ကတော့ သိပ်ပြီး အာမချောင်လှ။ သူတို့လုပ်တာ လူအများသိမှာကိုလည်း စိုးရိမ် ဟန်ရှိသည်။ ထိုကြောင့် သွားတာလာတာ ပြောတာကအစ ကုတ်ချောင်းချောင်း နိုင်လှ သည်။ ကုတ်ချောင်း ချောင်းဆိုသော်လည်း သူတို့တွင် ကြီးမားသော နိုင်ငံရေးဝှက် ဖဲများ ရှိလေဟန်နှင့် ကြုံရင်ကြုံသလို နှစ်ကိုယ် ကြား ရှင်းပြလေ့ရှိ သည်။ ထိုသူများ အမတ်ဖြစ်လာပုံက ဒီလို။ နိုင်ငံခြားအလှူရှင်များ၏ ငွေကြေးထောက်ပံ့မှု နှင့် ပြည်ပတွင် အခြေစိုက်သော မြန်မာအပါ အ၀င် တိုင်းရင်း သားအဖွဲ့အစည်း များက သူတို့ကိုကြိတ်၍ ပံ့ပိုးပေး နေသည်။ ထိုငွေများကိုသုံး၍ ရွေးကောက်ပွဲ ၀င်ပြိုင်ရင်း အမတ်ဖြစ်လာသူများ ဖြစ်သည်။

ပြည်ပရောက် အဖွဲ့ အစည်းများထံမှ ငွေကြေးအထောက်အပံ့ ယူနေခြင်းသည် ဥပဒေအရ တရားမ၀င်သောကြောင့် လျှို့ဝှက် ရေး မူအရ လူသူမရိပ်မိရန် ခပ်ကုပ်ကုပ်နေကြခြင်းလည်း ဖြစ်တန်ရာသည်။ ပြည်ပရောက်လူများကလည်း သူတို့ ကိုယ်တိုင် မြန်မာပြည်ပြန်၍ ရွေးကောက်ပွဲဝင်ချင်သည်မှာ နန့် နန့်တက်နေသော်လည်း အကြောင်းကြောင်း ကြောင့် မဖြစ်နိုင်။ ထို့ကြောင့် အထဲကလူများကို ငွေပေး၍ ပါတီထောင်ခိုင်းကာ သူတို့ကိုယ်စား အမတ်ဝင် ရွေး ခိုင်းခြင်းဖြစ်သည်။ ထိုသို့ ပြည်ပရောက် အဖွဲ့ အစည်းများနှင့် ဆက်သွယ်လုပ်ကိုင်၍ ငွေလက်ခံယူနေသည်မှာ ပိပိရိရိ ရှိသောကြောင့် သူတို့လုပ်နေ သည်ကို ဘယ်သူမှ မရိပ်မိဟုလည်း ထိုအမတ်များက အထင်ရှိနေသည်။ သို့သော် ထိုအမတ်အုပ်စုကလေးကို လူအများက နောက်ကွယ်တွင် “ပရောက် ဆီ” အုပ်စုဟု ခေါ်ကြသည်။ ဤ စကားကိုကြည့်၍ မြန်မာနိုင်ငံသားတို့ ကွန်ပြူတာကို ဒိုးလိုမွှေရေလိုနှောက်အောင် သုံးတတ်နေကြပြီဆိုတာ တွက်နိုင် သည်။
လွှတ်တော်ကြီးသည် သက်တမ်းတနှစ် ရှိပြီဖြစ်သော်လည်း ရပ်မွှေနှင့် ပရောက်ဆီ အရပ်သားအမတ်များဘက် မှ အဆိုတခုခု တင်လိုက်တိုင်း ကြောက် စိမ်းအုပ်စုမှ စက္ကန့်ပင်မခြား ပယ်ချလေ့ရှိသည်။ ကြာလာတော့ ရပ်မွှေ နှင့် ပရောက်ဆီ အမတ်များအ တွင်း စိတ်ဓာတ်ကျသူကျ၊ အားငယ်သူငယ်၊ ဒေါ သထွက်သူထွက် ဖြစ်လာကြ သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသော အချက်များကို ပြင်ဆင်ဖို့အသာထား လွန်ခဲ့သည့် ခြောက်လက လူထုကျန်းမာရေး စောင့်ရှောက်မှုအတွက် ဘတ်ဂျက်တိုးဖို့ ပြောတာကိုပင် ပယ်ချခံရသည်။ ကြောက်စိမ်းအုပ် စု အဆိုက ခေတ်မီနိုင်ငံတော်ကြီး တွင် ခေတ်မီလက်နက်များ ထပ်မံဝယ်ယူဖို့လို သည်ဟု အကြောင်းပြသည်။ အိမ်နီးချင်းနိုင်ငံများ အကျင့်မကောင်းတာကြောင့် ဒီလိုစဉ်းစားရတာလည်း ဖြစ်သည်ဟု လက်ညှိုးထိုးပြကြ သည်။ ကျန်းမာရေးဆိုသည်မှာ လူတွေကိုယ်တိုင်က ဆရာဝန်တွေ ပြောတာကို မလိုက်နာ၍ဖြစ်သည်။ အိမ်သာ တက်ပြီးတိုင်း လက်ဆေးရမည်ဆိုသည့် ကိစ္စတွေအထိပါ လွှတ်တော်ကနေ လိုက် ၍ပြောမနေနိုင်။ သင်းတို့ ထိုက်နဲ့ သင်းတို့ကံ ထားလိုက်တော့ဟု ဆိုသည်။
ပညာရေးအဆင့်အတန်း မြင့်မားဖို့ ဘတ်ဂျက်တိုးပေးရန် တောင်းဆိုစဉ်ကလည်း ထိုကိစ္စအတွက် လွှတ်တော် အတွင်း မဲခွဲရာ ကြောက်စိမ်းအုပ်စုက မထောက်ခံသောကြောင့် ရပ်မွှေတို့၊ ပရောက်ဆီတို့ အရှုံးကြီး ရှုံးခဲ့ရ သည်။ကြောက်စိမ်းတို့ အဆိုအရ စက်မှုနိုင်ငံတော်ကြီး ထူထောင်နေစဉ်အတွင်း ဘတ်ဂျက်ငွေများကို စက်မှု လုပ်ငန်းများအတွက်သာ ပုံအော၍ သုံးရမည်ဟူ၍ ဖြစ်သည်။ ရပ်မွှေတို့၊ ပရောက်ဆီတို့သည် ရေရှည်အမြင်မ ရှိဟုပင် လွှတ်တော်တွင်း အတီးခံလိုက်ရသည်။ သတင်းစာများကလည်း ကြောက်စိမ်းတို့ အယူအဆမှန်ကန် ကြောင်း ထောက်ခံရေးသားကြသည်။

ဒီကြားထဲမှာ အမတ်ချင်းအတူတူ ခွဲခြားခံရတာတွေကလည်း ရှိနေသေးသည်။ ကြောက်စိမ်းအုပ်စုဝင် အမတ်များအတွက် တဦး လျှင် မော်တော်ကား အသစ် တစီးစီ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။ ခေတ်မီ တိုက်ခန်းတခန်းစီလည်း အရစ်ကျ စနစ်ဖြင့် ရောင်းပေးနေသည်။ သို့သော် ရပ် မွှေအမတ်များကြတော့ တပတ် ရစ်ကားများကို ဈေးကြီးကြီးနှင့် ရောင်းချပေး သည်။ ပရောက်ဆီအမတ်တဦး ဖြစ်ပုံကိုလည်းပြောရဦးမည်။ တ ပတ်ရစ် ကား သွားဝယ်ရာတွင် အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့က ကားဝယ်သည့်ငွေ ဘယ်ကရသနည်း၊ တရား ၀င်ငွေဟုတ်ရဲ့လား၊ နိုင်ငံခြားမှ တိတ်တဆိတ် လက်ဝေခံယူထားသော ငွေလား ဘာလားညာလား စစ်ဆေး သောကြောင့် တပတ်ရစ်ကားပင် မ၀ယ်ရဲတော့ဘဲ တပ်ခေါက်လာခဲ့ရသည်။ ရပ်မွှေနှင့် ပရောက်ဆီများအ တွက် ခေတ်မီတိုက်ခန်းများ ရောင်းချပေးဖို့ လွှတ်တော်တွင် တောင်းဆိုရာ ဆောက်နေဆဲဖြစ်ကြောင်း ဆောက်လုပ်ပြီးစီးပါက ရောင်းချပေးမည်ဖြစ်ကြောင်း ပျားရည်နှင့်ဝမ်းချလိုက်သည်။
နိုင်ငံခြားလေ့လာရေးခရီးစဉ်များ၊ ကွန်ဖရင့်များသို့ သွားရာတွင်လည်း ကြောက်စိမ်းတို့ဘက်ကသာ ပို၍ အ သွားများသည်။ ရပ်မွှေတို့၊ ပရောက်ဆီ တို့ဖက်မှ ဤတနှစ်အတွင်း နိုင်ငံခြားရောက်ဖူးသူ အမတ်ဆို၍ နှစ်ဦး လောက်သာရှိသည်။ ထို့အတွက်လည်း ရပ်မွှေတို့ ပရောက်ဆီတို့ ခံစားချက် မကောင်း။


ရပ်မွှေနှင့် ပရောက်ဆီ အမတ်များမှာ လွှတ်တော်တွင်းမှာလည်း ဘာမှမပြောနိုင်၊ လွှတ်တော်ပြင်ပတွင်လည်း ဘာမှ မယ်မယ် ရရ မလုပ်နိုင်၊ ဒီကြားထဲ အမတ်ချင်းအတူတူ အခွင့်အရေးကမရ၊ ကြာတော့ အမတ်ခွေးဝင်စား များလို ဖြစ်လာတော့သည်။ ဒါ့အပြင် ပရောက်ဆီများအတွက် နောက်ထပ် ရတက်မအေးစရာတခု ဖြစ်လာပြန် သည်။ စစ်ထောက်လှမ်းရေးများက နိုင်ငံခြား မှငွေလက်ခံယူနေသည့် အမတ်များကို ဖမ်းတော့ဆီးတော့မည်ဟု သတင်းဖြစ်လာသည်။ ပရောက်ဆီအမတ်များ ထောင်ကျမှာ ကို စိုးရိမ်သည်။ ကိုယ်ချင်းစာပါသည် ဘယ်သူက ထောင်ထဲနေချင်ပါ့မလဲ။ ဟုတ်မလားလို့ အမတ်ဝင်ရွေးခံတာ ထောင်နန်းစံရ မည်ဆိုတော့ မကိုက်လှ။
နောက်ဆုံးတော့ နံမည်ထွက်နေသည့် ပရောက်ဆီအမတ်တချို့ နယ်စပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ကြောက်စိမ်းတို့ ဗိုလ် ကျနေသည်ကို မခံနိုင် တော့သော ရပ်မွှေအမတ်တချို့ကလည်း နယ်စပ်သို့ အတူလိုက် မည်ဟု ဆိုလာသည်။ သို့နှင့် ပရောက် ဆီတို့လည်း သူတို့ငွေယူနေသော ပြည်ပအဖွဲ့ များကို ဆက်သွယ်၍ အ ကျိုးအကြောင်းတင်ပြရသည်။ ဟိုကအဖွဲ့အစည်းများက တတ်နိုင်သလောက် အထဲမှာရပ်ခံပါဦးဟု အကြောင်း ပြန်သည်။ ပရောက်ဆီတို့ ဘာလုပ်ရမည်နည်း။ အကြံအိုက်နေသည်။
နောက်ဆုံးတွင် ဂယ်ပေါက်တခု တွေ့လာသည်။ တခြားမဟုတ် လွန်ခဲ့သော နှစ်ဆယ့်တနှစ်က ပြည်ပသို့ ထွက် ပြေးတိမ်းရှောင် သွားသော အမတ်များ နှင့်ဖွဲ့ထားသည့် အဝေးရောက်ညွန့်ပေါင်းအစိုးရဆိုတာနှင့်ဆက်မိသည်။ သို့သော် အဝေးရောက်အစိုးရ ကိုယ်တိုင်က အားမရှိ။ ထို့ကြောင့် ပရောက်ဆီ များကို ဤသို့အကြောင်းပြန်ကြား သည်။ လေးငါးယောက်နဲ့တော့ ထွက်မလာ ပါနဲ့ဟုဆိုသည်။ လာခြင်းလာ အမတ်နှစ်ဆယ်အစိတ်လောက်တော့ လာမှ ဖြစ်မည်ဟုဆိုသည်။ အကြောင်းပြချက်ကတော့ အမတ်များများထွက်လာမှ ကြောက်စိမ်းတို့အုပ်စု ဘယ် လောက် ဖိနှိပ်နေသည်ဆိုသည်ကို နိုင်ငံတကာ က ပို၍သတိထား မိမည်။ ထို့အတွက် နှစ်ဆယ်အစိတ်မှ မရှိရင် မလာပါနဲ့ဦးဟု ပြောခြင်းဖြစ်သည်။
အဝေးရောက်အစိုးရဘက်မှ ကြည့်ပါက အဆိုးမဆိုသာ။ နိုင်ငံခြားအလှူရှင်တွေကို ပြဖို့ အမတ်ဦးရေများများ လိုသည်မ ဟုတ် လော။

 ရွေးကောက်ပွဲကြီးဖြစ်၍ အစိုးရအသစ် ပေါ်ပေါက်လာသော်လည်း မြန်မာပြည်တွင် ဖိ နှိပ်မှုများ အားကြီးနေဆဲဖြစ်သည်ကို လက်ဆုပ်လက်ကိုင်ပြဖို့လို သည်ကိုး။ သို့သော် ပြည်တွင်းက အမတ်အ သစ်စက်စက်များ နယ်စပ်ထွက်လာတော့မည့် ကိစ္စ နှင့်ပတ်သက်၍ နိုင်ငံခြားအလှူရှင်များထံသို့ ပရောဂျက် များတစောင်ပြီးတစောင် အမြန်တင်လိုက်သည်။ ဟုတ်သည်။ ငွေမရှိပါက ထွက်လာသော ထိုအမတ်အုပ်ကြီး ကို မည်သို့ ကျွေးမွေးထားမည်နည်း။
တကယ်တန်း နယ်စပ်သို့ ထွက်လာသောအခါ အမတ်ဦးရေသည် ထင်ထားသည်ထက်ပင် များနေသည်။ အ မတ်ဦးရေ ငါးဆယ်ကျော် တပြိုင်နက် ထွက်လာခြင်းကြောင့် ဖြစ်သည်။ နောက်ထပ်လည်း လာဦးမည်တဲ့။ ထင် ထာထက် အမတ်ဦးရေ များနေသောကြောင့် အဝေးရောက်အစိုးရအနေဖြင့် ကမန်းကတန်း အရေးပေါ် ပရော ဂျက်များ ထပ်၍တင်ရသည်။ တော်နေ ဆင့်ပါးစပ်နှမ်းပက် ဖြစ်နေမှအခက်ကိုး။
 


ဇတ်ပေါင်းသောအခါ ဤသို့ဖြစ်လာသည်။ ထွက်လာသော အမတ်ငါးဆယ်ကျော်အနက် အဝေးရောက်အစိုးရ နှင့် လက်တွဲလုပ် ရန် သုံးလေးဦး သာရှိ သည်။ အများစုက တတိယနိုင်ငံသို့ သွားမည်ဟုသာ ယတိပြတ်ပြောကြ သည်။ တခြားတော့မဟုတ် အဝေးရောက်အစိုးရတွင် ပါမည်ဆိုပါက ထိုင်း နိုင်ငံတွင်သာ နေရမည်။ ဘယ်သူမှ ထိုင်းနိုင်ငံတွင် သောင်မတင်လို။ ဟိုးအရင်က အနှစ်နှစ်ဆယ်တုန်းက အမတ်တွေလည်း အနောက်နိုင်ငံများမှာ အခြေချသည် မဟုတ်လော။ ကိုယ့်ကျမှ ထိုင်းမှာ ပဲနေဆိုတာ ဘယ်တရားမည်နည်း။
ဤအတိုင်းဆိုပါက မှန်းချက်နှင့် နှမ်းထွက်မကိုက်တော့မည်ကို ရိပ်မိသောကြောင့် အဝေးရောက်အစိုးရက နောက်ထပ်အမတ် များ နယ်စပ်သို့ ထပ် မထွက်ရန် အတွင်းသို့ အကြောင်းကြားသည်။ သို့သော် ထိုအကြောင်း ကြားသည့်နေ့မှာပင် ပြည်တွင်းမှ အမတ်များ စုစုပေါင်း နောက်ထပ်တရာကျော် နယ်စပ်သို့ ဆိုက်ရောက်လာ သည်တဲ့။ နိုင်ငံခြားမှာနေရမည်ဆိုသော မက်လုံး ကြောင့် ကြောက်စိမ်းအုပ်စုမှ အမတ်နှစ်ဆယ်ကျော်ပင် သူတို့ အုပ်စုကို သစ္စာဖောက်၍ ပါလာသည်ဟုသိရသည်။ နောက်ထပ်လည်း ထွက်လာဦးမည့် အမတ်များ ရှိနေသေး သည်ဟု သတင်းများအရ သိရသည်။
အမတ်အသစ် တရာ့ငါးဆယ်ကျော်နှင့် အမတ်ဟောင်းများ ဘယ်လိုဆက်၍ စခန်းသွားမည်ဆိုတာတော့ ငွေ ရောင်ပိတ်ကား ကြီး တွင် ဆက်၍ ရှု့စား အားပေးကြပါခင်ဗျား။

စိုင်းအိမ်မွဲ ၁၆။၁၂။၀၉
 

  http://drlunswe.blogspot.com/---မှ-

 
 
ယခင်ဆောင်းပါးများသို့
 
 
မြန်မာပြည်မှာ အပြောင်းလဲ တကယ်ပဲ ဖြစ်မလား မဖြစ်ဖူးလား
စုန်လိုက်ဒဿန၏ အန္တရယ်”
စစ်အစိုးရရဲ့  ရွေးကောက်ပွဲ ကစားကွင်းအခြေအနေ သုံးသပ်ချက်
လှံစွပ်ပေါင်းတထောင်နဲ့ မီဒီယာ ….လူဗိုလ်
စ့စေ့တွေးလေ ပိုရင်နာမိလေပါပဲလေ….ဂင်ကြီး

၁၄။ NLD ရဲ့ လှုပ်ရှားမှုနဲ့ ခေါင်းဆောင်ပိုင်းကို သုံးသပ်စမ်းစစ်

၁၃အစွမ်းအစပြဖို့အချိန်ရောက်ပါပြီ အန်အယ်လ်ဒီ-ဒေါက်တာလွဏ်းဆွေ
၁၂။ သူတို့ ပြန်လည်ပေါင်းစည်းရမည့် ဇာတ်လမ်း-ဦးဖိုးသာအောင်
၁၁။အိုဘားမား မိန့် ခွန်းကို မြန်မာ့ အရေးအပေါ် တင်ကြည့်ခြင်း-ကျော်ဝင်း
၁၀။  အောင်သူငြိမ်း ဖတ်ဖို့ တုန့် ပြန်ဆောင်းပါးများ-ဦးးဖိုးသာအေင်- ငြိမ်းချမ်း၊ မင်းဒင်
၉။ အတ္တပရဟိတလုပ်ငန်း--လူထုစိန်ဝင်း
၈။ဘယ်လိုရေးတဲ့သမိုင်းလဲ--တိုက်ပွဲဝင်တဦး(အမေရိကန်)
၇။  ကမ္ဘာ့အပယ်ခံ မြန်မာနိုင်ငံမှ တရုတ် လူချမ်းသာများ--ဦးအောင်ခင်
၆။  မြန်မာပြည်သူတွေ ငတ်မှ ဒီမိုကရေစီရမလား-- မဟော်သဓာ
၅။  လူပြောများနေသော ရန်ကုန်မြို့လယ်က ခေတ်သစ် ကင်ပေတိုင်စခန်း
၎။  အလုပ်သမားများမြန်မာပတ်စပို့လုပ်ရန်အခက်အခဲနှင့်ရင်ဆိုင်နေရ

၃။   စီမံချက်ရေးဆွဲသည့် NCGUB (နောက်ဆက်တွဲ စက်ရပ်သတင်း)

၂။   သတင်းမီဒီယာများနှင့် အသံလွှင့်ဌာနများ သို့

၁။  တော်လှန်ရေးဆိုတာ လုပ်သင့်သလား ?