|
အခွင့်အလမ်း |
|
မဲမပေးရေး လှုပ်ရှားမှု (No Vote Campaign) ------------------ ထပ်ပြီးစော်ကားခြင်သေးတာလား
၁၉၈၈ လူထုပေါက်ပွဲမှုက အရှိန်က အန်အယ်ဒီကို ဆက်ပွဲတိုက်ဖို့  တာဝန်ပေးလိုက်တာပါ ။ ဗဟိုကလူတွေထဲမှာ ပြည်သူ့ ကိုယ်စား ဘာလုပ်ပေးဖူးလဲ ။ တချိန်က နေဝင်းဘေးက ဘောမတွေနဲ့ အတူတူဘဲ ။ ဒေါ်စုဦးတင်ဦးဦးဝင်တင် မရှိတဲ့အချိန်မှာဘာမှမလုပ်တတ်တတ်ကြဘူး။ နအဖအလိုကြ အင်တာဗျူးတာ ကလေးတောင်တတ်တယ် ။ လူထုကစောင့်နေတာကြာပါဘီ ။ ဘယ်တော့လူထုကို ဦးဆောင်ပြီး တိုက်ပွဲ ဝင်မလဲဆိုတာ တနေ့ ပြီး တနေ့  တနှစ်ပြီး တနှစ် လူထုခံစားမှုကို မျက်ကွယ်ပြုလာတယ် ။ လူထုကို စော်ကားလာတယ် ။ လူပါးဝလာတယ် ။ နအဖကို ဘောမလာတယ် ။
၈၈ကမွေးတဲ့ကလေး နိုင်ငံခြားကဘွဲ့  ယူပြီးပြန်သွားပြီ ။ ဦးဆောင်တိုက်ပွဲကို မပြင်ရသေးဘူး ။ လူထုကိုယ်စားပြု ပါတီကြီး တော်ပါတော့ ။ ခေါင်းဆောင်ပါတီမရှိတာကမှ ကိုယ်အားကိုယ်ကိုးတဲ့ သတ္တိတွေနဲ့ အောင်ပွဲကနီးသေးတယ် ။
မြန်မာပြည်သား 3 သန်း လည်း နိုင်ငံတကာမှာကျွန်ဖြစ်နေပြီ ။ ရန်ကုန်မှာ နာဂစ် ပြည့်တန်ဆာရုံ(ဖာရုံ)တွေလည်းပြည့်ကုန်ပြီ ။ ထောင်ထဲမှာ အိပ် မောကျနေပြီး ထောက်လှန်းရေးက ရိုက်ပြီးအသစ်ထဲ့ပေးလိုက်တဲ့ ဥာဏ်နဲ့ ပြည်သူကို မကလန်ပါနဲ့  နိုင်ငံတာရောက်တချို့ နိုင်ငံရေး အကျဉ်းကျဘူး သူတွေကလဲ ခင်ဗျားနဲ့ သဘောထား အတူတူဘဲနော် ။ ထူးဆန်းနေတယ် ။
ပြည်သူကမလိုချင်ရင် ဘယ်လောက်ကြီးကြီး တချိန်မှာ ဆင်းရမှာပါ ။ စစ်တပ်ရော သေနပ်ရော ပိုင်တဲ့ မဆလလည်းဆင်းရတာဘဲမဟုတ်လား။ မင်းကိုနိုင်တို့ ကိုကိုကြီးတို့ ဌေးကြွယ်တို့ အုပ်စုနဲ့  ညီအကိုလို ရင်းရင်းနှီးနှီး လမ်းလျှောက် ဖူးလား ။ နဲနဲစဉ်းစားပေးမယ် ။ သတ္တိကုန် အပိုးကျိုးသွားရင် ပေါက်စီတို့ လို ငြိမ်ငြိမ်နေလိုက်ပါ။ တိုင်းပြည်ကို မစော်ကားပါနဲ့ တော့ဗျာ။ ထပ်ပြီးစော်ကားခြင်သေးတာလား U ခင်မောင်ဆွေ။ --------------- ဒီစာက ဧရာဝတီကို မှတ်ချက်ပေးတဲ့စာပါ ။ စာရေးပြီး မကျေနပ်သေးဘဲ ဆက်စဉ်းစားကြည့်တော့။ ထောင်ထဲမှာ အညွန့် ကျိုးသွားတဲ့ အုပ်စုတွေတွေထဲကလို့ မှတ်ချက်ချမိပါသည် ။ လူ့ သိက္ခာကို စော်ကားရန် မရည်ရွယ်သော်လည်း မရေးချင် သော် လည်းရေးရတော့မှာပါ ။ ထောင်ထဲမှာ နိုင်ငံရေးစိတ်ဓါတ် ပြင်းထန်သူတွေ ခေါင်းဆောင်တွေ ခေါင်းဆောင်သိပ်ဖြစ်ချင်သူ ဟီရိသြတ္တပတရားမြင့်သူ အရှက်ကြီး တွေကို ဒီနည်းသုံးသည်ဟုယူဆပါသည် ။
မြန်မာပြည်က ထောင်ထဲမှာ ဒီနည်းနဲ့ အနိုင်ကျင့်ခံ ရသူတွေရှိတယ်လို့ တချိန်က နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောဖူးပါသည် ။၁၂ လက္မ အရှည် ကျောက်ချွန်ရှည်ပေါ်မှာ တဝက်ထိုင်ထားခိုင်းတာပါ ။ ဓါတ်ပုံလည်း ရိုက်ပြီး မှတ်တမ်းထားသည်ဟု ဖတ်ဖူးပါသည် ။ အဲဒီလူသာ ခင်ဗျားဖြစ်ခဲ့ရင် အခု လို မိုးထဲ ရေထဲ အကျပ်အတည်းမှာ ဘယ်လိုခံစားပြီး လယ်လမ်းကိုရွေးမလဲ ။ သာမာန် အချိန်မှာ သာမာန်ခေါင်းဆောင် တယောက်လို မျှောပြီးလိုက် နေကြတာပါ နင်လား ငါလား ရန်ကာစည်းခွဲရင် အဲဒီလူတွေက ရန်သူဘက်က အတွေးအခေါ်ကို အသက်ပေးပြီးကာ ကြပါတယ် ။ပွင့်လင်းမှုအား နည်းပြီး သူတပါးကို နိမ့်ချတတ်တဲ့ မြန်မာလူမျိုးဟာ အရှက်ကို အသက်ထက်တန်ဖိုးထားတယ်ဆိုတာ ပြလိုက်တာပါဘဲ ။
မှန်မှန်ကန်ကန် ဆေးကုသမှုကို နားမလည်နိုင်အောင် ရှက်တတ်လို့ ပါ ။ ကျွနိတော်လည်း အနှစ်၂၀ အရက်သမား ဘဝက ပြတ်ခါစ ၆ လ၊ တနှစ် လောက်က အလူးအလိမ့်ပါဘဲ ။ မှန်ကန်တဲ့ စိတ်ရောဂါကု သမားတော်ကြီးနဲ့ ကုသပြီးမှ အခုလို စာရေးနိုင်တဲ့ အဆင့်ကို တစခြင်း ရောက်လာတာပါ ။ အဲဒီလူတွေကို မြင်ရ ကြားရရင် နားလည်မှုပေးလိုက်ပါ ခေါင်းဆောင်သိပ်ဖြစ်ချင်ရှာတာကိုး ။ နားထောင်ပေးလိုက်ပါ ။ ပြန်မငြင်းပါနဲ့  ခင်ဗျားက ညင်းလေလေ သူကတာဝန်မကျေတော့ဖူးဆိုပြီး ကျောက်ချွန်ကြီးဘဲ မြင်လေလေပါဘဲ ။ စိတ္တဇ ဝေဒသနာသည်တွေပါ နအဖကို ပြတ်ပြတ်သားသား ကလန်ရင်လဲ ဖင်ထဲက ကျောက်ချွန်နဲ့ ဓါတ်ပုံကြီးဘယ်လိုနည်းနဲ့  လူထုကြားထဲပြန့် လာမလဲ ဆိုတဲ့ အတွေးက ခေါင်းထဲမှာဆိုတော့ သာမာန်လူတွေ တွေးသလို မဟုတ်တော့ပါဘူး ။
အဲဒီလူမျိုးတွေကို ရာဇဝတ်မှု မကျူးမလွန်မချင်း နားလည်မှုပေးလိုက်ပါ မြန်မာထောက်လှမ်းရေးက တချိန်တုံးက ပြင်ပမှာ နေသောနာမည်ကြီး ခေါင်းဆောင်များကို လည်း လုပ်ထားပါသည်ဟု ကြားဖူးပါသည် ။ ဘလက်မေးဟုလည်းခေါ်ပါသည် ။ အဖွဲ့ ကြီးတွေမှာပါရှိပါလိမ့်မယ်၊စစ်ဗိုလ်ချူပ် တော်တော်များများလည်း စီးပွားရေး ဘလက်မေးလုပ်ခံထားရပါတယ် ။ လိုအပ်တဲ့ တချိန်ကျရင် ဗုးပေါ်သလို ပေါ်လာမှာပါ ။ ရှေးရိုးနည်းတွေပါ ။ တနိုင်ငံနဲ့ နိုင်ငံ သတင်းယူတဲ့နည်းတွေပါ ။ တဖွဲ့ နဲ့ တဖွဲ့  ဖြိုခွဲဘို့ သတ်လျှိုတဲ့နည်းတွေပါ ။ ကျွန်တော်တို့ တိုက်နေတာ စစ်အင်အားကြီးမားတဲ့ နိုင်ငံကြီးတခုကို ပြောင်းလည်းဖို့ ကြိုးစားနေကြတာပါ ။ အစစအရာရာ သတိမလစ်ကြပါနဲ့  တော်လှန်ရေးသတိဖြင့် ဌေးတင့် ၆။၎။၁၀
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။ ဟစ်တိုင်သည် လွတ်လပ်မျှတသော စာမျက်နှာ ဖြစ်ပါ၍ တုန့် ပြန်ဆောင်းပါးရေးသားပေးပို့ လာပါက ပြန်လည်ဖော်ပြပေးပါမည်။--ဟစ်တိုင်အဖွဲ့  +++++ သင့်နေရာက ဘာလုပ်ပေးနိုင်မှာလဲ ---------------- ယိုးဒယားတို့က မြန်မာတို့ကို ကို လှိုင်သာယာ မှာဗိုလ်ကျ ချိန်းခြောက်
ယိုးဒယားပိုင် (c.p) ကုပ္မဏီ ရဲ့ ရိုင်စိုင်းမှု လှိုင်သာယာ ရွှေလင်းဗန်းစက်မှုဇုံ တွင်ရှိသော c.p ပိုင်ကြက်အူချောင်းစက်ရုံတွင် အများပြည်သူသင်္ကြန်ရုံးပိတ်ရက်များ တွင် မြန်မာဝန်ထမ်းများကို ဇယားများရေးဆွဲကာ တာဝန်ချထားပြီး ယိုးဒယားများကိုယ်တိုင်က ဘန်ကောက်ပြန်ကြမည်ဖြစ်ပြီး အနားယူလိုသောမြန်မာများကို တာဝန်ပျက်ကွက် သောကြောင့် လစာဖြတ်မည် အလုပ်မှထွက်ရမည်ဟုချိန်းခြောက်ထားပါသည်။ သို့ပါသောကြောင့် တာဝန်ရှိသူများ ဖြစ်သောအလုပ်သမားဥပဒေအဖွဲ့ အစည်းများအား လိုအပ်သလိုဆောင်ရွက်ပေးပါရန် လေးစားစွာ အကူအညီ တောင်းခံအပ်ပါ သည်။ အောင်အောင် ၃၁။၃။၂၀၁၀
|
|
အခွင့်အလမ်း |
|
စိတ်ကူးမယဉ်ကြဖို့
နအဖ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်၊ရွေးကောက်ပွဲကော်မရှင် ကိုဖွဲ့စည်းပြီး၊အဲဒီကော်မရှင်က ရွေးကောက် ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်နေပါပြီ။ နအဖ က ရွေးကောက်ပွဲ ဥပဒေများ နဲ့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေး ကောက်ပွဲ မဝင်နိုင်အောင် တားမြစ်လိုက်တဲ့ အပြင် သူတို့ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်တွေပါ ပိတ်ပင်လိုက် ပါတယ်။
၁၉၉၀ ရွေးကောက်ပွဲရလာဒ် ကိုလည်း ဖျက်သိမ်းလိုက်တဲ့ အပြင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ ရက် ၆၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေကြသူ တွေအားလုံးကို ပါတီက ထုတ်ပစ်ပြီး ပါတီကို ကော် မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဖိအားပေးနေပါတယ်။ အဲဒီလို မလုပ်ခဲ့ရင်ပါတီဟာ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်မယ်လို့ ခြိန်းချောက်နေပါတယ်၊ ဒါကြောင့်မို့ အဖွဲ့ချုပ်ဟာ မကြာမီ အချိန်အတွင်းမှာ အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်။
ဒီလို အချိန်မျိုးမှာ မတရားမှုတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံဖို့ တိုက်တွန်းနေကြတဲ့ အသံတွေကြားနေရပါတယ်။ ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် နအဖ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပါတီကို ပြန်လည်မှတ်ပုံတင်သင့်တယ်၊ လူထု ကို ရွေးချယ်စရာ အခွင့်အရေးပေးနိုင်ဖို့ အတွက် ရွေးကောက်ပွဲဝင်သင့်တယ်လို့ အကြောင်းရှာနေကြတာလည်း ကြားရပါတယ်။ အဲဒီ အတွေးအခေါ်တွေကို တုန့်ပြန်ဖို့ ဒီစာစုကို ရေးပါတယ်။
(၁) ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ က ပြောပါတယ်။ ဒီရွေးကောက်ပွဲဟာ စစ်တပ်က စနစ်တကျ နိုင်ငံရေးနယ် ပယ်က နောက်ဆုပ်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို ဝင်ရမယ်လို့ ဆိုပါတယ်။ ဒီသဘောတရားကိုပဲ အခွင့်ထူးခံ စာနယ်ဇင်းသမားတစ်စု နဲ့ အလံနီဟောင်းတွေက တွင်တွင်ကြီး ဝါဒဖြန့်ချိနေတာ ကြာပါပြီ။ လုံးဝမှားပါတယ်။ တကယ်က စစ်တပ်က နိုင်ငံတော်အာဏာကို ထာဝရ ဆုတ်ကိုင်နိုင်ဖို့ စနစ် တကျ ရှေ့တိုးလိုက်တာပါ။ မြန်မာနိုင်ငံမှာ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာပါ။ နအဖ ရဲ့ အကြံအစည် က သူတို့ရဲ့ ဘိုးတော်ကြီး ဦးနေဝင်း ရဲ့ အကြံအစည် နဲ့အတူတူပါပဲ။ ကွဲပြားတာက လက်ရှိ စစ်အာဏာရှင် တွေက ဦးနေဝင်း ရဲ့ အားနည်းချက်လို့ သူတို့ယူဆတာတွေကို ပြင်ဆင်ထားတာပါပဲ။
ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁၉၆၄ မှာ မဆလ ပါတီထောင်တယ်။ တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံဆွဲပြီး ၁၉၇၃ မှာ အတည်ပြုတယ်။ ၁၉၇၄ က စပြီး ၄ နှစ် တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်တယ်။ နအဖ က ၁၉၈၈ မှာ အာဏာကို မဆလ အစိုးရထံကနေ လွှဲပြောင်းယူတယ်။ ၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၃နှစ်ကျော်ကြာ ထာဝရ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံကို ရေးဆွဲတယ်။ ၂၀၀၈ မှာ အဓမ္ဓအတည်ပြုတယ်။ အခု ၂၀၁၀ မှာ စစ်တပ်နှင့် လက်အောက်ခံပါတီများ ပါတီစုံရွေးကောက်ပွဲကို လုပ်ဖို့ ပြင်ဆင်နေတာပါ။
ဦးနေဝင်းက စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ မဆလပါတီ ထောင်ပြီး နိုင်ငံတော်အာဏာကို ဆုပ်ကိုင်ခဲ့ပေမည့် အဲဒီ စစ်တပ်ပါတီထောင်ရေးကို အားနည်းချက်လို့ နအဖ ကမြင်ပုံရပါတယ်။ ဦးနေဝင်းက စစ်တပ်ကို အခြေပြုပြီး ပါတီထောင်တဲ့ အခါ အရပ်သားတွေကိုလည်း ပါတီထဲဖိတ်ခေါ်ရတယ်။ ဆိုရှယ်လစ်ဟောင်းတွေ၊ ကွန်မြူနစ်ဟောင်းတွေ၊ ပမညတ ဟောင်းတွေ က ဦးနေဝင်းရဲ့ မဆလ ပါတီထဲဝင်ပြီး ဦးနေဝင်းကို ပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားဖို့ကြိုးစားတာကို ကြုံခဲ့ရဖူးပါတယ်။ တပ်တွင်းမှာလည်း ပါတီဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ ပါတီမဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေအကြား အမိန့်ပေးစနစ် ဖရိုဖရဲ ဖြစ် တာလည်း ရှိခဲ့ပါတယ်။ ၁၉၇၄ အစပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း လူထုထဲက ယှဉ်ပြိုင်ရွေးကောက်ခံသူတွေပေါ်လာပြီး ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရသွားတာတွေလည်း ရှိခဲ့ပါတယ်။ နအဖ က အဲဒီလို ပြန်အဖြစ်မခံတော့ပါဖူး၊ ဒီတခါတော့ စစ်တပ်ကိုယ်တိုင်က ပါတီမထောင်တော့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်ပေးထားခြင်းဖြင့် စစ်တပ်ရဲ့ ရာသက်ပန်အာဏာပိုင်စိုးမှုကို စိတ်ချရအောင် ဖန် တီးထားလိုက်ပါတယ်။ ဦးနေဝင်းရဲ့ တစ်ပါတီစနစ်ကို ပြန်မသွားတော့ပဲ စစ်တပ် လက်အောက်ခံပါတီများကို စစ်ဗိုလ်ဟောင်းများ၊ မဆလဟောင်းများ၊ ကြံ့ဖွံ့များ၊ လက်နက်ချပြီး ဖြစ်တဲ့ တိုင်းရင်းသားများ၊ အလိုတော်ရိစီးပွါးရေးသမား များနဲ့ ဖန်တီးပြီး စစ်တပ်နဲ့ စစ်တပ်လက် အောက်ခံပါတီများရဲ့ ပါတီစုံစနစ်ကို တီထွင်ဖော်ထုတ်လိုက်တာပါ၊ ဒါကိုပဲ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ စနစ်တကျ ဆုတ်ခွါနေတာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။ (၂) တချို့က လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထား တာမို့ ဒီ ဥပဒေ ကိုထောက်ခံသင့်တယ်၊ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောကြပါတယ်။ ဒါလည်း မှားပါတယ်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ လူမျိုးစု ၆ စု အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ တိုင်း တစ်ခု ဖန်တီးပေး ထားပေမည့် အဲဒီ လူမျိုးစုတွေ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြတာ မဟုတ်ပါ၊ သူတို့ရဲ့ ဒေသဦးစီး အဖွဲ့တွေ နဲ့ တိုင်းဦး စီး အဖွဲ့တွေကို ဖွဲ့စည်းတဲ့ အခါမှာ စစ်တပ်က ခန့်အပ်တဲ့ စစ်ဗိုလ်တွေက ဦးစီးအဖွဲ့ရဲ့ ၂၅% ကိုနေရာယူထားမှာပါ။ ဦးစီးအဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဌရာထူးကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပြီး သူတို့ဖာသာ ရွေး ချယ်ခွင့် မရှိပါ။
အဲဒီ ဦးစီးအဖွဲ့တွေမှာလည်း စစ်တပ်ကိုယ်စားလှယ်တွေကသာ လုံခြုံရေး နဲ့ နယ်စပ်အရေးကိစ္စတွေကို တာဝန်ယူကွပ်ကဲမှာပါ၊ ဦးစီးအဖွဲ့ ရှိနေပေမည့် တကယ်တမ်း အုပ်ချုပ်ရေး ကိစ္စတွေကို မြန်မာပြည်မ က ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်မှာပါ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသတာဝန်ခံက ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ကို ယူပြီး တကယ်အုပ်ချုပ်မှာပါ။ တခါ ပြည်မက သမ္မတ က ခန့်အပ်တဲ့ တရားသူကြီးတွေက အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွေ၊ တိုင်းတွေ ရဲ့ တရားစီရင် ရေးကို တာဝန်ယူမှာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသလုံခြုံရေးကို တာဝန်ယူမှာပါ။ ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တယ်လို့ ဆိုထားပေမယ် တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်စရာ ဘာမှ မကျန်တော့ပါ၊ စစ်တပ်ကပဲ အားလုံးကို အုပ်ချုပ်မှာပါ၊ ဒါကိုမှ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊ (၃) တချို့က ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်သင့်တယ်၊ အဖွဲ့ချုပ် သာရွေး ကောက်ပွဲရင် သေချာပေါက်နိုင်မှာပါ လို့ ပြောနေကြတာလည်း ကြားရပါတယ်။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျ ပါတီဝင်တွေ ကို ပါတီက ခဏထုတ်ပယ်၊ ပြန်ပြီး အသစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီးမှ ထုတ်ထားတဲ့ ပါတီဝင်တွေ ကို ပြန်လက်ခံကြတာပေါ့လို့ စဉ်းစားနေကြသူတွေလည်း ရှိကြပါတယ်။ လုံးဝ မှားပါတယ်၊ နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ။ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည် ပြုထား တဲ့ဖွဲ့စည်းပုံ၊နိုင်ငံတကာ အစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ နအဖ ဝန်ကြီးတွေ၊ ကြံ့ဖွံ့ခေါင်းဆောင်တွေ ရဲ့ ပြည်သူ့ဘဏ္ဏာတွေသုံးပြီး လုပ်နေတဲ့ ကြိုတင်မဲဆွယ်မှုတွေ၊ အလိုတော်ရိ စီးပွါး ရေးသမား တွေကို ရန်ကုန်မြို့ကြီးက အဆောက်အအုံတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ ခွဲဝေပေးနေတာကို ကြည့်ရင် သိလောက်ပါရဲ့။ နအဖ ရဲ့ ဖိအားပေးမှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက် သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်။ အဲဒီ ပြဋ္ဌန်းချက်တွေ အရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက် အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဒါမှမဟုတ်လည်း နိုင်ငံခြား အစိုးရ များ၊ အဖွဲ့အစည်း များကနေ ထောက်ပံ့ငွေ၊ ပစ္စည်းတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍ သော်၎င်း ယူတယ်လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဒါမှမဟုတ်လည်း အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌန်းထားချက်တွေကို မလိုက်နာဘူး၊ ဖောက်ဖျက် တယ် လို့ စွတ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဒါမှ မဟုတ်လည်း နအဖ က အဖွဲ့ချုပ်ကို မတရားသင်း အဖြစ် ကြေညာပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဘယ်လိုမှ ပြေးမလွတ်ပါဘူး။ ဒီတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီးရင် ဆက်လက်ရပ်တည်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့် မယ်၊ ပြီးတော့လည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း များများစားစား တင်သွင်းခွင့် ရမှာ မဟုတ်ပါ။ နအဖ က ခေါင်းခေါက် ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်က တင်သွင်းမည့် ကိုယ်စားလှယ်လောင်း အများစုကို အကြောင်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခွင့် ငြင်းပယ်ပါလိမ့်မယ်။
နအဖက အဖွဲ့ချုပ်ကို သူ့ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ က အသိအမှတ် ပြုရေးအတွက် လုံလောက်ရုံမျှ စတိလောက်သာ ဝင်ပြိုင်စေချင်တာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ်ဟာ အလွန်ဆုံး ကိုယ်စားလှယ် ၂၀ လောက်ပဲ ယှဉ်ပြိုင်ခွင့် ရပါလိမ့်မယ်။ ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်အနည်းငယ်တောင် နိုင်ချင်မှ နိုင်ပါလိမ့်မယ်။ နိုင်ရင်တောင် ကော်မရှင်က အနိုင်ရလာဒ်ကို ပယ်ဖျက်နိုင်ပါသေးတယ်။ ဒီတော့ ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ် လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊လူထုကို လည်းလျှော့ မတွက်သင့်ပါ။ အနှစ် ၂၀ ကျော်အတွင်းမှာ အဖွဲ့ချုပ်ဟာ လူထုက ရွေးချယ်တင်မြှောက်ခံထားရပေမည့် ရွေး ကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါ။ လူထု အတွက် ဒီမိုကရေစီ ကို မတည်ဆောက်ပေး၊ မဆောင်ကျဉ်းပေး နိုင်ခဲ့တဲ့ အပြင် နအဖ ရဲ့ အထုအထောင်း၊ အတိုက်အခိုက် တွေကိုသာ ခါးစည်းခံခဲ့ရတာပါ။ ဒါပေမည့်လည်း လူထုက သူတို့ ကိုယ်စား တိုက်ပွဲဝင်နေတယ်လို့ ယုံကြည်လက်ခံထားကြပြီး လူထုရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားတုံးပါ။
အဲဒါကိုမှ ဒီလောက် အရေးကြီးလှတဲ့အချိန်၊ နအဖ က သူ့ရဲ့ ထာဝရ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်ငန်းကြီးကို အပြီး သတ်တော့မည့် အချိန်မှာ၊ အဖွဲ့ချုပ်က နအဖ ဖိနှိပ်သမျှ လိုက်လျောပြီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အကျဉ်းကျ ပါတီဝင်များကို ပါတီက ထုတ်ပယ်၊ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကြီးကို လွှင့်ပစ်၊ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပ ဒေကို လေးစားလိုက်နာပါ့မယ်၊ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကတိကဝတ် တွေပြုပြီး ကော်မရှင်မှာ ပြန်မှတ်ပုံတင်၊ ရွေး ကောက်ပွဲ ဝင်ရင်ဖြင့် ပြည်သူလူထုက ဒီပါတီကို သူတို့ကိုယ်စားပြု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံမှာ မဟုတ် တော့ပါ။ လူထုကို သစ္စာဖောက်တဲ့ပါတီ၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ၊ စစ်တပ်အလိုကျ ရပ်တည်ရတဲ့ ပါတီအဖြစ် ပဲ သတ်မှတ်ပါလိမ့်မယ်။ စစ်တပ်အလိုကျ ရပ်တည်နေရတဲ့ နိုင်ငံရေးပါတီဟာ လူထုကို အကျိုးပြုနိုင်ဖို့ ဝေလာဝေး ဆိုတာ လူထုက ကောင်းကောင်း သိကြပါတယ်။ ဒီတော့ ငါတို့ ရွေးကောက်ပွဲဝင်ရင် အသေအချာ နိုင်မှာပဲ၊ လူထုက ထောက်ခံနေမှာပဲလို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။ “ငါတို့ ရွေးကောက်ပွဲ မဝင်ရင် လူထုမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့ဖူး၊ ဒါဆို နအဖ လူတွေပဲ နိုင်သွားလိမ့်မယ်၊ ဒါ ကြောင့် လူထု ရွေးချယ်စရာရှိနိုင်ဖို့ ငါတို့ ရွေးကောက်ပွဲဝင်ရမယ်” လို့ ဆင်ခြေပေးနေသူတွေလည်းရှိပါတယ်၊ လုံးဝ မမှန်ပါ။ လူထုကို လျှော့မတွက်သင့်သလို အထင်လည်းမသေးသင့်၊ အသုံးလည်းမချသင့်ပါ။ လူထုက သူတို့ မယုံကြည်သူကို မဲပေး မှာမဟုတ်ပါ။ သူတို့ယုံကြည်ခဲ့သူက မှားတဲ့ဖက်ရောက်သွားရင |