|
“
ဇာခန်းဆီးနောက်ကွယ်မှ မြန်မာသံရုံးများ” |
ပြုပြင်ပြောင်းလဲသင့်သည်ဆိုသည်မှာ…နိုင်ငံတနိုင်ငံလုံးအတိုင်းအတာနှင့်ဆိုလျှင်
ဥာဏ်မမှီပါ သေချာ တာကတော့…သံတမန်အသိုင်းအ၀န်းဟုခေါ်သော
..မြန်မာ သံရုံးများပင်ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရ ရင်
ဂျာမနီရှိမြန်မာသံရုံးကိုဦးစွာပထမ ရေးပြရမှာပါ။
ယခုလက်ရှိမြန်မာသံရုံး(ဘာလင်)တွင်သံရုံး သံအမတ်ကြီးမှာ ဦးတင်ဝင်းဖြစ်ပါတယ်…
ယခင်က
တပ်မတော်ဗိုလ်သင်တန်းကျောင်းတွင်..ဗိုလ်မူးကြီးအဆင့်ဖြင့် ယာယီကျောင်းအုပ်
လုပ်ခဲ့ဘူးသည် ဟုသိရပါတယ်။
ကျောင်းအုပ်တာဝန်ကိုယူနေစဉ်ကာလတွင်. ဗိုလ်လောင်း၂ဦးပထမဦးစွာသေဆုံးခဲ့ပါတယ်။
ထိုဗိုလ်လောင်း၂ဦးသေဆုံးရခြင်းကြောင့်အထက်မှ. နောက်နောင်ထပ်
ဖြစ်မည်ဆိုပါက. ရာထူးမှထုပ်ပယ်ခြင်းခံရမည်ဟု သတိပေးခံခဲ့ရပါတယ်။ သို့သော်လည်း
သတိပေးထားသည့်ကြားမှပင်…နှလုံးရောဂါခံရှိသူဗိုလ်လောင်းတဦးအား
.အတင်းစေခိုင်းမူကြောင့် ထိုဗိုလ်လောင်းအသက်သေသွားခဲ့ပါတယ်။
သို့ပေမယ်၊အစကနဦးကရာထူးမှထုတ်ပယ်ခြင်းခံရမည်ဟုသတိပေးခံရပေမယ့်
တကယ်တန်းအရေးယူသည့်အခါ သံအမတ်ရာထူးဖြင့် နီပေါလ်နိုင်ငံသို့စေလွတ်ခံရ
ပါတယ်။
နီပေါလ်တွင်.၃နှစ်..၄င်းနောက် အစ္စရေးတွင် ၃နှစ် နှင့်ယခုဂျာမနီတွင်
..၄နှစ်ကျော် ကာလသို့ရောက်ခဲ့ပါပြီ။ ယင်းတာဝန်ထမ်းဆောင်နေစဉ်ကာလတွင်
အောက်ခြေ၀န်ထမ်းများ. တဦးနှင့်တဦးအထင်လွဲစေမည့်လုပ်ရပ်များကိုတ
ပည့်မွေးပြီး..လုပ်ဆောင်ခဲ့ပါတယ်…
၎င်းအပြင်…ဂျာမနီတွင်ပညာသင်ဖြင့်ရောက်ရှိပြီး
ဂျာမနီနိုင်ငံတွင်အပ်စိုက်ပညာဖြင့်လုပ်ကိုင်နေသော ဦးလေးအောင်ဆိုသူနှင့်
အိမ်ထောင်ကျနေသော မခင်စန္ဒာ
ဝင်းဆိုသူအမျိုးသမီးထံမှ
ပတ္တမြားလက်စွပ်တကွင်းဖြင့်..သံရုံးတွင်ဒေသခန့်ဟုခေါ်သော်လိုကယ်ဝန်ထမ်း
ဧည့်ကြိုတာဝန်ဖြင့်ခန့်အပ်ခဲ့ပါတယ်။ ဒီနေရာမှာဒေါ်ခင်
စန္ဒာဝင်းအကြောင်းကိုအနည်းငယ်ပြောပြရမှာဖြစ်ပါတယ်။

ဒေါ်ခင်စန္ဒာဝင်းသည် ၁၉၉၉-၂၀၀၀ ပတ်ဝန်းကျင်က အစ်မဖြစ်သူ
ဒေါ်သီတာဝင်း(ယခုမန္တလေးတကသိုလ်တခုတွင်ဒု-ပါမောက္ခ) ကေအေအေတီ(KAAT)ဟုခေါ်
သောအဖွဲ့အစည်းတခုဧ။် အထောက်အပံ့ဖြင့်သင်တန်းလာတက်နေစဉ်
နှစ်လုံးရောဂါဝေဒနာနှင့်ဆေးကုသနေချိန်တွင်ပြုစုဆောင့်ရှောက်၇န်အတွက်အစ်မဖြစ်သူက
ခေါ်ထားသူဖြစ်ပြီးဦးလေးအောင်အိမ်တွင်နေထိုင်သူဖြစ်သည်။
၎င်းနောက်အစ်မဖြစ်သူဧ။်ကုလားဘန်ထိုးပေးမူကြောင့် ဂျာမနီတွင်ဆက်လက်ပြီး(
KAAT)(DAAT)
အဖွဲ့ဧ။် ထောက်ပံ့ ကြေးဖြင့်ကျောင်းဆက်တက်ခွင့် ရခဲ့သူဖြစ်
သည်။
ယင်းအဖွဲ့အစည်းဧ။် ရည်ရွယ်ချက်သည် မိမိသင်ကြားတတ်မြောက်ထားသည်များကို
မိမိနိုင်ငံတွင်အနည်းဆုံ၎နှစ်ခန့်  ပြန်လည်ဖြန့်ဖြူးပေးရန်ဖြစ်သည်။
သို့သော် ဒေါ်ခင်စန္ဒာဝင်းသည် ကျောင်းပြီးခါနိးတွင်
ဦးလေးအောင်ဆိုသူနှင့်အိမ်ထောင်ကျခဲ့သည်။
ယင်းကဲ့သို့အိမ်ထောင်ကျသည်ကိုထိုထောက်ပံ့ရေးအဖွဲ့မှသိ
ိရှိသွားခဲ့သည်။
ထိုအဖွဲ၏အထောက်အပံ့ဖြင့်ပညာသင်များသည် ပညာသင်နေသည့်ကာလနှင့်
ရောက်ရှိနေသည့်နိုင်ငံတွင် အိမ်ထောင်မပြုရဟ စည်းကမ်းချက်တွင်ပါရှိပါတယ်။ ထို
ကဲ့သို့ဒေါ်ခင်စန္ဒာဝင်း အိမ်ထောင်ပြုသည်ဟုကြားသိရသော်အခါ ယင်အဖွဲ့အစည်းသည်
မြန်မာသံရုံးသို့ချဉ်းကပ်ပြီး စုံစမ်းမူပြုခဲ့ပါတယ်။
ထိုသို့စုံစမ်းမူများပြုလုပ်
နေသည်ကိုသိရှိသော ဒေါ်ခင်စ္ဒာဝင်းသည် သံရုံးမှဝန်ထမ်းတဦးဖြစ်သူ
ဒေါ်အေးမြမှန်ဆိုသူထံချည်းကပ်ပြီး ထိုအဖွဲ့မှမေးမြန်းလာပါက မဟုတ်ကြောင်း
ထောက်ခံ
ပေးခိုင်းခဲ့ပြီး ဒေါ်အေးမြမှန်မှလည်း မဟုတ်ကြောင်းထောက်ခ့ပေးခဲ့ပါတယ်။
၎င်းနောက်ဒေါ်ခင်စန္ဒာဝင်းသည်.ယောင်္ကျားဖြစ်သူ၏အပ်စိုက်ဆိုင်တွင်ကူညီလုပ်
ကိုင်ခဲ့ပါတယ်။
.ဒေါ်ခင်စန္ဒာဝင်းတို့လင်မယားသည်
အင်မတန်မှလောင်းကစားပါသူများဖြစ်ကြပြီး အပ်စိုက်ဆိုင်သည်လည်း
ဝင်ငွေနည်းခြင်းတို့ကြောင့် ဘတ်ဂျက်ထိခိုက်နေကြ
ပါတယ်။
ထိုအတွက်ကြောင့် ယင်းလင်မယားသည် မြန်မာသံအမတ်ကြီးထံ
ချည်းကပ်ပြီး..မြန်မာသံရုံးတွင်အလုပ်ရအောင်ဖန်တီးကာ
နောက်ဆုံးတွင်မြန်မာသံရုံး
တွင်လက်ရှိလုပ်ကိုင်နေပါတယ်…ထိုသို့အလုပ်ရရှိ၇န်အတွက်နှင့်အလုပ်ရပြီး..ယခုအလုပ်လုပ်ချိန်ထိမျက်နှာကောင်းရရန်အတွက်…သံအမတ်ကြီးအားဆေးကုသ
စရိတ်ကုန်ကျငွေများကို အမှန်တကယ်မကုပါဘဲနှင့်ငွေများတဖက်လှည့်
တောင်းခ့ပေးခြင်းမျာကိုပြုလုပ်ပေးနေပါတယ်.။
၎င်းအပြင်..ဒေါ်ခင်စန္ဒာဝင်းသည် သံရုံးတွင်အလုပ်လုပ်နေအတွင်း
သက်ဆိုင်ရာဝန်ထမ်းများ သံအမတ်ကြီးအခန်းတွင် အစည်းအဝေးလုပ်နေချိန်တွင် ၀န်ထမ်း
များ၏ကွန်ပြူတာအားဖွင့်ပြီး အချက်အလက်မှတ်တမ်းများကိုထုပ်ယူခြင်း၊
သက်ဆိုင်ရာဝန်ကြီးဌာနမ ထုတ်ပြန်ထားသောသတင်းအချက်အလက်နှင့် ညွန့်ကြားချက်
များကိုမိတ္တူကူးယူခြင်း၊ပြင်ပမှဆန့်ကျင်ရေးအဖွဲ့အစည်းများနှင့်ဆက်သွယ်မူရှိခြင်း၊ထိုအဖွဲ့အစည်းများမှမြန်မာနိုင်ငံသို့
ပြန်ခြင်သူများ(ဒေါ်ခင်စန္ဒာဝင်းနှင့် အဆင်
ပြေသူများ)ကို ကောင်စစ်ဌာနမှအရာရှိအားလိုအပ်တာများပေးကျွေးပြီး
ဗီဇာထုပ်ပေးစေခြင်း၊များကိုပြုလုပ်စေပါတယ်။ပိုပြီးဆိုးဝါးသည်မှာ
ဝန်ထမ်းများအချင်းချင်း
မသင့်မမြတ်ဖြစ်အောင်ဖန်တီးခြင်း၊
ဒေသခန့်များ(ဖီလစ်ပိုင်၊ချက်)နှင့်ဝန်ထမ်းများ
နားလည်မူလွဲအောင်ဖန်တိးခြင်းများကို တစိုက်မှတ်မှတ်ပြုလုပ်လျှက်ရှိပါတယ်။
အဘယ့်ကြောင့်ဒီလိုလုပ်၇သလဲဆိုလျှင် ဒေါ်ခင်စန္ဒာဝင်းသည်၎င်း၏ ဆွေမျိုးများကို
သံအမတ်ကြီးဦးတင်ဝင်း မပြောင်းရွှေ့ခင်ကာလအတွင်း သံရုံးတွင်အလုပ်ရရှိ
စေ၇န်အတွက်ရည်ရွယ်ခြင်းဖြစ်ကြောင်းလေ့လာသိရှိရပါတယ်။
ဦးလေးအောင်၏ညီတော်သူ မြန်မာပြည်တွင်မော်ဒယ်လုပ်ငန်းဖြင့်
အသက်မွေးသူကိုသူရိန်ချိုကြီးဆိုသူသည်လည်း သံရုံးတွင်အလုပ်လုပ်ခွင့်
လျှောက်ထားဘူး
ကြောင်းစုံစမ်းသိရှိရပါတယ်။ သံအမတ်သည်လည်း အင်မတန်မှ အဂတိလိုက်စားသူ
တဦးဖြစ်ပြီး အင်မတန်မှလိမ်လယ်မူတွင်ကျွမ်းကျင်ကြောင်းသိရပါတယ်။
အဘယ်ကြောင့်ဆိုသော် သမီးဖြစ်သူအား ဂျာမနီသို့အလယ်ခေါ်ရာတွင်
ပိုက်ဆံကုန်ကျမည်ကိုစိုးရိမ်ပြီး မြန်မာပြည်ရှိဂျာမန်သံရုံးတွင်
လိမ်ပြီးဗီဇာထုတ်ခဲ့ကြောင်း
ကြားသိခဲ့ရပါတယ်….

ဂျာမန်ဗီဇာသည် နေထိုင်မည့်သက်တမ်းအလိုက်အမျိုးအစားခွဲခြားထားပါတယ်။
ယခုသံအမတ်ကြီးသမီးသည် ရိုးရိုးသာမန်အလည်ဟု လျောက်ထားခဲ့သည့်
အတွက်၃လသာနေထိုင်ခွင့်ရခဲ့ပါတယ်။
ယခုဆက်လက်နေထိုင်လိုသည့်အတွက် ဗီဇာသက်တမ်းတိုးသည့်အခါ…သက်ဆိုင်ရာမျငြင်းပယ်
ထားကြောင်းသိရပါတယ်။
ယင်းလုပ်ရပ်သည် နိုင်ငံတနိုင်ငံနှင့် တနိုင်ငံယုံကြည်မူကို ကင်းမဲ့စေပါတယ်။
နိုင်ငံတော်ပိုင်ငွေများကိုလည်း ဗုံးဘောလအောသုံးနေသည်မှာလည်း
အင်မတန်ကြောက်စရာကောင်းလှပါတယ်.၊ အဘယ်ကြောင့်ဆိုသော်…၀န်ထမ်းအတွက်
်နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် ငှာရမ်းထားသောနေအိမ်ကို
ထိုဝန်ထမ်းပြန်သွားသည်သော်၎င်း၊ထပ်မံပြီးမငှားခြင်သော်၎င်းရှိခဲ့ပါက
အိမ်ရှင်ထံသို့ပြန်လည်အပ်နှံရမှာ
ဖြစ်ပါတယ်။ ယခုမှာမူ ပထမ၀န်ထမ်းတာဝန်ပြီးဆုံးလို့ ပြန်သွားပါသော်လည်း
နောက်ထပ်လာသည့်ဝန်ထမ်းအား မထားဘဲ နှစ်ပေါက်အောင် အိမ်ရှင်အားဒီ
အတိုင်း
လစာပေးထားသည်မှာအထူးအဆန်းဖြစ်နေပေသည်။ ယင်းအိမ်ရှင်ကလည်း
တခြားနိုင်ငံခြားသားအား ထပ်မံပြီးငှားထားလိုက်သေးသည်။ ထိုအတွက်
ကြောင့်အိမ်ရှင်သည် နှစ်ဘက်ခွစားနေသည်မှာထင်ရှားပါပေသည်။
ထိုဖြစ်၇ပ်ကိုသံအမတ်ကြီးသည် အဘယ်အတါက်ကြောင့် မရှင်းသနည်းဟု မေးခွန်းထုတ်စရာ
ရှိပါတယ်။
ဒေါ်ခင်စန္ဒာဝင်းအကြောင်းကိုဆက်လက်ပြောရမည်ဆိုလျှင် ဒေါ်ခင်စန္ဒာဝင်းသည်
ဂျာမနီနိုင်ငံတွင်အလုပ်လုပ်ပိုင်ခွင့် မရှိသည်ကတကြောင်း၊ အလုပ်လုပ်မည်ဆို
လျှင်လည်း သာမန်စားပွဲထိုးအဆင့်သာ လုပ်ပိုင်ခွင့်ရမည်ဖြစ်သောကြောင့်တကြောင်း၊
၎င်းတို့လင်မယား၂ဦးစလုံးမှာ လောင်းကစား အလွန်အကျွံလုပ်ပြီးဝင်ငွေ
နည်းနေသည့်အတွက်ကြောင့်၊
သံရုံးအတွင်းသို့ဝင်ရောက်လုပ်ကိုင်းခြင်းဖြစ်ပါတယ်။ယင်းသို့လုပ်ကိုင်နိုင်၇န်အတွက်..သံအမတ်အစဉ်အဆက်ကြိုး
ပမ်းခဲ့သော
်ငြားလည်း မည်သည့်သံအမတ်မျှဒေါ်ခင်စန္ဒာဝင်းအား
မခန့်အပ်ခဲ့ပေ။ယခုတွင်မူ..သံအမတ်ကြီးဦးတင်ဝင်း လက်ထက်မှစပြီး
သံရုံးအတွင်းဝင်ရောက် လုပ်ကိုင်ခွင့်ရ
ခဲ့သည်။
တိုသို့အလုပ်ရရန်အတွက်လည်းဦးတင်ဝင်း၏ဇနီးအား ပတ္တမြားလက်စွပ်ဖြင့်လည်းကောင်း၊
ဒေါ်ခင်စန္ဒာဝင်း၏ယောင်္ကျားဖြစ်သူ အပ်စိုက်ဆရာဦးလေးအောင်နှင့်
၎င်း၏မိတ်ဆွေ ဆရာဝန်များဆေးလက်မှတ်များဖြင့် နိုင်ငံတော်ပိုက်ဆံကို
တဖက်လှည့်ထုပ်ယူနိုင်ရန်အတွက် ဆောင်ရွက်ပေးရကြောင်း လေ့လာစုံစမ်းသိရှိရပါ
တယ်။
ဦးတင်ဝင်းသည်သံအမတ်သက်တမ်းကြာမြှင့်လာသည်နှင့်အမျှ..အသုံးအဖြုန်းလည်းကြီးသူတယောက်ဖြစ်သည်။
တခုထူးခြားသည်မှာ…ဦးတင်ဝင်၏နေအိမ်မှချက်ပြုတ်သော
အစားအစာများစားမိပြီးသူတိုင်း ၀မ်းလျှော၊ဗိုက်နာဖြစ်ကြရသည်မှာ
အထူးအဆန်းဖြစ်နေပါတယ်။
ဂျာမန်နိုင်ငံခြားရေးဌာနမှပုဂ္ဂိုလ် များနှင့်အခြားနိုင်ငံမှသံတမန်များက
ဆိုလျှင်..နောက်နောင်ကျွေးခြင်ပါက. ဆိုင်တွင်သာကျွေးစေခြင်ကြောင်း
ကိုပြောလာသည့် အထိပင်ဖြစ်သိဟုလည်းကြားသိရပါတယ်။
သံအမတ်ကြီးနေအိမ်အတွက်အသုံးစရိတ်အားလုံးကိုပင်လျှင်လည်း
သံရုံးမှအားလုံးစီစဉ်ပေးရပြီး သွားကြားထိုးတံက အစဦးတင်ဝင်း၏သမီးသုံးသည့်
အတွင်းခံ
မျာကိုလည်းသံရုံးမှ ငွေတောင်းခံလွှာဘောက်ချာအတုဖြင့်
တောင်းရန်းသည်ကိုထုတ်ပေးရကြောင်း။ ၄င်းအပြင် ဆွေမျိုးများကို
အိမ်ဖေါ်အကူအဖြင့်ခေါ်လာပြီး
သံရုံးတွင်စာမေးပွဲဖြေဆိုခိုင်းပြီး ဖြေဆိုသည့်အခါတွင်လည်း
သံရုံးမှအရာရှိတဦးကပင် ဖြေဆိုပေးရကြောင်း၊ ၄င်းအပြင် ဦးတင်ဝင်ခေါ်ဆောင်လာသော
အိမ်ဖေါ်
ဟုခေါ်သောဦးတင်ဝင်း၏ဆွေမျိုးများသည်လည်း..ဦးတင်ဝင်း၏အုပ်ထိန်းမူအောက်တွင်..ရေရှည်မနေနိုင်ကြဘဲ
ခနခနပြောင်းနေကြကြောင်း ကိုလည်း
စုံစမ်းသိရှိရပါတယ်…
သံအမတ်ကြီးဦးတင်ဝင်းရုံးသွားချိန်နှင့် ခရီးထွက်သည့်အခါများတွင်
ဇနီးနှင့်သမီးသည် မိမိ၏သံရုံးမှဝန်ထမ်းများအား
လိုအပ်သည့်အကူအညီကိုမတောင်းခံဘဲ ပြင်ပမှလူများကိုသာ
အကူအညီတောင်းခံသည်ကို လုပ်ပေးခဲ့သူများပြောပြချက်အရသိရပါတယ်..
တချို့သည်လည်း..သ့အမတ်ကြီး၏လူမဆန်စွာ..ရိုင်းစိုင်းစွာပြောဆိုသည်ကိုမနှစ်မြို့သည့်အတွက်တကြိမ်သာလုပ်ပေးပြီး..နောက်ပိုင်းတွင်ရှောင်နေခဲ့သူများလည်း
ရှိကြောင်းထိုသူများပြောပြချက်အရသိရပါတယ်။
ထိုသို့ပြင်ပမှလူများသံအမတ်အိအ်သို့အလွယ်တကူဝင်ထွက်နိုင်ရန်ကိုလည်း..ကြားမှဒေါ်ခင်စန္ဒာဝင်းကပင်လုပ်
ပေးရကြောင်းကိုလည်းသိရှိရပါတယ်…
ယခုလက်ရှိသံအမတ်ကြီးနေအိမ်သည်..ငှားရမ်းခ..ယူရို..၇၀၀၀/-ခန့်ပေးရသည်ဟု
သိရပါတယ်။ ထိုအိမ်နှင့်ငွေပမာနသည်အင်အတန်ဈေးကြီးနေပေသည်…ဂျာမနီ
တွင်ရောက်နေသောသံတမန်..အခြားသောသံအမတ်ကြီးများသည်…Condo
Apartment
များကိုလည်းငှားရမ်းနေထိုင်ကြသည်များလည်းရှိပါတယ်…မိမိ၏နိုင်ငံ
ထက်
ချမ်းသာသော တချို့သံအမတ်များဆိုလျှင် လေးထောင်
ငါးထောင်တန်အိမ်များကိုသာငှား၇မ်းနေထိုင်ကြပြီး
၎င်းအိမ်များသည်လည်းအဆင့်မှီအိမ်များပင်
ဖြစ်ပါသည်၊ဦးတင်ဝင်းနေအိမ်သည်..လွန်စွာကြီးမားပြီးအထပ်လေးထပ်ရှိပါသည်၊သားအမိ၃ဥိးသာရှိသည့်မိသားစုအတွက်ယင်းနေအိမ်သည်..မလိုအပ်ပါဘဲနှင့်
အပိုများနေသည်ကိုတွေ့ရှိရပါတယ်…ယင်းနေအိမ်တွင်သံအမတ်ကြီးမြဲနေရန်အတွက်
အိမ်ရှင်မှလစဉ် မုန့်ဘိုးပဲဘိုးအနေဖြင့်..ပိုက်ဆံပေးရကြောင်း၊ တခြား
သံတမန်ဝန်ထမ်းများနေအိမ်ကိုလည်းထိုနည်းအတိုင်းပေးရကြောင်းကိုလည်းလေ့လာတွေ့ရှိရပါတယ်။
အိမ်ရှင်မှလည်း..သံအမတ်ကြီးအား…တခြားသော..အိမ်ထောင်ပရိဘောဂများကိုလည်းလဒ်ထိုးထားကြောင်းလည်းသိရပါတယ်…

သံရုံး၏လုံခြုံရေးအတွက်ဟုအကြောင်းပြပြီး..CCTV
ကင်မရာကိုငွေကုန်ကြေးကျများစွာသုံးပြီး သံရုံး၏မျက်နှာစာ
သံရုံး၏ပတ်ဝန်းကျင်တွင်ပြင်ပမှ အန္တရယ်ကိုကာ
ကွယ်ရမည့်အစား ၀န်ထမ်းများ၏အခန်းများကိုသာချိန်ရွယ်ပြီးတပ်ဆင်ထားခြင်း၊ တဖန်
သံရုံးအတွင်း နေထိုင်သောဝန်ထမ်း၏အိပ်ခန်းအထိ ပါတပ်ဆင်ထားသည်
မှာ
လူ့အခွင့်အရေးကိုဆုံးရူံးစေပါတယ်။ ယင်းသို့လုံခြုံရေးကင်မရာများကို
တပ်ဆင်ထားပြီး..၀န်ထမ်းများ ၏လျူပ်ရှားမူမှန်သမျှကိုလည်း နာရီမလပ် မိနစ်မခြား
မည်သည့်အလုပ်မှစိတ်မ၀င်စားဘဲ အချိန်ပြည့်ထိုင်ကြည့်နေသည်ဟုလည်း
သံရုံးတွင်လုပ်ကိုင်နေသူများ ပြောပြချက်အရသိရပါတယ်။ သံအမတ်ကြီးသည် ၀န်ထမ်း
များနှင့်ဒေသခန့်ဝန်ထမ်းများကို နင်ပဲငါဆ .ပြောဆိုဆဲဆိုသည့်အပြင်
ကိုယ်ထိလက်ရောက်ပါပြုမူသည်ဟုလည်း ပြုခံရသူများ၏ပြော ပြချက်အရသိရပါတယ်။
ပိုပြီးဆိုးဝါးသည့်အချက်မှာ..သံအမတ်မိသားစုသည်..ဒေါ်ခင်စန္ဒာဝင်းပြောသမျကိုသာယုံကြည်
နေကြပြီး…မြန်မာပြည်
ဝန်ကြီးဌာနအသီးသီးမှပညာသင်များသည်
လည်း…ဒေါ်ခင်စန္ဒာဝင်းနှင့်
ပထမဦးဆုံးတွေ့ဆုံခွင့်ရသူသည်…၀န်ထမ်းများအပေါ်အမြင်မရှင်းသလို….ဒေါ်ခင်စန္ဒာဝင်းအား
အခြားသူများနောက်မှသိခွင့်ရသူများ
သည်..သံအမတ်ကြီး၊ ၀န်ထမ်းများနှင့် အဆင်မပြေဖြစ်တတ်ပြီး…ကံမကောင်းလျှင်..နိုင်ငံရေးလျူပ်ရှားမူစာရင်းတွင်အသွင်းခံရသည်အထိဖြစ်ခဲ့ဘူးသောသာဓကများလည်းရှိခဲ့ပါတယ်…
သံအမတ်ကြီးသည်..သံရုံးစာရေးတဦးမှလွဲ
ပြီးကျန်ဝန်ထမ်းများအိမ်သို့လာသည်ကိုမကြိုက်ပေ….အဘယ်ကြောင့်ဆိုသော်..ပြင်ပမှလူများ
ကိုသာအ၀င်အထွက်
ခွင့်ပြုထားသောကြောင့်ဖြစ်ပေသည်..ဒေါ်ခင်စန္ဒာဝင်းသည်..အောက်ခြေ၀န်ထမ်းများကိုစည်းရုံးပြီး…တခြားနယ်မြေခြင်းထိစပ်နေသောနိုင်ငံများကို..မိခင်ဝန်ကြီး
ဌာနနှင့်သံအမတ်ကြီးခွင့်ပြုချက်မတောင်းခံဘဲ..တိတ်တဆိတ်သွားရောက်ခြင်းများကိုဦးဆောင်သူဖြစ်ကြောင်းကိုလည်းသိရပါတယ်။
မြန်မာသံတမန်များသည်..အခြားနိုင်ငံများသို့တာဝန်မှအပသွားရောက်ခွင့်မရှိကြောင်းကိုလည်းစုံစမ်းသိရှိရပါတယ်…အကြောင်းမဲ့နှင့်ခွင့်ပြုချက်မရှိဘဲသွားရောက်ခဲ့
ပါက..ထိုဝန်ထမ်းသည်..မိခင်ဝန်ကြီးဌာနမှအရေးယူခြင်းခံရဖွယ်ရှိသည်။
ထိုသို့ပြင်းထန်စွာအရေးယူခြင်းခံရမည်ကို
သိပါလျှက်နှင့်..အဘယ်ကြောင့်ယင်းကဲ့သို့စည်းရုံးရသလဲလို့
မေးခွန်းထုပ်စရာရှိပါတယ်။ မသိသောသူများကဒေါ်ခင်စန္ဒာ
ဝင်းလင်မယားသည်..အလွန်တရာမျကူညီတတ်သူဖြစ်သည်ဟုကောက်ချက်ချကြပြီး..ဒေါ်ခင်စန္ဒာဝင်းသည်..။ထိုသို့ခင်မင်မူများအပေါ်တွင်..နာမည်သုံးပြီးအခွင့်
အရေးယူသည်ကိုမသိကြပေ။
ဂျာမနီတွင်လည်း..မြန်မာအသိုင်းအ၀ိုင်းတွင်..ခင်ပွန်းဖြစ်သူ၏မျက်နှာကိုထောက်ရူပြီး..ခွင့်လွှတ်ထားသည်ကိုဒေါ်ခင်စန္ဒာဝင်းတယောက်မေ့နေသည်ထင်ပါတယ်၊
.သူ့အကြောင်းသိသူများကတော့လစ်လျူရူထားကြသည်ကိုလည်း..သိရပါတယ်
ဆက်လက်ပြီးပြောပြရလျှင်…ဒေါ်ခင်စန္ဒာဝင်းသည်…အပတ်တိုင်း..စနေ၊တနင်္ဂနွေနေ့များတွင်
နိုင်ငံရေးလျှူပ်ရှားသူများနှင့်ဖဲအမြဲရိုက်လေ့ရှိပြီး…ဖဲဝိုင်းတွင်လည်း
သူမမှမရှိလျှင်..မြန်မာသံ ရုံးတွင်အခက်အခဲရှိကြောင်း…သူမသာလျှင်အားလုံးကိုလုပ်ပေးနေရကြောင်းကိုကြွားဝါပြော
ဆိုလေ့ရှိပါတယ်။
သူမသည်…သံအမတ်ကြီးထံသို့….၀န်ထမ်းများ၏အကြောင်းကိုမဟုတ်မဟတ်အခွင့်သာလျှင်သာသလိုလိမ်လည်လုပ်ကြံပြီးပြောပြလေ့ရှိပြီး…သံရုံးစာရေးဒေါ်တင်
သန္တာဝင်း၏..ကွန်ပြူတာ
အား..လစ်ယင်လစ်သလိုသွားရောက်ဖွင့်လစ်ပြီး..အချက်အလက်များကိုလည်းကူးယူလေ့ရှိပါသည်။
မြန်မာသံအမတ်ကြီးဦးတင်ဝင်းသည်လည်း…အင်မတန်မှလဒ်လာဘမျှော်ကိုးသူဖြစ်ပြီး…၀ိုင်ကို
အင်မတန်မှကြိုက်နှစ်သက်သူဖြစ်သည်…၀ိုင်ဆိုလျှင်လည်း..ရိုးရိုး
ဝိုင်ကိုမသောက်ပေ..အနည်းဆုံး…ယူရို
၅၀ကျော်မှသောက်သူဖြစ်သည်…သူသာ..၅၀ကျော်ပေးရသော်ဝိုင်ကိုသောက်ပြီး…
ဧည့်သည်များကိုမူ…ဈေးပေါသောဝိုင်
ကိုသာတိုက်လေ့ရှိပေသည်။
နိုင်ငံတော်ပိုင်ငွေများကိုလည်းနည်းမျိုးစုံဖြင့်ထုပ်ယူတတ်သူဖြစ်ပြီး..တခြားနိုင်ငံမှမြန်မာသံအမတ်များကိုပင်..ထုပ်ယူပုံများကိုသင်ပေးလေ့ရှိကြောင်းကို..လည်းကြား
သိရပါသည်။
နိုင်ငံတကာအစည်းအဝေးများသည်ဥရောပတွင်ကျင့်ပလေ့ရှိပြီး..ယင်းအစည်းအဝေးသို့တက်ရောက်ရာတွင်လည်း…အခြားအဆင့်များတက်ရောက်နိုင်သည့်နေရာ
ကိုပင်းးအခြားအဆင့်များ
အားမတက်ရောက်စေဘဲ..ဦးတင်ဝင်းကိုယ်တိုင်တက်ရောက်ပြီး..ယင်းသို့သွားရာတွင်လည်း..သံရုံးမှတာဝန်ရှိသူများအားမခေါ်သွားဘဲ
.ပြင်ပမှပုဂ္ဂိုလ်များအား..ခေါ်ဆောင်သွားခြင်း….မိန်းမနှင့်သမီးအားနေရာတကာခေါ်သွားပြီး…အစီးအဝေးများအားမတက်ဘဲ…ဈေးလျှောက်ဝယ်ခြင်းဖြင့်သာအချိန
်ကုန်စေခဲ့ကြောင်းကိုလည်းတွေ့ရှိရပါတယ်…သံအမတ်ကြီးသည်…သံအမတ်ကြီးကတော်တတ်သည့်မျက်မှန်သည်…ယူရို
၈၀၀ခန့်ပေးရသည်ဟုလည်းသိရပါသည်။
သံအမတ်ကြီးသည်..အင်္ဂလိပ်စာလည်းမကျွမ်းကျင်ပေ…သို့သော်…နအဖမှလူကြီးများထံသို့သတင်းပို့ရာတွင်..အင်မတန်တော်သူဖြစ်ပေသည်….သူကိုယ်တိုင်မလုပ
မပြောပါဘဲနှင့်သူဘဲစွမ်းစွမ်းတမန်ကျိုးစားသည့်အလား..ရေးတတ်သူဖြစ်ပေသည်…ဒါကြောင့်ထင်ပါရဲ့…ခုချိန်ထိ
၎နှစ်ကျော်သည်အထိမြဲနေခြင်းဖြစ်ပေသည်။
နိဂုံးချုပ်အနေဖြင့်ပြောရလျှင်…ယင်းသံအမတ်နှင့်..ဒေါ်ခင်စန္ဒာဝင်းရှိနေသမျ….ယင်းသံအမတ်
ပြောင်းသွားပြီးလျှင်လည်း..နောက်လာမည့်သံအမတ်အားလည်း.
.ဒေါ်ခင်စန္ဒာဝင်းသည်..ထပ်ပြီးစည်းရုံးပြီး..မဟုတ်မမှန်များကိုဆက်လက်လုပ်ကိုင်နေအုံးမည်မှာမုချဧကန်ပင်..ယင်းအဖြစ်အပျက်အချက်အလက်များမှန်ကန်
သည်မှားသည်ကိုသိရှိလိုပါက..မြန်မာသံရုံးဝန်ထမ်းများကိုသာမေးကြည့်ပါက….မှန်သောသူများထံမှမှန်သောစကားများထွက်လာမှာသေချာပါပေသည်။
သံအမတ်ကြီး ဦးတင်ဝင်းသည်….သြစတြီးယား…နယ်သာလန်နှင့်..ဂျာမနီနိုင်ငံနှင့်ကပ်ရက်
အိမ်နီးခြင်းနိုင်ငံများတွင်….ကျင်းပလေ့ရှိသည့်အစီးအဝေးများကို..
သွားရောက်သည့်အခါများတွင်..မိသားစုအပြင်…ပြင်ပမှလူများကိုလည်းခေါ်ဆောင်သွားလေ့ရှိသည်။
သံရုံးမှတာဝန်ရှိသူ ၀န်ထမ်းတဦးလိုက်ရာတွင်လည်း…ထိုဝန်ထမ်းမှာ..အစီးအဝေးနှင့်ပတ်သက်သည်များကိုမလုပ်ရဘဲ…သံအမတ်ကြီး၏မိသားစု..အကောက်ခွန်
ကင်းလွတ်ခွင့်ဆိုင်သို့ဝင်ခွင့်ရရေးကိုသာဆောင်ရွက်ပေးရသည်ကိုတွေ့ရပါတယ်…၄င်းအပြင်…ဆေးဝါးများ..အားဆေးများ..ရေမွှေးများနှင့်..အရက်..၀ိုင်များကို
လည်း..၀ယ်ယူနေသည်မှာ..လိုသည်ထက်ပိုသည်ဟုထင်ရပါတယ်…သို့သော်..ယင်းကုန်ကျစရိတ်များကို…တချို့သောဘောက်ချာများအား..ပျောက်ဆုံးနေသည်ဟ
ုအကြောင်းပြပြီး..နူတ်မိန့်ဖြင့်ကြိုက်သလိုထုပ်ယူသုံးစွဲနေခြင်း..အဘယ်ကြောင့်ဆိုသော်..ဦးတင်ဝင်းသည်..နိုင်ငံတော်မှပေးထားသောမြေပေါ်တွင်အိမ်ဆောက်နေ
ပြီး..ထိုအိမ်ကိုဆောက်ပေးသောဦးတင်ဝင်း၏မိတ်ဆွေအားလည်း…အိမ်တလုံးဖြစ်အောင်ဖန်တီးပေးရသောကြောင့်ဖြစ်ပေသည်။

အချို့သောဝန်ထမ်းများကလည်း..ဦးတင်ဝင်းယခုလိုစိတ်တိုင်းကျလုပ်နိုင်ရန်..ဖန်တီးပေးထားသည်ကိုလည်း..ပတ်ဝန်ကျင်၏ပြောပြစုံစမ်းပြီးသိရှိရပါတယ်..ဒီထက်
်မကဆိုးသည်များလည်းရှိပါတယ်..အသေးစိပ်ရေးပြရလျင်…အောက်ခြေမတည်ငြိမ်သောဝန်ထမ်းများပါထိခိုက်နစ်နာမည်ကိုစီုးရိမ်ထောက်၇ူ့ရပါမည်….ဦးတင်ဝင်း
၏အပြောတွင်အင်မတန်ချိုသူဖြစ်ပြီး..စိတ်ထားအင်မတန်ကောက်ကျစ်သူဖြစ်ပါသည်…အဘယ်ကြောင့်ဆိုသော်..ဦးတင်ဝင်းလက်သပ်မွေးထားသောတပည့်အား
…ဦးတင်ဝင်းကြည့်မရသောဝန်ထမ်းမိသားစုကို..ပြသနာဖြစ်ပြီးအရေးယူခံရအောင်..လက်သိပ်ထိုးရိုက်ပွဲတခုကို..နိုင်ငံတော်အခန်းအနားကျင်းပသည့်နေ့တွင်
လုပ် ခိုင်းခဲ့ခြင်းကြောင့်ဖြစ်ပေသည်။ ထိုပွဲအပြီးတွင်
မည်သူ့ကိုအရေးယူသည်ကိုတော့မသိရပေ၊ ဒီထက်မကဆိုးဝါသည်များလည်း
ရှိနေပါသေးသည်၊ဦးတင်ဝင်း၏ သတင်းသည်လည်း..ဂျာမနီတွင်…မြန်မာအသိုင်းဝိုင်းတွင်မကဘဲ…ဂျာမန်နိုင်ငံခြားရေးနှင့်ဂျာမန်စီးပွါးရှင်များထဲအထိ
ပြန့်နှံ့နေပေသည်။ ကောင်းသတင်းတော့မဟုတ်ပေ…သမီးဖြစ်သူအား..လိမ်လည်ပြီးခေါ်ဆောင်ထားခြင်း…ဗီဇာသက်တမ်းကိုလည်း..လိမ်လည်ပြီးသက်တမ်းတိုးခြင်းများ
ကိုပြုလုပ်
ထားသည်ဟုကြားသိရပါတယ်..သက်ဆိုင်ရာမှ..အတိအကျစစ်ဆေးပေါ်ပေါက်ခဲ့ပါက..အင်မတန်မှအကျည်းတန်ရှက်စရာကောင်းမည်ကိုဦးတင်ဝင်းသတိ
မပြုမိ ပါခြေ။
အထက်ပါပြောဆိုထားသည်များမှန်ကန်မူရှိမရှိဆိုတာကိုတော့…သက်ဆိုင်ရာကစိတ်ဝင်စားယင်..လေ့လာစုံစမ်းကြည့်နိုင်ပါကြောင်းနှင့်..နောက်ထပ်..မြန်မာသံရုံး
များအကြောင်းကိုအလျှဉ်းသင့်လျှင်
သင့်သလိုပြောပြ့ပါအုံးမယ်။
ညောင်ဦးဖီး ရေးသည်
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန်
ဖော်ပြပေးလိုက်ဖြင်း ဖြစ်ပါ သည်။--ဟစ်တိုင်အဖွဲ
|