ကဗျာ ကဏ္ဍ

“ ရှင်သန်မြဲ ”

 


တမြေခြားမှာအိမ်လွမ်းစိတ်တွေ့ 
ကပိုကရိုနဲ့သေဆုံးနေခဲ့ရပေမယ့်
မတရားတဲ့အမိန်တွေကိုဖီဆန်ပြီး
ကိုယ်တိုင်ရွေးပြီးလျှောက်ခဲ့တဲ့လမ်းက
ဘ၀အတွေ့အကြုံတွေက
ယုံကြည်မှုတွေကိုဆက်လက်လုပ်ဆောင်ဖို့
အင်အားအပြည့်နဲ့ရှင်သန်မြဲ
သားလိမ္မာတို့ရဲ့ပန်းတိုင်
ကြမ်းတမ်းကာရီဝေနေပေမယ့်
မနက်ဖြန်တွေများစွာရှိနေသေးရင်တော့
မုချမသွေတနေ့မှာတော့ရောက်ရမယ့့်  ။


ဇာနည်မောင်

5-4-10

 

ကဗျာ ကဏ္ဍ

လိပ်တံဆိပ်ပေါက်တူး


သတိထားရင်း
တက်နင်းမိတဲ့
အချိန်မကိုက်ဗုံး
ချွေးတလုံးလုံးနဲ့ 
အသက်ဆုံးစေဆုံးတော့
သွေးမပျက်ခဲ့
စတေးခဲ့တာအမှန်
ပေါက်ကွဲသံဝုန်းဒိုင်း အထပ်ထပ်
ဖိနပ်ပါးပေါက်နေသူ
ဖနောင့်ပါး ကြေးနီမျက်နာနဲ့ 
ဝမ်းစာရှာနေသူတို့ ရင်ထဲ
သုံးရိုးမတို့ ရင်ခွင်ထဲ
အသံမစဲညံ
ဘ၀တွေ မီးလျှံကြားထဲမှာ။

စူးစူးရှရှ
ပြင်းထန်လှတဲ့
ပန်းကြွေရနံ့ တွေကြား
လင်းတကိုယ်သင်းနံ့ နဲ့ 
အစိမ်းရောင်အတ္တထွားထွားများ
သရဲသောက်တဲ့ဝိုင်အရက်နံ့ နဲ့ 
သွေးစုပ်ဖုတ်ကောင်များ
ကပ်ပြီးပလီတဲ့ ကပ်ပလီများ
အနားရောက်မှပြာတဲ့ အနားပြာများ
မျက်နာဖုံးစွတ်မျက်နာများ
ရောင်စုံဆေးမှင်ကြောင်မျက်နာများ
များသထက်များ
အရောင်တွေက
နက်သထက်နက်
အနီရောင်တွေဖြစ်ဖြစ်သွား
ကမ္ဘာ့အလယ်မှာထင်ရှားနေ။

အမေပြောတဲ့
ကျွဲအပါးစောင်းတီး
ဟိုလူကြီးအတွက်များလား
ပြည်သူတွေ
အခွင်အရေးတောင်းဆို
ရှာ(လျှာ)တိုနေပြီ
ဗျောက်အိုးဖေါက်တဲ့ရှာ(လျှာ)
ပြတ်ထွက်လာလောက်ရဲ့ ။

နယူတန်ရဲ့ 
သက်ရောက်မှု
ဘယ်ရာစုမှာ
ကျဆုံးသွားပြီလဲ(လည်း)
ယျဉ်ကျေးစွာတောင်းဆို
စနက်တကျတောင်းဆို
မေတ္တာဖြင့်တောင်းဆို
အပိုတွေလိုသဘောထား
မိုက်ရိုင်းပုံများ
ကမ္ဘာကကြားတယ်
ပြည်သူတွေကိုသနားတယ်။

ဒီမိုကရေစီနဲ့ ဖိလာ
စစ်အာဏာရှင်စနက်
ကိုယ့်ဖက်ကိုယ်ယက်
လိပ်တံဆိပ်ပေါက်တူးဖြစ်လို့ ။

ဒေါသရှုးရှုးရဲရဲ
လောဘဘီလူးသရဲ
အတ္တစွဲကြီးကြီးနဲ့ 
လိပ်တံဆိပ်ပေါက်တူးဖြစ်လို့ ။

ရှေးလူဆိုစကား
ဘနဖူးသိုက်တူး
ရသမျှအကုန်တူး
ရောရုဝ အရောက်တူး
လိပ်တံနဲ့ ဆိပ်ပေါက်တူး
အာဏာရူးတွေ။

(လိပ်တံဆိပ်ပေါက်တူး) လူထုစကားလုံးဖြစ်ပါတယ်။
လိပ်နဲ့ ပေါက်တူးများဟာကိုယ့်ဘက်ကိုယ်ယက်ကြတဲ့သဘောသဘာဝရှိနေ လို့ ဖြစ်ပါတယ်။

မင်းတာရာ

၃၀။၃ ။၂၀၁၀

 
 

ကဗျာ ကဏ္ဍ

သွေး


တချိန်က
တိုင်းတပါးနယ်ချဲ့ 
ကျွန်ပြုခဲ့လို့ 
အဖိုးအဖေ တို့ ဟစ်ကြွေး
ဗမာ့သွေး
ဗမာ့ဓါး
ညီညွှတ်အားနဲ့ 
သခင်မျိုးဟေ့ ဒို့ ဗမာ
ကျွန်ပြုသူမှန်သမျှ
တော်လှန်ပြစ်ကြ။



သားစဉ်မြေးဆက်
ကျွန်မဖြစ်ရေး
ဗမာ့သွေးတွေ
ရဲရဲပြခဲ့
ရဲရဲတောက်သမိုင်းရေးခဲ့
ရာဇ၀င်တွင်ခဲ့
ကမ္ဘာကထောပနာပြုခဲ့
ဂုဏ်အနဂ္ဂအမွေပေးခဲ့
ကျေးဇူးပါပဲ အဖိုးအဖေတို့ ။

ခုအခါ
ကျုပ်တို့ ဗမာတွေ
နိုင်ငံတကာမှာကျွန်ပြုခံရ
ဘ၀တွေကမဟန်ကြ
လူစင်စစ်က
နိုင်ငံခြားပို့ ကုန်တွေဖြစ်ရ
ကျွန်ဖြစ်ရ
----ဖြစ်ရ
----ဖြစ်ရ
ဖြစ်မှဖြစ်ရပလေ
တို့ ဗမာတွေ။

ကြည့်လေ
တရားမ၀င်တဲ့
အစိုးရဆိုတာတွေက
တရားဝင်ပြည့်သူ့ ဆန္ဒအရ
ရွေးကောက်ပွဲအနိုင်ရသူတို့ ကို
ဗြောင်ကျအနိုင်ကျင့်
လက်နက်ပြခြိမ်းခြောက်
သူတို့ အသက်မပျောက်ဘို့ 
ညစ်ပုံများ
နိုင်တော်ကိုမတရား
လုယူထားသူများက
ငါ့နိုင်ငံတော်ဆိုပြီး
တခြမ်းကပ် ဥပဒေတွေဇွတ်ထုတ်
ဒါအဟုတ်ပဲလို့  ဘယ်လို------မလဲ။

 



ဒီမိုကရေစီ
ရေကြည်တပေါက်
စမ်းသောက်ဖို့ တောင်
လမ်းမဖြောင့်တဲ့
စစ်အာဏာရှင်စနက်
လူ့ အခွင့်ရေးဆိုတဲ့ပန်း
နုတ်ခမ်းမှာပွင့်ရင်တောင်
အကျဉ်းထောင်နဲ့ ညားရ
ဆိုးလှတဲ့
စစ်အာဏာရှင်အောက်က ဘ၀တွေ။

မင်းတာရာ

22-3-2010

 

ကဗျာ ကဏ္ဍ

ကန့်ကွက်ကြစို့လား


ဘယ်သုမှန်လဲ ။ဘယ်သူမှားလဲ

ပုစ္ဆာ တပုဒ်ကို အဖြေထုတ်သလို

တဖြည်းဖြည်းတွေးရင် တရေးရေးမြင်လာ

 နအဖဟာ

ပြည်သူကို လစ်လျှူရှု့

သေနတ်ကိုအဖော်ပြု

နာဂစ်ကိုအကြောင်းပြ မဲလိမ်ခဲ့ကြတာ

မှတ်မိပါသေးတယ်။

 

 

 

လာပြန်ပေါ့ ၂၀၁၀

နအဖရဲ့ဗျူပာာ မူယာတွေအပြည့်နဲ့

ဝန်ထမ်းတွေကို လစာတိုး

မတိုးခင်စပ်ကြား  မြင့်တက်လာတဲ့

ကုန်ဈေးနှုန်းကြားမှာ ပြည်သူတွေဒုက္ခရောက်နေရတယ်။

မညီမျှတဲ့လုပ်အားခကြားမှာ

အရင်းရှင်က ဂုတ်သွေးစုပ်

နအဖက လက်ဝါးကြီးအုပ်

တနေ့ဝမ်းစာမှန်ဖို့

ရုန်းကန်နေရတဲ့ တို့ပြည်သူတွေ

စားဖို့တောင် အနိုင်နိုင်

အဝတ်အစားက

ကျောင်းသင်ခန်းစာထဲကလို

အစုတ်ကယ်တရာ အဖာက ဗရဗျစ်

ရေသည်ပြဇာတ်ထဲကလို ပြည်သူတွေ

ဆင်းရဲမွဲတေနေကြတယ်။

 

နအဖဟာ

ဒါတွေကို အလေးမထား

တင်းကျပ်တဲ့စည်းမျဉ်းတွေထား

ကလေးကလား ရွေးကောက်ပွဲ

ဒုတိယမ္ပိ မဲလိမ်ပွဲ

ထပ်ဆင်နွှဲဖို့သူတို့ပြင်ဆင်နေပြန်ပြီ။

 

နအဖရဲ့ မပာုတ်မပာတ် လုပ်ဇာတ်ကြားမှာ

အလုပ်သမားတွေရဲ့ တိုက်ပွဲခေါ်သံက

၂၀၁၀မှာ ပဲ့တင်ထပ်

တင်းကြပ်မှု့ကြားက ဆန္ဒပြပွဲတွေ

စက်ရုံတွေအနှံ့ ပြန့် ခဲ့ပြီ။

 

 

နအဖက

ဒါတွေကိုလည်းဂရုမစိုက်

မင်းဆိုးမင်းညစ် ပီသစွာ

ရှေ့ ဆက် မိုက်ကန်းတော့မယ်။

 

ဒါ့ကြောင့် ဒို့ ပြည်သူတွေ

အမှန်တရားအတွက်တိုက်ပွဲဝင်ဖို့

ခေတ်စနစ်တွေ ပြောင်းစေဖို့

မာယာများတဲ့၂၀၁၀ရဲ့ မဲလိမ်ပွဲကို

ကန့်ကွက်ကြစို့လား……………………………………..

 

(ညီမင်းထက်)

၁၄။၃။၂၀၁၀

 
 

ကဗျာ ကဏ္ဍ

ဘ၀လှောင်အိမ်ထဲကငှက်များ


၂၀၁၀
ဖေဖေါ်ဝါရီ ကိုး အဖြစ်အပျက်
လှိုင်သာယာဖက်မှာ
ပျက်လုလုဘ၀တွေကို
ရဲရင့်တင်းတင်းဝတ်ဆင်ပြီး
ယိုင်နဲ့ ကျိုးပဲ့နေတဲ့
ဘ၀လှေကားထစ်တွေတက်ဖို့ 
အာဏာရှင်စစ်သေနတ်နဲ့ 
အကျဉ်းထောင်ကိုအံတု
အမှောင်ထုကိုထိုးခွဲ
ရင့်ရဲစိတ်ဓါတ်နဲ့ 
ရသင့်တဲ့ အခွင့်အရေး
ဟစ်ကြွေးတောင်းဆိုသူတွေ။
 


စိတ်ဓါတ်သာအင်အား
မျော်လင့်ချက်များနဲ့ 
ဒုတ်ဒါးမပါ အလုပ်သမတွေ
ပိန်ချိုင့်နေတဲ့ ထမင်းချိုင့်များနဲ့ 
တချို့ ကြက်ဥတစိတ်နဲ့ ဆား
တချို့ ဆီမဆမ်းနိုင်တဲ့ပဲပြုတ်ကြမ်း
တချို့ ငံပြာရည်ကျဲကျဲနဲ့ တို့ စရာမဲ့ထမင်းချိုင့်
ဘ၀ကိုမောဟိုက်စွာဖြတ်သန်း
ခက်ခဲပင်ပန်းတဲ့ကြား
ကုမ္ပဏီရမ်းကားတွေရဲ့ 
သွေးစုတ်မှုလက်အောက်
ပြည်သူတွေငါးပါးမှောက်
မှောက်မှောက်ပျောက်ပျောက်
ကိုယ့်အမျိုးလောက်ကြည့်သူ
စစ်အုပ်စု အုပ်ချုပ်သူတွေ
မျက်လုံးဒေါက်ထောက်ကြည့်ရင်း
ဓနရှင်မင်းအတွက်
ပြည်တွင်းဖြစ်ဒိုင်းလွှား
လက်နက်ယန္တရားကြီးငယ်
မီးသတ်ကားတွေသယ်သွား။

အလို ဘုရားဘုရား
သံဃာမဟူ စိမ်းဖြူ
ဘယ်ပြည်သူကိုမှမရှောင်ပဲ
လက်ရ ဇက်ရဲ သတ်ရဲသူတွေ
ဘုရားအဆူဆူ
ခေတ်အဆက်ဆက်
နိုင်းယှဉ်ချင့်ရင်
အာဏာရှင်ခေတ်
နံပါတ်မှတစ်
အာဏာရှင်ပါးကွက်သားတွေ
သမင်တအုပ်ကို ကျားတအုပ်ဝိုင်းသလို။

 



အခြေခံ အခွင့်ရေး
တောင်းဆိုသူ အလုပ်သမများ
ရှင်သန်ခြင်းအတွက်
ယှဉ်ပြိုင်ခြင်းမဖက်
တောင်းဆိုခြင်းသက်သက်
အာဏာစက်နဲ့ ဖွဲ့ စည်းတည်ထောင်
ဆင်းရဲလှတဲ့လူ့ ဘောင်
ဘ၀လှောင်အိမ်ထဲက
ငှက်ကလေးများသာ
သူတို့ ဟာ
တိုင်းပြည်ရဲ့  အသွေးအသား
တိုင်းပြည်ရဲ့  စက်မှုယန္တရား
တိုင်းပြည်ရဲ့  အနာဂါတ်အင်အား
တိုင်းပြည်ရဲ့  ရတနာများ
တိုင်းပြည်ရဲ့  မိခင်လောင်းများ
စဉ်းစားတတ်သူတို့ များဆိုလျှင်။
မင်းတာရာ
ပေးပို့သူ---Mg Thounnja

 

ကဗျာ ကဏ္ဍ

    “ရွှေ့ပြောင်းနိုင်ငံရေးသမားများသို့......”--၀င်းလတ်


စောလူးမင်းလို ဥာဏ်တစ်ထွာလောက်နဲ့
ပြည်သူအပေါ် သစ္စာမဖောက်နဲ့....။



အသပြာ၊အခွင့်အရေး
ကိုယ်ကျင့်တရား ကို ဒုက္ခပေးသတဲ့။

မရှိတာထက် မသိတာခက်
စိတ်ဓါတ်ပျော့ညံ့ချက်
မုဆိုးရဲ့ လှည့်ကွက်။

ဂန္ဒီလိုပဲ တိုက်တိုက်
အလံနီလိုပဲ တိုက်တိုက်
ခေါင်းဆောင်ကောင်းတို့ရဲ့ နောက်လိုက်
ဘယ်တော့မှ လမ်းမှား မလိုက်။

မိုင် သောင်းချီ ပန်းတိုင်ကွာဝေးပစေ
အဖိုး လိုသတ္တိ မွေး
အမေ့ လိုသတ္တိ မွေး
သံဓိဌာန် မှတ်ကျောက်တင် ခံနိုင်ရေး
အဖျက်သမားတွေ ဘေးဖယ်။
 


တစ်လှေထဲစီး
တစ်ခရီးထဲသွား
ညီညွတ်တဲ့အင်အား
အစိမ်းရောင် အပုတ်ကောင်တွေကြား
ကျဆုံးမသွားစေနဲ့။

ဘေးကပဲ လှည့်တိုက်တိုက်
ထက်ခြမ်းကွဲအောင်ပဲ ရိုက်ရိုက်
ခွပ်ဒေါင်းတို့ အသိုက်
ဘယ်တော့မှ ခေါင်းမငိုက်။

ခိုင်မာတဲ့ တွဲလက်တွေနဲ့ တည်ဆောက်
တူညီတဲ့ ယုံကြည်ချက်နဲ့ အတူလျှောက်
ဒေါင်းအလံအောက်
သစ္စာရေအတူ သောက်ခဲ့ပြီးမှ
စောလူးမင်းလို ဥာဏ်တစ်ထွာလောက်နဲ့
ပြည်သူအပေါ် သစ္စာမဖောက်နဲ့။

ဝင်းလတ်
၁။၃။၂၀၁၀

 

ကဗျာ ကဏ္ဍ

       အန္တိမ ဆုတောင်းခန်း--ဒေါင်းနီ

 



ဘဝ ဆက်တိုင်း
လွတ်လပ်ခြင်း
တရားမျှတခြင်း
တန်းတူညီမျှခြင်း
ငါ့မြေ ငါ့ရွာ
ငါ့တိုင်းပြည်မှာ
နှစ်ခြိုက်ပီတိဖြစ်စွာ ရလို၏၊

လူပြန်ဖြစ်တိုင်း
တာဝန်ကျေခြင်း
သစ္စာတည်ခြင်း
သိက္ခာမြဲခြင်း
ငါ့သွေးသောက်များ
အမိနိုင်ငံတော်မှာ
နှစ်ထောင်းအားရ ပိုင်လို၏၊

ခန္ဓာရှိတိုင်း
စွန့်လွှတ်ခြင်း
ပေးဆပ်ခြင်း
ပံ့ပိုးခြင်းများ
တမြေတည်းဖွား
တရေတည်သောက်
တမိုးအောက်ထဲ
နွေးထွေး ဝေမျှ ပေးလို၏၊

သွေးလည်ပတ်တိုင်း
ကျေးဇူးသိတတ်ခြင်း
ဦးညွတ် ဂါရဝပြုခြင်း
စောင့်ရှောက် ကူညီခြင်း
ဒို့မိ ဒို့ဖ
ဒို့ဆရာတို့အား
ကြည်နူး ဝမ်းမြောက် အပ်လို၏၊

အတွေးဝေတိုင်း
တွဲလက်ခိုင်ခြင်း
ဖေးမစာနာခြင်း
ပြန်လှန် ပေးဆက်
ငါ့သက်ထား
ငါ့ရောင်းရင်း
ငါ့မိတ်ဆွေတို့အား
ယုံကြည် လေးစား သွားချင်ပါ၏။

ဒေါင်းနီ
ဝ၉-၁၉-ဝ၉။

 

 

ကဗျာ ကဏ္ဍ

မော်ဒန် ဒေါင်းဋီကာ--လူဗိုလ်

 

ဒေါင်းတော့ ဒေါင်းပဲပေါ့
မင်းက့ 
ခွပ်ဒေါင်းလား
ကဒေါင်းလား
စုဘူးဒေါင်းလား
ကောက်ရိုးဒေါင်းလား
စက္ကူဒေါင်းလား
ကော်ပတ်ရုပ်ဒေါင်းလား
စက်ရုပ်ဒေါင်းလား
ကြိုးဆွဲရုပ်ဒေါင်းလား
ကစားစရာဒေါင်းလား
ကြွေရုပ်ဒေါင်းလား
ရတနာစီချယ်ဒေါင်းလား
ဒေါင်းယောင်ဆောင်တဲ့ ကျီးပဲလာ့း့ 


 
ဒီနေရာမှာ
တန်းတူမှုတွေ ခေတ်မစား
တန်ဖိုးချင်းတော့ ကွာလိမ့်မယ်။        ။


လူဗိုလ်

 
 

ကဗျာ ကဏ္ဍ

ထာဝရ-( ဒေါင်းနီ)

 



 

ငါ တော်လှန်လမ်းကို အလျားလိုက်ကူး

နိုင်ငံကိုလည်း ရင်ထဲဆွဲသွင်းချင်

နောင်တမဲ့ တောင်ပံဖွင့်လွင့်လို့ 

အမနာပလေထန်လည်း

အညံခံပြန်လှည့်ရိုး မရှိ

 

ငါ့ရဲ့ပြာမှုန် လေဟုန်ထိုးဖောက်

အာကာယံထက် ကပ်ငြိတွဲ

ကြိုပြီးလမ်းခွဲ လွင့်ခဲ့လည်း

ဖြစ်တည်ရာ နေရာတိုင်း

သမိုင်းကြွေးကို မှတ်ထားမိ

 

ငါ့ တိုက်ပွဲဖော် အမှောင်ရိုက်ချိုး

နံရံတွေတောင် ရိုကျိုးဝပ်တွား

သွေးအောင်လံ တလွင့်လွင့်တိုး

ကမ္ဘာတရိုး မျိုးဆက်စိုက်ကာ

ဝိညာဉ်ရှိသရွေ့ အာခံနေပါ၏။

 

ဒေါင်းနီ

ဝ၉-ဝ၉-ဝ၉

------------------------

ခရီးသည်

 

မြို့ပျောက်
တောမှောက်
နောက်ကျသော အိပ်မက်လမ်း
ဇရာလမ်းမှာ ကျန်နေ …၊

ကြက် မမော
ယာ မညက်
အပြန်ခက်သော အိမ်လွမ်းခန်း
လက်ကျန်ရက်တွေ နည်းနေ …၊

ဆေး မပေး
မီး မယူ
ဖော်မဲ့ အပူ ကျွမ်းလောင်စမ်း
ပျံသန်း ထိုးဖောက် ရင့်မာနေ။ ။

ဒေါင်းနီ
ဝ၉-ဝ၁-ဝ၉

--------

 ထာဝရ-( ဒေါင်းနီ)

ငါ တော်လှန်ရေးကို အလျားလိုက်ကူး

နိုင်ငံကိုလည်း ရင်ခွင်ထဲ ဆွဲသွင်းချင်

နောင်တမဲ့ တောင်ပံ ဖွင့်လွှင့်လို့ 

  အမနာပ လေထန်လည်း

အညံ့ခံ လှည့်ပြန်ရိုး မရှိ -----။

 

 

ငါရဲ့  ပြာမှုန် လေဟုန်ထိုးဖောက်

အာကာယံထက် ကပ်ငြိတွဲ

ကြိုပြီး လမ်းခွဲ လွှင့်ခဲ့လည်း

ဖြစ်တည်ရာ နေရာတိုင်း

သမိုင်းကြွေးကို မှတ်ထားမိ----။

 

ငါ့ တိုက်ပွဲဖော် အမှောင်ရိုက်ချိုး

နံရံတွေတောင် ရိုကျိုးဝပ်တွား

သွေးအောင်လံ တလွင့်လွင့်တိုး

ကမ္ဘာတရိုး မျိုးဆက်စိုက်ကာ

ဝိဥာဉ်ရှိသရွေ့  အာခံနေပါ၏။

ဒေါင်းနီ---၀၉-၀၉ ၀၉

 

 

ကဗျာ ကဏ္ဍ

မုဆိုးနားနီး -( မင်းတာရာ)

 

 

ကျွမ်းကျင်ရက်စက်

လူသတ်လက်ဖြင့်

ထုဆစ်ရုပ်ပုံ

ဆေးရောင်စုံစွက်

ဘယ်သို့ ပျော့ပျောင်း

မင်းကောင်းသားလှ

ရကောင်းမည်နည်း။

 

        မင်းတာရာ

 
 

ကဗျာ ကဏ္ဍ

 ကဗျာမဟုတ်တဲ့ကဗျာ -(မောင်စုနိုင်)


ကျုပ်ကဗျာ မရေးတတ်ဘူး
အခု.......
ရင်ဘတ်က...............ဒေါသတွေ
ရင်ဘတ်က...............အငြိုးတွေ
ရင်ဘတ်က...............အမုန်းတွေ
ကျုပ်ကိုယ်တိုင် ချုပ်သီထားတဲ့
ဒီဝတ်ရုံဝတ်ဆင်လို့
စာရွက်အဖြူရောင်ပေါ်
ပေါက်ခွဲပစ်ထုတ်လိုက်တယ်...........................

ခင်ဗျား စဉ်းစားကြည့်
ဘယ်တော့မှဆေးကြောသုတ်ဖျက်လို့မရတဲ့
သမိုင်းကြောင်း အတွင်း ဒဏ်ရာ
အားလုံး ရင်ထဲမှာရထားကြရတာ
ဒါကို ခင်ဗျားမေ့ထားနိုင်မလား ...........................
'' ၈၈'' က စခံစားရတယ်ဆိုတာထက်
ဟိုး.........''နေ၀င်းအိမ်စောင့်ခွေး'' လက်ထက်ကစရင်
ပိုမှန်လိမ့်မယ်................



ဟိုး......အရင်တုန်းက......
ကျုပ်တိုဗမာ ပြည်ကို
လွတ်လပ်ရေးရဖို့ ..... ကြိုးစားခဲ့ကြရသူတွေ
အသက်သွေးနဲ့ .......ရင်းနှီးခဲ့ကြရသူတွေ
အခုအချိန်မှာ .............
ကျုပ်တို့ဗမာပြည်ကို
ကြိုးနဲ့တုတ် ......မုန့်ဖတ်ထုပ်လုပ်ပြီး
ချောက်ထဲပစ်ချထားတဲ့သူတွေ
စိတ်ထင်ရာ ခေါင်းစီးတွေတပ်
ယုတ်မာ ကောင်ကျစ် ဘီလူးဇာတ်ခင်း
ဇွတ် အတင်း လည်စင်းခိုင်းထားသူတွေ..
အနာဂတ်အတွက်
ကျုပ်တို့ဗမာပြည်ကို နောက်ထပ်လွတ်လပ်ရေးရဖို့
နှလုံးသွေးနဲ့...........ရင်းနေတဲ့သူတွေ
နှလုံးသွေးတွေ.........ပုံအောထားရစ်ခဲ့ ကြရသူတွေ
အဲဒါတွေ............................ကို
ရုပ်ရှင်ပိတ်ကားပေါ် တင်ပြခွင့်ရရင်
ခင်ဗျား............... ဘယ်လိုခံစားမလဲ.................

 



ဒါ.... ခပ်ပါးပါးလေးပါ မိတ်ဆွေ
ဗမာပြည်ရဲ့ တံခါးဝကို လှပ်ကြည့်လိုက်ပါ
သိပ်ပုလို့................သစ်ပင်ရိပ် ရှာဖွေနေရသူတွေ
သိပ်အိုက်လို့..........ကွပ်ပျစ် ရှေ့ ထွက်ထိုင်နေရသူတွေ
အမှောင်ကျနေလို့........ဖယောင်းတိုင်ပြေးဝယ်နေသူတွေ
ဝမ်းရေးအတွက်...........လွမ်းဖို့ခက်နေတဲ့သူတွေ
မိသားစု အရေးအတွက်.......ဗျာများနေကြရတဲ့သူတွေ
..........အတွက်................................ကြရသူတွေ
..........အတွက်................................ကြရသူတွေ
..........အတွက်................................ကြရသူတွေ
ဒုနဲ့ဒေး...................ဒုနဲ့ဒေး.......ပါဘဲ

ကျုပ်တို့ အမြတ်တနိုး ရင်ဝယ်အပ်ထားတဲ့
မြတ်ဗုဒ္ဓ သာသနာ
မြတ်သံဃာတော်တွေတောင်
သင်္ဃန်းချုံ..........့.....လုံပါပေ့လို့တောင်
ဆိုရမလို..............
တော်လိုက်တဲ့.............ယုတ်မာမှုတွေ
နသေ(နွားသေ) ကြိုးတုပ်
တုပ်တုပ်မှ မလှုပ်နိုင်အောင်
အာဏာသွေးနားထင်ရောက်
စစ်ခွေးဘီလူးတွေရဲ့ လက်ချက်ကြောင့်ဆိုတာ
ခင်ဗျားမေ့ထားမလား.......................

နောက်တခု ..............
ကမ္ဘာရွာရဲ့ တံခါးဝ လှပ် ကြည့်ဦးမလား
အဒီကမ္ဘ့ာ့ရွာထဲမှာတော့
တကယ်လူနေမှု ဘ၀တွေပိုင်ဆိုင် ကြတယ်
တချို့ တွေ .....ဂြိုလ်ရံတွေပေါ် ခြေချဖို့ ကြိုးစားနေကြတယ်
တချို့ တွေ.....ကမ္ဘာဂြိုလ်ကြီးကို ကာကွယ်ဖို့ ညှိနှိုင်း ဆွေးနွေးနေကြတယ်
တချို့ တွေ.....တိရစ္ဆာန်တွေ ကိုတောင် ဂရုစိုက်နေကြတယ်
တချို့ တွေ..... ကမ္ဘာဂြိုလ် သမိုင်းစာမျက်နှာ
ပြန်လှန်ရှာဖွေ ......စမ်းသပ်နေကြတယ်
တချို့ တွေ........တချို့ တွေ
သတ်ပုံမှန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်နေကြတယ်

 



ကျုပ်တို့ဗမာ ပြည်မှာတော့ ...................
ကျုပ်ကဗျာ မရေးတတ်ဘူး....................
အခု ....................................
ရင်ဘတ်က ...........ဒေါသတွေ...........
ရင်ဘတ်က ...........အငြိုးတွေ...........
ရင်ဘတ်က...........အမုန်းတွေ...........
ကျုပ်ကိုင်တိုင် ချုပ်သီထားတဲ့.........
ဒီဝတ်ရုံ ၀တ်ဆင်လို့......
စာရွက်အဖြူရောင်ပေါ်.....
ပေါက်ခွဲ ပစ်ထုတ်လိုက်တယ်
ဒါကျုပ်တို့ ဗမာပြည်အတွက်
ရွှေဝါရောင် အနာဂတ်တောက်ပဖို့ ဘဲ
သတ်ပုံမှန်တဲ့ အနာဂတ်တွေ ပိုင်ဆိုင်ဖို့ ဘဲ
''၂၀၁၀''ခုနှစ်ရဲ့...................................
ရှေ့ပြေး တမန်တော်လည်းဖြစ်တယ်
ရဲရင့်သောသူရဲကောင်းတို့ ......................
ကျုပ်ကဗျာမရေးတတ်ဘူး....................
ကျုပ်ကဗျာလည်း မဆုံးသေးဘူး...............................

မောင်စုနိုင်
၀၁၆-၉၅၈ ၁၃၅၅(ခေတ္တ မလေးရှား)

 
 

ကဗျာ ကဏ္ဍ

မင်းတို့ အတွက်-(မင်းတာရာ)

 

သူပိုင်တယ်ထင်တဲ့ကောင်းကင်ကို
ကြယ်တပ်သားတွေက
အမျိုးမျိုးဖန်ဆင်း
သေနတ်သံကြးထဲက
ဘယ်တော့မှမရတဲ့နောင်တတွေနဲ့ 
အမှန်တရားကိုချစ်မြတ်နိုးနေတဲ့သူတွေ။

လေကြမ်းမြေကြမ်း
မုန်တိုင်းရဲ့ လမ်းကြောင်းပေါ်
ဗြမ္မာစိုရ်တရားကိုအဖေါ်ပြုရင်း
လေအသင့် ရာသီတဖွဲ့ မှာ
လင်းတလှဲ့ မလင်းတလှဲ့ 
ပေါ်တလှဲ့ မြုပ်တလှဲ့ 
ဇွဲအထပ်ထပ်နဲ့ ပွင့်တဲ့ ပန်းကြာဖြူ။

 



တိမ်မြူမဲ့ကင်း
ငြိမ်းချမ်းခြင်းလမင်းအရောင်
မွတ်သိမ့်ဆာလောင်နေ
အသိန်းအသန်းပြည်သူတွေ။


ငြိမ်းချမ်းရေးလရောင်အတွက်
တိမ်မဲကွက် တိမ်တောင်တွေအား
မောင်းထုပ်လှဲကျင်းဖို့ 
ငါနဲ့ ငါတို့ မုန်တိုင်းဖြစ်ရမယ်
ငါ့ရင်ဘတ်ထဲ
မုန်တိုင်းနီမွေးဖွါးဆဲလေ။

မင်းတာရာ
မိုးတောင်စခန်း(တပ်ရင်း၂၀၃)ရဲ့ ရဲဘော်

 
 

ကဗျာ ကဏ္ဍ

 အဆက်ဆက်-( ဇွန်မိုးသစ်)

 


ကြီးကောင်ကြီးမားကျမှ
ရေးလက်စ
တွေးလက်စ
ပြောလက်စတွေကို
စာရင်းချကြည့်တော့
အမယ်မယ်
နှစ်ဆယ်နှစ် နှစ်ဆယ်မိုးတောင်မကတော့ဘူး။

ဒိုင်းကိုယူမှာလား
ဓားကိုယူမှာလား
တစ်ခုပဲရမယ်
အဓမ္မကိုယူမှာလား
ဓမ္မကိုယူမှာလား
တစ်ခုပဲရမယ်
သစ္စာတရားဟာငါတို့အိမ်ရာ
ယုံကြည်ချက်က ကမ္ဘာ။

ဆယ်ကျော်သက်တွေအရွယ်ရောက်တာ
သူ့ ကိစ္စ
အဲဒါနေပျော်တဲ့ကိစ္စ
သားသတ်သမားရဲ့ သွေးကိုမြင်တာ
ငါ့ကိစ္စ
အဲဒါသေပျော်တဲ့ကိစ္စ။

သူငယ်ချင်းများ...
မိုးဆီကိုပြေးရင် မြေနဲ့ဝေးတတ်ရဲ့
မိုးကိုပဲလှမ်းလှမ်း
မြေကိုပဲထမ်းထမ်း
လေးလေးပင်ပင်။ ။

ဇွန်မိုးသစ်

ဇွန်မိုးသစ်

 

 
 

ကဗျာ ကဏ္ဍ

 ခရီးရှည်ရဲ့တောင်ပံများ--( ဇွန်မိုးသစ်)

 

ပြန်မလာနိုင်တဲ့သူတွေရဲ့အကြောင်းကို
အိပ်တန်းဝင်စောတဲ့ငှက်တွေကို မေးကြည့်လို့မရဘူးလေ။

အဆီးအတားတွေက
နီးရာဓားဖြစ်ခဲ့လေပြီလား။
ကိုယ့်သွေးနဲ့ကိုယ်စည်းရိုးကာခဲ့
သူရူးသူမိုက်တို့ကို
ဂုဏ်တော်တစ်ထောင်နဲ့တိုက်ရတာလည်း
မတန်လှပါဘူး သူငယ်ချင်းတို့ ရယ်။



ကဲ ဒါဆိုဘယ်လိုလုပ်မလဲ
ပြုသူတွေသစ်ခဲ့ပေမယ့်
ဖြစ်သူတွေ မဟောင်းခဲ့ပြန်ဘူး။
ဟိုးတုန်းကတော့
ယုံကြည်ချက်ဆိုတာ
နှလုံးသားထောင့်ချိုးမှာ လူလစ်တုန်းကပ်ခဲ့တဲ့ စာတစ်ရွက်။
ခုတော့
သွေးအဟုန် အဆက်ဆက်။

ထက်မြက်ရိုးရှင်းမှုတွေကို
ကမ္ဘာမကြေ ကြေကွဲမှုတွေနဲ့
နာနာကျင်ကျင် ဘယ်လောက်အထိ တိုင်းတာနေရဦးမှာလဲ။
အောင်ပွဲဟာ မှော်ရုံတောက အိပ်မက်မှ မဟုတ်တာ
ရန်သူဟာ အားမနာတတ်ဘူးလေ။

ငါတို့ အိပ်တန်းဝင် စောရင်တော့
အနာဂတ်ဟာ အမှောင်မှာနိုးလိမ့်မယ်
ကာလရှည်။

ဇွန်မိုးသစ်

 

 
 

ကဗျာ ကဏ္ဍ

ဆန္ဒနှင့် ဖြစ်တည်မှု--ဒေါင်းနီ

 

 

 

သမိုင်း--------
ထပ်တူ ပြုစရာ ဘာဆိုဘာမှမရှိ
အကြိမ်ကြိမ်သာ တသဂုဏ်ပြုရ
ဘ၀ က တစ်ခါသာ ကခွင့်ပေးပေမယ့်
မျက်ရည်မခန်း လွမ်းခဲ့နှစ် တာရှည်ခဲ့ ။
ပြကွက်--------
အတ္တပြည့်လျှံ မိစ္ဆာလမ်းမ ရိုင်းတွေ
ပြည်တော်သာအလင်း မှိန်ဖျော့မှုန်ဝါး
ဓါးသွားထက်ပျားရည် ခိုးလုလျှက်လျှာများ
စည်းတား ယုံကြည်ချက် ဖိသွေးလက်များရှိနေ။
နိမိတ် --------
ကျေးလက်ရင်ဘတ်က ရုန်းကန်နိုးထ
ဖြတ်ကနဲ ကြွေခတဲ့ နောင်ရိုးရဲဘော်တွေ
သံလွင် ဒေါန ရင်ငွေ့ နဲ့  ရှင်ပြန်တောက်ခေါက်
ကျည်သစ်ပေါက်သံ ကမ်းဆင့်ဆက်ဝေ ။
မှတ်တမ်း--------
ရဲဘော်တို့ ရဲ့  ကျေးဇူးတော်နေ့ 
တမြေ့ မြေ့  ကြေကွဲစွာလာခဲ့
နိုင်ငံတော် ဂုဏ်သိက္ခာ စည်းကမ်း
စို့ နင့်ကြိတ်ရှိုက် ပုံရိပ်တွေ တွဲအိပြိုလာ
သစ္စာဆို အလေးပြု အမျှဝေရင်း ကြွေ။
မှတ်ချက် --------
သောကဒဏ်ရာစုံနဲ့  လက်ကျန် အာခံငှက်များ
မျိုးဆက်တောင်ပံ မိုးလုံးသိမ့်သိမ့်ခတ်
မပြီးပြတ်ကြွေးဟောင်း တိုးရင်းပေါင်း တောင်း
နှောင်ကြိုးမဲ့ စွန့် လွှတ်ခြင်းတွေ လင်းလက်နေ ၊ ၊

၁၁-၁၅-၀၉
( မ က ဒ တ တပ်ရင်း ၂၁၀-၂၁၄ (စောထစခန်း) မှ စွန့် လွတ်အနစ်နာခံ ကျဆုံးသွားသော
သူရဲကောင်းရဲဘော်များနှင့် ဒီမိုကရေစီတော်လှန်ရေးတွင် ကြွေလွင့်သွားကြသော
အာဇာနည်ရဲဘော်အပေါင်းတို့ အား ရည်စူးပါ၏။)
ဒေါင်းနီ

၂၀၀၉ - ၁၁ - ၂၃

 

 
 

ကဗျာ ကဏ္ဍ

ခေတ်တခေတ်ကို ထုဆစ်သူများ


ဟောဒီ .. ဘဒ္ဒကမ္ဘာ မှာ
အပြောင်းအလဲတွေက မြန်ဆန်လွန်းတယ်
တဖက်သတ်ရေးစွဲခဲ့တဲ့ အခြေခံဥပဒေထဲက
အခွင့်အရေးကို ချောင်းနေတဲ့
သတ္တ၀ါတို့ ရဲ့ စိတ်အပြောင်းအလဲက
ပိုမြန်လွန်းတယ်
ပိုပြီးရွံစရာကောင်းတယ်…..။
 


တောမီးလောင်တာ
ကြာခဲ့ပါပြီ
တောကြောင်တွေမှာတော့
မြင်မြင်သမျှ ဖျက်ဆီးဖို့ 
ယောက်ယက်ခတ်နေပုံများ
အသိခေါက်ခက် အ၀င်နက်နေရှာတဲ့
သူတို့ ကို
ဖျက်ဆီးမယ့် ဘေးဟာ
နှစ်ထောင့်တဆယ်နဲ့ အတူရောက်လာမယ်ဆိုတာ
မသိရှာကြဘူး …..။

ကမ ၻာလံုးဆိုင္ရာ
ပြုပြင်ပြောင်းလဲမှုတွေထဲ
မျောပါမနေချင်
ငါ တို့  ရဲ့ လိုအင်ဆန္ဒ
ငါတို့  တိုင်းပြည် စစ်ကျွန်ဘ၀က
လွတ်မြောက်ရေးသာ ပထမ၊ ဒုတိယ၊ တတိယ …..။

သေခြင်းတရားရဲ့ 
အငွေ့ အသက်တွေလွှမ်းခြုံနေတဲ့
အခန်းငယ်တွေထဲက
ငါတို့ ရဲ့ သူရဲကောင်းများ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ် …..။
တပ်ဦးက ငါတို့ ရဲ့  သူရဲကောင်း ရဲဘော်များ
ခေတ်တခေတ်ကို
ထုဆစ်သူများဖြစ်တယ်။

တော်လှန်ရေး တရပ်ရဲ့ 
စုတ်ချက်ကြမ်းကြမ်းထဲမှာ
ကမ္ဘာမကြေတဲ့ တမ်းချင်းတွေနဲ့ 
ကမ္ဘာမကြေတဲ့ လွမ်းချင်းတွေနဲ့ 
ခေတ်တခေတ်ကို ထုဆစ်နေဦးမယ့်သူတွေဟာ
ငါတို့ ချစ်တဲ့ ပြည်သူတွေသာဖြစ်တယ် ……။

ရဲရင့်သက်ဇွဲ
၂၀၀၉ - ၁၁ - ၁၁

 

 
 

ကဗျာ ကဏ္ဍ

*ဟိတ် !* -ကျော်သူ


ကိုယ့်လမ်း ကိုယ်သွား
ကိုယ့်အလုပ် ကိုယ်လုပ်
ကိုယ့်တာဝန် ကိုယ်ကျေ
ကိုယ့်သီလ ကိုယ်လုံ
ကိုယ့်သမိုင်း ကိုယ်ရေး
ဒါပဲ။

 


(ကျော်သူ)

ပေးပို့ မျှဝေသူ--အိုးဝေအောင်

 

 
 

ကဗျာ ကဏ္ဍ

*အဖြူထည်* -လူဗိုလ်


ငါ့ရဲ့
မျက်နှာပြင်ပေါ်
ဒါမှမဟုတ်ရင်လည်း
ဦးခေါင်းထက်ကို
ရဲရဲသာ နင်းဖြတ်လို့
ဟိုး … ဟို အမြင့်အရပ်ဆီ
တဆင့်ချင်း
တဆင့်ချင်းသာ
လှမ်းလို တက်သွားကြပါ …

နာကျင်ရစ်လေမလား
နာကျည်းရော့လေမလား ရယ်လို့
ပြန်ငဲ့ကြည့်နေစရာလည်း မလိုဘူးလေ …

ငါ့ဘဝ
ဖြစ်စဉ်ကိုက
အနင်းခံသက်သက်မျှ … ။ ။


လူဗိုလ်
၂၂၊၁၀၊၀၉
(၂၂ နှစ်ပြည့် ABSDF မွေးနေ့သို့)

 

 
 

ကဗျာ ကဏ္ဍ

*၂၀၀၉ မော်ကွန်း* -ကိုတေ



လက်ညိုးတွေထိုး
အမျိုးတွေပါ ယိုးလို့
လုပ်နေတဲ့လက်က မရှိသလောက်ရှား
စကားတွေသာ များနေတဲ့အပြင်
တစ်ယောက်ကပြောရင်
နောက်တစ်ယောက်ကဒီလိုဆိုးလို့
သခင်မျိုးဟေ့ ဒို့မပါ
အရေးတော်ပုံ ကြာရမည်တဲ့.....

 

 

အမှတ်တကဗျာ ကဏ္ဍ

ကိုသက်ဝင်းအောင်ကျဆုံး ကွယ်လွန်ခြင်း သုံးနှစ်ပြည့် သို့” -(သားထူး)-(ညီမင်းထက်)-မြူးသျှရီ

သက်ဝင်းအောင်၏ ခွပ်ဒေါင်းဝိဥာဉ်အားဂုဏ်ပြုစာညွန့် 

 

အကျဉ်းစံ အမှောင်ကမ္ဘာထဲ

ညှင်းပန်းနှိပ်စက်မှု အဖုံဖုံကို

အံတုကာ အသင်ရင်ဆိုင်။

 

ခွပ်ဒေါင်းပျို အသင်၏

မညွှတ်ဦးခေါင်း ခိုင်မြဲပုံ

အသက်ဆုံးသည့်တိုင်

အသင်ပေးဆပ်ခဲ့ပြီမို့ ။

 

တိုက်ပွဲဝင် ခွပ်ဒါင်းပျို အသင်၏

ရဲရင့်မှုသွေးခွန်အား

ငြိမ်းချမ်းရေး စိတ်ဝိဥာဉ် ဆန္ဒများက

လွတ်လပ်မှု။တရားမျှတမှု  အောင်ပွဲဆီသို့

လမ်းညွှန်ကာ အသင်ဦးဆောင်ပြခဲ့ပြီမို့ ။

 

စွန့် လွှတ်မှုတို့ နှင့် တာဝန် ကျေပြွန်စွာ

အသင်လျှောက်လှမ်းခဲ့သည့် လမ်းကို

ဂုဏ်ပြုကာ ဦးညွှတ်နှုတ်ဆက်လျှက်။

 

မပြီးပြတ်သေးသည့် ငြိမ်းချမ်းရေး လမ်းတစ်လျှောက်မှာ

အသင်၏ ခွန်အား ၀ိဥာဉ်

လွှမ်းကာလေ အစဉ်ရှိနေဆဲပါ။

 

အောင်မော်ဇင်

 

-----

အထီးကျန် သို့ မဟုတ် -အကသ၏ ကြယ်တစ်ပွင့်

သူ့အမည် မမှတ်မိ
ကျွန်တော့် အမည် သူ မသိ
သူပြောတဲ့လက်သုံးစကား
အမည်နာမ ဟာ အရေးမကြီး …။
အရေးကြီးတာက သွေးနီးဖို့ပါတဲ့…။

နှစ်ယောက်ကြားမှာ တံတိုင်းခြားပေမယ့်…
ဆန္ဒတွေက ပိုင်းမခြားပါ။

သူနဲ့ကျွန်တော် မြေလတ်သား မဟုတ်လည်း
ကျုံးရေကိုတော့ အတူသောက်ခဲ့တယ်။

ထူးအိမ်သင်ကို နှစ်ခြိုက်တဲ့ကျွန်တော်
တောင်ပြုန်းပွဲ ရထားသံကြားတိုင်း
အမေ့အိမ်သီချင်းကို ညည်းမိ။

ပြူတင်း သံတိုင်ကြားက
လရောင်လေးမြင်တိုင်း
စိုင်းထီးဆိုင်ရဲ့ လပြည့်ည
သူ..ကျွန်တော့်ကို ဆိုပြ။

နှစ်အနည်းငယ် ကြာတော့
အခန်းကျဉ်းလေးကို စွန့်ခွာ
မြို့ပြရဲ့ လမ်းမထက်မှာ…
ကျွန်တော်လေ..

ဘီးလေးကို တယောက်တည်းစီးလို့ပေါ့ ။ ။

(မန်း နရသိန် အတွင်းမှာဆုံခဲ့သော သူငယ်ချင်း သက်ဝင်းအောင်အား တမ်းတစွာဖြင့်..)

(သားထူး)
++++++++++++++++++

ထောင်ထဲကျဆုံးခဲ့သော ကိုသက်ဝင်းအောင်သို့

ကြမ္မာမုန်တိုင်း ကဆုန်ဆိုင်းလို့
လေလှိုင်းဘဲထန် တောမီးရံတား
ပင်ယံမြင့်က
ငါတို့ဘဝ ပြာဖြစ်သွားပစေ။

စစ်ကျွန်မခံ ဒို့သွေးမာန်သည်
စစ်ဒဏ်ကြားမှ ရုန်းကန်ထကာ
စစ်အာဏာရှင်အောက်မှ
လွတ်မြောက်ဖို့ရေး
ငါတို့သွေး ငါတို့ချွေးနဲ့
ပေးဆပ်ရပစေ။

ခွပ်ဒေါင်းအလံ မြေ မခ စေရ၊
ရင်ဝသေနတ် မှန်ချင်မှန်ပစေ။

ခွပ်ဒေါင်းအလံ ရင်ခွင်ပိုက်
သေသည့်တိုင်အောင်
တိုက်မယ့်ကျောင်းသား………။


(ညီမင်းထက်)
++++++

သမိုင်းနဲ့ သူရဲကောင်း

 

အမှန်တရားဟာ

လှံ ဖျားမှာ ရှိချင်ရှိမယ်။

သေနတ်ပြောင်းဝ မှာ ရှိချင်ရှိမယ်။

ထောင်နှုတ်ခမ်းဝ မှာ ရှိချင်ရှိမယ်။

 

ရန်ဘေး မှန်သမျှတွေ မငဲ့ကွက်

ဒီမိုကရေစီအရေးအတွက်

မင်း ကိုယ်ထဲမှာ

သွေးသစ်အားသစ်တွေ မွေးခဲ့တယ်။

 

သားကောင်း တစ်ယောက်

ကျောက်ကောင်း တစ်စေ့ တဲ့။

အမှန်တရားအတွက်

လာမယ့်ဘေး ပြေးတွေ့ လို့ 

ပြည်သူ့အတွက် ရှေ့ ဆောင်ရင်း

လှေလှော်တုန်း တက်ကျိုး

အချိန်မတန်ခင် ကံကုန် ညှိုးခဲ့ရပေမယ့်

သူရဲကောင်း မှန်သရွေ့ 

ပြည်သူနဲ့ မြန်မာ့ သမိုင်းက ဘယ်တော့ မမေ့။

 

နော်လီမိုင်

 

++++++
အဖြူရောင်ငြိမ်းချမ်းရေးဝိညာဉ်သို့ (မြူးသျှရီ)

အဖြူရောင်ဝိညာဉ် သို့…….
အာဇာနည်ဆိုတာ…
ငါ့မြေ ငါ့ရေ
ငါ့နိုင်ငံအတွက်
ဘယ်ခရီးရောက်ရောက်
ဘယ်နည်းပေါက်ပေါက်
ငါသေချင်သေ
ငါမွဲချင်မွဲပါစေတော့
ရင်ထဲက အပူကို တွေးပူကာ မလွမ်း
ငါ့နိုင်ငံ ငါ့လူမျိုးအတွက်
ငါပြေးလေရာ လမ်းခရီးမှာ
အသိဗလာမဟုတ်
ငါပြုတဲ့ကံ ငါခံလို့
ဒီခရီး နီးအောင်
ဘဝကိုနှစ် (အချစ်ကိုပစ်ပြီး)
မျက်ရည်များကို လည်စင်းခံ
သေမယ့်ရက်ကို လက်ရေချိုးလို့
ရှေ့ဆောင်လမ်းပြ
ဘဝမလှပဲ ကြွေလွင့်ကြရသော်ငြား
လူသာသေသည် နာမည်မသေပါ…။
အာဇာနည်မျိုး သေရိုးထုံးစံမရှိပါ…..။
အဖြူလွလွ ကောင်းကင်ပေါ်က
ငြိမ်းချမ်းရေးရဲ့ ဝိညာဉ်
နှဖူးပြင် ခပ်တင်းတင်းနဲ့
ဘဝကိုဖက်နဲ့ထုပ်
ဗျာပါဒကို ခဝါချ
ဟေ့ ..ဒါငါတို့နိုင်ငံအတွက်ကွလို့
မိဘကိုမငဲ့
မောင်နှကိုမညှာ
သာမည ဘဝနဲ့ နံရံလေးဖက်ကြား
(၂၀၀၆) အောက်တိုဘာမှာ
ဆို့… နစ်…. ကြေကွဲစွာ…..
ဘဝကို စတေးသွား……။
သံသရာမှာ….
ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမလား
ဒီနေ့ ဒီကံ နင်ပြတ်စေ
ဒီနေ့ ဒီက နင်သွားစေ
မတရားသမှု နင်တို့ပြုတို့
ပန်းခြွေတဲ့ လူသတ်လက်တွေမှာ
ကျောင်းသားခေါင်းဆောင်
ကိုသက်ဝင်းအောင်
ထောင်ဒဏ်က(၅၉)
အသက်တွင်(၃၄)။
(စစ်အာဏာရူးခွေးတွေက)
လူသားချင်း စာနာစိတ်မမွေး
တိမ်းရက် စိမ်းရက်
သတ်ရက်ကြတယ်။
ဘယ်အရာ ဘယ်အတွက်
ဘယ်အညှိုးနဲ့များ
ပြိုပျက် လို့ ရက်စက်စေခဲ့သလဲကွယ်…။
အကြွေစောတဲ့ ကြယ်တစ်ပွင့်
ရင် နင့် စို့ လို့
နှမြောမိပေမယ့်
ပေးဆပ်ခဲ့တဲ့ သူ့အသွေးအသား
အဖြူရောင် သစ္စာစကားများနဲ့
အာဇာနည်စိတ်ထား
လူပင်သေသော်ငြား
နာမည်က မသေသွား။။
ဒါ “ငြိမ်းချမ်းရေး ဝိညာဉ်”အတွက်အား-------။
ဒါ…. ငါ တို့ရဲ့ အား-------။

လေးစားစွာဖြင့်
မြူးသျှရီ

-----------

ဝိညာဉ်နှင့်ထပ်တူ


မင်းရဲ့ 
ဒူးမထောက်၊ဦးမညွတ်တဲ့စိတ်။
မင်းရဲ့ 
အနာဂတ် မျိုးဆက်တွေကို သက်သေပြ။
မင်းရဲ့ 
မပြီးသေးတဲ့ တော်လှန်ရေး။
မင်းရဲ့ 
ဒီမို နိုင်ငံ သစ်ကို ၊
မင်းရဲ့ 
ဝိညာဉ်နှင့်အတူ ငါ့တို့ နှင့် တူတကွ၊
စစ်အာဏာ ရှင် ဖြုတ်ချဖို့  ၊
လက်တွဲ ၍ တိုက်ထုတ်စို့ ။ ။

(အာနိုး)

----------

ဦးညွတ်ခြင်း

ကျောင်းသားတယောက် ထောင်ထဲမှာဆုံးရှာပြီ…တဲ့။
ရင်ကိုခွင်းတဲ့ သတင်း
အမယ်မင်းဖြစ်မှဖြစ်ရလေကွယ်..။
သေတဲ့အထိ တိုက်တဲ့ရဲဘော်..။
အကသ.. တဲ့။
အခုတော့ မင်းဟာ
အကုန်လုံးအတွက် အသက်ပေးသွားပါလားကွယ်။

ယုံကြည်ချက်ကြောင့် အသက်ပေးသွားကြတာ
ရဲဘော် ဂျပန်ကြီး(ကျော်မျိုးသန့်)
ရဲဘော်ကြည်ဆန်း
ရဲဘော်ဆန်းလင်းအောင်
ရဲဘော်ဝင်းကျော်
ရဲဘော်သက်ဝင်းအောင်
စတဲ့ စတဲ့ ကျောင်းသားတွေ..။

သူတို့ယုံကြည်တာ
စေ့စပ်ရေး ကြေအေးရေး မဟုတ်
အညံခံရေး မဟုတ်
တိုက်ပွဲဝင်ရေး။
စစ်အာဏာရှင်စံနစ် ဖျက်သိမ်းရေး…။

အာဇာနည်တွေလေ
ပေးခဲ့တဲ့အသက်
ရေးခဲ့တဲ့သမိုင်း
ခပ်ရိုင်းရိုင်းပြောရရင်
၂၀၁၀ ရွေးကောက်ပွဲ သွားရည်ကျသူများ
ဖောက်ပြန်ရေးသမားများ
ခေါင်းပေါင်းစလွှင့်သူများ
သတိသာထားဗျာ..။
ရင်းခဲ့ရတာ အသက်တွေ
ဖောက်ပြန်ကြလေမယ် မကြံလေနဲ့။
အာဇာနည် ထောင်သောင်းရဲ့
ဝိညာဉ် အပေါင်း စုရုန်းလို့
တောထုတ်တဲ့ပွဲသဘင်မှာ
အိုဘယ့်..
ရှက်ဖွယ်လိလိကြုံကြရမယ်ကွယ်ရို့…။

ထွဏ်းထွဏ်း(လူ့ ဘောင်သစ်)

 

 
 

ကဗျာ(၂၁)

နာဂစ် အမှတ်တရ သံပေါက် ကဗျာများ -


 တစ်၊ နှစ် ကိုနာဂစ်၊
သုံး၊ လေး လွတ်အောင်ပြေး
ငါး၊ ခြောက် ရေထဲရောက်
ခုနှစ်၊ ရှစ် မသာဖြစ်
ကိုး၊ တစ်ဆယ် ဝဋ်ကျွတ်တယ်။
...........................................

ဘယ်ကလာသလဲ။
ဘယ်နယ်ကလဲ။
အလယ်ကလူ
အသားဖြူ၏။
ခင်ဗျား အလှူ
တပြား မရှုရ။
................................................

အစားအစာ ဝါးစားပါ။
အသား ပါသလား၊
ငါး ပါသလား၊
ဘီစကတ် ပါသလား၊
ဘာပဲ ပါပါ ထားခဲ့ပါ။
...............................................

ဟိုဘက်ကမ်းက ဗိုက်ပိန်ပိန်
ဒီဘက်ကမ်းက ဗိုက်ပိန်ပိန်
အမိုး အကာမဲ့နေတဲ့
မနှင်းတို့ အိမ်။
.............................................

ဖိုးရွှေကြီး ဖိုးရွှေကြီး
အလွန်ယုတ်တဲ့ ဖိုးရွှေကြီး
ဖိုးရွှေကြီးက မိုက်တိုင်ထူ
ခွေးအကြီးနဲ့တူ
တူပါသကွဲ့ မယုံငြား
ဒီမှာကြည့်ပါလား။
............................................

တနင်္ဂနွေ တနင်းလာ
ဗိုက်မှောက် မျှော်နေတာ
အင်္ဂါ၊ ဗုဒ္ဓဟူး
ရောက်လု တဦးဦး။
ကြာသာပတေး သောကြာ
တစ်ယောက်မှ ပေါ်မလာ။
စနေမှာ သေချာသွား
ဘယ်သူမှမလာအား။
..........................................
မုန်တိုင်းကို စက္ကူကပ်
အကြံပက်စက် တို့အပေါ်တင်
ပုလ္လင်ပေါ်က မျောက်မူး
ဆင်းမလာတော့ဘူး . အာဏာရူး။
အာဏာရူးကို ခွေးတွေယက်
မှောင်မိုက်မှာ အူ
အူသူတွေ အစာလုကြ
ငါတို့ကိုဆွဲ . တွဲလဲ။
တွဲလဲရယ် ငိုတိုင်း
မိုးတောင်ကမှိုင်း . မုန်တိုင်း။
......................................................
အလောင်းကလေးများ ဖွေးလို့စီ
မြစ်ညှာရိုး တလျှောက်ဆီ။
ရေပေါ်မှာ ဗိုက်ကြီးဖောင်း
ငါတို့ ပူဆီဖောင်း။

.....................................................
ဘဘဝဝ ထလို့ က
ဘဘနိုင်ပြီဗျ
ကပါ ကပါ ဘဘရာ
ဘဘခေတ်လေဗျာ
မဲလိမ်တွေကို အမှန်ပြ
ဘဘ အကြံပိုင်ပါ့။
သူများတွေ မသာဖြစ်တာ
ဘဘနဲ့ မဆိုင်ပါ
မုန်တိုင်းတွေ ဘယ်လိုသည်းသည်း
ဘဘနိုင်ဖို့ပဲ။

ဘဘ ဝဝ စိတ်ဓါတ်ကျ
အနောက်က Pressure ရ
သူများအကူ မယူခဲ့တာ
ဘဘ စေတနာ
မလုပ်ပေးတာ တစ်ခုကလွဲ
ဘဘ သတ္တိခဲ
နိုင်ငံခြားငွေ မြင်သောအခါ
ဘဘ စိတ်ပြောင်းလာ
အားရ ပါးရ လာလှူကွဲ့
ဘဘ အိပ်ထဲထည့်။

ဘဘ ဝဝ ထပ်လို့က
ဘဘခိုင်ပြီဗျ
လုပါယက်ပါ ဘဘရာ
ဘဘ ခေတ်လေဗျာ
မြစ်ပြင်မှာတော့ အညှီတွေထ
ပုပ်ပုပ်ပွပွ အနံ့အသက်ရ

ဘဘကတော့ ဆက်လို့က
ဘဘ ဘယ်တော့မှ ကလို့ မဝ။
--
ဆရာကြီး မင်းသုဝဏ်၏ မောင်ခွေးဖို့ ကဗျာကို အားကျ၍ စပ်ဆိုထားသည်လား မသိသော ကလေး သံပေါက် ကဗျာများ
ပေးပို့ မျှဝေသူ----- zaw htut
 

 
 

ကဗျာ(၂၁)

ပန်းတွေပွင့်လာသည်အထိ ---မင်းထိုက်(GW)


သိစိတ်မှာ…..အမှန်တရားလို့
ဆိုကြပါစို့…..။
တို့ခေတ်မှာ……….
အမှန်တရားဟာ
ဘယ်တော့မှ…မိုးမလင်းခဲ့ဘူး ….ညီလေး။

ဒီခေတ်ရဲ့ လူဖြစ်ရကျိုးနပ်ရခြင်းတွေ…..။
မင်းကျောပိုးအိတ်ထဲ ..ပါသွားတာတွေဟာ
ခေတ်တခေတ်ရဲ့..ဖွင့်မပြောလိုခြင်းတွေလား….။

မင်းဆောင်းထားတဲ့ဦးထုပ်လေးဟာ
မင်းအမေရဲ့
မျက်ရည်တွေနဲ့ရက်လုပ်ထားတာတဲ့လား ..ညီလေးရယ်။



 

တို့တတွေအတွက်
တရားမျှတခြင်း ကောင်းကင်ဟာ
မှောင်လွန်းလှပါတယ်..။

စိတ်မချဘူး…ညီလေး
ရှေ့ကိုသိပ်မထွက်နဲ့..ညီလေး
ခဏလေး ရှောင်နေနော်….ညီလေး
ဒီကောင်တွေလက်တန်ရှည်တယ်နော်…ညီလေး..။

အဲဒီလိုစကားသံတွေထဲ….
သွားတော့မယ်……ကိုကြီးတဲ့
အမှန်တရားလူငယ်လေးတစ်ယောက်ရဲ့
ဇာတ်သိမ်းဟာ…ဒီလိုလား။

ကျနော်လုပ်တော့မယ်…အစ်ကို
ကျနော်ရှေ့က နောင်တော်တွေကိုလိပ်ပြာမလုံဘူးအစ်ကို
ကျနော် ဖြစ်အောင်လုပ်တော့မယ် အစ်ကို
အဲဒီလို စကားသံတွေကြား
တို့တတွေ ဘ၀က ကျီးလန့်စာစား….။

ခေတ်စနစ်ဆိုးရဲ့အောက်
တို့ရဲ့အမှန်တရားဟာ
ဘယ်သောအခါမှ ပွဲထွက်ခွင့်ရမှာလဲ..ညီလေး။

တကယ်တော့ ညီလေး
တို့ဘ၀တို့ခေတ်ကိုက
အမှန်တရားသားပျက်၊သားလျောဘ၀ကြီးဆိုတာ
မပြောလဲ တို့အားလုံးသိပါတယ်…ညီလေး။


ဒီအတိုင်းငြိမ်ခံနေ….
ဒီအတိုင်းဖြစ်တော့မှာပေါ့…ကိုကြီးရာ
မင်းစကား မင်းထားသွားပြီလား`
မင်းညီလေး အလုပ်ရှာပေးလိုက်ပါသားရယ်
မင်းညီလေး စိတ်လေနေတယ်
တကယ်တော့မျိုးဆက်တဆက်လုံး
တေပေလေလွင့်နေခဲ့ရတာပါအမေလို့
ငါ ပြောမထွက်ရက်ဘူး။
ပြောရရင်အမေရယ်
သားတို့ခေတ်ဟာဘယ်လောက်ထိပါးလှပ်သလဲဆို
ကိုယ်အရိပ်ကိုပြန်မကြည့်ရဲဘူးအမေ..။
ဘဒ္ဒကမ္ဘာမှာ…..
အမှန်ကိုအမှန်အတိုင်းပြောရင်
ထောင်ကျတာ သားတို့တစ်နိုင်ငံထဲရှိတယ်အမေ
လူအခွင့်အရေးအကြောင်းပြောလို့
နယ်နင်ခံရတာ သားတို့နိင်ငံပဲရှိတယ်အမေ
လိုချင်တာကို မေတ္တာပို့ဆုတောင်းမိလို့
အကြင်နာဆုံးဆုလာဒ်အဖြစ်
ကျည်ဆံတေ ပစ်ပေးတာ သားတို့ရခဲ့ပါတယ်အမေ။

 


အမေရေ……
အမေ…သားတို့သွေးတွေဟာ
သားတို့နိင်ငံရဲ့လမ်းမတွေပေါ်မှာ ခုထိရှိနေတုန်းပဲအမေ။

သားတို့သွေးတွေနဲ့ဒီနိုင်ငံကြီးကိုပက်ထားတယ် ..အမေ။
အမေ….။
သူတို့ပြေးစရာမြေ မရှိတဲ့အထိပေါ့။
သူတို့သေနတ်ပြောင်းဝမှာ ..
ပန်းတွေပွင့်သည်အထိပေါ့ အမေ…..။

 

မင်းထိုက်(GW)-------

 

ယခင်ဖော်ပြပြီး ကဗျာများ

 

ပရစ်ရှာ ဗျူဟာ

 လျှာတန်ခိုး

-ပိဋကတ် ၃ ပုံဖိုင်မှာ ၀င်နားတဲ့ ဗိုင်းရပ်

မျှော်မောပူ

အလွမ်းသင့် ကျိန်စာမြစ်ထဲက ပန်းတပွင့်၏ အတ္ထုပ္ပတ္တိ

ကမ်းဆင့်နှစ်များ

”မင်းကိုနိင်”

  = ခွပ်ဒေါင်း အသံ =

ယုံကြည်ရာ ရပ်တည်ချက်အာရုံ 

သည်းစွာသောအနာကို ကုစားပါအံ့

သမိုင်းလမ်းပြ

လမ်းပြကြယ်

ရွှေဥဒေါင်း

ရဲရဲတောက် နှင်းဆီ

 မီးထဲကကြာ ပေး မေတ္တာစာ

  ၃၃၊၂၊၂၂

 နွေဦး တေးသံ

 အလွမ်းသင်္ကြန်

  တပေါင်းသက်သေ

 ယုံကြည်ရာ ရပ်တည်ချက်အာရုံ