|
-မဲရုံတွေ မဖွင့်လှစ်ခင်ကတည်းက မဲရုံတွေဆီ အရောက် သွားသင့်တယ်၊ ပါတီတွေက
စေလ$တ်ထားတဲ့ ကိုယ်စားလှယ်တွေ။ စောင့်ကြည့်သူတွေ လုံခြုံရေးဝန်ထမ်းတွေ။
ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေ။ မဲရုံတာဝန်ကျ ၀န်ထမ်းတွေ အားလုံးကို
ဆက်သွယ်မေးမြန်း တီးခေါက်ထားသင့်တယ်၊
-မဲမပေးခင်မှာ မဲပုံးတွေက အလွတ်ဖြစ်နေရဲ့လား။ မဲပြားတွေ။ မဲစာရွက်တွေ
ထိန်းသိမ်းပုံ။ ဝေငှပုံတွေ အဆင်သင့်ဖြစ်ရဲ့လား။ မဲရုံတာဝန်ကျပုဂ္ဂိုလ်အားလုံး
ကိုယ်တာဝန်ကိုယ် သိနားလည်ရဲ့လား သတိပြုသင့်တယ်၊
-မဲရုံပေါင်းများစွာကို သွားလေ့လာဖို့ မလွယ်ကူပေမယ့် မဲရုံတရုံထဲမှာ
ပုံသေမနေပဲ ထူးခြားနိုင်ခြေရှိတဲ့ မဲရုံ။ မဲဆန္ဒနယ်။ မြို့နယ် တွေမှာ လှည့်လည်
ကြည့်ရှုထားသင့်တယ်။
-စာနယ်ဇင်းသမားတွေကို မဲရုံတွင်း ၀င်ခွင့်ပြုလေ့မရှိတတ်ပါဘူး။ စာနယ်ဇင်းသမား
တွေရဲ့ လေ့လာစောင့်ကြည့်မှုဟာလည်း မဲရုံဝန်ထမ်းတွေရဲ့ တာဝန်ဝတ္တရားနဲ့
မဲဆန္ဒရှင်တွေမဲပေးမှုကို အနှောက်အယှက်မဖြစ်စေဖို့ အထူး သတိထားသင့်တယ်၊
-မဲရုံနားတ၀ိုက်နဲ့ မဲရုံတွင်းမှာ မဲဆွယ်စည်းရုံးတဲ့ ဆိုင်းဘုတ်တွေ။
သင်္ကေတတွေ။ အရောင်တွေ။ တံဆိပ်တွေ။ တီရှပ်တွေ ရှိသ လား။ မဲရုံဝန်ထမ်းတွေရဲ့
မဲပေးနည်း သရုပ်ပြပုံတွေ မှန်ကန် ရဲ့လား။ စည်းကမ်းတွေ ကိုက်ညီရဲ့လား၊
မဲဆန္ဒရှင် စာရင်းမှာ အမည် မပါသူတွေရှိခဲ့ရင် မဲဆန္ဒရှင်တွေနဲ့
မဲရုံဝန်ထမ်းတွေကြားက ဆက်ဆံရေး။ အဆင်ပြေ ချောမောရဲ့လား။
-မဲရုံနားတ၀ိုက်နဲ့ မဲဆန္ဒရှင်တွေအကြား ပရိသတ်တွေကြားမှာ တင်းမာမှု အရိပ်
အငွေ့ရှိသလား။ ခြိမ်းခြောက်မှု။ ကြောက်လန့် မှု။ ပဋိပက္ခ အသွင်ဆောင်နေ တာမျိုး
ရှိနေသလား။
-လျို့ဝှက်မဲပေးစနစ်ကို ပျက်ပြယ်စေတဲ့ ချောင်းမြောင်းကြည့်ရှုနိုင်တဲ့
အခြေအနေ။ ချောင်းမြောင်း ကြည့်ရှုသူရှိသလား။ မဲဆန္ဒရှင် မဲပြားကို ခြစ်ရာမှာ
အကာအရံ လုံခြုံရဲ့လား၊
-မဲရုံတွင်းပြင် အနားတ၀ိုက်မှာ လက်နက်ကိုင်ဆောင်မှုတွေ ရှိသလား။ နှောက်ယှက်သူ
တွေ ရှိနေသလား။ ဆူပူမှု အကြမ်းဖက်မှု ဖြစ်အောင် လှုံ့ဆော်နေတဲ့
အရိပ်အယောင်တွေ ရှိနေသလား။
-မဲရုံဝန်ထမ်းတွေ စီမံဆောင်ရွက်ပုံက အဂတိကင်းစင်သလား။လူစားထိုး မဲပေးတာတွေ
အကြိမ်ကြိမ်မဲပေးတာတွေ ရှိနေသလား။

မဲရုံပိတ်တဲ့ခါမှာ-
-ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းတွေကို သိထားပီဆိုရင် မဲရုံပိတ်တဲ့အခါမှာလည်း
သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက် နာ ဆောင်ရွက်ကြရဲ့လား။ ပိတ်ရမယ့်အချိန်
မှာ ပိတ်တာလား။ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေ မဲပေးဖြစ်ရဲ့လား။
မဲဆန္ဒရှင်တွေ စောင့်ဆိုင်းနေတာ ကျန်နေသေးလား။ တာဝန်ရှိသူတွေက
ဘယ်လိုကိုင်တွယ်သလဲ၊ မဲမပေးလိုက်ရလို့ မကျေမနပ်ဖြစ်နေတာ တခုခု။
တင်းမာနေတာတခုခု ရှိနိုင်သလား၊
-မဲပုံးတွေကို ချိတ်ပိတ်တဲ့အခါ သေသပ်ကျနရဲ့လား။ ပိုနေနိုင်တဲ့ မဲပြားတွေ။
မဲစာရွက် တွေကိုရော ဘယ်လို စနစ်တကျသိမ်း ဆည်းကြသလဲ၊ အငြင်းပွားစရာ
ဖြစ်နိုင်တဲ့ အခြေ အနေမျိုးမှာ ရွေးကောက်ပွဲ ကော်မစ်ရှင်နဲ့ ဘယ်လို
ဆက်သွယ်ဆောင်ရွက် နေကြသလဲ။ မဲတွေ ရေတွက်မယ့်နေရာကို ဘယ်လို ပို့ဆောင်ကြသလဲ၊
မဲရုံအတွင်းမှာ မသင်္ကာစရာ အပြုအမူတွေ လှုပ်ရှားမှု တွေ ရှိနိုင်လား၊
မဲပေးပီးနောက် ရွေးကောက်ပွဲလွန်ကာလ
-မဲပေးချိန်ကုန်လွန်ပီးချိန်မှာ အဓိကအရေးကြီးဆုံးကတော့ အောင်မြင်တဲ့
ရွေးကောက် ပွဲလို့ သတ်မှတ်နိုင်တဲ့ မဲဆန္ဒရှင် ရာခိုင် နှုန်း ပြည့်မီအောင်
မဲပေးဖြစ်ခဲ့ရဲ့လား၊ ရာနှုန်း နည်းပါးတယ်ဆိုရင် ဘာကြောင့်
ပျက်ကွက်မဲတွေများသလဲ၊ ဘယ်လို အားနည်း ချက် တွေကြောင့်လဲ၊
-မဲရေတွက်တဲ့အခါမှာလည်း တိုင်းပြည်ရဲ့ လူဦးရေစာရင်း မဲပေးသူအရေအတွက်ပေါ်
မူတည်ပီး ရက်ပေါင်းများစွာ ကြာတတ်တဲ့ အပြင် အရေးကြီးတဲ့ အဆင့်လည်း ဖြစ်ပါ
တယ်၊ ကွစ်တ်ကောင့်တ် လို့ခေါ်တဲ့ မဲအနိုင်အရှုံး အကြမ်းဖျင်းရလာဒ်က အရင်ဆုံး
ထွက်ပေါ်လာတတ်ပီး များသောအားဖြင့် နောက်ဆုံး အဖြေနဲ့ နီးစပ်တတ်ပါတယ်၊
-မိနစ်တိုင်းမှာ မဲအနဲအများ ဂဏန်းအပြောင်းအလဲကို စောင့်ကြည့် နိုင်တဲ့ဌာန။
စာရင်းအင်းဌာန။ မီဒီယာဌာနတွေ ဖွင့်လှစ်ပီး အချိန်ပြည့် စောင့်ကြည့်နိုင်အောင်
ရွေးကောက်ပွဲကော်မစ်ရှင်က စီစဉ်ပေးလေ့ရှိပါတယ်၊
-မဲရေတွက်နေတဲ့အဆင့်မှာတင်ပဲ မကျေနပ်ချက်တွေ။ အငြင်းပွားမှုတွေ။
တိုင်ကြားချက်တွေ။ မဲရေတွက်ပုံ။ ပါယ်မဲယူဆချက် တွေ အပေါ် အချေအတင်ဖြစ်မှုတွေ
ပါတီ တခုနဲ့တခု အပြန်အလှန် စွပ်စွဲချက်တွေ မျိုးစုံ ဖြစ်ပေါ်လေ့ရှိပါတယ်၊
အထူးသဖြင့် ဒီမိုကရေစီ မထွန်းကားသေးတဲ့ နိုင်ငံတွေမှာ ပိုသတိထားရမယ့်
အခြေအနေပါ၊
မဲရေတွက်တဲ့ အဆင့်မှာ စောင့်ကြည့်သင့်တာတွေ။
-မဲရေတွက်တဲ့ မဲရုံအရာရှိတွေရဲ့ ပွင့်လင်းမြင်သာမှု။ လုံခြုံရေး။
မဲရုံဝန်ထမ်း အရည်အချင်း။ မဲရေတွက်ရာမှာ တိကျမှန်ကန်မှု။ မဲစာရွက်နဲ့
မဲဆန္ဒရှင်လျို့ဝှက်မှု။ အချိန်ဇယားရှိမရှိ။ တာဝန်ခံမှု။ မတူညီတဲ့ ပါတီတွေအပေါ်
အညီအမျှ သဘောထားဖို့တွေကို လေ့လာရမှာပါ၊

ပွင့်ပွင့်လင်းလင်း မဲရေတွက်ဖို့
-မဲရုံဝန်ထမ်းတွေက မဲရေတွက်ရာမှာ ပွင့်လင်းမြင်သာတဲ့ စနစ်ကို သုံးရဲ့လား။
နိုင်ငံရေးပါတီတွေနဲ့ အမတ်လောင်းတွေရဲ့ ကိုယ် စားစေလွှတ်ထားသူတွေ။
ပြည်တွင်းပြည်ပ လေ့လာ စောင့်ကြည့်သူတွေ မီဒီယာတွေကို လွတ်လပ်စွာ လေ့လာခွင့်
ပေးရဲ့လား။ မဲရလာဒ်တွေ ထုတ်ပြန်ကျေညာချက်တွေကို လွတ်လပ်စွာ ကြည့်ရှု
ကူးယူခွင့်ပြုရဲ့လား။
-မဲရေတွက်ရာမှာ လူအားနဲ့ရေတွက်သလား။ စက်အားနဲ့ ကွန်ပြူတာအကူအညီနဲ့
ရေတွက်သလား။ လူအားနဲ့ ရေတွက်တာက ပိုပီး စောင့်ကြည့်ရလွယ်ပေမယ့် ကွန်ပြူ တာနဲ့
ရေတွက်တဲ့ စနစ်က ပိုပီး အလုပ်တွင်တတ်ပါတယ်၊ ဒါပေမယ့် ကွန်ပြူတာနဲ့ ရေ
တွက်မယ်ဆိုရင် ကွန်ပြူတာ ဆော့ဖ်ဝဲတွေ မှန်မှန်ကန်ကန် အလုပ်လုပ်ရဲ့လားဆိုတာ
ကျွမ်းကျင်သူ ပညာရှင်တွေက လေ့လာစစ် ဆေးခွင့်ရှိရဲ့လား။
မဲပုံးမဲပြားလုံခြုံရေး။
မဲစပေးကတည်းက မဲပြားတွေ မဲစာရွက်တွေနဲ့ မဲပုံးတွေကို မသမာမှုမလုပ်နိုင်အောင်
လုံခြုံရေးကို ဘယ်လိုစီစဉ်ထားလဲ၊မဲပုံးတွေ မဲပြားတွေထားရှိတဲ့ အစီအစဉ်ကရော
ပါတီတွေ။ လေ့လာသူတွေ။ အရပ်သား အားလုံး မြင်သာထင်သာရှိတဲ့ အခြေအနေဖြစ်ရဲ့ လား၊
မဲပုံးတွေကို တနေရာနဲ့ တနေရာ ရွှေ့ ပြောင်းရာမှာလည်း အပြင်လူတွေက
စောင့်ကြည့်နိုင်ချေရှိရဲ့လား၊ မဲပုံးတွေ အရေ အတွက်ကို အများသိသာတဲ့
အခြေအနေရှိလား။ ယာယီမဲရုံတွေကနေ မဲရေတွက် မယ့် နေရာဆီ သယ်ယူပို့ဆောင်ရာမှာရော
လေ့လာစောင့်ကြည့်သူတွေ လိုက်ပါခွင့် ရှိရဲ့လား၊
မဲရုံဝန်ထမ်းတွေ ကျွမ်းကျင်မှု။ တည်ကြည်မှု
-ကျွမ်းကျင်မှုနည်းရင် အမှားတွေများတတ် အငြင်းပွားစရာတွေနဲ့ ရွေးကောက်ပွဲ
တခုလုံး အောင်မြင်မှုနဲ့ တရားဝင်မှုကို ပျက်စီး စေနိုင်တဲ့အတွက်
ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုအတွက် အသေအချာအချိန်ယူ
လေ့ကျင့်သင်တန်းပေးထားရဲ့လား ကြည့်ရအောင်၊
-မဲရေတွက်သူတွေက ပါတီစွဲကင်းရဲ့လား။ ပါတီတခုရဲ့ အနိုင်အရှုံး။ မဲအနည်းအများ
အပေါ်မှာ ၀မ်းသာဝမ်းနည်းဖြစ်စရာ စေတနာ တခုခု ကပ်ညိနေသလား။
-တချို့နိုင်ငံတွေမှာ မဲရုံဝန်ထမ်းတွေ။ မဲရေတွက်မယ့်သူတွေဟာ
ကျမ်းကျိန်သစ္စာပြုရ တတ်တဲ့အတွက် သမာသမတ်မရှိတဲ့ မဲရေ တွက်သူတွေကို ဥပဒေအရ
အရေးယူနိုင်တဲ့ အခြေအနေ ရှိရဲ့လား။
တိကျမှန်ကန်မှု
-မဲရေတွက်ရာမှာ တိကျမှန်ကန်မှုဟာလည်း ၀န်ထမ်းတွေရဲ့ ကဋ္ဌမ်းကျင်မှု။ လေ့ကျင့်
သင်ကြားမှုတွေနဲ့ ဆိုင်တဲ့အပြင် မှားရင် သိဖို့ ပြင်ဆင်နိုင်ဖို့ လည်း
လိုအပ်တဲ့အတွက် အမှားကို စစ်ဆေးနိုင်တဲ့ စနစ်။ မှားရင်
ချက်ခြင်းပြင်ဆင်နိုင်မယ့် စနစ်ဖြစ်အောင် စီမံထားရဲ့လား။
-မဲပေးတဲ့ စက်။ ကွန်ပြူတာနဲ့ မဲပေးစနစ်။ စက်နဲ့ မဲရေတွက်တာ။ ကွန်ပြူတာနဲ့
မဲရေတွက်တာတွေက လူအားနဲ့ ရေတွက်တာတွေ ထက် အမှားကင်းစင်နိုင်ပေမယ့် စက်တွေ
ကွန်ပြူတာတွေကရော မှန်မှန်ကန်ကန် အလုပ်လုပ်နေရဲ့လား။
မဲဆန္ဒရှင်ရဲ့ မှတ်ပုံတင်လျို့ဝှက်မှု
-မဲပြားတွေ မဲစာရွက်တွေမှာ မဲဆန္ဒရှင်ရဲ့ အမည်ပါဝင်တဲ့ စနစ်မျိုးမှာတော့
အမည်တွေကို လျို့ဝှက်ထားဖို့ အရေးကြီးတဲ့အတွက် မဲရေတွက်တဲ့အခါမှာ
ဒီလျို့ဝှက်မှုကို ထိန်းသိမ်း နိုင်ရဲ့လား စစ်ဆေးဖို့လိုတတ်ပါတယ်၊
မဲရေတွက် စာရင်းထုတ်ပြန်ရာမှာ အချိန်တိကျဖို့
-မဲရေတွက်မှုရလာဒ်စာရင်း အကြမ်းဖျင်းအဆင့် ထုတ်ပြန်မှု။ နောက်ဆုံးအတည်ရလာဒ်
ထုတ်ပြန်မှုတွေအတွက် တိကျတဲ့အချိန် စီမံခန့်ခွဲမှုရှိရဲ့လား၊
-မဲရလာဒ်တွေကို ကော်မစ်ရှင် ဗဟိုသတင်းထုတ်ပြန်တဲ့ နေရာထိ
ချက်ခြင်းရောက်ရှိနိုင် ဖို့ ဆက်သွယ်ရေးစနစ်ကို အတိအကျ အမှားအယွင်းကင်းအောင်
စီစဉ်ထားရဲ့လား။
မဲရေတွက်သူဝန်ထမ်းတွေရဲ့ တာဝန်ခံမှု
မဲရုံအဆင့်မျိုးစုံ။ ကျေးရွာ မြို့နယ်။ ပြည်နယ်တိုင်းတွေ အဆင့်အဆင့်မှာ
တာဝန်ခံသူ တာဝန်ရှိသူတွေကို ဘယ်လို စီမံထားသလဲ၊ အငြင်းပွားမှုတွေကို
ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ရင် နောက်တကြိမ်ပြန်ရေတွက်ရတဲ့
အခြေအနေမျိုးတွေအတွက်ရော ဘယ်လို ခန့်ခွဲ စီမံထားသလဲ၊
-ပါယ်မဲ။ ပျက်မဲတွေကို ခွဲခြားသတ်မှတ်ရာမှာ ဆုံးဖြတ်ရာမှာ လေ့လာသူတွေရှေဏ္ဍ
မှောက်မှာ ရှင်းလင်းပီပြင်အောင် လုပ်ဆောင် ထားရဲ့လား၊
-မဲရေတွက်တဲ့ အဆင့်မှာ မဲဆန္ဒရှင်တဦးချင်း။
ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းတွေ။ ပါတီတွေ အားလုံးအတွက် တန်းတူ
တညီတမျှအခွင့်အရေး ရှိရဲ့လား၊
သမာသမတ်
စာနယ်ဇင်းသမားလား

ဘယ်ဖြစ်ရပ်ကို သတင်းရေးရေး ဖြစ်ရင် ဖြစ်တဲ့အတိုင်း
သတင်းရေးဖို့နဲ့။လျော့ပြောတာ။ ချဲ့ကားတာတွေကို သတိပြုဖို့ လိုပါတယ်၊
ဘာသာစကားမျိုးစုံ ပြောတဲ့ဒေသတွေမှာ နားလည်မှုလွဲမှာတတ်တာ။ စကားအဓိပါယ်
ကောက်ယူမှု လွဲချော်တတ်။ အငြင်းပွား စရာတွေ ဖြစ်တတ်တာတွေလည်း သတိပြုဖို့
လိုမှာပါ၊
ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းပြောစကားနဲ့ ပါတီရဲ့ မူရင်းမူဝါဒတွေ
ကွဲပြား နေရင် သတိပြုဖို့လိုပါတယ်။ ဖြစ်နိုင်ရင် လက်ကမ်းစာစောင်တွေမှာ
ဖေါ်ပြထားတာတွေ ကိုလည်း သတိပြုနေဖို့ လိုပါတယ်၊
အထူးသဖြင့် ဒီမိုကရေစီ အသားမကျသေးတဲ့နိုင်ငံတွေမှာဆိုရင် ကိုယ်စားလှယ်လောင်း
တယောက်ယောက်ကို ပိုပီး အသားပေး မဖေါ်ပြဖြစ်ဖို့ သတိပြုစရာရှိပါတယ်၊
ရွေးကောက်ပွဲမဟုတ်တဲ့ လူထု ဆန္ဒခံယူပွဲမျိုးဆိုရင်တော့ မဲဆန္ဒရှင်တွေအတွက်
ထောက်ခံမဲနဲ့ ကန့်ကွက်မဲ နှစ်မျိုးပဲရှိတဲ့အတွက် မီဒီယာတွေဟာ ၂ဖက်စလုံးကို
အညီအမျှ အချိန်ပေး တင်ပြဖို့ လိုပါတယ်၊
ဘယ်ပါတီ။ ဘယ်ကိုယ်စားလှယ်။ ဘယ်ပါတီဝင်။ ဘယ်လို ထောက်ခံအားပေးသူဆီကမှ
လက်ဆောင်။ လာဘ်လာဘ မယူမိဖို့ သတိပြုရပါတယ်၊ ဘယ်လိုဘယ်ပုံ သတင်းရေးလိုဏ္ဍ ဘယ်လို
ဖေါ်ပြမယ်ဆိုတာလည်း ကတိပြုထားစရာ မလိုပါဘူး၊
မူမှန်မဟုတ်တာတွေ။ မရိုးမသား လက္ခဏာတွေ သတိ။
အာဏာရှင်နိုင်ငံတွေမှာကျင်းပတဲ့ ရွေးကောက်ပွဲဆိုရင် လက်ရှိ နိုင်ငံရေး
အခင်းအကျဉ်း ကနေ အပြောင်းအလဲတွေ ဖြစ်လာ တော့ လေမလား ဆိုတဲ့ မျှော်လင့်ချက်တွေ
ရှိနေတတ်တာ သဘာဝပါ၊ နိုင်ငံရေး အခင်းအကျဉ်းဆိုတာကလည်း တနိုင်ငံခြင်းမှာ
သီးခြား လက္ခဏာရှိတတ်ပါတယ်၊ နိုင်ငံရေး ပါတီအရေအတွက်။ လွှတ်တော်ရဲ့ သဘောသဘာဝ
ရွေးကောက်ပွဲ စည်းမျဉ်း စည်း ကမ်း။ ထင်ရှားတဲ့ ပါတီခေါင်းဆောင်တွေရဲ့
နိုင်ငံရေး နောက်ခံရာဇ၀င်။ အဖွဲ့အစည်းတွေရဲ့ သမိုင်းကြောင်း စတာတွေ ကွဲပြား
တတ်ပါတယ်၊ ဘာပဲ ဖြစ်ဖြစ် အဲဒီမှာ ရွေးကောက်ပွဲ ကျင်းပပီဆိုရင် အဲဒီမှာ
ဒီမိုကရေစီ အခြေခံစပီ ဒါမှမဟုတ် စတော့မယ်လို့ သဘောပေါက်ထားတတ်ကြပါတယ်၊
ဒါပေမယ့် ဒီမိုကရေစီ ဆိုတာဟာ အစိုးရအုပ်ချုပ်ရေးစနစ်ဖြစ်တဲ့အတွက်
ရွေးကောက်ပွဲ တိုင်းဟာ ဒီမိုကရေစီ စနစ်ကို ကိုယ်စားပြုမယ်လို့
မဆိုနိုင်ပါဘူး၊ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို အသွင်းကူး ပြောင်းနေဆဲ
နိုင်ငံတွေ။ အာဏာရှင်နိုင်ငံတွေမှာ မဲလိမ်မှု။ မဲခိုးမှု။ မသမာမှု အဖုံဖုံဟာ
သတင်းမီဒီယာတွေကို မျက်လှည့်ပြဖို့ အမြဲ စိမ်ခေါ်နေ လေ့ရှိတတ်ပါတယ်၊

ဘယ်သူ။ ဘယ်နေရာမှာ ဘယ်လို လိမ်လည်လှည့်ဖျားနိုင်သလဲ။
ရွေးကောက်ပွဲကို သတင်းယူနေတဲ့ စာနယ်ဇင်း သမားတွေ
ကိုယ့်ကိုကိုယ်မေးနေသင့်တာကတော့ -
-မဲဆန္ဒရှင်တွေကို လွှမ်းမိုးနိုင်ဖို့။ အာရုံဖမ်းစားနိုင်ဖို့
မတော်မတည့်တွေများ လုပ်နေကြ သလား၊ မလိုလားအပ်တဲ့ အောက်လမ်း နည်းတွေ
သုံးနေသလား၊
-ရွေးကောက်ပွဲကော်မစ်ရှင်အရာရှိတွေကို တန်စိုးလက်ဆောင်ပေးပီး စည်းကမ်း
ဖေါက်နေတာတွေရှိသလား။ ပါတီတခုခုက အစိုးရပိုင် ပြည်သူပိုင် ပစ္စည်းတွေကို
အလွဲသုံးစားလုပ် တာတွေ ရှိနေသလား၊
-လာဘ်ပေးတာ။ ရာထူးရာခံ ကတိပေးတာ။ ခြိမ်းခြောက်တာ။ စနစ်တကျ ကပျက် ယပျက်
လုပ်နေတာ။ တဦးတယောက် တဖွဲ့ တစုက မီဒီယာမှာ ထူးထူးခြားခြား ဦးစား ပေး
အခွင့်အရေးရနေတာတွေများ ရှိနေသလား။
-ရွေးကောက်ပွဲဝင် ပါတီတွေ ကိုယ်စားလှယ်လောင်းတွေဘက်ကရော လွတ်လပ်စွာ
စာရင်းသွင်းပိုင်ခွင့်။ လွတ်လပ်စွာ စည်းရုံး လှုံ့ ဆော် ဟောပြောပိုင်ခွင့်။
လူထုချီတက်ပွဲ ဟောပြောပွဲတွေ မှာ အနှောက်အယှက် အတားအဆီးကင်းရဲ့လား။
လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် ရှိမရှိ။ မီဒီယာတွေကလည်း လွတ်လပ်စွာ
သတင်းတင်ပြပိုင်ခွင့် ရှိမရှိ၊
-မဲဆန္ဒရှင်တွေရဲ့ မဲဆန္ဒရှင်စာရင်းသွင်း။ စာရင်းကောက်ခံမှုတွေမှာ
ဘယ်လိုနည်းနဲ့မှ တားမြစ်ပိတ်ပင်မှုမရှိသင့်ပေမယ့် ရှိသလား။
မဲဆန္ဒရှင်စာရှင်းမှာ လွဲချော်တာ။ လူတဦး ထဲက နှစ်နေရာသုံးနေရာမှာ
မဲပေးခွင့်စာရင်းဝင်နေတာ။ မဲပေးခွင့် စာရင်းထဲမှာ ပါဝင် ခွင့်မရတာ။
ကျန်နေခဲ့တာ။ လူဦးရေစာရင်းကောက်ခံမှုပြဿနာ။အမျိုးသားမှတ်ပုံတင်
ရှိမရှိပြဿနာတွေ။ စနစ်တကျ ပိတ်ပင် တား ဆီးနေတာတွေ ရှိနေသလား၊
-မဲရုံ။ မဲပြား။ မဲဆန္ဒရှင်စာရင်း။ မဲပုံးတွေရဲ့ တည်ဆောက်ပုံတွေက စနစ်တကျ
အမှား အယွင်းကင်းစင်ရဲ့လား။ မဲပြားတွေဟာ ပါယ် မဲဖြစ်အောင် ဖျက်ဆီးဖို့
လွယ်ကူတဲ့ အခြေအနေရှိသလား။ မဲပြားတွေ ဒေသအနှံ့  အရောက် အလုံအလောက် အချိန်မီ
အောင် ပေးပို့နိုင်ရဲ့လား။ မရိုးသားတဲ့ ပယောဂတခုခုကြောင့် နှေးကွေး
လေးဖင့်နေတာ တွေ ရှိနေသလား၊
-မဲဆန္ဒရှင်တွေ နားလည်ရခက်တဲ့ မဲပေးနည်းစနစ်မျိုးဖြစ်နေသလား။ မဲပေးရမယ့်
သဘောသဘာဝ နည်းစနစ်တွေအတွက် ရွေး ကောက်ပွဲကော်မစ်ရှင်က အသိပေး ပညာပေးစနစ်တွေ
တွင်ကျယ်ဖြန့်ဖြူးနိုင်ရဲ့လား။ နားလည်မှုအလွဲတွေ အမှားအယွင်း တွေ များ
ရှိနေသလား၊
-မဲရုံတွေရဲ့ တည်ဆောက်ပုံက လျို့ဝှက်မဲပေးစနစ်နဲ့ ကိုက်ညီရဲ့လား။
ချောင်းမြောင်း ကြည့်ရှုနိုင်တဲ့ အခြေအနေရှိလား။ မဲရေတွက် ပုံ။
မဲပုံးဖွင့်လှစ်ပုံတွေကို မဲရုံပြင်ပကနေ အလွယ်တကူ ကြည့်နိုင်မယ့် မြင်သာထင်သာ
အနေအထား ရှိနိုင်ရဲ့လား၊
-မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်နေတဲ့ ပထ၀ီအနေအထား။ ခြိမ်းခြောက်နိုင်တဲ့
အစုအဖွဲ့ လူပုဂ္ဂိုလ်တွေ မဲရုံထဲမှာ မဲရုံတ၀ိုက်မှာ ဟန်ရေးပြနေတာတွေ
ရှိနေနိုင်သလား၊
ဆက်ပါဦးမည်--
|