|
ပြုံးတော်မူ
(၂၀)
|
|
“မလိုက်ဖက်တဲ့ နာမည်များ”
|
|
နေပြည်တော်ကို လာလည်ဟန်တူတဲ့ လူတယောက်နဲ့ အိမ်ရှင်ဖြစ်ဟန်တူတဲ့ လူတယောက် စကားပြောနေကြ တာကို ကြားခဲ့ ရပါတယ်။ ဧည့်သည် ။ ။ “အလဲ့၊ မင်းတို့နေပြည်တော်က ရပ်ကွက်နာမည်တွေကို မှည့်ထားတာ အပျံစားပါလား၊ ဘောဂ သိဒ္ဓိ ... တဲ့၊ ပညာသိဒ္ဓိ ... တဲ့၊ ဒါနဲ့ ပီယသိဒ္ဓိ ဆိုတဲ့ ရပ်ကွက်လေးများကော မရှိဘူးလားကွ”  ပြည်သူတို့ ပီယသိဒ္ဓိ ကင်းမဲ့ခြင်းခံရသူကြီး ဦးသန်းရွှေ အိမ်ရှင် ။ ။ “ဟ ... ဒီမြို့မှာ ဘယ်လို ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ လူတွေနေလို့ ပီယသိဒ္ဓိ ရပ်ကွက်ရယ်လို့ ရှိရ မှာလဲကွ” အိမ်ရှင်က အဲဒီလိုပြောတော့ ဧည့်သည်လုပ်တဲ့သူ ပြန်ပြောလိုက်တာက ... “အဲလိုမျိုး မလိုက်ဖက်လို့ မပေးကြေးဆိုရင်တော့ ပညာသိဒ္ဓိ ဆိုတဲ့ နာမည်ကိုပါ ပြန်ဖျက်လိုက်တော့ဟေ့” တဲ့ ခင်ဗျာ။ စာကြွင်း။ ။(တိုင်းပြည်ကို မွဲဆေးတိုက်ကျွေးကာ သံဃာ သတ်သည့်အတွက် ဦးသန်းရွှေ ၏ ပညာညဏ် အသိတရားကို ပညာသိဒ္ဓိ ဆိုသည့် အမည်နှင့် လိုက်ဖက်သည်- မလိုက်ဖက်သည်ကို စာဖတ်သူတို့ ချင့်ချိန် စဉ်းစား ကြပါကုန်)
|
|
|
ကြပ်ပြေး ကြမ်းပိုး -၂၅။၃။၂၀၁၀
|
|
|
|
ပြုံးတော်မူ
(၁၉)
|
|
“ကျောက်မျက်လုံး”
|
|

တစ်ခါက အိမ်တအိမ်တွင် မျက်စိ တဘက်မကောင်းသဖြင့် ကျောက်မျက်လုံး တပ်ထားရသည့် အဘိုးကြီးတယောက်နှင့် သား ဖြစ်သူ အရက်သမားတို့  အတူနေကြသတဲ့။ တညမှာတော့ အဘိုးကြီးဟာ သူ့ ကျောက်မျက်လုံးကို ဖန်ခွက်ထဲမှာ ရေနဲ့ စိမ်ပြီးတော့ အိပ်ယာဝင်သွားတယ်။ အဲ့  ဒါနဲ့  သားအရက်သမား အပြင်က နေ မူးမူးနဲ့  ပြန်လာတော့ ကျောက်မျက်လုံး စိမ်ထားတဲ့ ရေခွက်ကို သောက်မိသွားပြီး အိပ်ယာ ၀င်သွားတယ်။ မနက်မိုးလင်းတော့ အရက်သမားက စအိုဝမှာ တစုံတရာ ခံစားရတာကြောင့် လိပ်ခေါင်း ရောဂါ ရတယ်ထင်ပြီး အထူးကု ဆရာ ၀န်ဆီ သွားပြတယ်။ ဆရာဝန်က လူနာရဲ့  ဖင်ကို ဓာတ်မီးနဲ့  ထိုးကြည့်တော့ ရုတ်တရက် လန့် ဖျပ်ပြီး မေ့ မြောသွားတယ်။ အရက်သမားက ဆရာဝန်ကို လှုပ်နှိုး ပြီးတော့ သတိရလို့  မေးကြည့်တော့ ဆရာဝန်ဖြေပုံက `“ ငါ့ တသက်မှာ လူနာဖင်တော်တော်များများ ကြည့်ခဲ့ပါတယ်။ ငါ့ကို ပြန် ကြည့်တဲ့ ဖင် ဒီတခါပဲ တွေ့ ဖူးလို့ ပါ”
|
|
|
The Vioce Jokeမှ--၁။၃။၂၀၁၀
|
|
|
|
|
|
ပြုံးတော်မူ
(၁၈)
|
|
“သတ်ကွင်း”
|
|
အသက် ၈၇ နှစ်ရှိအမျိုးသမီးကြိး တဦးသည် မြို့ တမြို့ သို့  အလည်သွားနေရာမှ နေအိမ်သို့  ရုတ်တရက် ပြန်လာသည်။ နေအိမ်ခန်းအတွင်းတွင် ခင်ပွန်း ဖြစ်သူမှာ တယ်လီဖုန်း ဆက်ပြီး အကြောင်းကြားနေသည်ကို ကြားရသည်။ အသိမပေးပဲ သေ သေချာချာ ချောင်းနားထောင်ပြီး မှတ်သားထားသည်. ထို့ အပြင် အိပ်ခန်းအတွင်းတွင် ခင်ပွန်း ဖြစ်သူနှင့် အခြား အမျိုးသမီး လည်း အိပ်နေသည်ကို တွေ့ ရလေသည်။ ထို့ နေ့ ညပိုင်းတွင် အနီး အနားရှိ ဘော်ဒါဆောင်မှ ကျောင်းသား ကျောင်းသူများ နိုင်ငံရေးမှု ဖြင့် အဖမ်းခံရလေသည်။ နဂိုကမှ မယားငယ် ထားသဖြင့် ခင်ပွန်းကို ဒေါသထွက်နေသည့် အဖွားကြီးသည် ချွန်တွန်း လုပ်တတ်ပြီး စားပေါက်ဖန် သတင်း ပေးသည့် အတွက်ပိုမို မုန်းတီးစိတ်များ ဖြစ်လာကာ တကိုယ်လုံးတုန်ယင်နေလေသည်။ သူ့ယောက်ျား ဖုန်းဆက်သဖြင့် အဖမ်း ခံရသော မြေးအရွယ် ကျောင်းသားလေးများအတွက် အရမ်း ၀မ်းနဲ သနားမိ နေလေသည်။ နောက်နေ့ တွင် ခင်ပွန်း ဖြစ်သူအား ၀ရံတာသို့  ချော့ခေါ်သွားကာ ခင်ပွန်း ဖြစ်သူအား ၀ရန်တာမှ အောက်သို့  တွန်းချလိုက် သည်။ အမျိုးသမီးကြီးကို တရားခွင်၌ တရားသူကြီးက မေးသည်။  တရားသူကြီး။ အန်တီ ဘာဖြစ်လို့  လူသတ်မှု ကျူးလွန်တာလဲ။ အမျိုးသမီး။ ကျွန်မ လူသတ်တာ မဟုတ်ပါဘူး။ တရားသူကြီး။ အန်တီယောက်ျားကို ဘာဖြစ်လို့  ၀ရန်တာကနေ တွန်းချ လိုက်ရတာလဲ။ အမျိုးသမီး။ ဒင်းက အသက် ၉၂ နှစ်ရှိပြီ။ ဒါတောင် တခြား မိန်းမတယောက်ချစ်နိုင်သေးတော့ ဒင်း-ငှက်လိုပျံနိုင်မယ်ထင်လို့  ကျွန်မ အချစ်စမ်းလိုက် တာပါ။ တရားသူကြီး။ အန်တီမှာ အပြစ်ရှိသလား။ ထောက်လှမ်းရေးက အန်တီယောက်ျားဟာ သူတို့ အဖွဲ့ ကို အကျိုးပြုတဲ့ လူ ဖြစ်တဲ့ အတွက် အခုလို ဆုံးရှုံးသွားတော့ အထူး အပြစ်ရှိတယ်ပြောနေပါတယ်။ အမျိုးသမီး။ ရှင်တို့  သဘောပဲ၊ ဒင်းကို ငှက်လို ပျံ နိုင်မယ်လို့ ထင်ထားတာ။ တရားသူကြီး။ တခြား အန်တီ ဘာထပ်ပြောချင်လဲ။ အမျိုးသမီး။ ခုနပြောတဲ့ ထောက်လှမ်းရေး ဆိုသူတွေနဲ့ တရားသူကြီးမင်းကိုလည်း ၀ရန်တာဆီ ချော့ခေါ် သွားချင်တယ်။
|
|
|
ေ၈ျာ်နီချက်ကြီး --၃။၂။၂၀၁၀
|
|
|
|
|
|
ပြုံးတော်မူ
(၁၇)
|
|
“ကြိုင်ကြိုင်နဲ့ ယိုင်ယိုင်”
|
|

စားသောက်ဆိုင်တဆိုင်အတွင်း တီဗွီကလွှင့်နေတဲ့ ဦးသန်းရွှေ တိုင်းခန်းလှည့်လည်တဲ့ သတင်းကို ကြည့်ပြီး လူနှစ်ယောက် ဝေ ဖန်နေကြတယ်။ ပထမလူ ။ ။ ငါတော့ ဘိုးတော်ကြီးကို ကြည့်ပြီး ဇရာဆိုတာကို တော်တော်ဆင်ခြင်လာမိတယ်ကွာ။ သူ့ခမျာ အားသာ မနည်း တင်းထားနေရတယ်။ လူက ယိုင်တိုင်တိုင် ဖြစ်နေပြီ။ လမ်းလျှောက်တာတောင် အားမပါသလို ဖြစ်နေတယ်။ ဒုတိယလူ ။ ။ ဒါဆို ငါတို့ သူ့ကို နာမည်ပြောင်းပြီး ပေးလိုက်ကြရင် မကောင်းဘူးလား။ ‘ယိုင်ယိုင်’ ဆိုပြီးတော့ လေ။ သူ့မိန်းမ နာမည်နဲ့လည်း ကာရန်တူသွားတာပေါ့။ သူတို့ပြောနေတာတွေကို ကြားပြီးတော့ ကျနော့်မှာ မပြုံးဘဲမနေနိုင်ဘူး။ တော်တော်လည်း တတ်နိုင်ကြတဲ့ လူတွေ။ အဘိုးကြီး ကို နာမည်ပြောင်ပေးတာတောင်မှ ကာရန်လေးနဲ့။ မိန်းမနာမည်က ‘ကြိုင်ကြိုင်’ ဆိုတော့ ယောက်ျားနာမည်က ‘ယိုင်ယိုင်’ တဲ့ လေ။ လိုက်လည်းလိုက်ဖက်တာပေကိုး။
|
|
|
ကြပ်ပြေး-ကြမ်းပိုး --၂၁။၁။၂၀၁၀
|
|
|
|
|
|
ပြုံးတော်မူ
(၁၆)
|
|
“ငစွေ သွားပြီး ငကန်းပေါ်”
|
|

နအဖ စစ်အစိုးရ လက်ထက်တွင် ပြည်သူတွေမှာ စစ်ဝန်ထမ်း မှန်သမျှ ကြောက်နေကြရတဲ့ အချိန် ဖြစ်ပါတယ်။ စစ်အရာရှိတွေဟာ နယ်ဘက်တွေ ပါ ပူးတွဲပြီး စစ်တပ်ပုံစံ ပြည်သူတွေ အပေါ် အုပ်ချုပ်တာကြောင့် လူထုခမျာမှာ တုန်းအောက် က ဖားပမာ ပိပြား ဘ၀ ရောက်နေကြရပေါတယ်။ နယ်မြို့ကလေး တစ်မြို့ မှာ အုပ်ချုပ်ရေး အရာရှိ တစ်ယောက် နယ်ပြောင်းရ တော့မှာမိုလို့ သူ့မိဘတွေနဲ့  ရင်းနှီးတဲ့ မြို့ ခံ လူကြီးတွေကို လိုက်လံ နှုတ်ဆက်ပါသတဲ့။
“ မောင်ရင် ရွှေ့ ပြောင်းသွားရင် ဒို့မြို့တော့ ဒုက္ခရောက်ကြတော့မှာပဲ”
အရာရှိ-----`“ဘာလို့ ဒုက္ခရောက်ရမှာလဲ၊ ကျွန်တော့် နေရာမှာ ကျွန်တော့်ထက် တော်တဲ့ သူ ရောက်လာမှာပေါ့။”
“ရွှေ့ သွားတဲ့ အရာရှိတိုင်းက ဒီလိုပဲပြောကြတာပဲ။ ဒါပေမယ့် တကယ်ရာက်လာတော့ ရွှေ့ သွားကြတဲ့ သူတွေ နေရာကို ပိုညံ့ပြီး ပိုဆိုးတဲ့ သူတွေ ထပ်ရောက် လာကြတာပဲ။ ကြုံခဲ့ ရဖူးပေါင်း များပြီလေ။”
|
|
|
ေ၈ျာ်နီချက်ကြီး--၁၃။၁။၂၀၁၀
|
|
|
|
|
|
ပြုံးတော်မူ
(၁၅)
|
|
“ကြောင်၊ခွေး၊နွားတို့  နာမည်တူသွားခြင်း
အကြောင်း”
|
|

လယ်သမားကြီး တဦးတွင် ခွေး
တစ်ကောင်၊ကြောင်တကောင်နှင့် ခိုင်းနွားများ ရှိသည်။
တနေ့ တွင် ခွေး၊ကြောင်နှင့် နွား
တို့ လယ်ကွင်း တွင် အတူရှိနေစဉ် ယုန်တကောင် ရောက်လာပြီး
ထွေရာလေးပါး ပြောဆို မိတ်ဆက်ပြီး အမည်များကို ယုန်က မေးလေရာ
ခွေး--
ကျနော့နာမည် ခွေးပါ။
ကြောင်-- ကျနော့ နာမည်က ကြောင်။
နွား--- ကျုပ်နာမည်က နွား ပါ။
ယုန်--- ဟာ ဒါဆို ခင်ဗျားတို့ က
နာမည်တူနေပါလား။
ထိုအခါ ကြောင်၊ခွေး၊နွားတို့ က
ဘယ်လိုလုပ် တူ၇မလဲဗျာ။
တခြားစီတွေ ဥစ္စာ--
ယုန်--- ခင်ဗျားတို့ နာမည်
အတူတူဖြစ်ကြောင်း ကျုပ်က အခိုင်အမာ သက်သေ ပြနိုင်ပါတယ်။
ကြောင်၊ခွေး၊နွားတို
့က---ကျုပ်တို့ နာမည် ၃ ခု တူနေကြာင်း ဘယ်သူက ပြောမှာလဲ။
ယုန်---ခင်ဗျားတို့ သခင်တွေ
နှုတ်က ထွက်ဆိုပြောပြမှာပါ။ ဒါဆိုရင် ယုံမလား။

ထိုအခါ ကြောင်၊ခွေး၊နွားတို့ က
စိန်လိုက်လေ--
ထိုစဉ် စစ်သားတစု
ခပ်လှမ်းလှမ်းမှ သွားလာနေသည်ကို လယ်သမားများကြည့်ပြီး
စတင်ဝေဖန်ပြောဆို နေကြလေသည်ကို
ကြောင်၊ခွေး၊နွား၊ ယုန်တို့က
နားထောင်နေကြစဉ်
ပထမ လယ်သမား။ ။--ဟိုမှာ
ခွေးမျိုးတွေ ရွာကို သွားပြီး မိုက်ကြေးခွဲတော့မယ်ထင်တယ်။
ဒုတိယ လယ်သမား။ ။ လူလို
နားမလည်၊စာနာမှုမဲ့ တဲ့ နွားတွေ။ လက်နက်ပြပြီး မတန်ဈေးနဲ့
စပါးကြိုပေး ၀ယ်ကြမှာ ရှိမှာပေါ့။
တတိယ လယ်သမား။ ။
ပြောပြန်ရင်လဲ နားမလည်ချင်ယောင် ဆောင်ပြီး ကြောင် တောင်တောင်
လုပ်နေတဲ့ “ငကြောင်တွေ”
ထိုအခါ ကြောင်၊ခွေး၊နွားတို
့မှတ်ချက်ကတော့ ---
`“
အော်--ငါတို့  နာမည်က သူတို့ ဆီ ရောက်မှ
အတူတူ ဖြစ်သွားပါရောလား--ဟေ- ဟေ---- ဟေ----”
|
|
|
စံပေလုံး
|
|
|
|
|
|
ပြုံးတော်မူ
(၁၅)
|
|
“အတိုင်နဲ့
အဖောက်”
|
|
စစ်တပ်မှ စစ်အရာရှိကြီး
တစ်ယောက်သည် ပြောမနာ ဆိုမနာ ပင်စင်စား သူငယ်ချင်း တစ်ယောက်ကိုခေါ်ကာ
နောက်ပါ လုံခြုံ ရေး များ ခြံရံလျှက် မီးတောင် တခုသို့
သွားရောက်လေ့လာလေသည်။
မီးတောင်တွင် အခိုး တလူလူ ထပြီး
ပွက်လာသော ချော်ရည်၊ရွှံ့ ရည်များကို ကြည့်ကာ စစ်အရာရှိကြီးက--
`“ဟာ-- ငရဲ ပြည်အတိုင်းပါလား”
ပင်စင်စား ငယ်သူငယ်ချင်း က
သံယောင်လိုက်ကာ-မှတ်ချက်ချလိုက်သံကြောင့် ပြုံးရ ဒေါသ ထွက်ရ
မလိုဖြစ်သွားပါသတဲ့။
သူ့ မှတ်ချက်ကတော့ ---
`“
အော်--မောင်ရင်စစ်ဗိုလ်ချုပ်တွေက နေရာတိုင်း ရောက်ဖူးကြတာပဲနော်”
|
|
|
ရွာလယ်က--အာကျယ်
|
|
|
|
|
|
ပြုံးတော်မူ
(၁၄)
|
|
“တက်ချင်ရင် တက်လေ”
|
|

လူငယ်တို့ သဘာဝ
လှပချေမာသောမိန်းကလေးကို မြင်လျှင် ဝေဖန်ကြ ငေးကြည့်ကြမည်မှာသဘာဝ
ပင်ဖြစ်သည်မဟုတ်ကြ
ပါလော။
ယခုလည်းလူငယ် ၂ ဦး
မိန်းမချောလေးကို ကြည့်ပြီး ဝေဖန်နေကြလေသည်။
ပထမ လူငယ်---`“ဟိုကလာနေတဲ့ နာ့စ်
မလေးက အတော်မချောဘူးလား၊ လှလိုက်တာကွာ”
ဒုတိယ လူငယ်--“ အေးဟ။
မွန်ရိုးနဲ့ ခပ်ဆင်ဆင်ပဲ။ မြန်မာမင်းသမီးတွေ ထဲကလိုဆိုရင်-မိုဟေကို-သဇင်-
သက်မွန်မြင့်-တို့  ဒီဇိုင့်းလိုလို ပဲကွ-”
ပထမ လူငယ်---`“ သူရှိတဲ့ဆေးရုံ
ကိုသွားပြီး တစ်လလောက် တက်နေ လိုက်ချင်တယ်”
ဒုတိယလူငယ်---`“ သူရှိတဲ့
ဆေရုံမှာ မင်းတက်ဖို့ မလွယ်ဖူးထင်တယ်။ရှယ်ဆေးရုံဟ-ဟိုလူကြီးတွေ
တက်နေသတဲ့-”
ပထမ လူငယ်---`“
ဘယ်လိုဆေးရုံမျိုး ဖြစ်ပြီး ဘယ်သူတွေများ တက်နေကြတဲ့
ဆေးရုံလဲဟင်--”
ဒုတိယလူငယ်----“ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နဲ့ အဖွဲ့ တက်ပြီး
ကုနေကြတဲ့ စိတ္တဇ အထူးကုဆေးရုံ”
အာပြဲမောင်
|
|
|
|
|
|
|
|
|
ပြုံးတော်မူ
(၁၃)
|
|
“တစ်မီးလိုသေးတယ်..”
|
|
ဗေဒင်လို့ ဆိုလိုက်တာနဲ့ ယတြာကိုပါ
တွဲပြီးမြင်တတ်ကြလိမ့်မယ် ထင်ပါရဲ့ ။ ကျနော်ငယ်ငယ်လေးထဲက ဗေဒင်၊
ယတြာ တို့ဆိုတာ ရင်းနှီးကျွမ်းဝင်လှတဲ့ စကားတွေပါ။ ကျနော်တို့အိမ်၊
ပတ်ဝန်းကျင်၊ မြို့ နယ်..စသဖြင့် ပြန့်နှံ့ရှင်သန်နေတာ ယနေ့
ထိပါပဲ။ ။

အောက်ဆုံး ဆင်းရဲသားကစလို့ ဟိုးထိပ်ဆုံး
အကြီးအကဲတွေထိ ဗေဒင်၊ယတြာကို ကင်းကြမယ်လို့ မထင်ပါဘူး။
(ချွင်းချက်တော့ရှိမှာပေါ့) စီးပွားရေးအဆင်မပြေရင်၊
ကျန်းမာရေးမကောင်းရင်၊ နိုင်ငံရေးမတည်ငြိမ်ရင်၊ ရာထူးတိုးချင်ရင်..
စသဖြင့် ဗေဒင်မေးကာ ယတြာချေပြီး ၊ အဆိုးတွေကို ပယ်ပျောက်အောင်
၊လိုချင်တာတွေမရ၊ ရအောင်၊လိုင်အင်ဆန္ဒတွေပြည့် အောင်
လုပ်တတ်ကြပါတယ်.. ယတြာဆိုတာကလည်း တိကျမှ
အကျိုးပေးထူးတာလေ…တစ်ခုခုများလွဲချော်ခဲ့ရင်တော့ ပြောင်း
ပြန်အကျိုးပေးတတ်တယ်မဟုတ်ပါလား…
ဒီလိုနဲ့ တစ်နေ့
တိုင်းပြည်ကချွတ်ခြုံကျ၊ နိုင်ငံရေးက မတည်ငြိမ်လို့
တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အကြီးအကဲတို့ မိသားစု ခမျာ
တိုးတိုးတိတ်တိတ် ဗေဒင်မေးပြီး၊ ၁၁ မီးငြိမ်းအောင်ဆိုလား
ယတြာချေဖို့ လုပ်နေလေရဲ့ ။ မြန်မာပြည်တွင်း ရှာမရလို့ ကောင်းကင်ကနေ
ပင့်ခေါ်ထားတဲ့ ဆရာတစ်ဆူ ဘဘိုးတော်ဆရာအီးတီတဲ့။
ခုတော့ ဘဘိုးတော် ဆရာအီးတီနဲ့
မိသားစုဝင်တွေတော့ ရောက်နေကြပါပြီ။ မိသားစုဝင်ဆိုလို့ “စိန်စီသောည”
နဲ့နာမည် ကြီး ခဲ့တဲ့ စိန်ဝက်မ တစ်ယောက်သာ သူ့အမျိုးသားနဲ့
လိုက်ပါသွားသောကြောင့် လိုနေလျက်ရှိပါတယ်.. ကျန်သောသူတွေကတော့
အားလုံးစုံစုံလင်လင်….
စမယ့်အချိန်က ၁၁ နာရီ၊ ၁၁မိနစ်၊၁၁
စက္ကန့်။ မစခင် ဘဘိုးတော်ဆရာအီးတီက -“ ၁၁ မီးငြိမ်းအောင်
လက်ဖွဲ့ဆောင်၊ ယတြာကောင်းမှ အာဏာမြဲကြ။” ဟု ဆိုသဖြင့်
ဗိုလ်ချုပ်မှူးကြီးကတော်မှာ ၀မ်းသာလွန်းလို့ ပီတိတွေလျံတက်နေလေရဲ့
့… ဗိုလ်ချုပ်မှူးကြီးကတော့ ရောက်မလာသေး… အချိန်က
နီးနေပြီဖြစ်သောကြောင့် နီးရာလူကို အမြန်သွားခေါ်ခိုင်းမှ အူတူတူ
အိပ်ချင်မူးတူးနဲ့ ပါလာရှာတယ်… ညက မြန်မာနေရှင်နယ်လိဂ်ဘောပွဲ
ကြည့်ကောင်းနေလို့တဲ့! အချိန်က ၁၁ နာရီ ၊ ရေ၊မီး၊ ဖယောင်းတိုင်၊
အမွှေးတိုင် …စသဖြင့် အားလုံးပူးဇော်ထွန်းညှိရန် အဆင်သင့် !
ဘိုးတော်ဆရာအီးတီနဲ့
ဒေါ်ကြိုင်ကြိုင်ကတော့ အလုပ်တွေ ရှုပ်နေလေရဲ့ …
ဗိုလ်ချုပ်မှူးကြီးကတော့ ထိုင်ခုံမှာ ငိုက်စဲ။
ဘိုးတော်အီးတီက
ဒေါ်ကြိုင်ကြိုင်ရေးပေးထားသော ၎င်းတို့မိသားစုကို
အပူမီးလောင်မြိုက်စေတဲ့ ၁၁ မီးစာရွက်ကို ယူကြည့်လိုက်ရာ ၁၀
မီးပဲရေးထားတာတွေ့သောကြောင့် တစ်မီးလိုနေပါလားလို့
လှမ်းမေးလိုက်ရာ…

ရုတ်တရက်ဗိုလ်ချုပ်မှူးကြီးမှာ- “
သမီးလိုရင်လဲ ဒီနေ့အမြန် ပြန်ခေါ်ထားလိုက်မယ် ဘဘိုးတော်ဆရာအီးတီ ”ဟု
ဆိုသဖြင့် ကျန်မိသားစုများမှာ ၀ါးကနဲ ရယ်လိုက်ကြသဖြင့် ကျိတ်ဝိုင်း
ယတြာချေပွဲဟာ ပျက်ပြယ်သွားခဲ့ရပါတော့တယ်….
ဒါကြောင့် အကျိုးဆက်ကိုတော့ မကြာခင်
ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားတော်မူကြပါကုန်!
အားလုံးပြုံးပျော်နိုင်ကြပါစေ…
|
|
|
ပေးပို့သူ --ရဲနိုင်ဝင်း(ရွှေကျွှန်း)
၃၀။၉။၀၉
|
|
|
|
|
|
ပြုံးတော်မူ
(၁၃)
|
|
“ကိုယ်ဝန်တားဆေး”
|
|

တောပိုင်းမှ မြို့သို့ အလုပ်လုပ်ရန် ရောက်လာသော လူငယ်တဦးသည်
ဈေးအနီးတွင် ရပ်သော လူတစ်ဦးအား မေးသည်။
လူငယ်-- `“ဆရာ-
ဟိုဆိုင်းဘုတ်က ဘာတွေရေးထားတာလဲ”
`အမေးခံရသူ--“ကိုယ်ဝန်တားဆေး
ကြော်ငြာဆိုင်းဘုတ်ပေါ့ကွ၊ တနေ့ တလုံးသောက်သွားရင် အဲဒီမိန်းမဟာ
ကိုယ်ဝန် မရနိုင်ဘူးတဲ့”
ထိုတောမှလာသူ လူငယ်သည်
သဘောကျပြီး အလုပ်ရှင်ထံမှ အပြင်ထွက်ခွင့်ရတုန်း ဆေးဝယ်ရန်
ပြင်လေသည်။ထိုစဉ်
ယခင်က မေးမြန်းဖူးသူအား ဆေဒဆိုင်ရှေ့ တွင် ပြန်ဆုံလေသည်။
အမေးခံရသူ--`“ခင်ဗျား အဲဒီဆေး
ဘာလုပ်မလို့တုန်း”
လူငယ်--“ ခင်ဗျားပြောတော့
ဒီဆေးကျွေးရင် ကိုယ်ဝန် မရှိနိုင်ဘူးဆိုရင် ကျွန်တော့ မိန်းမ
ကိုယ်ဝန် မရှိအောင် ကျွေးဖို့လေ”
အမေးခံရသူ--`“ ဒါဆိုရင်တော့
မင်းစစ်တပ်ထဲ ၀င်မလား ။အဖမ်းခံပြီး ထောင်အကျ ခံမလား”
လူငယ်--`“ ဗျာ ခင်ဗျားက
ဘာတုန်း။ကျွန်တော်က ဘာဖြစ်လို့ အဖမ်းခံရမှာတုန်း”
အမေးခံရသူ--`“ငါက
စစ်သားစုဆောင်းရေးတပ်က။ မင်းမိန်းမ ကလေးမွေးခဲ့ရင် စပ်ထဲဝင်မယ့်ကောင်လေး ဖြစ်နိုင်တယ်။ အခုဝယ်တဲ့ကျွေးတဲ့ဆေးဟာ အဲဒီကလေးကို
မမွေးအောင်တားဆီးရာရောက်နေတယ်။ အဲဒါကို မင်းက တားဆီးမယ်မှာဖြစ်တဲ့
အတွက် အဲဒီကလေးကိုယ်စား မင်း ကိုယ်တိုင်စစ်တပ်ထဲဝင်ရမယ်။ မ၀င်ရင်
တပ်မတော်ကို အင်အား ချိနဲ့အောင်လုပ်ဆောင်မှု နဲ့ ထောင်ချမယ်”
|
|
|
ပေးပို့သူ --ကိုကိုပွေလီ
၂၀။၉။၀၉
|
|
|
|
|
|
ပြုံးတော်မူ
(၁၂)
|
|
“ပြည်သူတွေအရမ်းပျော်မှာ”
|
|

မြန်မာပြည်ရဲ့  မြို့ တော် ရန်ကုန်မြို့ မှ နေပြည်တော်မြို
့သစ်ဆီသို့ ပျံသန်းနေသော အထူးစစ်လေယာဉ်
ပေါ်ဝယ် နအဖ စစ်ခေါင်းဆောင်များ ဖြစ်ကြသော ဥက္ကဌ၊ ဒု-ဥက္ကဌ၊
ဝန်ကြီးချုပ်နှင့် အတွင်းရေးမှူးတို့ လိုက်ပါလာရာ ရုတ်တရက် ...
ဥက္ကဌ(ဗိုလ်ချုပ်မှူးကြီး)မှ-ခုနေ
ဒေါ်လာတစ်ရာတန်တစ်ရွက် ပစ်ချလိုက်ရင် ကောက်ရတဲ့သူ တစ်ယောက်တော့
ပျော်မှာ..
ဒု-ဥက္ကဌမှ -
ကျနော်ဆို ၅၀ -တန် နှစ်ရွက်ပစ်ချမယ်... ဒါဆိုကောက်တဲ့သူ
နှစ်ယောက်တောင် ပျော် ကြမှာ...
ဝန်ကြီးချုပ်--- ကလည်း
ကျနော်သာဆိုရင် ၂၀ -တန် ၅-ရွက်ပစ်ချမယ်.
ကောက်ရတဲ့သူ ၅-ယောက် ပျော်အောင်လို့...
အတွင်းရေးမှူး ကလည်း မနေသာ -
ကျနော်သာဆို ၁၀ တန် ၁၀-ရွက်ပစ်ချမယ်လေ.. ဒါမှ
၁၀-ယောက်တောင်ပျော် ကြမှာ...
နောက်ဆုံးလေယဉ်မှူးကြီး
အလှည့်ရောက်လေရာ..ခုနေများ ဗိုလ်ချုပ်မှူးကြီးတို့
(၄)ယောက်သာ ခုန်ချလိုက်ရင်ပြည်သူ တွေ အရမ်းပျော်မှာဟူသတည်း။
|
|
|
ပေးပို့သူ --ရဲနိုင်ဝင်း(ရွှေကျွှန်း)
၎။၉။၀၉
|
|
|
|
|
|
ပြုံးတော်မူ
(၁၁)
|
|
“သဘာဝ
ကျတဲ့ ပန်းချီကား”
|
|

တစ်ခါက
စပ်စုတတ်၍ အမေးအမြန်းအလွန်ထူသော အမျိုးသမီးကြီး တစ်ယောက်သည်
ပန်းချီ ဆရာအိမ်သို့ သွားလည်ရင်း နံရံတွင် ချိတ်ထားသော
ပန်းချီကားများကိုလိုက်ကြည့်နေလေသည်။ တနေရာတွင် ဘာပုံမှ ရေးဆွဲ
မထားသော အလွတ် ပန်ချီ ကားနေရာတွင် မြန်မာနိုင်ငံရဲ့ 
ချမ်းသာကြွယ်ဝမှု သယံဇာတ ပေါများပုံ စာတမ်းရေးထားလေသည်။
ထို့နောက် ပန်းချီဆွဲရန် ပြင်နေသော ပန်းချီဆရာ အနီးသို့ သွားကာ
xx ဆရာ
ဘာပုံတွေ ဆွဲနေတာလဲ။
--
မြန်မာနိုင်ငံရဲ့  ချမ်းသာ ကြွယ်ဝမှု သယံဇာတ ပေါများပုံတွေ
ဆွဲနေတာလေ။
xx
ဘာပုံမှ မမြင်ရပါလား။
--သေသေချာချာ ကြည့်ပါဗျ။ အလွန်လှပြီး အလွန်အဓိပ္ပါယ်ပြည့်ဝတဲ့
ပန်းချီကားကို ထင်ထင်ရှားရှားကြီး မြင်ရပါတယ်။
xx
အဖြူရောင်ပိတ်ကားကြီးပါ။ တကယ် ဘာမှ မမြင်ရတာပါရှင်။
--ဘယ်မြင်ရပါ့မလဲ ၊အဖြူရောင်ဖြစ်နေမှာပေါ့။ ဘဏ္ဍာတွေ၊သယံဇာတတွေက
စစ်ဗိုလ်တွေ၊၀န်ထမ်းဆိုးတွေ ခိုးလို့ ကုန်ပြီလေ။ တိုင်းပြည်လဲ
ဖြူပြာ ကျနေပြီ။

သမိန်စစ်မုန်း
၂၆။သြဂုတ် ၂၀၀၉
|
|
|
|
|
|
|
ပြုံးတော်မူ
(၁၀)
|
|
“သူတွေးမိတာက ဒီလို”
|
|
စစ်ထွက်တစ်ယောက်သည် သူ့မွေးရပ်ရွာတွင် ပြန်အခြေချပြီးနောက် ကျေးရွာလူကြီးအဖြစ် နအဖ စစ်အစိုးရ ဗိုလ်များနှင့် ရင်း နှီး နေသဖြင့်
ရွာလူကြီး အဖြစ် အုပ်ချုပ်ခွင့်ရလေသည်။
မထို့နောက် စစ်တပ်အတွက်
လိုအပ်သော ရိက္ခာ။ နှင့် ဆစစ်တပ်အတွက် ခိုင်းစေရန် ပေဓတာ
လူရှာပေးခြင်းစသည်များကို ရှာဖွေ ပေးရလေတော့သည်။
ရွာလူများမှာ ကြပ်တည်းသော
စီးပွါးရေးကြောင့် တဖြည်းဖြေည်း ပေါ်တာရှောင်ခြင်း၊ ရိက္ခာ
ပေးကမ်းနိုင်ခြင်း မရှိတော့သည့် အခါ အာဏာပြကာ ရွာလူထုအား
လက်စွမ်းနှိပ်စက် အုပ်ချုပ် ဆက်ဆံလေတော့သည်။ရွာလူထုမှာ
သူ့ကွယ်ရာတွင် စစ်တပ်ကို အလွန်ကြောက်သည့် သူကြီး အုပ်ချုပ်နေသဖြင့်
ရွာလူထု နစ်နာ ထိခိုက် ရကြောင်းဝေဖန်ေ ပြာကြ လေသည်။
တနေ့တွင် ရွာလူထုအား လူစုစေပြီး
သူကြီး-- -ငါ့ကို
သတ္တိနည်းတယ်၊သွေးကြောင်တယ်လို့ မပြောကြစမ်းပါနဲ့။ ငါ တပ်မတော်မှာ
နေခဲ့တုန်းက ငါ့ရှေ့မှာ တဒိန်ဒိန်းနဲ့ နေတာတောင် ခြေလှမ်းမပျက်
ရင်ကိုကော့ပြီး ချီတက်တဲ့ကောင်ကွ။ ငါ့ကို ဘယ်လို လူမျိုး
ထင်နကြတုန်း။
ရွာသား
တစ်ဦး-- “သြော်--ခင်ဗျားက စစ်တီးဝိုင်းမှာ ဘင်တီးခဲ့ရတာကိုး”

အောင်မောင်းသစ်(၁၂-သြဂုတ် -၀၉)
|
|
|
|
|
|
|
|
|
ပြုံးတော်မူ
(၉)
|
|
“အလုပ် မပြုတ်တဲ့ နေရာ”
|
|
ပြည်ပ နိုင်ငံတခုတွင် သွားရောက်
အလုပ် လုပ်ကိုင်နေသော မြန်မာ နိုင်ငံသားတစ်ဦး အလုပ်အကိုင် ရှာဖွေ
နေရာချထားရေး
အေဂျင်စီ တစ်ခုတွင် အလုပ်အကိုင်
ရရှိရေးအတွက် သွားရောက် စကားပြောခြင်းဖြစ်သည်။ အရာရှိက
အလုပ်လာလျှောက်သူ
လူရွယ်ကို ----
`“ကဲ
--မင်းမှာရှိတဲ့အရည်အချင်းကောင်းတွေ ပြောပါဦး။”
လူရွယ်----ကျွန်တော်အလုပ်ထုတ်ခံရတာ ၁၅ ခါ ရှိပါပြီ။
အ၇ာရှိ----ဟာ ၊ဒါဖြင့် မင်းမှာ
ဘာကောင်းတာရှိလဲ။
လူရွယ်-----အဲဒီ ၁၅ ခါ စလုံး
ကျွန်တော်အလုပ်ကြိုးစားလုပ်ရက်နဲ့ စီးရေးကပ်ကြောင့်လူဦးရေ
လျှော့တယ်ဆိုပြီး သူတို့က အလုပ်ထုတ်ခဲ့တာပါ။
အရာရှိ--- သြော် ဖြစ်မှ ဖြစ်ရလေ။
မင်းတို့ မြန်မာ နိုင်ငံမှာ ခိုင်းတာကို ကောင်းကောင်းလုပ်နေသမျှ
အလုပ်မဖြုတ်တဲ့နေရာရှိတယ်။ မင်းလိုလူကောင်း
ကြိုးစားတဲ့သူ မြန်မာ
နိုင်ငံမှာ အဲဒီအလုပ်သွားလျှောက်သင့်တယ်။
လူရွယ်-- အဲဒီအလုပ်ပေးတဲ့ နေရာ
ကျွန်တော် ဘယ်နေရာမှန်း မသိခဲ့ပါဘူးခင်ဗျာ။
အရာရှိ--- “နအဖ စစ်တပ်လေကွာ။
အရူးတွေတောင်လက်ခံနေသတဲ့။ ”

စံပေလုံး(၂၇။၇။၀၉)
|
|
|
|
|
|
|
|
|
ပြုံးတော်မူ
(၈)
|
|
“သတင်းပြိုင်ပွဲ”
|
|

---ရုရှားသိပ္ပံ
ပညာရှင်များ မြောအောက်တူးဖော်မှု ပြုလုပ်ရာ မြေအောက်ပေ ၁၀၀ အနက်
အရောက်တွင် နှစ် (၁၀၀၀) သက်တမ်းရှိ တယ်လီဖုန်းကြိုးများကို
တွေ့ရသည်။နောက်တစ်ရက်တွင် ရုရှားသတင်းစာများက ဤသို့ ဖော်ပြကြ၏။
`“ရုရှား
ဘိုးဘေး ဘီဘင်များ လွန်ခဲ့သော နှစ် ၁၀၀၀ ကပင် တယ်လီဖုန်း
သုံးစွဲခဲ့”
--နောက် ၁၀
ရက်အကြာတွင် အမေရိကန် သိပ္ပံပညာရှင်များကလည်း မြောအောက် တူးဖော်မှု
တစ်ရပ်ပြူလုပ်ခဲ့ကြသည်။ မြေအောက်ေ ပ ၂၀၀ အရောက်တွင် နှစ် ၂၀၀၀
သက်တမ်းရှိ ဖိုင်ဘာအော့ပ်တစ်ကြိုး များကိုတွေ့ရသည်။
နောက်တစ်ရက်တွင် အမေရိကန် သတင်းစာများကဤသို့ ဖော်ပြကြသည်။
“အမေရိကန်
ဘိုးဘေးဘီဘင်များ လွန်ခဲ့သောနျစ် ၂၀၀၀ ကပင် ဒီဂျစ်တယ်
တယ်လီဖုန်းများ အသုံးပြုခဲ့ကြောင်းတွေ့ ရှိ”
--နောက်
၇-ရက်အကြာတွင် တရုတ်သိပ္ပံပညာရျင်များ မြေအောက်တူးဖော်သည်။
မြေအောက်ပေ ၅၀၀ အနက်အရောက် အထိ မည်သည့် ပစ္စည်းမှ မတွေရရှိကြ။
နောက်တရက်တွင် တရုတ်သတင်းစာများက ဤသို့ဖော်ပြကြ၏။
`“တရုတ်
ဘိုးဘေးဘီဘင်များသည် လွန်ခဲ့သော နှစ် ၅၀၀၀ ကပင်၊
ဖုန်းကြိုးများ အခိုးခံရမည် စိုး၍ မိုဘိုင်းဖုန်းများ
သုံးစွဲခဲ့”
မြန်မာ
စစ်ခေါင်းဆောင်များက အထက်ပါ ထုတ်ပြန်ချက်များကို ထောက်ရှူ ဆင်ခြင်၍
သမိုင်း အထောက်အထား နောက်ကျ မကျန်ခဲ့စေခြင်း အကျိုးငှာ
အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာ ခဲ့သည်။
“
မြန်မာ ဘိုးဘေး ဘီဘင်များသည် ရှေးနှစ်ပါင်း ၅၀၀၀ မတိုင်မီ
ခေတ်ဦးမဆွကကပင်အမေရိကန်၊အင်္ဂလန်နှင့်အပြင်ပ နိုင်ငံ များ၏
ခေတ်မှ ပစ္စည်းများသုံး၍ နိုင်ငံရေးအရ ၀င်ရောက် နှောက်ယှက်
ဗိုလ်ကျမည် စိုးရိမ်၍
စက်ပစ္စည်းများမသုံးဘဲ ၄င်းတို့
အစား၊၀ိဇ္ဇာ
ပညာရပ် စိတ်ပိုင်းဆိုင်ရာ အဆင့်မြင့် ဘာသာရေး
သမထ ကျင့်စဉ်များသုံးကာ တယ်လီပသီနည်းဖြင့် တဦးနှင့် တဦး
ဆက်သွယ်ခဲ့ကြ”
The Voice 5/ 36 မှ ရယ်ဖွယ်ကို
ဆီလျှော်အာင်ဖြည့်စွက်ထားပါသည်။
ဂျော်နီ
ချက်ကြီး(၁၅။၇။၀၉) |
|
|
|
|
|
|
|
|
ပြုံးတော်မူ
(၇)
|
|
“ကျွန်နော်သိတဲ့ သူ့ အကြောင်း”
|
|
မြန်မာနိုင်ငံမှာ ၁၀ တန်းအောင်စာရင်းတွေ ထွက်ပြီး
ရက်ပိုင်းအကြာမှာပဲ မြန်မာစစ်အစိုးရ သတင်းစာတွေမှာ နအဖစစ်တပ် အတွက်
တပ်မတော် ဆေးတက္ကသိုလ်၊ စစ်အင်ဂျင်နီယာ၊နဲ့ အခြားသော
ဗိုလ်သင်တန်းများ၊ ထူးရှယ် စစ်သင်တန်း များ အတွက်
လျှောက်လွှာခေါ်တာတွေ တွေ့ မြင်လာ ရပြန်ပါပြီ။
ပြင်ပတက္ကသိုလ်တွေမှာ ပညာသင်ရတာ ကန့်သတ်ချက်များခြင်း၊
တခုခုဖြစ်လိုက်တာနဲ့  ကျောင်းပိတ်ခြင်း၊ အဘက်ဘက်မှ
မပြည့်စုံခြင်းတို့ကြောင့် အချို့ သူတွေမှာ တပ်မတော်က ဖွင့်တဲ့
စစ်တက္ကသိုလ်တွေနဲ့ ထူးရှယ်စစ်သင်တန်းကျောင်းတွေမှာ
ဝင်လျှောက်ကြပါတယ်။
ဒါပေမယ့် စစ်တပ်ကတော့ သူတို့ လုံခြုံရေးအတွက် ရှေ့ ရှုပြီး
ရွေးချယ်ခံရသူ ၉၅ ရာနှုံးလောက်ဟာ သူတို့ကို ကာကွယ်ပေး မယ့် စစ်သား၊
စစ်ဗိုလ်တွေရဲ့  မျိုးဆက်တွေကိုသာရွေးချယ်ခဲ့တာ များပါတယ်။တချို
့စစ်ဗိုလ်ချုပ်ကြီးတွေကတော့ သူတို့ ခိုင်းတာရမယ့်
ဆွေမျိုးနီးစပ်တွေကို ထောက်ခံချက် ပေးပြီး စစ်ဗိုလ်လောင်း
ဖြစ်ခဲ့တာတွေလည်း အများကြီးပါ။
ဗိုလ်လောင်းရွေးချယ်ရေးအဖွဲ့ကို ရောက်လာကြတဲ့ ဗိုလ်လောင်ေးတွကို
ရွေးချယ်တဲ့အချိန်မှာ--
--အခု ဖြေမယ့် အလှည့်ကျသူက ဟိုဗိုလ်ချုပ်ရဲ့ တူတော်တယ်။ သိပ်ခက်တဲ့
မေးခွန်းတွေ မေးလို့ မဖြစ်ဖူး။
==ဟုတ်တယ်၊ ဖြေဆိုချက် အမှားများလို့ ပယ်တဲ့ အထဲပါသွားမှ
ဒို့ဗိုလ်ရွေးအဖွဲ့ တွေ ကွိုင်အရှာ ခံနေရဦးမယ်။
--ဟော အခုဝင်လာတဲ့ လူငယ်ပဲ။ စမေးမယ်၊ ဘီအိုင်အေ ဆိုတာ သိလား၊
==ဘီအိုင်အေ ဆိုတာ-- ဟို-- ဟို--ဟို---စစ်တပ်------။
--ရပြီ- ရပြီ၊ ဆက်မေးမယ်၊ မကြာခင်က ပြည်သူတွေ ထောက်ခံမဲပေးခဲ့တဲ့
အခြေံဥပဒေ အကြောင်းသိလား။
==အဲဒါလဲ-- စစ်တပ်ရဲ့ --ဟို --ဟို--ဟို------။
ဗိုလ်ရွေးအဖွဲ့ဝင်တွေက
ရုံးခန်း မှာချိတ်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေပုံကို
လက်ညျိုး ညွှ့န်ပြီး
--မင်းတော်တော် -တော်တာပဲ။ ကဲ-ကဲ နောက်ဆုံမေးမယ်၊
နံရံမှာချိတ်ထားတဲ့ ပုံက ဘယ်သူလဲ။
==သူ့ကို ကျနော်ကောင်းကောင်း သိတယ်၊ ကျနော်တို့ ရွာကလူတွေလည်း
သူ့အကြောင်း နေ့တိုင်း ပြော ကြတယ်၊
--ဟုတ်လိုက်လေကွာ။ မင်းတို့ ရွာသားတွေက သူ့အကြောင်း နေ့တိုင်း
ဘယ်လို ပြောကြလဲကွ။ တိတိကျကျ ပြောစမ်းပါကွာ။
နွားကြီး၊ ခွေးသူခိုးကြီး၊ အယုတ် တမာကောင်ကြီးတဲ့။
-ဟာ---ဟေ---
အောင်မောင်းသစ်(၀၈-ဇွန်-၂၉)
|
|
|
|
|
|
|
|
|
ပြုံးတော်မူ
(၆)
|
|
“အကောင်းဆုံး လူကြမ်း”
|
|
မြန်မာနိုင်ငံမှာ မိုးလေလွတ်လို့ ဆောင်းဦးရောက်လာမယ်ဆိုရင်
မြန်မာတို့ ဓလေ့ အတိုင်း ကျေးလက်တောရွာတွေမှာ သီတင်းကျွတ်ပွဲတော်
တို့၊ တန်ဆောင်တိုင် ဆီးမီးထွန်းပွဲတွေ ကထိန်သင်္ကန်းကပ်ပွဲတွေ
ကျင်းပကြပါဦးမယ်။
ဟိုးယခင် လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်ကတော့ မြို့တက် ဇာတ်ငှားပြီး
ကြည့်ချင်ပွဲတွေ ပျော်ပွဲတွေ ထည့်ပြီး ကျင်းပနိုင်ပေမယ့်
ဆင်းရဲကြပ်တည်းလာတဲ့ မြန်မာ့စီးပွားရေးကြောင့်
ဇာတ်မင်းသမီးငှားပြီး ဇာတ်ဝါသနာပါသူရွာလူငယ်များနဲ့ တောဇာတ်ပွဲ
ကျင်းပဖို့ တိုင်ပင်ကြ ပါတယ်၊
--ဟေ့ မင်းသမီးကို မန္တလေးတက်ပြီး မင်းသမီး ၂ယောက် ငှားကွာ၊
--ပြဇာတ်မင်းသားလုပ်မယ့်သူက တသောင်းကျပ် ရံပုံအလှူငွေထဲ့ဟေ့။
--ယိမ်းအတွက်ကတော့ ရွာက ကောင်မလေးတွေ စုပြီးလေ့ကျင့်ရမယ်၊
စသည်ဖြင့် တိုင်ပင်နှီးနှောနေကြလေသည်၊
အစစ အရာရာ တိုင်ပင်ကြရာ အဆင်ချောမွေ့လာပြီးနောက် ပြဇာတ် ကရန်
တိုင်ပင်သည့် နေရာ အရောက်တွင်မူ--
--ပြဇာတ်မှာ လူကြမ်းအရေးကြီးတယ်။ မနှစ်က ကိုသာဂိက
မစွံဘူး။နောက်တယောက် ပြောင်းမှဖြစ်မှာ၊
---ဟိုဘက်ရွာက ကိုလှမောင်ကြီးဆိုရင်ကော၊
--သူက ရုပ်နည်းနည်း ချောနေတယ်။ လူကြမ်းဆိုတာ မိုက်မိုက်ကန်းကန်း
သရုပ်ဆောင် ကောင်းရမယ့်အပြင် ရုပ်ရေနဲ့လည်း ဆိုင်သေးတယ်။

ထိုသို့ဖြင့် လူကြမ်းရွေးချယ်မရ ဖြစ်နေချိန်တွင် ရန်ကုန်စာသင်တိုက်
တတိုက်တွင် ပညာသွားရောက် သင်ကြားပြီး မကြာသေးခင်က ဖြစ်ပွားခဲ့သော
ရွှေဝါရောင် ဆုတောင်းပွဲတွင် ရိုက်နှက်ဖမ်းဆီးခံရပြီး
ဒဏ်ရာဒဏ်ချက်များဖြင့် နာမကျန်းသဖြင့်
ပြန်လွတ်လာကာရွာပြန်ရောက်လာသည့် ကိုရင်အရှင်သုမန မှ
--ဒကာတို့ လူကြမ်းသရုပ်ဆောင်ရွေးနေတဲ့ ကိစ္စကျုပ်အကြံပေးချင်တယ်
ရမလား၊
--မှန်ပါ့။ အရှင်ဘုရား ။လူကြမ်းကို တွေ့ ထားလို့လား ဘုရာ့၊
--ရုပ်နဲ့ ရေနဲ့ အကျင့်စရိုက်နဲ့ လိုက်ဖက်ကိုက်ညီတဲ့
လူတိုင်းသိနေတဲ့ သူရှိပါတယ်၊ သူက ကချင် မကချင်တော့ မသိဘူးနော်။
--ပြောပါဘုရာ့။ တပည့်တော်တို့ ဒီလူကြမ်းကို တပည့်တော်တို့
ရွာအရောက် မရ ရအောင် ခေါ်ရမှာပေါ့ဘုရာ့။ ဘယ်မှာလဲဘုရာ့၊
--ဟောဒီမှာပါဗျာ။သူ့ ပုံ---- ဆိုပြီး သတင်းစာမှ စာမျက်နှာပါပုံကို
ပြလိုက်ရာ ရွာသားအားလုံးက
--ဟယ်။---ဒါမှ တကယ့် လူကြမ်းအစစ်ကြီးတွေဟ--
--မှန်းစမ်း ငါတို့လည်း ပြစမ်း-ဟုတ်သဟ ။တကယ့်လူကြမ်းကြီး
ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ နအဖ အဖွဲ့။
ကိုကိုပွေလီ
၁၃။၆။၀၉
|
|
|
|
|
|
|
ပြုံးတော်မူ
(၅)
|
|
“သန်းရွှေ အကြောက်ဆုံး က”
|
|
ဂျိုကုတ်ဒူးကြီး သန်းရွှေ
အကြောက်ဆုံးက သင်္ကြန်မတိုင်မီ တနှစ်တခါ ပေါ် ပေါ် လာပြီး ကမ္ဘာအနှံ
့အော်ကာ သန်းရွှေတို့ နအဖကိုရော၊ပြည်တွင်းပြည်ပ အတိုက်အခံတွေကိုရော
သိမ်းကြုံး ဆော်ဆော်သွားတဲ့  အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမို ကရေ
စီအင်အားစုတွေရဲ့ သံချပ် အသံတွေပဲ..တဲ့။
ဒီနှစ် (၂၀၀၉) မှာလည်း သန်းရွှေတို
့ဗိုလ်ချူပ်တသိုက်ကိုရော၊သမီးတော်လေး၊မြေးတော်လေးကိုရော
ဆော်တဲ့အပြင်…၊
ပြည်ပ အဝေးရောက်အစိုးရအဖွဲ့ ကိုပါ မကျန် ဆော်တာဆိုပဲ။အဆစ်အနေနဲ့ 
ပြည်ပ အတိုက်အခံ သတင်းမီဒီယာကိုပါ
“တိမ်ပေါ်ထိုင် “ဆိုပြီးဆော်လိုက်သေးတာဆိုတော့ ဂျိုကုတ်အရူးကြီး
ကြောက်မယ်ဆိုလည်း ကြောက်စရာကိုဗျ။
ဒီနှစ်လည်း ဒေါ်စုကို အကျယ်ချုပ်သက်တမ်းတိုးဖို့ စီမံကိန်းကို
နှစ်ဆန်းကတည်းက အောက်ကလူတွေက တင်ပြထားတာ မောင်တွေကို ..”ဟိုး
..ဟိုး..”ဆိုပြီး ခဏတားထားရတယ်။
အကြောင်းက “ဟိုသံချပ်အဖွဲ့ တွေ အခွေမထွက်ခင် ဘာမှ
ကြီးကြီးကျယ်ကျယ်မလုပ်ကြနဲ့ ဟေ့။နို့ မို့ ရင် အဲဒီအခွေထဲ
ဒို့ မဟုတ်တာလုပ်တာတွေ စောစောစီးစီး ပါကုန်မယ်”တဲ့ ။
“သူတို့ အခွေထွက်ပြီးမှ စီမံကြဟေ့။” လို့ ဆိုသတဲ့ ။

ဒါနဲ့ အမောင် စစ်ထောက်လှမ်းရေးတွေလည်း အခါအခွင့်
စောင့်ရင်းစောင့်ရင်းနဲ့ ပြီးခဲ့တဲ့အပတ်ကမှ အမေရိကန်ကြီး
ရေကူးတဲ့အမှုဆင်ကာ စီမံကိန်း ချလိုက် နိုင်ကြတယ်..တဲ့။
ဒီနေ့ ပဲ တဆင့်တက်လို့  ဒေါ်စုကို အကျယ်ချုပ်သက်တမ်းတိုးဖို့ 
သေချာသ ထက် သေချာအောင်။
မေ ၃၀ ဒီပဲယင်းအမှုကလည်း ၆နှစ်ပတ်လည် တင်းတင်းပြည့်မယ့်ရက် နီး
လာလို့ ဂျိုကုတ်ရူးကြီးခမျာ ဒီပဲယင်းတစ္ဆေက အနီးကတ်ပြ ခြောက်လာလို့ 
“ဒေါ်စုကို လွှတ်လို့ ဘယ်နည်းနဲ့ မှ မဖြစ်။မလွှတ်ရေးချ မလွှတ်ဘူးဟေ့“
လို့  အသံနက်ကြီးနဲ့ အော်ရင်း “ဒေါ်စုကို အင်းစိန်ထောင်ထဲ
မရောက်ရောက်တဲ့နည်းနဲ့  ထည့် “လို့  အရူးကြီးလို အော်ပြီးအမိန်
့ပေးသတဲ့။
ဖြစ်ချင်တော့ အဲဒီအမိန့် ပေးသံက ဒေါ်စုကို စစ်ကြောရေးဝင်နေတဲ့
ထောက်လှမ်းရေးအခန်းထဲက စကားပြောစက်နဲ့  တိုက်ရိုက်ပြောဆိုနေ
။စစ်ထောက်လှမ်းရေးတွေကလည်း အမိန့် နာခံနေတာဆိုတော့ဒေါ်စုကလည်း
အတိုင်းသားကြား နေရသတဲ့။ဒါနဲ့ ဒေါ်စုကလည်း သူပြောချင်တဲ့စကားကို
တိုက်ရိုက်ပြောလိုက်ရင် အရူးကြီးသန်းရွှေနားထဲ တိုက်ရိုက် ရောက်
မှာပဲဆိုပြီး… ချက်ချင်းအကဲခတ်သိလိုက်ပြီးတော့..အော်ပြောလိုက်သတဲ့။
သူ့ ကို ထောင်ထဲသွင်းချင်လို့  စီမံကိန်းချ အကွက်ဆင်တာကို သိနေလို
့ ထီမထင် အောင်ဆန်းသွေးစိတ်နဲ့ ပြန်အော်ပြော လိုက်တဲ့ ဒေါ်စုရဲ
့စကားတခွန်းကြောင့် ၊အဲဒီ စကားသံကိုကြားရတဲ့ ဂျိုကုတ်ဒူးကြီးခမျာ
ဝမ်းတော်လား ချီးစိမ်းပန်းထားတာ မကြာသေးတဲ့ဒဏ်တွေနဲ့ အတူ
သူအကြောက်ဆုံးသံချပ်အဖွဲ့ အသံကိုပါ နားထဲကြားယောင်ရင်း မာလက
ဈာန်ကြွသွားရှာ တော့သတဲ့..ကွယ်။
ဒေါ်စု ကြုံးဝါးလိုက်တဲ
့စကားသံကတော့…
” အောင်ပွဲဆင်ဖို့ -ထောင်ထဲဝင်စို့ ။အောင်ပွဲဆင်ဖို
့-ထောင်ထဲဝင်ဖို့ အသင့်ပဲဟေ့“…ဖြစ်ပါသတဲ့ ခင်ဗျာ။
အော်..ရဲရဲတောက်သူရဲကောင်းတဦးရဲ့ အသံကြောင့် အာဏာရူးကြီး အဝီစိ
အမြန်းမြန်လှချည့်ကွယ်။
(သရော်စာ=တာတေမောင်အိုး)
၁၅။၅။၀၉
|
|
|
|
|
|
|
ပြုံးတော်မူ
(၄)
|
|
ကွန်မြူနစ် မဟုတ်တော့ပါ
|
|

ပီတာလေး အတန်းပိုင်ဆရာမကို ပြောသည်။
ကျွန်တော်တို့အိမ်က ကြောင်မကြီး ကြောင်သားလေး ခြောက်ကောင်မွေးတယ်၊
အကုန်လုံး ကွန်မြူနစ်တွေချည်းပဲ။
ရက်အနည်းငယ် ကြာသောအခါ ဆရာမက ပီတာလေးကို မေးသည်။
--ပီတာ မင်းအိမ်က ကြောင်သားလေး ကွန်မြူနစ်တွေ
နေကောင်းကြရဲ့လားကွယ့်။
ကောင်းပါတယ် သူတို့ ကွန်မြူနစ်တွေမဟုတ်တော့ဘူး၊
--ဘယ်လိုဖြစ်ပြီး ဘ၀ ပြောင်းကုန်တာလို့ ပြောနိုင်တာလဲ။
သူတို့အားလုံး မျက်လုံးတွေပွင့်လာ ကြပြီ။
သူတို့ ပါးစပ်တွေက အသံတွေလဲ ထွက်လာနိုင်ကြပြီလေ။
ပေးပို့သူ---သူရိန်
|
|
|
|
|
|
|
ပြုံးတော်မူ
(၃)
|
|
သူ့ ခံစားချက်
|
|
မြန်မာ ပြည်သားတွေ ထိုင်းနယ်စပ် ဒုက္ခသည်စခန်းမှာ ၀င်ရောက်
ခိုလှုံနေသူတွေထဲက တတိယ နိုင်ငံကိုခြေချ နေထိုင်ခို
လှုံခွင့် ပေးတဲ့ အထဲမှာ ကျမတို့ မိသားစုအလှည့်
အခုတော့ဖြင့်ရောက်ခဲ့ပါပြီ။ ဒီတော့
ထုံးစံအတိုင်းကျန်ခဲ့တဲ့သူတွေကိုနှုတ်
ဆက်၊ ပြီး တော့ အရင်ရောက်နေတဲ့ သူတွေဆီ ကျန်နေသေးတဲ့ သူတွေက
မှာချင်တာမှာနိုင်အောင် စကားကြုံ ပါးကြတဲ့
အချိန်ဆိုပါတော့။

--အမ
ရေ ဒေါ်နီတို့ဆီ ဘာမှာအုံးမလဲ။
-- မလိုပါဘူးဟယ်။ နောက်တခါ လွှတ်ရင် ငါတို့ အလှည့်ရောက်ပါပြီ။
--တူမလေးဘာမှာဦးမှာလဲ။
မူလတန်းအကြို တက်နေတဲ့ တူမလေး “ချစ်ဖူး” က
--အန်တီက အမေရိကန်ကို သွားရမှာနော်။
--အေးပေါ့။ သမီးတို့လဲ နောက် တစ်လနေ လာရမှာလေ။
--ဒါဆို သမီးစာရေးထားတာ လူကြုံ ပေးလိုက်ချင်တယ်။
--ဘယ်သူ့ဆီပေးရမှာလဲ။
--မြန်မာပြည်ကို ကူညီနိုင်မယ့် ရမ်ဘိုကြီးနဲ့  ဟို အိုဘားမားဆိုတဲ့
ဦးဦးဆီကို။
--အသက် ၅ နှစ်မပြည့်သေးတဲ့ တူမလေးရေးထားတဲ့ စာ ၂-စောင်ကို
လှမ်းယူရင်း `“ဘာတွေ ရေးထာလဲ။”
--မြန်မာပြည်ကို အမြန်ကူညီဖို့ အကြောင်းပေါ့။
ကျမ သူ့စာ ၂ စောင်ယူပြီး ဖတ်ကြည့်လိုက်ချိန်မှာတော့ စာရွက်အဖြူ ၂
ရွက်မှာ အပြည့်ရေးထားတဲ့ ၀လုံး မညီမညာလေး
တွေ ရေးပြီးထားပါတယ်။
အော် သူ့စာ ကို ဘာသာပြန် လိုက်ရင် သူ့ ခံစားချက် ဘာတွေ
ဖြစ်မှာလိမ့်။
တွံတေး သေးမျှင်---- ၂၈။၎။၀၉
|
|
|
|
|
|
|
ပြုံးတော်မူ
(၂)
|
|
အတာ သံချပ်
ထိုးခွင့်
ရရှိရေး
|
|
မြန်မာ ပြည်မှာ အတာ သံချပ်ထိုးခွင့် နအဖ စစ်အစိုးရက ပိတ်ခဲ့တာ
အနှစ် ၂၀ ကျော်ခဲ့ပါပြီ။မြန်မာ ပြည်သားတွေမှာ အလွမ်း
ပြေ နာေးထာင်ချင်ရင် ပြည်ပ အသံလွှင့်ဌာနတွေက ထုတ်လွှင့်တဲ့
အိန္ဒိယရောက် ဆရာမြတ်ထက်တို့ သံချပ်နဲ့ အခြားသော
မြန်မာ တွေရဲ့  သံချပ်တွေကို အင်တာနက်ဝက်ဆိုက်ဘ် တွေ က
နားထောင်ရပါတယ်။ မြန်မာ ပြည်မှာ ဘယ်တော့မှ သင်္ကြန်
သံချပ် နားဆင်ခွင့်ရပါ့မလဲ။

သံချပ် ကိစ္စဟာ လူပြည်မှာသာ မက ငရဲပြည်မှာပါ လုပ်ခွင့်ရပါရဲ့ လား။
လက်ရှိ ငရဲပြည်မှာတော့-----
ငရဲပြည်ကို ဗေဒင်ဆရာ တစ်ယောက်သေပြီး ရောက်ရှိလာပါတယ်။
--ငရဲသားတွေ ရှေ့ ဘ၀ ဘယ်ဘုံရောက်မယ်ဆိုတာ မေးမြန်းသူတွေနဲ့ 
စည်ကားမဆုံး ဖြစ်နေပါတော့သတဲ့။
ငရဲပြည်ကို ဥယျာဉ်မှူး တစ်ယောက် သေပြီး ရောက်ရှိလာပါတယ်။
-- ငရဲပြည်ဟာ ပန်းတွေနဲ့  လှပပြီးနေတဲ့ ဥယျာဉ်တွေ ပေါ်လာပြီး
ပန်းရနံ့ တွေနဲ့ မွှေးပျံ့သွားသတဲ့။
ငရဲပြည်ကို ဂီတ သမား တစ်ယောက်သေပြီးရောက်ရှိလာတယ်။
--ငရဲပြည်မှာ စိတ်ကြည်နူးစရာ တေးသံတွေ နေ့ စဉ် ကြားလာရသတဲ့။
မကြာခင် လူ့ပြည်မှာ အတာ သင်္ကြန်ကျတော့မယ်။ ဒီတော့ လူငယ်တွေက အတာ
သင်္ကြန်ပွဲ ကျင်းပပြီး သံချပ်ပြိုင်ပွဲ
ပါ ထည့်ဖို့ စီစဉ်ကြသတဲ့။
ငရဲပြည်ရောက် လူတွေက အားလုံး ၀ိုင်းဝန်းထောက်ခံ
လက်ခုပ်သြဘာပေးကြတယ်။
ဒီအချိန်မှာ နအဖ စစ်ဗိုလ်ချုပ်တွေ ဖြစ်တဲ့
ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းတို့က
သံချပ်အတွက် စည်း
ကမ်းချက်တွေ ၀င်ရောက်သတ်မှတ်ချက် ပေးလို့ လူငယ်တွေနဲ့
ငရဲပြည်ရောက် နအဖ စစ်အုပ်စုကြားမှာ ကြီးမားတဲ့ ရန်ပွဲ
ကြီး ဖြစ်သွားပါ ရောတဲ့။
ဂျော်နီချက်ကြီး ၁၁။၎။၀၉
|
|
|
|
|
|
|
ပြုံးတော်မူ (၁)
|
|
ပြောပေါင်းများလို့ ရိုးနေပါပြီ
|
|
မြန်မာနိုင်ငံမှာ ရှစ်လေးလုံး
အရေးတော်ပုံကြီး ဖြစ်ပွါးခဲ့ပြီးနောက် စစ်တပ်က အာဏာဝင်သိမ်းခဲ့တာ
ဒီနေ့ အထိပါပဲ။ စစ် အာဏာသိမ်းစဉ်က ခေါင်းဆောင် ဖြစ်တဲ့
ဗိုလ်ချုပ်မှူးကြီးစောမောင်က နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ
ဝင်ကြပါ၊ ပြည် သူတွေက ကြိုက်ရာပါတီ မဲပေးကြပါ၊ မဲနိုင်တဲ့ပါတီကို
အာဏာလွှဲ ပေးပြီး ကျနော်တို့ စစ်တန်းလျား ပြန်မှာပါလို့ ကြေငြာ
ပြီးတော့ ၁၉၉၀ မေလမှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ
ပေးခဲ့ဖူးပါတယ်။
ရွေးကောက်ပွဲ လုပ်ချိန်မှာ နိုင်ငံခြားသတင်းထောက်တွေက တကယ်လို့
ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက နိုင်ခဲ့ရင် အာ ဏာလွှဲ ပေးမှာလားဆိုတဲ့
အမေး ကို ဗိုလ်ချုပ်မှူးကြီးစောမောင် ဘယ်ပါတီနိုင်နိုင်
နိုင်တဲ့ပါတီကို အမြန်ဆုံးအာဏာလွှဲ ပေးမှာပါ၊ I say, I do , I
promist လို့ ပြောခဲ့ပါတယ်။
ဗိုလ်ချုပ်ခင်ညွန့်ကို မေးမြန်းတော့ -ကျနော်တို့ လမ်းဘေးမှာ
အပျော်ဆော့ကစား၊ ပြောဆိုနေတာ မဟုတ်ပါဘူး၊ ပြောတဲ့
အတိုင်း လုပ်ပေးမှာလို့ ဖြေ ကြားခဲ့ပါတယ်။
နောက်တော့
သမိုင်းမှာ သိမြင်ကြတဲ့ အတိုင်းပါပဲ၊
ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ရူးတယ်ဆိုပြီး နေရာ အဖယ် ခံရ။ နောက်
တော့ လူမသိ သူမသိ၊မထင်မရှားနဲ့  စစ်တန်းလျား
ပြန်မရောက်အောင်မသွားနိုင်ဘဲ နိဂုံးချုပ် ခဲ့ရပါတယ်၊
ဗိုလ်ချုပ်ခင်ညွန့်
ကြပြန် တော့ အာဏာအလွဲသုံးမှု။ လာဘ်ပေးလာဘ်ယူမှု စတာတွေနဲ့ 
ဆိုင်းငံ့ထောင်ဒဏ် အနှစ် ၄၀ ကျော် အချခံထား ရပါတယ်။
ဟောအခု ၂၀၀၈ မတ်လ ၂၇ မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၂၀၁၀ မှာ
ရွေး ကောက်ပွဲလုပ်ပေးပြီး ပြည်သူ့ လက် အာ ဏာအပ် မှာပါလို့
ပြောပြန်ပါပြီ၊ ပြည်သူလူထု အကြားမှာတော့----
--ဟိုလူကြီး- ဗိုလ်သန်းရွှီးက ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်ပြီး
အာဏာလွှဲ တော့ မှာဆိုပဲ။ ဟာသ တွေ လုပ်ပြန်ပြီ၊
==ငါတော့ မထင်ပေါင်ကွာ၊ အရင်လူတွေလို လုပ်ဦးမှာပါ၊ ရွှီးလုံး
ထုတ်တာရှိမှာ။
--အောင်မာ ရှေ့ ဆောင်နွားလား ဖြောင့်ဖြောင့် မသွားခဲ့တော့
မယုံချင်တော့ဘူးပေါ့၊
==ကဲ ဘကြီးသာလှ အမြင်လေးပြောပါဦးဗျ။
--အင်း ငါတို့ရွာအလှူပွဲမှာ လာပြီးတီးတဲ့ ဆိုင်းဝိုင်းက
ပတ်ဝိုင်းဆရာနဲ့ နှဲဆရာတို့ အတိုင်အဖောက် တီးလုံးလို လုပ်ဦးမယ်
ထင်ပါရဲ့ ၊
--ဘယ်လိုပါလိမ့် ရှင်းပြပါဦး၊
==ဆိုင်းဆရာက တီးလိုက်တဲ့ အသံက ״ဗြောင်လိမ်-ဗြောင်လိမ်၊
ဗြောင်လိမ်-ဗြောင်လိမ်״ တဲ့။ဒီတော့ နှဲဆရာမှုတ်လိုက်တဲ့
နှဲသံက״ တဲ့တဲ့လိမ်၊ တဲ့တဲ့လိမ် ၊ တဲ့တဲ့လိမ်-တဲ့တဲ့လိမ်״ တဲ့၊
--״ဟိုက် ״
စံပေလုံး
|
|
|
|
|
|
|
|
|
|
|
|
|
|