|
မြန်မာ့ရိုးရာနှစ်သစ်အတာသင်္ကြန်ပွဲတော်
နှင့် သက်ကြီးပူဇော်ပွဲအခန်းအနား
ဖိတ်ကြားလွှာ |

နှစ်စဉ်ကျင်းပမြဲဖြစ်သည့်
မြန်မာ့ရိုးရာနှစ်သစ်အတာသင်္ကြန်ပွဲတော်ကို
အောက်ပါ အစီအစဉ်အတိုင်း အစဉ် အလာမပျက်ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့်
မြန်မာပြည်သူပြည် သားတိုင်းနှစ်သစ်စိတ်ဓါတ် အပြည့်အ၀ဖြင့် ကျွန်တော်။
ကျမတို့နှင့်အတူ ပျော်ရွှင်စွာ
လာရောက်ဆင်နွဲကြပါရန်
ဖိတ်မန္တက ပြုအပ်ပါသည်၊
နှစ်သစ်အခါသမယတွင် ဂါရဝေါစ။ နိဝါတောစ မင်္ဂလာတရားနှင့်အညီ သက်ကြီးပူ
ဇော်ပွဲတရပ်ကိုလည်း ကျင်းပ မည်ဖြစ်ပါသဖြင့် သက်ကြီးမိဘများအား
ကျနော်။ ကျမတို့နှင့်
အတူတကွ လာရောက်ပူဇော်ကန်တော့ခြင်းဖြင့် မင်္ဂလာယူနိုင်ကြရန်လည်း
လေးစားစွာဖြင့် ထပ်ဆင့်- ဖိတ်မန္တ္တကပြုအပ်ပါသည်၊
သင်္ကြန်အခန်းအနားအစီအစဉ်
ကျင်းပမည့် နေ့ရက်၊
၊ ဧပြီလ။ ၂၅-ရက်နေဏ္ဍ။ ၂၀၁၀ (တနင်္ဂနွေ)
ကျင်းပမည့် အချိန်၊ ၊ မွန်းတည့်
၁၂း ၀၀ နာရီတိတိ။
ကျင်းပမည့် နေရာ၊ ၊ လာအိုဘုန်းကြီးကျောင်း
( 4695 State HWY 136
Amarillo, TX 79108
သက်ကြီးပူဇော်ပွဲအခန်းအနားအစီအစဉ်
ကျင်းပမည့် နေ့ရက်၊
၊ ဧပြီလ။ ၂၄-ရက်နေ့။ ၂၀၁၀
(စနေနေ့)
ကျင်းပမည့်အချိန်၊ ၊ နံနက် ၁၀း၀၀ နာရီတိတိ။
ကျင်းပမည့် နေရာ၊ ၊ မြန်မာဘုန်းတော်ကြီးကျောင်း
7301
Amarillo Blvd. E - Amarillo, TX 79107
-----
နှုတ်ခွန်းဆက်လွှာများ
ကျွန်မ မြန်မာပြည်က ငါးပိရေနှင့် တညင်းသီးအိုးစိမ်ရယ်။မျှစ်တာလပေါရယ်
မိသားစုနှင့်အတူ ဘယ်တော့များမှ စားရပါ့မလဲ။ မြန်မာပြည်လွမ်းလှပြီ။
မြန်မာပြည်သားအပေါင်း သန်းရွှေလက်မှ လွတ်မြောက်ပါစေ။
ကေသီအေး။ယော်ဗစ်
+++++++++++++
နှစ်သစ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲကြီး မြန်မြန်ပြီး ပီးတော့
တရားမျှတတဲ့ အစိုးရကောင်း အမြန်ပေါ်ပေါက်ကာ ပြည်ပရောက် မြန်မာ ပြည်သားများ နေရပ်
ဌာနေ အမြန် ပြန်နိုင်ကြပါစေ။ မိသားစုနှင့် ပျော်ရွှင်စွာ ဆုံစည်းနိုင်ပါစေ။
နေမင်းဇင်။ လီလီဟမ်းမား- နော်ဝေ
---
မြန်မာကောဇာသက္ကရာဇ် ၁၃၇၂ နှစ်အသစ်မှာ ပြည်တွင်း၊ပြည်ပ ရှိ
မြန်မာတို့ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပျော်ရွှင်နိုင်ကြပါစေ။
နော်လီမိုင်(နော်ဝေ)
------
၂၀၁၀ မှာ ကျရောက်မှာ ကျရောက်တဲ့ မြန်မာ နှစ်သစ်ဟာ ထူးမြတ်တဲ့
နှစ်သစ် ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာ ပြည်သားများအတွက် ထူးခြားတဲ့ ပြောင်းလဲမှဲ
ဖြစ်မယ့် နှစ်လည်း ဖြစ်ပါတယ်။ ၂၀၁၀ မှာ စစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်ဖို့
ကြိုးစား နေပါတယ်။အဲဒါရဲ့ ရလဒ်ကြောင့် မြန်မာနိုင်ငံမှာ
ပြည်သူအကျိုးဆောင်ရွက်မယ့် အစိုးရ တရပ်ပေါ်ပေါက်လာပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
ပြည်တွင်းစစ်ခံနေရတဲ့ ပြည်နယ်တွေ၊ တိုင်းရင်းသား လူမျိုးစုများ
ဖိနှိပ်ခံနေရမှုတွေ၊ မြန်မာ ပြည်သူပြည်သားများ စီးပွါးရေး၊ ကျန်းမာရေး၊ ပညာရေး၊
လူမှုရေး၊ အဖက်ဖက်က နိမ့်ကျ ကျပ်တည်းနေရမှုမှ လွတ်မြောက်ကြပြီး
အနာ၈တ်ပျောက်ရာမှ တိုးတက်မြင့်မားပြီး ဘ၀-အာမခံချက်ရှိသည့် နိုင်ငံသူ
နိုင်ငံသားများအဖြစ်သို့ ပြောင်းလည်းရောက်ရှိ လာကြပါစေလို့ နှစ်သစ်ကူး ဆုမွန်
များတောင်းပေးလိုက်ပါသည်။
ကမ္ဘာသူကမ္ဘာသားအားလုံးနဲ့ အတူ မြန်မာနိုင်ငံသူ
နိုင်ငံသားအားလုံး ကျန်းမာပျော်ရွှင်ပြီး အေးချမ်းသာယာစွာ
နေထိုင်နိုင်ကြပါစေလို့ ဆုမွန်ပြုလိုက် ပါတယ်။
သက်ထူးဇင်( အိုလီဆွန်း)
----
2010 နှစ်သစ်မှာ မြန်မာပြည်သူ လူထုတစ်ရပ်လုံး
စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ကျန်းမားခြင်းနှင့်အတူ ပြည်သူလူထုတစ်ရပ်လုံး
စစ်ကျွန်ဘဝမှ အမြန်ဆုံးလွတ်မြောက် ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
ကိုမျိုးသိန်း(ခရစ္စယန်ဆွန်း။နော်ဝေ)
++++
နှစ်သစ်မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ လက်တွဲ
ကာ စစ်အာဏာရှင် စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့ အတူလက်တွဲ ဆောင်ရွက်
နိုင်ကြစေကြောင်း နှစ်သစ် နှုတ်ခွန်း ဆက်သ တိုက်တွန်း အပ်ပါသည်။
ဦးဇော်ဝင်း( အင်အယ်လ်ဒီ -အယ်လ်အေ။ နော်ဝေ)
ယော်ဗစ်မြို့
++
မြန်မာနိုင်ငံမှ လူငယ်များအားလုံး
ပညာရေး လွတ်လပ်ခြင်း၊ အတွေးအခေါ် လွတ်လပ်ခြင်း၊ ယုံကြည်ချက်
လွတ်လပ်ခြင်းများနဲ့အတူ တိုးတက်သော အနာဂါတ် ဖန်တီးနိုင်သည့် မင်္ဂလာနှစ်သစ်
ဖြစ်ပါစေ။
နိုင်ဝင်း( ယော်ဗစ် နော်ဝေ)
--
ဒီနှစ်သစ်မှာ အားလုံး ကျန်းမာကြပါစေ။ သဘာဝ
ဘေးအန္တရာယ်များမှလည်း ကင်းကြပါစေ။
ကမ္ဘာသူ ကမ္ဘာသားများ အားလုံးကျန်းမာ ချမ်းသာကြပါစေ။
။လူအချင်းချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ.။
ဒီမိုကရေစီ မြန်မြန်ရပါစေ။ မြန်မာနိုင်ငံသားများ လွတ်လပ်စွာ
ပျော်ရွှင်နိုင်ပါစေ။ တန်းတူ အခွင့်အရေးများလည်း ရရှိပါစေ။
မတင်တင်မြင့်။ ယော်ဗစ်။ နော်ဝေ
----
လာမယ့်နှစ်သစ်မှာ မြန်မာပြည်သူပြည်သားများ အားလုံး
ကျန်းမာပျော်ရွှင်ပြီး လတ်လပ်တဲ့ နိုင်ငံကြီးမှာ ပျော်ရွင်န်ူင်ကြပါစေ.
လိုအင်ဆန္ဒ တွေ ပြီးပြည့်စုံပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး
ရောဂါဘယ ကင်းဝေးနိုင်ကြပါစေ။
နှစ်သစ်ကြီးကိုလည်း ၀မ်းသာစွာ ကြိုဆိုနိုင်ပါစေ။ ဆုတောင်း
ဆန္ဒပြုရင်း
နော်ဝေးမြေမှ -- နော်မူမူ
-----
အမိုးဆုတောင်းပေးချင်တာက လာမယ့် ဒီနှစ်
နှစ်သစ်ကူးမှာ မြန်မာ ပြည်မှာရှိတဲ့ တိုင်းရင်းသား ပြည်သူ လူထု အားလုံး
အဖိနှိပ် ချုပ်ချယ်ခံ ဘ၀မှ အမြန် လွတ်မြောက်ပါရန် ဆုတောင်းပေးရင်း
နှုတ်ခွန်းဆက်သပါတယ်။ ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ မြန်မာပြည်အကျဉ်းသား အားလုံး
အမြန် လွတ်မြောက်ပါစေလို့ ဒီအတာသင်္ကြန် နှစ်သစ် ကူးမှာ အမိုး
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
နော်ရု -Ruth -နော်ဝေ ။
----
အခုနှစ်သစ်မှာပဲ ဒေါ်အောင်ဆန်း စုကြည်နှင့်တကွ
မြန်မာပြည်အကျဉ်းသားအားလုံး အမြန် လွတ်မြောက်ပါစေ။ ဒုက္ခသည် စခန်းမှာ
ကျန်ခဲ့တဲ့ အမိုးရဲ့  သား-သမီးတွေလည်း ဒုက္ခတွေက လွတ်ကင်းမယ့် နေရာ။
အမိုးရှိတဲ့နေရာ အမြန်ရောက်လာနိုင်ကြပါစေ။ မြန်မာပြည်ရွေးကောက်ပွဲလည်း တရားမျှ
တပြီး အောင်မြင်ပါစေ။မြန်မာပြည်သားတွေလည်းကောင်းမွန်တဲ့ အစိုးရသစ်ရပါစေ။
နော်ချာရတီ။ နော်ဝေ
----
|