ပြည်ပမြေရောက် မြန်မာ များ
”ဘုရားပေးတဲ့ ဗီဇာလား ကုလားပေးတဲ့ဗီဇာလား”-မဗေဒါ (နော်ဝေ)
ကျွန်မတို့ မိသားစု မနှစ်နွေရာသီ ( ဂျွန်လ ) တွင် ဗုဒ္ဓပွင့်တော်မူခဲ့ရာ အိန္ဒိယနိုင်ငံသို့ သွားချင်ခဲ့ပါသည် ။ ထုံးစံအတိုင်း သွားမည်ဆိုတော့ ပြည်ဝင်ခွင့် ကိစ္စဆောင် ရွက်ရတော့သည်။ သို့သော် ကျွန်မက လူတက်ကြီးလုပ်ကာ ပြည်ဝင်ခွင့်ကို နောက်မှလုပ်ကာ လေယာဉ်လတ်မှတ်ကို ဈေးတော်သည့်အတွက် ဦးစွာဝယ်လိုက် ပါ တော့သည်။ ကုန်ကျငွေကား(၂၆၀၀၀) ဂရိုနာဖြစ်ပါသည်။ မိသားစု (၄) ယောက်စာပေါ့။ ပြောမည်ဆိုလျှင် ငွေရှိ၍ သွားသည့်ခရီးစဉ်မဟုတ်ပဲ သွားချင်(သင့်)သည့် နေရာဖြစ်သည်ကတကြောင်း .. လင်ရောမယားပါ အင်မတန် လိုလိုလားလား မက်ခဲ့ကြသည့် အိမ်မက်ဖြစ်သည့်အတွက် ရှိသမျှဘဏ်ထဲကငွေများကို မျက်စိစုံမှိတ် ကာ ဝယ်ပစ်လိုက်သည့် လတ်မှတ်များဖြစ်ပါသည်။
လတ်မှတ်ဝယ်ပြီးသည့်အခါတွင် ပြည်ဝင်ခွင့်ကို လုပ်ရပေတော့သည်.. ထိုအလုပ်ကား မြို့တော် အော်စလိုသို့တက်ကာ အိန္ဒိယသံရုံးသို့ သွားရပေတော့သည်.. ကျွန်မလတ်မှတ်ဝယ်သည်မှာ စနေဖြစ်ပြီး တနင်္လာရုံးဖွင့်ရက် ရောက်သည်နှင့် သံရုံးသို့ သွားခဲ့တော့သည်။ သံရုံး ဘယ်အချိန်ဖွင့်၍ ဘယ်အချိန်ပိတ်သည်ကို အင်တာနက်တွင် မကြည့်ဘဲ နေ့လည် (၁၁) နာရီလောက်တွင် အိမ်မှထွက်ခွာခဲ့ပါသည်။ သံရုံးကိုရောက်သည့်အခါတွင် (၁၂) နာရီနည်းပါးထိုးပေတော့မည်။ (၁၀) မိနစ်နည်းပါးသာလိုတော့သည်။ ဖြစ်ချင်တော့ သံရုံးဝန်ထမ်း (၂) ယောက် ဆေးလိပ်သောက်နေကြသည်ကို တွေ့လိုက်ရသည်။ သို့သော်ကျွန်မစိတ်တွင် ဝန်ထမ်း ဟုမထင်ဘဲ အခြားလာလျှောက်သူများ ဟုသာထင်မှတ်ခဲ့ပါသည်။ သူတို့နှစ်ယောက်စလုံးက ကျွန်မ သံရုံးထဲဝင်မည်ကို သိသည့်အခါ ဘာလာလုပ်တာလဲဟု မေးပါသည်။ ကျွန်မကလည်း ပြည်ဝင်ခွင့်လာလျှောက်သည်ကို ပြောပါသည်။ သူတို့က ဘာစာအုပ်လဲဟုမေးပါသည်။
သူတို့က အင်္ဂလိပ်ဘာသာဖြင့်မေးခြင်းဖြစ်ပါသည်။ ကျွန်မက အင်္ဂလိပ်လိုပြန်ပြောသော်လည်း ကျွန်မရုပ်သည် ထိုင်း.. ဖိလစ်ပီး.. အင်ဒိုနီးရှား ရုပ်မျိုးနှင့် ဆင်သည် ဟု သူတို့ယူဆနိုင်ပေသည်။ ကျွန်မဝတ်ထားသည်မှာ မြန်မာထမိန်. မြန်မာဖိနပ် .. ခေတ်ပေါ်အကျီ နှင့်ဖြစ်သော်ကြောင့် အင်မတန်မှ မှန်းရခက်သော ဝတ်စုံဖြစ်နေ လေသောကြောင့် သူတို့ကလည်း စပ်စုချင်ပုံပေါ်၍ မေးခြင်းဖြစ်သလို ဆရာလုပ်ချင်၍လည်း ဖြစ်နိုင်သည်ဆိုသည်မှာ နောက်ပိုင်းမှ စဉ်းစားမိသော ကိစ္စဖြစ်ပါသည်။
ကျွန်မကိုသံရုံးထဲ ဝင်ခွင့်မပေးချင်သလို ပိတ်တော့မည်ဆိုသည်ကို ပြောလျှင်ကိစ္စမရှိသော်လည်း ဤစာအုပ် ( ခရီးသွားလတ်မှတ် အစိမ်းရောင်စာအုပ်) သည် ပြည်ဝင်ခွင့် မရနိုင်ဟု ပြောကြပါသည်။ ကျွန်မအတော်လေး စိတ်ချင်ပေါက်သွားသလို ရင်ထဲတွင်လည်း အင်မတန်စို့တက်သွားပါသည်။ တကယ်ဆိုရင်တော့ ဒုက္ခဟု တွေးရင်း စိုးရိပ်စိတ်များဖြင့် အထဲသို့ဝင်သွားပါသည်။
အထဲ ရောက်သည့်အခါမှာတော့ လူ (၃) ဦးလောက်သာရှိပြီး နှစ်ယောက်က မတ်တပ်ရပ်စောင့်နေပြီး တယောက်ကတော့ ကုလားကြီးတဦးနှင့် အခြေအတင် တခုခုဖြစ်နေပုံရပါသည်။ ကျွန်မက ဝင်သွားခြင်းပင် ရပ်စပ်ရှင်းသို့သွားကာ ကောင်တာထိုင်နေသူ နော်ဝေးချာတိတ်တယောက်ကို ဗီဇာလာလျှောက်ခြင်းကို ပြော သည်တွင် စာအုပ်ကို လျှောက်လှန်ကာ သူမသိဘူးဟုပြောပါသည်။ ခဏစောင့်ပါ ဟုပြောလာပါသည်။ စိတ်ထဲတွင်တော့ ဘာဖြစ်လို့ဟိုလှန်ဒီလှန်လုပ် ပြီးကာမှ ငါ့ကို စောင့်ခိုင်းရပါသနည်း.. မရဘူးရသည်ဆိုသည်မှာ တယောက်ယောက်က ဆုံးဖြတ်တာလားဟု စဉ်းစားနေမိပါသည်။ သိပ်မကြာခင်မှာပင် ခုနက အခြေအတင် စကားများနေသူ ကုလားကြီးအပေါ်ထပ်က ပြန်ဆင်းလာသည်ကို တွေ့လိုက်ရပြီး ပျာယာခတ်နေသည်ကိုလည်း သတိပြုမိပါသည်။ နော်ဝေးချာတိတ်ကလေးက ထိုလူကို ကျွန်မစာအုပ်ကိုပြလိုက်သော် ကုလားကြီးက ကြည့်ပင်မကြည့်ပဲ ဒီစာအုပ်မရဟု တချက်လွတ်အမိန့် ထုတ်ကာ စာအုပ်ကို ပစ်ချလိုက်ပါတော့သည်။ ကျွန်မသည် ဒေါသချောင်းချောင်းထကာ ခြေလှမ်းကြဲကြဲဖြင့် သူ့နားကိုကပ်ကာ ဘာလို့မရပါသလဲ ဟု ခပ်မာမာအသံဖြင့် မေးပါသည်။
ကုလားကြီးကလည်း တက်ထောင်မောင်းနင်း ပုံစံဖြင့် မရဘူးဟုသာ ထပ်ခါထပ်ခါ ပြောသည်ဖြစ်သည့်အတွက် ကျွန်မဒေါသတွေ ထွက်ပြီးရင်းထွက်မိပါသည်။ ဒါဆိုရင်ဘာဖြစ်လို့ မရဘူးဆိုတာကို နင်ရှင်းပြရမဲ့ တာဝန် ရှိတယ်လို့ ကျွန်မကလည်း ပြန်ပြောပါသည်။ အဆုံးမှာတော့ သူက နင်အင်တာနက်မှာ ရှာဖတ်တဲ့။ ကျွန်မနဲ့သူသည် စကားကောင်းကောင်း ပြောနေခြင်းမဟုတ်ပဲ ရန်ဖြစ်နေခြင်း ဖြစ်သည့်အတွက် ကျန်ဝန်ထမ်းများနှင့် ဗီဇာ လာလျှောက်သူတို့က ကြည့်နေကြပါ သည်။ ကုလားကလည်းမခေသူပါ.. သူ့မှာလုပ်ပိုင်ခွင့်တစုံတရာ ရှိသည့်အတွက် ကျွန်မကို လက်အောက်ခြေသား ပုံစံမျိုးဆက်ဆံနေခြင်းဖြစ်သည်။ ကျွန်မလို မိန်းမ တယောက် နောက်.. အာရှသားတယောက်က ကတ်ကတ်လန် ရန်တွေ့နေသည်ကို အတော်လေး မြင်ပြင်းကတ်နေပုံလည်း ရပေသည်။ မရှာဘူးနင်ပြောရမဲ့တာဝန်ရှိတယ် ဟုကျွန်မကပြောသောအခါတွင် သူကလည်း အထက်စီးဖြင့် မရဘူးဟုသာ တွင်တွင်ပြောနေပါသည်။ ဒီလိုသံရုံးဝန်ထမ်းမျိုး တခါ မှ မတွေ့ဘူးသည့်အတွက်တကြောင်း ကျွန်မပိုက်ဆံ ရှိစုမဲ့စု ဆုံးရူံးတော့မည့်အရေးတွေးကာ လက်ညိုးထိုးကာပင် ရန်တွေ့မိနေပါတော့သည်။ အတောမသတ်သည့် အတ္တများ ပြောမပြောချင်။ သံရုံးလည်း ပိတ်တော့မည်ဆိုတော့ ကျွန်မစိတ်မချမ်းသာခြင်း များစွာဖြင့် ပြန်ထွက်လာခဲ့ပါသည်။
အိမ်ကိုတန်းမပြန်ပဲ ရဲ ( ခရီးသွားလတ်မှတ် ထုတ်ပေး ဖြေရှင်းပေးသည့်) ဌာနကို တန်းထွက်လာခဲ့ပါသည်။ ရဲဌာနသို့ရောက်သည့်အခါတွင် ရုံးဆင်းချိန်နီးနေပြီ ဖြစ်ပေသည်။ ရဲကြီးကို ဖြစ်ပုံကို တင်ပြပါသည်။ ငါ့စာအုပ်က ဘာကြောင့်သွားခွင့် မရပါသလည်း ဟုမေးပါသည်။ ငါသိသလောက်ဒီစာအုပ်က မြန်မာပြည်ကလွဲရင် တခြားကိုသွားရသည် မဟုတ်လားဟု ကိုယ့်အတွက်စိတ်သက်သာရာကို ထောက်ခံသည့် မေးခွန်းကိုသာ မေးမိနေပါသည်။ သူကလည်း ဟုတ်ကြောင်းပြောပါ သည်။
ထောက်ခံချက်ရသည့်အတွက် တမျိုးတော့ပျော်သလိုပင်.. သူလည်း ဒီစာအုပ်ဖြစ် ခရီးသွားမရဆိုသည်ကို တခါမှမကြားဘူးကြောင်း ပြောပါသည်။ သို့သော် အဆုံး တွင်တော့ အဖြေမရပဲ စိတ်မချမ်းမြှေ့ချင်း များစွာဖြစ် အိမ်သို့ပြန်လာခဲ့ပါသည်။ ဘတ်စ် ကားပေါ်တွင် ခေါင်းပင်မမူးအားပဲ ရင်ထဲတွင်စို့ကာ ခေါင်းနှောက်ကာ ပြန် လာခဲ့ပါသည်။ အိမ်ရောက်သော်လည်း ကိစ္စကမပြီး ….ကျွန်မငွေများမဆုံးဖို့ က အဓိကဖြစ်သွားခဲ့ပါသည်။ ဘုရားဖူးဘို့ ကိစ္စက ဒုတိယဖြစ်သွားခဲ့သည်မှာ အမှန်ပင်။ ငါ့ပိုက်ဆံတွေ ဆုံးပြီးပေါ့။ ငါ့မှာရှိတာမဟုတ်… အပူစိတ်တွေဖိစီးကာ လေယာဉ်လတ်မှတ်ဝယ်ထားသည့် လေယာဉ်လိုင်းကို ဖုန်းဆက်ပါသည်။ သူတို့ကလည်း ကိုယ်တိုက်ရိုက်ဝယ်ထားသည့် နေရာကိုဆက်သွယ်ရန်သာပြောပါသည်။ သူတို့ထံတွင် မဝယ်ထားသည့်အတွက် အဲလိုညွန်းရခြင်းဖြစ်သည်ကို ရှင်းပြပါသည်။ ကျွန်မသည် ဝယ်ထားသည့်နေရာကို ဆက်သွယ်လိုက်ပါသည်။ သူတို့ကလည်း ဘယ်လိုအာမခံမျိုးဝယ်ထားသလဲ.. ဘာကြောင့်သံရုံးက မပေးတာလဲ စသည်ဖြင့် မေးပါတော့သည်။ ဖြစ်စဉ်ကိုလည်း ကျွန်မကရှင်းပြပါသည်။ အဖြေကား သူတို့ထံသို့ ဝယ်ထားသည့်လတ်မှတ် အသေးစိတ်ပေးရန် နှင့် ပြန်ရနိုင်သည့်ငွေမှာ (၂၀) ရာခိုင်နှုန်းလောက်သာ ရှိသည်ဟုပြောသည့်အတွက် စိတ်မချမ်းသာစရာဖြစ်ရပါတော့သည်။ လူလည်း ၁၀ နှစ်စာလောက် အိုစာသွားခဲ့ရပေသည်။
ကျွန်မသည် ဘာလုပ်ရမှန်းမသိ ရောက်ရပ်ခပ် နေခဲ့ပါသည်။ အဓိကကတော့ မသွားရပါကလည်း ငွေပြန်ရရင် ပြီးရော ဟုသာ တွေးမိပါသည်။ ငွေ ငွေ … အချိန် တိုင်းငွေသာ စိုးမိုးနေခဲ့သည့် အချိန်တခု ဖြစ်ခဲ့သည်ဟု ဝန်ခံရမည်သာဖြစ်ပေသည်။ ဤအချိန်အတောအတွင်းမှာပင် နော်ဝေးနိုင်ငံသို့ သီတဂူဆရာတော် ကြွလာ ခဲ့ပါသည်။ ဆရာတော် တရားမဟောမီတွင် နေရာတခုတွင် ဆွမ်းစာကြွလာရာ ကျွန်မလည်း သွားရောက်ဖူးမျှော်ဆွမ်းကပ်ခဲ့ပါသည်။ ထိုနေရာတွင် နော်ဝေးမှာ ရှိနေသည့် ဘုန်းကြီးတပါးကို မိမိပြဿနာကိုပြောပြမိပါသည်။ ဘုန်းကြီးကကျွန်မပြဿနာကို သိသွားပါသည်။ ကျွန်မသည် လတ်မှတ်ဝယ်ထားပြီးနေသည့်အတွက် ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ပါတော့သည်။ ထိုအချိန်နှင့် မရှေးမနှောင်းတွင် နော်ဝေးသို့ မုစိုးရိမ်ဆရာတော် ထပ်ကြွလာခဲ့ပြန်ပါသည်။ ကျွန်မတို့မိသားစု တရားနာ ရန် ထပ်သွားခဲ့ပါသည်။ ထိုတရားပွဲတွင် နော်ဝေးမှဘုန်းကြီးကို ထပ်မံဆုံပြန်ရာ ဘုန်းဘုန်းက ဦးဝင်းဖေဆိုသူသည် ဤခရီးသွားလတ်မှတ် ဖြင့်ပင် အိန္ဒိယနိုင်ငံသို့ သွားခဲ့ပြီဟု ပြောသည့်အခါ အလင်းရောင်လေး နဲနဲရှိလာပြန်ခဲ့ပေသည်။ ယောက်ျားက တရားပွဲမှ ပြန်လာသည့်အခါတွင် ဦးဝင်းဖေဆိုသူကို ဆက်သွယ်ခဲ့ပါသည်။
ကျွန်မကလည်း တဘက်တွင် ငွေများကို ဘယ်လိုမျိုးပြန် ရနိုင်အောင်လုပ်ရမည်ကို စဉ်းစားနေခဲ့ပါသည်။ စားလည်းသည်စိတ် အိပ်လည်းသည်စိတ်ဖြင့် နော်ဝေးငွေ နှစ်သောင်းကျော်ကို စဉ်းစားတိုင်း နှမြောကာ ဝမ်းနည်းနေတော့သည်။ ဒီကြားထဲ ကျွန်မက ယောက်ျားကို မြန်မာငွေနဲ့ဆိုရင် သိန်း(၅၀) လောက်ရှိမယ်နော်ဟု ပြောမိပါသည်။ ယောက်ျားက ငွေများဆုံးမည် ဖြစ်သောကြောင့် စိတ်မချမ်းသာဖြစ်နေသည့် ကျွန်မကို ရောဂါတိုးအောင် မြန်မာငွေနဲ့ ဘာလို့လျှောက်တွက်နေရ ပါသလဲဟု ပြောကာ ဘာမှမဖြစ်နဲ့ဟုသာ အားပေးပါသည်။
နောက်တခုကတော့ အိန္ဒိယနိုင်ငံမှအသိများကို အခြေအနေလှမ်းမေးခဲ့ပါသည်။ သူတို့ကလည်း ဒီလိုခရီးသွားလတ်မှတ် အစိမ်းရောင်စာအုပ်က မူအရကို ဗီဇာမပေး ဆိုသည်ကို အထောက်အထားများဖြင့် ပြောလာသောကြောင့် ဘုရားဖူးခရီးစဉ်သည် အလိုလိုကို ပျက်သွားပြီဟု ဆိုကာ အင်မတန်စိတ်မချမ်းသာဖြစ်နေခဲ့ပါသည်။ ငွေပြန်ရရေးကျိုးပမ်းသည့်အနေဖြင့် အိန္ဒိယနိုင်ငံသား အသိတယောက်ကို မေးပါသေးသည်။ ငါ့ငွေတွေ ဘဏ်ထဲမှာ ရှိနေသေးတယ်။ အေးဂျင့်က ဘဏ်ထဲမှငွေ မဖြတ်သေးကြောင်းနှင့် …. သံရုံးနဲ့ပြဿနာတက်သည့်အကြောင်း.. သူလည်းအိန္ဒယနိုင်ငံသားဖြစ်သည့်အတွက် အဆက်အသွယ်တခုခုဖြင့် ကူညီရနိုင်မည်လား စသည်တို့ကို အကြံတောင်းမိပါသည်။ သူကငွေများမထွက်သေးရင် ငွေများထုတ်ထားတာမျိုး ဒါမှမဟုတ်ပါကလည်း ယောက်ျားဘဏ်ထဲမှ ကျွန်မဘဏ်ထဲသို့ လွဲနိုင်ကြောင်း ပြောပါသည်။ ကျွန်မကယောက်ျားကိုငွေများလွဲရန် ပြောပါသည်။ သူကသဘောမတူသော်လည်း ကျွန်မနားပူနားဆာလုပ်သော်ကြောင့် နောက်ဆုံး လွဲပေးလိုက်ပါသည်။ ငွေများမရှိတော့သော်လည်း အေးဂျင့်မှငွေများကို နေရာအသီးသီးမှ ထုတ်ယူလိုက်ပါတော့သည်။ ထို့အတွက် ငွေများကို ပြန်ထည့်ရပြန်ပါ တော့သည်။ ဒုက္ခများတခုပြီးတခုဝင်လာပုံက ထို့သို့တည်း။
ထိုအချိန်တွင် ဦးဝင်းဖေနှင့်ယောက်ျား အဆက်အသွယ်ရကာ အိန္ဒိယသံရုံးသို့ သူလိုက်ပါပေးမည်ဟု ဆိုလာပါသည်။ သို့သော် ကျွန်မလိုက်၍မရပါ။ လိုက်ပါက အပြင်မှာနေခဲ့ဖို့နှင့် ဘယ်သူနှင့်မှစကားမပြောရန် မျက်နှာမပြရန်ဆိုသည့် သဘောတူမူတခု ရထားခဲ့ကြပါသည်။ သူလိုက်ပါပေးမည်ဆိုသည့်အတွက် အလွန် ဝမ်း သာကြပါသည်။ ဤနေရာတွင် ဦးဝင်းဖေဘယ်လို လူမျိုးဖြစ်သည်ကို အနည်းငယ်ပြောလိုပါသည်။
သူသည် အလုပ်ပေါင်းစုံကို လုပ်ဖူးသူဖြစ်သလို အသက်အရွယ်မှာ (၅၀) ကျော်နည်းပါးဖြစ်ပြီး အင်္ဂလိပ်လိုလည်း ကောင်းကောင်းပြောနိုင်သူဖြစ်ပေသည်။ ရုပ်ရည်အားဖြင့်လည်း ခန့်ထည်သူဖြစ်ပေသည်။ လူပေါင်းဆန့်သူတဦးဖြစ်ရကား အတည်နှင့်ပြောလျှင်လည်း ပြောနိုင်သလို ရယ်စရာဟာသ ပြောမည်ဆိုလျှင် လည်း အဆင်ပြေသူဖြစ်ပါသည်။ အောက်ကြို့ပြောရမည် ဆိုလျှင်လည်း သူလုပ်ပေးနိုင်ပေသည်။ သူက ကျွန်မတို့ကိုကူမည် ဆိုသည့်အတွက် ယောက်ျားက အလုပ် မှခွင့်ယူကာ သံရုံးသို့ နောက်ရက်တွင်ထွက်ခဲ့ကြပါသည်။ ဟိုရောက်သော် ကျွန်မနှင့်ကလေး (၂) ယောက်က အပြင်မှာနေခဲ့ပြီး သူနှင့်ယောက်ျားက သံရုံးထဲသို့ ဝင်သွားခဲ့ပါသည်။ အပြင်မှာနေခဲ့သည့် ကျွန်မတို့မှာကား တကယ့်ဒုက္ခသည်ဘဝ တဖန်ပြန်ရောက်သကဲ့သို့ လမ်းဘေးတွင် ထိုင်စောင့်နေခဲ့ကြရပါသည်။
 နာရီဝက်လောက်ကြာသော် အပြင်ကနေ ဖုန်းခေါ်ကာ အကျိုးကြောင်းမေးပါသည်။ သူတို့ကို ဘာမှမပြောပဲ ဒီအတိုင်းစောင့်ခိုင်းထားသည်ဟု ယောက်ျားကပြောပါ သည်။ သို့သော်အချိန်ကား သံရုံးပိတ်ကာနည်းချေပြီ။ ကျွန်မ အလွန်အမင်း စိတ်ပူနေပေသည်။ ဦးဝင်းဖေသည် ကျွန်မရန်ဖြစ်ခဲ့သည် ကုလားကြီးအား အချိန်စောင့် ကာ စကားပြောပါသည်။ ထိုကုလားကြီးသည် သံမှူးကိုသတင်းအစုံပေးနိုင်သည့် အင်မတန်သြဇာ ကြီးမာသည်ပုဂိုလ်ကြီးဖြစ်ပေသည်။ သူကဦးဝင်းဖေကို မမှတ် မိသောကြောင့် သူကပင် ကုလားကြီးကို စတင်မိတ်ဆက်ကာ သူလုပ်ပေး၍ အိန္ဒိယနိုင်ငံသို့ သူသွားခဲ့ရကြောင်းနှင့် အခုလည်း အကူအညီလို၍ရောက် လာကြောင်း အင်မတန်ယဉ်ကျေး သိမ်မွေ့စွာပြောပါသည်။ ပြီးလျှင်လည်း ဆလမ်တွေ တချိန်လုံး လုပ်နေပုံကား မြန်မာပြည်တွင် ကုလားများ မြန်မာများကို ဆလမ်လုပ်နေသည့် ပုံစံအတိုင်းရှိသည်ဟု ယောက်ျားက ပြောပြပါသည်။ ကုလားကြီးသည် ဦးဝင်းဖေကို အင်မတန်စိတ်တိုကာ ခင်ဗျားရတိုင်း သူတို့ (ယောက်ျားကိုလက်ညိုးထိုးကာ) ရမယ်ထင်နေသလား.. သူတို့ရရမယ်ဆိုပြီး တောင်းဆိုနေတာလား ဟု ပြောပါသည်။ ဦးဝင်းဖေက မဟုတ်ကြောင်းနှင့် သူတို့သည် အင်္ဂလိပ်လိုလည်း မတက် .. ခရီးလည်းမသွားဖူး.. ဘာကိုဘာမှနားမလည်သည့်အပြင် .. အိန္ဒိယနိုင်ငံသည် အင်မတန်မှ ထူးဆန်းသည့်အရာများ.. ယဉ်းကျေးမူများထွန်းကားသည့် အရပ်ဖြစ် သည့်အတွက် သွားချင်နေကြကြောင်းနှင့် ကလေး နှစ်ယောက်စလုံးမှာလည်း သွားချင်လွန်း၍ တငိုငိုတရယ်ရယ်ဖြစ်နေသည်ကို ပုံကြီးချဲ့ပြောပြပါသည်။ ပြောတိုင်းလည်း ခြေထောက်ရှိခိုးတော့မည့်အတိုင်း ပြောသလို ဆလမ်ကိုလည်း မရပ်မနားလုပ်သည့်အတွက် ဗျူရေကရေစီကုလားကြီး မနေတက်မထိုင်တက် ဖြစ်နေသည်ကိုလည်း ယောက်ျားက ရှင်းပြပါသည်။
လူအားလုံးရှင်းလောက်သည့်အချိန်တွင် ကုလားကြီက လျှောက်လွာတင် သွားဟုဆိုကာ သူတို့နှစ်ယောက် ကိုပြောပါသည်။ ဖြစ်ပုံကား ဦးဝင်းဖေ စိတ်တိုစရာပင်.. အပူတွေနှင့်ကျွန်မတို့ မိသားစုသည် အားလုံးပြင်ဆင်သွားသော်လည်း ငွေမထုတ်သွားခြင်းပင်ဖြစ်ပေသည်။ ငွေကလည်း အလွန်ဆုံးအိတ်ထဲရှိမှ သုံးလေးရာသာဖြစ် ပေသည်။ လိုသည်ကား ထောင်ကျော်.. ဦးဝင်းဖေ အင်မတန်စိတ်တိုပေတော့သည်။ သို့သော် သို့သော်… ဘုရားမကယ်အားသေး.. ဦးဝင်းဖေကယ်ပေတော့သည်။ သူ့တွင် ငွေ ထောင်ကျော်ရှိနေခြင်းပင်ဖြစ်သည်။ (သူသည်လည်းငွေကို တခါမှ အိတ်ထဲရာကျော်ထက်မပို.. အခုမှ သူ့သမီးလေးမွေးနေ့အတွက် သုံးရာမှပိုနေသည့် ငွေကို ယူလာခြင်းဖြစ်ပေသည်။)…. ငွေ အဆင်ပြေသွားတော့သည်။ ထုံးစံအတိုင်း ဟိုမေးဒီဖြည့် လုပ်သော် ယောက်ျားကို ဦးဝင်းဖေက နင့်ဘာသာဖြေတော့ဟုဆို ကာ လွတ်ပေးလိုက်တော့သည်။ ယောက်ျားကလည်း ပွဲဦးထွက်တင်ပင် နင်တို့် ဟိုမှာဘယ်လောက်ကြာကြာနေမှာလည်း မေးသည်ကို (၄) နှစ်ဟုဖြေလိုက်ပေ သည်။ ဟိုကလည်း မျက်လုံးပြူးသွားပေသည်။ ပြန်ပြင်ပြောသော်လည်း ဦးဝင်းဖေမှာ မကျေမနပ်ဖြစ်ရကား တော်တော်ကောင်းတဲ့ သောက်တလွဲ..အင်္ဂလိပ်စာဟု ပြောမဆုံးဖြစ်နေပြန်တော့သည်။ အဆုံးသတ်သော် ထိုနေ့တွင် တင်စရာရှိသည်များကို တင်ကာပြန်လာခဲ့ပေသည်။ ပြောရအုံးမည် သူတို့အထဲတွင် အကြိတ်အနယ် ဖြစ်နေသည့်အချိန်တွင် ကျွန်မသည် အပြင်တွင် သံရုံးမှဝန်ထမ်းတဦးနှင့် စကားတွေပြောကာ မိတ်ဆွေဖွဲ့နေပါသည်။ ဒါကိုလည်း ဦးဝင်းဖေတွေ့သွား၍ မကျေနပ် ကာ ကျွန်မကိုဆူပြန်သည်။ နင်စကားတွေ ဘာမှ ရှည်မနေနဲ့ ငါ့မှာအောက်ကျစရာ ဘာမှမရှိတော့ဟုဆိုပြန်ပါသည်။
ဤအချိန်တွင် ခရီးစဉ်အတွက် (၅) ရက်သာလိုပေတော့သည်။ ဗီဇာက ရမရမသေချာ ဗီဇာကြေးက ပေးခဲ့ရပြန်သေးသည်။ ဗီဇာဖောင်တွင်လည်း ဗီဇာကြေးက ဗီဇာမရလျှင်လည်း ပြန်မရဟု ပြောထားပေသည်။ သူတို့ ပြန်ချိန်းသည့်ရက်မှာ မဖြစ်နိုင်သည့်ရက်ဖြစ်သည့်အတွက် သွားရမည်မှာ စနေနေ့ဖြစ်သော်ကြောင့် သောကြာပေးပါရန် ပြောသော်ကြောင့် အဆင်ပြေကာ သောကြာကိုစောင့်ရပါတော့သည်။ သောကြာမရောက်ခင်တွင် ယောက်ျားနှင့် ဦးဝင်းဖေတခေါက် မျက်နှာ သွားပြပြီး ရမရ စုံးစမ်းရပါသေးသည်။ သူတို့က သောကြာနေ့လာပါဟု ပြောလွတ်လိုက်ပေသည်။ စောင့်နေစဉ်တွင်လည်း ယောက်ျားကိုကျွန်မက စိတ်ပူကြောင်း သာပြောနေ၍ သူကမပူရန်.. ဗီဇာကြေးယူလိုက်သည် ဆိုကတည်းက ရနိုင်သည်ဖြစ်ကြောင်းနှင့် ဦးဝင်းဖေ၏ ပြောထားချက်သည်လည်း အင်မတန်ကောင်း သည့် အတွက် ရနိုင်ကြောင်းအားပေးပါသည်။ လိုရမယ်ရ အကြံအဖန်တခုလည်း လုပ်မိပါသေးသည်။ ကျွန်မတို့ဝယ်ထားသည့် အာမခံတွင် ကျန်းမာရေးတခုခုဖြစ်ခဲ့လျှင် ပြန်ရမည့်ပိုက်ဆံပါသည့်အတွက် ဆရာဝန်ထံသို့ အကြံအဖန်လုပ်ရန်လည်း ကျွန်မရောက်သွားခဲ့ပါသေးသည်။ ရပ်စပ်ရှင်ထိုင်သည့် နပ်စ်မက ဘာဖြစ်လဲဟုမေး သည်တွင် ဗိုက်နာသည်ဟု ပြောသောကြောင့် သူကအရေးမကြီးကြောင်းနှင့် အရမ်းဖြစ်လာပါက အရေးပေါ်သို့ သွားနိုင်ကြောင်းဖြစ်သာ ပြောလွတ်လိုက်သည် ကိုလည်း စိတ်ထဲတွင် ငါအသုံးမကျရကောင်းလားဆိုကာ ကိုယ့်ကိုယ်ကို အပြစ်တင်မိပါသေးသည်။
သို့ဖြင့် သောကြာသို့ရောက်ခဲ့ပေတော့သည်။ ဗီဇာ သွားယူရမည့် အချိန်မှာ ညနေ (၄) နာရီမှာ (၅) နာရီကြားဖြစ်ပေသည်။ ကျွန်မတို့လင်မယားနှစ်ယောက် ရင်တ ထိတ်ထိတ်ဖြင့် သံရုံးသို့ စောစီးစွာရောက်လာခဲ့ပေသည်။ ထုံးစံအတိုင်း ကျွန်မက အပြင်မှာစောင့် ယောက်ျားကအထဲဝင်သွားပါသည်။ ပြေစာစာရွက်ကလေးကိုကိုင်ကာ သွားစောင့်နေပါသည်။ လာစောင့်သူများမှာလည်း (၁၅) ဦးခန့်ရှိနေပါသည်။ အချိန်ကလည်း အင်မတန်တိုပါသည်။ ဗီဇာပေးမည်ဆိုလျှင်လည်း တယောက်ချင်းခေါ်ကာ ပေးလိုက်ရုံသာရှိပေတော့မည်။ လာသူကပြေစာပေး ဟိုက တုံးထုထားသည့် ပတ်စထုတ်ပေးရုံဟုသာ နား လည်ပါသည်။ သို့သော် အိန္ဒိယသားများကား ထူးဆန်းလေစွ။ မပေးပါ.. လွယ်လွယ်မပေးပါ.. တယောက်ချင်းကို အကြာကြီးပြောနေဆိုနေ …..အပေါ်ထပ်တက် လိုက်အောက်ဆင်းလိုက် နှင့် ဘာလုပ်မှန်းမသိဖြစ်နေပေတော့သည်။ (ယောက်ျားပြောသည်မှာ သူတို့အပေါ်ဆင်းအောက်တက် လုပ်နေသော်လည်း စာအုပ်များမှာ အောက်မှာအကုန်လုံး အဆင့်သင့်ထုပြီးသားဟု မှန်းဆရကြောင်းနှင့် ယူပေးရုံသာဖြစ်သော်လည်း အဲလိုမဟုတ်ပါပဲ အပေါ်တက်အောက်ဆင်း လုပ်ပြနေခြင်းသည် လာရှောက်သူအားလုံးရင်ကို စိတ်ပူစေသော် အခြေအနေဖြစ်နေပေသည်။) လာလျှောက်သူများမှာလည်း ကုလားကြီးပဲမဟုတ် အဖြူများလည်းပါပေသည်။ သူတို့လုပ်ပြနေပုံကား ငါတို့နိုင်ငံကို သွားချင်တိုင်း သွားမရ ဟုဆိုကာ အာဏာပါဝါပြနေပုံပင်ဖြစ်ပေသည်။ ဥပဒေဘောင်အတွင်းကနေ လုပ်စရာရှိသည်များကို လုပ်နေခြင်းမဟုတ်ပေ။ အာဏာရှင်တပိုင်းဖြစ်နေသည့် ထိုကုလားကြီးကို ကျွန်မအလွန်မြင်ပြင်းကတ်သည်မှာ အမှန်ပင်။
သို့သော် ကျွန်မသည် မျက်နှာကို ပြုံးချိုချိုထားကာ သံရုံးထဲသို့ဝင်လာခဲ့ပြန်ပါသည်။ ဗီဇာမရမှာကို စိတ်အလွန်ပူနေသည့်အပြင် ယောက်ျားကိုလည်းကူညီ စရာ ရှိလျှင် ကူညီနိုင်အောင်ဖြစ်ပေသည်။ ဒီတခါတွင် ကျွန်မက ဝတ်စားနေကျ သာမာန်ပုံစံကိုသာ ဝတ်သွားပါသည်။ မြန်မာထမိန်နှင့် မဟုတ်တော့ပေ။ စိတ်တထင့်ထင့်နှင့် သံရုံးထဲတွင် ယောက်ျားနားထိုင်ကာ စောင့်နေမိပါသည်။ လူ(၃) ဦးလောက်သာကျန်တော့သည်။ ထိုကုလားကြီးဆင်းလာပြန်ပေသည်။ အရှေ့တွင် ရပ်နေသည့်ကုလားကို နင်နားမလည်ဘူးလား ဘာညာဆိုကာ သူ့သားသမီးသဖွယ် ဆူပူနေသည်ကို ကြည့်ကာကျွန်မအလွန် ရယ်ချင်နေမိပါသည်။ နောက်တယောက်ကား အဖြူမတယောက်ဖြစ်ပါသည်။ သူလည်း ဘာပြဿနာတက်သည်မသိ စောင့်နေရတုန်း.. အချိန်ကား ပိတ်မည့်အချိန်ထက် လွန်နေပြီ ဖြစ်ပါသည်။ (၁) နာရီကျော်လောက် လွန်နေပြီဖြစ်ပါသည်။ ကျွန်မမပူမရှိနိုင်တော့ အချိန်လည်း မရှိတော့သလို ဝန်ထမ်း အာဖရိကန်အမျိုးသမီးက ယောက်ျားကို စောင့်နေဦးဟုဆိုကာ အပေါ်တက်အောက်ဆင်း လုပ်နေသည်ကိုလည်း မြင်နေရသောကြောင့် ဖြစ်ပါသည်။
အဆုံးတွင် ကျွန်မတို့အလှည့် ရောက်လာကာ ယောက်ျားထံမှ ပြေစာစာရွက်ကို ဆွဲစောင့်၍ ယူလိုက်ပြီး နင်ကဘာလာလုပ်တာလဲ ပြည်ဝင်ခွင့်ဆိုတာ အနည်းဆုံး ဆယ်ရက် စောင့်ရတယ်ဆိုတာ နားမလည်လားဟု ဆိုကာ ဆူပူပါတော့သည်။ မျက်နှာကို ငယ်ပြရတော့သည်.. မဟုတ်ပါ ဘာညာဆိုကာ မသိကြောင်း မတက် ကြောင်းကို အောက်ကျခံပြရတော့သည်။ တခါထပ်စောင့်ခိုင်းပြန်သည်။ ယောက်ျားက ကျွန်မကို မှတ်မိကာ ပြဿနာတက်မှာစိုး၍ အပြင်မှာသွားနေခိုင်းပြန်ပါသည်။ တခေါက်ပြန်ထွက်လာခဲ့ပါသည်။ (၁၅)မိနစ်ခန့်နည်းပါးအကြာတွင်တော့ ထိုကုလားကြီးသည် ယောက်ျားကို နောက်တခါဒီလို လာမချိုးနှင့် အခုတခါတော့ ရှိပစေ ဆိုကာ ခလေးတယောက်ကို ဆူဆဲကြိမ်းမောင်း ပြောဆိုသကဲ့သို့ စာအုပ်များကိုပစ်ချကာ ထုတ်ပေးလိုက်ပေတော့သည်။
 စိတ်ထဲတွင် ဗီဇာပေးလိုက်သည်ဟု တန်း သိနေပေတော့သည်။ ယောက်ျားမှာကား ဆူပဲဆူဆူ ပြောချင်တာသာပြောပစေ ရခဲ့ပြီဆိုကာ ဝမ်းသာစွာထွက်လာ ပေ တော့သည်။ စာအုပ်များကို ဖွင့်ကြည့်လိုက် သောအခါ လှပသော အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့်လေး ကျွန်မတို့စာအုပ်ထဲတွင် ထုရိုက်ပြီးဖြစ်နေပေသည်။ ပေးလိုက် ပြန် တော့လည်း အလွဲလွဲပင် သားစာအုပ်မှာအဖေ အဖေမှာသားဖြစ်နေပေတော့သည်။ သို့သော် ကျွန်မတို့ကား အလွန်အမင်းပျော်ရွင်စွာ ကျွန်မတို့ အတွက် ကူခဲ့သူ ဦးဝင်းဖေနှင့် အခြားဝိုင်းစိတ်ပူပေးသူ မိတ်ဆွေဆရာများကို တခုတ်တရလှမ်းကာ အဆင်ပြေကြောင်း ဖုန်းဆက်အကြောင်းကြားရပေတော့သည်။
 ငွေကြောင့်အရူးမီးဝိုင်းဖြစ်ခဲ့ရသည် ကျွန်မသည်လည်း စိတ်ချမ်းသာ ရသွားပေတော့သည်။ ဤကားကျွန်မတို့၏ အိန္ဒိနိုင်ငံသို့သွားရန်အတွက် အိန္ဒိယမရောက် ခင် ကတည်းက ကြုံဆုံရသည့် အမှန်တကယ် Incredible India ဗီဇာရရေး အတွေ့အကြုံများပင်ဖြစ်ပေတော့သည်။
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။
 ပြည်ပမြေရောက်မြန်မာတို့ ဘ၀ အထွေထွေကို ခံစားသိရှိနိုင်ပါရန် ကူးယူဖော်ပြပါသည်။ ( ဟစ်တိုင် ၀ိုင်းတော်သားများ)
၂။၎။၂၀၁၀
ပြည်ပမြေရောက် မြန်မာ များ
တူညီသောပစ်မှတ်ဟာ စစ်အာဏာရှင်ဖြစ်ပါတယ်”-ဌေးတင့် (နယ်သာလန် )
ပြည်ပတွင် မှီတင်းနေထိုင်ကြသော မြန်မာပြည်ဖွားများနဲ့ မိသားစုများခင်ဗျား
မဂ်လာပါလို့ နှုတ်ခွန်းဆက်ပါရစေ ။
အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲ လမ်းကြောင်းပေါ်ကနေ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေကြသော စာတို စာရှည်များ ဖတ်ပြီး ကျွန်တော့် အတွက် စိတ်ဓါတ် ခွန်အားများ ရရှိနေပါတယ်။
ကျွန်တော်တို့ မှာ တူညီတာ တခုရှိပါတယ် ။
မိဘကသင်ပေး လိုက်တဲ့ မြန်မာစကားနဲ့  မြန်မာစာပါ ။
ကာလတွေသိပ်ကြာသွားတာကြောင့်ရယ် ။ ပတ်ဝန်းကျင်မှာ မြန်မာနဲ့ အထိအတွေ့ နဲလာတာကြောင့်  တချို့ သူများဟာ အရေးအသားဖက်မှာ အားနည်းသွားတာ ကိုတွေ့ ရပါတယ် ။
“ဓါးတလက်ဟာ အမြဲသွေးမှ အမြဲထက်တယ်” ဆိုပြီး ရှေးလူကြီးတွေက စကားပုံလုပ်ပြီး ထားခဲ့ပါတယ် ။
မိဘက အောက်တန်းကျစွာ သင်ပေးလိုက်သူတွေက တော့ အဲဒီအားနည်းချက် အပေါ်မှာ နိုင်ငံကြီးမှာနေပြီး သဘောထားသေးသိမ်စွာ ထိုးနှက်နေကြတာကို ယူကြုံးမရ ဖတ်နေရပါတယ် ။
မွေးလာသော သားသမီးဆို ဘယ်လိုကြီးပြင်းပြီး မြန်မာစကား သုံးသူတွေကို ဘယ်လို ဆက်ဆံကြမလဲဆိုတာ မတွေးဝန့် စရာပါဘဲ ။
ပြည်ပမှာ နေထိုင်သော မြန်မာမိသားစုများနဲ့ တူညီသောပစ်မှတ်ဟာ စစ်အာဏာရှင်ဖြစ်ပါတယ်၊မြန်မာစကား မြန်မာစာ သင်ယူလိုသောသူများအတွက် မြန်မာပြည် မှ ဗီဒီယို အခွေမှာပြီး ယူကြူ့ မှာ တင်ပေးလိုက်ပါတယ် ။
မတူညီတဲ့ တိုင်းပြည် ပညာရေး ကျွမ်းကျင်မှု အလုပ်အကိုင် အဖွဲ့ အစည်း အတွေးအခေါ် ကြားက တူညီတဲ့ မြန်မာစကား မြန်မာစာ သုံးကြသူတွေ ကျရာနေရာက နေကြပြီး
သက်ဆိုင်ရာနိုင်ငံသားများနဲ့ ပူးပေါင်းခြင်း၊
သက်ဆိုင်ရာနိုင်ငံရှိ အန်ဂျီအို အဖွဲ့ များနဲ့ ပူးပေါင်းခြင်း၊
သက်ဆိုင်ရာနိုင်ငံရှိ ပါတီများနဲ့ ပူးပေါင်းခြင်းသက်ဆိုင် ရာနိုင်ငံရှိ အစိုးရ့ များနဲ့ ပူးပေါင်းခြင်း၊
ပြည်တွင်းသို ဆက်သွယ်ပြီး ငွေပို့ ခြင်း သတင်းဖြန့် ဝေခြင်း၊
အချက်အလက်များရှာဖွေခြင်း ---စသည်တို့ ဖြင့် တူညီတဲ့ ရန်သူကို နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်ကြပါစို့ လို့ ။
သင်ခန်းစာ ၁   http://www.youtube.com/watch?v=qLc-ccelbs0
သင်ခန်းစာ ၂  http://www.youtube.com/watch?v=7rZyUjUrbA8&feature=channel
သင်ခန်းစာ ၃   http://www.youtube.com/watch?v=KH1hV29P0kE&feature=channel
သင်ခန်းစာ ၄  http://www.youtube.com/watch?v=9jwPXqcW8-Q&feature=channel
သင်ခန်းစာ ၅  http://www.youtube.com/watch?v=QP9cM4LQi7E&feature=channel
သင်ခန်းစာ ၆  http://www.youtube.com/watch?v=R_w2RRTeZQk&feature=channel
ဌေးတင့် ( နယ်သာလန် ၁ ဧပြီလ ၂၀၁၀ ည ၂၃းဝဝ )
 ပြည်ပမြေရောက်မြန်မာတို့ ဘ၀ အထွေထွေကို ခံစားသိရှိနိုင်ပါရန် ကူးယူဖော်ပြပါသည်။ ( ဟစ်တိုင် ၀ိုင်းတော်သားများ)
၂။၎။၂၀၁၀
ပြည်ပမြေရောက် မြန်မာ များ
ဘ၀ထဲမရောက်တဲ့ နော်ဝေးစကား”-မဗေဒါ
…..ဘာသာစကားတခုကို သေချာကောင်းမွန်စွာ တက်မြောက်အောင် နားလည်ဖို့ဆိုသည်မှာ အနဲဆုံး (၅) နှစ်ကြာ သည်ဟု မှတ် သားဖူးပါသည်။ ဒါကလည်း ချဉ်ရဲပြေ လုပ်တာမျိုးမဟုတ်ပဲ သေသေချာချာ စည်းစနစ် ကျကျ မှတ်သားလေ့လာချင်တဲ့ စိတ်မျိုးရှိ ပါမှ တတ်မြောက်မှာ ဖြစ်ပါတယ်။ နို့မိုဆိုရင်ဖြင့် ဘ၀ထဲကို စာတွေ စကားတွေ မရောက်လာနိုင်ပါ။
….မြန်မာအများစုသည် ကလေးဘ၀ကတည်းက မိခင်စာများအပြင် အင်္ဂလိပ်စာတမျိုးပါ တွဲပြီးသင်ကြား လေ့လာခဲ့ရခြင်းကြောင့် အင်္ဂလိပ်စာသည် မိမိတို့နှင့်မစိမ်းပဲ ရှိနေပါသည်။
ဆိုနိုင်သည် ဖတ်နိုင်ကြသည်ပေါ့။ အပျံစားတော်ချင်မှ တော်မည် ဖြစ်သော်လည်း တော်ရုံတန်ရုံဆိုလျှင်ဖြင့် အတန်းကျောင်း နေဖူးသူတိုင်း တတ်ကြသည်ဟု မှန်းဆမိပါသည်။ သို့သော်ယင်းစကားသည် ကျမတို့ နေ့စဉ်သုံး မဖြစ်သောကြောင့် သေချာ စွာတက်မြောက်လိုပါက အထူးသင်ကြားခြင်းဖြစ်သာ ပြောနိုင်ဆိုနိုင်ကြပါသည်။ အခြားသော ဘာသာစကားများလည်း ထိုနည်း တူစွာပင် ရှိချေသည်။ ကျမရောက်ရှိနေထိုင် အခြေချနေသော နော်ဝေးနိုင်ငံသည် အင်္ဂလိပ်အက္ခရာများဖြင့် အသုံးပြုသော စာပေ တမျိုးဖြစ်ပါသည်။ သို့သော်သူ့ဘာသာတွင် (၃)လုံးးပိုပါသည်။ Æ (အာ ), Ø (အယ် ) , Å ( အို) ဟူ ဖြစ်ပါသည်။
အင်္ဂလိပ်နှင့်ဆင်တူသော်လည်း အသံထွက်များ မတူသော်စာလုံးများရှိပါသည်။ မခက်ပေဘူးလား။ တလုံးတည်းဆိုပါက မခက် သော် လည်း အလုံးများစွာ အသံထွက်မတူသည့်အခါ ရပ်ခြားမှ ဘာသာခြားများ အင်မတန်မှ ပင်ပန်းစွာ အသံများကို လေ့လာ သင်ယူရပါသည်။ မြန်မာသံများတွင် အသံစုံနည်းပါးရှိသည်ဟု ထင်ပါသည်။ ထွက်လို့မရနိုင်သည့် အသံဟူ ၍ မရှိသလောက် ဖြစ်ပါသည်။
…. ဒီနေရာတွင်ပြောစရာတခုရှိသည်မှာ မြန်မာများ၏ အသံထွက်ဖြစ်ပါသည်။ ကျမကြုံဆုံနေရသည့် မြန်မာအများစု (ကျွန်မအပါ အ၀င်) အသံထွက် အင်မတန်မှညံခြင်းဖြစ်ပါသည်။ (မြန်မာပြည်သားလူကြီးများကို ဆိုလိုပါသည်။ ကလေးများကလည်း မိဘများ ကိုအားပေးပါသည်။ နော်ဝေးဘာသာဖြင့် တယောက်ယောက်နှင့် စကားပြောနေပါက ဘာတွေပြောနေတာလဲဟု ကောင်းချီးပေး ကာ မိဘများအစား ရှက်တက်သူများဖြစ်ပါသည်။) ဘာသာစကား ဆရာများပြောသည်မှာ သင်ရခက်သည့်ထဲတွင် မြန်မာလူမျိုး ပါသည်ဟု ပြောဖူးပါသည်။ သင်ကြားရန်ခက်သည့် လူမျိုးများမှာ (ဗီယက်နာမ်. ထိုင်း. တရုတ်) တို့ဖြစ်ပါသည်။
အမှန်တွင် မဟုတ်ပါ။ ကျွန်မတို့တွေ သေချာစွာ သင်ကြားလိုစိတ်မရှိပဲ ဘာသာစကားအပေါ် အထင်သေးသော စိတ်များကြောင့် သာ မတက်မြောက်ခြင်း ဖြစ်သည်ဟု ဆ၀ါးမိပါသည်။ ကျွန်မသည် ဘာသာစကားစသင်သည့်အချိန်မှစ၍ တက္ကသိုလ် ကျောင်းကို တက်ခဲ့သည့်အချိန်ထိ လိုသည့်အချိန်တွင်သာ စာများကိုပြူးပြဲရှာဖွေခြင်းဖြင့် လိုသည့်အချက်အလက် များကို ရှာဖွေခဲ့ပါသည်။ အကြောင်းရင်း (၂)ခုရှိပါသည်။ ဘာသာစကားစတင်သည့်အချိန်တွင် သင်ကြားလိုစိတ်လုံးဝမရှိခဲ့ခြင်း.. လွယ်သည်ဟု အထင် ရောက်ခြင်းနှင့် ကျောင်းတက်သည့်အချိန်တွင်လည်း ပျော်ပိုက်မှုမရှိခြင်း တို့ကြောင့်ဖြစ်ပါသည် ။
နော်ဝေစာ အခြေခံသဒ္ဒါ စာအုပ်
ထိုစာမတက်လျှင်လည်း ပြဿနာမရှိ။ ကမ္ဘာကိုဆက်သွယ်လျှင် အင်္ဂလိုတက်လျှင် အဆင်ပြေသည်ဟု လက်ခံယူဆထားသော ကြောင့် ကောင်းစွာမသင်ပဲ ချဉ်ရဲပြေ (တော်အိလျောအိ) လုပ်နေခြင်းကြောင့်သာ မတိုးတက်ပဲရှိနေသည်ဟု ပြောလျှင်ရနိုင် ပေ သည်။ မတိုးတက်ဘဲ ရှိမည်ဆိုလည်း ရှိလောက်ပေသည်။ အင်မတန်လွယ်သည့် အသံထွက်ကိုပင် ဖြစ်ကတက်ဆန်း ထွက်နေသူ များ အများကြီးရှိပေသည်။ ကျွန်မအသိတယောက်ဆိုလျှင် လွယ်သည့်အသံထွက်ကိုပင် မှားအောင်ထွက်နေသည့် အတွက် မနေ နိုင်လွန်းသောကြောင့် ပြင်ပေးမိပါသည်။ သို့သော်ထိုသူသည် နောင်တွင်လည်း ထိုအသံထွက် အမှားကို ပဲထွက်နေပါသေးသည်။
….ဘာကြောင့်ထိုသို့ ဖြစ်နေပါသလဲ။ ကျမတို့သည် ဘာသာစကားတခုကို အဖြစ်သဘော အလွယ်တကူသင်ယူရန် အခွင့်အရေး ရှိနေခြင်း….အထင်သေးအမြင်သေး ရှိနေခြင်း အသက်အရွယ် ကြီးရင့်နေကြခြင်း…. နောင်မသင်လည်း ဖြစ်သွားမည်ဟု ယူ ဆနေကြခြင်း ဒီလောက်နှင့် အလုပ်ဖြစ်နေပြီဟု ယူဆနေကြခြင်း စသော အကြောင်းပေါင်းများစွာကြောင့် မတက်မြောက် ခြင်း ဖြစ်ပါသည်။ ခပ်ရိုင်းရိုင်းပြောမည်ဆိုပါက အလုပ်ဖြစ်ယုံမျှသာ လုပ်နေခြင်းကြောင့်ဖြစ်ပါသည်။ ပြောမည်ဆိုလျှင် ကျွန်မတို့ဘ၀ ထဲတွင် နော်ဝေးဘာသာစကား လုံးဝရှိမနေသောကြောင့် ဖြစ်ပါသည်။ ထိုကြောင့် ကျွန်မတို့တွေ ( ဗာဟတ်တာဒူ hva heter du .. နာမည်ဘယ်လိုခေါ်ပါသလဲ ) အဆင့်နဲ့ နှစ်ပါးသွားနေရခြင်း ဖြစ်သည်ဟု ယူဆပါသည်။
ဘ၀ထဲတွင် စာလုံးများရှိမနေသောကြောင့် အရေးအကြောင်းဆိုလျှင် ဘာသာပြန်တွေ ခေါ်ရ အင်္ဂလိပ်လိုထည့်ပြောကြ မိမိကိုယ် မိမိ အားမရဖြစ်ကြနှင့် စိတ်ကျရောဂါတောင်ဖြစ်လာနိုင်သည်ဟု ယူဆမိပါသည်။ ထို့အပြင် တီဗီ.. ကွန်ပြူတာ ရေဒီယို နှင့် အခြားသော ဗဟုသုတ ရစရာများ လေ့လာသောအခါတွင်လည်း မြန်မာစာ သို့တည်းမဟုတ် အင်္ဂလိပ်လိုဖြင့်သာ ဖတ်ချင်ကြ သည်က များပေသည်၊ ဘ၀၏ တကယ့်လိုအပ်ချက်ကို မလုပ်ဘဲ ကိုယ်လုပ်ချင်သည်များကိုသာ လုပ်နေကြသောကြောင့်လည်း ဖြစ်ပါသည်။
မြန်မာမဟုတ်သော အခြားနိုင်ငံ ဥပမာ တူကီ .. ပါကစ္စတန်များကို ကြည့်မည်ဆိုလျှင် အတက်မြန်သလို အလုပ်ထဲတွင်လည်း ပြောလိုသည့် အကြောင်းအရာကို ပိုင်ပိုင်နိုင်နိုင် ပြောနိုင်သူများ ဖြစ်ပါသည်။ ( စကားချပ် သမီး၏ အတန်းဖော် သူငယ်ချင်း သည် တနှစ်စာထိုင်းငွေ သုံးသိန်းပေး၍ လာရောက်စာသင်ကြားနေပါသည်။ သူသည် ရောက်ပြီး လပိုင်းအတွင်းတွင် ပြောချင် သည့် အကြောင်းအရာကို နော်ဝေးဘာသာဖြင့် ပြောနိုင်နေပြီဖြစ်ပေသည်။) ဒီနေရာတွင် နော်ဝေးနိုင်ငံသို့ ရောက်ရှိလာသော လူ နှစ် မျိုးနှစ်စားအကြောင်း အကြမ်းဖျင်း တင်ပြချင်ပါသည်။
သက်ကြီး နော်ဝေစာ အခြေခံ သင် စာအုပ်အချို့
နံပါတ်တစ် တမျိုးသည် ကျွန်မတို့လို မလာချင်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ခိုလှူံလာသူများ ဖြစ်ပါသည်။
နံပါတ်နှစ် တမျိုးသည် နော်ဝေးနိုင်ငံသည် အလုပ်လုပ်စရာ နေရာများစွာရှိသည် ငွေအရများသည် အစရှိသည့် အခွင့်ရေး ကိစ္စ များကို သေချာသတင်းစုဆောင်းပြီး လိုလိုလားလား ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင် သူများဖြစ်ပါသည်။ ၀မ်းစာအတွက် ရေ ကြည်ရာသို့ လာရောက်အလုပ်လုပ်ကိုင်သူများ ဖြစ်သည်ဟု ခေါ်ဆိုနိုင်ပါသည်။
ဒုတိယအမျိုးအစားသည် နော်ဝေးဘာသာစကားသည် ဆက်သွယ်ရေး တနည်းအားဖြင့် အလုပ်ရရေးအတွက် အင်မတန် အရေး ပါသည် ဟု စွဲမြဲစွာခံယူလျှက် တက်ကြွစွာ လေ့လာလိုက်စား သူများဖြစ်ပါသည်။ ထိုလူများသည် ခိုလှုံခွင့်ဖြင့် နေထိုင်သူများ ကဲ့ သို့ မဟုတ်ပဲ လာစဉ်ကတည်းက ရည်မှန်းချက် အပြည့်ဖြစ် ရောက်ရှိလာသူများဖြစ်ပေသည်။ကျွန်မတို့ လူမျိုးများနှင့် အလွန်ကွာ ခြားသည့် အချက်ဖြစ်ပေသည်။ မြန်မာပြည်သား အများစုမှာကား ထိုသို့မဟုတ် အထက်ကပြောသလို ရည်မှန်းချက်ပျောက်ကာ ငါ့လှေငါထိုး အခြေအနေဖြစ်ရောက်ရှိလာပြီး ဘာသာစကားအား အမှန်တကယ်တက်မြောက်အောင် သင်ကြားလိုစိတ် ကင်းမဲ့ နေကြသူများမှာ အများစုဖြစ်ပေသည်။ ထို့ကြောင့် အကြောင်းအားလုံး ပေါင်းစုံလိုက်သော အခါတွင် ကျွန်မတို့ မြန်မာလူမျိုး များ၏ နေ့စဉ်ဘ၀ထဲတွင် နော်ဝေးဘာသာစကား ရှိမနေသေးပါကြောင်း တင်ပြအပ်ပါသည်။
(မှတ်ချက်.. နော်ဝေးနိုင်ငံရောက် မြန်မာအများစုသည် ဒုက္ခသည်အဖြစ် ရောက်ရှိနေထိုင်သူများမှာ လူများစုဖြစ်ပေသည်။)
၂၂. ၀၃.၂၀၁၀
မဗေဒါ
http://mabayda.blogspot.com/ မှ ပြည်ပမြေရောက်မြန်မာတို့ ဘ၀ အထွေထွေကို ခံစားသိရှိနိုင်ပါရန် ကူးယူဖော်ပြပါသည်။ ( ဟစ်တိုင် ၀ိုင်းတော်သားများ)
၂၅။၃။၂၀၁၀
ပြည်ပမြေရောက် မြန်မာ များ
ကြံစီတိုင်းလဲ ဖြစ်မလာဘူး”-- နော်လီမိုင်
နော်ဝေနိုင်ငံဟာ ကမ္ဘာ့မြောက်ဝင်ရိုးစွန်းနားက နိုင်ငံငယ်လေးဖြစ်ပြီး လူဦးရေ အနေနဲ့ ၅ သန်းဝန်းကျင် သာရှိပါတယ်။အဲဒီ အထဲ မှာ ပြည်ပနိုင်ငံခြားသားက ၅ သိန်း ခန့် ပါဝင်နေပါသေးတယ်။ မြန်မာ နိုင်ငံသားကတော့ (၂၅၀၀) နှစ်ထောင့်ငါးရာ ၀န်းကျင်ခန့်  လောက် ရောက်ရှိပါဝင်နေပါတယ်။ အဲဒီလူတွေဟာ အများအာဖြင့် ၁၉၉၀ နောက်ပိုင်းမှာ ကုလသမဂ္ဂဒုက္ခသည်များ ပြန်လည်နေ ရာချထားရေး အစီအစဉ်နဲ့ အိန္ဒိယ၊ထိုင်း ၊မလေးရှားနိုင်ငံတွေမှာရှိတဲ့ ဒုက္ခသည် စခန်းတွေကနေ လက်ခံထားတာပါ။
နောက်ပိုင်းမှာတော့ လူ့ အခွင့်အေရေးမှာ ကမ္ဘာ့နံပတ်(၁) အဆင့်အဖြစ်သတ်မှတ်ခံရတာရယ်၊ နိုဘယ်ဆုချီးမြှင့်ပေးအပ်တဲ့ နိုင်ငံဖြစ်တာရယ်၊ ပြီးတော့ မြန်မာ နိုင်ငံက ပြည်ပရောက်စင်ပြိုင် အစိုးရကို အသိအမှတ်ပြုပြီး ဒီမိုကရက်တစ် မြန်မာ့အသံကို နော်ဝေနိုင်ငံမှာ တည်ထောင်လုပ်ကိုင် အသံလွှင့်ခွင့်ပေးတယ်ဆိုတဲ့ အချက်တွေနဲ့ မြန်မာလူမျိုးတွေ အသိများလာတဲ့ နိုင်ငံတခု ဖြစ်ပါတယ်။
နော်ဝေကိုရောက်လာကြတဲ့ မြန်မာတွေကလည်း ကမ္ဘာအနှံ့မှာ ရောက်နေတဲ့ မြန်မာတွေနဲ့၊ ထိုင်း၊အိန္ဒိယနဲ့ မလေးရှား ဒုက္ခသည် စခန်းတွေဆီမှာ ကျန်ခဲ့တဲ့ မြန်မာ တွေဆီကို ၊ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ ဆွေမျိုးတွေဆီကို မိမိတို့ လက်ရှိအခြေအနေကို ပြောကြ ဆိုကြ အသိပေးကြလို့ ခုဆိုရင် နိုင်ငံရေး အကြောင်းပြပြီး ခိုးဝင်ခုန်ချကာ နိုင်ငံရေး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေးဖို့ ၀င် လာတဲ့ လူတွေကလည်း နည်းလမ်းအမျိုးမျိုးနဲ့ ရောက်လာကြပါပြီ။ နော်ဝေနိုင်ငံက ဒုက္ခသည်စီစစ်လက်ခံရေး စခန်းတွေမှာ မြန်မာလူမျိုးတွေ စတင်တွေ့ မြင်လာရပါပြီ။
သူတို့တွေ နော်ဝေနိုင်ငံကို မြန်မာငွေ သိန်းပေါင်းများစွာ(စုံစမ်းလို့  သိရတာက -အကြမ်းဖြင်းသိန်း ၇၀ ခန့် နော်ဝေအရောက် ပို့  ပေးတဲ့ ပွဲစားကိုပေးရတယ်လို့ သိရပါတယ်)အကုန်အကျခံပြီး လာခုန်ချမယ်ဆိုရင်လဲ လာချင်စရာပါ။ နော်ဝေကိုရောက်လာပြီး ဒုက္ခသည်အဖြစ်ခိုလှုံခွင့် လျှောက်လိုက်တာနဲ့ အဲဒီလူကို နော်ဝေလို (အာစီမိုတက်)လို့ခေါ်တဲ့ ဒုက္ခသည်စီစစ်ရေး စခန်းမှာ ထား မယ်။ထောက်ပန့် ကြေးက စားစရိတ်အပါအ၀င် အထွေထွေ သုံးဖို့ လူမှုရေးထောက်ပန့် ကြေး၊နော်ဝေငွေ (၃၀၀၀)ပေး ပါတယ်။ မြန်မာငွေနဲ့ဆိုရင် ၅ သိန်းခွဲဝန်းကျင်ခန့် ပေါ့။ ကလေးမွေးရင် မွေးဖွားစရိတ်ထောက်ပန့် တယ်။ မကျန်းမာရင်အခမဲ့ ဆေးကု သ ခွင့်ရှိတယ်။ တကယ်လို့ နော်ဝေနိုင်ငံထဲ ခိုလှုံခွင့်ရသွားမယ်ဆိုရင်လဲ အလုပ်မရသေးခင်မှာ လူမှုရေး ထောက်ပန့် ကြေး ၄၀၀၀ ရမယ်။အလုပ်လုပ်ရင်း အလုပ်ရှင်ဘက်က စီးပွါးရေး အခြေအနေမကောင်းလို့ လုပ်ငန်းရပ်ခဲ့ရင် နောက်အလုပ်မရခင် စပ်ကြားမှာ အလုပ်လက်မဲ့ ထောက်ပန့် ကြေးငွေ(တလကို-၈၆၀၀)ရမယ်။ ဒီသတင်းတွေကြောင့် နော်ဝေကိုလာချင်တဲ့ မြန်မာတွေ များလာ တယ်လို့ ယူဆရပါတယ်။ မြန်မာတွေမှ မဟုတ်ပါဘူး၊ နှစ်စဉ် အာဖရိက နိုင်ငံတွေကရော အာရှက နိုင်ငံရေး ပြဿနာတက်နေတဲ့ သိရိလင်္ကာ၊ အာဖဂန်နစ္စတန်၊ အီရတ်စတဲ့နိုင်ငံတွေကပါ လာရောက်ခုန်ချ ခိုလှုံခွင့်တောင်းတဲ့ လူတွေ သောင်းချီရှိပါတယ်။
အဲလို ရပိုင်ခွင့်တွေနဲ့အတူ မိမိတို့ ဘက်က လိုက်နာရမယ့် ၊ရင်ဆိုင်ရမယ့် အပိုင်းကိုပြောပြပါဦးမယ်။
ဒုက္ခသည် ပြန်လည်နေရာချထားရေးအစီအစဉ်နဲ့ ရောက်လာသူပဲဖြစ်ဖြစ်၊ ခိုးဝင် ခုန်ချပြီး ဒုက္ခသည်အဖြစ်လျှောက်လာတဲ့ သူပဲ ဖြစ်ဖြစ်၊ နော်ဝေ နိုင်ငံသားနဲ့ လက် ထပ်ပြီး လာတဲ့ သူပဲဖြစ်ဖြစ်၊နော်ဝေထဲ ရောက်လာပြီဆိုတာနဲ့ ပထမဆုံး ရင်ဆိုင်ရတာက နော်ဝေစာကို နာရီ(၃၀၀) မသင်မနေရ သင်ကြရတာပါ။နာရီ ၃၀၀ သင် ထားတဲ့ အထောက်အထား မပြနိုင်ရင် နော်ဝေ နိုင်ငံသား လျှောက်ခွင့် မပေးပါဘူး။ ပြီးတော့ နော်ဝေစာမှ မတတ်ရင် အလုပ်အကိုင်ရဖို့လဲ အတော်ခက်ပါတယ်။
နော်ဝေကိုဒုက္ခသည်အဖြစ်ရောက်လာကြတဲ့ သူတွေထဲမှာ ဆရာဝန်၊အင်ဂျင်နီယာ၊၊ရှေ့ နေ၊ ကျောင်းဆရာ တွေအပြင် မြန်မာပြည် မှာ မဟာသိပ္ပံ တက်နေတဲ့ သူ တွေပါ ပါလာကြပါတယ်။တိုင်းရင်သားထဲက တချို့ ဆိုရင် မြန်မာစာ ရေးတတ်ဖတ်တတ်ရုံ အဆင့် လူတွေလဲ ပါလာတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျောင်းတက်စမှာတော့ အား လုံးဟာ နော်ဝေစာကို အခြေခံကစပြီး သင်ကြရပါတယ်။ လူကြီးတွေက သက်ကြီးပညာရေးကျောင်း ကိုသွားရတယ်။ ၁၆နှစ်အောက် ကလေးတွေက အသက် အရွယ်လိုက်ပြီး သင့်တော် မယ့် အတန်းတွေမှာ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း အဆင့်ခွဲပြီး ပို့ ပါတယ်။ ထားပေးပါတယ်။
ကလေးတွေက နော်ဝေစာ သင်ရတာ အတတ်မြန်မာပါတယ်။နော်ဝေ ပညာရေးစနစ်ကလည်း၊လူ့ အခွင့်အရေးကို အခြေခံထား တဲ့အတွက်မအောင်မရှိ-ငါ့တပည့် ဆိုသလို တနှစ်တတန်း မှန်မှန် အတန်းတင်တဲ့ စနစ်ဖြစ်ပါတယ်။ အဲသလိုနဲ့ ၁၀တန်းအောင် သွားတော့ မြန်မာလိုတော့ တက္ကသိုလ်ဝင်တန်းလို့ ခေါ်လို့ရမယ့် (videregående skolen) ၃ နှစ်သင် ကျောင်းကိုသွားရပါ တယ်။ အဲဒီမှာ တက္ကသိုလ် ဆက်တက်မယ့်သူက ပြဌာန်းချက်ဘာသာရပ်တွေမှာ သီအိုရီ များများ သင်ကြ ရပါတယ်။ ပြီးရင် အမှတ် အ နည်းအများလိုပြီး ၀င်ခွင့်ရတဲ့ တက္ကသိုလ်ကို ဆက်သွားပေါ့။
အလုပ်ခွင်သွားချင်တဲ့ လူက မိမိဝါသနာ ပါရာ ဘာသာရပ်မှာ စာတွေ့ လက်တွေ့  သင်ကြရပါတယ်။ ဒီနိုင်ငံမှာ ထူးခြားတာက တပါတ် တရက် ကျောင်းဖွင့်ရက်မှာ အလုပ်ခွင်သွားပြီးအလုပ်ခွင်၊လက်တွေ့  သွားဆင်းရပါတယ်။ ၃နှစ်ပြီးရင် သက်ဆိုင်ရာ ရုံးဌာနတွေမှာ ၂နှစ်သွားရတယ်။ တကယ်လို့  အလုပ်လုပ်နေရင်းက ကျောင်းပြန်တက်ချင်ရင် သီအိုရီ ဘာသာရပ် ပြန်ယူပြီး တက္ကသိုလ်ဝင်ခွင့်ပြန်ဖြေ။ ပြီးရင်တက္ကသိုလ်ဆက်သွားကြတာလဲရှိပါတယ်။ တက္ကသိုလ် နေ့ကျောင်းတက်ရင်  ၃နှစ် အချိန်ပြည့် တက်ရတယ်။ ညနေပိုင်း တက်မယ်ဆိုရင် ၄ နှစ် တက်ရပါတယ်။ တချိန်တုန်းက မြန်မာနိုင်ငံမှာ ညနေပိုင်းဖွင့်တဲ့ လုပ်သား ကော လိပ်တက်သလိုမျိုး လိုပေါ့။   အောင်ရင်တော့ ရိုးရိုးဘွဲ့ ရပါပြီ။
ရှေ့ နေတို့၊ စက်မှု အင်ဂျင်နီယာတို့ ၊ ဆရာဝန်-ဆေးလိုင်းတို့ကတော့  အမျိုးအစားလိုက်ပြီး ၅-နှစ်၊ ၆-နှစ်၊ ၇-နှစ် အထိသတ်မှတ် ထားပါတယ်။ဒါက ကလေးတွေ ပညာရေး အပိုင်းပါ။
လူကြီးတွေ ပညာရေးပိုင်း ဆက်ပြောပြရရင် (Voksen Opplæring Senter)တဲ့ သက်ကြီး ပညာသင်ကျောင်းမှာ ၃ ပိုင်းရှိပါတယ်။
(nivå-1,nivå-2, nivå-3)လို့ သတ်မှတ်ထားတဲ့ နော်ဝေစာတတ်မြောက်မှု အဆင့်၁။၂။၃ ဆိုပြီး အဆင့်ခွဲခြား ထားပါတယ်။
အဆင့်၁ ကတော့ နော်ဝေစာ ပြောတတ်ပြီး စာရေးတာ မရတဲ့ သူတွေပါ။
အဆင့် ၂ ကတော့ နော်ဝေစာကို အတော်အသင့် ရေးနိုင် ဖတ်နိုင် ပြောနိုင်တဲ့  သူတွေပါ။
အဆင့် ၃ ကတော့ နော်ဝေစာကို အပြော၊အဖတ်၊အကြား၊အရေး တော်တော်ကျွမ်းကျင်တဲ့ အဆင့်ပါ။
ကလေးတွေက နော်ဝေစာ သင်ရမြန်သလောက် လူကြီးတွေက သင်ရ နှေးပါတယ်။ နော်ဝေစကားမှာ`“ပြင်သစ်၊ ဂျာမန်၊အင်္ဂလိပ်၊ ဆွီဒင်၊ဒိန်းမတ် ဝေါဟာရ တွေ ရောနေပြီး အသံထွက်ကြပြန်တော့ မြန်မာ့ အိမ်နားချင်းနိုင်ငံတွေဖြစ်တဲ့ သိရိလင်္ကာ။အိန္ဒိယ၊ ပါကစ္စတန် စကားသံနဲ့ နီးစပ်ပါတယ်။ဒါကြောင့် အဲဒီနိုင်ငံ ကလာတဲ့ သူတွေက စကားအတတ်မြန်ကြပြီး တရုတ်၊မြန်မာ၊ထိုင်း။ ဗီယက်နမ်၊ဖိလစ်ပိုင် လူမျိုးတွေက လေယူ-လေတိမ်းဝေးတာမို့ သင်ရင် နှေးပါတယ်။
အဲဒီအဆင့် ၃-ခုကို တနှစ်အတွင်း ဖြတ်ကျော် အောင်မြင်သွားတဲ့ လူတွေရှိကြသလို တချို့  ၃နှစ် ၄ နှစ် ကြာမှ ဖြတ်ကျော် အောင် မြင်ကြတာလဲရှိပါတယ်။
နော်ဝေစာ အဆင့် ၁ ကိုကျောင်းတွင်းစစ် စာမေးပွဲနဲ့ပဲ ဆုံးဖြတ်ပြီး အဆင့် ၂ နဲ့ ၃ ကို`“ဘာရီဂန်ဆိုတဲ့ မြို့မှ တက္ကသိုလ်က မေး ခွန်းထုတ်ပြီး ဆုံးဖြတ်ပါတယ်။
အဆင့်၂ အောင်ရင် လုပ်ခန်းခွင် သင်တန်းတွေဖြစ်တဲ့ သူနာပြု အကူတို့၊ အရောင်းဆိုင်ဝန်ထမ်းတို့၊ ကလေးထိန်းကျောင်း တို့စတဲ့ ၄ လ။၆ လ သင်တန်းတွေ တက်နိုင်ပါတယ်။ တချို့က နော်ဝေ ၉ တန်း ၁၀ တန်းကိုဆက်တက်ပြီး သက်ကြီး တက္ကသိုလ် ၀င်ခွင့်ကျောင်းတက် နိုင်ပါတယ်။
အဆင့် ၃ အောင်ရင် တချို ကတော့ ဘာရီဂန် တက္ကသိုလ်က တိုက်ရိုက်ကျင်းပ ပေးတဲ့ တက္ကသိုလ်ဝင် စာမေးပွဲကို နော်ဝေစာ အဆင့်မြင့်တန်းဖြေပြီး တက္ကသိုလ် ကို သွားကြတဲ့ လူတွေလဲရှိပါတယ်။ အများအားဖြင့်တော့ သက်ကြီး တက္ကသိုလ်ဝင်တန်းလို့ ခေါ်နိုင်တဲ့ (opus) ကျောင်းကို သွားရပါတယ်။ နော်ဝေဘာသာ။အင်္ဂလိပ်၊ သင်္ချာ၊ သမိုင်း၊လူမှုရေး ဘာသာရပ်နဲ့ (ဓာတုဗေ၊ ရူပ ဗေဒ)တို့ ရောထားတဲ့ မြန်မာနိုင်ငံလိုဆို အထွေထွေ သိပ္ပံ ဘာသာရပ်လို မျိုး`“သဘာဝ သိပ္ပံ ဆိုပြိး ၆ ဘာသာ သင်ရပါတယ်။ ညဏ်ကောင်းတဲ့ လူက ၆ ဘာသာလုံး တနှစ်ထဲ သင်ပြီး ဖြတ်ကျော်ကြတာလဲရှိတယ်။ တချို့က အလုပ် တဖက်လုပ်ရင်း တနှစ် ၃ဘာသာနှုန်းနဲ့ ၂ နှစ်ဖြတ်ကြတာလဲရှိတယ်။ တချို့ကတော့ ၂ ဘာသာယူပြီး ၃ နှစ် ဖြတ်ကြတာလဲရှိပါတယ်။ အဲဒီအတန်း အောင် သွားရင် တော့ တက္ကသိုလ်ကို လူငယ်တွေ သွားသလို ဆက်သွားနိုင်ပါပြီ။
ဒီလိုနေရာမှာ ပညာရေးအခက်အခဲ ရင်ဆိုင်ရပုံပြောဆက်ပြာရရင်၊ဒုက္ခတွေထဲမှာ ဆရာဝန်တယောက်ပါလာပါတယ်။ သူက ဆရာ ၀န် ပြန်ဖြစ်ဖို့ နော်ဝေမှာ အနည်း ဆုံး ၈-နှစ်လာက် နော်ဝေဘာသာနဲ့ ဆေးကျောင်းပြန်တက်ရမယ်။ သူ့ လက်ရှိ အသက်က ၅၂- လောက်ရှိနေပြီ။ ဒီတော့ သူက နော်ဝေ စကား အဆင့် ၃ အောင်တာ နဲ့ စကားပြန်ဘာသာ ပြန်တင်တန်း တက်ပြီး နော်ဝေ။မြန်မာ စကားပြန်လုပ်တယ်။ အားလပ်ချိန်မှာ သက်ကြီးပြုစုရေးနဲ့ မသန်မစွမ်းစောင့်ရှောက်ရေး ဌာနမှာ သူနာ ပြု ၀င်လုပ်ပါတယ်။
နောက်တယောက်က မြန်မာပြည်က ၀န်ထမ်း။ ပြင်သစ်ကို တာဝန်နဲ့ ပညာလာသင်တယ်။ အချိန်စေ့ နှစ်ပြည့်တော့ မြန်မာပြည် မပြန်ဘဲ နော်ဝေကို လာခုန်ချ တယ်။ဒုက္ခသည်အဖြစ်ခိုလှုံခွင့်လျှောက်တယ်။ အောင်တယ်။
အောင်တော့ သူက ပြင်သစ်မှာ သူအောင်ထားတဲ့ ရခဲ့တဲ့ စာရွက်စာတမ်းတွေပြပြီး နော်ဝေစာကို အခြေခံက စမယ့် သက်ကြီး ပညာရေးကျောင်းကို မသွားချင်ဘူး။ ဂုဏ်ရှိရှိပေါ့လေ၊ နော်ဝေ တက္ကသိုလ်ကို တိုက်ရိုက် ဆက်တက်ဖို့ လုပ်တယ်။ နော်ဝေ တက္ကသိုလ်မှာ အင်္ဂလိပ်လို သင်မယ့် မဟာဝိဇ္ဇာ တန်းတက်ခွင့်ဖြေတယ်။ ၀င်ခွင့်ရတယ်ပေါ့။
ဒါပေမယ့် နော်ဝေ အုပ်ချုပ်ရေးရုံးကပြောတယ်။ နော်ဝေစာကို အခြေခံကစပြီး သက်ကြီး ပညာရေး စနစ်နဲ့ အဆင့် ၃ အောင်မြင် အောင် အရင်တက်ရမယ်။ပြီးတော့ တက္ကသိုလ် ၀င်ခွင် ထပ်ဖြေ။ အောင်မှ တဆင့်ချင်း တက္ကသိုလ်ကို သွားပေါ့။ အဲလိုမှ မဟုတ် ရင် ရလာမယ့် မဟာဘွဲ့ကို အားကိုပြီး အလုပ်လျှောက်ရင် အခွင့်အရေး မရဘူးလို့ ပြောပြရှင်းပြတယ်။ နော်ဝေစာ တတ်ကျွမ်းမှု အားနဲတယ်လို့ သတ်မှတ်ခံရတယ်။
ထူးခြားတာကတော့ နော်ဝေကို ပညာတော်သင်အဖြစ် လျှောက်ထားပြီး၊ပညာသင်ခွင့်ရရင်တော့သက်ဆိုင်ရာ ဘာသာရပ်အလိုက် ၂ နှစ် သို့ မဟုတ် ၃နှစ် အင်္ဂလိပ်လို သင်ခွင့်ရကြတယ်။ အဲဒီလူတွေက အချိန်ပိုင်း နော်ဝေစာကို သင်ကြရတယ်။ ပညာတော်သင်ကာလ ပြီးသွားရင် စာချုပ်အရ မြန်မာ ပြည်ပြန်ရမယ်။ မပြန်ပဲ ဆက်နေပြီး အလုပ်ရှာကြ ၊အလုပ်ရကြတဲ့ သူတွေ လဲရှိပါတယ်။ သူတို့က လစာထဲကနေ ပညာသင်ကြေး အချိုးကြ ပြန်လျှော်ရမယ်။ ဒါပေမယ့် ဒုက္ခသည် အဖြစ် လျှောက်ထားခွင့် မရှိပြန်ဘူး။
နော်ဝေမှာ ပညာရေး လက်မှတ် အထောက်အထားက အတော်စကားပြောပါတယ်။
နော်ဝစာ တတ်ကျွမ်းမှု အဆင့်-၁ ဆိုရင် ထွေထွေ အောက်ခြေသိမ်း အလုပ်ရနိုင်ပါတယ်။ လစာကတော့ အခွန်ဖြတ်ပြီး နော်ဝေ ငွေ တသောင်းလေးထောင်(၁၄၀၀၀) ၀န်းကျင်ခန့်  အခွန်ဖြတ်ပြီး ရနိုင်ပါတယ်။
နော်ဝေစာ အဆင့် ၂နဲ့  ၃ အောင်ရင် ရုံးဌာနတွေမှာ လက်ထောက်အကူ၊အရောင်းဆိုင်လက်ထောက်ဝန်ထမ်း၊ သူနာပြု အကူ၊ ကလေးထိန်းကျောင်းမှာ အလုပ်ရ နိုင်ပါတယ်။ လစာက တသောင်း ခြောက်ထောင် (၁၆၀၀၀)၀န်းကျင်ခန့် ရနိုင်ပါတယ်။
တက္ကလိုလ်ဝင်တန်းကနေ အလုပ်ခွင် ဆင်းလာတဲ့ သူတွေက တစ်သောင်း ရှစ်ထောင်(၁၈၀၀၀) ၀န်းကျင်ခန့် ရပါတယ်။
ဘွဲ့ ရပြီးရင်တော့ နှစ်သောင်းလေးထောင်(၂၄၀၀၀)-၀န်းကျင်ခန့် ရပါမယ်။ အမေရိကန်ဒေါ်လာနဲ့ ဆိုရင် (၄၀၀၀) လေးထောင် လောက်ပေါ့။ ဆရာဝန်တို့ ၊အင်ဂျင် နီယာတို့ ကတော့ နော်ဝေငွေ အခွန်ဖြတ်ပြီး သုံးသောင်းခွဲ အထက်အခွန်ဖြတ်ပြီးရနိုင်ပါတယ်။ ခက်တာက နော်ဝေစာနဲ့ ဖြတ်ပြီး နော်ဝေမှာ ဘွဲ့ ရပြီးတဲ့သူ ဆိုလို့ သွားဆရာဝန် တယောက်ပဲ ရှိသေးတယ်လို့ စုံစမ်းသိရှိရ ပါ တယ်။ လောလောဆယ်မှာတော့ မျိုးဆက်သစ် မြန်မာလူငယ်တွေ တက္ကသိုလ်ဝင်တန်းတွေမှာ တက်နေဆဲ ရှိကြောင်း တင်ပြရင်း ကြံစီတိုင်း ဖြစ်မလာတဲ့ နော်ဝေနိုင်ငံရောက် မြန်မာတွေဘ၀ ကို မိတ်ဆက် ပေးလိုက်ပါတယ်။
 နော်လီမိုင်
၁။၃။၂၀၁၀
ပြည်ပမြေရောက် မြန်မာ များ
တော်ပါသေးရဲ့ -- သက်ဆွေ
အမေ့ရွာနဲ့ ဝေးကွာနေတဲံ အချိန်မျိုးတွေမှာ အားလပ်တဲ့ အခါဆိုရင် ရွာ အလွမ်းပြေ မြန်မာ အစားအစာလေးတွေ ချက်ပြုတ်စား သောက်တတ်ကြပါတယ်။ အခုလည်း မစားဖြစ်တာ ကြာပြီဖြစ်တဲ့ အသုပ်စုံနဲ့ မုန့် လက်ကောက်ကျော်တွေ လုပ်စားဖြစ်ပါတယ်။ ရင်နှီးတဲ့ အပေါင်း အသင်းတွေ ဆီကိုလည်း သတိတရ ဖိတ်ကျွေးဖြစ်ပါတယ်။
 မြန်မာ အစားအစာ မစားရတာကြာလို့ တမ်းတနေ တဲ့ မိတ်ဆွေတွေက လည်း ၀မ်းပန်းတသာ လာစားခဲ့ကြပါတယ်။ အဲသလို ဆုံဖြစ်စားဖြစ်ကြတော့ ရောက်တတ်ရာရာ စကားတွေ လည်း ပြောဖြစ်ကြပါတယ်။  စကားတွေ ဟိုရောက်ဒီရောက် ပြောဖြစ်ကြ ရင်း  တက္ကသိုလ်မှာ အလုပ်အတူ လုပ်နေတဲ့ ဆရာမ တယောက်က ----
ရွှေရောင်ဝင်းနေတဲ့ မြန်မာ့ စေတီများ
“သြော်--ဟိုတလောက မလေးရှားက-မလေးရှားလူမျိုး မိတ်ဆွေတွေနဲ့ စကားပြောကြရင်း တစ်ယောက်က ဒီကနေ့ မလေးရှားရဲ့  လူနေမှု အဆင့်အတန်း အခြေအနေနဲ့ ခင်ဗျားတို့ မြန်မာနိုင်ငံ လက်ရှိအခြေအနေ ဘယ်လို နေသလဲလို့ မေးပါတယ်။”
`“ဒီတော့”
“မလေးရှားရဲ့  ဒီကနေ့ လူနေမှု အဆင့်အတန်းကို တို့ မြန်မာတွေက လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကတည်းက ခံစားခဲ့ကြပြီးပြီ။ အဲဒီတုန်းကဆိုရင် ထမင်းအ၀စား ပြား ၆၀။
-လက်ဖက်ရည်တစ်ခွက် ၂၅ ပြား။-အနိမ့်ဆုံး ၀န်ထမ်းရုံးအကူ ရဲ့ လစာက တစ်လ ၈၂ ကျပ်။-အောက်တန်းစာရေး လခက ၁၂၆ ကျပ် ။-ပြန်တမ်းဝင်အရာရှိလစာက ၄၅၀ ကျပ်။
-အဲဒီဝင်ငွေလောက်နဲ့ သား၊သမီး လေး၊ငါးယောက်ကို  တက္ကသိုလ် ဘွဲ့ရတဲ့ အထိကျောင်းထားပေးနိုင်တယ်။ မိသားစု လူတန်းစေ့ နေနိုင်တယ်။ မူလတန်း၊ အလယ်တန်း၊အထက်တန်းကျောင်းတွေမှာ ပညာသင်စရိတ်က အခမဲ့။တက္ကသိုလ်တက်တော့မှ ကျောင်း လခက တစ်လ ၁၅ ကျပ်။
တက္ကသိုလ် အဆောင်မှာနေရင် မနက်စာ၊နေ့လည်စာ၊ညစာ အပါအ၀င် အဆောင်ခက ၄၅ ကျပ် ပဲပေး ရတယ်။ အခု မလေးရှား မှာ နိုင်ငံခြားသားတွေ လာအလုပ်လုပ်ကြသလို အဲဒီအချိန်က အိမ်နီးချင်းနိုင်ငံက နိုင်ငံခြားသားတွေ မြန်မာနိုင်ငံလာ အလုပ်လုပ် ခဲ့ကြ တယ်လို့ ပြောပြလိုက်တယ်။”-
မြန်မာ့ ကျောက်မျက်ရတနာများ
“အဲဒီတော့”
`“ကျွန်မ ပြောတာကို အားလုံး အံ့အားသင့် စိတ်ဝင်တစား နားထောင် နေတယ်။”
`“ဘာမှ ဆက်မမေးဘူးလား”
`“မမေးဘူး-ဆရာရဲ့ ”
-“တကယ်”
-`“သြော် --တကယ်ပါ --ဆရာရယ်”
`“၀ူး”
သက်ဆွေ
 ၁၉။၂။၂၀၁၀ 
မဟေသီ --အမှတ် ၂၁၇ မှ ကူးယူဖော်ပြပါသည်။
ပြည်ပမြေရောက် မြန်မာ များ
အင်တာနက်အချစ်နဲ့  ဆုံစည်းရေးပြဿနာ--- နော်လီမိုင်
မြန်မာ နိုင်ငံကနေ ပြည်ပကိုရောက်လာကြပြီဆိုရင်  အရင်ဆုံး ခံစားလိုက်ရတာက ပြည်ပမြေကို ရှူလိုက်မိတဲ့ အချိန် ကစပြီး မြန်မာ ပြည်နဲ့  မတူတဲ့ လွတ်လပ်တဲ့ အရသာပါ။
အဲဒီခံစားကြရတဲ့ အထဲမှာ အင်တာနက် သုံးစွဲမှုက ရှေ့ တန်းမှာရှိမယ်ထင်ပါတယ်။ မြန်မာပြည်မှာဆိုရင် ပြည်ပက အင်တာနက် စာမျက်နှာတွေ ပိတ်တာရှိလို့  ဟိုစာမျက်နှာ ဖတ်မရနဲ့  ဒီစာမျက်နှာဖတ်မရနဲ့ အလိုမကျတာတွေ ခံစားကြရသလို အင်တာနက် ကဖေးမှာ အသုံးပြုတဲ့ဈေးကလဲ တနာရီကို ၅၀၀ ကျပ် ၀န်းကျင်နဲ့  သုံးနေကြရတယ်လို့  သိရပါတယ်။
တချိန်တုံးက လဘက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှုကနေ အခုဆိုရင် အင်တာနက်ကဖေး ယဉ်ကျေးမှု ဘက်ကို ပြောင်းလဲလာ ပါတယ်။ နည်းပညာအရ တိုးတက်လာတာကို လေ့လာကြသူများ ရှိသလို အချို့က အင်တာနက်ပေါ်မှာ မိတ်ဆွေ ဖွဲ့ကြ၊ အပေါင်း အသင်းရှာကြနဲ့  နိုင်ငံတာကို နယ်ချဲ့ စူးစမ်းလာကြတာရှိပါတယ်။ အဲလို မိတ်ဖွဲ့ ရင်းကနေ လူငယ်တို့ သဘာဝ ရင်ခုံသံချင်း နား လည်မျှဝေ သွားကြတဲ့ လူတွေလည်း ရှိပါတယ်။
တလော က မိတ်ဆွေတွေနေတဲ့ မြို့ ကို သွားလည်တော့ မိတ်ဆွေရဲ့ သားလေးက စင်္ကာပူက ကောင်မလေးနဲ့ လိုင်းပေါ်မှာ ကွန် တက် မိ-၈ျွိုင်းဆက်ရကာ၊ အိုကေမှာ စိုပြေပြီး လန်းဆန်းနေတာ တွေ့ ရပါတယ်။ အခုစာရေးသူ လက်ရှိ ရောက်နေတဲ့ ဥရောပ နိုင်ငံက၊တောသူဌေး နိုင်ငံလေးလို့ အများက အမည်အပေးခံရတဲ့ နော်ဝေမှာဆိုရင် ကုလသမ၈္ဂ ဒုက္ခသည် ပြန်လည်နေရာချထား ရေး အစီအစဉ်နဲ့ ရောက်လာကြတဲ့ မြန်မာနိုင်ငံသား ၂၅၀၀ လောက် ရှိနေပါပြီ။ လူတဦးစီအတွက် နော်ဝေအစိုးရက ထောက်ပန့်  ကြေးငွေ ပေးပါတယ်။ မြန်မာပြည်မှာလို ၊ထိုင်းမှာလို၊ နေမယ် စားမယ်ဆိုရင် နော်ဝေငွေ ခရိုနာ-၁၀၀၀ လောက်ကျန်ပါတယ်။
၃ လလောက်စုမယ်ဆိုရင် မက်မိုရီက ၂ -ဂစ်။ဟတ်ဒစ်က ၂၅၀ ဂစ်လောက်ရှိတဲ့ လက်တော့ပ် ကွန်ပြူတာဖြစ်စေ၊ ဒက်စတော့လို့ ခေါ်တဲ့ စားပွဲတင် ကွန်ပြူတာပုံးဖြစ်စေ ၀ယ်လို့ ရပါတယ်။
တချို့ မြို့ တွေမှာဆိုရင် မက်မိုရီ ၂၅၀ မီကာဘိုက် လောက်ရှိတဲ့ စက်တွေကို ဒိတ်အောက်တယ်ဆိုပြီး နော်ဝေလူမျိုး တွေ လျှပ်စစ် အမှိုက်ပုံမှာ ပစ်တာကိုသွားကောက်သုံးလို့ လဲရပါတယ်။ မြန်မာတွေအများစုကတော့  သွား မကောက်ကြ ပါဘူး။ လိတ်တက်စ် ကွန်ပြူတာကိုပဲ ၀ယ်သုးံကြတာ များပါတယ်။
အင်တာနက်ကတော့ ၀ယ်သုံးတဲ့နေရာမှာ အမျိုး အစား ၂မျိုးရှိပါတယ်။ ပထမ တမျိုးက လိုင်းကြိုး နဲ့ ဆက်သွယ်ပြီး ၀ယ်သုံးရတဲ့ နည်းဖြစ်ပြီး နောက်တမျိုးက ဟန်းဖုန်းလို ကြိုးမဲ့ စနစ်နဲ့ ၀ယ်သုံးတဲ့နည်းပါ။ ကြိုးမဲ့စနစ်က ဈေးချိုးပါတယ်။ ပြီးတော့ ကားပေါ်မှာ ဖြစ်စေ၊ ပန်းခြံထဲမှာဖြစ်စေ အင်တာနက်ကို သုံးလို့ ရပါတယ်။ ညနေ ၅ နာရီကနေ မနက် ၈-နာရီ အထိနဲ့ ရုံးပိတ်ရက်တွေမှာ သုံးမယ်ဆိုရင် နော်ဝေငွေ ခရိုနာ ၁၀၀ (မြန်မာငွေနဲ့ ဆို ၂ သောင်းနီးပါး) ပေးရပါတယ်။ အချိန်ပြည့်သုံးမယ်ဆိုရင် ၂၅၀ ခရိုနာ ကျပါတယ်။ ကြိုးလိုင်းကတော့ လိုင်းအနိမ့် အမြင့်ပေါ်မူ တည်ပြီး တလခရိုနာ ၃၀၀ ကနေ ၇၀၀ လောက်အထိရှိပါတယ်။
ဒီတော့ နော်ဝေရောက် မြန်မာလူငယ်တွေက လူကြီးတွေ သိစရာမလို၊ လူကြီးတွေ ထိန်းချုပ်စောင့်ကြည့်မှု ကနေ ကျော်ပြီး အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်ကြတာပေါ့။
အခုလည်း မိတ်ဆွေ သားလေးက စင်္ကာပူမှာကျောင်းလာတက်တဲ့ ကျောင်းသူ မြန်မာမလေးနဲ့ လန်းနေ ပါရောလား။ နောက်တယောက်ကတော့ ထိုင်းမှာရောက်နေတဲ့ ကောင်မလေးနဲ့ လန်းနေ ပါတယ်။ တခြားအသိ လူငယ်လေးဆိုရင် ရန်ကုန်က ကောင်မလေးနဲ့ ချိတ်မိပြီး ဂွင်မိနေပါတယ်။ နော်ဝေနိုင်ငံကနေပြီးတော့ အမေရိကန်၊ပြင်သစ်၊ ဂျပန်စတဲ့ နိုင်ငံတွေရောက် မြန်မာတွေနဲ့ လည်း အင်တာနက်မှာ ချိတ်ဆက်မိကြတာ လန်းနေကြတဲ့ သူတွေလဲ ရှိကြပါတယ်။
မနှစ်ကတော့  တူလေးတယောက်လို ခင်မင်နေတဲ့  ကောင်လေးက ထိုင်းဆင်းပြီး ကောင်မလေးကို လက် ထပ်လိုက်တယ်။ ကောင်မလေးကို မြန်မာပြည်ထဲဝင်ပြီး ပတ်စပို့ နဲ့ ထိုင်းကိုပြန်လာ။ပြီးတော့ ထိုင်းမှာရှိတဲ့ မြန်မာတွေကူညီနေတဲ့ အဖွဲ့ တဖွဲ့ ဆီမှာ တရားဝင်လက်ထပ်။ နော်ဝေသံရုးံမှာ ဗီဇာလျှောက်တယ်။
ဒီမှာ ကွိုင်-စတက်ပါတယ်။ နော်ဝေသံရုံး နော်ဝေ ဥပဒေအရ စကားပြောလာပါတော့တယ်။ မြန်မာနိုင်ငံသားတွေဟာ ပြည်ပနိုင်ငံ မှာ တရားဝင် လက်ထပ်ချင်ရင် မြန်မာ သံရုံးမှာသာ လက်ထပ်ခွင့်ရှိတယ်။ ဒါမှ တရားဝင်မယ်ပြောတယ်။ ထိုင်းနိုင်ငံ ၊ဘန်ကောက် မှာရှိတဲ့ မြန်မာ သံရုံးကလဲ ဒီအလုပ်ကို လုပ်မပေးဘူးဖြစ်နေတယ်။ တချို့ကတော့ ခရစ်ယာန် ဘာသာဝင်တွေ ခရစ်ယာန် ဘုရား ကျောင်းမှာ လက်ထပ်မှ တရားဝင်ဖြစ်သလို မြန်မာတွေလည်း ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်းမှာ လက်ထပ်ရင်တရားဝင် တယ်ဆို ပြီး မင်္ဂလာဆွမ်း ကပ်နေတဲ့ပုံတွေ အထောက်အထားပြပြီး ဗီဇာလျှောက် ကြတာလဲ ရှိပါတယ်။
နော်ဝေအစိုးရကတော့ အဲဒီအထောက်အထားတွေထက် ထိုင်းအစိုးရ တရားရုံးမှာ တရား ၀င်လက်ထပ် ထားတဲ့ စာချုပ်ကိုတော့ တရားဝင်လက်ခံပါတယ်။ နော်ဝေနိုင်ငံကို လာဖို့ ထိုင်းအစိုးရတရားရုံး လက်ထပ်စာချုပ်နဲ့ဆိုရင် ၆ လလောက်ဆိုရင် ဗီဇာရတယ် လို့ ပြောကြပါတယ်။ အဲဒီစာချုပ်နဲ့ လက်ထပ် ခွင့်ရဖို့ကလဲ အတော်ခက်ပါတယ်။ အပျို-လူပျို ဖြစ်ကြောင်း ထိုင်း လူဝင်မှု ကြီးကြပ် ရေး က ထောက်ခံရမယ်။ ပြီးတော့ ထိုင်းလူမျိုးအသိ သက်သေတွေ ပါရမယ်။ ဒီအချက်တွေ ပြည့်စုံဖို့က ရေလောင်းရမယ်။ တချို့ ဆိုရင် ထိုင်း ဘတ်ငွေ-လေးသောင်းလောက်အထိ ပေးရတယ်လို့  သိရပါတယ်။ မိတ်ဆွေ နှစ်ယောက်ကတော့ မူဆလင်ဘာသာ ၀င်တွေဆိုတော့ ထိုင်းရောက် မူဆလင်အသိုင်း အ၀ိုင်းနဲ့ ထိုင်းမူဆလင်အဖွဲ့ အစည်းတွက ကူညီလို့ ထိုင်းတရားရုံးမှာ တရားဝင် လက်ထပ်ခွင့်ရပြီး နော်ဝေဗီဇာလျှောက်ခွင့်ရပြီး နော်ဝေနိုင်ငံရောက်လာခဲ့ကြပါတယ်။
စင်္ကာပူက ကျောင်းသူလေးနဲ့ လက်ထပ်လိုက်တဲ့ အင်တာနက်ဖူးစာရှင်လေးကတော့ နော်ဝေနိုင်ငံမှာရှိတဲ့ ခရစ်ယာန် အသင်းတခု ကနေ အလည်ဗီဇာပေးလို့ ၊နော်ဝေကိုရောက်လာတယ်။ ပြီးတော့ နော်ဝေမှာ ပြန်လက်ထပ်တယ်။ ပြီးတော့ အလည်ဗီဇာ ၆ လ အတွင်းမှာ ကောင်မလေးက ကလေးမီးဖွားတော့ နော်ဝေ အစိုးရက လူမှုရေးအရ တရား ၀င် နေထိုင်ခွင့်ပေးလိုက်တယ်လို့ သိရ ပါတယ်။
ထိုင်းရောက် နိုင်ငံရေး အဖွဲ့ အစည်းတွေဆီမှာ လက်ထပ်ပြီး အဲဒီစာချုပ်နဲ့ နော်ဝေ ဗီဇာလျှောက်တဲ့ သူတွေကတော့ လက်ထပ်ခွင့် ကို အသိအမှတ်ပြုပြီး နော်ဝေ နိုင်ငံထဲလာဖို့ ကိုတော့ နော်ဝေနိုင်ငံထဲနေထိုင်ခွင့်ရတဲ့သူမှာ ဘဏ်မှာ စုထားတဲ့ငွေ ခရိုနာ ၁ သိန်း ကျော်ရှိရမယ်။ပြီးတော့ တရားဝင် အလုပ်လုပ်လို့ ရတဲ့ငွေ တနှစ်ကို ခရိုနာ ၂ သိန်း နှစ်သောင်း ပြနိုင်မှ ခေါ်ခွင့်ဗီဇာ ထုတ်ပေးမယ် လို့ ပြောနေပါတယ်။
နော်ဝေမှာ တရားဝင်ချိန်ပြည့်အလုပ်ရဖို့ မလွယ်လှပါဘူး။ နော်ဝေစာတတ်မြောက်မှု။ လုပ်ငန်းကျွန်းကျင်မှု၊ ပညာအရည်အချင်း တွေ အမျိုးမျိုးရှိမှ ပြည်ပ နိုင်ငံသားတယောက်အဖို့ အလုပ်ရနိုင်ပါတယ်။ အခြေခံအလုပ်ဖြစ်တဲ့ စတိုးဆိုင်၊ အရောင်းဆိုင် ၀န်ထမ်း တို့၊ သူနာပြုအကူတို့၊ သန့် ရှင်းရေး ၀န်ထမ်းတို့ဆိုတဲ့ အလုပ်မျိုးတွေတောင် အချိန်ပြည့် အလုပ်ရဖို့  ခက်ပါတယ်။ အချိန်ပြည့်အလုပ်ရပြန်တော့လဲ တနှစ်ကို တရားဝင်ငွေ ခရိုနာ ၂သိန်း နှစ်သောင်း ရနိုင်ဖို့က မလွယ်ပြန်ပါဘူး။
အင်တာနက်နဲ့ ဖူးစာ ဆုံကြတဲ့ အထဲမှာ နော်ဝေလူမျိုး စစ်စစ်နဲ့ လိုင်းပေါ်မှာ ချိတ်မိပြီး နော်ဝေရောက်လာကြတဲ့ သူတွေလဲ နိုင်ငံ ပေါင်းစုံက မနည်းလှပါဘူး။ပြီးတော့ အင်တာနက်မှာ ဖူးစာရှင်ရှာတဲ့ ၀က်ဘ်ဆိုက်တွေလဲရှိပါတယ်။
ဖူးစာရှင် အဖော်ရှာလိုသူရဲ့ ဓါတ်ပုံနဲ့ ကိုယ်ရေး အချက်အလက်တွေ ဖော်ပြထားတဲ့ ၀က်ဆိုက်များစွာမှာ တက်ပြီး အလွယ်တကူ အင်တာနက် ဖူးစာရှင် ရွေးလို့လဲရပါတယ်။နော်ဝေနိုင်ငံမှာ အဲလိုနည်းနဲ့ အမှန်အကန် ဖြစ်ကုန်သူ တွေလဲ မနည်းလှပါ။
နော်ဝေနိုင်ငံကို အထင်တကြီးဖြစ်ပြီး နော်ဝေနိုင်ငံသားတွေနဲ့ လက်ထပ်ကာ နော်ဝေကိုရောက်လာကြတဲ့ ထိုင်း၊ဖိလစ်ပိုင်၊အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ရုရှား စတဲ့ နိုင်ငံသူတွေဆိုရင် နော်ဝေရောက်မှ ဘာသာ စကား အသစ်ပြန်စရ၊ ဘ၀အသစ်ပြန် စရ၊ပညာရေး အသစ် ပြန်စရနဲ့ မှန်းချက်နဲ့  နှမ်းထွက်မကိုက်လို့ တချို့  တပ်ပြန်ခေါက်ကြရတာတွေ၊ နော်ဝေ ယဉ်ကျေးမှုနဲ့ သဟ ဇာတ မဖြစ်လို့ ကွဲကြ-ပြဲကြတာတွေလဲ မြင်နေရပါတယ်။
တချို့ ဆိုရင် လက်ထပ်ပြီးလို့ ၃ နှစ်နီးပါး ရှိလာတောင်မှ ကိုယ့်အိမ်ထောင်ဘက်ကို နော်ဝေနိုင်ငံထဲ ရောက်လာအောင် ဆက်လက် ရုန်းကန်ကြိုးစားနေရဆဲ ပြည်ပနိုင်ငံသားတွေ မြင်နေရပါတယ်။  
အခုပြောပြနေတာက အနှုတ်လက္ခဏာတွေကို ရွေးထုတ် တင်ပြနေတာ မဟုတ်ပါဘူး၊ “အငိုလွယ်ကလောက် အရှိုက်ခက်”ဆိုတဲ့ မြန်မာ စကားပုံကို လမ်းတိုရွေးမှ အချိန်ပိုကြာ ဖြစ်မှာစိုးလို့ ဖြစ်တတ်တာ ၊ဖြစ်နေကြတဲ့ ဒုက္ခ္ခတွေ ကြိုသိပြီး ဆင်ချင်နိုင်ကြစေဖို့ ၊အင်တာနက်ကနေ -အင်တာနက်ချစ်သူများကို အသိတရားတခု မျှဝေ ပေးတာပါ။
အင်တာနက်ကြောင့် ဖူးစာရှင်ပေါ်တဲ့ သူတွေ၊ကွန်တက်ချိတ်ရ လွယ်သလောက်၊ချစ်ရဖို့ လွယ်သလောက်၊ လက်ထပ်ရဖို့ လွယ်သ လောက် တိုင်းပြည်နယ်နမိတ်တခုကိုကျော်ပြီး အခြားတိုင်းပြည်တခုကို လာရောက်အတူနေထိုင်ဖို့ ကျတော့၊စိတ်ကူး သလောက် မလွယ်လှပါဘူးလေ။ နိုင်ငံခြားစကားပုံတခု ဖတ်ဖူးတာလေး လက်ဆောင်ပါးလိုက်ပါရစေ။
“You think twice, before you do” တဲ့။ နှလုံးသားဆန္ဒနဲ့ ဘ၀ အောင်မြင်မှု ထပ်တူ ကျနိုင်ကြပါစေ။
နော်လီမိုင်
 ၂၂။၁။၂၀၁၀ 
ပြည်ပမြေရောက် မြန်မာ များ
ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ အပိုင်း(၃)
ိကိုရီးယားကို လာပြီး အလုပ်လုပ်မယ်သူတွေနဲ့ ကိုရီးယားကို စိတ်ဝင်စားသူတွေ အတွက် လက်လှမ်းမီသလောက် ကိုရီးယား ရောက် မြန်မာတွေ အကြောင်း နည်းနည်း ပြောပြချင်တာနဲ့ ဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံ တရားရေး ၀န်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ခုနှစ် နိုဝင်ဘာလ လကုန်စာရင်းအရ ကိုရီးယားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ နေထိုင်နေသူ နိုင်ငံခြားသားပေါင်း (၁၁၅၁̹၉၆၃)ဦး ရှိပါတယ်။ 
အဲဒီအနက်မှာ မြန်မာနိုင်ငံသားကတော့ စုစုပေါင်း (၄၄၃၇)ဦးရှိပြီး ၊ အမျိုသား( ၄၁၀၄)ဦး ၊ အမျိုးသမီး (၃၃၃)ဦး အကြောင်း အမျိုးမျိုးနဲ့ နေထိုင်နေကြပါတယ်။ တရားဝင် နေထိုင်ခွင့်ဗီဇာနဲ့ နေထိုင်သူက အမျိုးသား(၂၈၀၀)ဦး ၊ အမျိုးသမီး(၂၆၇)ဦး ရှိပြီး စုစုပေါင်း (၃၀၆၇)ဦးပါ။ ရက်လွန်နေထိုင်သူ(Over Stay)နဲ့ကတော့ အမျိုးသား(၁၃၀၄)ဦး ၊ အမျိုးသမီး(၆၆)ဦးနဲ့ စုစုပေါင်း (၁၃၇၀)ဦး ရှိပါတယ်။
ကိုရီးယား တက္ကသိုလ် အသီးသီးမှာ ဒီပလိုမာဘွဲ ၊ မာစတာဘွဲ့ ၊ ပါရဂူဘွဲ့တွေ အတွက် အမျိုးသား (၅၉)ဦး ၊ အမျိုးသမီး (၇၈)ဦး စုစုပေါင်း (၁၃၇)ဦး ပညာသင်ကြား နေကြပါတယ်။ ကိုရီးယားဘာသာ သင်ကြားနေသူ အမျိုးသား(၂၇)ဦး ၊ အမျိုးသမီး (၂၉)ဦး နဲ့ စုစုပေါင်း (၅၆)ဦး ရှိပါတယ်။ ကိုရီးယားတက္ကသိုလ် မှာ သင်ကြားပို့ချပေးနေတဲ့ မြန်မာနိုင်ငံသား ပါမောက္ခကတော့ ရှားရှားပါး ပါး (၁)ဦးရှိပါတယ်။ ဘာသာရေးနဲ့ ကိုရီးယားနိုင်ငံမှာ နေထိုင်နေသူ အမျိုးသား(၁၃)ဦး ၊ အမျိုးသမီး(၇)ဦးရှိပါတယ်။ ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုပြီး နေထိုင်သူတွေလည်း မနည်းပါဘူး။ ကိုရီးယား တရားရေးဝန်ကြီးဋ္ဌာနက ထုတ်ပြန်တဲ့ ၂၀၀၉ခုနှစ် ဇွန်လကုန် စာရင်းအရဆိုရင် ကိုရီးယားနိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုနေထိုင်တဲ့ မိသားစုဝင်ပေါင်း အမျိုးသား (၂၅) ဦး ၊ အမျိုးသမီး (၅၈)ဦး၊ စုစုပေါင်း (၈၃)ဦးရှိပါတယ်။ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် လျှောက်ထားသူတွေလည်း ရှိပါ တယ်။
ကိုရီးယား တရားရေးဝန်ကြီးဋ္ဌာနက ၂၀၀၉ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ထားတဲ့ စာရင်းအရ နိုင်ငံရေးဒုက္ခသည်လျှောက် ထားသူ (၂၂၆)ဦးရှိပါတယ်။ ကိုရီးယားနိုင်ငံမှာ နိုင်ငံရေးဒုက္ခသည် လျှောက်ထားတဲ့ နိုင်ငံတွေထဲမှာ နီပေါနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေပြီးရင် တတိယနေရာမှာ ရှိပါတယ်။(၆၆)ဦးကိုတော့ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပါတယ်။ နိုင်ငံရေးဒုက္ခသည်အဖြစ် အသိအမှတ်မပြုပေမယ့် လူသားချင်းစာနာမှုနဲ့ နေထိုင်ခွင့်ရထားသူလည်း (၁၉)ဦး ရှိပါတယ်။
ကိုရီးယားနိုင်ငံမှာ တရားဝင် နေထိုင်ခွင့်နဲ့ နေထိုင်အလုပ်လုပ်ကိုင်ကြသူတွေ အထဲမှာ အများဆုံးကတော့ အလုပ်သမား အသုံးပြု ခွင့်စနစ်(E-P-S) employment permit system နဲ့ လာကြသူတွေပါ။
အသေးစားနဲ့ အလတ်စား ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူ အရေအတွက် (E-9-2)က အများဆုံးပါ အမျိုး သား (၂၀၂၈)ဦးနဲ့ အမျိုးသမီး(၁)ဦး ရှိပါတယ်။ ကိုရီးယားကို လာပြီး တရားဝင်နည်းလမ်းနဲ့ အလုပ်လုပ်မယ်ဆိုရင် အလုပ်သမား အသုံးပြုခွင့်စနစ်(E-P-S) ပဲ ရှိတယ်ဆိုတာကို အရင်ဆောင်း ပါးတွေမှာလည်း ဖော်ပြဘူးပါတယ်။ (E-P-S) စနစ်အရ ကိုရီးယား ဘာသာ စာမေးပွဲ (EPS-KLT)ကို သတ်မှတ်တဲ့ အမှတ်ပြည့်မီမှ ကိုရီးယားကို လာပြီး အလုပ်လုပ်လို့ရမယ်ဆိုတာလည်း ဖော်ပြဘူး ပါတယ်။ ကိုရီးယားကို အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ရောက်လာသူထဲက တချို့ တော်တော် အဆင်မပြေဖြစ်ကြတာ ကို သိရလို့ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ကိုရီးယားကို လာဖို့ပြင်ဆင်နေတဲ့သူတွေအတွက် အထောက်အကူဖြစ် အောင် လက်လှမ်းမီသလောက် ပြောပြ ပေးချင်ပါတယ်။
အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S) နဲ့ ကိုရီးယားကို ရောက်လာကြတဲ့သူ တော်တော်များများကတော့ အသေးစားနဲ့ အလတ် စား ကုန်ထုတ်လုပ်တဲ့ စက်ရုံအလုပ်ရုံတွေမှာ လုပ်ကြရတာ များပါတယ်။ တချို့ကတော့ စိုက်ပျိုးရေးလုပ်ငန်း ၊ ငါးလုပ်ငန်း နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကြရတဲ့သူတွေလည်း ရှိပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ လုပ်ရတဲ့အလုပ်ကလွဲပြီး ကျန်တဲ့ လုပ်ငန်းတွေမှာ မလုပ်ချင်တဲ့သူက များပါတယ်။ အဲဒါကြောင့် မြန်မာပြည်မှာ ကိုရီးယားဘာသာ စာမေးပွဲ အောင်ပြီး ကိုရီးယားကို လာပြီး အလုပ်လုပ်ဖို့ ရွေးချယ်ခံရသူတွေ အနေနဲ့ အရင်ဆုံး ကိုယ်နဲ့ အလုပ်လုပ်ကိုင်ဖို့ ကုမ္ပဏီနဲ့ သဘောတူစာချုပ်ချုပ်ဆိုတဲ့ အခါ လုပ်ငန်းအမျိုးအစားကနေစပြီး သေသေချာချာ စစ်ဆေးပါလို့ အကြံပေးပါရစေ။ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)နဲ့ ကိုရီးယားကို လာတဲ့သူတွေကို (E-9)ဗီဇာ ပေးပါတယ်။ (E-9)ဗီဇာမှာမှ ထပ်ပြီး ခွဲထားတဲ့ ဗီဇာအမျိုးအစားတွေ ရှိပါသေးတယ်။ အသေးစားနဲ့ အလတ်စား စက်ရုံတွေရဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ လုပ်ရတဲ့သူဆိုရင်(E-9-2)ဗီဇာပေးပါတယ်။
 ဆောက်လုပ်ရေး လုပ်ငန်းဆိုရင် (E-9-3)ဗီဇာပေးပါတယ်။ (E-9-3)ဗီဇာနဲ့ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား (၁၃)ဦးရှိပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းဆိုရင် (E-9-4)ဗီဇာပေးပါတယ်။(E-9-4)ဗီဇာနဲ့ အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား (၉)ဦးရှိပါတယ်။ ငါးလုပ် ငန်းဆိုရင်(E-9-5)ဗီဇာပေးပါတယ်။်(E-9-5)ဗီဇာနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား (၃၃)ဦးရှိပါတယ်။ကိုရီးယားကို ရောက် ရင် ပြီးရောဆိုတဲ့ စိတ်ဓါတ်မျိုးနဲ့တော့ မဖြစ်စေချင်တဲ့ စေတနာပါ။နောက်ထပ် အဓိက စစ်ဆေးသင့်တဲ့ အခြေခံ အကြောင်း တွေ ကတော့ (၁)အခြေခံလစာ၊ (၂)အလုပ်ချိန် ၊ (၃) နားချိန် ၊ (၄)နေထိုင်စားသောက်မှု ၊ (၅) အချိန်ပိုလုပ်အားခ စတဲ့ အခြေခံကျတဲ့ အချက်တွေကိုတော့ မဖြစ်မနေ စစ်ဆေးပါလို့ အကြံပြုပါရစေ။
အဲဒီလို သေသေချာချာ စစ်ဆေးလိုတဲ့ နောက်ထပ်အကြောင်းတခုကတော့ ကိုရီးယားကို ရောက်ပြီးမှ အလုပ်ပြောင်း လုပ်ဖို့က အခက်အခဲရှိနိုင်လို့ပါ။ အလုပ်သမားအသုံးပြုခွင့်စနစ်(E-P-S)အရ အလုပ်ပြောင်းမယ်ဆိုရင် လုပ်ငန်းခွင် သဘောတူစာချုပ် ချုပ် ထားတဲ့ လုပ်ငန်းရှင်ရဲ့ သဘောတူခွင့်ပြုချက်က အဓိကလိုဖြစ်နေလို့ပါ။ တချို့ လုပ်ငန်းရှင်တွေက အလုပ်ပြောင်းဖို့ လက်မှတ်ထိုး မပေးတဲ့ လုပ်ငန်းရှင်တွေလည်း ရှိနေလို့ပါ။ အလုပ်သမား အသုံးပြုခွင့်စနစ်(E-P-S)အရ လုပ်ငန်းခွင်ပြောင်းလို့ ရတဲ့ အချက်တွေ လည်း ရှိပါတယ်။ အဲဒီလို အချက်မျိုးမှာ အကျုံးဝင်တယ်ဆိုရင်တော့ အဲဒီလုပ်ငန်းရှင်ဟာ အလုပ်ပြောင်းဖို့ လက်မှတ်ထိုးပေးရ ပါမယ်။
အဓိက အခြေခံ အချက်တွေကတော့ မိမိလုပ်နေသည့် စက်ရုံအလုပ်ရုံ ဒေ၀ါလီခံသွားခြင်း ၊ လုပ်ငန်းရှင်မှ လုပ်အားခလစာ မပေး ခြင်း စသည့် အခြေခံအလုပ်သမားဥပဒေအား ချိုးဖောက်ခြင်း ၊ လုပ်ငန်းသဘောတူစာချုပ်ပါ အချက်များအား အလုပ်ရှင်မှ ချိုး ဖောက်ခြင်း ၊ စတဲ့ အခြေခံအချက်တွေ ရှိပါတယ်။ နောက်အလျဉ်းသင့်သလို သိသင့်သိအပ်တဲ့ ကိုရီးယား အလုပ်သမား ဥပဒေ အကြောင်း သီးသန့် ပြောပြပေးသွားပါမယ်။
ကျနော် ကိုရီးယားအကြောင်း လက်လှမ်းမီသလောက် လက်ဆင့်ကမ်းထားတဲ့ ဆောင်းပါးတိုင်းမှာ အကြံပြုထားတဲ့ အတိုင်း ကိုရီး ယားကို လာမယ်ဆိုရင် ကိုရီးယားစကားကို သင်ယူပါလို့ ထပ်လောင်း အကြံပြုပါရစေ။ ကိုရီးယားမှာ ရှိတဲ့ နိုင်ငံခြားသားတွေ အထဲမှာ ကိုရီးယားဘာသာစကား တတ်ကျွှမ်းတဲ့ ရာခိုင်နှုန်း မြန်မာနိုင်ငံသားတွေ အနည်းဆုံးဖြစ်နေလို့ပါ။ ကိုရီးယားဘာသာ အ ထိုက်အလျှောက် တတ်ရင် အလုပ်ထဲမှာရော ၊ တခြား ကိစ္စတွေမှာပါ အများကြီး အကျိုးရှိပါတယ်။ ကိုရီးယားမှာ အကြောင်းအမျိုး မျိုးနဲ့ အခက်အခဲ ဖြစ်ကြတဲ့သူ ၊ အတူအလုပ်လုပ်တဲ့ ကိုရီးယား နိုင်ငံသားတွေနဲ့ အဆင်မပြေတဲ့သူ တော်တော်များများဟာ ကိုရီး ယားဘာသာ အခက်အခဲကြောင့်လို့ ကိုရီးယား အဖွဲ့တခုက သုံးသပ်ထားတာ ရှိပါတယ်။ ကိုရီးယားကို လာမယ်ဆိုရင် ယဉ်ကျေး မှု ကွဲပြားတာတွေလည်း နားလည်မှု ပေးနိုင်ဖို့ လိုမယ်လို့ ထင်ပါတယ်။ သူ့ယဉ်ကျေးမှုကို ကိုယ်နားလည်နိုင်အောင် ကိုယ့်ယဉ် ကျေးမှုကိုလည်း နားလည်အောင် ပြန်ပြောနိုင်ဖို့လည်း အတွက်လည်း ကိုရီးယား စကားတတ်ရင် အဆင်ပြေ တာပေါ့ဗျာ။
 ယဉ်ကျေးမှု ကွဲပြားလို့ နားလည်မှုလွဲပြီး ကိုရီးယားတွေနဲ့ ပြဿနာ ဖြစ်ကြတဲ့ နိုင်ငံခြားသားတွေ ဒုနဲ့ဒေး ရှိနေလို့ပါ။ ကိုရီးယား ဘာသာစကားရယ် ကိုရီးယား အလုပ်သမားဥပဒေ အကြောင်းရယ် လက်လှမ်းမီသလောက် ပြောပြပေးဖို့ ကြိုးစားနေပါတယ်။
မြန်မာနိုင်ငံသားအားလုံး ရောက်လေရာ အရပ်တိုင်းမှာ အဆင်ပြေမှု အပေါင်းနဲ့ ပြည်စုံပြီး ကိုယ်တတ်စွမ်းနိုင်တဲ့ အင်အားနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ဆောင်ရွက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဗျာ။
ကိုလူချစ်(ကိုရီးယား)
ဖော်ပြပြီး ဆောင်းပါးများ အောက်တွင် ဖတ်နိုင်ပါသည်
၂၃။အင်တာနက်အချစ်နဲ့  ဆုံစည်းရေးပြဿနာ--- နော်လီမိုင်
၂၂။ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့ အပိုင်း(၃)
၂၁။ ပြုံးပန်းမလှတဲ့ ကိုယ်လို လူ-သက်ထူးဇင်( အိုလီဆွန်း)
၂၀။ဒါပေမယ့် ကျောမွဲ -လူဗိုလ်
၁၉။ဥရောပမှာ ခုန်ချကြရာဝယ် -နော်လီမိုင်
၁၈။အကြိုည ရင်ခုံသံ---လူဗိုလ်
၁၇။ဝေးကြပြီ ကရင်မလေး ---လူဗိုလ်
၁၆။ပြည်ပရောက်တိုင်း အဆင်ပြေ ကြီးပွါးကြသလား---ဖိုးသောကြာ
၁၅--ပြည်ပရောက်တိုင်း အဆင်ပြေ ကြီးပွါးကြသလား---ဖိုးသောကြာ
၁၄--နောင်ပေး ---လူဗိုလ်
၁၃--ဒုက္ခသည်ကို လာချင်သည်ဆိုသော သူငယ်ချင်း
၁၂--နိုင်ငံပြောင်းနေထိုင်ပြီး ပြည်ပနိုင်ငံသား ကိုင်ထားသူတို့၏ အိမ်အပြန်လမ်း
၁၁--ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်း အချို့ အပိုင်း(၂)
၁၀--ဥရောပက တောသူဋ္ဌေး နိုင်ငံလေးဝယ်
--ကိုရီးယားကို လာမယ်ဆိုရင် သိထားသင့်တဲ့ အကြောင်းအချို့
--စိတ်ကောင်းစေတနာ ရှိမှ
--ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရား (Phop Phra) မြို့ နယ်မှ မြန်မာ အလုပ်သမားတို့၏ ဘ၀အခြေအနေများ
--လက်ထပ်၊ ကွာရှင်း၊ အပ်ချလောင်း စီးပွားရှာ နေထိုင်ခြင်း
--စကင်ဒီနေဗီယား နိုင်ငံ တခုဝယ် ဒုက္ခ ရောက်ချင်ကြတယ်
-- မြန်မာပြည်မှာ နေရတာ ကောင်းတယ်။
--ကျနော် ဆုံခဲ့ရသော လွိုင်ကထုန်ညခင်း (သို့) ဘန်ကောက်တန်ဆောင်မုန်းလပြည့်ည
the Loy Krathong festival မီးမျှောပွဲတော်တခု
--မင်္ဂလာထဲက အဖေ  ===(အရှင်ခေမာစာရ-ရဟန်းပျိုသမဂ္ဂ)
၁။--ရှက် မဆုံးတော့သည်