ဟစ်တိုင်စင်မြင့်မှ ရင်ဖွင့်သံများ

ရေးသားဖော်ပြလိုပါက----

စာရေးပြီး Register now   လုပ်ပါ

 သင်ရေးပြီစာများကို  အင်တာနက် စာမျက်နှာတွင်

ပြန်လည် ဖတ်နိုင်ပါမည်။

စာရေးလိုပါက ဇော်၈ျီ Font ဖြင့် ရိုက်မှ ရပါမည်။

(ဤ နေရာတွင် နှိပ်ပါ)။

 


 
Name :  
Email :  
Talk : အထူးအထွေတော့မရှိပါ။


Name : bandolulay
Email : secondghostrider@gmail.com
Talk : သို့ အယ်ဒီတာ ဟစ်တိုင်အင်တာနက်စာမျက်နှာ ကျွန်တော်ပို့လိုက်တဲ့ ရင်ဖွင့်သံကို ဘာကြောင့် ဖေါ်ပြမပေးဘဲထားပါသလဲ၊ ကျွန်တော်လည်း ကိုယ်ပို့လိုက်တဲ့စာကို ကိုယ်ပြန်ဖတ်ချင်ပါတယ်၊ ကျွန်တော်ပို့လိုက်တာ ဆဲဆိုတာ၊ တိုက်ခိုက်တာဘာမှမပါဘူး၊ ကောင်းစေချင်လို့ရေးထားတာဘဲပါပါတယ်ခင်ဗျား အခုထပ်ပို့လိုက်ပါတယ်။ သို့ အယ်ဒီတာ ဟစ်တိုင်အင်တာနက်စာမျက်နှာ ၆-၅-၂၀၁၀ သတင်းငတ်နေတဲ့ ကျွန်တော်တို့အတွက် ဟစ်တိုင်အင်တာနက်စာမျက်နှာက များစွာအထောက်အကူရပါတယ်။ သတင်းဦးသတင်းထူးများကို ကဏ္ဍစုံလင်စွာဖေါ်ပြပေးနေမှုအပြင် အထူးသဖြင့် ဟစ်တိုင်ရင်ဖွင့်သံ ဆိုပြီး ရင်ထဲကစ ကားတွေ ပြောခွင့်ရအောင်လုပ်ပေးထားလို့လဲ စိတ်ဝင်တစား ဖတ်ကြပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ ဟစ်တိုင်ရင်ဖွင့်သံ ကဏ္ဍကို ယခင်ကလို ၀င်ဖတ်ကြည့်တာမရှိဘဲ ဖြစ်နေတာကို မြင် ရကြားရလို့ ရင်းနှီးတဲ့သူတွေကိုမေးမြန်းစုံစမ်းကြည့်တဲ့အခါ မမှန်တဲ့အကြောင်းအရာတွေရေးပို့ထားမှုများကို ထည့် သွင်းဖေါ်ပြခြင်းနှင့် ပဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေထည့်ပေးဖေါ်ပြနေခြင်းကြောင့်ဖြစ်တယ်လို့သိရတော့ ဟစ်တိုင်လို ကဏ္ဍ စုံပြီးလူအများစိတ်ဝင်စားမှုခံနေရသော အင်တာနက်စာမျက်နှာအတွက်များစွာသိက္ခာကျစရာဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ (မှန်/မမှန်စုံစမ်းကြည့်တော့လည်း တကယ်မှားနေတဲ့အကြောင်းရာတွေဖြစ်ကြောင်းတွေ့ ရပါတယ်) ကျွန်တော့်အကြံပြုချင်တာက မမှန်မကန်သတင်းများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ (ယခုရက်ပိုင်းအတွင်းဖေါ်ပြသည့်ပေး စာမျိုးလို) ရင်ဖွင့်သံကဏ္ဍကိုရောက်လာပါက မှန်/မမှန် စီစစ်ပြီးမှဖေါ်ပြပါစေလိုကြောင်းပါခင်ဗျား ဟစ်တိုင်သိက္ခာကျမည်ကိုမလိုလားသူ ဗန်တိုလူလေး

Name : htayko
Email : htayko13@gmail.com
Talk : မပြောချင်ပေမဲ့ထပ်ပြောရပြန်ပြီဗျာ ဒီကနေ့ ၇.၅.၂၀၁၀ နေ့နေ့လည်ကတည်းကလေနဲနဲတိုက်တာနဲ့ရွှေလီရေအားလျှပ်စစ်ကပေးထားတဲ့မီးကပြတ် သွားလိုက်တာအခုစာရေးနေတဲ့အချိန်ထိ(၇နာရီခွဲနေပြီ)ပြန်မလာတော့ဘူးဗျ ၂၄နာရီမီးရနေမှအဆင်ပြေနေတဲ့လုပ်ငန်းရှင်တွေတော်တော်အခက်တွေ့နေကြရပြီ လျှပ်စစ်ဌာနကပြောနေတဲ့အောင်မြင်သောရွှေလီရေအားလျှပ်စစ်ဌာနကြီးကမဟာဓါတ်အား လိုင်းကြီးဆီရောက်ဖို့နေနေသာသာမူဆယ်နဲ့နမ်းခမ်းကိုတောင်မှ၂၄နာရီမပေးနိုင်ပဲနဲ့လေကြီး နေကြတာတော့သိပ်မဟုတ်သေးဘူးဗျ နေပြည်တော်လျှပ်စစ်ကဘာတွေလုပ်နေလဲမေးချင်တယ် အောက်မှဘာတွေဖြစ်နေလဲသိအောင်လုင်ဖို့သင်တယ်လို့ထင်တယ် ပြည်သူတွေအဆင်ပြေနေတာကိုမမြင်ချင်လို့မသိချင်ဟန်ဆောင်နေကြတာလား ဖြေပေးစမ်းပါ မူဆယ်သား ၇နာရီ၃၀မိနစ် ၇.၅.၂၀၁၀

Name : bandolulay
Email : ismailgoldman00@gmail.com
Talk : ကျွန်တော်ရေးပေးပို့သည့်စာတွင် လူကြီးမင်းတို့ပြောသလို နောက်ပြောင်ခြင်း၊ ဆဲဆိုခြင်းလုံးဝမပါဘူးခင်ဗျား ဗန်တိုလူလေး

Name : htayko
Email : htayko13@gmail.com
Talk : ဦးဟစ်တိုင် အခုတင်ပေးလိုရရင်သတင်းထူးပေါ့ဗျာ ရန်ကုန်ကမင်္ဂလာဈေးမှာ မီးအကြီးအကျယ်လောင်နေတယ်ဗျ မနက်၁၂နာရီမထိုးသေးဘူးသေချာသိချင်ရင်တော့ရန်ကုန်ကိုချိတ်လိုက်အခုရေးနေတဲ့အချိန်မှာဒုတိယထပ်ကိုလောင်နေတယ်မြန်မြန်လေးချိတ်ပေတော့ဗျာ မူဆယ်သားလေး

Name :ုkyaw naing tun
Email : singlestar1500@gmail,com
Talk : ဒီနေ့မင်္ဂလာဈေးမှာမီးလောင်တယ်လေ ။ ။အကုန်ကုန်တာပဲ။ ။ အမျိုးမျိုးပြောနေကြတယ်။ ။ သေချင်းဆိုးအစိုးရလုပ်တာတဲ့။ ။

Name : kyawnaingtun
Email : singlestar1500@mail.com
Talk : မေလ ၂၄ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မင်္ဂလာဈေး အပေါ်ဆုံးထပ်မှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကို မီးသတ်များမှ ငြှိမ်းသတ်နေစဉ် အဆောက်အဦး အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့သော်လည်း လူသေဆုံးမှု မဖြစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ နံနက် ၈နာရီ ၁၅ ၀န်းကျင်၌ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မွန်းလွဲ ၂နာရီခွဲအချိန်ထိ မီးငြိမ်းသွားခြင်း မရှိသေးကြောင်း သိရှိရသည်။ မီးလောင်မှုကို ငြှိမ်းသတ်နေစဉ် အဆောက်အဦးအချို့ အက်ကွဲမှုများဖြစ်ခြင်း၊ ပြိုကျမှုများဖြစ်ခြင်းနှင့် ပတ်သက်၍ ''အတွင်းထဲက မီးတွေက တော်တော်လေးပြင်းပါတယ်။ အဲဒါကြောင့် မီးအရှိန်တွေနဲ့ မှန်တွေကွဲတယ်။ အုတ်နံရံတွေ ပြိုကျခဲ့တယ်။ ဒါပေမယ့် ပြိုကျတဲ့နေရာမှာ လူတွေ လုံးဝမရှိလို့ ထိခိုက်ဒဏ်ရာရတာတွေ သေဆုံးတာတွေ လုံးဝမဖြစ်ခဲ့ပါဘူး''ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Name : မောင်လုံး(ခပ်ညံ့ညံ့)
Email : KAUNG.HS87@GMAIL.COM
Talk : တစဉ့်တလျားဖြစ်နေရတဲ့ တို့သွေးချင်းတွေရယ် အကြောင်းအမျိုးမျိုးကြောင့် အမေ့အိမ်နဲ့ ဝေးနေရတဲ့ သူတွေရယ် တွေးကြည့်ကြပါ တို့ အိမ် တို့ ရွာ တို့မြေ တို့ပြည်မှာ တို့ဘဝတွေကို တည့်တည့်မတ်မတ် တည်တည်ငြိမ်ငြိမ် နဲ့ ထူထောင်နိုင်မယ် ဆိုရင် ဘယ်လောက်ကောင်းလိမ့်မလဲနော် တို့တွေ အရည်အချင်းရှိပေမယ့် အညွှန့်ချိုးခံထားရတယ် လူတစ်ယောက်ဖြစ်ရခြင်းရဲ့ တန်ဖိုးကို အကန့်သတ်ခံ ထားရတယ် လူမှုရေး စီးပွားရေး ပညာရေး ကျန်းမာရေး ဘယ်လောက်ထိ ထိုးကျနေလဲ ဝမ်းနည်းစရာကောင်းတယ် လူချင်းတူတူကွာ တို့လူမျိုးတွေဟာ စိတ်ဓာတ်ရော ကိုယ်ကျင့်တရားရော လူရည်လူသွေးရော ကမ္ဘာမှာ အညံ့စာရင်းထဲမပါဘူး သဘာဝအရင်းအမြစ်တွေလဲ ရှိပါရဲ့ ဒါပေမယ့် မတိုးတက်ရကောင်းလားဆိုပြီး ဝမ်းနည်းစရာ မရှိပါဘူး ဘာမှမလုပ်နေပဲ ဝမ်းနည်းစရာကောင်းတာက တို့တွေ စိတ်ဓာတ်ပိုင်း ကိုယ်ကျင့်တရားပိုင်း ဆုတ်ယုတ်သွားကြပြီ ကမ္ဘာမှာ ထေရဝါရ နိုင်ငံဆိုပြီး တရားနဲ့ယှဉ်တဲ့ ကံ ၃ ပါးကို တို့တွေ အလေးမထားကြတော့ဘူး ဘာသာခြားတွေ ကြားထဲ ရှက်ဖို့ကောင်းတယ် နောက်တစ်ခု တို့နောက်မျိုးဆက်တွေ တံလျှပ်တို ရေထင်ကြကုန်ပြီ internet ထဲ မွှေတက်ရုံ နိုင်ငံခြားက ဝတ်သလို ဝတ်ရရုံ နဲ့ နိုင်ငံတကာ နဲ့ ရင်ဘောင်တန်းနိုင်ပြီလို့ အထင်ရောက်ကုန်ကြပြီ တို့တွေ ရေလိုက်လွဲ အောင် အလုပ်ခံထားရတယ် တို့တွေရဲ့တွေးခေါ်တတ်တဲ့ ဦးနှောက်ကိုပါ အဖျတ်ဆီးခံထားရတယ် တို့တွေဘက်ပေါင်းစုံကနေ လူစဉ် မ မီအောင် အလုပ်ခံထားရတယ် လူသားတစ်ယောက်အတွက် အခြေခံအကျဆုံး အခွင့်အရေးတွေကိုတောင်မှ ရဖို့ မပြောနဲ့ မသိအောင်တောင် အလုပ်ခံထားရတယ် အမှန်နဲ့အမှား အတုနဲ့အစစ် ကိုလည်း သိသိကြီးနဲ့ မိုးခါးရေကိုမှ ခင်တွယ်ကုန်ကြပြီ တော်လောက်ပါပြီ ဘက်ပေါင်းစုံကလူကြီးတွေရယ် ရှေ့ရေးကိုလည်းတွေးကြပါဦး

Name : ဆင်းရဲသား
Email :  
Talk : အစ်ကို kaungba အစ်ကိုရေးတာကျန်နေသေးတယ်..........တောင်ပေါ်လမ်းမှာဘတ်ကားတွေကဘယ်လောက်ထိစောင့်နေရသလဲဆိုတာပြောပြလိုက်ပါအုံး။သူများတွေလဲသိချင်မှာပေါ့

Name : ဆင်းရဲသား
Email :  
Talk : ဒီနေ့ နေထီးဆောင်းတယ် အစ်ကို ကျွန်တော်ရိုက်ထားတဲ့ အပုံတင်ချင်လို့ ဘယ်လိုတင်ပေးရမလဲ

Name : daimond
Email : uzawlineverdegreat@gmail.com
Talk : အယ်ဒီတာခင်ဗျား လုပ်ငန်းသုံးပါဝါမီတာတွေကိုခဏဖြူတ်သိမ်းထားရာကအခုပြန်လည်တပ်ဆင်ပေးနေပါပြီ။ ရန်ကုန်မှာမိုးရွာနြေ့ပီမို့ လျှပ်စစ်ဓါတ်အားနဲနဲပိုပြီးဖြန့်ဖြူးနေပါပြီ။တစ်နေ့ကို ၆ နာရီထက်နဲနဲပိုပေးတဲ့သဘောပါ။

Name : daimond
Email : uzawlineverdegreat@
Talk : သို့။ အယ်ဒီတာ ရန်ကုန်မှာတော့မီးမနိုင်လို့ဆိုပြီးနေပြည်တော်ညွှန်ကြားချက်နဲ့လုပ်ငန်းသုံးပါဝါမီတာတွေကိုသက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဝန်ထမ်းတွေကလိုက်ဖြူတ်နေတယ် နုရာဝဲစွဲ လဲရာသူခိုးထောင်းပေါ့ဗျာ နေကပူ ရေကပြတ် မီးကမလာ အရောင်းအဝယ်ကမကောင်း ဆိုတော့ သူခိုးရောဓါးမြပါထောင်းတာခံနေရပြီပေါ့ဗျာ မီတာဖြူတ်လို့ပြေလည်သွားမဲ့ကိစ္စမဟုတ်တာ ပိုပြီးတော့ကုန်ဈေးနနူ်းတွေကြီးလာအုံးမှာ ဖြူတ်ပြီးတော့လည်းမီးကပျက်မြဲပျက်လျှက်ပါပဲ တစ်နေ့(၆)နာရီပေးမယ်ဆိုပေမဲ့ အပြည့်မရပါဘူး ကြားထဲမှာပြတ်တောင်း ပြတ်တောင်းနဲ့ပျက်နေတာပါပဲ

Name :ိdaimond
Email : uzawlineverdegreat@gmail.com
Talk : ကျန်သေးတယ်ဗျ ရန်ကုန်ကစက်မှူ့ဇုံတွေ ဟိုတယ်တွေ စူပါမက်ကက်တွေ စားသောက်ဆိုင်တွေ အိမ်တွင်းမူလုပ်ငန်းအသေးစားတွေ အကုန်လုံးပါပဲ ဒါပေမဲ့ပေါ့ဗျာ မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလိုပေါ့ လမ်းကြောင်းဝင်လိုက်ယင် ကျန်သင့်တာကျန် ချန်သင့်ချန်ပေါ့ဗျာ အော် မီတာဖြူတ်တယ်ဆိုတဲ့နေရာမှာ မီတာအလုံးလိုက်မဟုတ်ဘူး ဖျူစ်ကိုဖြူတ်တာပါ ပြန်တပ်ဆိုတဲ့နေ့ပြန်တပ်ပေးမယ်လို့တော့ပြောပါတယ် daimond

Name : htayko
Email : htayko13@gmail.com
Talk : ရာသီဥတုပူပြင်းတဲ့အတွက်မြေပြန့်ကမြို့တွေမှာလူတွေသေကြေကြတဲ့သတင်းတွေအခြားမီဒီယာတွေမှာတိတိကျကျတွေ့ရတဲ့အတွက်ကျေးဇူးတင်မှိပါတယ်ကျနော်တို့မြန်မာပြည်ကမီဒီ ယာတွေမှာတော့မတွေ့ရဘူးဗျပြည်သူတွေကိုချပြပြီးသင်ခန်းစာပေးရမဲ့အစားဖုံးကွယ်ထားနေတယ်ပြည်တွင်းကသတင်းကိုပြည်သူတွေမသိကြရတာတော့မဟုတ်သေးဘူး နိုင်ငံခြားသတင်းဆိုပြီးတော့အာဖဂန်ကအကြောင်းလောက်ပဲဇောင်းပေးကြေညာနေတာကလဲမဟုတ်ပြန်ဘူး ကိုယ့်ပြည်တွင်းကသတင်းတွေကိုကိုယ့်ပြည်သူတွေသိသွားမှာများကြောက်နေကြသလားပဲဗျပြည်သူအားလုံးသိမှကူညီဖေးမမယ့်သူတွေပေါ်လာမှာဆိုတာမသိကြဘူးတဲ့လား သူတို့မပြောလည်းပြည်သူတွေကသိနေကြတယ်ဆိုတာရောသတိထားမှိကြရဲ့လားလို့မေးချင်တယ် နေပူလွန်းလို့ဖြစ်နေတဲ့အခက်အခဲတွေကိုပြည်တွင်းကမီဒီယာတွေကမသိရပဲအခြားမီဒီ ယာတွေကနေကြည့်မှသိရတာတော့တော်တော်ရှက်စရာကောင်းတယ်ဗျ သူတီု့ပြောပြောနေတဲ့ပြည်တွင်းသတင်းဆိုတာတွေကထူးခြားတာလဲဘာမှမဟုတ် အာကရံ ပါကရံ ခရီးစဉ်တွေအကြောင်းပြပြီးတော့နယ်လှည့်စားသောက်နေတာတွေပဲ အပ်ကြောင်းတွေထပ်နေတာလဲတကယ့်ကိုမကောင်ဘူးဗျ ပြည်သူတွေသိသင့်တာကိုတော့အသိပေးသင့်ပါတယ် အမှန်တိုင်းပြောပြတာပဲဗျာ ပြောရကြစမ်းပါ လို့MRTV နဲ့ မြ၀တီ တို့ကို ဟစ်တိုင်ကတဆင့်ပြောပေးစေချင်ပါတယ် ကျေးဇူးအထူးတင်ပါတယ်

Name : daimond
Email : uzawlineverdegreat@
Talk : သို့။ အယ်ဒီတာ ရန်ကုန်မှာတော့မီးမနိုင်လို့ဆိုပြီးနေပြည်တော်ညွှန်ကြားချက်နဲ့လုပ်ငန်းသုံးပါဝါမီတာတွေကိုသက်ဆိုင်ရာမြို့နယ်လျှပ်စစ်ဝန်ထမ်းတွေကလိုက်ဖြူတ်နေတယ် နုရာဝဲစွဲ လဲရာသူခိုးထောင်းပေါ့ဗျာ နေကပူ ရေကပြတ် မီးကမလာ အရောင်းအဝယ်ကမကောင်း ဆိုတော့ သူခိုးရောဓါးမြပါထောင်းတာခံနေရပြီပေါ့ဗျာ မီတာဖြူတ်လို့ပြေလည်သွားမဲ့ကိစ္စမဟုတ်တာ ပိုပြီးတော့ကုန်ဈေးနနူ်းတွေကြီးလာအုံးမှာ ဖြူတ်ပြီးတော့လည်းမီးကပျက်မြဲပျက်လျှက်ပါပဲ တစ်နေ့(၆)နာရီပေးမယ်ဆိုပေမဲ့ အပြည့်မရပါဘူး ကြားထဲမှာပြတ်တောင်း ပြတ်တောင်းနဲ့ပျက်နေတာပါပဲ

Name :ိdaimond
Email : uzawlineverdegreat@gmail.com
Talk : ကျန်သေးတယ်ဗျ ရန်ကုန်ကစက်မှူ့ဇုံတွေ ဟိုတယ်တွေ စူပါမက်ကက်တွေ စားသောက်ဆိုင်တွေ အိမ်တွင်းမူလုပ်ငန်းအသေးစားတွေ အကုန်လုံးပါပဲ ဒါပေမဲ့ပေါ့ဗျာ မျက်နှာကြီးရာဟင်းဖတ်ပါဆိုသလိုပေါ့ လမ်းကြောင်းဝင်လိုက်ယင် ကျန်သင့်တာကျန် ချန်သင့်ချန်ပေါ့ဗျာ အော် မီတာဖြူတ်တယ်ဆိုတဲ့နေရာမှာ မီတာအလုံးလိုက်မဟုတ်ဘူး ဖျူစ်ကိုဖြူတ်တာပါ ပြန်တပ်ဆိုတဲ့နေ့ပြန်တပ်ပေးမယ်လို့တော့ပြောပါတယ် daimond

Name : datacarrier
Email : waiyanmin007@gmail.com
Talk : ဖိုးလပြည့်ရဲ့ ၁၉ နှစ်မြောက်မွေးနေ့ ပွဲ အကြိုသတင်း မေလကုန်တွင် ဂျိုးဖြူရေ ပြတ်လပ်ဖွယ်ရှိကြောင်း ၁၆ရက်နေ့ က မေမြို့ (ပြင်ဦးလွင်မြို့ )တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ ထူးခြားတဲ့ မြန်မာအမျိုးသမီးများ ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏ လနှင့်သောကြာကြယ် နီးကပ်စွာတည်ရှိမှုကို မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရ ယနေ့ ရန်ကုန်မြို့ တွင် မိုးအနည်းငယ်ရွာသွန်းကြောင်း http://www.datacarrier.info

Name : datacarrier
Email : waiyanmin007@gmail.com
Talk : ဖိုးလပြည့်ရဲ့ ၁၉ နှစ်မြောက်မွေးနေ့ ပွဲ အကြိုသတင်း... ယနေ့ ရန်ကုန်မြို့ တွင် မိုးအနည်းငယ်ရွာသွန်းကြောင်း... လနှင့်သောကြာကြယ် နီးကပ်စွာတည်ရှိမှုကို မြန်မာနိုင်ငံမှ မြင်တွေ့ခဲ့ရ... မေလကုန်တွင် ဂျိုးဖြူရေ ပြတ်လပ်ဖွယ်ရှိကြောင်း... ၁၆ရက်နေ့ က မေမြို့ (ပြင်ဦးလွင်မြို့ )တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့... ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏... ထူးခြားတဲ့ မြန်မာအမျိုးသမီးများ... http://www.datacarrier.info တွင်အပြည့်အစုံဖတ်ရှုနိုင်ပါကြောင်း

Name : ဆားပုလင်း
Email : sarrpalinn@gmail.com
Talk : တာချီလိတ်မြို့နယ်အတွင်း ကြံ့ဖွတ်များက ရပ်ကွက်များအလိုက် အသင်းဝင်အသစ်များတိုးပွားလာစေရန်အတွက် စည်းရုံးကာ မ၀င်မနေရ ပုံစံဖြင့် အတင်းဝင်ခိုင်းရင်း အသင်းဝင်ကဒ်ပြားများကို ချက်ခြင်းပြုလုပ်ပေးနေသည်။ မှတ်ပုံတင်မရှိသူများလည်းပြုလုပ်နိုင်ပြီး ထိုအသင်းဝင်ကဒ်ပြားရှိပါက တစ်ဖက်နိုင်ငံ(ထိုင်း)သို့ အလည်အပတ်သွားလို့ရကြောင်း မြူဆွယ်နေပါသည်။ ရပ်ကွက်တွေအပြင် ကာရာအိုကေ၊ အရက်ဆိုင်၊ လဖက်ရည်ဆိုင်များတွင်လည်း လိုက်၍ ပြုလုပ်ပေးနေသည်။ အသင်းမ၀င်ပါက အဖမ်းခံမှာကြောက်သော ပြည်သူများမှာ အသင်းမ၀င်ချင်သော်လည်း ၀င်နေရသည်။ ထို့အတူ ရပ်ကွက် ဌာနဆိုင်ရာများတွင်လည်း ကြံ့ဖွတ် အသင်းဝင်များကိုသာ မျက်နှာသာပေးကြသည်။ ရပ်ကွက်များမှ ဥက္ကဌများနှင့်အတွင်းဝင်များသည်လည်း ကြံ့ဖွတ်မှ လူများပင်ဖြစ်ကြသည်။ ကြံ့ဖွတ်အသင်းမ၀င်ထားသော ပြည်သူများမှ မျက်နှာသာ မရကြပေ။ တာချီလိတ် မှ ဆားပုလင်း

Name : ဆားပုလင်း
Email : sarpalinn@gmail.com
Talk : (16.5.2010)တာချီလိတ်မြို့ရဲ့ ရပ်ကွက်တွေမှာ ကွင်းဆင်းပြီးတော့ ကြံ့ဖွတ်တွေ အသင်းဝင်အသစ်အဖြစ်လက်ခံပြီး ချက်ချင်းဓါတ်ပုံရိုက် ချက်ချင်း အသင်းဝင်ကဒ်ထုတ်ပေးနေသည်။

Name : aa
Email : aa@yahoo.com
Talk : တာချီလိတ် ရဲများဧည်စရင်းစစ်ကာငွေတောင်းနေပါသည်။လောင်းကစားပွဲများတရားဝင်ဖွင်ပေးပြီးလိုင်ကြေး(၁၅၀၀)ဘတ်ကို (စစစ)(ဒန)(CID)(SB)အဖွဲတွေကကောက်ယူနေကြပါသည်။

Name : you
Email : you@gmail.com
Talk : ကော့သောင်းမှာ ဆေးဆိုင်တွေအရင်ဖမ်းတယ် နောက်ဘီယာဆိုင် အနှိပ်ခန်း ဘော်လုံးဒိုင် ဆိုင်ကယ်တွေ စုံနေတာပဲ ရာသီဥတုကလဲပူတယ် မီးတော့မှန်တယ်ဗျ ဂက်စ်တွေလဲထည့် မရဘူးဗျ ဆင်းရဲသားတွေအခက်အခဲဖြစ်နေကြတယ်


Name : သေမင်း
Email : MayaNaKing 125@gmail.com
Talk : သင်သေသွားသော် ကဗျာခေါင်းစဉ်ကလေး ၊ ဖတ်ဖူးတယ်ရှိအောင်ဖတ်ကြည့်ပါ။ သူများမကောင်းကြောင်းတွေ၊ မနာလိုမှုတွေသိပ်များနေရင် နောင်ဘ၀မပြောနဲ့  ဒီဘ၀မှာတင် ဒုက္ခတွေများနေလိမ့်မယ်။ ဆင်ခြင်စရာကောင်းပါ၏။ လူ့ ဘ၀ကတိုတောင်းပါ၏။ သင်သေသွားသော် ............

Name : ရွှေမြ၀တီ
Email : laminmonangle4
Talk : မြ၀တီမြို့က သူဌေးတွေရှိပါတယ်။ အားလုံးလိုလိုက မတရားနည်းနဲ့ ချမ်းသာတာများပါတယ်။ ကိုကျော်ဟိန်းဆိုရင် ဗျူဟာမှူကို ခေါင်းပုတ်လို့ ရပါတယ်။ သူချမ်းသာတာကတော့ သိတဲ့ အတိုင်းပဲ။ ကုန်သည်ဥက္ကဌ သင်းသင်းမြတ် ကတော့ ရောက်လာတဲ့  လူကြီးတွေကို သူ့ အိတ်ထည်းကောက်ထည့်တယ်။ ပြီးတော့ သူ့ အကျိုးစီးပွားပြန်ရှာတယ်။ တရုတ်လူမျိုးစစ်ဖြစ်တော့ ဘယ်သူသေသေ ငတေမာရင် ပြီးရောပေါ့။ အာဇာနည် ကျောက်တိုင် တို့ လွပ်လပ်ရေးကျောက်တိုင် တို့ ဆိုရင် အလွန်ကြိုက်တယ်။ အရင်ဘ၀က တရုတ်စစ်သူကြီး ကွန်ဖူးရှပ် ၀င်စားတယ်လို့  သိရတယ်။ ဒါကြောင့် နိုင်ငံတော် ပစ္စည်းတွေကို အမွေအဖြစ် ထိမ်းသိမ်းထားချင်တာ ဖြစ်တယ်။ စိတ်မကောင်းစရာက ဗမာပြည်မှာ လာမွေးလို့ ပါ။ ဒေါ်ပန်းကြည်ဆိုတဲ့  အဖွားကြီးကတော့ နိုင်ငံတော် ပန်းကြည်ပေါ့။ နိုင်ငံတော် လူကြီးတွေကို အသုံးချပြီး တစ်ချိန်က စီးပွားရှာကြတယ်။ ဦးကုလား (ဘော်ဒီရုံ)ကတော့ ကားမှောင်ခိုလုပ်တယ်။ ၀တ်သောက်ကားတွေ ဖြတ်ဆက်ပေးရာမှ ချမ်းသာလာတယ်။ မီးလင်းရေးကော်မတီမှာ ပြည်သူထံက အမြတ်ကြီးစားပြီး ဆက်ချမ်းသာအောင်လုပ်နေတယ်။ နောက် သူဌေး (၃)ယောက်ကတော့ ဦးလှသိန်း၊ ဦးစံသွင်နဲ့  ဦးစိုးပိုင် တို့ပေါ့။ သူတို့ ကတော့ မြေပေါ်ဓမြတွေပါပဲ။ ဒီနေ့  ကရင်ပြည်နယ် အလွန်ပူရတာ သူတို့ ကြောင့်ပါ။ တောထဲမှ သစ်တွေကို တရားဝင်သဖွယ် ခုတ်ယူပြီး ထိုင်းနိုင်ငံ ကို ရောင်းစားခဲ့ လို့  အခုလို ချမ်းသာတာလို့  မြို့လူထုက ပြောကြတယ်။ နောက် သူဌေးတွေက တော့ ရယကဥက္ကဌ ကိုစိန်သောင်းပေါ့။ သူ့ မိန်းမကတော့ စုဖုရားလပ် ပါပဲ။ ရယက သက်တမ်းအကြာဆုံးပေါ့။ ရပ်ကွက်အတွင်း မြေတွေကို ကိုယ်ပိုင်လုပ်တတ်ရာမှ အလွန်ကျွမ်းကျင်တယ်။ သူ့ အပေါင်းအပါတွေကတော့ အရင်ဘ၀က မြေတွေအသိမ်းခံရလို့  သူဥက္ကဌ ဖြစ်တဲ့အခါ ပြန်ယူတာတဲ့ ။ အစိုးရပစ္စည်းတွေလည်း သူပိုင်လုပ်ရာမှာ တအားကျွမ်းကျင်ပါတယ်။ ဒီလိုသဌေးမျိုးတွေကို ဒေသအာဏာပိုင်တွေက မြို့ မျက်နှာဖုံးအဖြစ် လေးစားကြည်ညိုခံယူရပြီး ရှေ့တန်းတင်ရတယ်တဲ့။ အော် တရားဆိုတာ ဝေးဝေးတောမှာ မရှာကြနဲ့တဲ့ မြ၀တီမှာပဲ ရှာတဲ့။ မြ၀တီမြို့ပေါ်မှာ ဘုန်းကြီးတွေ တရားရှာရင် ရဟန်းတာ အမြန်ဆုံးဖြစ်မှာလို့  ဆရာတော်အချို ဆိုခဲ့ တယ်။

Name : mglay
Email : -
Talk : သို့ အယ်ဒီတာခင်ဗျား မြ၀တီမြို့မှာအကျင့်ပျက်ဝန်ထမ်းများနှင့်စီးပွားရေးသမားများပေါင်းစားနေတဲ့အကြောင်းတင်ပြလိုပါတယ် မြ၀တီမြို့အမှတ်(၄)ရပ်ကွက်ဘုရင့်နောင်လမ်းရှိသမ၀ါယမပိုင်သည်ဟုပြောသောမြေနေရာအားစီးပွားေ၇းသမားများ နှင့်မြေယာတိုင်းတာရေးအဖွဲ့များလာဘ်ပေးလာဘ်ယူပြုလုပ်ပြီးမြေပိုမိုတိုင်းတာကာမြေယာလေလံတစ်ခုအရောင်း အ၀ယ် ပြုလုပ်မှုတစ်ခုမကြာမီကဖြစ်ပေါ်ခဲ့ပါတယ်။ ၄င်းမြေပေါ်တွင်ပါဝင်သည်ဟုဆိုကာအဆိုပါမြေပေါ်တွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့သည့်ပြည်သူများအား သက်ဆိုင်ရာမှအဓမဖယ်ရှားခိုင်းခဲ့သော်လည်းကြံ့ဖွံ့အသင်းဝင် နေထိုင်ရာ မြေနေရာအားဖယ်ရှားခြင်းမပြုဘဲဆက်လက်နေထိုင်စေခဲ့ပါတယ်။၎င်းမြေပေါ်တွင်နေထိုင်သည့်ပြည်သူ များမှာလည်း နှစ်ပေါင်းများစွာ အာဏာပိုင်များအား မြေငှားရမ်းခ လစဉ်ကြေးပေးဆောင်ခဲ့ရသော်လည်း အာဏာ ပိုင်များမှပိုင်ဆိုင်မှုတစ်စုံတစ်ရာပေးအပ်ခြင်း၊ထောက်ထားငဲ့ညှာခြင်းမရှိခဲ့ဘဲ ရက်ပိုင်းအတွင်း၎င်းမြေပေါ်တွင်နေထိုင် သည့်အိမ်ထောင်စုများအားဖယ်ရှားခိုင်းခဲ့ပါတယ်။ ထို့ကြောင့် ၄င်းမြေပေါ်တွင်နေထိုင်သူများအနေဖြင့် လတ်တလော ပြောင်းရွေ့ရန်အခက်အခဲဖြစ်ပေါ်လျှက်ရှိကြောင်း သက်ဆိုင်ရာအနေဖြင့် ၄င်းမြေပေါ်တွင်အတူတကွာနေထိုင်သူ အချင်းချင်းဖြစ်သော်လည်း ကြံ့ဖွံ့အသင်းဝင်နေထိုင်သည့်မြေနေရာအားချန်လှပ်ကာ အခြားမိသားစုဝင်များကို သာရွေးချယ်ပြောင်းရွေ့စေခဲ့ခြင်းမှာလူ့အခွင့်အရေးချိုးဖောက်ရာကျကြောင်း၊ မြ၀တီမြို့ပေါ်ရှိပြည်သူများမှာလည်း ပြောင်းရွေ့ရသည့်မိသားစုများအားစာနာသနားလျှက်ရှိပြီး ကြံ့ဖွံ့အသင်းအားမျက်မုန်းကြိုးမုန်းတီးလျှက်ရှိကြောင်း သိရှိရပါသည်။ ကြံ့ဖွံ့အသင်းသည်ပါတီထောင်ကာနိုင်ငံရေးလောကသို့ဝင်ရောက်ရန်ရှိသဖြင့် အသင်း၏ပိုင်ဆိုင်မှု များအား ရသမျှခိုင်မာအောင်ရယူဆောင်ရွက်လျှက်ရှိနေပါသည်။ အလားတူ မြ၀တီမြို့အမှတ်(၂)ရပ်ကွက်ရှိ ဖြိုး တည်းခိုခန်းကိုလည်း ကြံ့ဖွံ့အသင်းမှအပိုင်စီးရယူခဲ့သည်ဟုသိရသည်။ မြ၀တီမြို့သည် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အိမ်ခြံမြေများဈေးကောင်းလာသဖြင့် အကျင့်ပျက် ၀န်ထမ်းများနှင့်စီးပွားရေးသမားများပူးပေါင်းကာ ပိုင်ဆိုင်မှုများအား ခိုင်မာအောင်လိမ်လည်ပြုလုပ်နေသည်မှာ ထမင်းစားရေသောက်ဓလေ့တစ်ခုကဲ့သို့ပင်ဖြစ်နေပါသည်။ ယင်းတို့ထဲတွင် မြို့မိမြို့ဖခေါင်းပေါင်းဆောင်းထားသူ များနှင့် မြေစာရင်းအဖွဲ့တို့မှာ ကုန်သွယ်ရေးဇုံညွှန်မှူးပြီးလျှင် အဓိက အကျင့်ပျက်သူများစာရင်းတွင်ပါဝင်လျှက် ရှိပါသည်။

Name : samar
Email : samar@mail.com
Talk : to ma pa la, try to understand how the entnic people living in u r country.u can go n visit their region. u will know.

Name : freedom
Email :  
Talk : Hey မဗေဒါ (နော်ဝေ) ဘုရားပေးတဲ့ ဗီဇာလား ကုလားပေးတဲ့ဗီဇာလား ဗုဒ္ဓပွင့်တော်မူခဲ့ရာ အိန္ဒိယနိုင်ငံ ........ ပြောမည်ဆိုလျှင် ဗုဒ္ဓကလည်း ကုလား ......... အိန္ဒိယနိုင်ငံကို ဆူဆဲကြိမ်းမောင်း ပြောဆို တာ စိတ်ထဲက ထုတ်လိုက်ပေတော့ ......... sali

Name:bandolulay
Email:ismailgoldman00@gmail.com
Talk:ကျွန်တော်ရေးပေးပို့သည့်စာတွင် လူကြီးမင်းတို့ပြောသလို နောက်ပြောင်ခြင်း၊ ဆဲဆိုခြင်းလုံးဝမပါဘူးခင်ဗျား ဗန်တိုလူလေး

Name:bandolulay
Email:secondghostrider@gmail.com
Talk:သို့ အယ်ဒီတာ ဟစ်တိုင်အင်တာနက်စာမျက်နှာ ကျွန်တော်ပို့လိုက်တဲ့ ရင်ဖွင့်သံကို ဘာကြောင့် ဖေါ်ပြမပေးဘဲထားပါသလဲ၊ ကျွန်တော်လည်း ကိုယ်ပို့လိုက်တဲ့စာကို ကိုယ်ပြန်ဖတ်ချင်ပါတယ်၊ ကျွန်တော်ပို့လိုက်တာ ဆဲဆိုတာ၊ တိုက်ခိုက်တာဘာမှမပါဘူး၊ ကောင်းစေချင်လို့ရေးထားတာဘဲပါပါတယ်ခင်ဗျား အခုထပ်ပို့လိုက်ပါတယ်။ သို့ အယ်ဒီတာ ဟစ်တိုင်အင်တာနက်စာမျက်နှာ ၆-၅-၂၀၁၀ သတင်းငတ်နေတဲ့ ကျွန်တော်တို့အတွက် ဟစ်တိုင်အင်တာနက်စာမျက်နှာက များစွာအထောက်အကူရပါတယ်။ သတင်းဦးသတင်းထူးများကို ကဏ္ဍစုံလင်စွာဖေါ်ပြပေးနေမှုအပြင် အထူးသဖြင့် ဟစ်တိုင်ရင်ဖွင့်သံ ဆိုပြီး ရင်ထဲကစ ကားတွေ ပြောခွင့်ရအောင်လုပ်ပေးထားလို့လဲ စိတ်ဝင်တစား ဖတ်ကြပါတယ်။ ဒါပေမယ့်အခုနောက်ပိုင်းမှာတော့ ဟစ်တိုင်ရင်ဖွင့်သံ ကဏ္ဍကို ယခင်ကလို ၀င်ဖတ်ကြည့်တာမရှိဘဲ ဖြစ်နေတာကို မြင် ရကြားရလို့ ရင်းနှီးတဲ့သူတွေကိုမေးမြန်းစုံစမ်းကြည့်တဲ့အခါ မမှန်တဲ့အကြောင်းအရာတွေရေးပို့ထားမှုများကို ထည့် သွင်းဖေါ်ပြခြင်းနှင့် ပဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေထည့်ပေးဖေါ်ပြနေခြင်းကြောင့်ဖြစ်တယ်လို့သိရတော့ ဟစ်တိုင်လို ကဏ္ဍ စုံပြီးလူအများစိတ်ဝင်စားမှုခံနေရသော အင်တာနက်စာမျက်နှာအတွက်များစွာသိက္ခာကျစရာဖြစ်နေတဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ (မှန်/မမှန်စုံစမ်းကြည့်တော့လည်း တကယ်မှားနေတဲ့အကြောင်းရာတွေဖြစ်ကြောင်းတွေ့ ရပါတယ်) ကျွန်တော့်အကြံပြုချင်တာက မမှန်မကန်သတင်းများ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ (ယခုရက်ပိုင်းအတွင်းဖေါ်ပြသည့်ပေး စာမျိုးလို) ရင်ဖွင့်သံကဏ္ဍကိုရောက်လာပါက မှန်/မမှန် စီစစ်ပြီးမှဖေါ်ပြပါစေလိုကြောင်းပါခင်ဗျား ဟစ်တိုင်သိက္ခာကျမည်ကိုမလိုလားသူ ဗန်တိုလူလေး

Name:htayko
Email:htayko13@gmail.com
Talk:မပြောချင်ပေမဲ့ထပ်ပြောရပြန်ပြီဗျာ ဒီကနေ့ ၇.၅.၂၀၁၀ နေ့နေ့လည်ကတည်းကလေနဲနဲတိုက်တာနဲ့ရွှေလီရေအားလျှပ်စစ်ကပေးထားတဲ့မီးကပြတ် သွားလိုက်တာအခုစာရေးနေတဲ့အချိန်ထိ(၇နာရီခွဲနေပြီ)ပြန်မလာတော့ဘူးဗျ ၂၄နာရီမီးရနေမှအဆင်ပြေနေတဲ့လုပ်ငန်းရှင်တွေတော်တော်အခက်တွေ့နေကြရပြီ လျှပ်စစ်ဌာနကပြောနေတဲ့အောင်မြင်သောရွှေလီရေအားလျှပ်စစ်ဌာနကြီးကမဟာဓါတ်အား လိုင်းကြီးဆီရောက်ဖို့နေနေသာသာမူဆယ်နဲ့နမ်းခမ်းကိုတောင်မှ၂၄နာရီမပေးနိုင်ပဲနဲ့လေကြီး နေကြတာတော့သိပ်မဟုတ်သေးဘူးဗျ နေပြည်တော်လျှပ်စစ်ကဘာတွေလုပ်နေလဲမေးချင်တယ် အောက်မှဘာတွေဖြစ်နေလဲသိအောင်လုင်ဖို့သင်တယ်လို့ထင်တယ် ပြည်သူတွေအဆင်ပြေနေတာကိုမမြင်ချင်လို့မသိချင်ဟန်ဆောင်နေကြတာလား ဖြေပေးစမ်းပါ မူဆယ်သား ၇နာရီ၃၀မိနစ် ၇.၅.၂၀၁၀

Name : htayko
Email : htayko13@gmail.com
Talk : ဟစ်တိုင်ခင်ဗျား ထူးခြားသတင်းများရှိခဲ့ပါက(ဓါတ်ပုံ/ဗီဒီယို)စသည်တို့ကိုပိုပေးလျှင်လက်ခံဖေါ်ပြပေးပါသလား မည်ကဲ့သို့ချိတ်ဆက်ပေးပို့ရမည်/အကန့်အသတ်မည်မျှရှိသည်တို့ကိုသိလိုပါသည် ပြန်လည်ညွှန်ကြားပေးစေလိုပါသည်ခင်ဗျား ကျေးဇူးတင်စွာဖြင့် အားပေးလျှက်ပါ မူဆယ်သား

--

ပြန်ကြားချက်

အမှန်တရား လိုလားသူများ ပေးပို့သည့် သတင်းအမှန်များကို ပြည်သူတို့အတွက် ပြန်လည်ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဗွီဒီယို ဖိုင်ဖြင့် ပို့ ပါကလည်း ဖော်ပြပေးပါမည်။

ဗွီစီဒီ သီချင်း တပုဒ် စာခန့် ( ၅၀၀ မီကာဗိုက်ခန့် ) ဆိုလျှင် ခေါ်ကြည့်ရ မြန်ပါမည်။ နားမလည်ပါက ဖြစ်သလို ပို့ပေးပါ။ ပြန်လည် ပိုင်းပြီး ဖော်ပြပေးပါမည်။

မိမိ လုံခြုံရေးကို အထူး ဂရု ပြုစေချင်ပါသည်။ အခက်အခဲများကြားမှ အမှန်တရားများ အတွက် ရပ်တည်ဖော်ထုတ် နိုင်ကြပါစေ။

လေးစားစွာဖြင့်

ဟစ်တိုင် ၀ိုင်းတော်သားများ

 


Name : you
Email : you@gmail.com
Talk : ကော့သောင်းသည် ယခင်ကအလွန်စည်းကားပါသည် ယခုတော့ လုံးဝ ကိုချောက်သွားပါပြီ လာတဲ့လူများကို ဖမ်းဆီးနေပါ တယ် နေထိုင်သူများဒုက်ခရောက်နေပါတယ်

Name : kyaw kyi
Email : klmin2009@gmail.com
Talk : ၀န်ထမ်း အိမ်ခန်းနေရာများ နေရာချထားရာတွင် အဂတိလိုက်စားမှုများရှိနေ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်ရှိ အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးတွင် ၀န်ထမ်းနေအိမ် လိုင်းခန်းများ နေထိုင်ခွင့်ပြုရာတွင် ဘုတ်အဖွဲ့ဖြင့် စီစစ်ခွင့်ပြုလျှက်ရှိပါသည်။ သို့ရာတွင် အမှန်တကယ် နေအိမ်လိုင်းခန်းများ နေရာချထားပေးခဲ့ရာတွင် အခကြေးငွေပေးဖြင့် ပေးယူသူကိုသာ ဦးစားပေး၍ နေရာချထားပေးနေပါသဖြင့် အမှန်တကယ် ရရှိရမည့် ၀န်ထမ်းများအတွက် များစွာ နစ်နာလျှက်ရှိပါသည်။ အဆိုပါဝန်ထမ်းများအနေဖြင့် ပြင်ပတွင် အိမ်ခန်းများငှားရမ်းနေထိုင်ရသဖြင့် လူမှုရေး၊ စီးပွားရေး၊ စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့နေရပါသည်။

Name : 077
Email : -
Talk : SPDC organize the NGO as the political party. It should not be so. USDA is only the non-government association. They made the change without the attitude of the member of USDA. I think so.

Name : mg
Email : m06777@gmail.com
Talk : အချိန်သိပ်မရှိတော့ဘူးလေ။ ရတာလေးတွေ အကုန်ယူထားလိုက်မယ်။ ငါ့အတွက်။ ငါ့မိန်းမအတွက်။ ငါ့သားအတွက်။ ငါ့သမီးအတွက်။

အော်ကျန်သေးတယ် ယောက္ခမအတွက်တွေလေ။ ဥက္ကဌ သူငယ်ချင်းတို့ ရေ လုပ်စရာရှိတာ (၆)လနှင့် (၈)လလောက် အချိန်ရသေးတယ်။

အိတ်ထဲ ထည့်လို့ ရတာထည့်ထား။ ခိုးလို့ ရတာခိုးထားကြနော်။ နောင်ရေးအတွက် စိတ်အေးကြရမယ်နော်။


Name : aung
Email :  
Talk : ကျွန်တော်တို့ လို ညီနောင်၊၇ွာသစ်၊ဝေ့၇ှမ်း၊မဲပလဲ့ မှာ၇ှိတဲ့ လူတွေ ဟာမြ၀တီမြို့ သို့ လာ၇င် ကုန်သွယ်ေ၇းဇုံကိုဖြတ်၇ပါတယ်။ ကုန်သွယ်ေ၇း

ဇုံမှဝန်ထမ်းတွေဟာ နံနက် ၆း၀၀ နာ၇ီတိတိမှ လမ်းဖွင့် ပေးပါတယ်။ ဈေးေ၇ာင်းဈေးဝယ်နဲ့  နာေ၇း၊ဖျားေ၇းတွေမှာ လူ၊ ဆိုင်ကယ်များကို

ဖွင့် ပေးသင့် ပါတယ်။ စစ်တပ်နံမည်နဲ့  လိုင်စင်မဲ့ ကားများ၊ ပိုက်ဆံပေးထားတဲ့ ကားများကတော့  အချိန်မေ၇ွးဖြတ်လို့ ၇ပါတယ်။ ပြည်သူ

ဘက်ကိုလည်း ကြည့် ပေးကြပါ။တဘို့ ပဲမကြည့် ကြပါနဲ့ ။


Name : zawgyi
Email : moe_zet@yahoo.com
Talk : တွေ့ ၇မြင်၇မြ၀တီမြို့ အကြောင်းများ။ ။ ည ၁း၃၀ ။ ၂း၀၀ ဆို၇င်မြ၀တီ၇ှိေ၇ပှု၊မွေးမြူေ၇းဇုံ၊ ညီနောင်၊ ၇ွာသစ်၊ ၀ါးတော၊ မှာ ၇ိုတဲ့  စိုက်ပျိုး

ေ၇းသမား အားလုံး သီးနှံ၊ ဟင်းသီးဟင်း၇ွက်၊ ပန်း စသည့် ခြံထွက်သီးနှံများ ကိုဘု၇င့်နောင်ဈေးသို့ လာေ၇ာက်ေ၇ာင်းချ၇ပါသည်။နံနက်

၎း၀၀ မကျော်ခင်ကုန်အောင်ေ၇ာင်း၇ပါတယ်။ နံနက် ၄း၀၀ ၊ ၄း၃၀ ဆိုတာနဲ့ ဆိုင်ခန်း ပိုင်၇ှင်တွေေ၇ာက်ပြီး မောင်းထုတ် ဟိုပြေး၇ ဒီပြေး၇

ချဉ်ပေါင်၇ွက် ၃ စီး ၁၀၀ တန်၇င် ၅ စီး၁၀၀နဲ့ေ၇ာင်း၇ပါတယ်။ ကျွန်တော်တို့ လိုခြံသမားအားလုံးအတွက် ဈေးမှာနေ၇ာပေးသင့်ပါတယ်။

စည်ပင်ကလူကြီးမင်းများ ကားတွေစီးနေပြီး ဘ၀မေ့ နေကြပြီလား။ ပိုက်ဆံပေးတဲ့ လူပဲနေ၇ာပေးနေလား။ စိုက်ပျိုးေ၇းကိုအခြေခံပြီး အခြား

စီးပွားေ၇းများတိုးတက်ေ၇း ဆိုတာကိုဆောက်ေ၇းမလုပ်တဲ့ သဘောလား။ Hittai မှာပါတဲ့ games ဆိုင်များ ၊ကင်းခကောက်ခံခြင်းများ ပါ

တုန်းခဏပဲ။ အခုအ၇င်အတိုင်းပါပဲ။

ဆိုင်၇ှင်တွေပြောတာတော့ ပိုက်ဆံပေး၇င် အကုန်၇တယ်တဲ့ ။ အခု တင်ပြနေခြင်းသည်အမှန်တ၇ားများဖြစ်ပါသည်။ နံနက် ၉း၀၀ ၊ ၉း၃၀ ဆို

၇င်ဗျူဟာမှုးဆိုလား ၊ ဘာလားတော့ မသိပါဘူး နောက်ပါ၇ဲဘော်များသေနတ်တကားကား ၀ီစီသံတညံညံနဲ့  မြ၀တီမြို့ ထဲလာပါပြီ။ သူ့ ကား

ေ၇ှ့မှာ ပိတ်တဲ့  လူ၊ဆိုင်ကယ်၊စက်ဘီး များကို အချုပ်ထဲထည့် ပါတယ်။လေးစားပါတယ်။ ကြားဘူးတဲ့ နိုင်ငံတွေမှာ စစ်သားတွေကို တွေ့ ချင်

၇င် သူတို့ ၇ုံးတွေမှာသွားကြည့် ၇ တယ်လို့ ကြားမိပါတယ်။ တိုင်းသူပြည်သားတွေကို စိတ်ချမ်းသာအောင်ထားပါတယ်။ မြ၀တီမြို့ မှာတော့ ၇ဲ

တွေေ၇ာ၊ စစ်တပ်ေ၇ာ၊ အဖွဲ့ အစည်းေ၇ာ၊ ၇ ၀ တေ၇ာ၊ အ၇ူးလက်မှတ်၇တဲ့ သူေ၇ာ၊ အ၇င်တုန်းက ဆိုက်ကားနင်းတဲ့ သူေ၇ာ အခုတော့ 

သေနပ်တကားကားနဲ့ ပေါ့ ။ ဘယ်သူ့ ကို အဖေခေါ်၇မှာလဲ။ တာဝန်၇ှိတဲ့  လူကြီးမင်းများ ဘာတွေများလုပ်နေပါလဲ။

ဟုတ်ကဲ့ ။မသိလို့ မေးပါ၇စေ။အ၇ာ၇ှိများစုပြီး ဖဲ၇ိုက်နေကြလား။ဒါမှမဟုတ် W Y တွေပဲသုံးနေလား။ လိုင်စင်မဲ့ ကားတွေပဲအောက်ပို့ နေလား။

 ။၇င်ထဲပေါ့ သွားပါပြီ။နောက်COUSTOM/လ ၀ က နဲ့  ကုန်သွယ်ေ၇းဇုံအကြောင်း တင်ပြပါမည်။ ။အ၇ည်အချင်း၇ှိတဲ့ ခေါင်းဆောင်များပေါ်

ထွန်းပါစေ။


Name : Thet Khaing
Email : thetkhaing555@gmail.com
Talk : မြန်မာနိုင်ငံရှမ်ြး်ပည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့အမှတ်-၁ချစ်ကြည်ရေးတံတားမှယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးသောကောင်

တာတွင်ဥပဒေမဲ့မတရားသဖြင့်ငွေကြေးများကောက်ခံခြင်း တာချီလိတ်မြို့အမှတ်-၁ချစ်ကြည်ရေးတံတားမှ တစ်ဖက်နိုင်ငံမယ်ဆိုင်မြို့သို့ အကြောင်းအမျိုးမျိုးဇြင့်သွားရောက်ကြသောမြန်မာတိုင်းရင်းသားများအားယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ထုတ်ပေးသောကောင်တာတွင်

တာဝန်ကျနေသောလူဝင်မှုကြီးကြပ်ရေးဝန်ထမ်းလက်ထောက်လ၀ကမှုးဦးထွန်းထွန်းဝင်းသည်မြန်မာနိုင်ငံမှတရားဝင်ထုတ်ပေးထားသောမှတ်

ပုံတင်များဖြစ်သည့်မူဆယ်၊ကွတ်ခိုင်၊လားရှိုး၊သိန်နီ၊ကျောက်မဲ၊သီပေါ မှတ်ပုံတင်များ၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှမည်သည့်မှတ်ပုံတင်မဆို ရှမ်း ပြည်နယ်တောင်ပိုင်းမှမှတ်ပုံတင်များဖြစ်သည့် တောင်ကြီး၊ကွန်ဟိန်း၊နမ့်စမ်၊လွိုင်လင် မှတ်ပုံတင်များ၊သံလွင်အရှေ့ခြမ်းမှ မိုင်းလား၊ မိုင်း ယောင်း၊ မိုင်းပေါက်၊မိုင်းယန်း၊မိုင်းတုံ၊မိုင်းဆက် မှတ်ပုံတင်များကိုသိမ်းဆည်းထား၍ မှတ်ပုံတင်အားယူဆောင်သွားမည်ဆိုပါက ယာယီနယ် စပ်ဖြတ်သန်းခွင့် လက်မှတ်ထုတ်ပေးရန် အစိုးရသတ်မှတ်ထားသောတရားဝင်မြန်မာငွေ၅၀၀ကျပ်အပြင် ထပ်မံ၍ထိုင်းနိုင်ငံသုံးငွေ ၂၀၀ ဘတ်မှ၅၀၀ဘတ်အထိ မတရားသဖြင့်ကောက်ခံပြီးငွေမပေးနိုင်ပါက မှတ်ပုံတင်အားသိမ်းယူထားခြင်း နယ်စပ်ဖြတ်သန်းခွင့်လက် မှတ်ထုတ် မပေးခြင်း၊ ကြိမ်းမောင်းပြော ဆို၍၀န်ထမ်းတစ်ယောက်၏လုပ်ပိုင်ခွင့်စည်းမျဉ်းအားကျော်လွန်ပြီး မိမိကိုယ်ကျိုးစီးပွားအတွက် တိုင်းရင်းသား ပြည်သူများအား ဥပဒေမဲ့စွာ ဖြင့်ပြုမူဆောင်ရွက်ငွေကြေးတောင်းခံနေပါသည။်

ယခုရက်ပိုင်း၁၇.၄.၂၀၁၀မှ၃၀.၄.၂၀၁၀ထိ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးသောကောင်တာတွင် တာဝန်ထမ်းဆောင်နေ သောလက်ထောက်လ၀ကမှုးခိုင်သီသီကျော်၏ကောင်တာတွင်ဝင်ရောက်၍ လက်ထောက်လ၀ကမှုး ဦးထွန်းထွန်းဝင်းသည် အထက် ဖော်ပြ ပါနည်းအတိုင်းတိုင်းရင်းသားများအားမတရားသဖြင့်ငွေကြေးများကောက်ခံနေကြောင်းသိရှိရပါသည်။ စုံစမ်း၍သိရှိရသည်မှာ ကောင်တာ တွင်တာဝန်ထမ်းဆောင်နေသောလက်ထောက်လ၀ကမှုးခိုင်သီသီကျော်နှင့် လက်ထောက်လ၀ကမှုးဦးထွန်းထွန်းဝင်းသည် အကြင်လင်

မယား ဖြစ်ကြောင်းသိရှိရ၍ ထိုလ၀ကမှုးဦးထွန်းထွန်းဝင်းလက်ရှိတာဝန်ကျနေသောနေရာသည် အမှတ်-၁ချစ်ကြည်ရေးတံတားအပေါ် ထိုင်းအ၀င်/ထွက်ဖြစ်ပြီး၎င်းနှင့်မသက်ဆိုင်သော ယာယီနယ်စပ်ဖြတ်သန်းခွင့်ကောင်တာတွင် ငွေကြေးရလိုမှုကိုဦးတည်ပြီး ဇင်္နီးဖြစ်သူ လက် ထောက်လ၀ကမှုးခိုင်သီသီကျော်နှင့် ပူးပေါင်း၍မိမိကိုယ်ကျိုးစီးပွားအတွက် ဥပဒေမဲ့မတရားသဖြင့်ငွေကြေးများကိုကောက်ခံနေကြောင်း တွေ့မြင်သိရှိရပါသည်။ လက်ထောက်လ၀ကမှုးခိုင်သီသီကျော်နှင့်၎င်း၏ခင်ပွန်းဦးထွန်းထွန်းဝင်းသည်ပိုမိုဆိုးဝါးစွာဖြင့် လက်မှတ်ထုတ်ပေးရာ ကောင်တာတွင်နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်လာလုပ်သော တာချီလိတ်မှတ်ပုံတင်အပါအ၀င်မည်သည့်နယ်မှမှတ်ပုံတင်မဆို ကွန်ပြူတာထဲ တွင်မှတ်တမ်းမရှိသောမှတ်ပုံတင်များကိုထိုင်းငွေ၅၀ဘတ်မှ၁၀၀ဘတ်အထိထပ်မံ၍ ကောက်ခံနေပါသည်။၎င်းတို့၏ဖြေရှင်းချက်မှာ ကွန်ပြူတာ ထဲသို့စာရင်းသွင်းခဟူ၍လုပ်ပိုင်ခွင့်ကိုအကြောင်းပြခုတုံးလုပ်၍ မသိနားမလည်သောတိုင်းရင်းသားများ အားမတရားသဖြင့်ငွေကောက်ခံခြင်း ကိုတွေ့ရှိနေရပါသည်။

၎င်းဝန်ထမ်းနှစ်ဦးသည် တာချီလိတ်ခရိုင်လူဝင်ကြီးကြပ်ရေးဋ္ဌာနတွင်နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်နေပြီးဖြစ်သဖြင့် ဥပဒေကိုအကြောင်း ပြခုတုံးလုပ်ပြီး မည်သို့ငွေရှာရမည်ကိုသိရှိ၍မသိနားမလည်သောတိုင်းရင်းသားများအားလ၀ကယူနီဖောင်းဝတ်၍ ဥပဒေမဲ့ခြိမ်း ခြောက် ငွေ တောင်းခြင်းသည်နိုင် ငံတော်အစိုးရနှင့်ဋ္ဌာနဆိုင်ရာအပေါ်တွင်ကြည်ညိုမှုပျက်ပြားစေနိုင်ပါသဖြင့် ပြည်သူလူထု၏နေ့စဉ်ကြုံတွေ့နေ ရသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ပါရန်တင်ပြလိုက်ရပါသည်။

တာချီလိတ်မှဒေသခံတစ်ဦး

 


Name : mg
Email : m06777@gmail.com
Talk : လာမည့်မိုးတွင်းကာလတွင် မြ၀တီမြို့အတွင်း ရေမျောင်းများ ပိတ်ဆို့ ကာ မြို့တွင်းလမ်းများပိုမို ပျက်လာနိုင်သည်ဟု ရယကအဖွဲ့ဝင်တစ်ဦး

မှာ ပြောပါသည်။ မနှစ်ကလည်း မြို့တွင်းလမ်းပေါ်သို့  ရေနှုတ်မျောင်းများမှ အညစ်အကြေးများ မျောပါးနေမှုကြောင့် ၀မ်းပျက်ဝမ်းလျောမှု

တွေ ရပ်ကွက်အတွင်းဖြစ်ပေါ်ခဲ့ရသည်။ ရေနှုတ်မျောင်းများ ပိတ်လာရခြင်းဟာ ခရိုင်ဥက္ကဌမှ လမ်းမြေများကို ရောင်းစာရာမှ လမ်းများ ပိတ်

ဆို့ ရခြင်းဖြစ်သည်ဟု ရယကအဖွဲ့ဝင်များထံမှ သိရသည်။ လမ်းဆုံလမ်းခွများ ပိတ်ကာ လမ်းမြေရောင်းစားသည့်အကွက်များအနေဖြင့်

 မများသော်လည်း အဓိကကျတဲ့အကွက်များ ဖြစ်တာကြောင့် တန်းဖိုးကြီးသည်ဟုသိရသည်။ အမှတ်(၅)ရယက ဥက္ကဌ ထံမှ သိရသည်မှာ ခရိုင်ဥက္ကဌ ဦးထွန်းထွန်းဝင်း အတွက် (၁၁)ကွက်ရောင်းပေးလိုက်ရသည်ဟု သိရသည်။ မြ၀တီမြို့သို့  ရောက်ရှိလာသော ဥက္ကဌများသည် မြို့ဖွံ့ဖြိုးရေးကို အဓိကထားလုပ်သည်ဟု အမြင်တွင် သရုပ်ဖော်ထားသော်လည်း နောက်ကွယ်တွင် မတရားကိုယ်ကြိုးရှာကာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး ထံထောက်ပံ့နေရသည်ဟု သိရသည်။ များများပေးနိုင်မှ နေရာမြဲမည်ဖြစ်၍ များများရှာနေကြရ

သည်။


Name : သားလေး
Email : oway88@gmail.com
Talk : မြန်မာ့သတင်းက မဆလ အလံပုံကို ပြောင်းပေးပါ။ဇောက်ထိုးလုပ်ပေးပါ ။

Name : kharkhar
Email :  
Talk : Hittai is very good' news,လူငယ်အားလုံးလေ့လာ၏

Name : mg
Email : m06777@gmail.com
Talk : မြ၀တီခယက ဥက္ကဌ ဦးထွန်းထွန်းဝင်း လပ်စားလွန်းတယ်။ လမ်းမြေတွေကို ပိတ်ပြီးရောင်းစားတယ်။ ဗလီအသစ်တည်ဆောက်ဖို့ အတွက် သိန်း(၃၀၀)ကျပ်ကို ဗလီဂေါပက ထံမှ တောင်းယူခဲ့တယ်။ သူ့ အမျိုးသမီး ဒေါ်စိုးစိုးအိ ကလည်း ကုန်သည်တွေအတွက် ဆိုလျှင်ဲမြို့ ပေါ်က မိန်းမပျိုလေးတွေ ခေါ်ပေးတယ်။ မိန်းမပျိုလေးတွေရဲ့ မိဘတွေကတော့ မသိရှာဖြစ်နေရတယ်။

Name : moe_zet
Email :  
Talk : လုပ်ကြပါအုန်း ဆန်တပြည် ၁၂၀၀၀ ကျပ်.

Name : zin_ko
Email :  
Talk : Very good hittai

Name : htayko
Email : htayko13@gmail.com
Talk : မူဆယ် နမ်းခမ်းဘက်မှာဧပရယ် (၂၀)ကတိုက်သွားတဲ့လေကြောင့်ရွှေလီရေအားလျှပ်စစ်က ပေးနေတဲ့ဓါတ်အားလိုင်းတော်တော်များများပျက်စီးသွားတဲ့အတွက်တရုပ်ဘက်ကယူနေတဲ့မီး ကိုအရင်အတိုင်းပြန်ပေးနေတာတွေ့ရပါတယ် လောလောဆယ်တရုပ်မီးပြန်ပေးထားလို့၂၄နာရီမီးမှန်နေပေမဲ့ရွှေလီရေအားလျှပ်စစ်ကပြင် ပြီးလို့ဗမာမီးပြန်ပေးမယ်ဆိုရင်ခဏခဏပျက်မှာကိုဒေသခံတွေကပူပန်ပြီးစိတ်ဆင်းရဲနေကြပါတယ် မူဆယ်သား

Name : Funnydead
Email : funnydead@yahoo.com
Talk : သို့ ၀န်ကြီး ပြည်ထဲရေးဝန်ကြီဌာန

နေပြည်တော်

နေပြည်တော် အကြောင်းအရာ။ ။ အကျင့်ပျက်ရဲဝန်ထမ်း ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊

ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူးဦးအေးကြူ မှ ငွေကြေးများအလွဲသုံးစားပြုလုပ်ပြီး၊ လာဘ်ငွေ တံစိုးလက်ဆောင်များရယူကာ ဥပဒေကိုချိုးဖေါက်၍ အမူများကိုမမှန်မကန် စစ်ဆေးပြီးအပြစ်မဲ့ပြည်သူများအပေါ်အပြစ်ပုံချကာ ပြည်သူလူထု အတိဒုက္ခရောက်အောင် ဥပဒေချိုးဖေါက်သူုများဘက်မှ တံစိုးလက်ဆောင်များရယူကာ အထက်လူကြီးများ၏နာမည်ကိုအသုံးချ၍ နည်းအမျိုးမျိုးဖြင့်လိမ်လည်နေခြင်းကို အမြန်ဆုံးထိရောက်စွာ အရေးယူပေးပါရန် ၁။ ဧရာဝတီတိုင်း၊ ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်အတွင်းမှကျေးရွာတစ်ရွာတွင် အမျိုးသမီးကြီးတစ်ဦးကို လူသတ်၊ ဓါးပြတိုက်မှူ့တခု လွန်ခဲ့သောနှစ်လကျော်ခန့်ကဖြစ်ခဲ့ပါသည်။ အမှု့နှင့်ပတ်သက်သော တရားခံကို ဒေးဒရဲမြို့နယ်ရဲစခန်းမှ ဖေါ်ထုတ်စစ်ဆေးရာမှ ရွာသို့အလည်ရောက်ရှိနေသော အပြစ်မဲ့ တပ်မတော်သား နှစ်ဦးအား မတရားဖမ်းစီးချူပ်နှောင်ပြီး ရိုက်နှက်စစ်ဆေးခဲ့သည်။ ထိုအကြောင်းကိုမခံမရပ်နိုင်သော တပ်မတော်သားတစ်ဦး၏မိခင်မှ ဧရာ ၀တီတိုင်းမှူးထံသို့ မတရားပြူလုပ်ခံရကြောင်းအသနားခံတိုင်စာပေးပို့လိုက်သောကြောင့် ဧရာဝတီတိုင်းမှူးမှတဆင့် ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မူး ဦးအေးကြူကို အဖွဲ့ခေါင်းဆောင်လုပ်စေပြီး ပြန်လည်စစ်ဆေးတင်ပြစေခဲ့ပါသည်။ ထိုသို့စစ်ဆေးရာ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မူး ဦးအေးကြူ ကလည်း ယခင်မမှန်မကန်စစ်ဆေးထားသောဤအမူ့ကို တံစိုးလက်ဆောင် များထက်မံရယူကာ အသနားခံတင်ပြခဲ့သောတပ်မတော်သားမိခင်က လိမ်လည်တင်ပြပါသည်ဟု ထက်မံမမှန်မကန် စစ်ဆေးပြီး ယခင်တရားခံများသာ တရားခံ အစစ်ပါဟု စွပ်စွဲကာ တိုင်းမူးထံသို့မမှန်မကန်တင်ပြခဲ့ပါသည်။ထို့နောက်မကြာမှီလွန်ခဲ့သော (၃) ပါတ်ခန့်က လူသတ်ဓါးပြတိုက်မှု့နှင့်တိုက်ရိုက် ပတ်သက်နေသော တရားခံအစစ်မှန်များကို ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ သက်သေခံပစ္စည်းများနှင့်အတူ ဖြောင့်ချက်ရယူ ဖေါ်ထုတ်ဖမ်းစီးမိခဲ့ပါသည်။ သို့သော် အမူ့မှန်ပေါ်ပေါက်သော်လည်း ဥပဒေကို ချိုးဖောက်၍ အထက်အရာရှိများကိုလိမ်လည်ကာ မတရားတင်ပြခဲ့သော ဖျာပုံမြို့ နယ်မူး ဦးအေးကြုကို ယနေ့တိုင် စစ်ဆေးအရေးယူခြင်းအပြစ်ပေးခြင်း မရှိသည့်အပြင် ထိုသူသည် ဆက်လက်၍မတရား ဥပဒေချိုးဖောက်မူ့ များ ကိုဆောင်ရွက်နေဆဲဖြစ်ပါသည်။ ၂။ ဖျာပုံမြို့နယ်၊ မြို့ကုန်းကျေးရွာ ရ.ယ.က အဖွဲ့ဝင် ဦးဇော်မင်း ဆိုသူကို ဖျာပုံမြို့နယ်မူးဦးအေးကြုမှ နာဂစ်ပစ္စည်းများကိုအလွဲသုံးစားပြုလုပ်ပါသည်ဟုဆိုပြီး နာဂစ်မတိုင်မှီက အကြောင်းကိစ္စ များကို ထည့်သွင်း၍ စစ်ဆေးပြီး ဖျာပုံမြို့နယ်မူးဦးအေးကြု ကိုယ်တိုင် တရားလိုပြုလုပ်ကာ ထောင်ဒဏ်(၇) နှစ်ကြခံရသည့်အထိ တဖက်တိုင်ကြားသူများဖြစ်သော ချဲနှင့် နှစ်လုံးဒိုင်ကြီးများဘက်မှ ငွေကြေးလက်ဆောင်များရယူကာ မတရားပြူလုပ်ခဲ့သောကြောင့် နစ်နာမတရားခံရသူများ၏ မိသားစုများသည် အတိဒုက္ခရောက်လျှက်ရှိနေပါသည်။ ၃။ ဧရာဝတိတိုင်း၊ ဖျာပုံမြို့နယ်ပေါ်နှင့် ကျေးလက်တောရွာများတွင် လောင်းကစားဒိုင်များထံမှ လိုင်းကျေးများအဆမတန် (ပုံမှန်) ရယူကာ ပေါ်ပေါ်ထင်ထင် လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်ခွင့်ပေးလျှက်ရှိပါသည်။ ဧရာဝတိတိုင်း၊ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့ မိခင်ကလေးရံပုံငွေဟုဆိုပြီး တစ်စောင်လျှင် (၂၀၀၀ိ/-) ဖြင့် ကျပ်သိန်းငါးဆယ်ဖိုးရှိလက်မှတ်ဆောင်ရေများကို ဒုစရိုက်လုပ်ငန်းလုပ်ကိုင်နေသူများ၊ လောင်းကစားသမားများနှင့် ရဲ့အဖွဲ့နှင့် ပတ်သက်နေသောသူများကို တောရောမြို့ပါမကျန် ရဲစခန်းမူးများ ရဲကင်းမူးများ နယ်ထိန်းများကို လိုက်လံရောင်းခိုင်းခဲ့ပါသည်။ ထိုသို့ရောင်းခိုင်းခြင်းမှာလဲ " ပြည်ထဲရေးဝန်ကြီးနှင့် ဧရာဝတီတိုင်း စစ်တိုင်မူးမှ ခိုင်းစေသောကြောင့် တရားဝင်လုပ်ရတာပါ " ဟုပေါ်ပေါ်တင်တင် လိမ်ညာပြောဆိုကာ ဆောင်ရွက်နေပါသည်။ (ထိုကံစမ်းမဲလက်မှတ်မိတ္တူများကိုလည်းလိုအပ်သလိုအရေးယူဆောင်ရွက်နိုင်ရန် သက်သေခံအဖြစ် ပူးတွဲတင်ပြထားပါသည်) ထိုကံမစမ်းမဲလက်မှတ်များကို တပ်မတော်နေ့တွင် ပေါက်မဲများကြော်ငှာပေးမည်ဟုလည်း မြို့နယ်မူးဦးအေးကြူကိုယ်တိုင် ပြောဆိုခဲ့ပါသည်။ ၄။ ထို့ကြောင့် မတရားပြုမူဆောင်ရွက်နေသော အကျင့်ပျက်ရဲဝန်ထမ်းတစ်ဦးဖြစ်သော မြို့နယ်မူးဦးအေးကြူသည် ဥပဒေကိုလိမ်လည်ပြီး မမှန်မကန်မူ့များကို ငွေကြေးလာဘ်လာပ များရယူကာ စစ်ဆေးခြင်း၊ အထက်လူကြီးများအား မမှန်မကန်စစ်ဆေးချက်များကို လိမ်လည်တင်ပြခြင်း၊ ပြည်ထဲရေးဝန်ကြီးနှင့် တိုင်းမူးတို့၏ အမည်နာမကို အသုံးချကာ ကံစမ်းမဲလက်မှတ်များကို ရောင်းချပြီး ငွေကြေးပေါင်းမြောက်များစွာကို အလွဲသုံးစားပြုလုပ်နေခြင်းနှင့် မတရားအပြစ်ပေးခံရသူ၏ အဖြစ်မှန်ကိုအမြန်ဆုံး ဖေါ်ထုတ်အရေးယူပေးပါရန် နစ်နာသူတယောက်အနေဖြင့်တင်ပြတိုင်ကြားအပ်ပါသည်။


Name : Ma san
Email : thataungsan
Talk : မြစ်ဖျားဧ၇ာ-ဆင့်သက်ခါလဲ၊ တိုင်း၇င်းညီအကို-ချစ်ကြည်လိုသည်။အောင်မြင်ေ၇းပန်းတိုင်ေ၇ာက်ထိတိုင်အောင်၊အာမေ၇ှာ့ဘဲ၊ ကြိုးစားထားမယ်-ငါတိုအာအင်၊ ၇င်မှာပေါက်ဖွား-ညီအကို များကို၊တဦးချင်းစီတာ ပျော်ရွှင်ပါစေကြောင်း။နစ်သစ်မှာဆုတောင်းလျှက်၊ငြိမ်းချမ်းေ၇းဆီ-ငါ မြော်၇ည်လျှက၊အောင်မြင်ရမြည်-အောင်ရမြည်သာ၊ချစ်လှစွာသောညီအကိုများ......ma.san mချင်မြေ%နော်ဝေး.LØTEN

Name : Tharyawady
Email :  
Talk : Happy New year

Name : koko
Email : kokoyangoon@gmail.com
Talk : 15/04/2010/ 3:50Pm Yangon Bomb explosive near YGN Kan Daw Gyi H2O& Special 4kilds 20 Hopitels U than shwe Greand sun Stage koko

 

 

ယခင် ဟစ်တိုင်ရင်ဖွင့်သံများဖတ်ရန်

ယခင်ဖော်ပြပြီး ဟစ်တိုင် စင်မြင့် စာမျက်နှာ အမှတ်--၁

ယခင်ဖော်ပြပြီး ဟစ်တိုင်စင်မြင့် --၂ စာမျက်နှာသို့

ယခင်ဖော်ပြပြီး ဟစ်တိုင်စင်မြင့် --၃ စာမျက်နှာသို့

ယခင် ဖော်ပြပြီး ဟစ်တိုင်စင်မြင့် စာမျက်နှာ ၎