|
ပေးစာ ကဏ္ဍ |
|
ပေါင်ချိန်ကဲ့သို့ တရားသူကြီးအမြောက်အများ ပေါ်ပေါက်ပါစေ |
|
စာဖတ်သူများခင်ဗျား ကျွန်တော်တို့နိုင်ငံက တရားရေးမဏ္ဍိုခိုင်မြဲတယ်လို့ ယုံကြည်ပါသလား။ တရားဥပဒေနဲ့ ပတ်သက်လာရင် တရားသူကြီးတွေ မှန်မှန်ကန်ကန် ဆုံးဖြတ်တယ်လို့ ထင်ပါသလား။ အောက်ပါအဖြစ်အပျက်ကို ကြည့်ပြီး ဆုံးဖြတ်ကြပါ။ မတ်လ 22ရက်နေ့က မန္တလေးတိုင်းတရားသူကြီး ပုံးတစ်ရာလှဝင်းကြောင့် 81လမ်း 29နဲ့ 30လမ်းကြားမှာ နေထိုင်တဲ့ မိသားစုတစ်စု ဒုက္ခရောက်ခဲ့ရပါတယ်။ အကြောင်းက တော့ မိဘပိုင်အမွေပစ္စည်းလုကြတဲ့ အမှုမှာ ပိုက်ဆံရှိတဲ့ဘက်ကို အနိုင်ပေးလိုက်တာ ကြောင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မိဘပိုင်ပစ္စည်းဆိုတာ အညီအမျှခွဲဝေယူကြရတာပါ။ အခု တော့ နှစ်ဖက်ကြားနာစစ်ဆေးခြင်းမရှိဘဲ တစ်ဖက် သက်ဆုံးဖြတ်ချက်နဲ့ တရားဥပဒေမရှိတဲ့ တရားသူကြီး ပုံးတစ်ရာလှဝင်း ဟာ ငွေအမြောက်အများရယူပြီး အဲဒီအမှုမှာ ငွေရှိတဲ့သူကို အနိုင်ပေးလိုက်တယ်။ အခု တော့ အမှုရှုံးသွားတဲ့သူကို သွေးသားချင်းအရင်းချာဖြစ်လင့်ကစား ယုတ်မာတဲ့ ညီနဲ့ ညီမတွေက အကိုဖြစ်သူနဲ့ မိခင်ကြီးကို အိမ်ပေါ်ကနှင်ချလိုက်ကြတယ်။ နှင်ချရာမှ ရဲနဲ့ ရပ်ကွက်လူကြီး အယောက်30လောက်ကို တစ်ယောက်ကို ငွေ နှစ်သောင်းပေးပြီး ဆွဲချ လိုက်ကြတယ်လို့ မျက်မြင်သက်သေများက ပြောပါတယ်။ မတ်လ 22ရက်နေ့က အိမ်ပေါ်ကဆွဲချတာ ပတ်ဝန်းကျင်မှာ မြင်လို့မကောင်းပါဘူး။ ဘာသာရေးရှုထောင့်ကကြည့်ရင် တရားရစရာပါပဲ။ မြန်မာပြည်မှာ ဒီလိုငွေယူပြီး ဆုံးဖြတ်ကြတဲ့ တရားသူကြီးတွေ ဒုနဲ့ဒေးပါ။ ကျွန်တော်တို့နိုင်ငံမှာ ပေါင်ချိန်ကဲ့သို့ တရားသူကြီးအမြောက်အများ ပေါ်ပေါက်ပါစေလို့ ဆုတောင်းလျက်.....။ Soeyarzar ------- အကျင့်ပျက်ရဲဝန်ထမ်း ဖျာပုံမြို့နယ်မှူးအေးကြူသတင်းကတော့ထပ်တိုးပြန်ပြီ။ ၂၀၁၀၊မတ်လ(၂၀)နောက်ပိုင်းဖျာပုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ လှိုဝှက်ကိတ်စ စစ်ဖို့လာတော့သူလန့်ပြီး သူသဘောနဲ့သူကိုယ်တိုင် ချဲနှစ်လုံးဒိုင်သမားတွေကိုရောင်းထားတဲ့ မိခင်နဲ့ကလေးရဲရံပုံငွေဆိုတဲ့ဖြတ်ပိုင်းတွေကို လိုက်သိမ်းပါလေရော။ လူရှေ့သူရှေ့ကြတော့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဧရာဝတီစစ်တိုင်းမှူးခိုင်းလို့လုပ်တာဘာတဲ့။ ရေအောက်နန်းတော်ထဲမှာပါတဲ့ အဲ့ဒီ ရန်ပုံငွေဖြတ်ပိုင်းလေးကတော့ ရင်တုန်စရာဘဲ။ သူဘာလုပ်လုပ်ဖြစ်တယ်ပေါ့။ ဒို့နယ်သူနယ်သားတွေကတော့ ထိုင်ကြည့်နေယုံကလွဲလို့ ဘာမှမတက်နိုင်ဘူးလေ။ သူဘာလုပ်လုပ် ဘာပြောပြော လူကြီးနာမည်တွေနဲ့ဆိုတော့ ဒို့တွေ ခေါင်းငုံ့ခံနေရုံပေါ့။ --- : အကြောင်းအရာ။ ။ အကျင့်ပျက်ရဲဝန်ထမ်း
ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူးဦးအေးကြူ မှ ငွေကြေးများအလွဲသုံးစားပြုလုပ်ပြီး၊ လာဘ်ငွေ တံစိုးလက်ဆောင်များရယူကာ ဥပဒေကိုချိုးဖေါက်၍ အမူများကိုမမှန်မကန် စစ်ဆေးပြီးအပြစ်မဲ့ပြည်သူများအပေါ်အပြစ်ပုံချကာ ပြည်သူလူထု အတိဒုက္ခရောက်အောင် ဥပဒေ ချိုး ဖေါက်သူုများဘက်မှ တံစိုးလက်ဆောင်များရယူကာ အထက်လူကြီးများ၏နာမည်ကိုအသုံးချ၍ နည်းအမျိုးမျိုးဖြင့်လိမ်လည်နေခြင်းကို အမြန်ဆုံး ထိရောက်စွာ အရေးယူပေးပါရန် ၁။ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းမှကျေးရွာတစ်ရွာတွင် အမျိုးသမီးကြီးတစ်ဦးကို လူသတ်၊ ဓါးပြ တိုက်မှူ့တခု လွန်ခဲ့သောနှစ်လကျော်ခန့်ကဖြစ်ခဲ့ပါသည်။ အမှု့နှင့်ပတ်သက်သော တရားခံကို ဒေးဒရဲမြို့နယ်ရဲစခန်းမှ ဖေါ်ထုတ်စစ်ဆေးရာမှ ရွာသို့ အလည်ရောက်ရှိနေသော အပြစ်မဲ့ တပ်မတော်သား နှစ်ဦးအား မတရားဖမ်းစီးချူပ်နှောင်ပြီး ရိုက်နှက်စစ်ဆေးခဲ့သည်။
ထိုအကြောင်းကိုမခံမရပ်နိုင်သော တပ်မတော်သားတစ်ဦး၏မိခင်မှ ဧရာဝတီတိုင်းမှူးထံသို့ မတရားပြူလုပ်ခံရကြောင်း အသနားခံတိုင်စာပေးပို့လိုက် သော ကြောင့် ဧရာဝတီတိုင်းမှူးမှတဆင့် ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မူး ဦးအေးကြူကို အဖွဲ့ခေါင်းဆောင်လုပ်စေပြီး ပြန်လည်စစ်ဆေးတင်ပြစေခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မူး ဦးအေးကြူ ကလည်း ယခင်မမှန်မကန်စစ်ဆေးထားသောဤအမူ့ကို တံစိုးလက်ဆောင် များထက်မံရယူကာ အသနားခံတင်ပြခဲ့သောတပ်မတော်သားမိခင်က လိမ်လည်တင်ပြပါသည်ဟု ထက်မံမမှန်မကန် စစ်ဆေးပြီး ယခင်တရားခံများသာ တရားခံအစစ်ပါ ဟု စွပ်စွဲကာ တိုင်းမူးထံသို့မမှန်မကန်တင်ပြခဲ့ပါသည်။
ထို့နောက်မကြာမှီလွန်ခဲ့သော (၃) ပါတ်ခန့်က လူသတ်ဓါးပြတိုက်မှု့နှင့်တိုက်ရိုက် ပတ်သက်နေသော တရားခံအစစ်မှန်များကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ သက်သေခံပစ္စည်းများနှင့်အတူ ဖြောင့်ချက်ရယူ ဖေါ်ထုတ်ဖမ်းစီးမိခဲ့ပါသည်။ သို့သော် အမူ့မှန်ပေါ်ပေါက်သော်လည်း ဥပဒေကို ချိုးဖောက်၍ အထက် အရာရှိများကိုလိမ်လည်ကာ မတရားတင်ပြခဲ့သော ဖျာပုံမြို့နယ်မူးဦးအေးကြုကို ယနေ့တိုင် စစ်ဆေးအရေးယူခြင်းအပြစ်ပေးခြင်း မရှိသည့်အပြင် ထိုသူသည် ဆက်လက်၍မတရား ဥပဒေချိုးဖောက်မူ့များကိုဆောင်ရွက်နေဆဲဖြစ်ပါသည်။
၂။ ဖျာပုံမြို့နယ်၊ မြို့ကုန်းကျေးရွာ ရ.ယ.က အဖွဲ့ဝင် ဦးဇော်မင်း ဆိုသူကို ဖျာပုံမြို့နယ်မူးဦးအေးကြုမှ နာဂစ်ပစ္စည်းများကိုအလွဲသုံးစားပြု လုပ်ပါ သည်ဟု ဆိုပြီး နာဂစ်မတိုင်မှီက အကြောင်းကိစ္စ များကို ထည့်သွင်း၍ စစ်ဆေးပြီး ဖျာပုံမြို့နယ်မူးဦးအေးကြု ကိုယ်တိုင် တရားလိုပြုလုပ်ကာ ထောင် ဒဏ်(၇) နှစ်ကြခံရသည့်အထိ တဖက်တိုင်ကြားသူများဖြစ်သော ချဲနှင့် နှစ်လုံးဒိုင်ကြီးများဘက်မှ ငွေကြေးလက်ဆောင်များရယူကာ မတရားပြူလုပ်ခဲ့ သောကြောင့် နစ်နာမတရားခံရသူများ၏ မိသားစုများသည် အတိဒုက္ခရောက်လျှက်ရှိနေပါသည်။
၃။ ဧရာဝတိတိုင်း၊ ဖျာပုံမြို့နယ်ပေါ်နှင့် ကျေးလက်တောရွာများတွင် လောင်းကစားဒိုင်များထံမှ လိုင်းကျေးများအဆမတန် (ပုံမှန်) ရယူကာ ပေါ်ပေါ်ထင်ထင် လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးလျှက်ရှိပါသည်။ ဧရာဝတိတိုင်း၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ မိခင်ကလေးရံပုံငွေဟုဆိုပြီး တစ်စောင်လျှင် (၂၀၀၀ိ/-) ဖြင့် ကျပ်သိန်းငါးဆယ်ဖိုးရှိလက်မှတ်ဆောင်ရေများကို ဒုစရိုက်လုပ်ငန်းလုပ်ကိုင်နေသူများ၊ လောင်းကစားသမားများနှင့် ရဲ့အဖွဲ့နှင့် ပတ်သက်နေသောသူများကို တောရောမြို့ပါမကျန် ရဲစခန်းမူးများ ရဲကင်းမူးများ နယ်ထိန်းများကို လိုက်လံရောင်းခိုင်းခဲ့ပါသည်။
ထိုသို့ရောင်းခိုင်းခြင်းမှာလဲ " ပြည်ထဲရေးဝန်ကြီးနှင့် ဧရာဝတီတိုင်း စစ်တိုင်မူးမှ ခိုင်းစေသောကြောင့် တရားဝင်လုပ်ရတာပါ " ဟုပေါ်ပေါ်တင်တင် လိမ်ညာပြောဆိုကာ ဆောင်ရွက်နေပါသည်။ (ထိုကံစမ်းမဲလက်မှတ်မိတ္တူများကိုလည်းလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် သက်သေခံအဖြစ် ပူးတွဲတင်ပြထားပါသည်) ထိုကံမစမ်းမဲလက်မှတ်များကို တပ်မတော်နေ့တွင် ပေါက်မဲများကြော်ငှာပေးမည်ဟုလည်း မြို့နယ်မူးဦးအေးကြူကိုယ်တိုင် ပြောဆိုခဲ့ပါသည်။
၎။ ထို့ကြောင့် မတရားပြုမူဆောင်ရွက်နေသော အကျင့်ပျက်ရဲဝန်ထမ်းတစ်ဦးဖြစ်သော မြို့နယ်မူးဦးအေးကြူသည် ဥပဒေကိုလိမ်လည်ပြီး မမှန်မကန်မူ့များကို ငွေကြေးလာဘ်လာပ များရယူကာ စစ်ဆေးခြင်း၊ အထက်လူကြီးများအား မမှန်မကန်စစ်ဆေးချက်များကို လိမ်လည်တင်ပြခြင်း၊ ပြည်ထဲရေးဝန်ကြီးနှင့် တိုင်းမူးတို့၏ အမည်နာမကို အသုံးချကာ ကံစမ်းမဲလက်မှတ်များကို ရောင်းချပြီး ငွေကြေးပေါင်းမြောက်များစွာကို အလွဲသုံးစားပြုလုပ်နေခြင်းနှင့် မတရားအပြစ်ပေးခံရသူ၏ အဖြစ်မှန်ကိုအမြန်ဆုံး ဖေါ်ထုတ်အရေးယူပေးပါရန် နစ်နာသူတယောက်အနေဖြင့်တင်ပြတိုင်ကြားအပ်ပါသည်။
:Funny 11-4-2010 |
|
ပေးစာ ကဏ္ဍ |
|
NLD ရေ။။ ပြည်သူတွေ ကို တောင်းပန်တာ မစောလွန်းဘူးလား? -(focus) ဖြတ်ညှပ်ကပ် မရေးပါနဲ့ ဧရာဝတီ |
|
NLD ရေ။။ ပြည်သူတွေ ကို တောင်းပန်တာ
မစောလွန်းဘူးလား? အခုမှ နှစ်(၂၀) ကျော်ကျော်လေ:ပဲရှိသေ:တယ်။ moetein shatsee84@gmail.com 8-4-10 ---------------- (focus) ဖြတ်ညှပ်ကပ် မရေးပါနဲ့ ဧရာဝတီ 7-4-2010 |
|
ပေးစာ ကဏ္ဍ |
|
ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက် ပေးလိမ့်မည်ဟု မျှော်လင့် |
|
အန်အယ်လ်ဒီ ဦးဝင်းတင် ပြောကြားသည်။ ၎င်းက ကျနော်တို့ဟာ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရမယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီး ဆိုးရွားနေသည်။ရန်ကုန်မြို့မှာ အပူရှိန် မြင့်မားလာသည့်အပြင် မီးမလာ၍ မီးစက်များကို လမ်းတကာတွင် သုံးနေသည့်အတွက် ပူသင့်သည်ထက် ပိုပြီး ပူနေကြောင်း မြို့ခံပြည်သူတွေ များက ပြောကြသည်။ လက်ရှိတွင်မူ အချိန်ပိုင်းမျှပင် မီးမပေးနိုင်သဖြင့် ရန်ကုန်မြို့ခံများက စိတ်ပျက်နေကြသည်။ ...........အန်အယ်လ်ဒီ ဦးဝင်းတင် ပြောကြားသည်။ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ............. ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက် ပေးလိမ့်မည်ဟု ရန်ကုန်မြို့ခံ ပြည်သူံများက မျှော်လင့် နေကြသည်။ံ kyaw than Email -kyawthan88@yahoo.com 1-4-2010 |
|
ပေးစာ ကဏ္ဍ |
|
သန်မြန်သူဝန်ထမ်းတို့ မတရားခေါင်းပုံဖြတ်ခံရ |
|
သန်မြန်သူမော်တော်ယာဉ်လိုင်း ရဲ့ရည် ရွယ်ချက်က တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ ကိုယ်လက်အင်္ဂါ စွန့် လွှတ်ခဲ့ရသော မသန်မစွမ်းစစ်သည်များကို ထောက်ပံ့လှူဒါန်းရန် ရည် ရွယ် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ ဆောင်ပုဒ် ကတော့ သန်မြန်သူမှ မသန်မြန်သူသို့ ဟုဖွဲ့ဆိုထားရှိပါတယ်။ ကျွန်တော်တို့ သန်မြန်သူကို ကာကွယ်ရေးဝန်ကြီးဌာနပြန်လည်နေရာ ချထားရေးမှူးရုံးမှ ကွပ်ကဲအုပ်ချုပ်တဲ့အတွက် ၀န်ထမ်းရေးရာ ၊ လစာ ငွေကအစ (ကကပြန်) ကို တင်ပြရပါတယ်။ ဒါပေမဲ့ အစိုးရ၀န်ထမ်းအားလုံး လစာငွေ(၂၀၀၀၀ိ/) တိုးသော် လည်း ကျွန် တော်တို့ သန်မြန်သူဝန်ထမ်းတွေကို လစာငွေတိုးပေးဖို့တင်ပြခဲ့ပေမဲ့ (ကကပြန်)က ညွှန်ကြား ရေးမှူး ဗိုလ်မှူးကြီးဌေးနိုင် က လုံးဝတိုးမပေးခဲ့ပါဘူး။
သန်မြန်သူဝန်ထမ်းတစ်ဦးရဲ့ အနိမ့်ဆုံး လစာငွေက တစ်သောင်းခွဲတောင်မရှိပါဘူး။ ၄င်းတို့ကတော့ သန်မြန်သူကရတဲ့ငွေကို သူတို့ အိတ်ထဲ ထည့်ပြီး ၀န်ထမ်းတွေ ဖြစ်ခြင်ရာဖြစ်ဆိုတဲ့ သဘောမျိုးနဲ့ မတရားခေါင်းပုံဖြတ်ပြုလုပ် နေကြတာကိုအများပြည်သူများသိရှိနိုင်စေဖို့ တင်ပြရခြင်းဖြစ်ပါတယ်။
ကိုမင်းမင်း |
|
ပေးစာ ကဏ္ဍ |
|
၂၀၁၀ ရွေးကောက်ပွဲဟာ အလိမ်အညာပါ။ |
|
၂၀၁၀ ရွေးကောက်ပွဲဟာ အလိမ်အညာပါ။ (ဟစ်တိုင်ပေးစာသို့ )
လက်ရှိ ပြုလုပ်မယ့် ရွေးကောက်ပွဲ ဟာ အလိမ်အညာ ရွေးကောက်ပွဲကြီးဖြစ်တာကြောင့် ရွေးကောက်ပွဲ ၀င်မယ့်သူတွေ ဟာ ၀ိုင်းဝန်းလိမ်ညာ ကြမယ့် သူတွေ ဖြစ်ပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြည့်ပါ။ အကြီးအကျယ်လိမ်ညာခဲ့ပါတယ်။ အခု ရွေးကောက်ပွဲ ဥပဒေကိုအသေအချာ လေ့လာပါ။ ဧရာမ လိမ်ညာဖို့ ပြင်ဆင်ထားတာ တွေ့ရမှာပါ။ ရွေးကောက်ပွဲဆိုတာ နိုင်ငံသားတိုင်း အကန့်အသတ်မရှိ မဲပေးနိုင်ဖို့ လမ်းဖွင့် ပေး ထားရမှာပါ။ ရွေးကောက်ပွဲ ၀င်ပြိုင်မယ့်သူတွေကိုလည်း အလားတူပါပဲ။ ဒါပေမယ့် အခုတော့ လိုရာပုံသွင်း ကြိုးဆွဲမယ့် ဥပဒေ တွေကို ထုတ်ပြန်ထားတာရှင်းနေပါတယ်။ အဓိက ကတော့ ဘယ်ပါတီမှာ ဘယ်သူတွေမပါရဘူးလို့ ကြိုတင်ကန့်သတ်ထား တာ ဟာ ဒီမိုကရေစီ ကိုသွားတော့မယ့် ရွေးကောက်ပွဲလို ဖြစ်စဉ်ကြီးမှာ အရုပ်ဆိုးအကျည်းတန် လွန်းပါတယ်။
ဥပမာ ပြောရရင်- ဘောလုံးပွဲတစ်ပွဲမှာ ဘောလုံးပွဲစီစဉ်သူ အာဏာပိုင်က ဘောလုံးအသင်းတွေမှာ ဒဏ်ရာရနေသူတွေ လုံးဝ ၀င်မကစားရဘူးလို့ အမိန့်ထုတ် တားမြစ်လိုက်သလိုပါပဲ။ ဒါဟာ အာဏာပိုင်တွေနဲ့ လုံးဝမဆိုင်တဲ့ အချက်ပါ။ ဒါကို ဘောလုံးအသင်းကပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒဏ်ရာ ရနေသူကို အသင်းက သူ့ ဘာသာသူ ထည့်ကစားလည်း သူ့အသင်း အ ကျိုးအတွက်သာ ဖြစ်လို့ ဘာမှ ၀င်စွက်ဖက်စရာ မရှိပါဘူး။ ဒီထက် တစ်ဆင့် တက်ပြီး အဲဒီ ကစားသမားကို အသင်းက ထုတ်ပယ်မှ အသင်းကို ၀င် ပြိုင်ခွင့် ပေးမယ် ဆိုတာကတော့ လုံးဝကို မိုက် ရိုင်း တဲ့ တားမြစ်ချက်ဖြစ်သွားပါပြီ။ ဒါဟာ မိုက်မိုက်ရိုင်းရိုင်းကို မတရားမှု လုပ်လိုက်တာပါပဲ။ ဒါကို ဆက်လက် သည်းခံနေစရာ ဘာအကြောင်းမှမရှိတော့ပါဘူး။ ဒါတောင် ဒီပွဲကို ၀င်ပြိုင်မယ်လို့ ဆုံးဖြတ်ခဲ့ ပြီဆိုရင်တော့ အဲဒီအသင်းလည်း မတရား တဲ့ အလိုတူ အလိုပါ ဖြစ်သွားတာ ငြင်းလို့ မရတော့ပါဘူး။ နောက်ထပ် မှတ်သားစရာ သာဓက တစ်ခုပြောပါရစေ။ အခု အင်္ဂလန် ဘောလုံးအသင်းရဲ့ ခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ဟာ ဒဏ်ရာရသွားလို့ လာမယ့်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ ၀င်မကစားနိုင်တော့တာသေချာနေပါပြီ။
ဒီအချိန်မှာ ဖီဖာက ဘက်ခမ်းကို အသင်းမှာ မရွေးပါနဲ့၊ ရွေးခဲ့ရင် အင်္ဂလန်အသင်းကို ပြိုင်ပွဲကနေ ထုတ်ပယ်ပစ်မယ် လို့ မပြောပါ ဘူး။ ပြောစရာလည်း မလိုပါဘူး။ ဒါဟာ အသင်းရဲ့ ကိစ္စဖြစ်ပါတယ်။ တကယ်လို့ ဖီဖာက ဒီလိုပြောခဲ့ရင် အင်္ဂလန်အသင်းရော. ကျန်ကမ္ဘာ့ဘောလုံးအသင်းတွေ ၀ိုင်းဝန်းကန့်ကွက်ကြမှာ အမှန်ပါပဲ။ ဒီကိစ္စကို မဆန့်ကျင်ဘဲ ပြိုင်ပွဲ ကို ဗိုလ်စွဲခဲ့ရင် အဲဒီအသင်း ကို ဘယ်သူကအသိအမှတ်ပြုမှာလဲ။ သေချာပါတယ်။ အားလုံး ၀ိုင်းရှုတ်ချပြီး ပစ်ပယ်ကြမှာပါ။ ဒီလောက်ဆိုရင်တော့ အခု ရွေး ကောက်ပွဲကို တရားတဲ့သူတွေ အကုန်လုံး၊ မညစ်ပတ်တဲ့ သူတွေ အကုန်လုံး သပိတ်မှောက် ဆန့်ကျင်သင့်တာ ထင်ရှားနေပါပြီ။ ဒါတောင်မှ ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ဆုံးဖြတ်ရဦးမယ်ဆိုရင်တော့ ကိုယ့်သမိုင်းကိုယ် အိုးမဲသုတ် အကျည်းတန်စေတာသာ အဖတ်တင် ပါလိမ့်မယ်။
မိုက်ရိုင်းသူ လူလိမ်တွေနဲ့ စည်းဝါးရိုက်ထားသူတွေကတော့ ၀င်ပြိုင်ကြပါလိမ့်မယ်။ ကိုယ်မပြိုင်ရလို့ ဘာမှ စိတ်မကောင်းမဖြစ်ကြ ပါနဲ့။ မတရားတဲ့ လုပ်ရပ်ဆိုတာကို ပြည်သူတွေကို အသိပေးဖြန့်ဝေရင်း ကိုယ့်သိက္ခာကိုယ် မြှင့်တင်ကြရမှာပါ။ ရွေးကောက်ပွဲဝင်မပြိုင်ဘဲ ဘာဆက်လုပ်ကြမလဲဆိုတာကို ဆက်လက်ဆွေးနွေးသွားပါဦးမယ်။ ကျွန်တော်ဟာ မတရားမှုကို လုံးဝမလိုလားတဲ့ သာမာန်မြန်မာပြည်သူ တစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော့်လို သဘောထားရှိသူ တွေ အများကြီးရှိတယ် လို့ ယုံကြည်ထားပါတယ်။ လေးစားစွာဖြင့် အောင်Zatထူး
|
| လူမှုဆက် ဆံရေးကွာခြားရသနည်းနှင့် ပေးစာစုများ |
| ဘားအံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲအုပ်စိုးမင်း တဖက်နိုင်ငံသို့ထွက်ပြေးသွားမှု နှင့် ပတ်သက်ပြီး ဂယက်ရိုက်ခတ်လျှက်ရှိနှင့် ပေးစာစုများ |
|
မီဒီယာစွမ်းအား ဖြင့် စစ်အစိုးရအား တိုက်ပွဲဝင်ရေး နှင့် ပေးစာစုများ |
| မြ၀တီ-ကော့ကရိတ် လမ်းပေါ်ရှိ တံတားကျိုး စစ်ဆေးရေးဂိတ်ရှိဝန်ထမ်းများ အနှိုင်ကျင့်ငွေညစ်နေပုံ |
| ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများရဲ့ ကလေးငယ်များ၏ ပညာရေး |
| လိုင်စင်မဲ့ မြေတူးစက်(၂)စီးကြောင့် ဘားအံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမောင်မောင် အစစ်ဆေးခံရ?. |
| ဗီဒီယိုအခြေခံအဖွဲ့လုပ်ပုံက?. |
| မှုခင်းသတင်းထောက်ဆိုသူမှ ရဲအရာရှိများကို ကြောထောက်နောက်ခံပြုကာ ပြည်သူများကို ငွေညစ် နေခြင်း |
| တာချီလိတ်လ၀ကတွေချမ်းသာနေပြီ |
| မော်လမြိုင်မှနိုင်ငံတော်ငွေသိန်း၇၀၀ခန့်လိမ်လည်မှုကြီးမည်သူနဲ့သက်ဆိုင်သလဲ?. |
| မြ၀တီခရိုင်ရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် ရဲများ၏ လောင်းကစားဒိုင်များထံမှလာဘ်ငွေ တောင်းခံနေပုံ. |
| မြန်မာပြည် စစ်အစိုးရ မှ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်စားခြင်း ..... |
|
ကျောင်းအုပ်ဆရာကြီး ဦးတူးမောင်၏ လုပ်ငန်းစီမံချက်များ (2009-2010) |
| “ပြောချင်လို့ ” - |
| လှိုင်မြို့ နယ်မှာလည်း ညီတူညီမျှ ဓါတ်အား ရလို |
| နာကျင်မူများအတွက် အမှန်တရားပေးကြပါ |
| မြန်ပြည်အတွက်အနားသပ်မြေပုံတစ်ခုဖန်တီးခြင်း |
| မိတ္ထီလာမြို့တွင် ယာဉ်ထိန်းရဲများ လုပ်ပုံ ကဖြင့် |
| ဘီဘီစီသို့ ပေးစာ ၂ စောင် |
| ပြည်ပနိုင်ငံ တွင်လာရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ အမျိုးသမီးများမှာလုံခြုံ မှု မရှိ |
| လှိုင်မြို့နယ် ရဲစခန်းမှ အမူလိုက်အရာရှိဒုရဲအုပ် တင်မျိုးထွန်း ရဲ့  စားကွက် ဖန်ပုံ |
| အလုပ်သမားများမြန်မာပတ်စပို့လုပ်ရန်အခက်အခဲနှင့်ရင်ဆိုင်နေရပါသည်။ |
| ဂျင်ဝှက်ရဲ့  လက်ဆောင် |
| လိုင်စင်ရဓါးပြများအကြောင်း |
| လူမှောင်ခိုကုန်ကူးသူများထဲတွင် လ၀က၀န်ထမ်းအမျိုးသမီးများပါဝင်နေ |
| လူငါးယောက်ထက် |
| အပြစ်ရှိမရှိ သံသယရှိနေကြလို့ ဖြေကြားပေးပါဘုရား။ |
| ဒါဆိုကျုပ်တိုအဖွဲ့ က ဘာလဲ |
| ၊မြန်မာပြည်ဒီမီု ကရေစီအရေးမှာ ဗိုလ်ချုပ်လို ခေါင်းဆောင်တွေသိပ်ကိုလိုအပ်နေ။ |
| တပည့်ကောင်းမှ ခေါင်းဆောင်ကောင်း |
|
B S D F မှ ကျဆုံးသွားသောရဲဘော်များအား ဂုဏ်ပြုလွမ်းဆွတ်ခြင်း ( အာဇာနည်နေ့အမှတ်တရ ) |
| မြန်မာ့ အင်အားတရပ် လိုနေ |
| မိုက်ရိုင်းလာသည့် ပေးစာတစ်ဆောင် |
| စင်မြင့်မှာ တင်လို့မရလို့ ပို့လိုက်တာပါ။ |
| အဆုံးထိပြီးအောင်ဖတ်ပါ ... |
| မြန်မာ့ နိုင်ငံရေး ခေါင်းဆောင်ဆိုသူများ ခင်ဗျား |
| မြန်မာ ပြည်သူလူထုကြီးခင်ဗျား |
|
|