ဟစ်တိုင်စင်မြင့်မှ ရင်ဖွင့်သံများ

 

 

 


Name : နိုင်အေး
Email : naingaye985@gmail.com
Talk : ဖျာပုံမြို့နယ်မှူးအေးကြူသတင်းကတော့ထပ်တိုးပြန်ပြီ။ ၂၀၁၀၊မတ်လ(၂၀)နောက်ပိုင်းဖျာပုံကိုစုံစမ်းစစ်ဆေးရေးအဖွဲ့ လှိုဝှက်ကိတ်စ စစ်ဖို့လာတော့သူလန့်ပြီး သူသဘောနဲ့သူကိုယ်တိုင် ချဲနှစ်လုံးဒိုင်သမားတွေကိုရောင်းထားတဲ့ မိခင်နဲ့ကလေးရဲရံပုံငွေဆိုတဲ့ဖြတ်ပိုင်းတွေကို လိုက်သိမ်းပါလေရော။ လူရှေ့သူရှေ့ကြတော့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးနှင့် ဧရာဝတီစစ်တိုင်းမှူးခိုင်းလို့လုပ်တာဘာတဲ့။ ရေအောက်နန်းတော်ထဲမှာပါတဲ့ အဲ့ဒီ ရန်ပုံငွေဖြတ်ပိုင်းလေးကတော့ ရင်တုန်စရာဘဲ။ သူဘာလုပ်လုပ်ဖြစ်တယ်ပေါ့။ ဒို့နယ်သူနယ်သားတွေကတော့ ထိုင်ကြည့်နေယုံကလွဲလို့ ဘာမှမတက်နိုင်ဘူးလေ။ သူဘာလုပ်လုပ် ဘာပြောပြော လူကြီးနာမည်တွေနဲ့ဆိုတော့ ဒို့တွေ ခေါင်းငုံ့ခံနေရုံပေါ့။

Name : Soeyarzar
Email : soe.zar@gmail.com
Talk : စာဖတ်သူများခင်ဗျား ကျွန်တော်တို့နိုင်ငံက တရားရေးမဏ္ဍိုခိုင်မြဲတယ်လို့ ယုံကြည်ပါသလား။ တရားဥပဒေနဲ့ ပတ်သက်လာရင် တရားသူကြီးတွေ မှန်မှန်ကန်ကန် ဆုံးဖြတ်တယ်လို့ ထင်ပါသလား။ အောက်ပါအဖြစ်အပျက်ကို ကြည့်ပြီး ဆုံးဖြတ်ကြပါ။ မတ်လ 22ရက်နေ့က မန္တလေးတိုင်းတရားသူကြီး ပုံးတစ်ရာလှဝင်းကြောင့် 81လမ်း 29နဲ့ 30လမ်းကြားမှာ နေထိုင်တဲ့ မိသားစုတစ်စု ဒုက္ခရောက်ခဲ့ရပါတယ်။ အကြောင်းက တော့ မိဘပိုင်အမွေပစ္စည်းလုကြတဲ့ အမှုမှာ ပိုက်ဆံရှိတဲ့ဘက်ကို အနိုင်ပေးလိုက်တာ ကြောင့်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် မိဘပိုင်ပစ္စည်းဆိုတာ အညီအမျှခွဲဝေယူကြရတာပါ။ အခု တော့ နှစ်ဖက်ကြားနာစစ်ဆေးခြင်းမရှိဘဲ တစ်ဖက်သက်ဆုံးဖြတ်ချက်နဲ့ တရားဥပဒေမရှိတဲ့ တရားသူကြီး ပုံးတစ်ရာလှဝင်း ဟာ ငွေအမြောက်အများရယူပြီး အဲဒီအမှုမှာ ငွေရှိတဲ့သူကို အနိုင်ပေးလိုက်တယ်။ အခု တော့ အမှုရှုံးသွားတဲ့သူကို သွေးသားချင်းအရင်းချာဖြစ်လင့်ကစား ယုတ်မာတဲ့ ညီနဲ့ ညီမတွေက အကိုဖြစ်သူနဲ့ မိခင်ကြီးကို အိမ်ပေါ်ကနှင်ချလိုက်ကြတယ်။ နှင်ချရာမှ ရဲနဲ့ ရပ်ကွက်လူကြီး အယောက်30လောက်ကို တစ်ယောက်ကို ငွေ နှစ်သောင်းပေးပြီး ဆွဲချ လိုက်ကြတယ်လို့ မျက်မြင်သက်သေများက ပြောပါတယ်။ မတ်လ 22ရက်နေ့က အိမ်ပေါ်ကဆွဲချတာ ပတ်ဝန်းကျင်မှာ မြင်လို့မကောင်းပါဘူး။ ဘာသာရေးရှုထောင့်ကကြည့်ရင် တရားရစရာပါပဲ။ မြန်မာပြည်မှာ ဒီလိုငွေယူပြီး ဆုံးဖြတ်ကြတဲ့ တရားသူကြီးတွေ ဒုနဲ့ဒေးပါ။ ကျွန်တော်တို့နိုင်ငံမှာ ပေါင်ချိန်ကဲ့သို့ တရားသူကြီးအမြောက်အများ ပေါ်ပေါက်ပါစေလို့ ဆုတောင်းလျက်.....။

Name : moetein
Email : shatsee84@gmail.com
Talk : NLD ရေ။။ ပြည်သူတွေ ကို တောင်းပန်တာ မစောလွန်းဘူးလား? အခုမှ နှစ်(၂၀) ကျော်ကျော်လေ:ပဲရှိသေ:တယ်။ နောက်ထပ်ဘာများ ဆက်လုဎ်အုံး မှာလဲ။ အစီစဉ်လေးများရှိရင် ယခုတောင်းပန်သလိုပဲ အတိအလင်းလေးကြေငြာ ပေးအုံးနော်။

Name : kyaw than
Email : kyawthan88@yahoo.com
Talk : အန်အယ်လ်ဒီ ဦးဝင်းတင် ပြောကြားသည်။ ၎င်းက ကျနော်တို့ဟာ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ပြည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို တုံ့ပြန်ရမယ်ဆိုတဲ့ဟာ ရှိတဲ့အခါကျတော့ ပြည်သူလူထုရဲ့ခွင်ထဲမှာလည်း လှုပ်ရှားသွားမှာပဲ ဖြစ်ပါတယ်။ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေး လုပ်ကြရမယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ လျှပ်စစ်မီး ဆိုးရွားနေသည်။ရန်ကုန်မြို့မှာ အပူရှိန် မြင့်မားလာသည့်အပြင် မီးမလာ၍ မီးစက်များကို လမ်းတကာတွင် သုံးနေသည့်အတွက် ပူသင့်သည်ထက် ပိုပြီး ပူနေကြောင်း မြို့ခံပြည်သူတွေ များက ပြောကြသည်။ လက်ရှိတွင်မူ အချိန်ပိုင်းမျှပင် မီးမပေးနိုင်သဖြင့် ရန်ကုန်မြို့ခံများက စိတ်ပျက်နေကြသည်။ ...........အန်အယ်လ်ဒီ ဦးဝင်းတင် ပြောကြားသည်။ ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက်ရမယ်၊ ကြည့်ရမယ်၊ ကြားနာရမယ်၊ ............. ပြည်သူတွေရဲ့အရေးတွေကို စောင့်ရှောက် ပေးလိမ့်မည်ဟု ရန်ကုန်မြို့ခံ ပြည်သူံများက မျှော်လင့် နေကြသည်။ံ

Name : AungAung
Email : aungnaingthu.tgi@gmail.com
Talk : ယိုးဒယားပိုင် (c.p) ကုမ်ပဏီ ရဲ့ ရိုင်စိုင်းမှု လှိုင်သာယာ ရွှေလင်းဗန်းစက်မှုဇုံ တွင်ရှိသော c.p ပိုင်ကြက်အူချောင်းစက်ရုံတွင် အများပြည်သူသင်္ကြန်ရုံးပိတ်ရက်များတွင် မြန်မာဝန်ထမ်းများကို ဇယားများရေးဆွဲကာ တာဝန်ချထားပြီး ယိုးဒယားများကိုယ်တိုင်က ဘန်ကောက်ပြန်ကြမည်ဖြစ်ပြီး အနားယူလိုသောမြန်မာများကို တာဝန်ပျက်ကွက် သောကြောင့် လစာဖြတ်မည် အလုပ်မှထွက်ရမည်ဟုချိန်ခြောက်ထားပါသည်။ သို့ပါသောကြောင့် တာဝန်ရှိသူများ ဖြစ်သောအလုပ်သမားဥပဒေအဖွဲ့ အစည်းများအား လိုအပ်သလိုဆောင်ရွက်ပေးပါရန် လေးစားစွာ အကူအညီ တောင်ခံအပ်ပါသည်။

Name : min
Email : 8888re@gmail.com
Talk : သန်မြန်သူမော်တော်ယာဉ်လိုင်း ရဲ့ရည် ရွယ်ချက်က တပ်မတော်မှာ တာဝန်ထမ်းဆောင်တဲ့ ကိုယ်လက်အင်္ဂါ စွန့် လွှတ်ခဲ့ရသော မသန်မစွမ်းစစ်သည်များကို ထောက်ပံ့လှူဒါန်းရန် ရည် ရွယ် ဖွဲ့ စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ဆောင်ပုဒ် ကတော့ သန်မြန်သူမှမသန်မြန်သူသို့ ဟုဖွဲ့ဆိုထားရှိပါတယ်။ ကျွန်တော်တို့ သန်မြန်သူကို ကာကွယ်ရေးဝန်ကြီးဌာနပြန်လည်နေရာ ချထားရေးမှူးရုံးမှ ကွပ်ကဲအုပ်ချုပ်တဲ့အတွက် ၀န်ထမ်းရေးရာ ၊ လစာ ငွေကအစ (ကကပြန်) ကို တင်ပြရပါတယ်။ ဒါပေမဲ့ အစိုးရ၀န်ထမ်းအားလုံး လစာငွေ(၂၀၀၀၀ိ/)တိုးသော်လည်းကျွန် တော်တို့ သန်မြန်သူဝန်ထမ်းတွေကို လစာငွေတိုးပေးဖို့တင်ပြခဲ့ပေမဲ့ (ကကပြန်)က ညွှန်ကြား ရေးမှူး ဗိုလ်မှူးကြီးဌေးနိုင် က လုံးဝတိုးမပေးခဲ့ပါဘူး။ သန်မြန်သူဝန်ထမ်းတစ်ဦးရဲ့ အနိမ့်ဆုံး လစာငွေက တစ်သောင်းခွဲတောင်မရှိပါဘူး။ ၄င်းတို့ကတော့ သန်မြန်သူကရတဲ့ငွေကို သူတို့ အိတ်ထဲ ထည့်ပြီး ၀န်ထမ်းတွေဖြစ်ခြင်ရာဖြစ်ဆိုတဲ့ သဘောမျိုးနဲ့ မတရားခေါင်းပုံဖြတ်ပြုလုပ် နေကြတာကိုအများပြည်သူများသိရှိနိုင်စေဖို့ တင်ပြရခြင်းဖြစ်ပါတယ်။

Name : Myanmar
Email : http://www.kyaymon.info/2010/03/article.html
Talk : မြန်မာယောင် ဆောင်ထားသော အမျိုးသား သစ္စာ ဖောက်များ

Name : Hla Htay Kyaw
Email : htaykay@juno.com
Talk :

ဒီမိုကရေစီကိုလိုလားတယ် ဒီမိုကရေစီကိုတန်ဖိုးထားတယ် ပြည်သူလူထုကို စစ်မှန်တဲ့ဒီမိုကရေစီရေအေးတိုက်ကျွေး ချင်တယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကိုမ၀င်သင့်ဘူးလိုဏ္ဍယူဆပါတယ် ဘာဖြင့်လို့လည်ဆိုတော့ ၂၀၀၈ အခြေခံ ဥပဒေအထဲမှာ ပါရှိတဲ့အချက်အလက်တွေဟာ ဒီမိုကရေစီနဲ့အကိုက်ညီလို့ပါပဲ ဒီရွေးကောက်ပွဲမှာဝင်ပြီး ဖားတပိုင်း ငါးတပိုင်း ဖြစ်ခံမဲ့အစား လူထုတိုက်ပွဲကို ဦးဆောင်ပါဝင် ကြပါလို့ နှိးဆော်တိုက်တွန်းလိုပါသည် ( လှဌေးကျော်)


Name

:

kolay

Email

:

ngelay@gmail.com

Talk

:

21.02.10နေ.က1230မှ1430ထိကျင်းပသောမိတ်ဆွေတစ်ဦးဧ။်သားမင်္ဂလာဧည်.ခံပွဲသို.သွားရာဧည်.ခံပွဲကျင်းပရာ

နေရာဖြစ်သောကြယ်ငါးပွင်.အဆင်.ရှိမြန်မာပြည်တွင်နာမည်အကြီးဆုံးဟိုတယ်တစ်ခုဖြစ်သောဆီဒိုးနား ဟိုတယ်ဧ။်

BALL ROOMခန်းမတွင်ကြွရောက်လာသောဂုဏ်သေ၇ရှိဧည်.ပရိတ်သတ်များအား ဧည်.ခံကျွေးမွေးရာတွင်ယင်ကောင

်များပါ စားပွဲပေါ်မှလာရောက်ပါဝင်ဧည်.ခံနေသည်ကိုအံ.သြဖွယ်ရာတွေ.ရှိခဲ.ရပါသည်။

စားပွဲနာပါတ်7 9 11 မှဆိုင်ရာစားပွဲထိုးအား၎င်းအဖြစ်အပျက်ကိုပြောပြသော် ဖယောင်းတိုင်တစ်တိုင်သာ လာရောက် ထွန်းပေးခဲ.ပြီးယင်ကောင်များ နားနေခဲ.သောပန်းကန်များအား ပြန်လည်လဲပေး သင်.သော်လည်း မလဲပေးခဲ.ပါ။ ၄င်းအဖြစ်အပျက်ကိုကြည်.ခြင်းအားဖြင်.ဟိုတယ်ပိုင်ရှင်၊မန်နေဂျာနှင်.၀န်ထမ်းများဧ။်ပေါ.လျွော.မှု၊ကျန်းမာရေး ဂရု မစိုက်မှုတို.မှာထင်ရှားနေပါတယ်။၎င်းဟိုတယ်သည်ရန်ကုန်မြို.တွင်အကြီးဆုံးဖြစ်ပါသဖြင်.ကျန်သောဟိုတယ်လေး များတွင်မည်သို.များရှိမည်ကိုကျန်းမာရေးအသိဖြင်.စိတ်ပူမိပါတယ်။


Name

:

SA A R

Email

:

taungdeeaar@gmail

Talk

:

ကျနော် မြန်မာပြည်ကြီးကို လွှမ်းမိတယ် ဒါပေမဲ့ကျနော်မပြန်ရဲတော့ဘူး အဝေးရောက်တော့ မြန်မာ ပြည်ကြီးကို လှမ်းကြည့်မိတယ် သနားလည်းသနားတယ် လွှမ်းလည်းလွှမ်းတယ် သနားတာကတော့ အဲမှာနေထိုင်တဲ့ ကျနော်မိသားစုနဲ့အတူ လူတွေအားလုံးကိုပေါ့ အကျဉ်းစခန်းကအကျဉ်းသားနဲ့တူနေလို့ပေါ့ လွှမ်းတာကတော့ ကျနော်အဝေးရောက်မှ အမိနိုင်ငံကိုပိုလွှမ်းလာတယ်ပိုချစ်လာတယ် ပြန်ခြင်လိုက်တာ သင်္က်ြန်းရောက်တော့မယ် ပိုပြီးပြန်ခြင်တာပေါ့ ကျနော်ကအဝေးရောက်တဲ့စစ်ပြေးဒုကသည်တစ်ဦးပါ။


 

Name : vfg
Email : rtyre@com
Talk : အမှန်တရားသည် တစ်နေ့တွင်ပေါ်လာမည်။ နအဖကျဆုံးရမည်။ကျွန်နုပ်သိသည်။

Name : အောင်
Email : aungaung2009.1500
Talk : ကုန်ဈေးနှုန်းတွေကတ၇ိပ်၇ိပ်နဲ.တက်နေတာစိတ်ညစ်စ၇ာကောင်းတယ်

Name : Thuzar
Email : yamamin2010@gmail.com
Talk : မြ၀တီမြို့ပေါ်ရှိ လောင်းကစားဆိုင် (Games) များ တရားမ၀င် ဖွင့်လှစ်ထားခြင်း။ မြ၀တီမြို့ပေါ်တွင် လောင်းကစား (Games)ဆိုင်းများသည် တနေ့တခြားဆိုသလို ပိုမိုများပြားစွာ ဖွင့်လှစ်လျှက်ရှိ နေသည်ကို သက်ဆိုင်ရာ အာဏာပိုင်များမှ တားဆိးအရေးယူမှုမရှိဘဲ တရားဝင်ကဲ့သို့ လောင်းကစားနေကြပါသည်။ ထိုသို့ လောင်းကစားရာတွင် မြန်မာကျပ်ငွေများသာမကဘဲ ထိုင်းဘတ်ငွေများနှင့်လည်း လောင်းကစားပြုလုပ်လျှက် ရှိနေပါသည်။ ၄င်းလောင်းကစားဆိုင်များ ပေါများလာခြင်းအတွက် မြို့ပေါ်ရှိ လူကြီး၊ လူငယ်များသည် နေ့စဉ်လာ ရောက်ကစားလျှက်နေနေသည်မှာ တရားဝင်ကဲ့သို့ဖြစ်နေပါသည်။ တချို့လူအများမှာ ကား၊ ဆိုင်ကယ်များကို ပေါင်နှံရောင်းချပြီး လောင်းကစားလျှက်ရှိရာ ဘ၀ပျက်၊ စီးပွားရေးထိခိုက်လျှက်ရှိနေပါသည်။ ၄င်းလောင်းကစားပွဲများရှိသည့်အတွက် ဆိုင်ကယ် ခိုးမှု၊ အိမ်ဖေါက်ထွင်းခိုးမှု၊ ယုယက်မှုအထိ ဖြစ်ပွားနေကြပါသည်။ ထိုသို့ဖြစ်ပွားနေသည်ကို သက်ဆိုင်ရာအာဏာပိုင်များက လောင်းကစားဆိုင်များကို တားဆီးအရေးယူမှုမရှိဘဲ တရားကဲ့သို့ ဖွင့်လှစ်ထားသည်ကို မြို့ခံလူများက စဉ်းစားမရဖြစ်နေကြပါသည်။ ၄င်း(Games) လောင်းကစား ဆိုင်များသည် တနေ့လျှင်ပျှမ်းမျှ မြန်မာကျပ်ငွေ (၇) သိန်းခန့်၊ ဘတ်ငွေ (၁) သောင်းခန့် အမြတ်အစွန်းရလျှက် ရှိနေသည်။ ၄င်းများရှိနေသည့်အတွက် ကြောင့် ခိုးမှု၊ လုယက်မှု၊ ဖေါက်ထွင်းမှုများ ဆက်လက်ဖြစ်ပွားနေမည်ကို ဆိုးရိမ်သည့်အတွက် ၄င်းဆိုင်များကို တရားဝင်တားဆီးအရေးယူပေးပါရန် ဟစ်တိုင်မှတဆင့် တင်ပြလိုက်ပါသည်။ မြ၀တီမြို့ပေါ်ရှိ လောင်းကစားဆိုင်များ၏ ပိုင်ရှင်အမည်၊ ဆိုင်အမည်နှင့် ဆိုင်တည်နေရာကိုပါ တပါးတည်း ဖေါ်ပြပေးလိုပါတယ်။ ၁။ ကိုရဲလင်း၊ သရဖူ၊ (၈/၉၉) ဘုရင့်နောင်လမ်း။ ၂။ အိုင်နိမ့်၊ LUCKY၊ No.26 (A), ဘုရင့်နောင်လမ်း၊ တံတားထိပ်။ ၃။ အောင်အောင်၊ သရဖူ၊ အမှတ် (၂) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး။ ၄။ အမ်းဝေ၊ အမှတ် (၄) ရပ်ကွက်၊ တောရကျောင်းလမ်း။ ၅။ စိုးနောင်လတ်၊ သရဖူ၊ ဘုရင့်နောင်လမ်း၊ အမှတ် (၄) ရပ်ကွက်။ ၆။ စောအတ်ဒါး၊ ဘုရင့်နောင်လမ်း၊ အမှတ် (၄) ရပ်ကွက်။ ၇။ ကိုကျော်ဝင်း၊ KING၊ ချစ်တီးထမင်းဆိုင်၊ အမှတ် (၄) ရပ်ကွက်။ ၈။ ဦးမောင်မောင်၊ ချစ်တီးထမင်းဆိုင်၊ အမှတ် (၄) ရပ်ကွက်၊ ညဈေးတန်း။ ၉။ ဦးရှမ်းလေး၊ No.26(A), ဘုရင့်နောင်လမ်း၊ တံတားထိပ် ၁၀။ သိန်းထွန်း၊ အမှတ် (၁) ရပ်ကွက်၊ ချစ်ကြည်ရေး တံတားအနီး။ ၁၁။ ဦးအလွင်၊ ဘုရင့်နောင်လမ်း၊ အမှတ် (၄) ရပ်ကွက်။ ၁၂။ ဦးသိန်းထွန်း၊ ကြံခင်းလမ်း၊ အမှတ် (၃) ရပ်ကွက်။ တို့ပဲဖြစ်ကြပါတယ်။ အစဉ်လေးစားလျှက် - ဟစ်တိုင် ပရိတ်သက်တစ်ဦး

Name : Phyo Phyo Lay
Email : thirdeyeblind007@gmail.com
Talk : တာချီလိတ်မြို့မှာ လောင်းကစားဒိုင်တွေ ဥပဒေထက်ကြီးနေတာမဆန်းပါဘူး ဘာလို့လဲဆိုတော့် နောင်တစ်ခေတ်ရဲ့အနာဂါတ်ဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေပညာသင်ကြားနေတဲ့ တာချီလိတ် အထကကျောင်း ၀င်းထဲကမုန့်ဆိုင်တွေမှာတောင် မဲတွေရောင်းနေကြပါတယ်။ကျောင်းဝင်းဘေး ကမုန့်ဆိုင်မှာလဲ မဲလိပ်ရောင်းနေပါတယ်။ဒါကို အထကကျောင်းက တာဝန်ရှိ ကျောင်းဆရာ/မတွေ၊ ကျောင်းအုပ်ကြီး တို့ကမသိလို့ဘဲလား၊ သိရက်နဲ့ မျက်စိ မှိတ်နေသလားဆိုတာတော့မသိဘူး။ မဲရောင်းတဲ့ဈေးဆိုင်ဓါတ်ပုံလိုချင်ရင် အထက်ပါ email ကို ဆက်သွယ်တောင်းယူနိုင်ပါတယ်။

 

Name : ngelay
Email : ngelay1974
Talk : သို. ဟစ်တိုင်အယ်ဒီတာရှင်. ဟစ်တိုင်အင်တာနက်စာမျက်နှာမှဖိုးသောကြာရေးသော(ငါတို.ခေါင်းဆောင်ဘယ်သူလဲ)ဆောင်းပါးကိုအရမ်း

နှစ်သက်ပါသည်။


Name : yanshinaung
Email : sunnda88@gmail.com
Talk : freedom (လွတ်လပ်မှုကိုလိုချင်ခြင်း) ကျွန်တော်တို.မြန်မာနိုင်ငံမှာဘယ်လောက်လွတ်လပ်မှု်မရှိဘူးဆိုရင် ကိုယ်. နိုင်ငံအတွင်းမှာတောင် လွတ်လပ်စွာသွားလာခွင်.မရှိပါဘူး--- ဒီအကြောင်းအြ့ပည်.စုံကိုနောက်post တွေမှာရေး သားဖော်ပြပါ.မယ် ( ဆက်လက်ဖတ်ရှု.ပါရန်) THANK TOU ALL FOR READING';

Name : aung
Email : aungaung
Talk : ၀န်ထမ်းလစာတိုးတာနဲ.ကုန်ဈေးနှုန်းကဘာဆိုင်လို.တက်၇တာလဲမသိဘူးနော်

Name: ngelay
Email: ngelay1974@gmail.com
Talk: 25.12.09နေ.ညကကျွန်မတို.မိသားစုကျိုက်ထီးရိုးဘုရားဖူးသွားခဲ.ကြတယ်။26.12.09မနက်မှာရောက်ခဲ.တာပေါ.။ ရောက်ရောက်ချင်းဘဲတောင်တက်ကားနဲ.ရသေ.တောင်အထိတက်ခဲ.ကြတယ်။ကျွန်မတို.နဲ.အတူအဖေ(90နှစ်) လည်းပါခဲ.ပါတယ်။ကျန်းမာေ၇းအကောင်းတဲ.အဖေ.ကိုတော.တောင်ပေါ်အထိကား နဲ.တက်ခိုင်းခဲ.ပါတယ်။ မနက်10း00လောက်ဘုရားရင်ပြင်တော်ပေါကိုရောက်ခဲ.ကြပါတယ်။
ရင်ပြင်တော်ပေါရောက်တာနဲ.စိတ်ညစ်စရာတွေေ၇ာ၊ဒေါသဖြစ်စရာတွေရောတွေ.ခဲ.ရပါတော.တယ်။
ရန်ကုန်ကနေတစ်ညလုံးကားစီးလာရလို.ပင်ပန်းတာေ၇ာ၊၇င်ပြင်တော်ပေါ်မှာလူတွေများနေတာရော။
နောက်အဆိုးဆုံးကတော.ရင်ပြင်တော်ပေါ်မှာရှိတဲ.တစ်ခုတည်းသောအာရုံခံတန်ဆောင်းကိုပိတ်ထားလို.ပါ။
ပြီးတော.အဲ.ဒီ.တန်ဆောင်းနားမှာလည်းလူတွေကိုမနေရဘူးလို.မောင်းထုတ်နေလို.ပါ။
အဲ.ဒါဘာ.ကြောင်.လည်းဆိုတော.သန်းရျွှေ(ခွေးဘီလူး)တို.မိသားစုလာမှာမို.လို.တဲ.။
ပြီးတော.သန်းရျွှေ(ခွေးဘီလူး)တွေရောက်လာရင်လျွှောက်မဲ.လမ်းတွေကိုကောဇောနီတွေခင်းထားပြီးတော.
အဲ.ဒီ.ကော်ဇောတွေပေါကိုမည်သူမှမနင်းရဆိုပြီးသူတို.ရဲ.စစ်ခွေးတွေကစောင်.နေတာပေါ.။
ကျိုက်ထီးရိုးဆံတော်ရှင်တော်ကြီးကိုရွှေသင်္ကန်းလည်းကပ်လှူလို.လည်းမရပါဘူး။
ခွေးဘီလူးကြီးလာပြီးတော.သင်္ကန်းကပ်မှာမို.လို.တဲ.လေ။
2007စက်တင်ဘာမှာဘုန်းကြီးတွေကိုသတ်ဖြတ်၊ညဉ်းပန်းခဲ.ပြီးတော.အခုမှဘုရားလူကြီးလာလုပ်ပြနေတာ၊
တော်တော်မုန်း၊တော်တော်ရွှံမိတယ်။
နေပူထဲမှာနေတော.ကျွန်မရဲ.အဖေကနေမကောင်းလို.အာရုံခံတန်ဆောင်းနားကနေရိပ်လေးမှာသွားနေတော.
မောင်းထုတ်ခံရပါတယ်။ခွေးဘီလူးလာမှာမို.လို.ဒီမှာနေလို.မ၇ဘူးတဲ.။တော်တော်အကြင်နာတရား၊မေတ္တာတရား
ခေါင်းပါးတာတွေ၊ဘာဖြစ်လို.များနိုင်ငံ.ခေါင်းဆောင်လုပ်နေရတာလဲ။
ဘုရားဖူးတာတွေကိုပိတ်ပင်တာအပယ်ငရဲကိုကျပါတယ်။
ဒီခွေးဘီလူးကြီးမြန်မြန်အပယ်ေ၇ာက်ပါစေလို.ဆုတောင်းမိပါတယ်။
 

Name

:

ကိုလူချစ်(ကိုရီးယား)


Name

:

ကိုလူချစ်(ကိုရီးယား)

Email

:

koluchit@gmail.com

Talk

:

ဆရာမ ဂျုးရဲ့ ဟောပြောပွဲက အကြောင်းတွေကို ပန်လည်မျှဝေပးတဲ့ hanyin lat ကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။


Name :aye
Email: aye ma741@gmail.com
Talk: " မာ၇်နတ်မင်း နှင့် ကာလီမာန်မယ်တော်၏ စပ်ကျသားများ ထုထောင်းဂိတ် " * မယ်တော်ကာလီမာန် ။ ပူးကပ်ဟန်နှင့် ၊ လက်တံခြောက်ဘက် ၊ မာ၇်နတ်စွက်တော့ ၊၇ှုတ်ယှက်လက်များ ၊ထောင်ကျော်သွားခဲ့ ၊ ကားသမားမျက်နှာ ၊ ငို၇၇ှာသည်။ ဘယ်မှာဖြစ်ပွါးနေပါလိမ့်။။ *သြော်..သြော်..သြော် ၊ေ၇ာ်ကဲနယ်ခံ ၊ အာမ မခံနှင့် ၊ ကာစတန် လ၀က ၊ မထသ မှ နကသ ကုန်/ယာ ၊စိုက်/မွေး ပါခဲ့ ၊ကျန်မာ တပ်ထိန်း ၊ ငကျားငြိမ်း နှင့် ငစိမ်း ညွှန်မှူး ၊ ဗျုဟာ၇ူး မှ ၊ယစ်/မှူး SB ၊လက်ဝါးစီသည် ၊မြ၀တီ .... ထုထောင်းဂိတ်မှာကို။။ ( မင်းညီသြ )်

Name:nannkhanlar
Email:nannkhanlar@gmail.com
Talk:လာရောက်ဖတ်ရှုပါတယ် နောက်လည်း လာဖတ်ပါဦးမယ်

 

ယခင် ဟစ်တိုင်ရင်ဖွင့်သံများဖတ်ရန်

ယခင်ဖော်ပြပြီး စာမျက်နှာ အမှတ်--၁

ယခင်ဖော်ပြပြီး ဟစ်တိုင်စင်မြင့် --၂ စာမျက်နှာသို့

ယခင်ဖော်ပြပြီး ဟစ်တိုင်စင်မြင့် --၃ စာမျက်နှာသို့

ယခင်ဖော်ပြပြီး ဟစ်တိုင်စသ်မြင့် စာမျက်နှာ -၄ သို့